← Chapters

ရေခဲမင်းသား

Vol. 1 Ch. 8

ရေခဲမင်းသား

Vol. 1 Ch. 8

အခန်း (၈)

ရေခဲမင်းသား

Luck တစ်ယောက် ပထမဆုံး အောင်ပွဲရပြီးနောက် ယုံကြည်မှုတွေ တိုးလာသည်။ Luck ရဲ့ရှေ့မျက်နှာပြင် ပေါ်တွင် စာတန်းပေါ်လာသည်။

[ ဆက်လက်တိုက်ခိုက်မည် or နားမည် ]

Luck ဆက်လက်တိုက်ခိုက်မည်ကို ရွေးလိုက်သည်။ လေးစက္ကန့်ကြာပြီးနောက် -

“ တွန် ”

Luck ရှေ့ကို အသက်လေးဆယ်ခန့် ခပ်၀၀ဖိုင့်ဖိုင့် လူတစ်ယောက် ရောက်လာသည်။ တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ထားသည်။ စနစ်က လိုင်းပေါ်ရှိ အဆင့်တူ ကစားသမားများကို ရွေးချယ်ချထားပေးခြင်း ဖြစ်သည်။ စာတန်းပေါ်လာသည်။

[ Start ]

ထိုလူရဲ့နာမည်က ခေါင်းတွင် ပေါ်နေသည်။

“အင်မော်တယ် ယစ်ထုပ်ကြီး”

Luck တွေးလိုက်သည်။ “ သူ့နာမည်က အဆန်းပါလား ”

စစချင်း မည်သူမျှမတိုက်ခိုက်ဘဲ ကြည့်နေကြသည်။ တစ်ယောက်နဲ့တစ်ယောက် ကျားချောင်း ချောင်းနေကြ သည်။ ခြောက်စက္ကန့်လောက်ကြာတော့ ဖက်တီးက မနေနိုင်တော့ဘဲ လှုပ်ရှားလာသည်။

“ ဝှစ် ”

မြန်သည်။ ထိုလူလှုပ်ရှားမှုကို Luck ရိပ်ခနဲသာ မြင်လိုက်ရသည်။ သုံးပေခန့်အလိုတွင် ဖက်တီးလက်အိုး ထဲက တစ်ထွာခန့် အရက်အိုးတစ်လုံး ဝှီးခနဲထွက်လာပြီး Luck ရင်ဘတ်ဆီကို တိုးဝင်လာသည်။ Luck က သူသိသည့် ခြေလှမ်းသိုင်းကွက်ဖြင့် ဖျက်ခနဲရှောင်လိုက်သည်။ အရက်အိုးမှာ ဘေးနားက ဝှီးခနဲဖြတ်သွားပြီး ပရိသတ်ရှေ့ ကာထားသော S 2 မှန်ကို ဗုန်းခနဲ သွားမှန်သည်။

ထူးဆန်းစွာပင် အရက်အိုးက ဖက်တီးဆီ ပြန် ရောက်သွားသည်။

ဖက်တီး မျက်မှောက်ကျုံ့လိုက်သည်။ သူ့ရဲ့ အရက်အိုးဟာ အကောင်းစား သံမဏိဖြင့် ပြုလုပ်ထား တာဖြစ်သည်။ ထိမိသူ နံရိုးတွေ ကျိုးသွားနိုင်သည်။ ပွဲကြည့်စင်နှင့် တိုက်ပွဲကွင်းပြင်ကို အထူးစီရင်ထားသော S 2 မှန်များဖြင့် ကာရံထားသည်။ S 2 မှန်များသည် လောင်ချာဖြင့် ထုတောင် အစင်းရာမထင်ပေ။ အလွန် ခိုင်ခံ့လေသည်။

Luck က စိုက်ကြည့်နေရင်း ဖက်တီးရဲ့ဟာကွက် သိသွားသည်။ ဒါပေမယ့် သူအရင်ဆုံး လှုပ်ရှားလို့ မရပေ။ သူက ချက်ကောင်းကို စောင့်ရပေမည်

ဆယ့်ငါးမိနစ်ပြည့်လျှင် အနိုင်အရှုံး မရှိပါက သရေကျမှာ ဖြစ် သည်။ Luck မျက်မှောက်ကြုံ့လိုက်သည်။ ဘေးဘက်ပွဲကြည့်စင်ကို ကြည့်လိုက်တော့ လူအယောက်ငါး ဆယ်လောက် အော်ဟစ်အားပေးနေကြသည်။ ဒါပေမယ့် သူတို့အသံကို မကြားရပေ။

“ ဝှစ် ”

ဖက်တီးက အရက်မူးသမားခြေလှမ်းဖြင့် သူ့ဘေးနားရောက်လာပြီး လက်ညှိုးဖြင့် လည်ပင်းကို လှမ်းထိုးလိုက် သည်။ Luck  က ဖက်တီးဆီသို့ အတင်းတိုးကပ်သွားပြီး ပင့်လက်သီးတစ်လုံး အောက်မှအပေါ်သို့ ပင့်ထိုးလိုက် သည်။

“ အုန်း ”

ဖက်တီးလေပေါ်မှာ သုံပေလောက်မြောက်သွားသည်။ ပြန်ကျလာတော့ ဖက်တီးမေ့မြောနေသည်။ မေးစေ့ တွင် ရေခဲများ ကပ်နေသည်။

[ တွင် ]

[ တိုက်ပွဲနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် ]

[ သင် သုံးမှတ် ရရှိပါတယ် ]

[ ဆက်လက်ယှဉ်ပြိုင်မလား သို့မဟုတ် ရပ်နားမည်လား ]

“ ဆက်ယှဉ်ပြိုင်မယ် ” Luck က ပြောလိုက်သည်။

[ ပြိုင်ဘက်ကစားသမားကို ဆင့်ခေါ်နေပါတယ် ]

[ ကျေးဇူးပြုပြီး ခနစောင့်ပါ ]

[ တွမ် ]

Luck ၏ရှေ့သို့ လှံသမားတစ်ယောက် ရောက်လာသည်။ ဦးအောင် အရင်ဆုံး ပိတ်ထိုးလိုက်သည်။

“ အား ”

ဘာမျှမလုပ်နိုင်ဘဲ ကားယားကြီးဖြစ်သွားသည်။ “ လာခဲ့ နောက်တစ်ယောက် ”

“ ဝုန်း ” “ အား ”

Luck နိုင်ပြန်ပြီ။ ကိုးပွဲဆက်တိုက် အနိုင်ယူပြီးနောက် Luck မောပန်းလာသည်။

[ တွမ် ယှဉ်ပြိုင်သူ ရေခဲမင်းသား ဆက်လက်လုပ်ဆောင်မလား သို့ ရပ်နားမလား]

ရပ်နားမည်ကို Luck ရွေးလိုက်သည်။

“ ဟူးးး တော်တော်ပြိုင်းတယ်ဟ ”

တိုက်ပွဲကွင်းပြင် ပွဲကြည့်စင်ကို လူကိုယ်တိုင်လာသကဲ့သို့ ဝင်ရောက်အားပေးနိုင်သည်။ ထိုင်ဝမ်နှင့် ထိုင်းဒေသကြီး အခြေစိုက် လေ့ကျင့်ရေးစခန်းများနှင့် ဒေသအသီးသီးက ပရိသတ်များ အော်ဟစ်အားပေးနေ ကြသည်။

“ ရေခဲမင်းသား ရေခဲမင်းသားကွ ဟားဟား ဟုတ်ပီကွ ” လူတစ်ယောက်က ထပြောသည်။

“ ဟေ့လူ တွေ့တယ်မလား ကျုပ်လောင်းတဲ့ ရေခဲမင်းသား ဆက်တိုက်နိုင်နေပြီကွ ဟားဟား ”

ကောင်မလေးတစ်ယောက်မှလည်း “ ငါ သူ့ဖုန်းနံပါတ်လေး ရချင်လိုက်တာ ”

“ ငါလည်း နှစ်ပွဲရထားပီဟေ့ ”

အသက်နှစ်ဆယ်အရွယ် ခပ်ပိန်ပိန် မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။

“ ငါ ရေခဲမင်းသားရဲ့ အရင်ပွဲတွေကို ပြန်ကြည့်ထားတယ် ” “ သူက တကယ်ပဲ တစ်ချက်ပဲ ထိုးတာဟဲ့ ”

ဘေးမှ ကောင်မလေးတစ်ယောက်က ပြောသည်။ “ ဟုတ်တယ် ဝမ့်ဝမ့်ရေ သူက ကြည့်ကောင်းမယ့် ပုံပဲ ငါ့အကြိုက်ပဲ ဟင်းဟင်း ”

“ ကောင်မ နင့်ရုပ်နဲ့ စိတ်ကူးမနေနဲ့ ငါဆို ဟုတ်သေး ”

ဘေးနားတွင်ရှိသည့် အသက်သုံးဆယ်အရွယ် မျက်နှာလေးထောင့်ဖြင့် လူတစ်ယောက်က ပြောလိုက်သည်။

“ ဝမ့်ဝမ့်ရေ နင့်ကောင် ရေခဲမင်းသားက မြန်မာက

ရဲသွေးနီနဲ့ တွေ့ရင် ပြုတ်မှာပါ စောင့်ကြည့်နေ

နှပ်ချီးတောင် ထွက်သွားအုံးမယ် ”

အခုလို ဒေသတွင်း ဆူညံမှုများ ဖြစ်နေသည့်အချိန်တွင် Luck တစ်ယောက်ကတော့ အိမ်နားက စားသောက် ဆိုင်တစ်ခုတွင် စားသောက်၍ နေလေသည်။

တိုက်ခိုက်မှုကွင်းပြင် ပွဲကြည့်စင်မှာတော့ Display ကြီးဖြင့် Luck ၏ ယခင်က တိုက်ခိုက်မှုများကို ပြန် လည်ပြသနေလေ၏။

ထိုင်ဝမ်ဒေသကြီး

ခေတ်မီဆန်းသစ်တဲ့ တြိဂံပုံ အဆောက်အဦးကြီးတစ်ခု၏ အထပ်လေးဆယ်မြောက်တွင် ဖြစ်သည်။ ရွှေကိုင်း မျက်မှန်တပ်ထားသော အသက်ငါးဆယ်အရွယ် ခပ်ပိန်ပိန် လူတစ်ဦး Wab Cam ဖြင့် စကားပြောနေသည်။

“ ဘယ်လို ” “ အသက်ဆယ့်ရှစ်နှစ်နှင့် S အဆင့်ကို ရောက်နေပြီဟုတ်လား ”

“ မင်းဟာက သေချာလို့လားကွ ”

“ သေချာပါတယ်ဆရာ ကိုးပွဲဆက်တိုက် နိုင်ထားတာ ”

“ အဲဒါဆိုရင် အဲ့ဒီကောင်လေးကို အမြန်ဆက်သွယ်ဖို့ကြိုးစားပါ ” “ မင်းနားလည်ထား သူက ပါရမီရှင်ကွ ” အနောက်ကျွန်းစုထက် ငါတို့ အရင်လက်ဦးဖို့လိုတယ် ”

ဆက်ရန်--

All Chapters