လောဘကြီးသောတောင်းဆိုချက်
Vol. 69 Ch. 964
တိုက်ပွဲရလဒ်က လုံးဝရှုံးနိမ့်ခြင်းပင်။
ကောင်းကင်ဘုံမှော်ဆရာကလန်၏မဟာအကြီးအကဲဒဏ်ရာရသွားပြီး တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆုံးရှုံးသွားခြင်းက ကျန်ရှိများ၏တိုက်ခိုက်ရေးစိတ်ဝိညာဉ်အား တိုက်ရိုက်သက်ရောက်စေကာ သူတို့၏တိုက်ပွဲစွမ်းအားအား လျော့ကျသွားစေသည်။ သူ ရှုံးနိမ့်ပြီး ထွက်ပြေးရန် တိုက်တွန်းလိုက်သောအခါ အချို့က ပင်လယ်ရေနှင့် သူတို့သွေးအား ဆေးလိုက်သည့်အလား သူတို့အလောင်းများက ပင်လယ်သတ္တဝါများအတွက် အစာများဖြစ်လာကြ၏။
"သတ်....."
နောက်ထပ်ပြောက်မြောက်သောပုဂ္ဂိုလ်တစ်ခုက တာအိုဆရာဇီရွှယ်ပင်။ သူမက ဆွေမျိုးရင်းချာဆုံးပါးသွားသောကြောင့်ပူဆွေးနေရသော ဝံပုလွေတစ်ကောင်အလားပင်။ သူမက လုံးဝငဲ့ညှာဘဲ မှော်မန္တန်များ၊ လျှို့ဝှက်ပညာရပ်များအားလုံးကို ထုတ်ဖော်ကာ ကောင်းကင်ဘုံမှော်ဆရာကလန်သားများအား ကြီးကြီးမားမားဆုံးရှုံးစေခဲ့သည်။ တာအ်ိုဆရာဇီရွှယ်၏လိုက်လံတိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် ဒဏ်ရာအချို့စတေးကာ သူ့ကိုယ်သူဒိုင်းကာတစ်ခုအနေနှင့် ပြုလုပ်ခဲ့သော မဟာအကြီးအကဲအစထရေးအက်ဆိုလော့ကြောင့်သာမဟုတ်လျှင် ကောင်းကင်ဘုံမှော်ဆရာကလန်သားအလွန်နည်းနည်းကသာ ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။
ထန်ရှုက အမှတ်၁၃စွန့်ပစ်ကျွန်းပေါ်သို့ ဆင်းသက်လာပြီးနောက် သူ့လူများအား လိုက်ဖမ်းခြင်းမှ ရပ်စေလိုက်ပြီး ကောင်းကင်ဘုံမှော်ဆရာကလန်သားနှစ်ဆယ်ကျော်အား အဝေးသို့ ပျောက်ကွယ်သွားစေခဲ့သည်။ ဤတိုက်ပွဲတွင် သူ့လူများဆုံးရှုံးမှုက မသေးလှပေ၊ သို့သော် တစ်ယောက်ချင်းစီက တိုက်ပွဲ၏ကောင်းချီးပေးမှုကြောင့် သတ်ဖြတ်ခြင်းစိတ်ဝိညာဉ်ပိုပြင်းထန်လာပြီး အရှိန်အဝါက ယခင်ကထက် ပိုသန်မာလာသည်။
"အားဝမ်......"အရှေ့တွင် စီတန်းရပ်နေသောသူ့လူများအား ထန်ရှုက လေ့လာလိုက်သည်။ သူတို့၏ခန္ဓာကိုယ်က သွေးများစွန်းထင်နေသည်ကို မြင်နိုင်ပြီး သူက မိုအားဝမ်အား လေးနက်စွာ အော်ပြောလိုက်သည်"ဒီသိုလှောင်လက်စွပ်ကို ယူပြီး ငါတို့ညီအကိုတွေရဲ့အလောင်းတွေကို ထည့်သိမ်းလိုက်။ ငါတို့တွေ နဂါးကိုးကောင်ကျွန်းကို ပြန်ရောက်တာနဲ့ သင်္ချိုင်းတစ်ခုလုပ်ဖို့ နေရာတစ်ခုကို ချက်ချင်းရှာရမယ်။ နောက်ကျရင် တိုက်ပွဲမှာသေသွားတဲ့ဘယ်သူမဆို ထိုသင်္ချိုင်းမှာပဲ မြှုပ်နှံခံရမယ်"
မိုအားဝမ်က သိုလှောင်လက်စွပ်ကို ယူကာ ပြန်ဖြေ၏"ငါ လုပ်လိုက်ပါ့မယ်၊ သူဌေး"
ထို့နောက် ထန်ရှုက ကျီချီးမိန်အား ကြည့်ကာ မေးလိုက်သည်"ငါ မင်းကို အမိန့်ပေးခဲ့တဲ့အတိုင်း အားလုံးစုဆောင်းခဲ့ပြီးပြီလား"
"အားလုံး စုဆောင်းခဲ့ပြီးပါပြီ၊ အရှင်"ကျီချီးမိန်က ပြန်ဖြေလိုက်၏"စည်းလုံးခြင်းဂိုဏ်းမှတပည့်နှစ်ယောက်ရဲ့စိတ်ဝိညာဉ်ကိုလဲ ငါ စုဆောင်းခဲ့တယ်။ နောက်ကျရင် သူတို့ကို ဘာလုပ်ချင်လဲ"
ထန်ရှုက ကျောက်တန်းပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ပြန်အားဖြည့်နေသော တာအိုဆရာဇီရွှယ်အား ကြည့်လိုက်၏။ ထို့နောက် သူက သာမန်မျှစွာ ပြောလိုက်သည်"အဲဒီစိတ်ဝိညာဉ်တွေကို သူတို့ကို ပေးလိုက်။ ငါတို့က မဟာမိတ်တွေ၊ ရဲဘော်ရဲဘက်တွေလို့ ပြောနိုင်တယ်"
ကျီချီးမိန်က ပြန်ဖြေ၏"အရှင်၊ ငါတို့တွေ ဒါကို အရောင်းအဝယ်လုပ်တဲ့နေရာမှာ အသုံးပြုနိုင်တယ်လို့ ငါ ထင်တယ်"
"မလိုဘူး၊ ငါတို့ လိုအပ်တာ ကျင့်ကြံခြင်းအရင်းအမြစ်ပဲ။ ငါတို့မဟာမိတ်တွေရဲ့စိတ်ဝိညာဉ်တွေကို အသုံးပြုဖို့ မလိုဘူး"ထန်ရှုက လက်မြှောက်ကာ သူမအား တားဆီးလိုက်ပြီး လေးနက်စွာ ပြော၏"မှတ်ထား၊ ချီးမိန်။ ငါတို့လုပ်နိုင်တဲ့အရာတွေ၊ ငါတို့မလုပ်နိုင်တဲ့အရာတွေ ရှိတယ်၊ ဒါကြောင့် မင်းက အရာအားလုံးကို မင်းရဲ့နှလုံးသားနဲ့ ချိန်ဆပြီး ကိုင်ကျင့်တရားစံနှုန်းတစ်ခုကို လက်ကိုင်ထားရမယ်။ စည်းလုံးခြင်းဂိုဏ်းရဲ့အဲဒီလူတွေကသာ အနေအထားကို မျက်ကွယ်ပြုမယ်ဆိုရင် ငါ့လူတွေကို လေ့ကျင့်ပေးမယ့်ရည်ရွယ်ချက်က အောင်မြင်နိုင်ပေမယ့် သေကျေပျက်ဆီးမှုက ပိုကြိးမားလိမ့်မယ်"
"ဒီနောက်လိုက်က ဒါကို မှတ်ထားပါ့မယ်"ကျီချီးမိန်က တလေးတစားပြန်ဖြေ၏"ဒါပေမယ့် အရှင်၊ မင်းရဲ့နောက်ဆုံးစကားက ဘာကို ဆိုလိုလဲ ငါ နားမလည်ဘူး"
"ဒါတွေအားလုံးက ကမ္ဘာရဲ့သဘာဝအလျောက်ရွေးချယ်ခြင်းပါပဲ"ထန်ရှု၏အသံက လေးနက်နေလေသည်"ငါက ငါ့လူတွေကို လေ့ကျင့်ပေးချင်တယ်၊ ဒီလိုမှ သွေးသံရဲရဲတိုက်ပွဲနဲ့ သူတို့ ရင်းနှီးမှာ။ ငါက သူတို့ကို သေခြင်းရှင်ခြင်းအစွန်းတစ်ဖက်မှာ ရှိစေချင်တယ်၊ ဒီလိုဆိုပေမယ့် သူတို့ရဲ့အသက်တွေက ဈေးပေါတယ်လို့ ငါ မဆိုလိုဘူး။ ငါ့နှလုံးသားထဲမှာ သူတို့က ငါ့လူတွေဖြစ်သလို ငါ့ညီအကိုတွေလဲဖြစ်တယ်။ အနာဂတ်တိုက်ပွဲတွေမှာ သူတို့က ငါ့ရဲ့ဒုတိယအသက်၊ တတိယအသက်....စသဖြင့် ဖြစ်လာလိမ့်မယ်၊ ဒါကြောင့် ငါ့ရဲ့အဓိကဦးစားပေးက သူတို့ရဲ့ခွန်အားကို မြှင့်တင်ပေးဖို့ ဆိုပေမယ့် သူတို့တွေရဲ့သေဆုံးမှုတွေများပြားတာကိုလဲ ရှောင်ရှားဖို့ ကြိုးစားရမယ်"
"ဒါပေမယ့် သူတို့ရဲ့အသက်တွေကို ဆရာက ပေးထားတာပဲ၊ သူတို့ရဲ့အောင်မြင်မှုတွေက သင်နဲ့ဆရာရဲ့သင်ပြပေးမှုကြောင့်ပဲမလား"ကျီချီးမိန်က ပြော၏"သူတို့ သင့်အတွက် သေပေးတာက သဘာဝပါပဲ။ သူတို့က ငါ့မျက်လုံးထဲမှာ အင်းဆက်လိုတည်ရှိမှုဆိုတာတောင် ဖော်ပြစရာမလိုဘူး။ သူတို့က သင့်မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေထက် မပိုဘူးလို့ ငါ ယုံတယ်။ ဒါပေမယ့် ဘာလို့ သင်က....."
"ချီးမိန်၊ ရပ်လိုက်တော့....."ထန်ရှုက လက်မြှောက်လျက် အေးစက်စွာ ကြားဖြတ်ပြောလိုက်သည်"ဒီအရာအတွက် သင့်လျော်တဲ့စကားပုံတစ်ခု တရုတ်မှာ ရှိတယ်၊ လူတစ်ယောက်က သူတို့ရဲ့မူလဇာစ်မြစ်ကို မမေ့ရဘူးတဲ့။ လူတိုင်းက တစ်ဆင့်ပြီးတစ်ဆင့်ကြီးထွားလာတဲ့ပုရွက်ဆိတ်တွေပဲမဟုတ်လား၊ မင်းရောငါရော အပါအဝင်ပေါ့။ မင်း မွေးဖွားလာတဲ့အခိုက်အတန့်မှာ မင်းက ငိုဖို့သာ သိ၊ စားဖို့သာ စောင့်နေတဲ့ကလေးတစ်ယောက်ပဲမလား။ အခြားစွမ်းအားရှင်တွေမှာလဲ မင်းလိုတူညီတဲ့အတွေးမျိုးရှိနေခဲ့ရင် မင်းတို့ငါတို့တွေ အခုထိ အသက်ရှင်နိုင်လိမ့်မယ်၊ ယနေ့လို အောင်မြင်မှုမျိုး ရနေလိမ့်မယ်လို့ မင်း ထင်လား"
ကျီချီးမိန်က တည်ငြိမ်သောအမူအရာနှင့်ထန်ရှုအား တိတ်တဆိတ်ကြည့်လိုက်သည်။ ထန်ရှုစိတ်ထဲတွင် တည်ရှိသော တန်ဖိုးထားမှုများအား သူမက ရုတ်တရက် နားလည်လိုက်၏။ ထို့နောက် အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ထင်ကျန်လာ၏၊ ယခု သူမ ခစားနေရသောအရှင်က ကြင်နာသနားမှုတို့ ရှိပြီး အင်မော်တယ်ကမ္ဘာရှိအန္တိမအရှင်နှင့် လုံးဝမတူညီတော့ကြောင်း သူမက ရုတ်တရက် ခံစားမိလာသည်။ အတိတ်ရှိအန္တိမအရှင်က အားနည်းသူများအား သတ်ဖြတ်သည်မှာ ရှားသော်လည်း သူ့မျက်လုံးများနှင့်အမူအရာက သာမန်မျှစွာပင်။ ယခု သူမ ခစားရသောအရှင်က သူ့နှလုံးသားထဲတွင် မီးလျှံတစ်ခုရှိသည်။ လက်ရှိတွင် သူ့ခွန်အားက အားနည်းနေသော်လည်း ထိုမီးလျှံစတင်တောက်လောင်ပြီးအရာအားလုံးအား လောင်ကျွမ်းရန် သိပ်မကြာတော့ဟု သူမက အခိုင်အမာ ယုံကြည်၏။
ကျီချီးမိန်က ထန်ရှုအား ထပ်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်"ဒီနောက်လိုက်က သတ္တိရှိစွာနှင့် ထပ်မေးပါအုံးမယ်၊ အရှင်။ အတိအကျ သင် ကျင့်ကြံနေတာ ဘာပါလဲ"
"စိတ်ဝိညာဉ်"ထန်ရှုက ကျယ်ပြောကြည်လင်သောအထက်ကောင်းကင်အား ကြည့်လိုက်သည်။ မိုးကောင်းကင်ကို ဖြတ်မြင်နိုင်ပြီး အောက်ခြေရှိသေမျိုးကမ္ဘာအား ကြည့်နေသည့်အလား သူ့အကြည်က နက်ရှိုင်းလှ၏။ ထို့နောက် သူက တီးတိုးပြောလိုက်သည်"ငါ့နှလုံးသားက ကောင်းကင်ဘုံဖြစ်ပြီး ငါကိုယ်တိုင်က ကောင်းကင်ဘုံပဲ။ ငါက ငါ့နှလုံးသားကပြောတဲ့အတိုင်း ငါ့ဘဝကို လွတ်လွတ်လပ်လပ်ရှင်သန်စေတဲ့လူတစ်ယောက်ပဲ။ လူဖြစ်စေ၊ အင်မော်တယ်ဖြစ်စေ၊ နတ်ဘုရားဖြစ်စေ၊ မွန်းစတားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ၊ တစ္ဆေဖြစ်စေ၊ တစ်ယောက်မှ-တစ်ခုမှ ငါ့နှလုံးသားကို မဟန့်တားနိုင်ဘူး။ အကယ်လို့ အခု ငါ့ဦးခေါင်းအထက်မှာ အဲဒီအချုပ်အနှောင်ရှိရင်တောင် တစ်နေ့ကျရင် ငါကိုယ်တိုင် အဲဒါကို အပေါက်ဖောက်ပစ်မယ်"
ကျီချီးမိန်၏မျက်လုံးများက အလင်းတို့ဖြာထွက်နေပြီး သူမက ရိုသေလေးစားစွာ ပြောလိုက်သည်"အသင် အင်မော်တယ်ကမ္ဘာမှာ အန္တိမအရှင် ဖြစ်လာပြီး အင်မော်တယ်ကမ္ဘာရဲ့အထွတ်အထိပ်ကို ပြန်ရောက်လာမှာ သေချာတယ်၊ အရှင်"
အင်မော်တယ်ကမ္ဘာရဲ့အထွတ်အထိပ်နဲ့အန္တိမကို ထပ်ရောက်ရှိအုံးမှာလား။
ထန်ရှု၏စိတ်က လျင်မြန်စွာ စုဆုံသွားပြီး သူက ဒန်ထျန်ထဲရှိစကြာဝဠာထဲသို့ တဖြည်းဖြည်းနစ်မျောသွား၏။ သူ၏ကျင့်ကြံခြင်းအဆင့် ချိုးဖြတ်ပြီးကတည်းက အထဲတွင် အသက်အားအချို့ရှိသည်ကို သူက အာရုံခံမိသည်။ ထို့ကြောင့် သူ၏ခွန်အားက ထပ်မံချိုးဖြတ်ပြီးသည်နှင့် ထိုအရာ၏တည်ရှိမှုအား အပြည့်အဝအာရုံခံနိုင်ပြီး မည်သို့ကြီးမားသောပြောင်းလဲမှုမျိုး ယူဆောင်လာမလဲကို မြင်တွေ့နိုင်မည်ဟု သူက ကောက်ချက်ချခဲ့သည်။
"ကောင်းကင်ဘုံလမ်းစကြာဝဠာသစ်ပင်"
သူက ဤကောင်းကင်ဘုံလမ်းစကြာဝဠာသစ်ပင်အား နတ်ဘုရားသစ်ပင်ဖြစ်လာသည့်အထိ မထိမခိုက်ပြုစုပျိုးထောင်နိုင်မည်ဆိုလျှင် နတ်ဘုရားကမ္ဘာသို့ဝင်ရောက်ခြင်းက သူ့အတွက် အရမ်းလွယ်ကူပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူ ဆင်နွှဲရမည့်တိုက်ပွဲနှင့်ခရီးက အင်မော်တယ်၊ နတ်ဆိုးနှင့်မွန်းစတားတို့၏ကမ္ဘာများအထိ မကန့်သတ်ထားဘဲ ပိုအဆင့်မြင့်သောကမ္ဘာတစ်ခုဖြစ်သည့်နတ်ဘုရားကမ္ဘာပင် ပါဝင်လာပေလိမ့်မည်။
အချိန်တစ်ခုကြာပြီးနောက် ထန်ရှုက သူ့အာရုံအား ပြန်ရလာပြီး လေးနက်စွာ ပြောလိုက်သည်"ချီးမိန်၊ တိုက်ပွဲမှာပါဝင်တဲ့သူတိုင်းကို သန့်စင်ဒဏ်ရာဆေးတစ်လုံးစီ ပေးလိုက်၊ ပြီးရင် သူတို့ရဲ့အရည်အချင်းပေါ်မူတည်ပြီး ဆေးလုံးတွေ ဆုချီးမြှင့်လိုက်။ ထန်ကွမ်း၊ ထန်အန်နဲ့ ဂူရှောင်ရွှယ်တို့ကလွဲပြီး ကျန်သူတွေအားလုံးကို ပြော၊ ရွှေအမြုတေအဆင့်ကို အရင်ချိုးဖြတ်နိုင်တဲ့ဘယ်သူမဆို ထာဝရခန်းမရဲ့ပင်မတပည့်ဖြစ်လာစေမယ်လို့"
"ဟုတ်ကဲ့ပါ၊ အရှင်"ချီးမိန်က ခေါင်းညိတ်ကာ တပ်သားများ၏အရှေ့၌ လျှပ်တစ်ပြက်လက်သွား၏။
ထို့နောက် ထန်ရှုက တာအိုဆရာဇီရွှယ်ထံ လျှောက်သွား၏။ သူ့အား သတိပြုမိပြီး သူမက မျက်လုံးဖွင့်ကာ အားဖြည့်ကုသခြင်းအား ရပ်လိုက်သည်။ ထို့နောက် ကျီချီးမိန်ပေးခဲ့သောဆွဲသီးအား ကမ်းပေးကာ ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည်"ဒါက မင်းအတွက် လက်ဆောင်"
တာအိုဆရာဇီရွှယ်၏မျက်လုံးများက အနည်းငယ်နီရဲသွား၏။ သူမက ကျောက်စိမ်းဆွဲသီးအား လက်ခံပြီးနောက် အနီးနားရှိကျန်ရှိနေသောတပည့်ခြောက်ယောက်အား တစ်ချက်ကြည့်ကာ ခါးသီးစွာ ပြောလိုက်သည်"ကျေးဇူးတင်ပါတယ်၊ တာအိုဆရာထန်"
"ငါ မင်းကို ဘာလက်ဆောင်ပေးခဲ့တယ်ဆိုတာ မင်း မသိချင်ဘူးလား"ထန်ရှုက သာမန်မျှစွာ မေးလိုက်၏။
တာအိုဆရာဇီရွှယ်က ကြောင်သွားပြီး ချက်ချင်းမေးလိုက်သည်"ဒီဟာက...."
"အမွေအနှစ်ကနေ ငါ ရခဲ့တဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်တစ်ခုရှိတယ်၊ မင်းတပည့်တွေရဲ့ပါတို့နဲ့ဘေးချင်းကပ်တိုက်ခိုက်ခဲ့တဲ့စိတ်ထားကောင်းကြောင့် ငါ ကျင်းယွမ်ဇီနဲ့ကျင်းဇီတို့ရဲ့စိတ်ဝိညာဉ်ကို ငါ စုဆောင်းပေးခဲ့တယ်"ထန်ရှုက ပြော၏"မင်းဂိုဏ်းရဲ့တစ်ယောက်ယောက်က အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို ချိုးဖြတ်ပြီး ကောင်းကင်ဘုံအတိဒုက္ခကိုးခုကို တတိယအကြိမ်ဖြတ်ကျော်နိုင်ရင် သူတို့ရဲ့အထည်ဒြပ်ခန္ဓာကိုယ်ကို ပုံဖော်ဖန်တီးပြီး သူတို့ကို ပြန်ရှင်စေနိုင်လိမ့်မယ်"
"ဘာ"
မယုံနိုင်လောက်သောအမူအရာတစ်ခုက တာအိုဆရာဇီရွှယ်၏မျက်လုံးများထဲ၌ ပြည့်နှက်သွား၏။ သူမက လက်အား လျင်မြန်စွာ မြှောက်လျက် သူမလက်ဖဝါးထဲရှိကျောက်စိမ်းဆွဲသီးအား စိုက်ကြည့်လိုက်လေသည်။
"မင်း....ဒီကျောက်စိမ်းဆွဲသီးထဲမှာ ယွမ်ဇီနဲ့ယန်ဇီတို့ရဲ့စိတ်ဝိညာဉ်တွေ ရှိတယ်လို့ ဆိုလိုတာလား။ မသေနိုင်တဲ့ဝိညာဉ်သုံးမျိုးနဲ့သေခြင်းပုံစံခုနှစ်မျိုးအရ အနာဂတ်မှာ သူတို့ကို အသက်ပြန်ရှင်အောင် လုပ်လို့ရမယ်ပေါ့"
"ဟုတ်တယ်။ ဒါပေမယ့် မင်းရဲ့ဂိုဏ်းက အဲဒီနည်းစနစ်အတွက် ပစ္စည်းအချို့နဲ့ ဖလှယ်ရလိမ့်မယ်"ထန်ရှုက ပြော၏"ငါ မင်းကို သူတို့ရဲ့စိတ်ဝိညာဉ်ပေးနိုင်တယ်၊ ဒါပေမယ့် မင်းမှာ နည်းစနစ် ရှိဖို့ လိုသေးတယ်"
"ဘာ...ဘာ.....မင်း ဘာလိုအပ်တာလဲ၊ တာအိုဆရာထန်"တာအိုဆရာဇီရွှယ်က ပျော်ရွှင်စွာနှင့် မေးလိုက်သည်။
"ငါ ဘာလိုအပ်တယ်ဆိုတာ မင်း သိပြီးသားမလား"ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြန်မေးလိုက်သည်။
မေးခွန်းက တာအိုဆရာဇီရွှယ်အား တစ်ခဏ ငေးငိုင်သွားစေသည်။ ထို့နောက် သူမ၏အမူအရာက ပိုရှင်းလင်းလာပြီး သူမက အလေးအနက်ပြောလိုက်တော့သည်"ငါ သိပြီ။ မင်း စိတ်ချပါ မင်းလိုအပ်တာတွေရဖို့ ငါ အကောင်းဆုံးကြိုးစားမှာပဲ။ အနာဂတ်မှာ ငါ့တပည့်နှစ်ယောက်အသက်ပြန်ရှင်လာဖို့ပဲ ငါ မျှော်လင့်တယ်"
"ငါတို့နဲ့ကောင်းကင်ဘုံမှော်ဆရာကလန်ကြားတိုက်ပွဲက အဆုံးသတ်တစ်ခုကို ရောက်တော့မယ်"ထန်ရှုက ပြော၏"ဒီတစ်ကြိမ် သူတို့က ကြီးကြီးမားမားဆုံးရှုံးခဲ့ရတယ်၊ ဒါကြောင့် အခြားသူတွေရဲ့ပိုင်နက်ကို အမူမထားဘဲ ထပ်မကျုးကျော်တော့ဘူးလို့ ငါ ထင်တယ်။ ဒါပေမယ့် မင်း ဂိုဏ်းကို ပြန်ဖို့ လိုအပ်တယ်၊ အချိန်မနှောင့်နှေးစေနဲ့။ အခုကစပြီး နှစ်လတိတိ နဂါးကိုးကောင်ကျွန်းမှာ ငါ ရှိနေမယ်၊ မင်းတို့ရောက်လာမှာကို ငါ စောင့်နေမယ်"
"ငါတို့ ပြန်လာတဲ့အခါကျရင် ကျင့်ကြံခြင်းအရင်အမြစ်တွေ အများကြီး ယူလာမှာပါ"တာအိုဆရာဇီရွှယ်က ပြောလိုက်၏"ဒါပေမယ့် ငါ့မှာ အခြားတောင်းဆိုချက်တစ်ခုရှိတယ်၊ တာအိုဆရာထန် သဘောတူနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"
"ကျေးဇူးပြုပြီး ပြောပါ"ထန်ရှုက တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
အနည်းငယ်မျှော်လင့်ထားသောမျက်နှာနှင့် တာအိုဆရာဇီရွှယ်က ပြောလိုက်သည်"ငါ ထင်တာ မှန်ရင် မင်းနဲ့မင်းလူတွေ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားနိုင်တဲ့ဓားက အင်မော်တယ်ဓားဒါမှမဟုတ်အဆင့်မြင့်မှော်လက်နက်တစ်ခုပဲ ဖြစ်ရမယ်။ အင်မော်တယ်ဓားအချို့ကို ငါ့ဂိုဏ်းရဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ ဖလှယ်ချင်လား"
"မင်းရဲ့လောဘက မသေးဘူးပဲ၊ တာအိုဆရာဇီရွှယ်"ထန်ရှုက မျက်စိစောင်းငဲ့ကြည့်လျက် ပြောလိုက်သည်"အင်မော်တယ်ဓားက ဘယ်လိုလက်နက်မျိုးလဲဆိုတာ မင်း သိမယ်ဆိုတာ သေချာတယ်။ ဒါနဲ့ဖလှယ်ဖို့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဘယ်လောက်လိုမယ်လို့ မင်း ထင်လဲ"
"ဒါက....."
အင်မော်တယ်ဓားက မည်သို့သောလက်နက်မျိုးဖြစ်သည်ကို သိသောကြောင့် သူမက အသံမထွက်နိုင်ဘဲ နှုတ်ဆိတ်သွားခဲ့ရသည်။ ဤဓားက ကမ္ဘာပေါ်ရှိကျင့်ကြံသူများရရှိရန်တောင့်တနေသည့် ရတနာတစ်ခုဖြစ်ပြီး ရွှေတောင်တစ်လုံးနှင့်ပင် ဝယ်နိုင်သောအရာတစ်ခု မဟုတ်ပေ။ သူမ၏စည်းလုံးခြင်းဂိုဏ်းတွင် ကျင့်ကြံခြင်းအရင်းအမြစ်ပေါပေါများများရှိသော်လည်း ထိုဓားတစ်လက်ကို ရရန် လုံလောက်ဖို့ အဝေးကြီးလို၏။
"ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ်။ ငါ မင်းကို ခက်ခဲအောင် မလုပ်ပါဘူး"ထန်ရှုက ပြုံးလျက် ပြောလိုက်သည်"နောက်ကျရင် ငါလိုအပ်တဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေကို စာရင်းလုပ်ပေးမယ်။ မင်းရဲ့ဂိုဏ်းက ငါလိုအပ်တဲ့ပမာဏကို စုဆောင်းနိုင်ရင် အင်မော်တယ်ဓားနှစ်လက်နဲ့ လဲလှယ်လို့ရမယ်"
"အရမ်းကောင်းတယ်။ အဲဒီကျင့်ကြံခြင်းအရင်းအမြစ်တွေ ကမ္ဘာပေါ်မှာ ရှိနေသရွေ့ ငါ့ဂိုဏ်းက သူတို့ကို သေချာပေါက် ရအောင်လုပ်မယ်" တာအိုဆရာဇီရွှယ်က အခိုင်အမာပြော၏။
နေ့တစ်ဝက်ကြာပြီးနောက် ထန်ရှုက ထာဝရခန်းမမှအဖွဲ့ဝင်များအား ဦးဆောင်လျက် နဂါးကိုးကောင်ကျွန်းသို့ ပြန်လာခဲ့သည်။ သို့သော် သူ ပြန်ရောက်သည်နှင့် နဂါးကိုးကောင်ကျွန်းပတ်လည်ရှိရေမိုင်နှစ်ရာအတွင်းဧရိယာအား တင်းတင်းကြပ်ကြပ်စောင့်ကြည့်ရန် အမိန့်ပေးခဲ့သည်။
အရာအားလုံးအား ပြောပြပြီးနောက် သူက နန်းတော်သို့ ပြန်ရောက်လာပြီး ကျင့်ကြံခြင်းအား တန်းလုပ်ခဲ့သည်။ အကောင်းဆုံးကလေးသုံးထောင်က မကြာခင် ရောက်လာမည်ဖြစ်သောကြောင့် လေ့ကျင့်ရေးကွင်းအတွက် အစီအရင်အချို့တည်ဆောက်ရန် သူ၏ခွန်အားအထွတ်အထိပ်ကို ပြန်ရရှိရန် အချိန်လိုအပ်သည်။
***