ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း
Vol. 69 Ch. 965
စိုင်းဖန်ဆိပ်ကမ်း။
ညအမှောင်တွင် တစ္ဆေနှင့်တူသောပုံရိပ်များက ပင်လယ်မှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးစိုရွှဲလျက် ကမ်းစပ်သို့ တက်လာခဲ့ကြသည်။ လေထုထဲရှိမီးခိုးများက တဖြည်းဖြည်း စုဆုံလာပြီး ကောင်းကင်ဘုံမှော်ဆရာကလန်သားများက အတူတကွစုဝေးလာကြ၏။ ဒဏ်ရာများက သူတို့၏ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားနေပြီး အချို့က သူတို့၏အဖော်ဘေးနားသို့ရောက်သောအခါ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားကြလေသည်။
သနားစရာကောင်းခြင်းနှင့်စိတ်ဆင်းရဲစရာဖြစ်ခြင်းတို့က သူတို့၏အခြေအနေကို ဖော်ပြရန် ပြီးပြည့်စုံသောစကားလုံးများပင်။
အစထရေးအက်ဆိုလော့၏တောင်ဝှေးကိုင်ထားသောလက်က အနည်းငယ်တုန်ယင်နေသည်၊ သို့သော် သူ၏သတ်ဖြတ်ခြင်းဆန္ဒက ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အပူချိန်အား ဒီဂရီအနည်းငယ်လျော့ကျသွားစေ၏။ သူက ရေခဲရုပ်တုအဖြစ်ပြောင်းလဲသွားသောလူသားတစ်ယောက်အလား။ ကောင်းကင်ဘုံမှော်ဆရာကလန်၏အကြီးအကဲနှစ်ယောက်ဖြစ်သောမက်ဇ်နှင့်ဇာလက်လီဆိုလော့တို့၏သေဆုံးမှုက သူတို့အတွက် အလွန်ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်၏။
ကောင်းကင်ဘုံမှော်ဆရာကလန်က အဖွဲ့ဝင်များအား ဆုံးရှုံးရခြင်း မရှိသည်တော့မဟုတ်၊ ပိရမစ်အဖွဲ့ သို့မဟုတ် ပေါင်းကူးခရူးဆိတ်မဟာမိတ်အသင်းမှကျွမ်းကျင်သူများနှင့်တိုက်ပွဲကြောင့် များစွာ သေဆုံးခဲ့ရ၏၊ သို့သော် ဤအတိုင်းအတာအထိ ဆုံးရှုံးခြင်းက ပထမဆုံးဖြစ်သည်။ ဝစ်ဇနစ်ဆိုလော့နှင့်ဝိုင်ခရက်ဆိုလော့တို့ပါ ပေါင်းထည့်ပါက သူ့ကလန်က လက်ရွေးစင်ဒါဇင်ကျော်နှင့်အကြီးအကဲလေးယောက် ဆုံးရှုံးခဲ့ရ၏။
"မဟာအကြီးအကဲ"ဒေါသထွက်ကာ ဝမ်းနည်းကြေကွဲနေသော မျက်နှာအမူအရာနှင့် အနက်ရောင်မြူက သူ့ခန္ဓာကိုယ်ပတ်လည်၌ ဝန်းရံနေလျက် ဇာလက်ဂလီဆိုလော့က လက်သီးတင်းတင်းဆုပ်ကာ ပြောလိုက်သည်"ငါ့အကိုက သေသွားပြီ၊ ငါ့ကလန်ရဲ့လက်ရွေးစင်တွေရောပဲ။ သွေးကြေးကို လက်စားချေရမယ်။ ကျေးဇူးပြုပြီး ငါ့ကို အမှောင်မြင့်မြတ်သစ်သီးတစ်လုံးနဲ့ အချိန်အချို့ပေးပါ။ ရန်သူတွေကို ဖယ်ရှားသုတ်သင်ဖို့ သွေးစိတ်ဝိညာဉ်ခန်းမရဲ့တပ်ရင်းရဲ့စစ်သည်တော်တွေကို ငါ အမိန့်ပေးချင်တယ်"
"ငါကရော လက်စားမချေချင်ဘူးလို့ မင်း ထင်နေတာလား"အစထရေးအက်ဆိုလော့က သူ့အား စိုက်ကြည့်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်"ရန်သူက သန်မာလွန်းပြီး စည်းလုံးခြင်းဂိုဏ်းနှင့် ပူးပေါင်းထားတယ်ဆိုတာ မင်း သိပါတယ်။ ငါတို့ကလန်ရဲ့စွမ်းအားအားလုံးကို မစုစည်းဘဲနဲ့ သူတို့ကို လုံးဝဖယ်ရှားဖို့ နည်းလမ်းမရှိဘူး"
အဖြေက ဇာလက်ဂလီ၏အသက်ရှုသံအား ရပ်သွားစေသည်၊ ရန်သူပိုင်ဆိုင်သောစွမ်းအားနှင့်ကြောက်စရာကောင်းသောမှော်မန္တန်ပညာရပ်များအား သူ အမှတ်ရမိသွားသောကြောင့်ပင်။ မဟာအကြီးအကဲအစထရေးအက်ဆိုလော့က သူ့ထက် အများကြီးပိုအားကောင်းသည်၊ သူက အမှောင်မြင့်မြတ်သစ်သီးအား အသုံးပြုခဲ့လျှင်ပင် မဟာအကြီးအကဲအား မကျော်ဖြတ်နိုင်မှန်းလည်း သိ၏။ သွေးစိတ်ဝိညာဉ်ခန်းမ၏စစ်သည်တော်များအား ဦးဆောင်ခဲ့သော်ငြား ရန်သူအား အမြစ်ပြတ်သုတ်သင်ရန် မဖြစ်နိုင်ပေ။
သို့သော် လက်စားပြန်မချေရလျှင် သူက လူမဟုတ်ပေ။
သူ၏သွေးချင်းဆက်ညီအကိုနှင့်သူ့ကလန်၏လက်ရွေးစင်များစွာ အသတ်ခံခဲ့ရသည်။ လက်စားချေခြင်းအား မေ့ထားပြီး ဒီအတိုင်းထားရမည်လော။ လုံးဝမဖြစ်နိုင်ပေ။
မျက်လုံးများက အေးစက်စက်လင်းလက်နေလျက် အစခရေးအက်ဆိုလော့က တောင်ဘက်ပိုင်းသို့ ငေးကြည့်လိုက်၏။ ထို့နောက် သူက လေးနက်စွာ ပြောလေ၏"ငါတို့ကလန်သားတွေရဲ့သွေးတွေကို သူတို့အစားပြန်ပေးရမှာပဲ၊ ဒါပေမယ့် ငါတို့ ကောင်းကောင်းအစီအစဉ်ချဖို့ လိုတယ်။ ငါတို့က အင်အားချင်းထိပ်တိုက်ရင်ဆိုင်ပြီး ရန်သူအားလုံးကို သုတ်သင်နိုင်ပေမယ့် ငါတို့ကလန်လဲ ကြီးမားပြင်းထန်တဲ့သေကျေပျက်ဆီးဆုံးရှုံးမှုတွေကို ခံစားရလိမ့်မယ်။ ကလန်ကို အရင်ဆုံးပြန်ပြီး ခေါင်းဆောင်နဲ့ ဆွေးနွေးကြတာပေါ့"
ဗျူဟာကို အသုံးပြုမှာလား။
ဇာလက်ဂလီက ခဏငေးငိုင်သွားပြီးနောက် သူ့မျက်လုံးများက လင်းလက်လာကာ လေးနက်စွာ ပြောလိုက်သည်"ငါ့မှာ အိုင်ဒီယာတစ်ခုရှိတယ်၊ မဟာအကြီးအကဲ"
"မင်းလား"အစထရေးအက်ဆိုလော့က ခေါင်းရှုပ်သွားပုံပေါ်ကာ မေးလိုက်သည်"ဘာများလဲ"
"ငါတို့က အင်အားချင်းအင်အားချင်းလက်စားမချေနိုင်မှတော့ တတိယအဖွဲ့ရဲ့အကူအညီကို သုံးပြီး ဒုက္ခကို ဖြေရှင်းလိုက်မယ်ဆိုရင် ဘယ်လိုလဲ"ဇာလက်ဂလီက ပြော၏"အကြီးမားဆုံးအဖွဲ့အစည်းသုံးခုဖြစ်တဲ့ပိရမစ်၊ ပေါင်းကူးခရူးဆိတ်မဟာမိတ်အသင်းနဲ့ မဟူရာကလပ်တို့က အရင်းအမြစ်တွေအတွက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ယှဉ်ပြိုင်နေကြတယ်။ ငါတို့က မဟူရာကလပ်နဲ့ ပေါင်းစည်းထားတယ်ဆိုပေမယ့် ငါတို့လူတွေက လွတ်လပ်နေတုန်းပဲ၊ ဒါကြောင့် အဖွဲ့က သေရေးရှင်ရေးပြဿနာမရင်ဆိုင်ရဘဲနဲ့ သူတို့ရဲ့ပြဿနာတွေမှာ ငါတို့ ပါဝင်စရာမလိုဘူး။ အဲဒီပင်လယ်ဧရိယာမှာ ရတနာတွေ မြုပ်နှံထားတယ်ဆိုတဲ့ကောလဟာလကိုသာ ငါတို့တွေ ဖြန့်လိုက်မယ်ဆိုရင် ထိုအဖွဲ့သုံးခုက လူတွေ လွှတ်ပြီး စုံစမ်းခိုင်းမှာ သေချာတယ်။ ထိုလူတွေက အဲပိုင်နက်အတွင်းမှာ ရှိနေသရွေ့ သူတို့တွေ ထိပ်တိုက်တွေ့ကြမှာပဲ။ အဖွဲ့အစည်းသုံးခုကလူတွေနဲ့ အဲဒီလူတွေ တိုက်ခိုက်ပြီးရင်တော့ ငါတို့က အားထုတ်စရာမလိုဘဲ သီးနှံကို ရိတ်သိမ်းမယ့် တတိယအဖွဲ့ဖြစ်လာပြီပေါ့"
"ဒါက အရမ်းကောင်းတဲ့အိုင်ဒီယာပဲ"အစထရေးအက်ဆိုလော့၏မျက်လုံးများက လင်းလက်သွားပြီး သူက လက်ခုပ်တီးလိုက်သည်"အဖွဲ့အားလုံးထိခိုက်တာနဲ့ ငါတို့အားလုံး အခွင့်ကောင်းယူဖို့အခွင့်အရေးတစ်ခုရှိလာလိမ့်မယ်။ မဟူရာကလပ်က ကြီးကြီးမားမားထိခိုက်ထားပြီး ငါတို့ရဲ့အကူအညီကို မေးလာရင်တောင် ငါတို့တွေ မလိုက်သင့်စီးမျောလို့ရတယ်၊ ပြိးရင်တော့ အဲနေရာကို ပြန်ရောက်တာနဲ့ အခွင့်အရေးကောင်းတစ်ခုရှာပြီး အဲဒီရန်သူတွေကို တစ်ကြိမ်တည်းနဲ့ သတ်ဖြတ်ရမယ်"
ဇာလက်ဂလီက ထပ်ခါတလဲလဲခေါင်းညိတ်ကာ ပြော၏"ငါ အဲဒါတော့ သဘောတူတယ်။ ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ မဟူကလန်က ငါတို့ရဲ့အကူအညီကို တောင်းဆိုလာတဲ့အခါမှာ အလဲအလှယ်အနေနဲ့ အကျိုးအမြတ်အများကြီးကို တောင်းဆိုရမယ်။ ဒီလိုဆိုရင် ငါတို့တွေ ထပ်မံတိုက်ခိုက်ရရင်တောင် ဆုံးရှုံးမှုတွေကို ကာမိစေတာပေါ့၊ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်လိုက်သလိုပေါ့လေ"
အိုင်ဒီယာက အစထရေးအက်ဆိုလော့၏အသိအမှတ်ပြုမှုအား ရရှိသွားခဲ့ပြီး သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက အသံလေးနက်စွာ ပြောလိုက်လေ၏"ဒါက ဖြစ်နိုင်ချေရှိတဲ့အစီအစဉ်ကောင်းတစ်ခုပဲ၊ ဒါပေမယ့် ဒါကို ငါတို့တွေ လျှို့ဝှက်လုပ်ရမယ်။ ကလန်ကို ပြန်ပြီး ခေါင်းဆောင်နဲ့အခြားအကြီးအကဲတွေနဲ့ အရင်ဆွေးနွေးကြမယ်။ ပြီးရင် ကောလဟာလကို ငါတို့တွေ ဖြန့်ပြီး ကျားတွေ အချင်းချင်းတိုက်ခိုက်တာကို ကြည့်ကြတာပေါ့"
"ကောင်းပြီ။ ငါတို့ ပြန်ကြမယ်"
ဇာလက်ဂလီက ခေါင်းညိတ်လိုက်၏။
****
နဂါးကိုးကောင်ကျွန်း။
သူ၏မူလဖရိုဖရဲစွမ်းအားအား သိုလှောင်ရန် ထန်ရှုက နေ့တစ်ဝက်သုံးစွဲခဲ့ရသည်။ ကြီးကြီးမားမားသုံးစွဲပြီးနောက် သူ့စွမ်းအားက တိုးလာသည်ဟု သူက ရေးတေးတေးခံစားရ၏။ ထို့ကြောင့် နတ်ဆိုးကျောက်တုံးအား တိုက်ရိုက်ယူထုတ်ပြီး အထဲရှိစွမ်းအင်အား စတင်စုပ်ယူလိုက်သည်။
"ဒီဂြိုလ်က ပိုပိုကြီးလာတာပဲ"
ကျေနပ်သောမျက်နှာနှင့် ထန်ရှုက အိပ်ရာမှ ထကာ ရေချိုးခန်းသို့ သွားသည်။ အဝတ်အစားအသစ်တစ်စုံလဲလှယ်ပြီးနောက် သူက ကျွန်း၏အရှေ့မြောက်ပိုင်းသို့ ဦးတည်လိုက်သည်။
စစ်တန်းလျားတစ်ခုကို ထိုနေရာ၌ ဆောက်ထားသည်။ တကယ်တမ်းအားဖြင့် စစ်တန်းလျားတစ်ခုစီအား ကျွန်း၏အရှေ့မြောက်၊ အနောက်မြောက်၊ အရှေ့တောင်ပိုင်းတို့တွင် ဆောက်လုပ်ထားခဲ့ပြီး တစ်ခုစီက စစ်သားနှစ်သောင်းဆန့်၏။ ကျွန်း၏အလယ်ဧရိယာတွင် နောက်ထပ်စစ်တန်းလျားတစ်ခုအား ဆောက်လုပ်ထားပြီး ၎င်းက ပိုသေးငယ်ကာ စစ်သားတစ်ထောင်ခန့်သာ ဆန့်သည်။
ခြောက်ထပ်အဆောက်အဦး၏ခေါင်မိုးပေါ်တွင် ရပ်နေရင်း ထန်ရှုက ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်။ သူ့စိတ်ထဲတွင် ကျင့်ကြံခြင်းအတွက် သာလွန်အထူးသက်ရောက်မည့်အစီအရင်တစ်ခုအား တည်ဆောက်ရန် စဉ်းစားနေသည်။ နဂါးကိုးကောင်ကျွန်းပေါ်ရှိကမ္ဘာစွမ်းအင်က အလွန်သိပ်သည်းသည်၊ အနိမ့်ဆုံးအပြင်ကမ္ဘာထက် ဆယ်ဆပိုသိပ်သည်း၏။ သို့သော် ဤအရာက ထန်ရှုအတွက် မလုံလောက်ပေ။ သူက အင်မော်တယ်ကမ္ဘာရှိ ကောင်းချီးနယ်မြေတစ်ခုနှင့် တူသည့်အထိ အနည်းဆုံးအဆတစ်ရာလောက် ပိုသိပ်သည်းစေချင်သည်။
"အစီအရင်က စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း၊ စိတ်ဝိညာဉ်စွမ်းအင်သန့်စင်ခြင်းနဲ့ ကြယ်စွမ်းအင်စုဆောင်းရေးအစီအရင်တွေ ဖြစ်သင့်တယ်"
"နဂါးကိုးကောင်ကျွန်းရဲ့အကာအကွယ်အစီအရင်က စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့တာဝန်ကို ပိုင်ဆိုင်ထားပြီးသား။ ၎င်းက ပတ်ဝန်းကျင်ဧရိယာ၅၀၀ကီလိုမီတာပတ်လည်အတွင်းရှိကမ္ဘာစွမ်းအင်ကို ဆက်လက်စုပ်ယူလိမ့်မယ်၊ ဒါကြောင့် စိတ်ဝိညာဉ်စုဆောင်းခြင်းအစီအရင်ကို မလိုအပ်ဘူး။ ဒါပေမယ့် ဒီနေရာရဲ့ကမ္ဘာစွမ်းအင်သန့်စင်မှုကို တိုးစေဖို့ စိတ်ဝိညာဉ်သန့်စင်ခြင်းအစီအရင်ကို တည်ဆောက်ရမယ်။ ဒီအစိီအရင်က စုပ်ယူထားတဲ့ကြယ်စွမ်းအင်ကိုလဲ အဆီအနှစ်အဖြစ် သန့်စင်လိမ့်မယ်၊ ဒါကြောင့် အထဲမှာကျင့်ကြံသူတွေအတွက် ကြီးမားတဲ့အကျိုးအမြတ်ကို ရရှိလိမ့်မယ်"
စိတ်ထဲ၌ တွေးတောဆုံးဖြတ်ပြီးနောက် သူက စိတ်ဝိညာဉ်သန့်စင်ခြင်းနှင့်ကြယ်စွမ်းအင်စုဆောင်းခြင်းအစီအရင်များအား စတင်တည်ဆောက်ခဲ့သည်။ ဤအစီအရင်နှစ်ခု၏အတိုင်းအတာက သေးလွန်းသောကြောင့် ထန်ရှုအတွက် စီရင်ရသည်မှာ အများကြီးလွယ်သည်၊ နေ့တစ်ဝက်အတွင်း သူက အားလုံးပြီးမြောက်သွားခဲ့သည်။
"ဒီမှာ ဆရာသောက်ဖို့ ရေ"
ဂူယင်က နေ့တစ်ဝက်လုံး ဤနေရာတွင် ရှိနေသည်၊ ထန်ရှုအစီအရင်တည်ဆောက်ခြင်းပြီးစီးသွားသည်ကို မြင်ပြီး သူမက ချက်ချင်းပြေးလာကာ ထန်ရှုအား ခွက်တစ်ခွက်ကမ်းပေးလိုက်၏။
ထန်ရှုက သူမအား ပြုံးပြကာ သူမဆံပင်အား ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူက ခွက်ယူကာ ရေနှစ်ခွက်သောက်လိုက်၏။ သူက ပြော၏"ငါနဲ့ကျီချီးမိန်ကလွဲပြီး မင်းက ဒီကျွန်းပေါ်မှာ အားအကောင်းဆုံးပဲမလား။ မင်းက ရွှေအမြုတေစဦးအဆင့်ကို ရောက်ရှိထားပြီးပြီ၊ မကြာခင် ရွှေအမြုတေအလယ်ပိုင်းအဆင့်ကို ချိုးဖြတ်နိုင်လောက်မယ်။ ယင်ယင်လေး၊ မင်းရဲ့လက်ရှိနှုန်းကို ထိန်းထားနိုင်မယ်ဆိုရင် အချိန်တိုအတွင်း ရွှေအမြုတေအထွတ်အထိပ်အဆင့်ကို ရောက်ရှိမယ်လို့ ငါ ထင်တယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ မင်းက အခြေတည်စိတ်ဝိညာဉ်အဆင့်ကိုတောင် ချိုးဖြတ်ချင်ချိုးဖြတ်နိုင်မယ်"
ဂူယင်က သူမ၏ချစ်စရာကောင်းသောမျက်နှာလေးနှင့် ကြည့်လျက် ပြုံးတုံ့တုံ့ပြောလိုက်သည်"ကျွန်မရဲ့နံပါတ်တစ်ရည်မှန်းချက်က အင်မော်တယ်ဖြစ်လာဖို့ပဲ၊ ဆရာ။ အနာဂတ်မှာ ဆရာက အဲကို ပြန်သွားမယ်လို့ ပြောခဲ့တယ်မလား။ ယင်ယင်က ဆရာဘယ်ပဲသွားသွားလိုက်မှာပဲ"
"သေချာတာပေါ့။ ယင်ယင်က ကြိုးစားနေသရွေ့ပေါ့"သူ့နှလုံးသားထဲ၌ နွေးထွေးမှုတို့နှင့်အတူ ထန်ရှုက ပြောလိုက်၏။
"ဒါပေမယ့် ယင်ယင်က စီနီယာအစ်မဆီကနေ သင်ယူချင်တယ်"ဂူယင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်"အကြီးအကဲကျီက ယင်ယင်ကို အများကြီးပြောပြခဲ့တယ်၊ အထူးသဖြင့် သူမအကြောင်းပဲ၊ ဒါကြောင့် ကျွန်မ စီနီယာအစ်မကို အရမ်းလေးစားတယ်။ ဘယ်အချိန်ကျမှ ယင်ယင်ကို စီနီယာအစ်မနဲ့ တွေ့ဖို့ ခေါ်သွားပေးမှာလဲ၊ ဆရာ"
"မကြာခင်ပေါ့"ထန်ရှုက ပြုံးကာ ဖြေ၏။
"ဆရာက ငါ့ကို ကျင်းမန်ကျွန်းကို ခေါ်သွားမလို့လား"ဂူယင်က ကျေနပ်ဝမ်းသာစွာ မေးလိုက်သည်။
"အခုမဟုတ်သေးဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"မနက်ဖြန် ဆရာ သွားမယ်၊ ဒါပေမယ့် ထိုင်းကို သွားမှာ၊ အဲမှာ ရက်အနည်းငယ် ကြာမယ်။ ပြီးရင် ထာဝရခန်းမရဲ့ဌာနချုပ်ကို ဆရာ ပြန်လာမယ်။ အဲအခါကျရင် မင်းရဲ့စီနီယာအမက နဂါးကိုးကောင်ကျွန်းကို လာလိမ့်မယ်၊ ပြီးရင် မင်းတို့ တွေ့ကြပေါ့"
"ကောင်းတယ်"ဂူယင်က မျက်လုံးများတောက်ပလျက် ပြောလိုက်လေသည်"ဒါဆို ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ယင်ယင်က စီနီယာအမကို မေးရမယ်။ အကြီးအကဲကျီက ပြောတယ်၊ စီနီယာအမက အရမ်းအားကောင်းတယ်တဲ့၊ သူမက အင်မော်တယ်တစ်ယောက်ဖြစ်ပြီးသားတဲ့"
ထန်ရှုက မှင်တက်သွားပြီးနောက် ခါးသီးသောအပြုံးတစ်ခုက သူ့မျက်နှာပေါ်၌ ဖုံးအုပ်လာတော့သည်။
ဤအရာက သူတို့၏ဆရာဖြစ်သော်လည်း သူက အလွန်အားနည်းသည်ကို သူ့အား သဘောပေါက်သွားစေသည်။
"ဟူး။ ကြည့်ရတာ ငါ့ရဲ့ကျင့်ကြံခြင်းတိုးတက်နှုန်းကို အရှိန်တင်ရမှာပဲ။ ငါ ယန်အာကို အချိန်တိုအတွင်း မမှီနိုင်ရင်တောင် အပျင်းထူနေလို့မရဘူး။ ငါ ပိုသန်မာလာမှပဲ ငါ ဂရုစိုက်တဲ့သူတွေကို ကာကွယ်နိုင်မှာ"
ထန်ရှုက ညကောင်းကင်အား ကြည့်လိုက်လေသည်။ အင်မော်တယ်ကမ္ဘာ၊ ထိုနေရာက သူ့နှလုံးသားအားကိုက်ခဲနေသည့်သူ့ကမ္ဘာရန်သူများတည်ရှိသောနေရာပင်။ သူက သူတို့အား လက်စားမချေရလျင် သူ့နှလုံးသားက ဘယ်သောအခါမှ ငြိမ်းချမ်းမည်မဟုတ်ပေ။
အချိန်အတန်ကြာပြီးနောက် ကျွန်းပေါ်ရှိဖျော်ဖြေရန်အတွက်အထူးဆောက်လုပ်ထားသောဧရိယာသို့ သူက ရောက်ရှိလာခဲ့ပြီး ပင်လယ်အစွန်းအားဦးတည်နေသောလမ်းများအား ဖြတ်ကျော်လျက် ထိုနေရာတွင် ဆောက်လုပ်ထားသောစံအိမ်အား ကြည့်လိုက်လေသည်။
"ဆရာထန်"စင်းလုအန်၏လက်ထောက်၊ လှပသောအမျိုးသမီးက ထန်ရှုအား အရင်တွေ့ရှိပြီး သူမအား လျင်မြန်စွာ နှုတ်ဆက်လိုက်သည်။
ထန်ရှုက သူမအား ခေါင်းညိတ်ကာ မေးလိုက်၏"စင်းလုအန် အထဲမှာ ရှိနေလား"
"ကျွန်းပေါ်မှာ လိုက်မသွားဖို့ မင်း အမိန့်ပေးခဲ့တာကြောင့် သခင်လေးက ဒီနေရာမှာပဲ နေပြီး ဆရာထန်ကို စောင့်နေတာ"လှပသောအမျိုးသမီးက ပြန်ဖြေလိုက်သည်။
ခေါင်းညိတ်တုံ့ပြန်လိက် ထန်ရှုက စံအိမ်ဝင်းထဲသို့ ဝင်ခဲ့သည်။ ခြံဝင်းထဲရှိပန်းပင်များကြား၌ စင်းလုအန်က တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရ၏။ သူ့လက်များက မှော်ကျောက်တုံးအား ကိုင်ထားပြီး အဖြူရောင်မြူတစ်ခုက သူ့ပတ်လည်၌ ရစ်ဝဲနေလျက်ရှိသည်။
"စင်းလုအန်...."ထန်ရှုက ခေါ်လိုက်သည်။
စင်းလုအန်က မျက်လုံးဖွင့်လိုက်ပြီး ထန်ရှုဖြစ်သည်ကို မြင်သောအခါ မှော်ကျောက်တုံးနှစ်တုံးအား ချက်ချင်းပြန်သိမ်းပြီး ထန်ရှုအရှေ့သို့ လျှောက်လာကာ မေးလိုက်သည်"မင်းအလုပ်တွေ ပြီးသွားပြီလား၊ မစ္စတာထန်"
"ပြီးစီးသလောက်လို့ပြောရမယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြန်ဖြေ၏"မင်းရဲ့ပစ္စည်းတွေကို ထုတ်ပိုးထား။ ထိုင်းမှာ မင်းအကိုနဲ့ ပြဿနာကို ဖြေရှင်းဖို့ မနက်ဖြန်ကျရင် နဂါးကိုးကောင်ကျွန်းကနေ ငါတို့ ထွက်ခွာမယ်"
***