← Chapters

အားကောင်းသောကျွမ်းကျင်သူများ၏တိုက်ပွဲ

Vol. 69 Ch. 959

အားကောင်းသောကျွမ်းကျင်သူများ၏တိုက်ပွဲ

Vol. 69 Ch. 959

"မင်းက ဝစ်ဇနစ်နဲ့ဝိုင်ခရက်တို့ကို သတ်ခဲ့ရင် ဒီနေ့ မင်းတို့အားလုံး ဒီနေရာမှာပဲ သေရမယ်"အနက်ဝတ်လူအိုကြီးက ရက်စက်ကြမ်းကြုတ်စွာ ကြိမ်းဝါးလိုက်သည်"မင်းက သူတို့ကို မသတ်ခဲ့ရင် မင်းတို့က သူတို့ရဲ့သေဆုံးမှုနဲ့ မပတ်သက်ဘူးဆိုတာ သက်သေပြရမယ်၊ မဟုတ်ရင် မင်းတို့ရဲ့သေခြင်းတရားကနေ မလွတ်မြောက်စေရဘူး"

တာအိုဆရာဇီရွှယ်က သူမ၏သတ်ဖြတ်ခြင်းဆန္ဒအား ချက်ချင်းထုတ်ဖော်ကာ ဂုဏ်ယူစွာ ပြော၏"ငါတို့က မင်းတို့ရဲ့ကလန်သားနှစ်ယောက်ကို မသတ်ရင်တောင် သူတို့လုပ်ခဲ့တဲ့ဆိုးဝါးတဲ့အပြုအမူတွေအတွက် သေဖို့ထိုက်တန်တယ်။ ငါတို့က ကျင့်ကြံသူတွေ၊ အပြစ်မရှိသူတွေကို ဘယ်တော့မှမသတ်ဘူး။ မင်းတို့က ငါတို့ကို တိုက်ခိုက်ရဲရင် ငါကလဲ မင်းတို့ကို သတ်ဖြတ်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး"

အနက်ဝတ်လူအိုကြီးက ထပ်မပြောတော့ပေ။ သူက လက်ချောင်းများအား လျင်မြန်စွာ ကိုက်ကာ လေထဲတွင် သွေးရောင်စာလုံးများအား ရေးဆွဲလိုက်ပြီး သူ့တောင်ဝှေးအား တာအိုဆရာဇီရွှယ်ထံ ညွှန်ပြလိုက်သည်။

ခက်ထန်သောအနက်ရောက်မြူတစ်ခုက ထွက်ပေါ်လာ၏။ သွေးစာလုံးများက စတင်ပျံ့နှံ့သွားပြီး အဆုံးမဲ့သွေးချည်မျှင်များက စတင်ပျံ့နှံ့လာသည်။ သူတို့အားလုံးက အသက်ရှိသလို ထင်ရကာ အနက်ရောင်မြူနှင့်ပြုလုပ်ထားသောပိုင်နက်ပုံကြမ်းတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

"အမှောင်ပိုင်နက်......"

တလက်လက်တောက်ပနေသောရောင်ခြည်တန်းတစ်ခုက အနက်ဝတ်လူ၏လက်ထဲရှိတောင်ဝှေးတွင်နစ်မြုပ်ထားသောကျောက်စိမ်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ခမ်းနားထည်ဝါသောကြက်သွေးရောင်သွေးချည်မျှင်များက အနက်ရောင်မြူများအား ထိုးဖောက်ပျံ့နှံ့လာပြီး သွေးမျက်လုံးများနှင့်ဦး‌ခေါင်းခွံတစ်ခုအား ဖန်တီးလိုက်သည်။ တစ်ချိန်တည်းတွင် ပိုသေးငယ်‌သောဦးခေါင်းခွံများက  တစ်ခုနှင့်တစ်ခု ဆင့်ပုံလာပြီး အဆုံးတွင် လူနှင့်တူသောအရိုးစုစစ်သည်တော်တစ်ယောက် ဖြစ်ပေါ်လာ၏။

ဤအရာက တာအိုဆရာဇီရွှယ်၏အမူအရာအား အကြီးအကျယ်ပြောင်းလဲသွားစေသည်၊ သူမက ကောင်းကင်ဘုံမှော်ဆရာကလန်နှင့်ပတ်သက်၍ အနည်းငယ်သိသောကြောင့်ပင်။ အမှောင်ပိုင်နက်အားဖော်ထုတ်နိုင်သူများက ဤကလန်တွင် အသန်မာဆုံးသောသူများ ဖြစ်ကြသည်။

"မင်းက တိုက်ခိုက်ချင်နေတာလား။ ဒါဆိုလဲ တိုက်ခိုက်ကြတာပေါ့"

တာအိုဆရာဇီရွှယ်က ကောင်းကင်သို့ ပျံတက်၏။ အနက်ရောင်မြူက စေးကပ်ကပ်နှင့် ဆိုးရွားနံစော်သည့်အနံ့ရှိသော်လည်း သူမက လမ်းကြောင်းတစ်ခုအား ဖန်တီးကာ လျှပ်တစ်ပြက်အတွင်း ကောင်းကင်မီတာရာအနည်းငယ်သို့ ပျံသန်းသွား၏။ ထိုနေရာတွင် သူမက အော်ပြောလိုက်သည်"ငါ၊ တာအိုဆရာဇီရွှယ်က အသေးအဖွဲပုဂ္ဂိုလ်တွေကို ဘယ်တော့မှ မသတ်ဘူး။ အမှောင်ပိုင်နက်ကို ထုတ်ဖော်နိုင်တယ်ဆိုတော့ ရှင်က ကောင်းကင်ဘုံမှော်ဆရာကလန်မှာ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါဆိုလဲ လာစမ်း၊ ဘယ်သူက ပိုသန်မာလဲ ကြည့်ရတာပေါ့"

"မူလမှော်၊ ဘလက်ဆိုလော့....."

အနက်ဝတ်လူအိုကြီးက ပါးစပ်ကျဥ်းကျဥ်းဟလိုက်သော်လည်း သူ့အသံက ဒေါသထွက်နေသောပင်လယ်အော်သံပမာ တာအိုဆရာဇီရွှယ်ရှိရာသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။ အနက်ရောင်မြူနှင့်ပြုလုပ်ထားသောအရိုးမွန်းစတား၏လက်ထဲတွင် အရိုးကြာပွတ်တစ်ခု ထွက်ပေါ်လာပြီး တာအိုဆရာဇီရွှယ်အား ပစ်ပေါက်လိုက်၏။

"ဓားပင်လယ်....."

တာအိုဆရာဇီရွှယ်က သူမနောက်ကျောရှိဓားရှည်အား ဓားအိမ်မှ ထုတ်လိုက်သည်။ ၎င်း၏ဓားသွားက နှစ်၊ သုံး၊ လေးမှ ဆယ့်ခြောက်စသဖြင့် ပွားသွားပြီး စက္ကန့်ဝက်အတွင်း၌ ဓားသွားအရိပ်ထောင်ချီအဖြစ် ပြောင်းလဲသွားကာ ဓားဖြင့်ပြုလုပ်ထားသောဓားပင်လယ်ဟူသည့်၎င်း၏အမည်နာမအား ကိုယ်စားပြုနေသည်။ ဓားဒီရေများက တစ်ခုနှင့်တစ်ခုထပ်နေသောဓားအလွှာများအဖြစ် ပြောင်းလဲသွားပြီး အရိုးစုမွန်းစတားရှိရာသို့ တိုက်ခတ်လာ၏။

အမှတ်၉စွန့်ပစ်ကျွန်း။

ရဟတ်ယာဉ်ဆယ်စီးက ‌ကုန်းမြေအထက်မီတာအနည်းငယ်အကွာလေထဲတွင် ရပ်နေလျက် ပုံရိပ်များက ရဟတ်ယာဉ်ပေါ်မှ ကမ်းခြေပေါသို့ ဆင်းသက်လာသည်။ ကျွန်းပေါ်တွင်စောင့်ဆိုင်းနေသောစွေ့ကျန့်က လက်တော့အား ချက်ချင်းချကာ ထန်ရှုအား နှုတ်ဆက်ရန် ပြေးလာ၏။ ထို့နောက် သူက တင်ပြလိုက်သည်"စွေ့ကျန့် သတင်းပို့ပါတယ်၊ သူဌေး......"

"လက်ရှိအနေအထားဘယ်လိုရှိလဲ"ထန်ရှုက မေးလိုက်သည်။

"စည်းလုံးခြင်းဂိုဏ်းရဲ့သ‌င်္ဘောက ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့သင်္ဘောတွေနဲ့ တွေ့ဆုံသွားပြီ၊ အခု သူတို့ တိုက်ခိုက်နေကြတယ်"စွေ့ကျန့်က တင်ပြ၏"သူတို့ရဲ့တိုက်ပွဲကို လက်တော့ကနေ ကကြည့်လို့ရတယ်၊ သူဌေး"

ထို့နောက် ထန်ရှုက လက်တော့အရှေ့သို့ လျှောက်သွား၏။ သူ့မျက်လုံးများက လက်တော့မျက်နှာပြင်ပေါ်သို့ ကျရောက်သွားပြီး တာအိုဆရာဇီရွှယ်၏ဓားက အနက်ရောင်မြူနှင့် တိုက်ခိုက်နေသည်အား မြင်တွေ့လိုက်ရသည်။

"သူမက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်လို့ ခေါ်ဆိုဖို့ ထိုက်တန်တာပဲ။ ဒါပေမယ့် အဲဒီကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့ကျွမ်းကျင်သူရဲ့နည်းစနစ်က တစ္ဆေကျင့်ကြံခြင်းစနစ်တစ်ခုနဲ့ တူတယ်။ ဒါနဲ့၊ စွေ့ကျန့်။ သူတို့နဲ့ ဒိီကျွန်းက ဘယ်လောက်ဝေးလဲ"

"ရေမိုင်၂၆မိုင်ခန့်ပါ၊ သူဌေး....."စွေ့ကျန့်က ပြန်ဖြေ၏။

ထန်ရှု၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး စီတန်းကာရပ်နေသော‌အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျွမ်းကျင်သူ၄၈ယောက်အား လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက အမိန့်ပေးလိုက်၏"မင်းတို့တွေ ဒီမှာပဲ နေနေ၊ ငါ့အမိန့်မပါဘဲ ဘာမှ မလှုပ်ရှားနဲ့။ ချီးမိန်၊ အားဝူ။ တိုက်ပွဲက်ို လေ့လာဖို့ မင်းတို့နှစ်ယောက် ငါနဲ့ လိုက်လာ"

"အနီးနားမှာ စပိဘုတ်တစ်စီးရှိတယ်၊ သူဌေး"စွေ့ကျန့်က ကမန်းကတန်း ကြားဖြတ်ပြောလိုက်သည်။

"အဲဒါ မလိုဘူး"ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်"သွားကြရအောင်၊ ချီးမိန်...."

"ဟုတ်ကဲ့ပါ အရှင်....."

ကျီချီးမိန်က ပြန်ဖြေပြီး ချီစီးကြောင်းတစ်ခုက ထန်ရှုနှင့်မိုအားဝူတို့အား ရစ်ပတ်သွားကာ သူတို့အားလုံးက လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူမ၏စွမ်းအားအရ ကျီချီးမိန်က တိုက်ပွဲတည်နေရာအား အလွယ်တကူရှာဖွေနိုင်သည်။ စက္ကန့်အနည်းငယ်အတွင်း သူတို့သုံးယောက်က တိုက်ပွဲတည်နေရာမှမိုင်နှစ်ဆယ်ကျော်အကွာသို့ ရောက်ရှိလာခဲ့၏။

သို့သော် ထန်ရှုက စည်းလုံးခြင်းဂိုဏ်းမှလူများ၏စွမ်းအားအား အရင်မြင်ချင်သည်၊ ထို့ကြောင့် ကျီချီးမိန်အား ကီလိုမီတာအနည်းငယ်အကွာတွင် ‌နေရန် အမိန့်ပေးကာ မှန်ဘီလူးကို အသုံးပြုလျက် တိုက်ပွဲအား ကြည့်ရှုခဲ့၏။

"သူတို့က အရမ်းသန်မာတယ်၊ သူဌေး။ အနည်းဆုံး ငါ့ထက် အဆများစွာ ပိုသန်မာတယ်"ထန်ရှုဘေးနားတွင်ရပ်နေသောမိုအားဝူက   ပြောလာ၏။

ထန်ရှုက သူ့အား တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်"တာအိုဆရာဇီရွှယ်က ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ပဲ၊ ဒါကြောင့် သူမက မင်းထက် အများကြီးပိုအားကောင်းတာ သဘာဝပဲ။ ဒါပေမယ့် သူမရဲ့တိုက်ခိုက်ရေးစွမ်းအားနဲ့နည်းစနစ်က သိပ်မပေါ်ဘူးဖြစ်နေတယ်။ သူမက သူမရဲ့စွမ်းအားကို ဖုံးကွယ်ထားတာ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သူမက တိုက်ခိုက်ရေးအတွေ့အကြုံနည်းပါးတာပဲ ဖြစ်ရမယ်။ အဲဒီမှော်ဆရာက သူမထက် ပိုအားနည်းပေမယ့် တိုက်ခိုက်ရေးအတွေ့အကြုံတော်တော်များတယ်။ သူက အရိုးစုမွန်းစတားရဲ့တိုက်ခိုက်မှုကို ထိန်းချုပ်နေရပေမယ့် သူ့ကို ကြည့်ရတာ အေးအေးဆေးဆေးပဲ။ ဒါပေမယ့်....."

"ဒါပေမယ့် ဘာဖြစ်လဲ၊ သူဌေး"မိုအားဝူက အမူအရာအနည်းငယ်ပြောင်းလဲသွားပြီး သူ့အား ကြည့်လိုက်သည်။

"ငါ အရင်က ပြောခဲ့သလိုပေါ့။ သူက တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝရင်တောင် သူ့ရဲ့ကျင့်ကြံခြင်းက တာအိုဆရာဇီရွှယ်ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ သူက အနည်းဆုံးမိနစ်အနည်းငယ်ထိပဲ ခံမယ်၊ ပြီးရင်တော့ သူက ရှုံးနိမ့်သွားလိမ့်မယ်"

သူတို့ထံမှ ကီလိုမီတာအနည်းငယ်အကွာတွင် ဓားပုံရိပ်အလွှာများက ကမ်းစပ်အားဝင်ဆောင့်နေသောလှိုင်းများပမာ အရိုးစုမွန်းစတားအား တိုက်ခိုက်နေလေသည်။ အရိုးကြာပွတ်က ဘယ်လောက်အားကောင်းပါစေ၊ ၎င်းက ဓားပင်လယ်အား မတားဆီးနိုင်သလို တာအိုဆရာဇီရွှယ်အတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေ။ အနက်ရောင်မြူဖြင့်ပြုလုပ်ထားသောအရိုးစုနှင့်၎င်း၏အရိုးကြာပွတ်က ပျက်ဆီးလာပြီး တိုက်ခိုက်ရေးစွမ်းအားက စက္ကန့်တိုင်း၌ ပိုပိုအားနည်းလာ၏။

"ချီးလိုပဲ....."

အနက်ဝတ်လူအိုကြီး၏မျက်နှာက ပိုရိုင်းစိုင်းကြမ်းကြုတ်လာသည်။ အနက်ရောင်မြူစီးကြောင်းနှစ်ခုက သူ့ခြေထောက်များအား ရုတ်တရက် ရစ်ပတ်ကာ သူ့အား ချက်ချင်းဆွဲတင်ပြီး အရိုးစုမွန်းစတား၏ဘယ်ဘက်ပခုံးပေါ်သို့ သယ်ဆောင်သွား၏။ ထို့နောက် သူက ဓားမြှောင်တစ်ချောင်းအား အသုံးပြုကာ သူ့လက်ချောင်းများအား ဖြတ်လိုက်သည်၊ သွေးများက ချက်ချင်းစီးကျလာပြီး အရိုးစု၏ခန္ဓာကိုယ်က စုပ်ယူသွားခဲ့သည်။

ဝှီဝှီဝှီ......

အရှိန်အဝါတစ်ခုက အရိုးစုမွန်းစတားမှ တလိပ်လိပ်ထိုးထွက်လာပြီး သူ့ပတ်လည်ရှိအနက်ရောင်မြူက အနက်ရောင်ဦးခေါင်းခွံများအဖြစ် ပြောင်းလဲသွားကာ မွန်းစတားအဖြစ် လျင်မြန်စွာ ပေါင်းစပ်သွားခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်း အရိုးစုမွန်းစတား၏အရွယ်အစားက နှစ်ဆနီးပါးဖြစ်လာပြီး အရိုးကြာပွတ်က ပိုကြီးမားလာကာ ပေါက်ကွဲစွမ်းအားအား ပိုသယ်ဆောင်လာ၏။

"ချိုးဖြတ်စမ်း....."

အစိမ်းရောင်သွေးကြောများက ဘလက်ဆိုလေ့ာ၏နဖူးပြင်ပေါ်တွင် ငေါထွက်လာပြီး သူက လက်ဝှေ့ယမ်းလိုက်သည်။  သူ့လှုပ်ရှားမှုများအား အတုခိုးလိုက်သည့်ပမာ အရိုးစုမွန်းစတားက ၎င်းလက်အား လျင်မြန်စွာ ဝှေ့ယမ်း၏။ ဆယ်မီတာရှည်သောအရိုးကြာပွတ်က ရိုက်ချလိုက်ရာ လေပြင်းများအား အတူသယ်‌ဆောင်သွားလျက် ဓားပင်လယ်အလွှာများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

အုံး၊ အုံး....

ဓားပင်လယ်က ခွဲခြမ်းသွားပုံရကာ အလယ်တွင် အပေါက်တစ်ခု ထွက်ပေါ်လာသည်။ ပေါက်ကွဲသံများက အဆုံးမဲ့ဆက်တိုက်ထွက်ပေါ်လာသော်လည်း အရိုးကြာပွတ်၏အဟုန်က မရပ်တန့်နိုင်ဘဲ ဓားပင်လယ်အလွှာများအား ဖျက်ဆီးပစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက တာအိုဆရာဇီရွှယ်အရှေ့မီတာတစ်ရာအကွာ၌ ပေါ်ထွက်လာ၏။

ဤကဲ့သို့အကျပ်အတည်းတစ်ခုအား ရင်ဆိုင်နေရသော်လည်း အထင်သေးခြင်းက တာအိုဆရာဇီရွှယ်၏မျက်လုံးများထဲ၌ တည်ရှိနေသေး၏။ အေးစက်စက်အသံတစ်ခုက သူမထံမှ ထွက်ပေါ်လာသည်"ဟမ့်၊ ဒီစကေးလောက်နဲ့။ ဒါက ရှင် လုပ်နိုင်တာအကောင်းဆုံးဆိုရင် ဒီနေ့က ရှင့်ရဲ့သေနေ့ပဲ"

ရှုံးနိမ့်သွားပုံရသောဓားပုံရိပ်များက ဓားရှည်တစ်လက်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားကာ သူမပတ်လည်၌ ကခုန်ရစ်ဝဲလာသည်။ ၎င်းက ပတ်ဝန်းကျင်ဧရိယာရှိကောင်းကင်မြေကြီးစွမ်းအင်အား လျင်မြန်စွာ စတင်စုပ်ယူ၏။ ပတ်ဝန်းကျင်ရှိကမ္ဘာစွမ်းအင်က အလွန်ပါးလွှာသော်လည်း လျင်မြန်သောဓားလည်ပတ်ခြင်းက အမှောင်ထဲတွင် ရဲရဲတောက်နေမင်းက ၎င်း၏ရောင်ခြည်အား ထုတ်လွှတ်နေသည့်အတိုင်း အလင်းတောက်ပဖြာထွက်နေလျက်ရှိသည်။

"ပူလောင်သောနေမင်းဓား-အဆုံးမဲ့ရောင်ခြည်တန်း....."

တာအိုဆရာဇီရွှယ်၏အသံထွက်ပေါ်လာသည့်အခိုက်တွင် အဆုံးမဲ့ဓားရောင်ခြည်တန်းများက ပူလောင်သောနေမင်းမှ ပေါက်ကွဲထွက်လာပြီး အရိုးစုမွန်းစတားအား ပစ်ခတ်လိုက်သည်။

ဓားသွားတစ်ခုစိိီက ဆယ်မီတာရှည်ပြီး ကောင်းကင်တွင် ဓားရှည်သံကြိုးတစ်ခုအား ဖွဲ့စည်းလိုက်ပုံရသည်။ ဓားပုံရိပ်တစ်ထောင်က ခုတ်ပိုင်းချကာ သက်ရောက်မှုအားက အရိုးစုလက်ထဲရှိအရိုးကြာပွတ်အား ပျက်ဆီးစေ၏။ သက်တံ့နှင့်တူသောဓားရောင်ခြည်တန်းများက မရပ်တန့်ဘဲ ရှေ့သို့ မရပ်မစဲတိုးလာကာ အရိုးစု၏လက်မောင်နှင့်ခန္ဓာကိုယ်အား ဆုတ်ဖြဲလိုက်သည်။ အသက်ရှုချိန်အနည်းငယ်အတွင်း အရိုးစုမွန်းစတား၏လက်မောင်းက ပျက်ဆီးသွားပြီး အပေါက်အနည်းငယ်က ၎င်း၏ရင်ဘက်၌ ထွက်ပေါ်လာ၏။

"သတိထား....."

အနက်ရောင်အရိပ်နှစ်ခုက ကောင်းကင်ဘုံမှော်ဆရာကလန်ပိုင်ဆိုင်သောသင်္ဘောနှစ်စီးမှ လျှပ်စိီးတန်းအလား ပြေးထွက်လာသည်။ သူတို့နှစ်ယောက်က လျှာထိပ်အား ကိုက်ချလိုက်ပြီး သွေးမြူတစ်ခု ထွေးထုတ်၏၊ ထို့နောက် သိပ်သည်းသောအနက်ရောင်မြူထဲ၌ ချက်ချင်း ထွက်ပေါ်လာသည်။ သူတို့၏တောင်ဝှေးများအား ကိုင်ထားလျက် ထိုလူနှစ်ယောက်က မှော်စွမ်းအားထုတ်လွှတ်ကာ သူတို့ပတ်လည်၌ အနက်ရောင်ဒိုင်းကာတစ်ခုအား ဖွဲ့စည်းလိုက်သည်။

ဖြောက်.....

နောက်ဆုံးတွင် အရိုးစုမွန်းစတားအား ဓားသွားများက ဖျက်ဆီးလိုက်ပြီး ယခု အနက်ရောင်ဒိုင်းကာအား ဆက်လက်တိုက်စားလာ၏။ အက်ကြောင်းများက အနက်ရောင်ဒိုင်းကာပေါ်တွင် ဆက်တိုက်ထွက်ပေါ်လာပြီး အနက်ဝတ်လူအိုနှစ်ယောက်က ဂါထာရွတ်လိုက်ရာ ဧရာမပုဆိန်နှစ်လက်က ဒိုင်းကာပေါ်တွင် ဖြစ်တည်လာသည်။

"ခုတ်ပိုင်းစမ်း....."

လူအိုကြီးနှစ်ယောက်က တစ်ပြိုင်နက်တည်း အော်လိုက်ရာ ပုဆိန်နှစ်လက်က တစ်ခုတည်းအဖြစ် လျင်မြန်စွာ ပေါင်းစည်းလာသည်။ ခုခံမဲ့သောဖိအားတစ်ခုနှင့်အတူ ၎င်းက ဓားရောင်ခြည်တန်းများနှင့် ထိပ်တိုက်တွေ့၏။ ဤအချိန်တွင် ဖြူဖတ်ဖြူရော်နှင့်ဘလက်ဆိုလော့က ဆယ်စင်မီတာကျော်ရှည်သောအပ်တစ်ချောင်းအား ရုတ်တရက်ထုတ်ကာ သူ့နှလုံးအား ပြင်းထန်စွာ ထိုးဖောက်လိုက်သည်။ သူဆွဲထုတ်လိုက်သည့်အခိုက်တွင် သွေးစီးကြောင်းတစ်ခုက သူ့ရင်ဘက်မှ ပန်းထွက်လာသည်။ သွေးမြူက ပတ်ဝန်းကျင်ရှိအနက်ရောင်မြူနှင့် ထိတွေ့သွားသောအခါ ကြောက်စရာကောင်းတဲ့အနက်ရောင်မီးတောက်တစ်ခုက အပူလှိုင်းတစ်ခုနှင့်အတူ ပေါက်ကွဲထွက်လာ၏၊ ပင်လယ်ရေက ဆူပွက်သွားပြီး ငါးပုစွန်များက သေကျေပျက်ဆီးကာ ၎င်းတို့၏အသေကောင်များက သမုဒ္ဒရာအား ဖုံးလွှမ်းသွားလေသည်။

"မျှော်လင့်ချက်ပြုစားခြင်း....."

ရူးသွပ်မှုတစ်ခုက ဘလက်ဆိုလော့၏မျက်လုံးထဲ၌ လင်းလက်လာသည်။ အနက်ရောင်မီးတောက်က ဧရာမပုဆိန်နှင့် ပေါင်းစပ်သွားသောအခိုက်တွင် ပုဆိန်အရွက်အစားက အဆတစ်ရာကြီးလာ၏။ ၎င်း၏တိုက်ခိုက်ရေးစွမ်းအားက အဆများစွာတိုးလာပြီး ဓားသွားများအား ဝါးအစည်းပြေသည့်အလား ဖျက်ဆီးပစ်ကာ တာအိုဆရာဇီရွှယ်ဆီသို့ ဝင်ရောက်လာတော့သည်။

"ချီး....."

တာအိုဆရာဇီရွှယ်က ကျိန်ဆဲလိုက်ပြီး သူမပုံရိပ်က ကောင်းကင်သို့ ပိုမြင့်မြင့်တက်သွား၏။ ပတ်ဝန်းကျင်ရှိအမှောင်ပိုင်နက်က သူမအား တားဆီးထားသော်လည်း သူမက ကောင်းကင်အထက် တစ်ကီလိုမီတာအထိ ရောက်ရှိသွားပြီး အနက်ရောင်မြူဝန်းရံခြင်းမှ လွတ်ကင်းသွားစေသည်။ နောက်အခိုက်အတန့်တွင် သူမ၏ဓားရှည်က သူမလက်ထဲသို့ လျှပ်စီးအလား ပြန်ရောက်လာ၏။

သို့သော် အေးစက်စက်အလင်းများလက်ကာတောက်‌ပသောအသွင်အပြင်ရှိသည့်ဓားက ဓားသွားတွင် မြင်နိုင်သောအက်ကြောင်းတစ်ခုဖြစ်လာပြီး တိုက်စားသောအနက်ရောင်မြူက ပတ်ပတ်လည်၌ ဆက်လက်ရစ်ဝဲနေခဲ့သည်။

***

All Chapters