← Chapters

သေရေးရှင်ရေးအနေအထားတစ်ခု

Vol. 69 Ch. 961

သေရေးရှင်ရေးအနေအထားတစ်ခု

Vol. 69 Ch. 961

တာအိုဆရာဇီရွှယ်က ခေါင်းလှည့်ကာ ကျင်းချန်ဇီထံ အသံပို့လိုက်သည်"ငါ သူတို့ကို ထိန်းထားမယ်။ မင်းတို့အားလုံးထွက်ပြေးကြတော့။ မှတ်ထား၊ နဂါးကိုးကောင်ကျွန်းကို တည့်တည့်မတ်မတ်သွား။ မင်းတို့ အဲနေရာကို ရောက်တာနဲ့ တာအိုဆရာထန်က မင်းတို့ရဲ့အသက်ကို သေချာပေါက်ကယ်လိမ့်မယ်"

"ဆရာ...."ကျင်းချန်ဇီက အလျင်စလို အော်လိုက်သည်။

ဒေါသထွက်သောမျက်နှာနှင့်အတူ တာအိုဆရာဇီရွှယ်က သူ့အး စိုက်ကြည့်ကာ ထပ်ပြော၏"ဒါက ငါ့အမိန့်ပဲ၊ မင်းတို့ နာခံရမယ်။ ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့မဟာအကြီးအကဲက အရမ်းသန်မာတယ်၊ သူ့ရဲ့ကျင့်ကြံခြင်းက ငါနဲ့ ယှဉ်နိုင်တယ်။ ငါ ဒီ‌နေရာကနေ ထွက်ပြေးလွတ်‌မြောက်ဖို့ ယုံကြည်ချက်ရှိပေမယ့် မင်းတို့အားလုံးကို မကာကွယ်နိုင်ဘူး။ ဒါကြောင့် အမြန်သွားတော့"

ကျင်းချန်ဇီက လက်သီးတင်းကျပ်စွာဆုပ်လိုက်သည်။ သူ့နှလုံးသား၌ လက်မခံလိုပေ၊ အားနည်းလွန်းသည့်အတွက် သူ့ကိုယ်သူ မုန်းသည်။ သူသာ လုံလုံလောက်လောက်အားကောင်းပါက သူမအား တစ်ယောက်တည်း ချန်ထားမည့်အစား သူက ဆရာနှင့် ဘေးချင်းကပ်တိုက်ခိုက်နိုင်မည်။

တစ်ချိန်တည်းတွင် နောင်တရခြင်းက ရိုက်ခတ်လာပြန်၏။ သူ့ဆရာအား သတင်းပို့ရန် သူသာ မဆုံးဖြတ်ခဲ့ပါက သူတို့က ဒီလိုအန္တရာယ်ကျရောက်လာမည်မဟုတ်သလို သူ့ဆရာက ဒီလိုစိုးရိမ်ဖွယ်အနေအထားတစ်ခုထဲသို့ မကျရောက်နိုင်ပေ။

အံကြိတ်လျက် ကျင်းချန်ဇီက သူ၏ညီငါးယောက်နှင့်အမငါးယောက်ထံ သူတို့ဆရာ၏သတင်းစကားအား အသံပို့ကာ ပြောလိုက်သည်"ဂျူနီယာညီလေးတို့၊ စီနီယာအစ်မတို့၊ ဆရာရဲ့ဝန်ထုတ်ဝန်ပိုးမဖြစ်ချင်ရင် ငါတို့ ဒီ‌နေရာက‌နေ အမြန်ဆုံးထွက်သွားရမယ်။ ငါတို့ မထွက်ပြေးနိုင်ရင် ဆရာက သက်အန္တရာယ်ရှိလိမ့်မယ်"

"ပြေးကြတော့....."

အခြားကိုးယောက်သည်လည်း ကျင်းချန်ဇီနှင့်တူညီသောခံစားချက်ရှိသည်၊ ဒေါသထွက်သော်လည်း သူတို့တွင် ရွေးချယ်စရာတစ်ခုသာ ရှိ၏။ သူတို့က မှော်လက်နက်များသို့မဟုတ်ပစ္စည်းများအား ချက်ချင်းထုတ်လွှတ်ကာ သူတို့၏သင်္ဘောအား စွန့်ခွာလျက် နဂါးကိုးကောင်ကျွန်းသို့ ပျံသန်းသွားခဲ့သည်။

မထီမဲ့မြင်အပြုံးတစ်ခုက အစထရေးအက်ဆိုလော့၏နှုတ်ခမ်းများမှ ထွက်ပေါ်လာသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြော၏"ဟမ့်၊ သူတို့ကို အသက်ရှင်လျက် အမိဖမ်းကြစမ်း။ တစ်ယောက်မှ ထွက်ပြေးခွင့်မပေးနဲ့....."

"နားလည်ပါပြီ"

သင်္ဘောသုံးစီးမှ ပုံရိပ်ဒါဇင်ကျော်က ကောင်းကင်သို့ တက်သွား၏။ တစ်ချိန်တည်းတွင် အနက်ရောင်မြူက ကျင်းချန်ဇီတို့ဆယ်ယောက်အဖွဲ့အား လျင်မြန်စွာ လိုက်ဖမ်းလာသည်။ သူတို့ထဲတွင် ပုံရိပ်သုံးခုက မြန်ဆန်ပြီး ကီလိုမီတာအနည်းငယ်အကွာသို့ထွက်ပြေးသွားသောလူဆယ်ယောက်အား တားဆီးနိုင်ခဲ့၏။

တာအိုဆရာဇီရွှယ်၏မျက်နှာက အနည်းငယ်ဖြူရော်သွားပြီး သူမ၏ပုံရိပ်က သူမ၏တပည့်ဆယ်ယောက်ဆီသို့ ရိပ်ခနဲလှုပ်ရှားသွားသည်။ သို့သော် နောက်ထပ်အနက်‌ရောင်မြူတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ အစထရေးအက်ဆိုလော့က သူ့တောင်ဝှေးအား ကိုင်ထားလျက်ရှိ၏၊ သူက အိုမင်းမစွမ်းဖြစ်ပုံပေါ်သော်လည်း သူ့ခန္ဓာကိုယ်မှထုတ်လွှတ်သောအရှိန်အဝါက ပြင်းထန်လှသည်။

"ငါတို့က အခုထိ မတိုက်ခိုက်ရသေးဘူးလေ၊ ဒါကို မင်းက ဘယ်သွားမလို့လဲ"အစထရေးအက်ဆိုလော့က တာအိုဆရာဇီရွှယ်၏လမ်းကြောင်းအား တားဆီးလိုက်သည်၊ တောင်‌ဝှေးအား ခပ်မြန်မြန်‌ ဝှေ့ယမ်းလိုက်ရာ အနက်ရောင်မြူပူ‌ဖောင်းများက တာအိုဆရာဇီရွှယ်အား လည်ပတ်ဝန်းရံသွားပြီး သူမ၏လှုပ်ရှားမှုအား ကန့်သတ်လိုက်တော့၏။

ဤအခါတွင် ပြင်းထန်သောသတ်ဖြတ်လိုစိတ်က တာအိုဆရာဇီရွှယ်ထံမှ ထွက်ပေါ်လာ၏။ ဓားရောင်ခြည်စွမ်းအင်က ပန်းထွက်လာပြီး သူမက လက်ထဲရှိဓားရှည်ကို ဝှေ့ယမ်းလျက် အနက်ရောင်မြူပူဖောင်းများအား ထိုးစိုက်လိုက်သည်။ ထိုသို့သောပြင်းအားနှင့်အတူ ပတ်ဝန်းကျင်လေစီးကြောင်းက ဖရိုဖရဲဖြစ်လာ၏။

"ဓားအသင်္ချေပေါင်းစပ်ခြင်း...."

ဓားချီက အနက်ရောင်မြူပူဖောင်းများအား ဖျက်ဆီးလိုက်ပြီး အဆုံးတွင် တစ်ရာမီတာရှည်သောဓားရောင်ခြည်တန်းတစ်ခုက အေးစက်စက်အထိအတွေ့အာရုံတစ်ခုကို ထုတ်လွှတ်လျက် ဖြစ်တည်လာသည်။ ထို့နောက် တောက်ပသောဓားရောင်ခြည်တန်းများက အစထရေးအက်ဆိုလော့အား ချက်ချင်းရိုက်ခတ်သွား၏။

"အမှောင်ပိုင်နက်....."

ကျယ်လောင်စွာ ရယ်မောလျက် ကောက်ရိတ်ဓားပုံသဏ္ဍာန်လက်နက်တစ်ခုက အစထရေးအက်ဆိုလော့၏လက်ထဲ၌ ထွက်ပေါ်လာသည်။ ကောက်ရိတ်ဓားက သူ့ပတ်လည်၌ ရုတ်တရက် လှည့်ပတ်သွားပြီး မီတာတစ်ရာဓားရောင်ခြည်တန်းနှင့် ထိပ်တိုက်တွေ့လိုက်၏။ မရေမတွက်နိုင်သောအနက်ရောင်မြူပူဖောင်းများက ထပ်မံထွက်ပေါ်လာပြီး တာအိုဆရာဇီရွှယ်ပတ်လည်ရှိဦးတည်ဘက်တိုင်းအား ဖုံးလွှမ်းသွားသည်။

အုန်း.....

လက်နက်နှစ်ခုထိပ်တိုက်တွေ့ခြင်းက ကြီးမားသောတုန်ခါမှုလှိုင်းများအား ထွက်ပေါ်စေခဲ့ပြီး တာအိုဆရာဇီရွှယ်၏ခန္ဓာကိုယ်အား အကြီးအကျယ်တုန်ယင်သွားစေသည်။ သိသိသာသာတုန်လှုပ်သွားလျက် သူမက အော်လိုက်၏"‌သေမင်းကောက်ရိတ်ဓားလား။ တောက်.....လွန်ခဲ့တဲ့နှစ်သုံးရာက ရှာဖွေမှုမှာ ‌သေမင်းနတ်ဘုရားမှော်လက်နက်ဖြစ်တဲ့သေမင်းကောက်ရိတ်ဓားကို မင်းတို့ကောင်းကင်ဘုံမှော်ဆရာကလန်က ရသွားတော့ပေါ့လေ"

"မင်း ခန့်မှန်းတာ မှန်တယ်။ ဟားဟားဟား....."အစထရေးအက်ဆိုလော့က ရယ်လိုက်လေသည်"မင်းတို့အားလုံး အခြားအဖွဲ့တွေနဲ့ တိုက်ခိုက်နေတုန်းက ငါ့အဖေက ဒီကောက်ရိတ်ဓားကို ရသွားတာလေ။ ငါ အမှတ်ရမမှားရင် မင်းတို့ရဲ့စည်းလုံးခြင်းဂိုဏ်းက ရတနာလုတဲ့တိုက်ပွဲမှာ အမြောက်အများဆုံးရှုံးသွားခဲ့ရတယ်မလား။ ဟားဟား....နှစ်ပေါင်းသုံးရာသန့်စင်ပြီးနောက် ‌ဒီ‌ သေမင်းကောက်ရိတ်ဓားကို ငါ့ရဲ့ကိုယ်ပိုင်မှော်လက်နက်အဖြစ် အပြည့်အဝထိန်းချုပ်နိုင်နေပြီလေ။ မင်း ဒါကို မဖျက်ဆီးနိုင်ရင် ဒီနေ့ မင်းရဲ့သွေးကို သေချာပေါက် သောက်ရလိမ့်မယ်"

တုံ့ပြန်သည့်အနေနှင့် တာအိုဆရာဇီရွှယ်က လျှို့ဝှက်ပညာရပ်တစ်ခုအား လျင်မြန်စွာ ထုတ်ဖော်လိုက်သည်၊ အမှောင်တိမ်တိုက်များက ကောင်းကင်၌ လျင်မြန်စွာ ထွက်ပေါ်လာပြီး မိုးကြိုးလျှပ်စီးများက လိုက်ပါကျဆင်းလာကာ အနက်ရောင်မြူပူဖောင်းအား ဖျက်ဆီးပစ်လိုက်၏။ ပူဖောင်းများ ပျက်ဆီးနေသည့်အခိုက်တွင် နောက်ထပ်ဓားရောင်ခြည်တန်းတစ်ခုက သူမထံမှ ထွက်ပေါ်လာပြီး လည်ပတ်နေသောသေမင်းကောက်ရိတ်ဓားထံ ပစ်လွှတ်လိုက်သည်။

သူမ၏ခံစစ်က အားမနည်းသော်လည်း သေမင်းကောက်ရိတ်ဓား၏စွမ်းအားက ကြီးမားများပြားလွန်းသည်။ အစွမ်းကုန်ထုတ်တားဆီးခဲ့သော်လည်း သူမ၏ခံစစ်အား ထိုးဖောက်လာကာ သူမခန္ဓာကိုယ်ပေါ်တွင် သေးငယ်သောဒဏ်ရာတစ်ခုအား ချန်ထားရစ်ခဲ့၏။

"ဖျက်ဆီးခြင်းရိုက်ချက်......"

အစထရေးအက်ဆိုလော့က ရုတ်တရက်အော်လိုက်သည်။ လျှပ်စီးမိုးကြိုးများမဖျက်ဆီးရသေးသောအနက်ရောင်မြူပူဖောင်းဆယ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တလက်လက်တောက်ပသောအနက်ရောင်မီးလျှံတစ်ခုအား ဖန်တီးကာ တာအိုဆရာဇီရွှယ်အား ဝန်းရံကာ သူမအား ဆက်တိုက်ပစ်ခတ်လိုက်သည်။

'ဖောက်...."

တာအိုဆရာဇီရွှယ်၏ခန္ဓာကိုယ်က ပိုပိုတုန်ယင်လာပြီး သူမက သွေးတစ်ပွက်အန်လိုက်သည်။ ဤအချိန်တွင် မျှော်လင့်ချက်မဲ့ကာ အလွန်အမင်းစိုးရိမ်သောအမူအရာတစ်ခုက ထွက်ပေါ်လာ၏။ သူမ၏ထိပ်တန်းအဆင့်မှော်လက်နက်သာ မပျက်ဆီးပါက အစထရေးအက်ဆိုလော့၏ရိုက်ချက်အား တားဆီးနိုင်လိမ့်မည်ဟု သူမက ယုံကြည်သည်။

တိုက်ပွဲမြင်ကွင်းမှ ကီလိုမီတာအနည်းငယ်အကွာတွင် ထန်ရှု၏မျက်လုံးများက လျှပ်တစ်ပြက်လက်သွားပြီး သူက အမိန့်ပေးလိုက်သည်"အားဝူ၊ မင်း သွားလို့ရပြီ"

ခေါင်းညိတ်လျက် တိုက်ပွဲထဲသို့ ပစ်လွှတ်လိုက်သောအမြောက်ကျဉ်ဆံတစ်ခုပမာ မိုအားဝူက ရှေ့သို့ လျှပ်တစ်ပြက်လက်သွားသည်။ သူ၏ဓားပျံက အလွန်မြန်ပြီး မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲအလယ်၌ ထွက်ပေါ်လာ၏။ သူက ကျယ်လောင်စွာ အော်လိုက်သည်"တောက်၊ ဘာလို့ ဒီလောက်များတဲ့ကောင်းကင်ဘုံမှော်ဆရာကလန်သားတွေ ဒီ‌နေရာမှာ စုပြုံနေရတာလဲ။ ငါ ယခင်က အဲဒီသက်ကြားအိုနှစ်ယောက်ကို သတ်ခဲ့ပါတယ်၊ ဘယ်ကနေ ဘယ်လိုလုပ်ပြီး အခြားကလန်သားတွေက ထွက်ပေါ်လာပြန်တာလဲ"

ချက်ချင်းပင် ကောင်းကင်ဘုံမှော်ဆရာကလန်မှကျွမ်းကျင်သူများအားလုံးက မျက်နှာပျက်သွား‌ကြ‌သည်။ စည်းလုံးခြင်းဂိုဏ်းသားများတိုက်ခိုက်မှုအား ရပ်တန့်လိုက်ကြပြီး ပြင်းထန်သောသတ်ဖြတ်ခြင်းဆန္ဒနှင့်အတူ  မိုအားဝူအားလှည့်ကြည့်လိုက်ကြ၏။

မိုအားဝူ၏ပြောကြားချက်ကို ကြားသောအခါ အစထရေးအက်ဆိုလော့၏အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ ယခင်က နောက်ဆုံးတိုက်ခိုက်မှုအား ထုတ်လွှတ်ပြီး တာအိုဆရာဇီရွှယ်အား သတ်ဖြတ်ရန် ရည်ရွယ်ထားသော်လည်း မိုအားဝူအား မြင်ပြီးနောက် တာအိုဆရာဇီရွှယ်အား လက်လွှတ်လိုက်၏။ သူ၏ပျံသန်းရာဦးတည်ဘက်အား ချက်ချင်းပြောင်းလဲကာ မိုအားဝူထံသို့ ချက်ချင်းပျံသန်းလာလျက် ပြင်းထန်စွာ အော်လိုက်သည်"မင်းက ဝိုင်ခရက်ဆိုလော့နဲ့ ဝစ်ဇနစ်ဆိုလော့တို့ကို သတ်ခဲ့တာလား"

မိုအားဝူက မျက်လုံးကလယ်ကလယ်နှင့် ရယ်လျက် ပြောလိုက်သည်"ဟားဟားဟား၊ ဟိုသက်ကြားအိုနှစ်ယောက်က ဝစ်ဇနစ်ဆိုလော့နဲ့ဝိုင်ခရက်ဆိုလော့လို့ ခေါ်တာပေါ့။ သူတို့နာမည်ကို ငါ မေးတုန်းက ငါ သိဖို့ အရည်အချင်းမရှိဘူးလို့ အဲဒီငတုံးနှစ်ကောင်က ပြောခဲ့တယ်။ အခု သူတို့ရဲ့နာမည်ကို ငါ့ကို မပြောမိတဲ့အတွက် နောင်တရနေမှာ သေချာတယ်။ ဟေး၊ သက်ကြာအိုကြီး.....ခင်များရဲ့နာမည်ဆိုးကြီးက ဘာလဲ။ ကျုပ်က နာမည်မရှိတဲ့သူတစ်ယောက်ကို ဘယ်တော့မှ မသတ်ဘူးနော်"

မိုအားဝူ၏မထီမဲ့မြင်လှောင်ပြောင်သောစကားကြောင့် အစထရေး‌အက်ဆိုလော့၏မျက်လုံးများက ဒေါသကြောင့် အရောင်လက်သွားပြီး သူက ချက်ချင်းတိုက်ခိုက်လိုက်သည်။ အနက်ရောင်မြူက ကောင်းကင်အား ပိတ်ကွယ်သွားပြီး မိုအားဝူထံ လှိမ့်ဝင်လာကာ သေမင်းကောက်ရိတ်ဓားကလည်း သူ့အား သတ်ဖြတ်ရန် ရစ်ပတ်လာ၏။

"မင်း အရူးကောင်။ ငါ မင်းကို ဒီ‌နေ့ မသတ်ရင် ငါ လူတစ်ယောက်မဟုတ်တော့ဘူးလို့ ငါ ကျိန်ဆိုတယ်"အစထရေးအက်ဆိုလော့က ဒေါသတကြီးကြုံးဝါးရင်း သူ့တိုက်ခိုက်မှုများအား‌ ဖော်ထုတ်လာခဲ့သည်။

အစထရေးအက်ဆိုလော့က ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုသည်ကို မိုအားဝူက ကောင်းကောင်းသိသည်၊ ထို့ကြောင့် သူက အစထရေးအက်နှင့် လုံးဝမရင်ဆိုင်ချင်ပေ။ သူ့ထံ ဝင်လာနေသောအနက်ရောင်မြူအား တစ်ချက်ကြည့်လျက် ထူးထူးဆန်းဆန်းတစ်ချက်ရယ်ကာ လာရာဦးတည်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားရင်း အော်ပြောလိုက်သည်"ဟား....ချီး....ဒီသက်ကြားအိုက တကယ်သန်မာတာပဲ။ ငါ့ထက် ပိုသန်မာတဲ့တစ်ယောက်ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဟမ့်၊ ငါ့သူဌေးက ခင်ဗျား ငါ့ကို အနိုင်ကျင့်နေမှန်း သိရင်  သူ သေချာပေါက် ခင်ဗျားရဲ့ဘောကို ကန်ခွဲမှာပဲ။ အာ၊ ငါ မှား‌နေတာ။ ခင်‌ဗျားက အိုမင်းရှုံ့တွနေပြီဆိုတော့၊ ဘောတွေ မရှိလောက်တော့ဘူးထင်တယ်"

မိုအားဝူပါးစပ်မှအထင်အမြင်သေးလှောင်ပြောင်သောစကားများက အစထရေးအက်ဆိုလော့အား အဆုံးစွန်းအထိ ထိတ်လန့်သွားစေပြီး သူ့မျက်နှာက ဒေါသကြောင့် ရဲရဲနီသွားတော့၏။

တစ်ယောက်ယောက် သူ့ကို မလှောင်ပြောင်ရဲတာ နှစ်ဘယ်လောက်တောင် ကြာပြီလဲ။ ပင်လယ်ထဲတွင် အမည်အသိအရူးတစ်ယောက်က သူ့အား လှောင်ပြောင်ကျိန်ဆဲလိမ့်မည်ဟု သူ ဘယ်တော့မှ မတွေးထားခဲ့ပေ။

"မင်း....သေရမယ်....."

အစထရေးအက်ဆိုလော့က အရှိန်တင်လိုက်သည်။ သူ၏ပိုကြီးမားသောစွမ်းအားနှင့်အတူ ထိပ်တန်းအဆင့်ဓားပျံအား ပိုင်ဆိုင်ထားသော မိုအားဝူအား လိုက်မီနိုင်သည်။

"မင်း.....ဝက်အိုကြီးရေ....."

သို့သော် ပျံသန်း‌နေရင်း မိုအားဝူက အဆက်မပြတ်ဆဲဆိုလှောင်ပြောင်နေတုန်းပင်။ မိနစ်ဝက်အတွင်း၌ သူက ရေမိုင်ဒါဇင်ကျော်သို့ လွတ်မြောက်လာခဲ့သည်။

ကောင်းကင်ထက်မီတာထောင်ကျော်တွင် ထန်ရှုနှင့်ကျီချီးမိန်တို့က တိမ်ပေါ်တွင် ရပ်နေကြသည်၊ မိုအားဝူအလိုက်ခံနေရသည်ကို မြင်ပြီး သူတို့က အသီးသီးနှာခေါင်းရှုံ့လိုက်ကြ၏။ အစထရေးအက်ဆိုလော့က မိုအားဝူထက် ပိုမြန်သော်လည်း မိုအားဝူက ရန်သူမမိခင် နံပါတ်၉ကျွန်းသို့ သေချာပေါက်ရောက်ရှိနိုင်မည်ဟု သူတို့က တွက်ချက်ထားကြသည်။

"စည်းလုံးခြင်းဂိုဏ်းရဲ့လူတွေက ဆက်ပြီး ထွက်မပြေးတော့ဘူးပဲ၊ အရှင်" သူမ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်ပြီးနောက် ကျီချီးမိန်က တင်ပြလိုက်၏။

"လောလောဆယ် သူတို့ကို လစ်လျူရှုထားလိုက်ရအောင်"ထန်ရှုက ပေါ့ပေါ့ပါးပါးပြော၏"နံပါတ်ကိုးကျွန်းပေါ်မှာ ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့ကျွမ်းကျင်သူအချို့ကို ငါတို့ ထိန်းချုပ်ဖို့ လိုမယ်။ ဒီစမ်းသပ်မှုအတွင်း ငါ့လူအနည်းငယ်ပဲ သေဖို့ မျှော်လင့်တယ်"

"ငါတို့ မပါရင် ထာဝရခန်းမရဲ့ကျွမ်းကျင်သူတွေက သူတို့အတွက် ပြိုင်ဘက်မဟုတ်ဘူးလို့ ငါ ထင်တယ်၊ အရှင်"ကျီချီးမိန်က ပြော၏"အထူးသဖြင့် မိုအားဝူနောက်ကို လိုက်နေ‌တဲ့အဘိုးကြီးပဲ။ အနိမ့်ဆုံး သူက ရွှေအမြုတေနှောင်းပိုင်းအဆင့်နှင့် ယှဉ်နိုင်တယ်။ အကြိုအခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေနဲ့တောင် ယှဉ်ပြိုင်နိုင်မယ်လို့ ငါ ထင်တယ်"

"ထန်ကွမ်းနဲ့ထန်အန်းတို့ဆိုရင်ရော ဘယ်လိုလဲ"ထန်ရှုက မေးလိုက်သည်"သူတို့အနေနဲ့ သူ့ကို အနိုင်ရနိုင်ခြေရှိလား"

"ထန်ကွမ်းနှင့်ထန်အန်းတို့က မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့ပြီး မကြာသေးမီကမှ ရွှေအမြုတေအလယ်ဆင့်ကို ချိုးဖြတ်ခဲ့တယ်"ကျီချီးမိန်က ပြန်ဖြေ၏"သူတို့က နှစ်ယောက်ပေါင်းရင် သူနဲ့ တိုက်ခိုက်နိုင်လောက်ပေမယ့်..... "

"ဒါပေမယ့် ဘာဖြစ်လဲ"ထန်ရှုက မေးလိုက်သည်။

"ထန်ကွမ်းနဲ့ထန်အန်းတို့က အဲဒီသက်ကြားအိုနဲ့ လက်ရည်ညီတိုက်ခိုက်နိုင်ပေမယ့် ကောင်းကင်ဘုံမှော်ဆရာကလန်သားတွေထဲမှာ အခြားကျွမ်းကျင်သူသုံးယောက်ကျန်သေးတယ်"ကျီချီးမိန်က ပြော၏"အဲသုံးယောက်က အရမ်းသန်မာတယ်။ ထာဝရခန်းမကတစ်ယောက်မှ သူတို့နဲ့ မတိုက်ခိုက်နိုင်လောက်ဘူး"

ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီး စည်းလုံးခြင်းဂိုဏ်းဝင်များရှိရာသို့ လှည့်ကြည့်လိုက်၏။

ပင်လယ်ပြင်အထက်တွင် တာအိုဆရာဇီရွှယ်က သူမ၏တပည့်ဆယ်ယောက်နှင့် အတူရှိနေသည်။ စော‌စာကတိုက်ပွဲက သူမအား ဒဏ်ရာများနှင့် ချန်ထားခဲ့ပြီး ကျင်းချန်ဇီတို့အဖွဲ့ခန္ဓာကိုယ်ပေါ်တွင်လည်း သွေးထွက်ဒဏ်ရာများအား မြင်တွေ့နိုင်၏။

"ဆရာ၊ အဲဒါမိုအားဝူပဲ"

ကျင်းချန်ဇီက ပင်လယ်ပြင်အထက် ပျောက်ကွယ်သွားသာပုံရိပ်များအား စိုက်ကြည့်လိုက်ပြီး အနည်းငယ်စိုးရိမ်သောလေသံနှင့် ပြောလိုက်၏။

တာအိုဆရာဇီရွှယ်က လက်ရှိအချိန်တွင် အနည်းငယ်စိတ်ရှုပ်ထွေးနေပုံပေါ်၏။ မကြာသေးမီက သူမက မျှော်လင့်ချက်မဲ့သောအခြေအနေတစ်ခု၌ ရှိနေခဲ့သော်လည်း မိုအားဝူက ရုတ်တရက်ရောက်လာကာ ရန်သူများအား မျှားခေါ်သွားခဲ့သည်။ သို့သော် သူမအား အတုန်လှုပ်စေဆုံးအရာက မိုအားဝူ၏ခြေထောက်အောက်ရှိဓားပျံပင် ဖြစ်၏။

***

All Chapters