← Chapters

ဆိုးရွားသောရည်ရွယ်ချက်များ ခိုအောင်းလာခြင်း

Vol. 69 Ch. 962

ဆိုးရွားသောရည်ရွယ်ချက်များ ခိုအောင်းလာခြင်း

Vol. 69 Ch. 962

ရာစုနှစ်အနည်းငယ်နေထိုင်ခဲ့သဖြင့် တာအိုဆရာဇီရွှယ်က ဗဟုသုတများစွာ ရှိ၏။ သူမက မှော်ပစ္စည်းများအား ကိုယ်တိုင်သန့်စင်ဖူးသည်၊ ထို့ကြောင့် ထိုပစ္စည်းများ၏စွမ်းအားအား သူမက သိသည်။ သို့သော်မိုအားဝူကိုင်ဆောင်ထားသောဓားရှည်က မှော်ပစ္စည်းလုံးဝမဟုတ်ပေ။ ထို့ပြင် ထိုသို့သောအရှိန်နှင့်ပျံသန်းခြင်းက မိုအားဝူ၏စွမ်းအား မဖြစ်နိုင်လောက်ပေ။ သို့သော် သူက ချောချောမွေ့မွေ့ ပျံသန်းနိုင်နေသည်၊ သူ၏အရှိန်က သူ့ဓားနှင့် ခွဲခြားမရမှန်း သိသာလှ၏။

"အင်မော်တယ်ဓားတစ်လက်များဖြစ်နိုင်လား"

တာအိုဆရာဇီရွှယ်က တစ်ခုခုအား ရုတ်တရက် သဘောပေါက်သွားပြီး သူမမျက်လုံးများက ပြူးကျယ်ကာ အရောင်လက်နေလေသည်။

သူမဘေနားတွင်ရပ်နေသောကျင်းချန်ဇီက သူမ၏ရေရွတ်သံအား ကြားလိုက်ရသည်။ သူက ခေါင်းရှုပ်စွာဖြင့် ‌မေးလိုက်၏"စောစာက ဆရာ ဘာပြောခဲ့တာလဲ။ အင်မော်တယ်ဓားတစ်လက်လား"

ဤအခါတွင်တော့ သူက ဆန်းကြယ်သောအမွေအနှစ်တစ်ခုအား ရရှိခဲ့ပြီး သူ၏လက်ရှိနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့သည်ကို ထန်ရှုက တစ်ခါပြောပြခဲ့မှန်း တာအိုဆရာဇီရွှယ်က အမှတ်ရလိုက်သည်။ အတိဒုက္ခ‌ဖြတ်ကျော်ခြင်းအဆင့်အပါအဝင် ကြီးမြတ်သောတက်လှမ်းအဆင့်အထိ ကျင့်ကြံနိုင်သော ကျင့်ကြံခြင်းပညာရပ်များ ရရှိခဲ့သည်ကိုလည်း သူက ဖော်ပြခဲ့၏။

ဖြစ်နိုင်တာက.....ထန်ရှုက ကျင့်ကြံခြင်းပညာရပ်‌တွေအပြင် အခြားအရာတွေပါ ရခဲ့တာများလား။ ဒီလိုအင်မော်တယ်ဓားမျိုးတွေလေ။

တာအိုဆရာဇီရွှယ်က နေရာ၌ ကျိုးကြောင်းဆက်စပ်စဉ်းစားရင်း သူမက ကျင်းချန်ဇီအား ချက်ချင်းလှည့်ကြည့်ကာ မေးလိုက်သည်"မင်းက နဂါးကိုးကောင်ကျွန်းမှာ အချိန်အချို့နေခဲ့တာဆိုတော့၊ မိုအားဝူရဲ့လက်ထဲကဓားပျံတွေရဲ့ဇာစ်မြစ်ကို သိလား"

"ဒါတော့ ငါ မသိဘူး၊ ဆရာ။ ဒါပေမယ့် ထန်ရှုရဲ့လူတော်တော်များများမှာ အဲဓားတွေ ရှိတယ်။ ပြီးတော့ ဓားပျံတွေကို သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားနိုင်တယ်၊ သူတို့တိုက်ခိုက်တဲ့အချိန်မှပဲ ထုတ်လွှတ်ကြတယ်။ ငါတို့ရဲ့စည်းလုံးခြင်းဂိုဏ်းမှာ ဓားပျံတွေကို ခန္ဓာကိုယ်ထဲမှာ သိမ်းနိုင်တဲ့ နည်းလမ်းတစ်ခုမှ မရှိဘူး၊ ဒါပေမယ့် သူတို့မှာ သေချာပေါက်ရှိရမယ်"

"ဓားပျံတွေကို ခန္ဓာကိုယ်ထဲမှာ သိမ်းထားနိုင်တာလား"တာအိုဆရာဇီရွှယ်က အံ့အားသင့်စွာ ပြောလိုက်သည်".....ဒါက သေချာပေါက် အင်မော်တယ်ဓားတွေပဲ။ ထန်ရှုရဲ့လူတော်တော်များများမှာ အင်မော်တယ်ဓားတစ်လက်ရှိတယ်ဆိုတာ မင်း သေချာလား"

"အဲဓားတွေကို အင်မော်တယ်ဓားတွေလို့ ခေါ်တာလား"

"ဟုတ်တယ်"ကျင်းချန်ဇီက ခေါင်းညိတ်ကာ ပြောလေသည်"ဒီဓားရှိတဲ့သူတွေ ဒါဇင်ကျော်မယ်။ မိုအားဝူ ကောင်းကင်ဘုံမှော်ဆရာကလန်အကြီးအကဲနှစ်ယောက်ကို သတ်ဖြတ်ခဲ့တုန်းကလဲ သူက ဒီလို ဓားပျံတစ်ချောင်းကို အသုံးပြုခဲ့တယ်"

မိုအားဝူထွက်ခွာသွားရာ ဦးတည်ဘက်သို့ ကြည့်ရင်း တာအိုဆရာဇီရွှယ်၏နှလုံးအား ဝန်းရံထားသည့် တုန်လှုပ်မှုက ဒီရေလှိုင်းတစ်ခုအလားပင်။ ယခု တွန်းအားတစ်ခုက သူမ၏နှလုံးသားထဲ၌ လှိုင်းထန်လာပြီး သူမက အင်မော်တယ်ဓားတစ်လက်အား ငမ်းငမ်းတက်လိုချင်လာ၏။ သူမတွင် ထိုကဲ့သို့အင်မော်တယ်ဓားတစ်လက်ရှိလျှင် အစထရေးအက်ဆိုလော့က သူမ၏ပြိုင်ဘက်ဖြစ်ရန် အဝေးကြီးလိုမည်မှာ သေချာသည်။

"ငါ အခွင့်အရေးတစ်ခုရှိပြီး ဒီပစ္စည်းကို ထန်ရှုနဲ့ အရောင်းအဝယ်လုပ်ရမယ်။ သူက အင်မော်တယ်ဓားအချို့ကို ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ ဖလှယ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ သူက မလိုချင်ရင် ငါက အင်မော်တယ်ဓားတစ်လက်ကို လုရမှာပဲ"

တာအိုဆရာဇီရွှယ်၏မျက်လုံးများက ရက်စက်ခြင်းတို့ တလက်လက်ဖြစ်သွား၏။ ထို့နောက် သူမက ထပ်ပြောလိုက်သည်"သူတို့နောက် လိုက်ကြရအောင်။ ဒီကောင်းကင်ဘုံမှော်ဆရာကလန်ကျွမ်းကျင်သူတွေကို တားဆီးဖို့ ငါတို့တွေ မိုအားဝူကို ကူညီရမယ်"

"ဒါပေမယ့် ကောင်းကင်ဘုံမှော်ဆရာကလန်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်၊ ဆရာ။ ငါတို့ လိုက်မီရင်တောင် ငါတို့တွေ မိုအားဝူကို မကူညီနိုင်လောက်ဘူးထင်တယ်"ကျင်းချန်ဇီက ချီတုံချတုံနှင့် ငြင်းလိုက်သည်"ငါတို့တွေ ပြန်ဆုတ်ပြီး ဂိုဏ်းကို ချက်ချင်းပြန်ပြီး ကျွမ်းကျင်သူအချို့ကို ဒီကို လာခိုင်းတာ ပိုအဆင်ပြေမယ်ထင်တယ်"

အင်မော်တယ်ဓားအား ရရှိရန် စိတ်အားတက်ကြွနေသောကြောင့် မိုအားဝူနောက်လိုက်ရန် တာအိုဆရာဇီရွှယ်က လက်မလျော့လိုပေ၊ သို့မဟုတ် ထန်ရှု၏လူများနှင့် ဘေးချင်းကပ်တိုက်ခိုက်ရမည့်အခွင့်အရေးအား လက်မလွှတ်လိုပေ။ ထန်ရှု၏စရိုက်အား သူမ မသိသော်လည်း ဤလူငယ်က တရားမျှတမှုနှင့်ကိုယ်ကျင့်တရားအား အလေးထားသူဖြစ်လျှင် သူနှင့်မဟာမိတ်ဖြစ်ခြင်းက အင်မော်တယ်ဓားတစ်လက်ရရှိရန်အခွင့်အလမ်းက ပိုကြီးမားပေလိမ့်မည်။

"မိုအားဝူက ငါတို့ကို ကူညီခဲ့တယ်၊ အခု သူ့ကို ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့ကျွမ်းကျင်သူတွေ လိုက်ဖမ်းတာ ခံနေရတယ်။ သူက သေခြင်းနဲ့ ရင်ဆိုင်နေရ‌တာတောင် ငါတို့က မျက်စိမှိတ်ထားမယ်ဆိုရင် ရှက်ဖို့ကောင်းတဲ့အပြုအမူတစ်ခုကို လုပ်ဆောင်နေတာနဲ့ အတူတူပဲ။ မင်းတို့အားလုံး ငါ‌ ပြောတာ နားထောင်။ ဒီနေ့ ‌ဒီ‌နေရာမှာ ငါတို့အားလုံးပျောက်ကွယ်သွားရရင်တောင် ငါတို့ဂိုဏ်းကို မျက်နှာမပျက်စေရဘူး"

"နားလည်ပါပြီ"

ကျင်းချန်ဇီအပါအဝင်လူဆယ်ယောက်က ခိုင်မာပြတ်သားစွာနှင့် ပြန်ဖြေလိုက်သည်။

နံပါတ်၉စွန့်ပစ်ကျွန်း။

သူ့လူအများအပြားသေခြင်းအား ရှောင်ရှားရန်အတွက် ကိုယ်တိုင်ပါဝင်ရန် ထန်ရှုက ဆုံးဖြတ်ထားပြီဖြစ်၏။ သူ၏လက်ရှိခွန်အားက ကောင်းကင်ဘုံမှော်ဆရာကလန်မဟာအကြီးအကဲနှင့် ညီမျှသည်။ ဤမဟာအကြီးအကဲက ခြိမ်းခြောက်မှုတစ်ခုမဟုတ်သရွေ့ ထန်ကွမ်းနှင့်ထန်အန်းက အခြားကျွမ်းကျင်သူသုံးယောက်အား ရင်ဆိုင်နိုင်လိမ့်မည်။ ဤကလန်၏ကျန်ရှိသောကျွမ်းကျင်သူများအတွက်ကိုမူ ထာဝရခန်းမ၏အဖွဲ့ဝင်များက ရင်ဆိုင်နိုင်လိမ့်မည်ဟု သူက ယုံကြည်သည်။

"မင်းတို့အားလုံး နားထောင်။ ကျီချီးမိန်က မင်းတို့ကို ကူညီမှာမဟုတ်ဘူး။ ဒါကြောင့် ဒီတိုက်ပွဲက သူသေကိုယ်သေတိုက်ရမယ့်တိုက်ပွဲ ဖြစ်လိမ့်မယ်။ ရန်သူတွေကို ရင်ဆိုင်တဲ့အခါကျရင် ရဲရင့်ခြင်းကပဲ အောင်မြင်မှုကို ရယူပေးနိုင်မယ်။ အတိတ်မှာ မင်းတို့ရဲ့ရန်သူတွေကို သတ်ခဲ့သလိုမျိုး အစွမ်းကုန်အားထုတ်ခဲ့ပါ၊ မင်းတို့ ဒီစမ်းသပ်တိုက်ပွဲမှာ အသက်ရှင်ကျန်သရွေ့ ကျင့်ကြံခြင်းအရင်းအမြစ်အများအပြား ငါ ဆုချီးမြှင့်မယ်" အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျွမ်းကျင်သူ၄၈ယောက်အား ကြည့်ရင်း ထန်ရှုက ပြောလိုက်သည်။

ဤကျွမ်းကျင်သူ၄၈ယောက်အပြင် သူ၏ကိုယ်ရံတော်များဖြစ်သည့်ကျင်းရှီနှင့်ရွှယ်ရှာတို့အပြင် ထန်ကွမ်းနှင့်ထန်အန်းတို့အပါအဝင် အခြားလူကိုးယောက်လဲ ရှိသည်။အရေအတွက်အရ လူအင်အားက ကောင်းကင်ဘုံမှော်ဆရာကလန်ထက် အားမနည်းပေ။

"သတ်....."

"သတ်....."

"သူတို့အားလုံးကို သတ်....."

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းကျွမ်းကျင်သူ၄၈ယောက်လုံးက ပြင်းထန်သောသတ်ဖြတ်ခြင်းအရှိန်အဝါအား ထုတ်လွှတ်လိုက်‌တော့သည်။ တစ်ယောက်ချင်းစီက သေခြင်းနှင့်လက်တစ်ကမ်းသို့ အမြဲလိုလိုရောက်လေ့ရှိသည့်၊ အလောင်းပုံများကြားမှ ရုန်းကန်ထလာသည့် တိုက်ခိုက်ရေးဝါရင့်များပင် ဖြစ်ကြသည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းသို့ ချိုးဖြတ်လာခဲ့ပြီးနောက် သူတို့၏ခွန်အားက အကြီးအကျယ်တိုးလာပြီး သူတို့နှင့်ဖက်ပြိုင်နိုင်သည့်တစ်ယောက်ယောက်အား ‌တွေ့ရန် ခဲယဉ်းလှသည်။ အတိတ်မှ သူတို့၏တိုက်ခိုက်ရေးအ‌တွေ့အကြုံက သူတို့၏ခွန်အားအပေါ် ယုံကြည်မှုပေးခဲ့၏။

သူ့လူများမှ လေးလံပြင်းထန်သောအရှိန်အဝါအား ကျေနပ်ခံစားမိလျက် ထန်ရှုက မိုအားဝူဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက အမိန့်ပေးလိုက်လေ၏"တိုက်ပွဲအတွက် အသင့်ပြင်ကြ......."

ပင်လယ်ပြင်အထက်တွင် အစထရေးအက်ဆို‌ လော့က မိုအားဝူနှင့် ပိုပိုနီးကပ်လာသည်။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများစွာနှင့် မိနစ်အနည်းငယ်အတွင်း၌ သည်လူအား မိနိုင်မည်ဟု သူက တွက်ချက်ထားသည်။ ဤလူအား သတ်ဖြတ်ရန် သူ မစောင့်နိုင်တော့ပေ၊ ထိုကဲသို့တွန်းအားတစ်ခု သူ့ထံတွင် မရှိသည်မှာ အတော်ကြာခဲ့လေပြီ။

"ဟမ့်၊ မင်း ငါ့ကို မသတ်နိုင်ပါဘူး၊ ဖြုတ်ဦးနှောက်နဲ့အဘိုးကြီးရေ...."

မိုအားဝူက ဟောင်ဖွာဟောင်ဖွာရယ်လိုက်ပြီး လျှပ်စီးအလား အမှတ်ကိုးကျွန်းသို့ တစ်ဟုန်ထိုးသွားကာ ထန်ရှု၏ဘေးနား၌ လျင်မြန်စွာ ရပ်တန့်လိုက်သည်။

ဤအခါတွင်မှာ အမှတ်ကိုး‌ကျွန်းပေါ်တွင် လူများစွာ ရှိနေသည်ကို အစထရေးအက်ဆိုလော့က မြင်နိုင်တော့သည်။ ထိုလူများက သူ့အား စောင့်ဆိုင်း‌နေသည်များလား။

"ထောင်ချောက်တစ်ခုလား"

အတွေးက အစထရေးအက်ဆိုလော့၏မျက်လုံးများထဲ၌ လက်သွားသည်။ ကျွန်းပေါ်ရှိလူအများကြား၌ မိုအားဝူ ရပ်နေသည်ကို မြင်သောအခါ မကောင်းသောအတိတ်နမိတ်တစ်ခုက သူ့နှလုံးသားထဲ၌ မြင့်တက်လာ၏။ သို့သော် ထိုလူအများစုက လူလတ်ပိုင်းများသာ ဖြစ်သည်ကို သိမြင်ပြီးနောက် သူ၏ဂနာမငြိမ်ဖြစ်မှုက နောက်ဆုံး၌ တည်ငြိမ်သွားလေသည်။

သူ၏ဗဟုသုတအရ ကောင်းကင်ဘုံမှော်ဆရာကလန်ဝင်များဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ၊ အသက်ကြီးသူများက ပိုသန်မာသည်ဟု ဆိုလို၏။ သို့သော် အားနည်းပုံပေါ်သည့်အဘွားကြီးတစ်ယောက်လွဲပြီး ကျွန်းပေါ်ရှိထိုလူများက လူလတ်ပိုင်းများသာ ဖြစ်ကြသည်၊ တစ်ယောက်ဆိုလျှင် ငယ်ရွယ်လွန်း၏။ သူတို့က သူ့ဘက်ထက် ပိုသန်မာမည့်ဖြစ်နိုင်ချေက နတ္ထိနီးပါးဟု သူ တွေးထားခဲ့သည်။

"မင်းက ငါ့ကို ဒီနေရာကို မျှားခေါ်လာခဲ့တာလား၊ လူငယ်လေး"အစထရေးအက်ဆိုလော့က အမှတ်၉ကျွန်းမှ တစ်ကီလိုမီတာအကွာတွင် ရပ်လျက် အော်မေးလိုက်သည်။

အပြုံးတစ်ခုက ထန်ရှု၏ပါးစပ်ထောင့်၌ ပေါ်ထွက်လာသော်လည်း ထိုအပြုံးက အနည်းငယ်နတ်ဆိုးဆန်နေသည်။"ဟမ့်၊ ခင်များရဲ့ကျောက်တုံးဦးနှောက်က မဆွေးသေးဘူးပဲ၊ အဘိုးကြီး။ ငါ့လူက ခင်ဗျားကို မျှားခေါ်ခဲ့တာကို ပြောနိုင်သားပဲ။ အာ၊ ဆိုးလိုက်တာ။ ခင်ဗျားနဲ့ခင်ဗျားရဲ့ကောင်းကင်ဘုံမှော်ဆရာကလန်ဝင်တွေအားလုံး။ ဒီနေရာကို တစ်ချက်ကြည့်လိုက်ပါအုံး၊ မကောင်းဘူးလား။ ငါ ဒီ‌‌နေရာကို စစ်မြေပြင်အဖြစ် ရွေးချယ်ထားတယ်၊ ဒါမှ ငါ့ရဲ့အဖိုးတန်စစ်တပ်ကို လေ့ကျင့်ပေးနိုင်မှာ"

"မင်းက ဘယ်သူလဲ"အစထရေးအက်ဆိုလော့က မျက်ခုံးတွန့်လျက် မေးလိုက်သည်။

"ဟီးဟီး၊ ငါ့ကို အရင်အနိုင်ယူပါ၊ ဒါမှ ငါ့နာမည်ကို သိဖို့ အရည်အချင်းမှီမယ်"ထန်ရှုက ရယ်ကာ ပြောလေ၏"ခင်ဗျားရဲ့ကောင်းကင်ဘုံမှော်ဆရာကလန်ဝင်တွေက ငါ အသိအမှတ်ပြုရလောက်တဲ့အထိ ခွန်အားအလုံအလောက် ရှိနိုင်မှာပါ။ ဒါနဲ့၊ ခင်များက ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့မဟာအကြီးအကဲအစထရေးအက်ဆိုလော့လို့ ခေါ်တယ်မလား"

"ကောင်းကင်ဘုံမှော်ရောကလန်မှာ ခေါင်းဆောင်ကလွဲပြီး တစ်ယောက်မှ ငါ့ထက် ပိုအားမကောင်းဘူး"အစထရေးအက်ဆိုလော့က အေးစက်စွာ ပြော၏"ယနေ့ခေတ်မှာ လက်တစ်ဆုပ်စာလူတွေလောက်ပဲ ငါ့ကို အနိုင်ယူနိုင်တယ်လို့ ပြောလို့ရတယ်"

"ဟားဟား၊ ရေတွင်းအောက်ခြေမှာ နေပြီး ကောင်းကင်ကို မော့ကြည့်နေသော နောက်ထပ်ဖားတစ်ကောင်ပါလား"ထန်ရှုက ရယ်မိသွားလေသည်"‌ဟူး၊ ထားလိုက်တော့။ ခင်ဗျားနဲ့ စကားပြောရတာ ပျင်းလွန်းတယ်။ ခင်ဗျားကလန်ရဲ့ကျွမ်းကျင်သူတွေနဲ့ ဒီနေရာမှာ လေ့ကျင့်ဖို့အတွက် ကျုပ်စောင့်နေတာ။ ကောင်းပြီ၊ ကျုပ်ကို အံ့အားသင့်မှုတစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"မောက်မာလှချည်လား"

သို့သော် အစထရေးအက်ဆိုလော့က အလွန်သတိကြီးသေးသည်။ သူ့ရှေ့ရှိဤလူငယ်အား အထင်သေးမှုအချို့ရှိသော်လည်း သူက အလောတကြီးမလုပ်ဆောင်ရဲပေ၊ ထို့အစား ကောင်းကင်ဘုံမှော်ဆရာကလန်မှကျွမ်းကျင်သူများ ရောက်ရှိလာသည်ကို စောင့်ခဲ့၏။ ထို့နောက် သူက သာမန်မျှစွာ ပြောလိုက်သည်"လူငယ်လေး၊ ငါတို့ ဘယ်သူလဲဆိုတာ မင်း သိတယ်ဆိုတော့၊ ငါတို့ရဲ့စွမ်းအားကိုလဲ မင်း သိမှာ သေချာတယ်။ ဝစ်စနစ်ဆိုလော့နဲ့ဝိုင်ခရက်ဆိုလော့တို့ကိုသတ်ဖြတ်ခဲ့တဲ့တရားခံကို လက်လွှဲပေးဖို့ ငါ အကြံပေးချင်တယ်။ မဟုတ်လို့ကတော့ ဒီ‌နေရာက မင်းတို့အားလုံးအတွက် သင်္ချိုင်းဖြစ်သွားရလိမ့်မယ်"

ထန်ရှုက ရိုးရှင်းသောဟန်အမူအရာနှင့် ပြန်ဖြေသည်။ သူ့ကိုသူအား လက်ညှိုးထိုးလျက် ကျေညာလိုက်သည်"ခင်ဗျားမှာ စွမ်းရည်ရှိရင် ယူလာစမ်းပါ။ ဝစ်ဇနစ်နဲ့ဝိုင်ခရက်တို့ကို သတ်တာ ကျုပ်တို့ပဲ။ ပြီးရင် ခင်ဗျားအလှည့်ပေါ့"

အစထရေးအက်ဆိုလော့က အေးစက်စွာ နှာခေါင်းရှုံ့လျက် အမိန့်ပေးလိုက်သည်"ဟမ့်၊ မက်ဇ်၊ ဇာလက်လီ၊ ရန်သူရဲ့ခွန်အားကို စမ်းသပ်ကြည့်၊ ဒါပေမယ့် သူတို့ကို အထင်မသေးနဲ့...."

ဘလက်ဆိုလော့အား ကူညီခဲ့သော အနက်ဝတ်လူနှစ်ယောက်က လူအုပ်ကြီးထဲသို့ ချက်ချင်းပြေးလာပြီး ထန်ရှုနှင့်သူ့လူများမှ မီတာတစ်ရာအကွာအောက်၌ ရပ်လိုက်သည်။ လူအိုကြီးနှစ်ယောက်က လေထဲတွင် ရပ်နေပြီး သူတို့ပတ်လည်၌ အနက်ရောင်မြူက ရစ်ဝဲနေ၏။ ထို့နောက် မက်ဇ်ဆိုလော့ဟုခေါ်သောလူအိုကြီးက တောင်ဝှေးမြှောက်ကာ ပြောလိုက်သည်"လူငယ်လေးတွေ၊ ငါတို့က အနိုင်ကျင့်တယ်လို့တော့ မပြောနဲ့နော်။ မင်းတို့တွေ သေဖို့ ပြင်ထားပေ‌တော့။ မင်းတို့ကို သတ်ပြီးရင် မင်းတို့ရဲ့ခေါင်းနဲ့ ဝိုင်သောက်ပစ်မယ်"

ထန်ရှုက အနည်းငယ်စောင်းငဲ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏"မင်းတို့နှစ်‌ယောက် သွားတိုက်ခိုက်။ မင်းတို့တွေ သူတို့ကို မသတ်နိုင်ရင်လဲ ကိစ္စမရှိဘူး။ ငါ့ကို မျက်နှာပျက်အောင်သာ မလုပ်နဲ့"

"နားလည်ပါပြီ....."

အဖြူရောင်ဝတ်ရုံနှင့်ထန်ကွမ်းက လေထဲသို့ လှမ်းလိုက်သည်။ သူက ခေါင်းမော့လိုက်ရာ အင်မော်တယ်ဓားတစ်လက်က ထွက်ပေါ်လာပြီး သူ့လက်ဖဝါးပတ်လည်၌ ရစ်ဝဲလာ၏။ တစ်ချိန်တည်းတွင် ထန်အန်းက လေထဲတွင် လွင့်မျောနေလျက် သူမ၏ညှို့ယူနိုင်စွမ်းခန္ဓာကိုယ်နှင့်အတူ ကျက်သရေရှိလှပေသည်။ ဂူယန်အာ၏တပည့်ဖြစ်လာကတည်းက နေရာလပ်စက်ကွင်းတစ်ခုအသုံးပြုကာ သူမခန္ဒာကိုယ်အား ဖုံးအုပ်ထားခဲ့၏။ သူတို့၏မျက်လုံးရှေ့၌ ရပ်နေလျှင်ပင် တစ်ယောက်မှ သူမအား မမြင်နိုင်ပေ။

"အမှောင်ပိုင်နက်...."

မက်ဇ်နှင့်ဇာလက်လီတို့နှစ်ယောက်လုံးက အမှောင်ပိုင်နက်အား တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။ သူတို့၏ပိုင်နက်ဖုံးလွှမ်းထားသောဧရိယာက ဘလက်ဆိုလော့ထက် ပိုကြီးကာ အနက်ရောင်မြူက ပိုသိပ်သည်း၏။ အနက်ရောင်မြူမှဖန်တီးထားသောဦးခေါင်းခွံများပါဝင်‌နေသည့်အရိုးစုတစ်ခုစီက ချက်ချင်းပေါင်းစပ်သွားခဲ့သည်။

သူတို့က အမြွှာညီအကိုများဖြစ်ကြသည်။ ရန်သူတစ်ယောက်တည်းနှင့် ရင်‌ဆိုင်ရသည်ဖြစ်စေ၊ ရန်သူအ‌မြောက်အများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ သူတို့က အတူယှဉ်တွဲတိုက်ခိုက်ခဲ့ကြ၏။ သူတို့၏ပူးပေါင်းတိုက်ခိုက်မှုနည်းစနစ်က သူတို့၏စွမ်းအားအား  အဆတိုးပွားစေနိုင်သည်။

"မင်းကို အရင်သတ်ပြီး ငါ့ရဲ့ကလန်သားတွေကို ဂါဝရပြုစေမယ်....."

လူအိုကြီးနှစ်ယောက်က သူတို့၏တောင်ဝှေးအား ဝှေ့ယမ်းကာ မီတာဒါဇင်မြင့်သောအရိုးစုမွန်းစတားအား ထိန်းချုပ်လျက် ထန်ကွမ်းအား ပစ်ခတ်လိုက်သည်။ ဤအရိုးစုမွန်းစတားအသုံးပြုသောလက်နက်က အရိုးကြာပွတ်တစ်ခုမဟုတ်ဘဲ ပေါင်ရိုးများပါဝင်သည့်အရိုးဓားတစ်လက် ဖြစ်၏။

"သန့်စင်ခြင်းအလင်းပညာရပ်....."

ဤပညာရပ်အား ထုတ်ဖော်ရင်း ခပ်ဖျော့ဖျော့အပြုံးတစ်ခုက ထန်ကွမ်း၏မျက်နှာ၌ ထွက်ပေါ်လာသည်။ အလင်းစက်တစ်ခုက သူ့လက်ချောင်းမှ ပေါလောပေါ်လာသည်။ တစ်ခဏအတွင်း ၎င်း၏အရွယ်အစားက အဆတစ်ထောင်ပိုကြိးမားလာပြီး မီတာဒါဇင်ပတ်လည်အတွင်းရှိအနက်ရောင်မြူအား လျော့ပါးသွားစေလိုက်၏။

တစ်ချိန်တည်းတွင် သူ့လက်ဖဝါး၌ ရစ်ဝဲနေသောအင်မော်တယ်ဓားက ရုတ်တရက် ကောင်းကင်သို့ ထိုးတက်သွား၏။ တစ်စက္ကန့်၏တစ်ထောင်ပုံတစ်ပုံအတွင်း ၎င်းက ကြာပန်းတစ်ခုပမာ တစ်ရာမီတာအရွယ်အစားအထိ ကောင်းကင်၌ ပွင့်လန်းလာသည်။

"ဓားကြာပန်း......"

***

All Chapters