← Chapters

UM လေးတွေ၀င်လာပြီ

Vol. 1 Ch. 9

UM လေးတွေ၀င်လာပြီ

Vol. 1 Ch. 9

အခန်း (၉)

UM လေးတွေ၀င်လာပြီ

တိုက်ပွဲကွင်းပြင်အတွင်းတွင် တိုက်ခိုက်သူများသည် ရုပ်ရည်ကို သေချာမမြင်ရပေ။ မျက်နှာအကျကိုသာ တွေ့ရ ပြီး ပါးလွှာသော လျှပ်စီးလှိုင်းများက မျက်နှာကို ကာကွယ်ထားသည်။ စနစ်၏ လုပ်ဆောင်ချက်ဖြစ်ပြီး ပြိုင်ပွဲဝင် များကို အခြားသူများ နှောင့်ယှက်မှုမှ ကာကွယ်ရန်ဖြစ်သည်။

ရေခဲမင်းသားမှာ လက်ရှိ ရေပန်းစားနေပြီဖြစ်သည်။ သူ ဆက်လက်တိုက်ခိုက်ပါက တွေ့ဆုံနိုင်ရန် နှစ်ယောက်ရှိနေသည်။ တစ်ဦးက ရဲသွေးနီဖြစ်ပြီး နောက်တစ်ဦးက ဓားပျံရှောင်လီဖြစ်သည်။

လာမည့်တိုက်ပွဲနှစ်ပွဲကို ကြည့်ရှုရန် ပရိသတ်များ မစောင့်နိုင်တော့ပေ။ ကြိုတင်လက်မှတ်များကိုလည်း အွန်လိုင်းမှ အသည်းအသန်းဝယ်ယူနေကြလေသည်။

နောက်တစ်နေ့ မနက် ရှစ်နာရီ

Luck တိုက်ပွဲကွင်းပြင်ကို ဝင်ရောက်မည့်အချိန်ကို လူများစွာ စောင့်ကြည့်နေကြသည်။ Luck ကို Follow လုပ် ထားသူ သုံးသောင်းခန့် ရှိနေလေသည်။

Luck တစ်ယောက် မနေ့က ပြန်လာပြီးကတည်းက တိုက်ပွဲထိုင်ခုံနှင့် နားကြပ် မျက်မှန်များကို မှာယူကာ အိမ်တွင်တပ်ဆင်ပြီး ဖြစ်လေသည်။ သူ့ကို မလိုအပ်ဘဲ လူအသိမခံချင်ပေ။

“ အင်း ” “ ကိုးနာရီဆို တိုက်ပွဲထဲ စဝင်ရမယ် ” Luck ရေရွတ်လိုက်သည်။

မနေ့က တိုက်ပွဲများကို သူ ထပ်တလဲလဲ ပြန်ကြည့်၍ အားနည်းချက်များကို သူ ရှာဖွေနေသည်။

“ အင်း ငါ့ရဲ့လျင်မြန်မှုက တော်တော်လိုသေးတာပဲ ”

“ အင်း ကိုးနာရီတောင် ထိုးတော့မယ် ပြိုင်ပွဲထဲ ဝင်မှပဲ ”

Luck ကွင်းပြင်အတွင်း ဝင်ရောက်လာသည့်အခါ၌ ပရိသတ် သုံးသောင်းခန့် ကြည့်ရှုနေသည်ကို တွေ့ရသည်။ သူ့ကို ပန်းများ၊ အသည်းပုံများလည်း ပေးထားသေးသည်။

ပန်းများသည် တစ်ခုကို 1 UM ဖြစ်ပြီး အသည်း ကတော့ 2 UM ဖြစ်လေသည်။ Luck ညာဘက်ထောင့်ရှိ ငွေစာရင်းကို ကြည့်လိုက်ရာတွင် UM3000 ကျော်သူ့မှာ ရှိနေသည်။

Luck က ရေရွတ်လိုက်သည်။

“ ဒါ့ကြောင့်လည်း ပြိုင်ဘက်ကစားသမားတွေ ချမ်းသာကြတာပဲ ”

လူအုပ်ကြီးထဲတွင် တစ်ယောက်က အော်ဟစ်လိုက်သည်။

“ ဟေးး ” “ ရေခဲမင်းသား လာပြီကွ ”

နောက်တစ်ယောက်ကလည်း စိတ်လှုပ်ရှားသောအသံဖြင့်

“ သူ ဘယ်သူနဲ့ တွေ့မလဲမသိဘူး ” “ ဘာပဲဖြစ်ဖြစ် ငါအားပေးမယ်ကွာ ”

“ တွန် ”

မကြာခင် Luck ရှေ့သို့ အသားခပ်လတ်လတ် လူကောင်ထွားထွားကြီးတစ်ယောက် ပေါ်လာသည်။

Luck နာမည် ကို ကြည့်လိုက်ရာ ဓားပျံရှောင်လီ ဖြစ်နေသည်။

“ ဟေ့ ကြည့်လိုက်စမ်း ဓားပျံရှောင်လီနဲ့ သူတွေ့တာပဲဟ ဟားဟား”

[ Start ]

စတယ်ဆိုရင်ပဲ ရှောင်လီက လှုပ်ရှားလိုက်ရာ

ရိပ်ခနဲသာ မြင်လိုက်ရသည်။ လေစွမ်းအား ပါဝင်သော ဓားပျံခြောက်လက် ဝှီးကနဲ Luck ဆီကို တိုးဝင်လာသည်။ Luck ရဲ့ လည်ပင်းကို အဓိက ဓားပျံတစ်ချောင်း တိုးဝင်လာသည်။ မျက်လုံးများနှင့် Luck သေချာစိုက်ကြည့်ပြီးနောက် Luck တစ်ကိုယ်လုံး ငါးဖယ်လို တွန့်လိမ်ပြီး လေထဲတွင် ရှောင်လိုက်သည်။ “ ဝှီး ” ဒါတောင် နားရွက်နားက ဓားတစ်လက် ဖြတ်ထွက်သွားသည်။

ရှောင်လီက မခိုးမခန့် ပြုံးကာ ပြောလိုက်သည်။

“ ကောင်လေး မဆိုးဘူး ” “ ဒီတစ်ခါ ရှောင်နိုင်အုံးမလား ကြည့်တာပေါ့ ”

ပရိသတ်များကတော့ အသက်မရှုရဲဘဲ ကြည့်နေကြသည်။ တစ်စက္ကန့်အကြာတွင် ရှောင်လီနံဘေးကို Luck ရောက်သွားသည်။ ရှောင်လီ ဓားတိုဖြင့် Luck ရင်ဝကို လှမ်းထိုးသည်။ Luck မရှောင်ဘဲ ထောက်လက်သီး တစ်ချက်ကို ထိုးလိုက်သည်။

“ ဝှစ် ” “ စွပ် ”

ရှောင်လီ၏ဓား Luck ရဲ့ ညာပုခုံးတွင် စိုက်သွားပြီး Luck ရဲ့ ထောက်လက်သီးကလည်း ရှောင်လီ၏ လည်ပင်းကို အတိအကျ ထိမိသွားသည်။

“ အုန်း အား စွပ် ”

Luck ရဲ့ ပုခုံးသား စုတ်ပြဲသွားသလို ရှောင်လီလည်း နှစ်စက္ကန့်လောက် မူးဝေပြီး ရပ်တန့်သွားသည်။ Luck ရေရွတ်လိုက်သည်။

“ ဒီအချိန်ပဲ ”

နှစ်စက္ကန့်လောက် ရှောင်လီရပ်သလို ဖြစ်သွားချိန် Luck ရဲ့ အရှိန်ပြင်း ဘယ်ဝိုက်လက်သီးက ရှောင်လီမျက်နှာကို မိတ်ဆက်သွားသည်။

“ ရွှီး ဝှစ် ဘုန်း ”

“ အား ”

ရှောင်လီတစ်ယောက် ဆယ်ပေခန့် လွင့်ထွက်သွားပြီး ပွဲကြည့်စင်မှန်နဲ့ သွားရိုက်ကာ လဲကျသွားသည်။ သူ့ပါးစပ်ရှိ အံသွားအချို့မှာ ကျွတ်ထွက်နေပြီး ကြမ်းပြင်ပေါ် သွေးများနဲ့အတူ ပြန့်ကျဲနေသည်။

“ ဟေး ရေခဲမင်းသား နိုင်ပြီးကွ ဟား ဟား ဟား ”

“ ငါ့ ငဝိုင်းလေး ငါ့လာဘ်ကောင်လေးကွ ဟား ဟား ဟား ”

ပရိသတ်များကလည်း ဝမ်းသာအားရ အားပေနေကြသည်။ မိန်းကလေးတစ်ယောက်က -

“ ရေခဲမင်းသားမှာ ချစ်သူရှိလာမသိဘူး ” “ သူက ငါ့ အိုင်ဒေါလ်ပဲ ဟိ ဟိ ”

[ တွန် ]

[ ၁၀ ပွဲမြောက် အနိုင်ရရှိသည့်အတွက် ဂုဏ်ယူပါသည် ]

[ ဆက်တိုက်အနိုင်ရရှိခြင်းအတွက် ခန္ဓာသန့်စင်ခြင်းဆေးရည်ကို ဆုလာဘ်အဖြစ် ရရှိပါသည် ]

[ ဆက်လက်တိုက်ခိုက်မလား သို့ ရပ်မလား ]

ပရိသတ်ကတော့ အုတ်အော်သောင်းနင်း ဖြစ်နေပြီး ရေခဲမင်းသားရဲ့ လိပ်စာကို အရူးအမူး လိုက်ရှာနေကြပါသည်။ ဒါပေမယ့်လည်း သူတို့ မည်သည့်အချက်အလက်မျှ ရှာမရပေ။ ရုပ်သံလွှင့်လိုင်းများကလည်း Luck ရဲ့ပွဲများကို လွှင့်ပြနေသည်။

မစ္စတာလင်းဖန်တစ်ယောက် ပြသနေသော ဗီဒီယိုကို အရက်သောက်ရင်း ကြည့်နေသည်။

“ ဒီကောင်လေးက တော်လိုက်တာ”

“ မှန်းစမ်း နေပါအုံး မျက်အကျနဲ့ ကိုယ်လုံးကိုယ်ပေါက်က Luck နဲ့ တူလိုက်တာ ”

ခနနေတော့ သူ့ခေါင်းကို ယမ်းရင်း ပြောလိုက်သည်။

“ မဖြစ်နိုင်ပါဘူးလေ ”

Luck တစ်ယောက် ပထမဆုံးအကြိမ် ဒဏ်ရာရသွားသလို တိုက်ကွက်နှစ်ကွက်လည်း ထုတ်လိုက်ရလေသည်။

All Chapters