← Chapters

ရန်သူခြေရာ

Vol. 69 Ch. 957

ရန်သူခြေရာ

Vol. 69 Ch. 957

တာအိုဆရာဇီရွှယ်၏တုံ့ပြန်ချက်က ထန်ရှုအား အများကြီးကျေနပ်သွားစေသည်။ ဤဂိုဏ်း၏အနေအထားကို သိပြီးနောက် စည်းလုံးခြင်းဂိုဏ်းနှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် သူက ဆုံးဖြတ်ထားသည်၊ ဖြစ်နိုင်လျှင် နှစ်ထောင်ချီအမွေအနှစ်ရှိသည့်ဤဂိုဏ်းမှ ကျင့်ကြံခြင်းအရင်းအမြစ်အချို့ ရယူရလိမ့်မည်။

လက်ရှိတွင် ထာဝရခန်းမက ကျင့်ကြံခြင်းအရင်းအမြစ်မနည်းပါးပေ၊ နောက်နှစ်အထိ လုံလောက်သေးသည်။ သို့သော် အနာဂတ်တွင် ကလေးအမြောက်အများအား လေ့ကျင့်ပေးရန်နှင့် ကျင့်ကြံသူစစ်တပ်တစ်ခုတည်ဆောက်ရန်အစီအစဉ်အတွက် လိုအပ်သောအရင်းအမြစ်အရေအတွက်က ကိန်းဂဏန်းအလွန်ကြီးမားသည်။ ထို့ကြောင့် အရင်းအမြစ်များ ပိုရရှိလေ၊ သူ့အတွက် ပိုကောင်းလေဖြစ်၏။

ကျင်းချန်ဇီတို့ညီအကိုခြောက်ယောက်နှင့် ယခုတာအိုဆရာဇီရွှယ်တို့ထံမှ သူတို့က မှန်ကန်ဖြောင့်မတ်သောဂိုဏ်းတစ်ခုမှ ဆိုသည်ကို သူက ပြောနိုင်သည်။ သူက သူတို့အား လျှို့ဝှက်စောင့်ကြည့်လေ့လာခဲ့ပြီး သူတို့က ရက်စက်ယုတ်မာကောက်ကျစ်သောစိတ်များမရှိသူဟု သူက အတည်ပြခဲ့၏၊ ထို့ကြောင့် သူတို့နှင့် အပေးအယူတစ်ခုပြုလုပ်ခြင်းက မမှားယွင်းပေ။

"စီနီယာဇီရွှယ်၊ ငါ ကမ်းလှမ်းတဲ့အပေးအယူကို စိတ်ဝင်စားမှတော့ မင်းရဲ့ဂိုဏ်းက လွန်ခဲ့တဲ့ထောင်စုနှစ်အတွင်း ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဘယ်လောက်ထိ စုဆောင်းနိုင်သလဲ ငါ သိလို့ရမလား"ထန်ရှုက အလေးအနက်မေး၏"ငါ့ရဲ့လိုအပ်ချက်ကို ပြည့်မီနိုင်မလားဆိုတာ ငါ သိချင်တယ်"

"အာ၊ ကြည့်ရတာ တာအိုဆရာထန်က အတော်လေးလိုလားတောင့်တနေပုံပဲ"တာအိုဆရာဇီရွှယ်က ‌ဖျော့ဖျော့ပြုံးလျက် ပြော၏"မင်း ပြောခဲ့သလိုပဲ ငါ့ဂိုဏ်းက နှစ်ထောင်ချီစုဆောင်းထားတဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရှိတယ်။ ဒါပေမယ့် ငါ မင်းကို ပြန်မေးချင်တယ်။ ငါတို့ရဲ့ကြီးမားများပြားတဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ ဖလှယ်ဖို့အတွက် မင်းက ဘယ်လိုအကျိုးအမြတ်တွေ ကမ်းလှမ်းမှာလဲ"

ထန်ရှုက လက်ဖြန့်လိုက်ရာ ရှေးဟောင်းကျမ်းစာတစ်ခုက သူ့လက်ဖဝါးပေါ်တွင် ထွက်ပေါ်လာ၏။ သူက တာအိုဆရာဇီရွှယ်၏သိလိုစိတ်အပြည့်နှင့်မျက်နှာအား ကြည့်ကာ မေးလိုက်သည်"မင်းရဲ့ဂိုဏ်းမှာရှိတဲ့ကျင့်ကြံခြင်းပညာရပ်တွေရဲ့အဆင့်ကို ငါ သိလို့ရမလား"

အမူအရာအနည်းငယ်ပြောင်းလဲသွားပြီး တာအိုဆရာဇီရွှယ်က ခဏစဉ်းစားပြီးနောက် ‌‌ပြောလိုက်သည်"ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့ဂိုဏ်းမှာ အရေးကြီးဆုံးကျင့်ကြံခြင်းပညာရပ်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်တာပဲ။ လောလောဆယ်တော့ ဂိုဏ်းမှာ အဲအဆင့်ရှိသူတွေ တစ်ယောက်မှ မရှိဘူး ဒါပေမယ့် ငါတို့မှာ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူအချို့ ရှိတယ်"

"ငါ့လက်ထဲကဒီကျမ်းစာက ကြီးမြတ်သောတက်လှမ်းခြင်းအထိ ချိုးဖြတ်နိုင်တဲ့ ပညာရပ်ပဲ"ထန်ရှုက ပြုံးကာ ပြော၏"ပြီးတော့ ဒီကျင့်ကြံခြင်းပညာရပ်က မင်းရဲ့ဂိုဏ်းမှာရှိတဲ့ဘယ်ပညာရပ်ထက်မဆို ပိုနက်နဲသိမ်မွေ့မယ်လို့ ငါ အာမခံတယ်။ ထပ်ပြောရရင် ငါက အတိဒုက္ခဖြတ်ကျော်ခြင်းပညာရပ်တစ်ခုကိုလဲ အလဲအလှယ်လုပ်နိုင်သေး‌တယ်"

"ဘာပြောတာ"

တာအိုဆရာဇီရွှယ်က ဆယ်စုနှစ်များစွာ ကျင့်ကြံခဲ့ပြီး ခိုင်မာသောစိတ်နှလုံးရှိ၏။ သို့သော် ထန်ရှု၏စကားများကို ကြားပြီး သူမက မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လျက် ထိတ်လန့်တုန်လှုပ်သွားရသေးသည်။

ကြီးမြတ်သောတက်လှမ်းခြင်နဲ့အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေလား။

ဒီလိုကျင့်ကြံခြင်းပညာရပ်တွေက ယနေ့ကမ္ဘာမှာ တည်ရှိနေသေးတာလား။

"ငါ မင်းကို ပြောခဲ့တာ အမှန်တရားတစ်ခုလုံးပဲ။ ငါ့လက်ထဲမှာရှိတဲ့ကျမ်းစာအုပ်က ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်ကျင့်ကြံခြင်းပညာရပ်ပဲ၊ ဒါ့အပြင် ငါ့မှာ ၎င်းရဲ့နောက်ဆက်တွဲအတိဒုက္ခဖြတ်ကျော်ခြင်းပညာရပ်လဲ ရှိတယ်"ထန်ရှုက ပြော၏"မင်းတို့ရဲ့ဂိုဏ်းက တစ်ခုလိုချင်ရင် ငါ့လိုအပ်ချက်ကို ကျေနပ်စေဖို့ ကျင့်ကြံခြင်းအရင်းအမြစ် ဘယ်လောက်ထိ မင်းတို့ ဖလှယ်နိုင်တယ်ဆိုတာ သိဖို့ လိုအပ်တယ်"

တာအိုဆရာဇီရွှယ်၏မျက်လုံးများက ထန်ရှုလက်ထဲရှိကျင့်ကြံခြင်းကျမ်းစာအုပ်ပေါ်သို့ စုဆုံကျရောက်သွား၏။ သူမက နဂါးကိုးကောင်ကျွန်းပေါ်တွင် ရှိပြီး ထန်ရှုနှင့် ရင်ဆိုင်ရန် ယုံကြည်ချက်မရှိသည့်အချက်ကြောင့်သာ မဟုတ်လျှင် သူမက ချက်ချင်းလှုပ်ရှားပြီး ခိုးယူသွားလောက်ပြီ။ ဤကျင့်ကြံခြင်းပညာရပ်များက ထန်ရှုပြောခဲ့သလို သူမဂိုဏ်းရှိကျင့်ကြံခြင်းပညာရပ်များထက် ပိုနက်နဲသိမ်မွေ့ပြီးပိုသန်မာသည်ဆိုလျှင် ဤအရာက သူမတို့စည်းလုံးခြင်းဂိုဏ်းအတွက် တန်ဖိုးအရှိဆုံးရတနာနှင့်ညီမျှသည့် တစ်သက်တွင်တစ်ခါသာကြုံကြိုက်မည့်အခွင့်အလမ်းတစ်ခု ဖြစ်သည်။

"ဒီကိစ္စက အရမ်းရေးကြီးတယ်၊ တာအိုဆရာထန်၊ ဒါကြောင့် ငါ့ဂိုဏ်းကအကြီးအကဲတွေနဲ့ အရင်ဆွေးနွေးဖို့ လိုအပ်တယ်"

ကျင့်ကြံခြင်းကျမ်းစာအုပ်ကို သိမ်းပြီးနောက် ထန်ရှုက ပြုံးကာ ပြန်ဖြေလိုက်သည်"ပြဿနာမရှိဘူး။ ငါ့မှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အများကြီးမရှိပေမယ့် အချိန်ရှိတယ်။ ဒါပေမယ့် ငါက အချိန်ဖြုန်းတာ ကြိုက်တဲ့သူမျိုး မဟုတ်ဘူး၊ ဒါကြောင့် ဘယ်လောက်ကြာကြာ ငါ စောင့်ရမှာလဲ"

"ခုနှစ်ရက်"တာအိုဆရာဇီရွှယ်က တုံ့ဆိုင်းခြင်းမရှိပြန်ဖြေသည်"ငါ့ကို အများဆုံး ခုနှစ်ရက်အချိန်ပေးပါ။ ငါ့ဂိုဏ်းကို အခုချက်ချင်း ပြန်ပြီး ဒီကိစ္စကို အကြီးအကဲတွေနဲ့ ဆွေးနွေးမယ်။ တစ်ပတ်ကြာရင် ငါ ပြန်လာပြီး မင်းနဲ့ဘယ်လောက်ပမာဏအထိ ဖလှယ်နိုင်လဲဆိုတာ ငါ ပြန်ပြောမယ်။ ဒါပေမယ့် မင်း ငါ့ကို မလှည့်စားဖို့ ငါ မျှော်လင့်တယ်၊ မဟုတ်ရင် ငါ့အကြီးအကဲတွေက ဒေါသထွက်ပြီး ငါ့ကို အပြစ်တင်လိမ့်မယ်"

"ဒိလိုဆိုမှတော့ မင်းထံမှသတင်းကောင်းကို စောင့်နေပါ့မယ်၊ စီနီယာဇီရွှယ်"ထန်ရှုက ပြုံးကာ ပြော၏။

ထို့နောက် တာအိုဆရာဇီရွှယ်က ချက်ချင်းပြောလာ၏"တာအိုဆရာထန်၊ မင်းက လျှပ်စီးကြောင်းပညာရပ်မှာ နက်ရှိုင်း‌တဲ့အောင်မြင်မှုတွေ ရှိတယ်လို့ ငါ့တပည့်တွေဆီကနေ ငါ ကြားခဲ့တယ်၊ ငါလဲ အဲဒါနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုအချို့ရှိတယ်။ မင်း ငါနဲ့ နှိုင်းယှဉ်ဖလှယ်ဖို့ အချိန်ရလား"

"စီနီယာဇီရွှယ်က စိတ်ဝင်စားမှတော့ ငါတို့အပြင်ဘက်ကို ထွက်ကြရင် ဘယ်လိုလဲ"ထန်ရှုက ပြုံးကာ ပြော၏"အသစ်ဆောက်ထားတဲ့ဒိီနဂါးကိုးကောင်ကျွန်းကို ငါတို့ကြောင့် မပျက်စီးစေချင်ဘူး"

"ကောင်းပါပြီ"

ထို့နောက် ထန်ရှုက ကျွန်းအစီအရင်ဝင်ပေါက်အား ဖွင့်ကာ သူနှင့်တာအိုဆရာဇီရွှယ်က အပြင်ဘက်သို့ လျှပ်တစ်ပြက်အတွင်း ထွက်ခွာသွားခဲ့သည်။

လေထဲတွင် လွင့်မျောနေရင်း သူမနှင့်မီတာဒါဇင်အကွာတွင်ရှိသောထန်ရှုအား ကြည့်ကာ တာအိုဆရာဇီရွှယ်က အလေးအနက်ပြောလိုက်ချေသည်"ကျေးဇူးပြုပြီး ဂရုစိုက်ပါ၊ တာအိုဆရာထန်"

ဘန်း

သူမအသံပျောက်ကွယ်သွားသည်နှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး အမှောင်တိမ်တိုက်များက စတင်ထွက်ပြူလာကာ စတုရန်းမီတာတစ်ရာတစ်ဝိုက်အား ဖုံးအုပ်သွား၏။ လျှပ်စီးများက ဆက်တိုက်ထွက်ပေါ်လာသည်၊ သို့သော် မိုးကြိုးများက အလွန်ပါးကာ အထူဆုံးက လက်မအရွှယ်အစားမျှသာ ရှိ၏။

တာအိုဆရာဇီရွှယ်ထုတ်ဖော်နေသောလျှပ်စီးကြောင်းပညာရပ်အား ကြည့်ရင်း ထန်ရှုက အနည်းငယ်အထင်သေးစွာနှင့် ပြုံးလိုက်မိသည်။ သူက သူ၏စွမ်းအားအပြည့်အား ထုတ်ပြရမလားဒါမှမဟုတ်ထုတ်မပြရဘူးလား စဉ်းစားနေသည်၊ တာအိုဆရာဇီရွှယ်အား အခြိမ်းအခြောက်အဖြစ် သရုပ်ပြရန်လည်း လိုအပ်သည်။ ဤအမျိုးသမီးက သူ့အား အထင်သေးကာ နောက်အရောင်းအဝယ်ကိစ္စတွင် သူ့အား ဂရုမစိုက်မည်ကို သူက စိုးရိမ်၏။

တကယ်တမ်းတော့ သူ၏လျှပ်စီးကြောင်းပညာရပ်က ဆန်းကြယ်လွန်းသည်။ ‌ရွှေအမြုတေနှောင်းပိုင်းအဆင့်နှင့်ယှဉ်နိုင်သောသူ၏ကျင့်ကြံခြင်းပါ ပေါင်းထည့်လိုက်လျှင် ထုတ်လုပ်လိုက်သောစွမ်းအားက အခြေတည်စိတ်ဝိညာဉ်သို့မဟုတ်စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းစွမ်းအားရှင်များပင် အောင်မြင်နိုင်မည့်အရာမျိုး မဟုတ်ပေ။ သို့သော် သူက အများကြီးထုတ်ပြလိုက်လျှင် သူစလျှပ်စီးကြောင်းပညာရပ်က အရမ်းအားကောင်းသည်ဟု ထင်ကာ သူမအား လောဘတက်စေနိုင်သည်၊ ဆိုးရွားသောလှုပ်ရှားမှုတစ်ခု ပြုလာနိုင်၏။

"ဒါဆို ငါလဲ ဟိုသက်ကြာအိုနှစ်ယောက်နဲ့ ရင်ဆိုင်တုန်းက အသုံးပြုခဲ့တဲ့ စွမ်အားအဆင့်ကိုပဲ ထုတ်ပြလိုက်မယ်"

သူ ဆုံးဖြတ်ချက်ချပြီးနောက် တာအိုဆရာဇီရွှယ်၏စွမ်းရည်ထုတ်ပြခြင်းသည်လည်း ပြီးဆုံးသွား၏။ ဤအချိန်တွင် သူ့ပုံရိပ်က ကောင်းကင်သို့ တက်သွားပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာတစ်ရာ၌ ထွက်ပေါ်လာသည်။ ထို့နောက် သူ့လက်များအား ဆန့်လိုက်ရာ ကောင်းကင်တွင်ပျောက်ကွယ်သွားသောအမှောင်တိမ်တိုက်များက စတင်စုဝေးလာပြန်၏။ ယခုအမှောင်တိမ်တိုက်များ၏အရေအတွက်နှင့်ပြင်းအားက တာအိုဆရာဇီရွှယ်ထုတ်ဖော်တုန်းကထက် ပိုမိုကြီးမားများပြားပြီး ကောင်းကင်တွင် ကြီးမားသောဧရိယာတစ်ဝိုက်အား ဖုံးအုပ်သွားသည်။

ကောင်းကင်တွင် တွဲခိုနေသော တိမ်တိုက်များကြားထဲတွင် လျှပ်စီးများလက်ကာ မိုးခြိမ်းလာသည်။ ကောင်းကင်ကို မော့ကြည့်သည့်မည်သူမဆို ကမ္ဘာပျက်မည့်‌နေ့ကို စောင့်နေရသလိုပင်။ လျှပ်စီးများက တိမ်တိုက်များတွင် ဘွားခနဲဘွားခနဲပေါ်လာနေပြီး မိုးကြိုးပစ်သံများက နားစည်ကို ထွင်းဖောက်မတတ် တုန်ခါစေ၏။

ဧရိယာမှ မီတာတစ်ရာသို့ နောက်ဆုတ်လျက် ကောင်းကင်အား အံ့အားသင့်စွာ မော့စိုက်ကြည့်ရင်း တာအိုဆရာဇီရွှယ်၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေသည်။ သူမရှေ့ရှိမြင်ကွင်းက သူမမမျှော်လင့်ထားသည့်အရာပင်။ ထို့ပြင် ဤအရာက လျှပ်စီးကြောင်းပညာရပ်ဖြင့် ဖန်တီးထားသောသဘာဖြစ်စဉ်တစ်ခုမျှသာ ဖြစ်၏။

"ဘယ်လို....သူ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ အောင်မြင်နိုင်တာလဲ။ သူ ကျင့်ကြံထားတာ ဘယ်လိုလျှပ်စီးကြောင်းပညာရပ်မျိုးလဲ။ ဒီဖြစ်စဉ်တစ်ခုနဲ့တင် ငါ့ရဲ့စိတ်ကူးနိုင်စွမ်းကို ကျော်လွန်သွားပြီ၊ တိုက်ခိုက်တဲ့အခါကျရင် စွမ်းအားအဆင့်က ဘယ်လောက်တောင် ကြောက်စရာကောင်းနေလိမ့်မလဲ"

"လျှပ်စီးပင်လယ်....."

လေထဲရှိမီတာတစ်ရာတွင် ရပ်ရင်း ထန်ရှုက ရုတ်တရက် အော်လိုက်သည်။ လက်မောင်းအရွယ်အစားမိုးကြိုးလျှပ်စီးများက ဥက္ကာပျံကြွေကျသည့်အလား တိမ်အလွှာများမှ လျှပ်တစ်ပြက်ကျလာပြီး ပင်လယ်ရေမျက်နှာပြင်နှင့် ထိတွေ့ပေါက်ကွဲသွား၏။ မိုးကြိုးလျှပ်စီးပေါက်ကွဲခြင်းက ကီလိုမီတာဝက်ပတ်လည်အား ဖုံးအုပ်သွားပြီး ၎င်း၏အရေအတွက်၊ မြန်နှုန်းသို့မဟုတ် စွမ်းအားဖြစ်စေ၊ တာအိုဆရာဇီရွှယ်ထုတ်ဖော်တုန်းကထက် အနည်းဆုံးဆယ်ဆပိုသန်မာသည်။

လျှပ်စီးမိုးကြိုးများကျဆင်းခြင်းဖြစ်ရပ်က တစ်မိနစ် ကြာခဲ့သည်။ လျှပ်စီးကျဆင်းမှုပျောက်ကွယ်သွားသည့်အခိုက်တွင် ကောင်းကင်ရှိတိမ်တိုက်များက လွင့်စင်ပပျောက်သွားပြီး မိုးခြိမ်းသံများသည်လည်း ကွယ်ပျောက်သွား၏။ တစ်ချိန်တည်းတွင် လျှပ်စီးမိုးကြိုးများကျဆင်းခဲ့သည့်ကီလိုမီတာဝက်ဧရိယာက ပင်လယ်သတ္တဝါအသေကောင်များစွာနှင့် ပြည့်နှက်လာသည်။ အချိန်ကြာလာ‌လေလေ၊ ငါးသေများက ပင်လယ်မျက်နှာပြင်ထက်၌ ပိုထွက်ပေါ်လာလေပင်။

ထို့နောက် ထန်ရှုက တာအိုဆရာဇီရွှယ်အရှေ့သို့ ပျံသန်းသွားကာ သူမ၏လှပသောမျက်နှာအား ကြည့်လျက် ဖျော့ဖျော့ပြုံးကာ မေးလိုက်သည်"ကြည့်ရတာ ငါ့ရဲ့လျှပ်စီးကြောင်းပညာရပ်က မင်းထက် ပိုကောင်းမယ်ထင်တယ်။ ဟုတ်တယ်၊ မင်းက လျှပ်စီးကြောင်းပညာရပ်ကို အရမ်းသဘောကျတယ်လို့ မင်းရဲ့တပည့်ကျင်းချန်ဇီထံကနေ ငါ ကြားသိခဲ့တယ်။ မင်း ငါ့ထံကနေ ပိုအဆင့်မြင့်တဲ့လျှပ်စီးကြောင်းပညာရပ်ကို သင်ယူချင်တယ်ဆိုရင် ငါတို့တွေ အလဲအလှယ်လုပ်လို့ရပါတယ်"

တာအိုဆရာဇီရွှယ်က အသိပြန်ဝင်လာပြီး ခပ်ဖျော့ဖျော့ပြုံးနေသောထန်ရှူအား ကြည့်၏။ သို့သော် လက်ရှိတွင် လေးစားမှုက သူမ၏နှလုံးသားထဲ၌ မွေးဖွားလာခဲ့သည်။ သူတို့က သေခြင်းတိုက်ပွဲတစ်ခုဆင်နွှဲရလျှင် သူမက ထန်ရှုအား မကြောက်ပေ၊ လျှပ်စီးကြောင်းပညာရပ်က သူမပိုင်ဆိုင်သည့်တစ်ခုတည်းသောစွမ်းအားမဟုတ်သောကြောင့်ပင်။ သို့သော် ထန်ရှုက ဤပညာရပ်၌ ကျွမ်းကျင်လွန်းသည်ကို သူမက ဝန်ခံရပေမည်။

"ဒါဆိုလဲ မင်းရဲ့စကားကို ငါ မှတ်ထားပါ့မယ်၊ တာအိုဆရာထန်"တာအိုဆရာဇီရွှယ်က အလေးအနက်ပြောလိုက်၏"ငါ ပြန်လာတဲ့အခါကျရင် ကျင့်ကြံခြင်းအရင်းအမြစ် အမြောက်အများ ငါ ယူလာမယ်၊ ဒါကြောင့် နောက်ကျရင် မင်းရဲ့စကားကို မဖျက်နဲ့နော်"

"မစိုးရိမ်ပါနဲ့"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ငါ့စကားကို ပြန်မရုတ်သိမ်းပါဘူး"

မကြာမီ ထန်ရှက နဂါးကိုးကောင်ကျွန်းသို့ ပြန်ရောက်လာပြိီး တာအိုဆရာဇီရွှယ်က သူမတပည့်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် ကျွန်းပေါ်တွင် စည်းလုံးခြင်းဂိုဏ်းမှ တစ်ယောက်မျှ မရှိတော့ပေ။ ကျန်ရှိနေသူများက ထန်ရှု၏နောက်လိုက်များပင် ဖြစ်ပေတော့သည်။

ထန်ရှုက နန်းတော်အပြင်ဘက်သို့ ရောက်ရှိလာသောအခါ မိုအားဝမ်က သူ့အရှေ့တွင် ထွက်ပေါ်လာပြီး တင်ပြလာ၏"ဆယ့်လေးခုမြောက်ကျွန်းကနေ သတင်းရလာတယ်၊ သူဌေး။ သင်္ဘောနှစ်စီး ငါတို့ဆီ ခုတ်မောင်းလာနေတာကို ငါတို့လူတွေ တွေ့ရှိခဲ့တယ်။ ပြီးတော့ တာအိုဆရာဇီရွှယ်ရဲ့ထွက်ခွာမှုလမ်းကြောင်းအရ သူတို့က နှစ်နာရီအတွင်းမှာ အဲဒီသင်္ဘောနှစ်စင်းနဲ့ တွေ့ဆုံလောက်တယ်"

"ဒီလူတွေရဲ့အထောက်အထားကို မင်း အတည်ပြုပြီးပြီးလား"ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"တစ်ရာရာခိုင်နှုန်းမသေချာပေမယ့် ၁၄ခုမြောက်ကျွန်းပေါ်ကငါတို့လူတွေရဲ့သတင်းပို့ချက်အရ ဒီလူတွေက ငါတို့သတ်ခဲ့တဲ့ကောင်းကင်ဘုံမှော်ဆရာနှစ်ယောက်နှင့်တူညီတဲ့ဝတ်စုံကို ဝတ်ဆင်ထားတယ်"မိုအားဝမ်က ပြန်ဖြေ၏။

"ဒီလူတွေက ကောင်းကင်ဘုံမှော်ဆရာကလန်ကဆိုရင် ငါတို့ကစားရမယ့်အချိန် ရောက်ပြီပေါ့"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"လူတိုင်းကို အကြောင်းကြားပြီး ရဟတ်ယာဉ်ပေါ် တက်ဖို့ ပြင်ဆင်ပါ။ ဆယ်မိနစ်အတွင်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့ဝင်တွေအားလုံး ရဟတ်ယာဉ်ပေါ်တက်ပြီး ၁၄ခုမြောက်ကျွန်းကို ဦးတည်သွားရမယ်။ ငါ လိုချင်တဲ့ စစ်မြေပြင်က နောက်ဆုံးတော့ ရလာပြီးပေါ့လေ"

"မင်းရဲ့အမိန့်ကို ချက်ချင်းထမ်းဆောင်ပါ့မယ်၊ သူဌေး"မိုအားဝမ်က ပြော၏"ဒါပေမယ့် တိုက်ပွဲစတာနဲ့ ငါတို့လူတွေကြားမှာ သေကျေမှုက ဧကန်ဖြစ်လာလိမ့်မယ်။ လက်ရှိ ငါတို့က လူတွေ စုဆောင်းနေတာဆိုတော့ လူအများကြီးဆုံးရှုံးသွားရင်......"

"စစ်တပ်တစ်ခုမှာ အရည်အသွေးက အဓိကပဲ၊ မင်း ဘာကို စိတ်ပူနေတာလဲ"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"တိုက်ပွဲတွေကပဲ မင်းကို ထက်မြက်စေပြီး မင်းရဲ့ကျင့်ကြံခြင်းတိုးတက်မှုကို လျင်မြန်စေတာကို မင်း နားမလည်ပါဘူး"

***

All Chapters