ချယ်ရီမြေပေါ်ခြေချခြင်း
Vol. 3 Ch. 1
နာမည်ကြီးနိုင်ငံတကာ ရုပ်သံလိုင်းတစ်ခုက အပြည်ပြည်ဆိုင်ရာသတင်းအစီအစဥ်ကို တင်ဆက်လျက်ရှိသည်။
ကြည့်ကောင်းသည့် အနက်ရောင်ဆံပင်ဂုတ်ဝဲနှင့် အာရှအမျိုးသမီးက အင်္ဂလိပ်ဘာသာစကားကို အာရှလေသံဝဲဝဲဖြင့် တင်ဆက်နေခြင်းဖြစ်ပြီး Nikkei Aisa လိုဂိုကြောင့် ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာရုပ်သံလိုင်းဖြစ်ကြောင်း သိရခြင်းဖြစ်သည်။
"လွန်ခဲ့တဲ့တစ်လက ဖြစ်ခဲ့တဲ့ ဟီးရိုးတွေရဲ့အရူးထလူသတ်မှုတွေကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူ စုစုပေါင်း ငါးရာကျော်လာခဲ့ပြီဖြစ်ပြီး ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲပါ။
နယူးယောက်လမ်းမကြီးပေါ်မှာဖြစ်ခဲ့တဲ့ SilverKnightရဲ့အကြမ်းဖျက်မှုနောက်ကွယ်က လက်သည်ကို ဖော်ထုတ်နှိမ်နင်းနိုင်ခဲ့ပြီဖြစ်ပေမဲ့ ယနေ့အခါမှာ အကြမ်းဖက်မှုကြောင့် ဘက်ပြောင်းဗီလိန်တွေအဖြစ် ကြေညာခံထားရတဲ့ ဟီးရိုးရှစ်ဆယ်နီးနီးရှိလာခဲ့ပါပြီ။
ဆုဗာနာနိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းဌာနက သူတို့မင်းသမီးနဲ့အတူ SilverKnight ရှိနေခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် တမင်လုပ်ကြံမှုတစ်ခုမှန်း ပေါ်ပေါက်ခဲပေမဲ့ ဂယက်ထမှုတွေကတော့ ရှိနေဆဲပါ။
အခြားတစ်ဖက်မှာတော့ ကမ္ဘာ့ဟီးရိုးအစည်းအရုံး (Global League of Heroes)ဟာ ပြန်လည်ဖွဲ့စည်းခြင်း အခြေအနေတစ်ရပ်ကို ကြေညာခဲ့ပြီး ဟီးရိုးတွေရဲ့စိတ်အခြေအနေကို လစဥ်စစ်ဆေးနိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။
ယခင်နှစ်ပတ်ခန့်က ဆုဗာနာနယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ မြူတန့်သိပ္ပံအဖွဲ့အစည်းကို ပြန်တိုက်ထုတ်ဖို့အတွက် ဆူဗာနာဟီးရိုးအစည်းအရုံးနဲ့ဥရောပတော်ဝင်ဟီးရိုးအဖွဲ့အစည်း Order of the Knightဟာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ကံမကောင်းစွာနဲ့ S rankဟီးရိုး ဝံပုလွေနှလုံးသားဟာ S rank ဗီလိန်တစ်ယောက်လက်ချက်နဲ့ ကျဆုံးခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ သူ့ကိုနိုင်ငံတော်အခမ်းအနားနဲ့ သဂြိုဟ်ပြီးခဲ့ပါပြီ။"
ရှည်လျားတဲ့ နိုင်ငံတကာ သတင်းဆောင်းပါးကို ဖတ်ရှူပြပြီးနောက် သတင်းတင်ဆက်သူက ခဏနားကာ အသက်ကိုဝအောင် ရှူတယ်။ အဲဒီနောက်တော့ ဆက်ပြီးသတင်းကြေညာပါတယ်။
"ရရှိနိုင်တဲ့ သတင်းရင်းမြစ်တွေအရတော့ မြူတန့်သိပ္ပံအဖွဲ့အစည်းဟာ လျင်လျင်မြန်မြန်တိုးတက်လာနေပြီး ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါပြီ။
ကမ္ဘာ့ဟီးရိုးအစည်းအရုံးရဲ့တရားဝင်ကြေညာချက်အရ မြူတန့်သိပ္ပံအဖွဲ့ရဲ့စပိုင်တွေလို့ ယူဆရတဲ့ ဟီးရိုးသုံးဆယ်ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ရုရှား၊တရုတ်၊တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်က လူသိများတဲ့ဟီးရိုးတချို့ ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့ဟီးရိုးအစည်းအရုံးက ဖောက်ပြန်ရေးဟီးရိုးတွေကို ဆန့်ကျင်ကိုင်တွယ်နေပြီဖြစ်ပေမဲ့ ဟီးရိုးအစည်းအရုံးတွေနဲ့ နိုင်ငံတွေကြားက ဆက်ဆံရေးဟာ အေးစက်နေဆဲပါ။ ဒါပေမဲ့ ကမ္ဘာ့မြူတန့်စစ်ပွဲဖြစ်နိုင်ခြေက မရှိသလောက်ကျဆင်းသွားပြီး ဗီလိန်ဟီးရိုးစစ်ပွဲသာ နောက်တစ်ကျော့ပြန်ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။"
လေယာဥ်ပေါ်မှာရှိနေတဲ့ ဖရာလီတာက ခေါင်းအုံးကိုမှီလိုက်ရင်း မျက်လုံးကိုအနားပေးလိုက်တယ်။ နယ်စားကြီးပြောခဲ့သလိုပဲ ငွေရောင်စစ်သည်တော်ရဲ့အရှုပ်တွေက သတင်းမီဒီယာနည်းလမ်းနဲ့ပဲ ရှင်းလို့ပြီးသွားတယ်။ မက်ဒါနာအနေနဲ့ ထူးထူးခြားခြား ဘာမှလုပ်စရာမလိုခဲ့ဘူး။
အဲဒီအစား ကောင်းမွန်တဲ့ဂုဏ်သတင်းတွေတောင် ပိုတိုးတက်လာသေးတယ်။ ငွေရောင်စစ်သည်တော်ရဲ့ကိုယ်ပိုင်လူမှုစာမျက်နှာပေါ်မှာ လူတွေအများကြီးပဲ ဆွေးနွေးနေကြတယ်။
"ဝိုး... SilverKnightက S rankတွေပါဝင်တဲ့ တိုက်ပွဲကြီးတွေမှာတောင် ပါနေပြီလား။" အံ့ဩစရာကြီး ဆိုပြီးတော့ပေါ့။
မက်ဒါနာကတော့ အထီးကျန်စွာနဲ့ လေယာဥ်ပေါ်မှာပဲ ဆက်အလုပ်လုပ်နေတုန်း။ နဂိုစစ်ပွဲနှလုံးသားကို အဆင့်မြှင့်ထားတဲ့ Battler Heart 2က အပြီးသတ်အဆင့်ကိုရောက်နေပြီ။ ဝတ်စုံထဲထည့်ဖို့ပဲ လိုတော့တာ။
သူတို့က ကိုယ်ပိုင်ဂျက်ပေါ်မှာမလို့ မက်ဒါနာလေး သွားရင်းလာရင်း အလုပ်လုပ်လို့ရနေတယ်။ အခုဆိုရင် ငွေရောင်စစ်သည်တော်က နောက်တစ်ဆင့်မြင့်သွားပြီး A rankထဲကို တရားဝင်ချင်းနင်းဝင်ရောက်သွားပါပြီ။
ဖရာလီတာပေးထားတဲ့ ဒြပ်မှုန်နည်းပညာကို မက်ဒါနာက ကွမ်တမ်ပုံဖော်နည်းသီအိုရီတစ်ခုထုတ်ဖော်ပြီး ပုံသွင်းနိုင်ခဲ့တယ်။ အခုဆိုရင် ဓားသွားတွေလိုလုပ်တာထက် ပိုမြင့်မားတဲ့ ပုံဖော်နည်းစနစ်တွေကို သူတို့လုပ်နိုင်နေပြီ။
စွမ်းအင်ဒိုင်းတို့၊ ဒြပ်မှုန်ဓားချက်တို့၊ စွမ်းအင်စက်ဝန်းအကာအကွယ်တို့ကို သုံးလို့ရလာတယ်။ အပိုအနေနဲ့ လက်မှာလေဆာပစ်လို့ရတဲ့ အသေးစားကိရိယာလေးတွေပါသေးတယ်။ စွမ်းအင်ကုန်ကျမှုလည်းများပေမဲ့ Battler heart 2 က အများကြီးပိုသန်မာတာကြောင့် အကြိမ်ရေတစ်ဒါဇင်နီးပါး သုံးလို့ရတယ်။ အရင်မျိုးဆက်က အားပြန်ဖြည့်ဖို့ နာရီပိုင်းလောက်အချိန်ပေးရပေမဲ့ အခုဒုတိယမျိုးဆက်ကတော့ Void Stream ဖွင့်ထားရင်းနဲ့တောင် နာရီပေါင်းများစွာနေနိုင်အောင် လုပ်ပေးနိုင်တယ်။
အဓိကကတော့ အလိုလျောက်စွမ်းအင်ထုတ်နိုင်စွမ်းရှိပြီး မောင်းနှင်နေချိန်မှာလည်း စွမ်းအင်ထုတ်ပေးနေတာကြောင့် သုံးစွဲအားနဲ့ပြန်ထုတ်လုပ်ပေးတဲ့အား ညီမျှနေသမျှ အားကုန်တဲ့ပြဿနာနဲ့ မကြုံရနိုင်ပါဘူး။ အထဲမှာပါတဲ့ လောင်စာမှုန်တွေကုန်သွားရင် ပြန်ထည့်ဖို့လိုပေမဲ့ နှစ်နဲ့ချီကြာပြီးမှ လဲရတာမျိုးပါ။
ငွေရောင်စစ်သည်အသစ်က ဝတ်စုံရဲ့တစ်လက်မပါမကျန် ဇက်သတ္တုတွေပါ။ ဟောင်ဝပ်ဇာအမြောက်တည့်တည့် ဖင်ပေးရပ်နေရင်းတောင် လေပေါ်မြောက်တက်သွားရုံကအပ ဘာမှမဖြစ်နိုင်ပါဘူး။
စေဘာစတိန်းမှာလည်း ပြောင်းလဲမှုကြီးကြီးမားမား ရှိနေပါတယ်။ အရင်ကလိုပဲ မက်ဒါနာက သူ့ရဲ့Core အဟောင်း Battle heart 1 ကိုပြောင်းထည့်ပေးထားပြီး အထူးအကွက်အနေနဲ့ မိုးကြိုးလျှပ်စီးစက်ကွင်းတစ်ခု ဖန်တီးလို့ရအောင်လုပ်ပေးထားတယ်။
ဒီတော့ စေဘာစတိန်းက ဒုံးကျည်ပစ်စက်အသေးစားလေးတင်မကတော့ဘူး၊ အသေးစားဓာတ်အားပေးစက်ရုံလေးပါ ဖြစ်နေပါပြီ။ နောက်တိုးတပ်မှုက သတ္တုအချွန်သွားတွေကို မော်တာပါတဲ့ လွန်သွားတွေအဖြစ် ပြောင်းတပ်ထားတယ်။ ကိုက်မိတာနဲ့ လွန်နဲ့ထိုးဖောက်ပစ်လို့ရတယ်။ သွားပိုးမစားအောင် ဂရုစိုက်ဖို့ လိုပေမဲ့ပေါ့။
အေမီကတော့လား...။
အသုံးမကျတဲ့ အိမ်ဖော်ဖျော်ဖြေရေးအရုပ်မကို မက်ဒါနာက တစ်စစီဖြုတ်ပြီး ဆုဗာနာအယားကြီးဆိုင်ကို ပို့မလို့လုပ်သေးတယ်။ အိမ်မှာထားရင် မီတာခတက်တဲ့အတူတူ သံတိုသံစစျေးရလည်းမနည်းဘူးဆိုပြီးတော့ပေါ့။
ဖရာလီတာလေး အတားဦးပေလို့ပဲ။ ဒါပေမဲ့ လုံးဝမပြောင်းလဲသွားတာတော့ မဟုတ်ပါဘူး။ ဂြိုဟ်သားတွေ လာတိုက်နိုင်တယ်ဆိုတော့ မက်ဒါနာက Ultron Project လုပ်ဖို့အတွက် အဆိုပြုလာတယ်။
Avengers တွေထဲမှာတော့ သောက်ကျိုးနည်းကျရှုံးသွားတယ်ဆိုပေမဲ့ အေမီလိုသဘောမနောကောင်ပြီး အူကြောင်ကြောင်နိုင်တဲ့ဟာမလေးက ကမ္ဘာကိုအုပ်စိုးပြီး ထိန်းချုပ်ဖို့မပြောနဲ့ အိမ်မှုကိစ္စတောင်နိုင်နင်းတာမဟုတ်ဘူး။ ဒီတော့ လူသားတွေကိုကာကွယ်ပေးဖို့အတွက် ဉာဏ်ရည်တုတပ်ကြီးကိုဖန်တီးပြီးရင် အေမီကိုဗိုလ်ချုပ်ရာထူးပေးဖို့ သူတို့ဆုံးဖြတ်လိုက်တယ်။
အခုဆိုရင် သူတို့တွေက Multi-Combat commanding Programအတွက် စအလုပ်လုပ်နေပြီ။ ပရိုဂရမ်ရဲ့ရည်ရွယ်ချက်က ဉာဏ်ရည်တုငယ်တွေအားလုံးကို ပင်မဉာဏ်ရည်တုကြီး စောင့်ကြည့်ပြီး ထိန်းကျောင်းတိုက်ခိုက်နိုင်ဖို့ပါ။
ပြောရရင် ရီမုတစ်ခုတည်းနဲ့ ဒရုန်းအဆင့်တစ်ရာကို တစ်ပြိုင်တည်းထိန်းသလိုပေါ့။ ဒီလိုလုပ်ဖို့အတွက် အောက်အဆင့်ဉာဏ်ရည်တု(Mobs)တွေက တိုက်ပွဲအတွင်း အခြေအနေကို တတ်နိုင်သလောက် အရိုးအရှင်းဆုံးဒေတာပုံစံပြောင်းပြီး အထက်ဉာဏ်ရည်တု(အေမီ)ကို ပို့ပေးဖို့လိုတယ်။ အေပီကတော့ Mobsတွေကို တိကျအသေးစိတ်တဲ့ ဒေတာအမိန့်တွေ ပြန်ပေးနိုင်ရမယ်။
ဒီအတွက် မက်ဒါနာနဲ့ဆိုဖီယာတို့ပြောင်းပြီးတော့ မင်းလွင်ဘဝကထွင်ခဲ့တဲ့ သတိပေးစနစ်(အခုဝတ်စုံစနစ်)ကို ထပ်ပြီး ဗားရှင်းတင်ခဲ့ကြတယ်။ ဝတ်စုံတစ်ခုတည်းအတွက် တွက်ချက်နိုင်ရုံသာမက ဝတ်စုံရာထောင်ချီကိုပါ တစ်ခါတည်းထိန်းချုပ်တွက်ချက်နိုင်ဖို့ပါ။
သူတို့နှစ်ယောက်တည်းဆိုရင် နှစ်ချီကြာမယ့်ကိစ္စဆိုပေမဲ့ ဖရာလီတာမှာက စတန်းဖို့စ်ဆိုတဲ့ အေမီထက်ဉာဏ်ကောင်းပြီး ကိုယ်တိုင်ပရိုဂရမ်ရေးနိုင်တဲ့ စက်ရုပ်ရှိနေတယ်။ ဒီတော့ သူတို့တွေက အကြမ်းကိုရေးပေးပြီး ဦးလေးစတန်းဖို့စ်က Bugထိုင်ပြင်၊ အချောသတ် အကုန်လုပ်ရတယ်။
မျက်လုံးကို အနားပေးနေတဲ့ ဖရာလီတာတစ်ယောက် ပျင်းလာပြီး မျက်စိကိုဖွင့်ကြည့်လိုက်တယ်။ မက်ဒါနာကတော့ တစ်ကိုယ်တည်း ပစ္စည်းတွေကို ဖြုတ်လိုက်တပ်လိုက် လုပ်နေတုန်းပဲ။
"ဟေး... နင်ပဲမပျင်းမရိ၊ နေရောညရော အလုပ်ပဲလုပ်နေတော့တာပဲ။ အိပ်ရောအိပ်ရဲ့လား။"
မက်ဒါနာကတော့ အသေးမလေးကို လှည့်တောင်မကြည့်ဘဲ ဂဟေဆော်ရင်သုံးတဲ့ မျက်နှာဖုံးကြီးကိုတပ်ပြီး ဂေါက်နဲ့ Void Streamလမ်းကြောင်းတွေကို ဆက်နေတယ်။
"ငါ့ဦးနောက်က လင်းပိုင်ဦးနောက်လိုပဲလေ။ တစ်ခြမ်းစီ ခွဲအိပ်ခိုင်းလို့ရတယ်။"
"တကယ်ကြီးလား..." ဖရာလီတာလေး အဟုတ်ထင်သွားတာတွေ့တော့ မက်ဒါနာတခွိခွိရယ်လိုက်ပြီး ခေါင်းကိုခါယမ်းလိုက်တယ်။
"ဘယ်ကသာ၊ ငါတစ်နေလုံးမအိပ်ရသေးတာ။ ဒီလမ်းကြောင်းတွေ ပျင်းပြီးရင်ပြီးပြီ။ အဲဒီမှာအေးအေးဆေးဆေး အန်နီမေးလ်ကားပြီး စောင့်နေလိုက်ဦး။"
"ဟေး... ကလေးလိုဆက်ဆံနေတာရပ်လိုက်တော့၊ ငါက ကလေးကလား ဂျပန်ကာတွန်းကားမကြည့်ဘူးဟဲ့။"
တကယ်တော့ လေယာဥ်ပေါ်မှာ လူသားစင်စစ်ဆိုလို့
သူတို့နှစ်ယောက်ပဲ ပါလာကြတာပါ။ မက်၊ လယ်ရီ၊ မိုးတို့ကို ဆိုဖီယာထားခဲ့ပေမဲ့ သူတို့တွေက ဂြိုဟ်သားမလို့ ထည့်ရေလို့မရဘူး။
ကိုရီးယားဒရမ်မာကြည့်ပြီး အားအားရှိအချိန်ဖြုန်းနေတဲ့ အေမီနဲ့လေယာဥ်မောင်းတာဝန်ယူထားရတဲ့ ဦးလေးစတန်းဖို့ခ်ကတော့ အဆင့်မြင်ဉာဏ်ရည်တုတွေ။
ဖလေရာကတော့ ကုမ္ပဏီကိစ္စအတွက် အမေရိကပြန်သွားပြီ၊ တာဝန်ပြန်ထမ်းဆောင်ရမယ့် လင်ဒါကလည်း လိုက်သွားရတာပေါ့။
ဖရက်ကတော့ ဂျပန်ကို သူ့အစီအစဥ်နဲ့သူ ကြိုသွားတယ်။ အိုခီနာဝါမှာရှိနေတဲ့ အပြည်ပြည်ဆိုင်ရာမြူတန့်အကျဥ်းထောင်ဟာ သူ့အဖေကို ဖမ်းထားတဲ့နေရာပါ။ သူကိုယ်တိုင်ကလည်း ပြည်ပြေးဗီလိန်မလို့ တရားဝင်ထောင်ဝင်စာသွားတွေ့လို့မရဘူး။ ကြည့်ရတာ တရားမဝင်ထောင်ဝင်စာတွေ့ဖို့ ကြိုးစားမယ့်ပုံပဲ။
ဆူဗာနာမှာ သူမက်ဒါနာနဲ့အတူရှိနေလို့ ပြဿနာမရှိပေမဲ့ ဂျပန်မှာတော့ မတူပါဘူး။ ဒါကြောင့် အရိပ်ထဲကနေပဲ ဆက်ကာကွယ်ပေးမယ့်ပုံပဲ။
ပုံမှန်အမြင်နဲ့ဆိုရင်တော့ ဖရာလီတာအတွက် မက်ဒါနာနဲ့ အတူရှိနေခွင့်ရတာက ကောင်းချီးတစ်ခုပါ။ ဒါပေမဲ့ ဆူညံပူညံလုပ်ပြီး ဝိုင်းလုမယ့်သူမရှိတော့ ပျင်းစရာကြီး ဖြစ်နေပြန်ရော။
ကာတွန်းကားမကြည့်ဖူးချည်းပဲ တွင်တွင်ညည်းနေတဲ့ ဖရာလီတာကြောင့် မက်ဒါနာက ဂဟေဆော်တဲ့ ဂေါက်ကို ခဏချထားလိုက်ပြီး လှည့်ကြည့်လိုက်တယ်။
"ဟမ်... နင်က တကယ်မကြည့်ဘူးပေါ့လေ။ Laputa ကြည့်ဖူးလား။ ငါနင့်ကိုပြမယ်လေ။"
ခဏနေပြီးနောက်...
"ဝိုး၊ အရမ်းရိုမန့်တစ်ဆန်တာပဲ။ ရှီတနဲ့ပါဇူးကို ငါသဘောတူတယ်ဟေ့။ ဟေး၊ဒါနဲ့... ငါတို့လည်း ကောင်းကင်ပေါ်မှာ ပျံနေတဲ့ ခေတ်မီရဲတိုက်ကြီးတစ်ခု အတူဆောက်ရင်ကောင်းမလား။ ဦးလေးစတန်းဖို့ခ်ရေ ရုပ်ရှင်ကြည့်ရင်းစားဖို့ ကွက်ကီးနဲ့လက်ဖက်ရည်နည်းနည်း လာပို့ပေးပါဦး။"
မက်ဒါနာ: "...."
"နင်ပြောတော့ ကလေးကလားတွေ မကြည့်ဘူးဆို။"
၂။
အမြဲမှောင်မိုက်နေသည့် ကြယ်တာရာပင်လယ်ထဲတွင်ဖြစ်သည်။ ဖက်ဒရေးရှင်းအဖွဲ့၏မိခင်သင်္ဘောတစ်စင်းဖြစ်သော ဆော်လမွန်က တာဝန်ကျရာနယ်မြေကို ကင်းလှည့်နေပါသည်။
ဆော်လမွန်စစ်သင်္ဘောကြီးမှာ အချင်းကီလိုမီတာ နှစ်သောင်းရှည်ပြီး အမြင့်ကီလိုမီတာနှစ်ထောင်ခန့်ရှိသောကြောင့် အရွယ်အစားသက်သက်ကပင် အရံဂြိုဟ်တစ်လုံးနှင့် ညီမျှနေပြီ၏။
ယင်းယာဥ်ပျံ၏ဘေးပတ်ဝန်းကျင်တွင်တော့ ဖရီးဂိတ်အမျိုးအစား စစ်ယာဥ်ပျံလေးဆင်းက လိုက်ပါစောင့်ရှောက်လျက်ရှိသည်။
စစ်ယာဥ်ပျံပေါ်ရှိ တပ်စုခေါင်းဆောင်က အစိမ်းရောင်မျက်သူငယ်အိမ်များနှင့် ရွှေဝါရောင်ဆံပင်ရှည်များရှိသည့် ချောမောသော အာကသနတ်သူငယ်မျိုးနွယ် အမျိုးသားတစ်ဦးဖြစ်ပေသည်။
ထိုအမျိုးသားက အာကာသတစ်နေရာသို့ လက်ညိုးညွန်ပြလိုက်ပြီး ဘေးမှတပ်စုမှူးတစ်ယောက်ကို ပြောလိုက်သည်။
"ဟိုက အစိမ်းရောင်အာကာသလှိုင်းတွေကိုကြည့်စမ်း၊ တစ်ယောက်ယောက် ခွင့်ပြုချက်မရှိဘဲ ငါတို့နယ်မြေထဲကို တယ်လီပေါ့သုံးဝင်လာတာပဲ။"
လူပုတပ်စုမှူးက ခေါင်းညိတ်လိုက်ပြီး အုပ်စုခေါင်းဆောင်ကို ပြန်ဖြေလိုက်၏။
"စိတ်မပူပါနဲ့၊ နယ်ကျွန်ပြီးဝင်လာတဲ့ အင်ပါယာကင်းလှည့်အုပ်စုဖြစ်ရင်ဖြစ် ဒါမှမဟုတ်လည်း အာကာသဓားပြအုပ်လေးတွေနေမှပေါ့။ ကင်းထောက်ယာဥ်ပျံအုပ်စုကို သွားခိုင်းလိုက်မယ်။"
မိခင်သင်္ဘောဝမ်းထဲတွင်တော့ စိတ်ရှိတိုင်းပျော်ပျော်နေတတ်ကြသည့် အသားအရေအစိမ်းရောင်ရှိသော ဂေါ်ဘလင်မျိုးနွယ်များက အရက်သောက်ပွဲကြီးကို ကျင်းပနေကြသည်။
သို့သော်လည်း အမိန့်ပေးစင်တာမှ အမိန့်ကျသည်နှင့် ဂေါ်ဘလင်များက ချက်ချင်းအမူးပြေသွားကြပြီး ဆိုင်ရာယာဥ်ပျံများပေါ် တက်လိုက်ကြ၏။
ကမ္ဘာ့အချိန်သတ်မှတ်ပုံဖြင့် တစ်နာရီခန့်အကြာတွင် သူတို့က ရန်သူ့ယာဥ်ပျံအုပ်စုရှိသည့်နေရာသို့ ရောက်သွားပြီး ယာဥ်ပျံများကို စိတ်ရှိလက်ရှိပစ်ခတ်ကာ ဖျက်ဆီးပစ်လိုက်ကြသည်။
ဂေါ်ဘလင်များက အာကသဓားပြများ၏ဘိုးအေများဖြစ်ပြီး ယာဥ်ပျံချင်းစီးချင်းတိုက်ရမည်ဆိုပါက ဘယ်သူ့ကိုမှမကြောက်ကြပေ။
ယာဥ်ပျံတပ်စုခေါင်းဆောင်က အမိန့်ပေးစင်တာနှင့် ဆက်သွယ်လိုက်သည်။
"အလုပ်ပြီးသွားပြီ၊ ရန်သူက အင်ပါယာကင်းလှည့်ယာဥ်တွေပဲ။ ခါတိုင်းနယ်ကျွံနေကျထက် နည်းနည်းပိုပြီး အင်အားများပေမဲ့ အဆင်ပြေပါတယ်။"
လူပုတပ်စုမှူးက ယာဥ်ပျံအုပ်စုခေါင်းဆောင်ကို လှည့်ကြည့်ပြီး အစီရင်ခံလိုက်သည်။ အမိန့်ပေးစင်တာတစ်ခုလုံးက ပေါ့ပေါ့ပါးပါးဖြစ်နေပြီး သိပ်မစိုးရိမ်ကြပေ။ သူတို့စောင့်ရှောက်နေသည့် ဂလက်ဆီနယ်ခြားတွင် ယခုလိုအဖြစ်အပျက်မျိုးက မကြာခဏဖြစ်လေ့ဖြစ်ထရှိပြီး စိုးရိမ်စရာသိပ်မရှိပေ။
သို့သော်လည်း အုပ်စုခေါင်းဆောင်က မျက်ခုံးပင့်လိုက်ပြီး လူပုတပ်မှူး၏အင်တာကွန်းကို လုယူကာ မေးလိုက်သည်။
"ပုံမှန်ကင်းလှည့်တပ်ဖွဲ့ထက် အင်အားများတယ်လို့ ပြောတယ်မဟုတ်လား၊ သူတို့ဘယ်နှစ်စင်းလဲ။ တစ်ဒါဇင်ပြည့်လား။"
"ဆယ်နှစ်စင်းပါ။"
"တပ်စုမှူးယာဥ်မှာ အနီရောင်အလံခြယ်ထားတာတွေ့လာ။"
ဂေါ်ဘလင်စစ်ဗိုလ်က ပျက်စီးနေသည့် အပျက်အစီးများကြားထဲ လိုက်လံကြည့်ရှူရင်း ပြန်အဖြေပေးလိုက်သည်။
"ဆာ... အနီရောင်အလံက တကယ်ပဲရှိနေတယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။"
"ချီးပဲ..." နတ်သူငယ်ယာဥ်အုပ်စုခေါင်းဆောင်က တစ်ချက်ကျိန်ဆဲလိုက်ပြီး လက်အောက်ငယ်သားများကို ချက်ချင်းအမိန့်ပေးလိုက်သည်။
"အဲဒါကင်းလှည့်အုပ်စုမဟုတ်ဘူး၊ ကင်းထောက်အုပ်စုပဲ။ ပိုးကောင်တပ်မကြီးက သူတို့နောက်ကနေ ပါလာလိမ့်မယ်။ ငါတို့မှာအချိန်မရှိဘူး၊ ယာဥ်ပျံအားလုံးကို အသင့်ပြင်ခိုင်းပြီး ဌာနချုပ်ကိုဆက်..."
"ဝုန်း...."
ရုတ်တရက် စကြဝဠာတည်ရှိမှုက တွန့်လိမ်သွားပြီး သူတို့မြင်ကွင်းပြည့်လုမတက် အစိမ်းရောင်အလင်းလွှာကြီးက အာကာသဟင်းလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အာကာသရေဒါစနစ်သည်ပင် ထိုအလင်းလွှာကြီး၏အစနှင့်အဆုံးကို မမြင်နိုင်ကြပေ။
အလင်းလွှာကြီး ပျောက်ဆုံးသွားချိန်တွင် သူတို့ရှေ့၌ အင်ပါယာတပ်ဖွဲ့တစ်ခုလုံးရှိနေပြီဖြစ်ပြီး သူတို့ယာဥ်နှင့်အရွယ်အစားချင်းယှဥ်နိုင်သော ဇီဝသက်ရှိပိုးကောင်ကြီးလေးကောင်က မိခင်ယာဥ်များတာဝန်ကို ယူထားသည်။ မျက်စိအဖမ်းစားဆုံးမှာ အလယ်တွင်ရှိနေသည့် ခေါင်းတွင်အနီရောင်ခြယ်သထားသော မိခင်ပိုးကောင်ကြီးဖြစ်ကာ ကျန်ပိုးကောင်များထက် ပိုကြီးမားနေသည်။
"သေစမ်း၊ သက်တမ်းအရင့်ဆုံး ပိုးကောင်မိခင်ကြီး။
အင်ပါယာဘုရင်မရဲ့အမှတ်အသားပဲ။"
...
ကမ္ဘာမြေထက် အနည်းဆုံးလေးဆခန့်ကြီးမားသော စိမ်းပြောရောင်ဂြိုဟ်ကြီးတစ်ခု။
ယင်းဂြိုဟ်ကြီးကို သက်ရှိတို့ပြုပြင်ဖန်တီးထားသော သတ္တုဂြိုဟ်ခါးပတ်ကွင်းကြီးက လှည့်လည်နေပြီး ခံတပ်ဂြိုဟ်ခါးပတ်ကွင်းကြီးလည်းဖြစ်သည်။
စိမ်းပြာရောင်ဂြိုဟ်ကြီးကို သစ်တောရှစ်ဆယ်ရာခိုင်နှုန်းနှင့် မြစ်ချောင်းအင်းအိုင်နှစ်ဆယ်ရာခိုင်နှုန်းက ဖုံးလွှမ်းထားသည်။
ဂြိုဟ်မြောက်ဝင်ရိုးစွန်းရှိပင်လယ်ပြင်နှင့် ပင်မမြစ်ကြီးလေးစင်းက အားလုံးထဲတွင် မျက်စိဖမ်းစားစရာအကောင်းဆုံးဖြစ်၏။
ဖက်ဒရေးရှင်းရုံးစိုက်ရာ မြို့တော်ဂူလ်နီလာ။
စိမ်းပြာရောင်ဂြိုဟ်ကြီးပေါ်တွင် မိုးထိအောင်မြင့်မားသည့် ကျောက်သားရုပ်ထုကြီး ၁၂ခု ရှိသည့် လွင်ပြင်နေရာတစ်ခုရှိသည်။
ရုပ်ထု၁၂ခု၏အလယ်တွင်တော့ စက်ဝိုင်းပုံစံ သဘာဝ ကျောက်ဖျာကြီးတစ်ခုရှိနေကာ ကျောက်ဖျာကို ကျောက်သားပလ္လင် ၁၂ခုကို စက်ဝိုင်းသဏ္ဍာန်ဝိုင်းကာ ချထားသည်။
ယင်းပလ္လင်တစ်ခုစီက ဖက်ဒရေးရှင်း၏မျိုးနွယ် ၁၂ ခုမှ ခေါင်းဆောင်ဆယ့်နှစ်ပါးကို ကိုယ်စားပြုသည်။
သို့သော် ယနေ့ခေတ်တွင်တော့ ဖက်ဒရေးရှင်းရှိ ခေါင်းဆောင်ကြီးအများအပြား ကျဆုံးသွားပြီးဖြစ်ကာ တချို့ထိုင်ခုံများမှာတော့ ဆက်ခံသူမဲ့လျက်ရှိပေသည်။
ဒိုင်နိုဆောခေါင်းရှိကာ မတ်တပ်ရပ်နေသည့် ပုတ်သင်နှင့်တူသော သက်ရှိသတ္တဝါတစ်ကောင်က သူ၏အပေါ်ရုံချပ်ဝတ်ကို ချွတ်လိုက်ပြီး ကျောက်သားပလ္လင်တစ်ခုတွင် ဝင်ထိုင်လိုက်၏။ သူက ရုပ်ထုကြီး ၁၂ခုအနက်မှ လူပုဘုရင်ဝေးလ်၏ရုပ်ထုကြီးကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။
"မိတ်ဆွေကြီး... ဒီအဖွဲ့အစည်းကို မင်းတည်ထောင်ခဲ့တာ။ ဒါပေမဲ့ မင်းထွက်သွားခဲ့တာ ဂူလ်နီလာပြက္ခဒိန်နဲ့ဆိုရင် ကိုးဆယ့်တစ်နှစ်ရှိသွားပြီ။"
(မှတ်ချက်- ဖက်ဒရေးရှင်းရဲ့ပြက္ခဒိန်က မြို့တော်ဂူလ်နီလာဂြိုဟ်ရဲ့နေကိုပတ်တဲ့အချိန်အပေါ် မူတည်ပြီးပေးထားတာပါ။ သူတို့ဂြိုဟ်က သူတို့နေကိုပတ်ဖို့ ရက်လေးရာကြာတဲ့အတွက် Earthရဲ့ပြက္ခဒိန်နဲ့တော့ နည်းနည်းကွဲပါလိမ့်မယ်။)
လူပုဘုရင်ဝေးလ်က မက်၊လယ်ရီ၊မိုးတို့လက်ချက်ကြောင့် အင်ပါယာဘုရင်မနှင့်အတူ မရဏလမ်းကို ပြန်လမ်းမရှိကြွမြန်းခဲ့သူဖြစ်ပြီး ဖက်ဒရေးရှင်ကို မူလတည်ထောင်သူတစ်ဦးလည်းဖြစ်ပေသည်။
"မင်းမရှိတော့တာ နှစ်တစ်ရာမပြည့်သေးဘူး၊ ဒါပေမဲ့ အင်ပါယာဘက်က နောက်ဘုရင်မအသစ်ကို မွေးထုတ်ပြီး ငါတို့တပ်ဖွဲ့တစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီ။ ဒီမုန်တိုင်းမှာ ငါတို့ယှဥ်ကျန်ပါ့မလား။"
ရတ်တာဘုရင်က လက်ရှိဖက်ဒရေးရှင်းသမ္မတဖြစ်ပြီး အစည်းအဝေးမစခင် သူ့ဘာသာသူ တစ်ဦးတည်ရေရွတ်နေခြင်းဖြစ်သည်။
သို့သော်လည်း အခြားအဖွဲ့ဝင်များရောက်ရှိလာချိန်တွင်တော့ သူက ပလ္လင်မှထလိုက်ပြီး အားလုံးကို ကြိုဆိုလိုက်ကြသည်။
"ကြိုဆိုပါတယ်၊ ဖက်ဒရေးရှင်းရဲ့ဂုဏ်သရေရှိအကြီးအကဲများ။ ခင်ဗျားတို့က ရတ်တာ၊ လူပု၊ နတ်သူငယ်၊ နတ်လူ၊ ဂေါ်ပလင်၊ နတ်ဘုရားအသံနဲ့ အခြားမျိုးနွယ်စုတွေကို ကိုယ်စားပြုပြီး တက်ရောက်လာခဲ့တာပဲ။ အခုကနေစပြီး ဖက်ဒရေးရှင်းရဲ့ကံကြမ္မာကို ဆုံးဖြတ်မယ့် အစည်းအဝေးကို စတင်ပါတော့မယ်။"
၂။
ဂျပန်ဟာ အနောက်မြောက်ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းနိုင်ငံလေးတစ်ခုပါ။ ၂၀၃၂ ခုနှစ်မှာတော့ လူဦးရေ သန်း ၁၁၀ ဝန်းကျင်ရှိပြီး GDP အဆင့်အရဆိုရင် ကမ္ဘာ့အဆင့်သုံးမှာ ရပ်တည်နေပါတယ်။ တစ်ဦးချင်းဝင်ငွေကတော့ အဆင့် ၂၀ ပတ်ချာလည်မှာရှိပါတယ်။
နိုင်ငံတော်သီချင်းကတော့ 'မင်းမြတ်အုပ်စိုးလေသည်' အဓိပ္ပါယ်ရတဲ့ 'Kimi ga Yo'ပါ။ ဒုတိယကမ္ဘာစစ်မှာ ဝင်ရိုးတန်းသုံးနိုင်ငံဘက်ကနေ တိုက်ခိုက်ခဲ့ပြီး ၁၉၄၇ ခုနစ်မှာ လက်နက်ချခဲ့ပါတယ်။ ထိုစဥ်က ဘိုးတော်ဧကရာဇ် ဟီရိုဟီတိုဟာ သူတို့ရှုံးနိမ့်ခဲ့တာမဟုတ်ဘဲ ပိုသန်မာတဲ့နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲသွားတာလို့ ပြောခဲ့ပါတယ်။
ယနေ့အခါမှာတော့ ဂျပန်ဟာ S rank ဟီးရိုးတစ်ယောက်ရှိပြီး နည်းပညာရော စီးပွားရေးမှာပါ အာရှရဲ့မဟာရှေ့ဆောင်နိုင်ငံကြီးအဖြစ် တည်ရှိနေဆဲပါ။
ဒါပေါ့၊ ဒါတွေအားလုံးကို မက်ဒါနာသိထားပြီးသား။ ဘေးနားမှာရှိနေတဲ့ ဖရာလီတာက အကုန်ပြောပြနေတာကိုး။ ဖရာလီတာရဲ့အကျင့်က တစ်ခါတလေမှာ ဖရန့်ကျန်းနဲ့ဆင်တူတယ်။ စကားတစ်ခွန်းကို ထပ်ခါတလဲလဲ ပြောတာမျိုးမရှိရုံပဲ။
ဖရာလီတာက အမေရိကန်ထက်စာရင် ဂျပန်ကို ပိုသဘောကျပါတယ်။ အကြောင်းက ဘုရင့်နိုင်ငံတစ်ခုဖြစ်နေပြီး ဗြိတိန်နဲ့အတိုင်းအတာတစ်ခုအထိ ဆင်တူတဲ့ ထုံးတမ်းစဥ်လာတွေရှိလို့ပါ။
"တိုကျိုမှာ အာကီဟာဘာရာဆိုတဲ့ ဒီဂျစ်တယ်ပစ္စည်းစျေးကြီးက နာမည်အကြီးဆုံးတဲ့၊ ဟီးရိုးပစ္စည်းတွေလည်း ရလောက်မယ်ထင်တယ်။ သွားကြည့်ရအောင် နော်...နော်..." လေဆိပ်မှာ အုပ်ထိန်းသူမပါတဲ့ကလေးဆိုပြီး လေဆိပ်ဝန်ထမ်းမမတွေ ဝိုင်းစစ်တာခံရတဲ့ ဘေးကနေ ဖရာလီတာကို မက်ဒါနာကယ်ထုတ်လာပြီးနောက် ကောင်မလေးက ချက်ချင်းပူစာလာတယ်။
ဒါပေါ့၊ မက်ဒါနာကတော့ အာကီဟာဘာရာကို အန်နီမေးလ်ကားတွေနဲ့ အိုတာခုပစ္စည်းတွေအစုံရတဲ့နေရာလို့ပဲ မြင်နေတာ။ တကယ်တော့ ဖုန်း၊လက်တော့နဲ့ တခြားလူမှုနည်းပညာပစ္စည်းတွေအများကြီးရောင်းတယ်။ ဒါကြောင့် ဂျပန်ရဲ့အထင်ကရဟီးရိုးအထောက်အကူပြုပစ္စည်းဆိုင်တွေလည်း အဲဒီမှာရှိနိုင်တယ်။
"ဒါပေမဲ့၊ ငါတို့တွေ ဟိုတယ်အခန်းတောင် မငှားရသေးဘူးလေ။"
ဒါပေမဲ့ ဖရာလီတာလေးကတော့ မက်ဒါနာလက်ကို အတင်းဆွဲပြီးတော့ ရှေ့ကနေ သွားနှင့်နေပြီ။ စတန်းဖို့စ်ကတော့ သူတို့အထုတ်တွေကို ဆွဲယူလိုက်ပြီး ဦးညွှတ်ပါတယ်။
"မမလေးတို့၊ နေစရာကိစ္စအတွက် စိတ်မပူပါနဲ့ ကျွန်တော်စီစဥ်လိုက်ပါ့မယ်။"
ဒီလိုနဲ့ ဖရာလီတာ၊ မက်ဒါနာနဲ့ အေမီတို့သုံးယောက် တက္ကစီကားစီးပြီး အာကီဟာဘရာကို ရောက်လာကြတယ်။
အာကီဟာဘရက ချီရိုဒရပ်ကွက်မှာရှိတာ။ ဒုတိယကမ္ဘာစစ်ပြီးခါစက မှောင်ခိုစျေးဆိုပေမဲ့ နောက်ပိုင်းမှာ လျှပ်စစ်ပစ္စည်းတွေရောင်းတဲ့နေရာဖြစ်လာတယ်။ မက်ဒါနာကတော့ လမ်းထဲဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့ တင်လုံးလုံးရင်လုံးလုံး 2Dမလေးတွေရဲ့ဆိုင်းဘုတ်တွေနဲ့ နီယွန်မီးတွေထွန်းထားတဲ့ ဆိုင်တွေကြောင့် သက်ပြင်းချလိုက်တယ်။
နောက်ဆုံးတော့ ရောက်ဖူးချင်နေတဲ့ အိပ်မက်ကမ္ဘာလေးကို တကယ်ရောက်လာပြီလေ။ မက်ဒါနာ ငယ်ငယ်က စူပါဟီးရိုးဇာတ်လမ်းတွေကိုပဲ အဓိကထားကြည့်ဖြစ်ပေမဲ့ ဂျပန်အန်နီမေးရှင်းတွေမှာလည်း ဟီးရိုးဇာတ်ကားတွေက အများကြီးရှိနေတာလေ။ ဒီတော့ ဒါဇင်နဲ့ချီပြီးကြည့်ဖူးတယ်။ Studio Ghibli ကားတွေဆိုရင်လည်း ငယ်ငယ်ကတည်းက အသည်းစွဲပဲ။
ယောက်ျားလေးတွေထဲမှာ One pieceနဲ့ Naruto မကြည့်ဖူးတဲ့လူရှိလို့လား။ အဲ၊ လောလောဆယ်တော့ မိန်းကလေးဖြစ်နေပေမဲ့ မက်ဒါနာယောက်ျားလေးဘဝတုံးက ကြည့်ဖူးတယ်ပြောတာ။
ဒါပေမဲ့ သူတို့စရောက်ရောက်ချင်းမှာပဲ လမ်းထဲမှာရှိသမျှ လူတွေအကုန်လုံးရဲ့အကြည့်က မက်ဒါနာတို့အပေါ် ကျရောက်လာတယ်။
Cosplayမလေးတွေရဲ့မနာလိုတဲ့အကြည့်၊ လူအစစ်တွေကိုဂရုမစိုက်ဘဲ Figure တစ်ရုပ်ကို ဓာတ်ပုံရိုက်နေတဲ့ ဖက်တီးကောင်လေး၊ ဆံပင်တုကြီးခေါင်းစွပ်ပြီး အရုပ်ခေါင်းအုံးကြီးကို ဖက်ပြန်လာတဲ့ လူငယ်လေးနဲ့ အေမီလိုအရုပ်မတစ်ရုပ်ကို နမ်းဖို့လုပ်နေတဲ့ digisexual ကောင်လေးတို့ရဲ့အကြည့်တွေက သူတို့ပေါ်ကို ရောက်လာကြတာပါ။
တစ်ခဏတာ တိတ်ဆိတ်သွားပြီးတဲ့နောက်မှာ အကုန်လုံးချောင်းပေါ်ကို မိုးကြိုးပစ်ချခံလိုက်ရသလိုမျိုး ပေါက်ကွဲထွက်သွားတယ်။
"ဘာ... ဘာတွေဖြစ်နေတာလဲ..."
"ငါတို့ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်။"
"နတ်... နတ်သမီးလေးတွေ တကယ်ရောက်လာတယ်ဟ။"
"ဒီလောက်ပီပြင်တဲ့ Cosplayမျိုး မမြင်ဖူးဘူး၊ သူတို့က Animeထဲကနေ ခုန်ထွက်လာတဲ့အတိုင်းပဲ။"
"ဒါပေမဲ့ ဒီဇာတ်ကောင်တွေက ဘယ်ဇာတ်ကားထဲကလဲ..." လမ်းပေါ်မှာရှိနေတဲ့ အိုတာခုတွေအကုန်လုံး ခေါင်းခြောက်နေကြပြီ။ သူတို့မသိတာလည်း မဆန်းဘူးလေ၊ မက်ဒါနာတို့က Anime ဇာတ်ကောင်တွေမှ မဟုတ်တဲ့ဥစ္စာကို။
ဖရာလီတာကတော့ ကြောက်လွန်းအားကြီးလို့ မက်ဒါနာနောက်ဝင်ပုန်းနေတယ်။ လူထူးဆန်းကြီးတစ်အုပ်က သူတို့ကိုဝိုင်းကြည့်နေတဲ့အတွက် ဘယ်သူမဆို ကြက်သီးထမှာပဲလေ။
"မက်ဒါနာရေ၊ ငါတို့တွေ ငရဲကိုလမ်းမှားပြီး ရောက်သွားတာလား။"
"အင်း... ဒီနေရာက အာကီဟာဘရာဆိုတော့ ဒီလိုတုံ့ပြန်ခံရတာ ပုံမှန်ပါပဲ။" မက်ဒါနာက ဖရာလီတာလေးကို ပြန်ဖြေပေးလိုက်တယ်။
လူအုပ်ထဲကတစ်ယောက်ကတော့ မက်ဒါနာရဲ့ဆံပင်ဖြူဖြူလေးတွေကို စသတိထားမိသွားပြီး အားလုံးကိုပြောလိုက်ကြတယ်။
"ဟေး... အဲဒီဆံပင်အဖြူတွေကို ငါသိတယ်။ ဆုဗာနာနယ်စားမင်းသမီးလေးမှာ အဲဒါမျိုးရှိတယ်လေ။ နယ်စားမင်းသမီးလေးလို Cosplayနေတာ ဖြစ်ရင်ဖြစ်မှာ။"
"ဟိုတစ်ယောက်ကလည်း Gosickထဲက ဂယ်လိုလေး ထွက်လာတဲ့အတိုင်းပဲ၊ ရွှေရောင်နဲ့ငွေရောင်အတွဲလေး။"
"နောက်က ညိုချောMaidလေးကလည်း တကယ်ချစ်စရာလေး။"
"မိန်းကလေးတို့ ဓာတ်ပုံလေးတွဲရိုက်ပါရစေ။"
"လက်မှတ်ထိုးပေးပါဦး။"
"စိတ်မရှိရင် လက်ကလေးကိုင်လို့ရမလား။" ဒါပေမဲ့ သူတို့က နှာဘူးရုပ်ကြီးတွေနဲ့ ဂျပန်လိုပြောနေတာမလို့ မက်ဒါနာတို့နားမလည်ဘံ ကြောက်စိတ်က ပိုသည်းလာတာပဲရှိတယ်။
ဒီတစ်ခါတော့ မက်ဒါနာနဲ့ဖရာလီတာတို့နှစ်ယောက်ရဲ့မျက်နှာတွေ ကြောက်ရွံမှုကြောင့် အေးခဲသွားလေရဲ့။ မက်ဒါနာကတော့ စစဥ်းစားနေပြီ၊ အရင်တစ်ခါလိုပဲ ငွေရောင်စစ်သည်ချပ်ဝတ်ကြီးကို လာကယ်ခိုင်းရမလား။ ပြဿနာက သူတို့တိုက်ပွဲဝင်ဝတ်စုံတွေက ဦးလေးစတန်းဖို့စ်ဆီမှာ။ ဘာပဲပြောပြော စျေးဝယ်ထွက်တုန်း အဲဒါတွေသယ်သွားတာက သိပ်သဘာဝမကျဘူးလေ။
သူတို့တွေ မတတ်သာတဲ့အဆုံး ရေလိုက်ငါးလိုက်နေရတော့မယ်လို့ ထင်နေတဲ့အချိန်မှာပဲ မြေဆွဲအားနည်းပညာနဲ့ပျံနေတဲ့ ဒရုန်းလေးတစ်ခုက လူအုပ်ကြားထဲက ထွက်လာပြီး မိန်းကလေးတစ်ယောက်ရဲ့ခပ်မာမာလေသံကို ကြားလိုက်ရတယ်။
"ဟေ့... နင်တို့နှာဘူးကောင်တွေ၊ Cosplayer ညီမလေးတွေကို ဒုက္ခပေးနေကြပြန်ပြီလား။"
အသံလာရာကို ကြည့်လိုက်တော့ မျက်လုံးထဲဝင်လာတာက လက်မောင်းကြွက်သားတွေနဲ့ဝမ်းဗိုက်က ဆစ်ပက်။
'နေပါဦး၊ ခုဏက မိန်းကလေးအသံကြားလိုက်တာ မဟုတ်ဘူးလား၊ ဘယ်က အစ်ကိုကြီးရောက်လာတာလဲ။' မက်ဒါနာလည်း ကြောင်တောင်တောင်နဲ့ ရောက်လာတဲ့အစ်ကိုကြီးကို ကြည့်လိုက်တယ်။
နေလောင်ထားတဲ့ပုံစံနဲ့ အညိုရောင်သန်းနေတဲ့ အသားအရေ၊ သဘာဝအနက်ရောင်ပေါ်မှာ ရွှေအိုရောင်ထက်ဆိုးထားတဲ့ဆံပင်ရှည်နဲ့ ခရမ်းရောင်မျက်ကပ်မှန်ကို သူတို့မြင်လိုက်ရတယ်။
အဝတ်အစားကတော့ ဗိုက်ပေါ်ရှပ်အင်္ကျီပေါ်မှာ လက်ရှည်ဂျာကင်ကို ဇစ်မဆွဲပဲဝတ်ထားတာ။ အဲဒါကြောင့် ဗိုက်ကကြွက်သားတင်းတင်းရင်းရင်းတွေကို မြင်နေရတာပေါ့။ ငယ်ငယ်က မယ်လီလိုကြမ်းကြမ်းတမ်းတမ်းမိန်းကလေးကို Crush မိဖူးတဲ့ မင်းလွင်တောင် ဒီမိန်းကလေးကိုမြင်တော့ နည်းနည်းလန့်လာမိတယ်။
အဲဒီကြွက်သားတွေက မိန်းကလေးတစ်ယောက်အတွက် မများလွန်းဘူးလား။ ပြီးတော့ အဲဒီမိန်းကလေးက သူတို့ထက် နှစ်အနည်းငယ်ပဲ ပိုကြီးမယ့်ပုံပေါ်တယ်။ ဒါပေမဲ့ပြင်းထန်လွန်းတဲ့ လေ့ကျင့်ခန်းတွေကြောင့် ရုပ်ရင့်နေတာလည်း ဖြစ်နိုင်တာပဲလေ။ အတိုချုပ်ရရင် သူတို့နဲ့ရွယ်တူတောင် ဖြစ်နေနိုင်သေးတယ်။
"လစ်ကြစို့၊ အဲဒါနယ်ခံဟီးရိုးDroneZoneပဲ။ ပြောစကားနားမထောင်ရင် ဆွဲထိုးခံရလိမ့်မယ်။"
"မကောင်းတော့ဘူး၊ DroneZone-sama ဒေါသထွက်နေပြီ။"
ချက်ချင်းဘဲ အိုတာခုတွေအကုန်လုံး ထွက်ပြေးကုန်ကြတယ်။ မက်ဒါနာကတော့ မျက်ခုံးပင့်လိုက်ပြီး လေထဲမှာပျံနေတဲ့ဒရုန်းကို ကြည့်လိုက်တယ်။ ဒါက ဟီးရိုးအကူပစ္စည်းတစ်ခုဖြစ်ပြီး အားနည်းတဲ့တိုက်ခိုက်ရေးစွမ်းအားတွေကို ထုတ်ဖော်နိုင်ပါတယ်။
DroneZoneက သူတို့ကို အင်္ဂလိပ်စကားနဲ့ စကားစလာတယ်။ ကြည့်ရတာ သူတို့ကို ဖော်ရိန်နာတွေမှန်း သတိထားမိပုံပဲ။ ဒါပေမဲ့ဂျပန်တွေပြောတဲ့ အင်္ဂလိပ်စကားက တော်တော်ကြီးဝဲတော့ သူတို့မနည်းနားထောင်ယူရတယ်။
"အာကီဟာဘရာကို ပထမဆုံးလာလည်ဖူးတာထင်တယ်။ ဒီလိုနေရာမျိုးက မိန်းကလေးတွေချည်းပဲ လာလို့ကောင်းတာမဟုတ်ဘူး။ အထူးသဖြင့် ရှင်တို့လို နိုင်ငံခြားသူအလှလေးတွေ။ ဒီမှာက သောက်ကျိုးနည်းထူးဆန်းတဲ့ နှာဘူးကောင်တွေ နေနေတာလေ။"
DroneZoneက ပါးစပ်ထဲမှာငုံထားတဲ့ တုတ်တိုးသကြားလုံးကို ဖိကိုက်လိုက်ရင်း ဒေါသသံပါပါနဲ့ ပြောလိုက်တယ်။ ဘယ်လိုပြောရမလဲ၊ ဒီတစ်ယောက်က နည်းနည်း Gyaruဆန်တယ်။
"တိုကျိုဟီးရိုးအစည်းအရုံးက B rank ဟီးရိုး DroneZoneပါ။ ကူညီနိုင်တာ တစ်ခုခုရှိမလား။"
မက်ဒါနာက အဲဒီမိန်းကလေးစကားကို နားထောင်နေတုန်း ဖရာလီတာက ပျံသန်းနေတဲ့ဒရုန်းနားကိုသွားပြီး လက်နဲ့တို့ကြည့်လိုက်တယ်။
"ဒါက ရှင်ဆောက်ထားတာလား၊ နည်းပညာဟီးရိုးပေါ့။"
"တကယ်တော့ ငါက ခွန်အားအမျိုးအစားမြူတန့်လေ။ ဒါပေမဲ့ အချိန်အကန့်အသတ်ရှိတော့ ဒရုန်းတွေကိုသုံးရတယ်။ ဒါကြောင့် ငါ့နာမည်က DroneZone ဖြစ်နေတာ။ နည်းပညာဟီးရိုးစစ်စစ်ရယ်တော့မဟုတ်ပါဘူး။"
DroneZoneက တိုကျိုမှာ နာမည်အသင့်အတင့်ရှိတဲ့ ဟီးရိုးတစ်ယောက်ပါ။ ငယ်ရွယ်သေးတာကြောင့် အဆင့်တက်ဖို့ အလားအလာရှိသေးပြီး လိုင်စင်ရလာတာလည်း သိပ်မကြာသေးပါဘူး။ တကယ်လို့ နှစ်အနည်းငယ်ကြာသွားရင် ဒုဌာနမှူး ဒါမှမဟုတ် ဒေသကွပ်ကဲရေးမှူးတစ်ယောက် ဖြစ်လာနိုင်တယ်။
(မှတ်ချက် - ဒေသကွပ်ကဲရေးမှူးတွေက ဟီးရိုးအစည်းအရုံး ရုံးစိုက်ခြင်းမရှိတဲ့ မြို့တွေကိုတာဝန်ယူရတာပါ။ ဌာနခွဲမှူးလို့ အကြမ်းဖျင်းပြောလို့ရတယ်။)
"နင်တို့က ဂျပန်ကို ခုမှရောက်တာမလား၊ ဒီမှာက အာကိုင်းဂါမီရှိတုန်းကလို လုံခြုံမှုသိပ်မရှိဘူး။ ဒါကြောင့် တခြားဒေသတွေသွားတဲ့အခါကျရင် သတိထားသွားဖို့ အကြံပေးချင်တယ်။"
မက်ဒါနာတို့လည်း ခေါင်းညိတ်လိုက်ကြတယ်။ အဲဒီနောက်တော့ DroneZoneက သူတို့ရှေ့ကနေ လှည့်ထွက်သွားတယ်။ ဖရာလီတာကတော့ တစ်ချိန်လုံးငြိမ်နားထောင်နေခဲ့ပြီးမှ မက်ဒါနာကို ပြောလိုက်တယ်။
"သူလိမ်ပြောနေတာမဟုတ်ဘူး၊ ဂျပန်မှာက ငါတို့နိုင်ငံတွေထက် တရားဥပဒေစိုးမိုးမှုပိုင်း တော်တော်အားနည်းနေတာ။ သူတို့ရဲ့ငြိမ်းချမ်းရေးသင်္ကေတဖြစ်တဲ့ အာကိုင်းဂါမီအနားယူပြီးကတည်းကပဲ။"
မက်ဒါနာကတော့ နားမလည်နိုင်စွာနဲ့ နီယွန်မီးဆိုင်းတွေကို တစ်ချက်မော့ကြည့်လိုက်တယ်။ ကြော်ငြာဆိုင်းဘုတ်တွေမှာ ငါးမိနစ်တစ်ခါတိုင်းလိုလို ဥစာကီရဲ့ကြော်ငြာတွေ လာနေတယ်။
"သူတို့မှာ ဓားသူတော်စင်ရှိတယ်မဟုတ်ဘူးလား။"
ဖရာလီတာကလည်း မော့ကြည့်လိုက်ပြီးနောက် ပြောလိုက်တယ်။ "လတစ်စင်းက ဘယ်လောက်လင်းလင်း နေမင်းကြီးလောက်တော့ အနွေးဓာတ်မပေးနိုင်ဘူးလေ။"
သူတို့ အာကီဟာဘရာလမ်းကနေ ပြန်လာတော့ ညနေစောင်းနေပြီ။ ဦးလေးစတန်းဖို့စ်ကတော့ ဟိုတယ်အခန်းငှားပြီးပြီဖြစ်ကြောင်း ဖုန်းလှမ်းဆက်တယ်။ နေရာက အာကီဟာဘရနဲ့နီးတဲ့ APA Hotel မှာ။
သူတို့အပြန်လမ်းမှာ ဂျပန်ဟာ အရင်ကလိုမျိုး သိပ်မလုံခြုံတော့ဘူးဆိုတာ သူတို့စပြီး သတိထားမိလာကြတယ်။ ဖရာလီတာက တက္ကစီသမားကို တမင်သက်သက် လမ်းမကြီးပေါ်က မသွားခိုင်းဘဲ မြို့ထဲပါ တစ်ပတ်ပတ်ခိုင်းခဲ့တယ်။
တချို့စျေးလမ်းတွေမှာ လူအုပ်လိုက်နဲ့ဆက်ကြေးကောက်နေတဲ့ လူမိုက်တွေကိုတွေ့နိုင်ပြီး ဟီးရိုးတချို့လည်း ရှိနေပေမဲ့ လူမိုက်တွေက သူတို့ကိုငွေတချို့ခွဲပေးရုံနဲ့ ပြန်သွားတာကို သူတို့ကိုယ်တိုင်တွေ့ခဲ့ရသေးတယ်။
ဖရာလီတာက မက်ဒါနာကို သတိပေးတဲ့အနေနဲ့ ပြောလိုက်ပါတယ်။ "ဂျပန်က အခုနှစ်ပိုင်းတွေမှာ ဟီးရိုးအကျင့်ပျက်ခြစားမှုအများဆုံး နိုင်ငံတစ်ခုဖြစ်လာတယ်။ ဒါကလည်း ယာမာဂုချီတွေရဲ့မကောင်းတဲ့ လွှမ်းမိုးမှုကြောင့်ပဲ။"
ယာမာဂုချီတွေက ဆာမူရိုင်းမျိုးတွေဆိုပေမဲ့ ယာကူဇာတွေအဖြစ် နေခဲ့ကြတာ ရာစုနှစ်တစ်ခုစာလောက် ရှိနေပါပြီ။ အလင်းထဲမှာနေနေပေမဲ့ အမှောင်ထဲမှာ သူတို့လက်တွေရှိနေတုန်းပဲ။ အိုက်ဇာဝါကိစ္စမှာတင် သူတို့တွေတော်တော်များများ သိထားခဲ့ကြပြီးပါပြီ။
"ဒီတော့ ငါတို့တွေ စုံစမ်းမှုကို ဘယ်ကနေစသင့်တယ်ထင်လဲ။"
သူတို့ဟိုတယ်အဝင်ကိုရောက်တော့ မက်ဒါနာက ဖရာလီတာကို မေးလိုက်တယ်။ ဒီကောင်မလေးမှာက မက်ဒါနာထက်ပိုပြီးကျယ်ပြန့်တဲ့ သတင်းကွန်ယက်တစ်ခု ရှိတယ်လေ။ သတင်းကွန်ယက်တွေဆိုတာက အဖွဲ့အစည်းတွေ ဆယ်စုနှစ်နဲ့ချီပြီး ဖွဲ့စည်းရတာမျိုးပါ။ ဉာဏ်ကောင်းရုံ၊ ဒေတာဘေ့စ်တွေထဲ ဝင်ဟက်တတ်ရုံနဲ့ မရပါဘူး။
"ဆိုဖီယာ ထွက်မသွားခင်တုန်းက သူ့ရဲ့နတ်ဘုရားအသံအဖွဲ့သားတွေကို အသုံးချနိုင်တယ်လို့ ငါ့ကိုပြောသွားတယ်။ သူ့အဆက်အသွယ်တွေထဲမှာ အာကိုင်းဂါမီနဲ့ပတ်သက်နေတဲ့ လူတစ်ယောက်ရှိနေတယ်။"
"ဒီတော့ နင်က လွယ်တာကနေ စမယ်ပေါ့။" Mad doctorက ဂျပန်မြေအောက်လောကရဲ့နက်ရှိုင်းတဲ့ အပိုင်းတစ်ခုထဲမှာ ဝင်ရောက်ပုန်းခိုနေတာပါ။ မက်ဒါနာတို့လို အပြင်လူတွေအနေနဲ့က မြေအောက်လောကထဲကို ဝင်ဖို့ခက်တယ်။ ဂျွန်ဝှစ်လိုမျိုး ဟိုဝင်ဒီထွက် သေနတ်တစ်လက်နဲ့ အကုန်ပစ်သတ်နေလို့မရဘူးလေ။
Mad doctorသာ သူတို့လှုပ်ရှားနေတာကို သတိထားမိသွားရင် ပိုမိုနက်ရှိုင်းတဲ့ နေရာတွေဆီ ပုန်းကွယ်သွားမှာဖြစ်ပြီး သူတို့ရထားတဲ့ လမ်းစလည်း ပျောက်သွားပါလိမ့်မယ်။
ဒီတော့ သူတို့တွေကိုဂျပန်မြေအောက်လောကနဲ့အကျွမ်းတဝင်ရှိတဲ့ ဒေသခံတစ်ယောက်က ကူညီပေးဖို့လိုအပ်နေပါတယ်။
သူတို့တွေ ဟိုတယ်အတွင်းကိုရောက်လာပြီး အခန်းသော့ယူဖို့ အသင့်ဖြစ်နေကြပါပြီ။ အစီအစဥ်အတိုင်းဆိုရင်တော့ အခန်းက သုံးခန်းဖြစ်ရမှာ။
အမျိုးသားတွေဖြစ်ကြတဲ့ အယ်လိုဟင်နဲ့စတန်းဖို့စ်တို့က တစ်ခန်း၊ ဖရာလီတာက တစ်ခန်း၊ မက်ဒါနာနဲ့အေမီက တစ်ခန်းပါ။
ဒါပေမဲ့ ဖရာလီတာက သူ့နာမည်ကိုပြောလိုက်တော့ ကောင်တာမှာရှိနေတဲ့ ဟိုတယ်ဧည့်ကြိုက သော့တစ်ခုကမ်းပေးတယ်။ မက်ဒါနာအတွက်တော့ သော့ရောက်မလာပါဘူး။
မက်ဒါနာက သံသယများစွာနဲ့ ဖရာလီတာလေးကို ကြည့်လိုက်ပြီး မေးလိုက်တယ်။ "ငါ့အခန်းသော့ရော။"
ဖရာလီတာကတော့ ဆင်ခြေဆင်လက်အပြည့်နဲ့ပါ။ "အခုဟိုတယ်မှာ လူပြည့်နေလို့တဲ့၊ ဦးလေးအယ်လိုဟင်တို့အခန်းပြီးရင် တော်ဝင်အဆင့် မိသားစုခန်းတစ်ခန်းတစ်ခုပဲ ကျန်တော့တာတဲ့။ ဒီတော့ နင်နဲ့ငါနဲ့ တစ်ခန်းတည်းအိပ်ရမယ်။"
"....."
ရုတ်တရက် အေမီက ဝင်ပြောလိုက်တယ်။ "ဒါဆို ကျွန်မကရော မမလေးတို့နဲ့အတူအိပ်ရမှာလား။"
"စိတ်မကောင်းပါဘူး၊ မိသားစုအခန်းဆိုပေမဲ့ အဲဒါက နှစ်ယောက်အိပ်ကုတင်တစ်လုံးပဲပါတာလေ။ ဒီတော့ နင်စတိုခန်းထဲ ဝင်အိပ်ရင်အိပ် ဒါမှမဟုတ်လဲ စင်္ကြန်လမ်းပေါ်မှာအိပ်။"
"အခန်းထဲတောင် ဝင်လို့မရဘူးလား၊ ကြမ်းပြင်မှာ အိပ်ဆိုလည်း အိပ်ပါ့မယ်။"
"မရဘူး...."
မက်ဒါနာကတော့ ဟိုတယ်လူပြည့်နေတယ်ဆိုတဲ့ကိစ္စကို မယုံဘူး။ ဒါကြောင့် ကောင်တာမှာရှိနေတဲ့ ဧည့်ကြိုမိန်းကလေးကို မေးလိုက်တယ်။
"ရိုးရိုးအခန်းတွေရော ကျန်သေးလား၊ တစ်ယောက်အိပ်ပဲဖြစ်ဖြစ်။ အဆင့်မြင့်စရာမလိုဘူး။ သာမန်အကျဆုံးဆိုလည်းရတယ်။"
ဧည့်ကြိုမလေးက ဖြေဖို့တုံ့ဆိုင်းနေပြီး နောက်မှာရှိနေတဲ့ ဖရာလီတာကိုကြည့်လိုက်တယ်။ ဖရာလီတာကတော့ သူ့ပိုက်ဆံအိတ်ထဲက လျှို့ဝှက်နံပါတ်ကိုတွဲရေးထားတဲ့ ဘဏ်ကတ်လေးထုတ်ပြပြီး မျက်စိမှိတ်ပြတယ်။
ဧည့်ကြိုမလေးလည်း သဘောပေါက်သွားပြီး လေသံဝဲဝဲအင်္ဂလိပ်စကားနဲ့ ပြန်ဖြေရှာပါတယ်။
"စိတ်မကောင်းပါဘူးရှင့်၊ ဘာအခန်းမှ မကျန်တော့လို့ပါ။"
အဲဒီနောက်တော့ အောင်ပွဲခံနေတဲ့ စစ်သည်ကြီးမျက်နှာနဲ့ဖရာလီတာက မက်ဒါနာလေးလက်ကိုဆွဲပြီး အပေါ်ထပ်ကိုတက်သွားတယ်။
"မက်ဒါနာရေ၊ ဒုတိယထပ်မှာ ကပွဲခန်းမနဲ့တွဲထားတဲ့ စားသောက်ဆိုင်ရှိတယ်။ စားစရာတွေက တအားကောင်းတာတဲ့။ တို့တွေအတူစားပြီး ဝိုင်သောက်ကြမယ်လေ။"
အေမီကတော့ နောက်ကနေ ပေကပ်ကပ်နဲ့လိုက်လာရင်း ဝိုက်သောက်မယ်ဆိုတဲ့စကားကိုကြားတော့ မကျေမနပ်နဲ့ ပြောလိုက်တယ်။
"ဟေး.... ကလေးတွေ ဝိုင်သောက်လို့မရဘူးလေ။"
သူတို့ရန်ဖြစ်ပြီး အပေါ်တပ်သွားတာကို အစကနေအဆုံးအထိ ဧည့်ကြိုကောင်မလေးက ကြည်နူးစွာနဲ့ကြည့်နေလိုက်တယ်။ လက်ထဲမှာတော့ ဖရာလီတာချန်ထားခဲ့တဲ့ ဘဏ်ကတ်လေးကိုကိုင်လို့။
"အောင်မလေး၊ အဲဒီသခင်မလေးက ရက်ရောလိုက်တာ။ နည်းနည်းလေးလိမ်ပေးရုံပဲကို ဒေါ်လာငါးသိန်းကြီးများတောင် ဆုချသွားတယ်။ ငါတော့သူဌေးဖြစ်ပြီ။ နောက်နေ့ကစပြီး အလုပ်ဆင်းစရာမလိုတော့ဘူး။"
ခဏနေတော့ ဆံပင်တစ်ဝက်လောက်ဖြူနေပြီဖြစ်တဲ့ သက်လတ်ပိုင်းစုံတွဲတစ်တွဲ ဧည့်ကြိုကောင်တာဆီရောက်လာပြီး မေးလိုက်တယ်။
"ဟယ်လို၊ ပရီမီယံနှစ်ယောက်ခန်းတစ်ခန်းလောက် ကျန်သေးလား။"
"ဟုတ်ကဲ့၊ ကျန်သေးပါတယ်ရှင့်။ ဘယ်နှစ်ရက်များ နေမှာပါလဲ။"
၃။
နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာရဲ့ပခုံးတွေ ကိုက်ခဲလို့နေတယ်။
ဟိုအသေးမလေးက ညဖက်သရဲကြောက်လို့ဆိုပြီးတော့ သူ့ကိုအတင်းတွယ်ဖက်ထားတာကိုး။ ဒါကြောင့် တစ်ကိုယ်လုံးညောင်းတောင့်နေပြီ။ ဒါပေမဲ့ ဘာကြောင့်မှန်းတော့မသိဘူး၊ သူ့ကိုဖက်ထားတုန်း ဖရာလီတာလေးရဲ့အသက်ရှူသံတွေက ပုံမှန်ထက်မြန်နေပြီးတော့ လည်ပင်းကိုလည်း ပူနွေးတဲ့ထွက်သက်လေတွေက လာတိုးတာကြောင့် ယားကျိကျိဖြစ်နေတော့တာပေါ့။
တကယ်လို့ အခုလိုဖက်အိပ်ခွင့်ပေးလိုက်တာက ဖရာလီတာလေးကို သနားလို့ရော သူငယ်ငယ်က အကြောင်းတွေကို တွေးမိလို့ပါပါတယ်။
မင်းလွင် အသက်၈နှစ် မေမေသီတာနဲ့ပထမဆုံး ခွဲအိပ်ရတုန်းကလည်း သရဲကြောက်လွန်းအားကြီးလို့ စောင်ခေါင်းမြီးခြုံပြီး အိပ်မပျော်ဖြစ်ခဲ့တဲ့ညတွေ ရှိခဲ့ဖူးတယ်လေ။ ဖရာလီတာကလည်း ဆယ့်ငါးနှစ်မပြည့်သေးတော့ ကလေးကြီးတစ်ယောက်လို့ ယူဆလို့ရတယ်။ ဒီတော့ ကိုယ်မအိပ်ဖူးတဲ့အိပ်ရာစိမ်းမှာ သရဲကြောက်တာ ပုံမှန်ပဲ။
ကောင်းကောင်းအိပ်ပြီးတဲ့နောက် စောစောနိုးလာတဲ့ မက်ဒါနာက အိပ်နေဆဲဖြစ်တဲ့ ဖရာလီတာလေးကို ဂွမ်းစောင်ထဲ ချန်ထားခဲ့ပြီး မျက်နှာသစ်ဖို့ထွက်လာတယ်။
ဆုဗာနာရဲ့ရာသီဥတုနဲ့ယှဥ်ရင် ဂျပန်က ပိုပြီးအေးတယ်။ ဒါကြောင့် သူ့အသားတွေ ဆက်ဆက်တုန်လို့ရယ်။ အခုမှပဲ ညက ဖရာလီတာလေးသူ့ကိုဖက်ထားလို့ ကိုယ်ငွေ့နဲ့နွေးနေမှန်း သတိထားမိတော့တယ်။
မက်ဒါနာက ညတုန်းကဝတ်ထားတဲ့ ညအိပ်ဘောင်းဘီရှည်ကို တစ်နေရာမှာ ချွတ်ပုံလိုက်ပြီး ရေချိုးခန်းထဲကို အပေါ်ညအိပ်အင်္ကျီလေးတစ်ခုတည်းနဲ့ ဝင်သွားလိုက်တယ်။ အတွင်းခံအဖြူလေးနဲ့ ညအိပ်အင်္ကျီလေးပဲပါတဲ့ မှန်ထဲက ကပိုကရိုအလှလေးကို သူပြန်မြင်မိတော့ ပြုံးလိုက်မိတယ်။
'တွေးကြည့်မှ ငါက တော်တော်ချောတာပဲ။' အိပ်ရာထခါစ ရှုပ်ပွနေတဲ့ ငွေရောင်ဆံပင်လေးတွေရယ်၊ အိပ်ချင်မူးတူးဖြစ်နေဆဲ ရီဝေဝေမျက်လုံးလေးတွေနဲ့ မျက်တောင်ကော့ကော့၊ အအေးဓာတ်ကြောင့် နီမြန်းနေတဲ့ ပါးပြင်လေးတွေနဲ့ ဖယောင်းသားလိုဖြူဖွေးတဲ့ လည်တိုင်လှလှလေးက ယောက်ျားလေးဖြစ်ခဲ့ဖူးတဲ့ မက်ဒါနာရဲ့စိတ်ကို ထကြွလာစေတယ်။
'ချစ်စရာလေး... နမ်းတောင်နမ်းချင်လာပြီ။' မှန်ထဲက ကိုယ့်ပုံကိုယ်စိုက်ကြည့်ရင်း မက်ဒါနာက မျက်စိကို မှေးလိုက်ကာ နှုတ်ခမ်းလေးကို ဆူထားလိုက်တယ်။ ချယ်ရီရောင်နှုတ်ခမ်းပါးလေးကြောင့် သူ့နှလုံးခုန်သံသူ ပြန်ကြားနေရပြီ။
သူ့မျက်နှာကို မှန်နားတဖြည်းဖြည်းတိုးကပ်သွားပြီး ကိုယ့်ပုံရိပ်ကိုယ် နမ်းတော့မယ့်အချိန်မှာပဲ နောက်က ဖရာလီတာရဲ့အသံ ထွက်ပေါ်လာတယ်။
"အား... မက်ဒါနာ၊ နင်ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ဘာလုပ်နေတာလဲ။"
မက်ဒါနာလည်း ပြန်သတိဝင်လာပြီး ကိုယ်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်လိုက်တယ်။ သူ့လက်ကလေးတစ်ဖက်က ညာဖက်ပူဖောင်းလေးပေါ်မှာ ရှိနေပြီးတော့ သာသာလေးဆုပ်ကိုင်ထားတယ်။ လက်ချောင်းလေးတစ်ချောင်းကတော့ ချယ်ရီသီးလေးပေါ်မှာ။
အခြားလက်တစ်ဖက်ကတော့ ဝမ်းဗိုက်ကနေ လျှောဆင်းပြီး ချက်အောက်ကို ဖြည်းဖြည်းချင်းတိုးဝင်နေတာ။ ဖရာလီတာသာ စက္ကန့်အနည်းငယ်လောက် နောက်ကျရင် ဆန်ဒေါင်းဂူလေ့လာရေးခရီးစဥ်ကို စတင်ပြီးဖြစ်နေလောက်တယ်။
မက်ဒါနာလည်း ရှက်ရှက်နဲ့ လက်တွေကို ပြန်ရုပ်လိုက်ပြီး အရှက်ပြေပြောလိုက်တယ်။
"ဘာ... ဘာမှမဟုတ်ပါဘူး။ ပခုံးညောင်းလို့ နှိပ်နေတာ။"
ဖရာလီတာကတော့ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး သံသယမျက်လုံးတွေနဲ့ အနားရောက်လာပြီး မက်ဒါနာတစ်ကိုယ်လုံးကို လှည့်ပတ်ကြည့်တယ်။ နောက်တော့ စိတ်ကူးတစ်မျိုးပေါက်သွားပြီး ကောက်ကျစ်တော့မယ့်အပြုံးလေး ပြုံးလိုက်လေရဲ့။
"ဂျပန်မှာ လူကြီးတွေက ကလေးတွေကိုကျောကုန်းဆေးပေးပြီး ကလေးတွေကလည်း တစ်လှည့်ပြန်လုပ်ပေးရတဲ့ ဓလေ့ရှိတယ်တဲ့။ တို့လည်းရောက်တုန်းရောက်ခိုက် စမ်းကြည့်ရအောင်လေ။"
"...." ပြောရရင် ဒီကိစ္စက မက်ဒါနာအတွက်တော့ အဆင်မပြေဘူး။ ဘယ်လိုပဲပြောပြော သူက ယောက်ျားလေးကနေ မိန်းကလေးဖြစ်လာတာလေ။ အရွယ်ရောက်လုဆဲဆဲ တခြားမိန်းကလေးတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး အတူရေချိုးလောက်အောင် သတ္တိရှိမှာလဲ။
"မ... မဖြစ်ဘူးထင်တယ်နော်... သွေးတော်သားစပ်ရင်တောင် နှစ်ယောက်တည်း ရေအတူချိုးတယ်ဆိုတာက ကျင့်ဝတ်ပိုင်းအရ သိပ်ကောင်းတာမဟုတ်ဘူးလေ။"
"အာ... ငါတို့က မိန်းမချင်းတွေလေ၊ ဘာမှမဖြစ်ပါဘူး။ ကဲ... ကြာတယ်။"
အဲဒီနောက်တော့ ဖရာလီတာက မက်ဒါနာလက်ကို တစ်ခါတည်းဆွဲပြီး ရေချိုးခန်းထဲ အတင်းခေါ်သွားတယ်။
....
"ဟပ်ချိုး...." မက်ဒါနာက ဆံပင်အခြောက်ခံစက်နဲ့ရေချိုးခန်းပုဝါကိုသုံးပြီး ဖရာလီတာလေးခေါင်းကို ခြောက်အောင်လုပ်ပေးနေတုန်း ဖရာလီတာနှာချေလိုက်တယ်။
"ပြောသားပဲ၊ ဂျပန်က အေးလို့ ရေအကြာကြီးချိုးလို့မကောင်းပါဘူးဆို။ သူတို့နိုင်ငံသားတွေတောင် ညနေအလုပ်ပြန်မှ ရေချိုးကြတာလေ။"
"ရေနွေးနဲ့ချွေးတာမလို့ ခါတိုင်းလိုပဲ အအေးမမိလောက်ဘူး ထင်မိတာပေါ့လို့။"
မက်ဒါနာက နည်းနည်းလေးဆူလိုက်တော့ ဖရာလီတာလေး စိတ်ဆိုးသွားဟန်နဲ့ ပါးလေးကိုဖောင်းထားပြီး ပြန်ပြောလိုက်တယ်။
သူတို့ရေချိုးတာ တော်တော်လေးကြာသွားတယ်။ ကြာရတဲ့အကြောင်းအရင်းက ကလေးစိတ်မပျောက်သေးတဲ့ ဖရာလီတာလေးက ရေချိုးခန်းထဲမှာ ကစားနေလို့ပါ။ ကိုလံဘတ် နယ်မြေသစ်ရှာတိုင်းကစားမယ်ဆိုပြီးတော့ မက်ဒါနာကိုလိုက်ဖမ်းနေတာနဲ့တင် မိနစ်နှစ်ဆယ်လောက် ပိုကြာသွားတယ်။ ပြီးတော့ မဖမ်းမိဘဲ ဆပ်ပြာတုံးကို တက်နင်းမိလို့ ခါးနာသွားတာပဲရှိတယ်။
သူတို့အဝတ်အစားလဲတော့လည်း ဖရာလီတာက သူ့ကိုလိုက်ထိဖို့ ကြိုးစားနေသေးတယ်။ မက်ဒါနာကတော့ အဆော့မက်လွန်းတဲ့ ကောင်မလေးလေးနဲ့ ကစားပေးတဲ့အနေနဲ့ လေ့ကျင့်ခန်းလုပ်တုန်းကအတိုင်းပဲ လှလှလေးရှောင်ပေးနေတာပေါ့။
နောက်ဆုံးတော့ မောသွားတဲ့ ဖရာလီတာလေးတစ်ယောက် ဆိုဖာခုံပေါ်ကို ပုံလျက်သားလဲကျသွားတယ်။ နဖူးမှာလည်း ချွေးတွေသီးလို့။
"မက်ဒါနာ၊ နင်က တော်တော်မကောင်းတဲ့ဟာမပဲ။ ငါက နင့်ကို နည်းနည်းလေးဖက်ပြီး အသားချင်းထိချင်ရုံပဲဥစ္စာကို။"
"နင်ထိချင်တိုင်း ထိခွင့်ပေးရအောင် ငါက အမွှေးပွရုပ်မဟုတ်ဘူးဟဲ့။" ဂျပန်ကျောင်းသူလေးတွေ ဝတ်လေ့ရှိတဲ့ စကပ်အတိုလေးကို ဝတ်ပြီးတဲ့နောက် မက်ဒါနာက အသားကပ်ခြေအိတ်အရှည်ကို ဆွဲတင်ရင်း ဖရာလီတာကို ပြန်အော်ပြောလိုက်တယ်။
ဒေါက်...ဒေါက်...ဒေါက်...." သူတို့ကစားနေတုန်း အပြင်ဖက်ကနေ တံခါးခေါက်သံ ထွက်လာပါတယ်။ မက်ဒါနာ တံခါးမှန်ဘီလူးကနေ အပြင်ကိုကြည့်လိုက်တော့ စားစရာတွေတင်ထားတဲ့ လှည်းလေးကိုဆွဲလာတဲ့ ဟိုတယ်ဝန်ထမ်းပါ။
"မနက်စာ လာပို့တာပါခင်ဗျ။" ဝန်ထမ်းက အပိုစကားသိပ်မပြောဘဲ သူတို့မှာထားတဲ့ ဟင်းပွဲတွေကိုပဲ ချပေးလိုက်တယ်။ ဟင်းလျာတော်တော်များများက ဖရာလီတာပဲမှာထားတာ။ တချို့ဟင်းပွဲတွေကိုတော့ မက်ဒါနာတော်တော်ရင်းနှီးတယ်။
Animeတွေထဲမှာ ပါနေကျအစားအစာတွေဖြစ်နေလို့လေ။ ဒါကြောင့် မက်ဒါနာလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ နှုတ်ခမ်းတက်ချိတ်အောင် ပြုံးလိုက်လေရဲ့။
ဖရာလီတာကို လေယာဥ်စီးလာတဲ့အချိန်ကမှ Animeနဲ့ မိတ်ဆက်ပေးလိုက်တာပေမဲ့ အခုတော့အဲဒီထဲက အစားအသောက်တွေကို သူလေးတမ်းတနေပြီလေ။
မစ်ရှင်: ဖရာလီတာကို အိုတာခုရောဂါကူးစက်အောင်လုပ်ခြင်း။ (ခြွင်းချက်မရှိအောင်မြင်။)
ဝတ်စုံစနစ်သာ မက်ဒါနာရဲ့အကြံကို သိခဲ့မယ်ဆိုရင် အဲဒီလိုမျိုး ကြေညာမှာသေချာတယ်။ ဒါပေမဲ့ အခုလောလောဆယ် သူက အဝတ်ဝတ်မထားဘူးရယ်။
"ဝါး... ဒါက နာမည်ကျော်ကြားတဲ့ Omuriceလား၊ အွန်း... အရသာကိုရှိနေတာပဲ။" ဖရာလီတာက ရွှေရောင်သန်းနေတဲ့ ကြက်ဥမွှေကြော်ဝိုင်းဝိုင်းကို ထမင်းကြော်ပေါ်အုပ်ထားတဲ့ ဟင်းလျာကို တစ်ဇွန်းမြည်းကြည့်ရင်း ပါးလေးကိုလက်နဲ့ထောက်ပြီး တမြုံဲမြုံဝါးတယ်။
နောက်တော့ ပုစွန်ကိုမုန့်နှစ်နဲ့ကြော်ထားတဲ့ Ebi Fry ကို ခက်ရင်းနဲ့ထိုးရင်း တကြွပ်ကြွပ်မြည်အောင် စားတယ်။ နန်းဆန်တဲ့ ဗြိတိန်သူကောင်းမျိုးလေဒီလေးရဲ့အိန္ဒြေတွေတောင် ဘယ်ရောက်သွားမှန်းမသိဘူးတကယ်။
"ဒါလေးလည်းမဆိုးဘူး... ရွရွလေးနဲ့စိမ့်နေတာပဲ။"
မှာထားတဲ့ ဟင်းပွဲတွေအကုန်လုံးကို စားပြီးတဲ့နောက် ဖရာလီတာက ထမင်းပန်းကန်ကို စားပွဲပေါ်ပြန်တင်လိုက်ပြီး မက်ဒါနာကို ပြောလိုက်တယ်။
"ဟေး... ငါဒီနေ့ Remenလည်း စမ်းစားကြည့်ချင်သေးတယ်။ နင်အတူလိုက်မယ်မဟုတ်လား။"
မက်ဒါနာကတော့ ပြောင်ရှင်းနေတဲ့ ထမင်းကြော်လိုက်ပွဲဇလုံကြီးကိုကြည့်ရင်း နဖူးကနေတောင် ချွေးစက်တွေကျလာတယ်။ ဒီဟာမလေးဗိုက်က ကြည့်တော့သေးသေးလေးရယ်ပါ၊ ဘယ်လိုလုပ်ပြီး ထမင်းကြော် သုံးပန်းကန်တောင် ဘရိတ်မအုပ်ဘဲ စားနိုင်ရတာလဲ။
အလောတကြီးစားထားလို့ သူ့နှုတ်ခမ်းမှာ ရွှေရောင်ထမင်းစေ့တွေတောင် ကပ်ညိနေသေးတယ်။
"အရင်ဆုံး အာကိုင်းဂါမီကိစ္စကို စုံစမ်းရဦးမယ်လေ။ ငါတို့မနေ့က သဘောတူထားတယ်မဟုတ်လား။" မက်ဒါနာ သတိပေးလိုက်တော့မှ ဖရာလီတာလေးက တစ်ခုခုကို သတိရသွားဟန်နဲ့ သူ့ပေါင်သူ လက်ဝါးနဲ့ရိုက်လိုက်ပြီး...
"ဟုတ်သားပဲ၊ ငါနင့်ကိုပေးဖို့မေ့နေတာ တစ်ခုရှိတယ်။ ဦးလေးစတန်းဖို့စ်ကို သွားရှာလိုက်ဦးမယ်။ ပစ္စည်းက ခုလောက်ဆိုရင် ရောက်နေလောက်ပြီ။"
အဲဒီနောက် ဖရာလီတာက ပါးစပ်ကိုတစ်ရှူးနဲ့သုတ်ရင်း အခန်းတံခါးကိုဖွင့်ပြီး ကြော့ကြော့မော့မော့ ထွက်သွားလိုက်တယ်။ ခုဏက အငတ်လေးတစ်ကောင်လို စားသောက်နေတဲ့ ဖရာလီတာနေရာမှာ ဗစ်တိုးရီးယားခေတ်က ဂုဏ်သရေရှိလေဒီတစ်ယောက် ချက်ချင်းအချိန်ကူးပြောင်း ရောက်ရှိလာသလိုပဲ။
ငါးမိနစ်လောက်ကြာတော့ အခန်းတံခါးပြန်ပွင့်လာပြီး ဖရာလီတာက ပစ္စည်းထုပ်တစ်ထုပ်ကိုကိုင်ကာ ပြန်ရောက်လာတယ်။ အထုပ်ထဲမှာတော့ ပန်ဒရာဂွန်တံဆိပ်နဲ့ စက္ကူဘူးကြီးတစ်ခု ရှိလို့နေတယ်။
"ငါတို့တွေ ဂျပန်မှာသုံးဖို့အတွက် ကုမ္ပဏီကို ညတွင်းချင်း အထူးဒီဇိုင်းဆွဲခိုင်းထားတာလေ။ နင့်ဝတ်စုံက လက်အိတ်အတိုင်းပဲ အလုပ်လုပ်တယ်။ မဆိုးဘူးမဟုတ်လား။"
ပါကင်ထဲမှာတော့ သတ္တုနဲ့ပြုလုပ်ထားတဲ့ လက်ဖျံတစ်ခုလုံးဖုံးတဲ့ အနက်ရောင်လက်အိတ်တစ်စုံရှိနေပြီး ဒီဇိုင်းက အလယ်ခေတ်စစ်သည်လက်မောင်းကာနဲ့တောင် တူနေသေးတယ်။
ဖရာလီတာက လက်အိတ်တစ်ဖက်ကို ဝတ်လိုက်ပြီး အစမ်းသရုပ်ပြတယ်။ လက်အိတ်အရွယ်အစားက အရှင်ဖြစ်ပြီးတော့ ဖရာလီတာရဲ့လက်နဲ့တော်အောင်လို့ သတ္တုကွင်းတွေက ချက်ချင်းတင်းကျပ်သွားတယ်။
"နင်အရင်က ဆုဗာနာမှာထုတ်သုံးတဲ့ ပုံကြမ်းသတ္တုလက်အိတ်ကိုကြည့်ပြီး စိတ်ကူးရလာတာလေ။ ဂျပန်မှာက လက်နက်ကိုင်ဆောင်ခွင့်မရှိဘူး။ ပြီးတော့ နင်က လိုင်စင်မရှိတဲ့ဟီးရိုး၊ ငါက ဥရောပရဲ့ထိပ်သီးအန်တီဟီးရိုးလေ။ ဝတ်စုံတွေဝတ်ပြီး တိုကျိုမှာလျှောက်သွားနေရင် ကိုယ်ကျိုးနည်းကုန်လိမ့်မယ်။"
မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ သူတို့ဝတ်စုံတွေက လူကြားထဲမှာ ဝတ်ဖို့အဆင်မပြေဘူး။ မလွဲသာမရှောင်သာ လူကြားထဲမှာ ရုတ်တရက်တိုက်ရမယ့်ကိစ္စမျိုးနဲ့ ကြုံခဲ့မယ်ဆိုရင် ငွေရောင်စစ်သည်နဲ့မက်ဒါနာက တစ်ယောက်တည်းဆိုတဲ့လျှို့ဝှက်ချက် ပေါ်သွားနိုင်တယ်။
မက်ဒါနာထက် ပိုဆိုးတာက ဖရာလီတာဖြစ်ပြီး သူက ဝတ်စုံမဟုတ်တဲ့ ဝါးဖရိန်ကြီးပါ။ ဒါကြောင့် မက်ဒါနာလိုမျိုး သေတ္တာအဖြစ်ပြောင်းပြီး သယ်သွားလို့မရဘူး။
နယူးယောက်မှာတုန်းကလည်း အဲဒါကြီးကို လူမြင်ကွင်းကပျောက်အောင်လို့ အော်တိုပိုင်းလော့နဲ့ ရေဒါတွေကို လှည့်စားရသေးတယ်။ ဆုဗာနာကတော့ သူတို့နိုင်ငံမလို့ကိစ္စမရှိပေမဲ့ ဂျပန်မှာတော့ ပေါ်တင်ထုတ်သုံးဖို့ခက်တယ်။
"ဇက်သတ္တုအပြည့်မလို့ အကြမ်းခံတယ်။ လက်ခုံပေါ်မှာပါတဲ့ ခရစ်စတယ်အပြာလေးက မြူတန့်သလင်းတွေကို အခြေခံပြီးလုပ်ထားတာ။ လက်အိတ်မှာက Reactor ထည့်လို့မရပေမဲ့ အဲဒီခရစ်စတယ်ထဲမှာ စွမ်းအင်ပမာဏတစ်ခုအထိ သိုလှောင်ထားနိုင်ပြီး Void Stream အားဖြည့်စနစ်ကို ဖွင့်လို့ရမယ်။"
ဒီလက်အိတ်ရဲ့နည်းပညာတော်တော်များများက မက်ဒါနာရဲ့နည်းပညာတွေကိုပဲ အခြေခံထားတာ။ သူတို့နှစ်ယောက်လုံးက အချိန်တစ်ခုအထိ နည်းပညာတွေ ဖလှယ်ခဲ့ကြတယ်မဟုတ်လား။
ဖရာလီတာကတော့ ဆက်သရုပ်ပြနေတုန်းပဲ။ သူလက်သီးဆုပ်လိုက်ပြီး တစ်နေရာကိုထိုးချိန်လိုက်တော့ လက်အိတ်ကနေ လေဆာပြောင်းနှစ်ခုပွင့်လာတယ်။
"အစကတော့ ဆုံလည်သေနတ်အသေးစားတပ်မယ်စဥ်းစားထားပေမဲ့ နေရာကိုခြွေတာဖို့နဲ့ လက်နက်မှန်းမသိသာအောင် လေဆာပဲပြောင်းတပ်လိုက်တယ်။ နင့်ဝတ်စုံမှာ အသစ်ထည့်တဲ့ဟာနဲ့အတူတူပဲ။"
ဒီလက်အိတ်တွေကို သူတို့အင်္ကျီလက်ရှည်အောက်ထဲ ထည့်ဝှက်ထားမယ်ဆိုရင် တော်ရုံလူမသိနိုင်ဘူး။ ပြီးတော့ ဒီဇိုင်းကလှပပြီး အနက်ရောင်ပြောင်လက်နေတာမလို့ တစ်ယောက်ယောက်မေးရင် လက်တလော နာမည်ကြီးနေတဲ့ ဖက်ရှင်တစ်ခုဆိုပြီးတော့ လိမ်လို့ရမယ်။
ဘယ်လောက် အဆင်ပြေလိုက်လဲ။ ဖရာလီတာကတော့ စိတ်ကူးယဥ်ပြီးတော့ ပြောနေတုန်းပဲ။ သူမစ်ရှင်အတွက် တော်တော်ပြင်ဆင်ထားတဲ့အကြောင်းတွေကို အဓိကပြောနေတာ။
"အခုဦးလေးအယ်လိုဟင်က အောက်မှာကားနဲ့စောင့်နေပြီ။ ကုမ္ပဏီဂျပန်ရုံးခွဲကနေ ကားငှားလာတာလေ။ ဦးလေးစတန်းဖို့စ်ကတော့ Command Centre အလုပ်ကို တာဝန်ယူလိမ့်မယ်။"
မက်ဒါနာလည်း ဖရာလီတာစကားကိုနားထောင်ရင်း ကိုယ်ပိုင်အကူကုမ္ပဏီတစ်ခုရှိတာက တော်တော်အဆင်ပြေသားပဲလို့ တွေးမိတော့တယ်။ အနည်းဆုံးတော့ ကိုယ်သုံးမယ့်ပစ္စည်းတိုင်းကို ကိုယ်တိုင်တပ်ဆင်နေစရာမလိုသလို သွားရေးလာရေးမှာ စီစဥ်ပေးဖော်လည်းရတယ်။
အရင်ကတည်းက ဖလေရာနဲ့အတူကုမ္ပဏီတစ်ခု သီးသန့်ထောင်ဖို့ စိတ်ကူးလေးရှိတာကိုတောင် ပြန်သတိရမိတယ်။
'အခု ဖလေရာဘယ်လိုနေလဲမသိဘူး။' မက်ဒါနာတစ်ယောက် ကုမ္ပဏီကိစ္စရှင်းဖို့သွားတဲ့ မန်နေဂျာမမကို မနေနိုင်မထိုင်နိုင် တွေးပူရင်း ပါကင်ထဲက ကျန်ခဲ့တဲ့ လက်အိတ်တစ်ဖက်ကို ကြည့်လိုက်တယ်။
'ငါတို့နှစ်ယောက်သုံးမှာကို ဘာလို့တစ်စုံထဲယူလာတာလဲ။ မေ့ကျန်ခဲ့တာတော့ မဟုတ်ပါဘူးနော်။' မက်ဒါနာလည်း မနေနိုင်ဘဲ ပါးစပ်ထဲရှိတဲ့အတိုင်းပဲ ပြောလိုက်တယ်။
"ဟုတ်ပါပြီ၊ ဒါပေမဲ့ ငါ့ဖို့ကရော။ နင်တို့တစ်စုံပဲ လုပ်လို့ပြီးသေးတယ်လို့တော့ မပြောနဲ့နော်။"
မက်ဒါနာစကားဆုံးတော့ ဖရာလီတာလေးက ကောက်ကျစ်တော့မယ့် ကလေးမလေးလို ထပ်ပြုံးလိုက်ပြီး ပြောလိုက်လေရဲ့။
"တကယ်တော့ ဒီလက်အိတ်တွေက နင့်ကိုငါက စေ့စပ်လက်စွပ်အဖြစ်ပေးမှာ။ နင်တစ်ဖက်ငါတစ်ဖက်၊ နှစ်ယောက်ပေါင်းမှတစ်စုံတည်း။ နောက်တစ်ခုအပိုမရှိဘူး၊ မြုပ်ထားတဲ့ ပုံတူသလင်းတွေက နောက်တစ်ခုထပ်လုပ်လို့မရတော့ဘူး။"
"......." မက်ဒါနာလည်း ဖရာလီတာလေးရဲ့စကားကြောင့် အံ့အားသင့်သွားပြီး တစ်ခဏလောက် ငြိမ်ကျသွားတယ်။ အဲဒီနောက် မယုံသင်္ကါနဲ့ ထပ်မေးလိုက်တယ်။
"နေပါဦး၊ နင်ဘာပြောလိုက်တယ်။ ငါနားကြားမှားတာတော့ မဟုတ်ပါဘူးနော်။"
....
ယာကူဇာ ဌာနခွဲတစ်ခုတွင်ဖြစ်သည်။
ရုံးခန်းကို အဖြူရောင်ဆေးသုတ်ထားပြီး ဂျပန်ရိုးရာကန့်လန့်ကာတစ်ခုကို အခန်းဘေး၌ကပ်ကာ နေရာချထားသည်။ ထိုကန့်လန့်ကာက ဂျပန်ရှေးခေတ်က ဂုဏ်သရေရှိအမျိုးသမီးများ ဧည့်တွေ့ရာတွင် ကြားခံအဖြစ်သုံးသည့် အဆုံးအဆောင်တစ်ခုဖြစ်သည်။
ယခုရုံးခန်းထဲတွင်တော့ အလှထားပစ္စည်းတစ်ခုထပ်မပိုပေ။
ခေါင်းဆောင်ထိုင်သည့် စားပွဲခုံနောက်နံရံတွင်တော့ ဂျပန်လက်ရေးလှပန်းချီကားတစ်ချပ်ကို ချိတ်ထားပြီး 'ဓားသွားသည်သာ ကိုးကွယ်ရာ'ဟူသော ယာမာဂုချီမိသားစု၏ ဆောင်ပုဒ်ကို ရေးသားထားခြင်းဖြစ်သည်။
ခေါင်းဆောင်ခုံတွင်တော့ စာဖတ်သူတို့ ရင်းနှီးနေပြီဖြစ်သော မိန်းကလေးတစ်ယောက်က ထိုင်နေပြီး မကျေမချမ်းဖြင့် အင်တာနက်မှသတင်းများကို ကွန်ပျူတာတစ်လုံးဖြင့် ဖတ်နေသည်။
"အဲဒီငွေရောင်စစ်သည်က တဖြည်းဖြည်းပိုပြီး အစွမ်းထက်လာတာပဲ။ သူက တဖြည်းဖြည်းပိုစွမ်းလာချိန်မှာ ငါကတော့ တဖြည်းဖြည်းပိုအားနည်းလာတယ်။ လက်စားချေဖို့ကတော့ ပိုပြီးဝေးလာတာပဲ။"
ထိုမိန်းကလေးမှာ အာအိုရီပင်ဖြစ်ပြီး သူ့လက်သန်းလေးတစ်ဖက်မှာ ရှိမနေပေ။
ဆုဗာနာတွင်ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များက ငွေရောင်စစ်သည်တော်၏ပြိုင်ဖက်များကို အိပ်မက်များအတွင်းမှ ပြင်းပြင်းထန်ထန် လှုပ်နှိုးလိုက်ပါသည်။
ထိုသူရဲကောင်းသည် အဆက်မပြတ်တိုးတက်နေပြီး မကြာခင်တွင် S rank များကိုပါ ယှဥ်တိုက်နိုင်သည့် အဆင့်အမြင့်ဆုံး နည်းပညာဟီးရိုးဖြစ်လာနိုင်သည်ဟုပင် ထင်ကြေးပေးခံနေရ၏။
"အဟွက်...အဟွက်..." စိတ်လှုပ်ရှားပြီး ဒေါသထွက်လွန်းလို့လားမသိ၊ အာအိုရီရင်ထဲတွင် ပြည့်ကျပ်လာပြီး သူ့ပါးစပ်ကို လက်ကိုင်ပုဝါနှင့်တင်းတင်းပိတ်ထားလိုက်သည်။ နက်မှောင်နေသည့် သွေးစတချို့က လက်ကိုင်ပုဝါတွင် လာရောက်စွန်းထင်း၏။
နဂိုရှိပြီးသား ရောဂါအခံမှာ သူ့စိတ်အခြေအနေကြောင့် ပိုဆိုးလာခဲ့ပြီး စွမ်းအားများလုံးဝပျောက်ကွယ်လာမည့်အရေးအပြင် အသက်အန္တရာယ်ကိုပါ ရင်ဆိုင်နေရသည်။
ရုတ်တရက်... တံခါးမခေါက်ဘဲ အလယ်အလတ်အဆင့် ယာကူဇာတစ်ယောက်က အခန်းထဲပြေးဝင်လာသည်။
"ခေါင်းဆောင်... ခေါင်းဆောင်...."
အာအိုရီက ဒေါသဖြင့် ထိုအဖွဲ့သားကို မျက်စောင်းထိုးလိုက်ရာ အဖွဲ့သားတစ်ကိုယ်လုံး တုန်နေအောင်လန့်သွားပြီး ဒူးထောက်ချကာ တောင်းပန်လိုက်၏။
"ခေါင်းဆောင်... မလေးမစားလုပ်မိလို့ တောင်းပန်ပါတယ်။ ကိစ္စက တကယ်ပဲအရေးကြီးနေလို့ပါ။"
သိပ်လေးနက်သည့် ပြစ်မှုမျိုးမဟုတ်သဖြင့် အာအိုရီက ခေါင်းညိတ်လိုက်ပြီး မျက်လုံးကိုမှိတ်ထားလိုက်သည်။
"ကောင်းပြီ၊ နောက်တစ်ခါဆိုရင် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် တံခါးခေါက်ပါ။ ကိစ္စကရော။"
ငယ်သားက ခေါင်းဆောင်ဖြစ်သူ၏အမေးကြောင့် တုံ့ဆိုင်းမနေရဲဘဲ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့... အပြင်မှာ သူ့ကိုယ်သူ ခေါင်းဆောင်ကို လက်စားချေတဲ့နေရာမှာ ကူညီပေးနိုင်တယ်လို့ပြောတဲ့ လူတစ်ယောက် ရောက်နေပါတယ်။"
၄။
ဒီနေ့ သူတို့အပြင်ထွက်တော့ အရင်နေ့ကလိုမျိုး တက္ကစီစီးစရာမလိုတော့ဘူး။ ကုမ္ပဏီဖက်က ပြင်ဆင်ပေးထားတဲ့ ဘန်ဒလေကားဟာ ဟိုတယ်ကားပါကင်မှာ အသင့်စောင့်နေပြီး အယ်လိုဟင်က ကားဒရိုက်ဘာတာဝန်ကို ယူထားရပြန်ပြီ။
"ဟေး၊ ကောင်မလေးတွေ။ မင်းတို့ပစ္စည်းတွေကို တတ်နိုင်သမျှ ကားနောက်ဖုံးထဲမှာထည့်ထားတယ်။ လိုအပ်ရင် ငါ့ကိုဖုံးတစ်ချက်ခေါ်လိုက် အဲဒါတွေကို ချက်ချင်းလာပို့ပေးမယ်။"
မက်ဒါနာက ကားနောက်ဖုံးကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်တော့ သူ့ရဲ့ငွေရောင်ဝတ်စုံကိုရော ခွေးကြီးဖြစ်တဲ့ စေဘာစတိန်းကိုပါ ထည့်ထားတာတွေ့ရတယ်။ ဒါပေမဲ့ ဖရာလီတာရဲ့ဝါးဖရိန်ကတော့ ကြီးလွန်းတဲ့အတွက် အခြားနည်းပညာမြင့်လက်နက်တွေကိုပဲ ထည့်ထားတာတွေ့ရတယ်။
"မမလေး... ဒီဝတ်စုံက မမလေးကျွန်မကို ချုပ်ပေးထားတဲ့ ဝတ်စုံထက်တောင် ပိုလန်းသေးတယ်။ မသိရင် ကျွန်မတို့တွေက အေဂျင်စီတစ်ခုက အေးဂျင့်တွေလိုလိုဖြစ်နေပြီ။"
အိမ်စေဝတ်စုံအစား သားရေဂျာကင်အမည်းကြီးနဲ့ ကျောင်းသူဂါဝန်တိုလေးဝတ်ထားတဲ့ အေမီက ပြောလိုက်တယ်။ ပြန်လည်အဆင့်မြှင့်ပြီးတဲ့နောက် သူ့ခန္ဓာကိုယ်ထဲမှာလည်း သေနတ်တွေကို သေသေသပ် သပ်ဝှက်ထားလို့ရသွားပြီ။
လောလောဆယ် အေမီက ပစ္စတိုနှစ်လက်ကို ကျောနောက်က သိုလှောင်ခန်းအသေးလေးထဲမှာ ထည့်ထားလို့ရပြီး လိုအပ်ရင်ထုတ်လို့ရတယ်။
တကယ်တော့ အေမီတင်မဟုတ်ဘဲ မက်ဒါနာတို့တစ်ဖွဲ့လုံးက အဲဒီဆိုင်ကယ်လူမိုက်ဂိုဏ်းသားတွေဝတ်တဲ့ဟာနဲ့တူနေတဲ့ သားရေဂျာကင်တွေကို ဝတ်ထားကြတာ။
ဖရာလီတာပြောတာကတော့ ဟီးရိုးဝတ်စုံတွေမှာသုံးတဲ့ အပျော့စားကျည်ကာသားနဲ့ ချုပ်ထားတာဆိုလားပဲ။
သူတို့ကားပေါ်ရောက်တော့ ဖရာလီတာက သူ့တက်ပလက်လေးကို ဖွင့်လိုက်ပြီး မစ်ရှင်အသေးစိတ်ကို ရှင်းပြတယ်။ တကယ်တော့ ထပ်သိဖို့လိုတဲ့ အချက်အလက်သစ်တွေ ရှိမနေပါဘူး။
"အဲဒီတော့ ငါတို့တွေက အာကိုင်းဂါမီ အခုအလုပ်လုပ်နေတဲ့ နေရာကိုသွားကြမှာ။ Dowellမိသားစုက MCdonaldကို ပုံတူကူးပြီးဖွင့်ထားတဲ့ဆိုင်လေးမှာ သူအချိန်ပိုင်းလုပ်နေတာတဲ့။"
"Hero is a part timerပေါ့။" မက်ဒါနာလည်း စစ်ရှုံးပြီး ထွက်ပြေးလာရရင် ကြက်ကြော်ဆိုင်မှာ အလုပ်လုပ်နေရတဲ့ မိစ္ဆာဘုရင်အကြောင်း Anime ကို သတိရသွားပြီး လွှတ်ခနဲပြောလိုက်မိတယ်။
ခုမှဂျပန်ကာတွန်းဂျပိုးဖြစ်လာတဲ့ ဖရာလီတာကတော့ မက်ဒါနာဆီကနေ အသစ်အဆန်းတစ်ခုခုကြားရတာနဲ့ နားထောင်ဖို့အသင့်ကို ဖြစ်နေတော့တာ။
"Animeကားလား... စိတ်ဝင်စားဖို့ကောင်းလား၊ ငါ့ကိုပြောပြလေ။"
"အင်း... အဲဒီလိုပဲဆိုပါတော့။"
သူတို့နှစ်ယောက်အာလူးဖုတ်နေတုန်း ဘေးမှာပါလာတဲ့ အေမီကတော့ သူ့ကိုအသစ်တပ်ပေးထားတဲ့ ပစ္စတိုနှစ်လက်ကို ထုတ်ပြိး လက်ထဲမှာကိုင်ကြည့်နေတယ်။ နောက်ဆုံးတော့ သူ့မှာလည်း တိုက်ခိုက်နိုင်စွမ်းရှိလာပြီ။ အများကြီးတော့ မဟုတ်ပေမဲ့လို့ပေါ့။
"ဒီနေကာမျက်မှန်တွေကိုယူထားလိုက်..." ဖရာလီတာက သူတို့တစ်ယောက်ချင်းစီအတွက် နေကာမျက်မှန်တစ်ခုစီပေးလိုက်ပြီး သူကိုယ်တိုင်လည်း တပ်လိုက်တယ်။ ဒီနေကာမျက်မှန်တွေက အရင်က မက်ဒါနာစမ်းသပ်ခဲ့တဲ့ Samsung Smart Watch လိုပဲ။ မက်ဒါနာရဲ့ဝတ်စုံစနစ်ပါဝင်ပြီးတော့ တိုက်ပွဲအကူပရိုဂရမ်ကို ထောက်ပံပေးနိုင်တယ်။ ပိုပြီး အဆင့်မြင့်လာတာတစ်ခုက HQ နဲ့ဆက်သွယ်နိုင်ပြီး HQမှာက ဘဏ္ဍာစိုးစတန်းဖို့ခ်ရှိနေပါတယ်။
"ကောင်မလေးတွေ၊ ဂျပန်မှာက တရားဝင်ဟီးရိုးမဟုတ်ရင် တာဝန်ထမ်းဆောင်ခွင့်မရှိဘူး။ ဒါကြောင့် အကျယ်အကျယ်မဖြစ်စေကြနဲ့။"
အယ်လိုဟင်က ကားမှန်ကနေတစ်ဆင့် သူတို့ကိုမျက်စောင်းထိုးကြည့်ရင်း သူကိုယ်တိုင်လည်း နေကာမျက်မှန်တက်လိုက်ပါတယ်။ ဒါကြောင့် သူ့အပြာရောင်အလင်းတွေဖြာထွက်နေတဲ့ မျက်လုံးက မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။
နောက်တော့ သူတို့ကားစထွက်ပြီ။ အယ်လိုဟင်က ကျွမ်းကျင်စွာနဲ့ ကားကိုဘက်ဂီယာထိုးပြီး လမ်းပေါ်တက်လိုက်တယ်။ ဒါပေမဲ့ သူတို့နောက်ကနေ အနက်ရောင် ဘင်ကားလေးတစ်စီး လိုက်လာတာကိုတော့ သတိမထားမိလိုက်ပါဘူး။
...
ခြောက်လမ်းသွား ကားလမ်းမကြီးတစ်ခုပေါ်တွင်တော့ တံခါးခြောက်ပေါက်ပါသည့် အနက်ရောင် ကားတစ်စီးကို အလားတူဘန်ကား ခြောက်စီးခန့် ကာကွယ်ပေးရင်း တိုကျိုမြို့ဟောင်းရှိရာသို့ ခရီးဆက်နေကြသည်။
တံခါးခြောက်ပေါက်ကားပေါ်တွင်တော့ ဆေးလိပ်ကို လက်ကြားထဲညှပ်ထားသည့် အာအိုရီက တစ်ချက်ဖွာလိုက်ရင်း မီးခိုးများကို မှုတ်ထုတ်ပစ်လိုက်သည်။ ပြီးနောက် သူနှင့်မျက်နှာချင်းဆိုင်တွင် ရှိနေသည့် လူအား ပြောလိုက်၏။
"သူတို့က အာကိုင်းဂါမီကို လိုက်ရှာနေတယ်ဆိုတာ တကယ်ပဲလား။ ပြီးတော့ အဲဒီမိန်းကလေးက တကယ်ပဲ SilverKnightလား...."
တစ်ဖက်လူက ပါးရေနားရေများ တွန့်သွားသည်အထိ ပြုံးလိုက်ပြီး ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။
ထိုလူ၏ရုပ်သွင်က သာမန်ဂျပန်အဖိုးအိုတစ်ယောက်နှင့်သာတူပြီး အဖြူရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ထားကာ လက်ချောင်းတိုင်းတွင် အရောင်တလဲ့လဲ့တောက်ပနေသည့် ကျောက်မျက်များကိုမြုပ်ထားသော ရွှေလက်စွပ်များစွာကို ဝတ်ဆင်ထားကြောင်း တွေ့နိုင်ပေသည်။
"ဒါပေမဲ့... အဖိုးအခကဘာလဲ၊ ရှင်တို့မြူတန့်သိပ္ပံအဖွဲ့အစည်းက ကျွန်မတို့အတွက် အလကားအကျိုးဆောင်ပေးရအောင် သဘောမကောင်းဘူးမဟုတ်လား၊ မြူ..."
မြူဆိုသည့်အဖိုးအိုက မြူတန့်သိပ္ပံအဖွဲ့အစည်း၏ ဝါအရင့်ဆုံးသူတစ်ယောက်ဖြစ်ကာ Mad Doctorနှင့်အတူ ဆေးဖော်မြူလာများကို ဖော်ထုတ်ခဲ့သည့် သိပ္ပံပညာရှင် ဒေါက်တာယာဂါမိုတိုဖြစ်၏။
အစောဆုံးအဖွဲ့ဝင်များကဲ့သို့ပင် သူတို့ကိုယ်သူတို့ လူလုပ်မြူတန့်များအဖြစ်သို့ ပြောင်းလဲခဲ့သူတစ်ဦးဖြစ်ပြီး သူပြောင်းလဲခဲ့သည့်ပုံစံက တိုက်ခိုက်နိုင်စွမ်းမရှိသောကြောင့် နောက်မျိုးဆက်များနောက်ကွယ်တွင် တိမ်မြုပ်နေခဲ့သည်။ တော်ရုံကိစ္စများတွင် အဖွဲ့၌ ဝင်မပါတော့ပေ။
သို့သော်လည်း ဆုဗာနာတိုက်ပွဲပြီးသည့်နောက်တွင် မြူတန့်သိပ္ပံအဖွဲ့အစည်းက အဆင့်တစ်ခုအထိ အားနည်းသွားသောကြောင့်သာ ထွက်လာရခြင်းဖြစ်၏။
"ယာမာဂုချီမိသားစုနဲ့ကျုပ်တို့တွေက အစတည်းက မဟာမိတ်တွေပဲမဟုတ်လား။ မင်းကလည်း SilverKnightကိုမုန်းတယ်၊ ငါတို့ကလည်း SilverKnightကို သတ်ချင်နေတယ်။ ဘာကြောင့်များ ကျုပ်တို့က အတူတူတွဲမလုပ်ရမှာလဲ။"
အဖိုးအို၏စကားကတော့ အထိုက်အလျောက် အကျိုးကြောင်းသင့်လျော်သည်။ သို့သော်လည်း အာအိုရီ၏စိတ်ထဲတွင် မရှင်းမလင်းဖြစ်နေသည့် ကိစ္စများ ရှိနေဆဲပင်။
"SilverKnightနဲ့Archmega နှစ်ယောက်လုံးက A+ တွေဆိုတာ ရှင်သိတယ်မဟုတ်လား။ ကျွန်မက ယာမာဂုချီရဲ့တရားဝင်အကြီးအကဲမဟုတ်တော့ အစွမ်းထက် လက်အောက်ငယ်သားလည်းမရှိဘူး။ ပြီးတော့ ကျွန်မသိသလောက် ရှင်ကလည်း အကူအမျိုးအစားမြူတန့်ပါ။"
အဖိုးအိုကတော့ ခပ်ဟဟသာ ရယ်မောလိုက်ပြီး သူ့ဆေးသေတ္တာထဲမှ ထုတ်ကုန်သစ်အများအပြားကို ထုတ်ပြလိုက်သည်။
"ဆုဗာနာတိုက်ပွဲပြီးတော့ ကျုပ်တို့တွေရဲ့အင်အားက ယုတ်လျော့သွားတယ်ဆိုပေမဲ့ ကျုပ်တို့ထုတ်ကုန်တွေကို တိုးတက်အောင် ပြုလုပ်နိုင်ခဲ့တယ်။"
အဖိုးအိုက အေးခဲထားသည့် ဆေးပုလင်းလေးတစ်ခုကို ထုတ်ယူကာ လှုပ်ခါပြလိုက်သည်။ ဆေးရည်က အပြာရောင်တစ်လှည့် အနီရောင်တစ်လှည့်ပြောင်းလဲနေပြီး အလွန်အမင်းမှော်ဆန်နေ၏။
"မင်းမှာ ထူးဆန်းတဲ့ရောဂါတစ်ခုရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ ဒီဆေးက မင်းရဲ့အထွတ်အထိပ်စွမ်းအားကို ပြန်သုံးနိုင်ဖို့ ကူညီပေးလိမ့်မယ်။"
"ရှင်တို့ဆေးတွေမှာ ဆိုးကျိုးရှိတယ်လို့ ကျွန်မကြားဖူးတယ်။" အာအိုရီ၏စကားကြောင့် အဖိုးအိုက လက်မထောင်ပြလိုက်ပြီး....
"အိုက်ဇာဝါရဲ့လက်ထောက်လို့ မဆိုရဘူးပဲ။ မင်းက သိပ်ကိုဉာဏ်ပြေးတယ်။ ကျုပ်တို့ဆေးတွေမှာ သိပ်ကိုပြင်းထန်တဲ့ ဆိုးကျိုးတွေရှိခဲ့တာအမှန်ပဲ။ ဒီဆေးရဲ့ပထမဗားရှင်းကို စမ်းသပ်တုန်းက စိတ်ရိုင်းဝင်ခြင်းနဲ့ထိန်းချုပ်မရတဲ့ပြဿနာတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ဖော်မြူလာနမူနာတစ်ခု ရောက်လာပြီးကတည်းက ဆိုးကျိုးတွေကို ဖယ်ထုတ်ပြီးသွားပါပြီ။"
ဆုဗာနာတိုက်ပွဲတွင် ဓားနတ်ဆိုးက လီဆာကို ဖမ်းနိုင်ခဲ့ပြီး သူနှင့်အတူခေါ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် ယခုအခါတွင် မြူတန့်သိပ္ပံအဖွဲ့အစည်း၏ အားနည်းချက်အားလုံးမှာ ပျောက်ပျက်သွားပြီဖြစ်၏။
"ဒီဆေးက တစ်နာရီပဲသက်ရောက်ရှိတယ်ဆိုတာကိုတော့ မှတ်ထားပါ။ မင်းရောဂါကို ငါတို့လည်းအရှင်း မကုနိုင်ဘူး။ ငါတို့က မင်းတို့လူတွေကိုလည်း မြူတန့်စွမ်းအားဆေးတွေပေးဦးမှာ။ ပြန်ပေးရမယ့် အဖိုးအ
ခကတော့ Archmegaနဲ့SilverKnightကို သေအောင်သတ်ပေးရမယ်။"
မြူတန့်သိပ္ပံအဖွဲ့အစည်းက သူတို့ဘာသာ SilverKnightတို့ကို သွားမရှာခြင်းက ရိုးရှင်းလှသော အကြောင်းပြချက်တစ်ခု ရှိနေသောကြောင့်ဖြစ်သည်။
ငွေရောင်စစ်သည်တို့ဖက်တွင် အင်အားအကြီးဆုံးဖြစ်သည့် ဆိုဖီယာထွက်ခွာသွားသည့်တိုင်အောင် ရင်ဆိုင်ရခက်ခဲနေသည့် အင်အားမျိုးရှိနေဆဲဖြစ်သည်။
မြူတန့်သိပ္ပံအဖွဲ့တွင်တော့ S rank နှစ်ယောက်လုံး ဒဏ်ရာရနေပြီး မြူတန့်အသစ်များဖန်တီးရန်မှာလည်း အချိန်အနည်းငယ်ယူရဦးမည်ဖြစ်၏။
"ဒီတော့ ရှင်တို့ကြေးစားအဖြစ်ခေါ်ထားတဲ့ ဓားနတ်ဆိုးကရော... SilverKnightကို သတ်ဖို့ဆိုရင် သူလည်းစိတ်ဝင်စားလောက်တယ်မဟုတ်လား။"
"သူလာပါလိမ့်မယ်။"
...
ရှင်တိုဘုရားကျောင်းလေးတွင်တော့ ဆောင်ဟိုင်က အလုပ်မသွားဘဲ မိရိုင်တို့ကလေးမလေးနှစ်ယောက်နှင့် ကစားနေသည်။
တကယ်တမ်း ကစားနေသည်ထက် မီရိုင်လေးကို မီးသုံးနည်း သင်ပေးနေသည်ဟု ဆိုနိုင်ပေသည်။ မီရိုင်လေးက လက်ကိုသေနတ်ကဲ့သို့ ဟန်လုပ်ကာ လက်ညိုးထိပ်တွင် ဒင်္ဂါးတစ်ပြားစာအရွယ် မီးတောက်ကို ဖွဲ့စည်းလိုက်သည်။
ထို့နောက် ပစ်မှတ်အဖြစ် ထားထားသော အချိုရည်ဘူးခွံကို လှမ်းပစ်လိုက်၏။ သို့သော် မီးတောက်က တိုက်လေကြောင့် လေထဲမှာတင် လမ်းကြောင်းလွဲသွားပြီး သစ်ရွက်ခြောက်များပေါ်ကျသဖြင့် ချက်ချင်းသုံးယောက်လုံး အလုပ်ရှုပ်သွားလေသည်။
"မိရိုင်... နင်ငါတို့ဘုရားကျောင်းကို မီးရှို့ပစ်လုနီးနီးပဲ။" ယုဆလေးက စိတ်ဆိုးဆိုးဖြင့် ပါးလေးဖောင်းပြီး မိရိုင်ကိုပြောလိုက်သည်။ မိရိုင်ကတော့ စိတ်ညစ်နေပုံရပြီး ဘာပြန်ပြောရမှန်းမသိပေ။
"အား... ငါက တော်တော်အခြေအနေဆိုးနေတာပဲ၊ နတ်ဘုရားအစ်ကိုက မြို့တစ်ခုလုံးကိုတောင် မီးကြာပန်းတွေနဲ့ ဖုံးပစ်လိုက်နိုင်တဲ့အထိစွမ်းတာကို ငါကတော့ မီးတောက်သေးသေးလေးတောင် အဖြစ်ရှိအောင် မလုပ်နိုင်ဘူး။"
စိတ်ဓာတ်ကျနေပုံရသော မိရိုင်လေးကြောင့် ယုဆလေးမှာ နှစ်သိမ့်ရန်နည်းလမ်းရှာသည့်အနေဖြင့် သူခေါက်နေသော ကြိုးကြာရုပ်ကလေးကို မိရိုင်အားပေးလိုက်ပြီး ပြုံးပြလိုက်၏။
"စိတ်ပူမနေပါနဲ့၊ မိရိုင်က တော်ပြီးသားပဲဥစ္စာ။ နင်ဟိုယာကူဇာကောင်တွေရဲ့ဘောင်းဘီကို မီးတို့ပြီးတော့ နင်ကိုယ်နင်နဲ့ငါ့ကို ကာကွယ်ပေးခဲ့တာပဲလေ။ ဒါကြောင့် နောက်ကျရင်အဆင်ပြေသွားမှာ။ အစ်ကိုနတ်ဘုရားလည်း လေ့ကျင့်တုန်းက အဲဒီလိုပဲနေမှာ။"
မိရိုင်ကလည်း စဥ်းစားသည့်အနေဖြင့် ပါးလေးကို လက်ညိုးဖြင့်ထောက်လိုက်ပြီး ဆူပုတ်နေသည့်မျက်နှာကြီးဖြင့် ကြမ်းပြင်ပေါ်မှ ရေလောင်းပြီးသား သစ်ရွက်ပြာများကို ရှင်းလင်းနေသော အာကိုင်းဂါမီအား ကြည့်လိုက်သည်။
"နင်ပြောတဲ့အတိုင်းဆိုရင် အစ်ကိုနတ်ဘုရားက အသက်တစ်ရာ့ငါးဆယ်လောက် ဖြစ်နေပြီမဟုတ်လား။ သူရုပ်ထုအပြင်ကို ထွက်လာတာတောင် နှစ်ငါးဆယ်လောက် ဖြစ်နေပြီလေ။"
"အဲဒီထက်လဲ ပိုရင်ပိုမှာပေါ့။"
"ဒါဆိုရင် သူဘယ်လိုလေ့ကျင့်ခဲ့လဲ၊ ငါတို့က ဘယ်လိုလုပ်သိတော့မှာလဲ။"
"အား... စကားကို ကပ်ပြီးမပြောနဲ့လေ။"
နောက်တစ်ခါအနေဖြင့် လိပ်ပုံခေါက်ရန် ကြိုးစားနေသော ယုဆလေးက စိတ်ဆိုးသွားပြီး စက္ကူများကို လွှတ်ပစ်လိုက်သည်။ အာကိုင်းဂါမီက မိရိုင်လေးကို ပိတ်ရက်တွင် မီးလုံးသုံးနည်းသင်ပေးနေသဖြင့် သူကလည်း ငယ်ငယ်က အာကိုင်းဂါမီသင်ပေးထားသော စက္ကူခေါက်ပညာကို လေ့ကျင့်နေခြင်းဖြစ်သည်။ အနည်းဆုံးတော့ တစ်ယောက်တည်းအထီးကျန်နေစရာမလိုတော့။
မိရိုင်လေးက အာကိုင်းဂါမီကို ကိုယ်တိုင်မေးကြည့်ရန် အကြံရလာပြီး လူကြီး၏အင်္ကျီလက်ကို ဆွဲလိုက်သည်။
"အစ်ကိုနတ်ဘုရား လေ့ကျင့်တုန်းကရော အဲဒီလိုတွေ ကြုံခဲ့ရသေးလားဟင်။"
အညိုရောင်မျက်လုံးရွဲလေးများနှင့် သူ့ကိုကြည့်နေသော ချစ်စဖွယ်ကပြားကလေးမလေးကြောင့် အာကိုင်းဂါမီလည်း တော်တော်ကြာအောင် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ဘာမှပြောမနေဘဲ ရပ်နေလိုက်သည်။
'မနေ့တစ်နေ့က ဘာဟင်းနဲ့စားလဲတောင် မမှတ်မိတဲ့ငါ့ကို ဘယ်လိုတောင်အရင်နှစ်ငါးဆယ်ကအကြောင်းတွေ လာမေးနေရတာလဲ။' အပြင်ပန်းမှာ တည်ငြိမ်နေဟန်ဆောင်နေပေမဲ့ နတ်ဘုရားအစ်ကိုကြီးက စိတ်ထဲမှာ ကျိတ်ကြေကွဲနေတာပါ။
သူမှတ်မိသလောက် သူအပြင်ထွက်လာကတည်းက မီးကိုကျွမ်းကျွမ်းကျင်ကျင် သုံးတတ်နေတာ။ ဒါကြောင့် အထူးတလည်လေ့ကျင့်စရာ မလိုခဲ့ပါဘူး။
ဒါပေမဲ့ ပထမဆုံး သူ့ကိုယ်သူ မီးထုတ်နိုင်မှန်းသိတော့ တော်တော်အံ့ဩခဲ့တာ။ အပြင်ကို စထွက်ပြီး သုံးနှစ်လောက်ပဲ ကြာဦးမယ်ထင်တယ်။ ရှင်တိုဘုန်းကြီးတွေလစ်တုန်း အပြင်မှာ ပြောင်းဖူးဖုတ်စားချင်လို့ မီးခတ်ကျောက်ရှာနေတာ မတွေ့တာနဲ့ ဒီအတိုင်းမီးတောက်သွားရင် ကောင်းမယ်လို့စဥ်းစားမိရာကနေ သူ့လက်မှာမီးကြာပန်းလေး ထွက်လာတာ။
သုံးလက်မလောက်လေးရယ်၊ စစရခြင်း လန့်လွန်းအားကြီးလို့ လွှင့်ပစ်မိရာကနေ နှစ်ချို့သစ်ပင်ကြီးတစ်ပင်ကို မီးသွားစွဲတော့တာပဲ။
အဲဒီတုန်းက ဘုန်းကြီးတွေရော ဘုရင့်ရဲတပ်ဖွဲ့ကလူတွေရော တော်တော်အလုပ်ရှုပ်သွားတာ။ ကံကောင်းစွာနဲ့ အပင်ကတော့သေမသွားဘူး။ ကျောင်းထိုင်ဘုန်းကြီးကတော့ သူ့ကိုဦးချတော့မတတ် တောင်းပန်နေတော့တာပဲ။
"အရှင်မီးနတ်ဘုရားရယ်၊ နောက်တစ်ခါ ကျောင်းဝင်းထဲမှာ မီးနဲ့မဆော့ပါနဲ့လား။"
ပြောရရင် အဲဒီကတုံးပြောင်အဖိုးကြီးမျက်နှာကို သူမှတ်မိတော့တာမဟုတ်ဘူး။ ဒါပေမဲ့အဖြစ်အပျက် အကြမ်းဖျင်းကိုတော့ သတိရနေသေးတာ။
နောက်တော့ သူ့အတွေ့အကြုံထဲက ထူးခြားတဲ့အချက်ကိုပဲ ပြောလိုက်တယ်။
"ဆန္ဒ... အဲဒါက ဆန္ဒတစ်ခုပဲ၊ ငါပထမ မီးကိုသုံးတုန်းက မီးတောက်လာရင်ကောင်းမှာပဲလို့ တွေးခဲ့မိတာ။"
မိရိုင်ကတော့ မျက်လုံးကလေးကို ပေကလပ် ပေကလပ်နဲ့ကြည့်ရင်း ခေါင်းကိုမော့ကာ ပြန်မေးလိုက်တယ်။
"အဲဒါပဲလား.... အဲဒါက Animeတွေထဲက ဘာဖြစ်စေညာဖြစ်စေဆိုပြီး အော်ပြီးဇာတ်ကောင်တွေအစွမ်းသုံးပုံနဲ့ တူမနေဘူးလား။ ပါးစပ်ကနေ မအော်ရတာပဲရှိတာလေ။"
"...."
"...."
"...."
မီရိုင်လေးနဲ့အာကိုင်းဂါမီတို့ အကြည့်ချင်းဆုံသွားတယ်။ အာကိုင်းဂါမီလည်း သူအစွမ်းသုံးတဲ့နည်းကို ဘယ်လိုရှင်းပြရမှန်းလည်းမသိဘူး။ သူ့မှတ်ဉာဏ်တွေက ပြည့်စုံတာမှမဟုတ်တာကို။ သူကိုယ်တိုင် ဘယ်ကလာလို့လာခဲ့မှန်းတောင် သိတာမဟုတ်ဘူးရယ်။
"မသိရင်လည်း ထားလိုက်တော့၊ သမီးဘာသာပဲ ဆက်ကျင့်တော့မယ်။" မျက်နှာသေလေးဖြစ်သွားတဲ့ မိရိုင်က လေသံလေးနဲ့ပြောလိုက်ပြီး လှည့်ထွက်သွားတယ်။
အာကိုင်းဂါမီလည်း ဘာလုပ်ပေးရမှန်းမသိဘူး။ သူကိုယ်တိုင်က စွမ်းအားတွေပျောက်နေတော့ လက်တွေ့ပြလို့လည်း မရပြန်ဘူးလေ။
...
အခြားတစ်ဖက်မှာတော့ ဖရာလီတာတို့တွေက အာကိုင်းဂါမီရဲ့ဘုရားကျောင်းကကပ်ထားတဲ့ နံရံကပ် စာစောင်တချို့ကိုဖတ်ပြီး အလှုပ်ရှုပ်နေကြတယ်။ အခုသူတို့က Dowellမိသားစုဆိုင်မှာ ရောက်နေကြတာ။ ဒါပေမဲ့ အာကိုင်းဂါမီကို ရှာလို့မတွေ့ကြသေးဘူး။
"ကောင်းကင်က ပြုတ်ကျလာတဲ့ နတ်ဘုရားရုပ်ထုရှိတဲ့ ဘုရားကျောင်း၊ သက်ရှိထင်ရှား နတ်ဘုရားတစ်ပါးနဲ့တွေ့ချင်ရင် ဒီဘုရားကျောင်းကိုလာခဲ့ပါ။ လခွမ်း... ဘယ်သူကယုံမှာလဲဟ။"
မက်ဒါနာတစ်ယောက် နံရံကပ်စာစောင်ကိုကြည့်နေရင်း ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိတယ်။ တော်တော်များများက အာကိုင်းဂါမီကို ဥက္ကာခဲအပိုင်းအစရထားတဲ့ ဘုရားကျောင်းက ကောင်လေးလို့ပဲ သိကြတာ။ နတ်ဘုရားဖြစ်ခြင်းမဖြစ်ခြင်းတွေ သူတို့သတိမထားမိကြဘူး။
အာကိုင်းဂါမီဟီးရိုးဖြစ်နေချိန်ကတော့ နတ်ဘုရားတမျှစွမ်းလို့ သူ့အရှိန်နဲ့ဘုရားကျောင်းက အလုပ်ဖြစ်ခဲ့ပေမဲ့ သူ့စွမ်းအားတွေ ဆုံးရှုံးသွားတဲ့အချိန်မှာတော့ အဲဒီလိုကြော်ငြာတာဟာ သူတို့ကျဆုံးရတဲ့ အကြောင်းအရင်းဖြစ်လာတယ်။
လူတော်တော်များများက ဒါတွေကို အစစ်အမှန်မဟုတ်ဘူး၊ ဘုရားကျောင်းက ဟီးရိုးတစ်ယောက်ကို ဗန်းပြပြီး ဝါဒဖြန့်နေတာလို့ ရှင်တိုဘာသာဝင်တွေကိုယ်တိုင်ကပါ ယူဆကုန်ကြတယ်လေ။
ဒီလိုနဲ့အာကိုင်းဂါမီဘုရားကျောင်းက အခုလိုလူမသိသူမသိအနေအထားကို ရောက်သွားတော့တာပဲ။ အနီးအနားမှာနေတဲ့ ရှိခိုးပူဇော်နေကျ အဖိုးအိုအဖွားအိုတွေကလွဲလို့ ဘယ်သူမှမလာကြတော့ဘူး။
"လခွမ်း... ဒီကောင်သာ တကယ့်ရှင်တိုနတ်ဘုရားဆိုရင် ငါးယန်းနဲ့အလုပ်လုပ်ပေးတယ်ဆိုပြီး ကြော်ငြာထည့်နေရလောက်ပြီ။"
ရှင်တိုအယူအရ နတ်ဘုရားတွေက ကိုးကွယ်သူတွေကြောင့် တန်ခိုးစွမ်းအားရှိနေကြတာ။ ကိုးကွယ်သူမရှိတော့ရင် သူတို့လည်းရှိစရာမလိုတော့တဲ့အတွက် ပျောက်ကွယ်ကုန်မှာ။ တရုတ်မှာတော့ ရှန်လမ်းစဥ်လို့ခေါ်တယ်။
မက်ဒါနာ အလုပ်ရှုပ်နေတုန်း ဖရာလီတာကတော့ စားလို့သောက်လို့ကောင်းနေတုန်းပဲ။ ငါးမုန့်နှစ်ကြော်ကို တော်တော်လေးသဘောကျနေတာ။
"အွင်း... ဒီMCdonaldအတုဆိုင်က စားကောင်းသားပဲ။"ပြောမိလို့ ဆိုင်ရှင်Dowellနဲ့လည်း ရန်သတ်ပြီးပြီ။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ HQမှာရှိနေတဲ့ စတန်းဖို့ခ်က သူတို့ကို မျက်မှန်ကနေတစ်ဆင့် ဆက်သွယ်လာတယ်။
"အားလုံးပဲ၊ မင်းတို့ကို သတိပေးစရာတစ်ခုရှိတယ်။ မင်းကိုကားနောက်ကို ဆူဇူကီးဘင်ကားတစ်စီး ကပ်လိုက်နေတာတွေ့တယ်။ ကားမောင်းနေတုန်းကတော့ သာမန်လမ်းတူတာလို့ထင်ခဲ့ပေမဲ့ သူတို့က မင်းတို့စားသောက်နေတာကို ဘေးမှာရပ်စောင့်ပြီးကြည့်နေတယ်။ မင်းတို့နောက်ယောင်ခံလိုက်ခံနေရပြီထင်တယ်။"
ဟိုတယ်မှာကျန်နေခဲ့တဲ့ စတန်းဖို့ခ်မှာ ဂြိုဟ်တုခြေရာခံစနစ်ရှိပြီး ယာဥ်လမ်းကြောင်းတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်တယ်။ ဒါကြောင့်လည်း ခုလိုသတိပေးနိုင်တာပါ။
မက်ဒါနာကလည်း လမ်းတစ်ဖက်က ရပ်စောင့်နေတဲ့ကားကို တိုက်ရိုက်မကြည့်ဘဲ မျက်မှန်မှာပုံရိပ်ပေါ်လာတဲ့ထောင့်ကိုရှာပြီး မျက်မှန်ရဲ့စနစ်နဲ့ ပုံရိပ်ကို အကျယ်ချဲ့လိုက်တယ်။
အထဲက ယာကူဇာလိုဝတ်ထားတဲ့နှစ်ကောင်ကိုမြင်တော့....
"သူတို့က ယာမာဂုချီတွေဖြစ်မယ်၊ ဒါက သူတို့နယ်ပဲလေ။" ယာမာဂုချီတွေနဲ့ သူ့ကြားက ရန်ငြိုးကိုပြန်တွေးမိတော့ မက်ဒါနာပြုံးလိုက်မိလေရဲ့။
၅။
မက်ဒါနာတို့တွေ အာကိုင်းဂါမီဘုရားကျောင်းကို ရောက်သွားတော့ ပထမဆုံးတွေ့လိုက်ရတာက မီးလောင်နေတဲ့ ခြုံပုတ်ကြီးရယ်၊ မီးကြောင့်ကြောက်လန့်ပြီး ပတ်ပြေးနေတဲ့ ကလေးနှစ်ယောက်ရယ်ံ၊ မီးငြိမ်းဖို့အတွက် ဘုရားကျောင်းရေကန်ထဲက ရေပုံးကိုဆွဲပြီး ပြေးလာနေတဲ့ ဦးလေးကြီးတစ်ယောက်တို့ပါ။
"အား.... နင်တို့တွေက ရှေးဟောင်းအမွေအနှစ်တွေကို မီးရှို့ပြာချပစ်ဖို့ ကြိုးစာစနေကြတာလား။"
ဖရာလီတာလေးက ဒီမြင်ကွင်းကိုမြင်တော့ မနေနိုင်မထိုင်နိုင် ထအော်ပြီးတော့ သူပါပြေးသွားပြီး မီးကူသတ်ပေးတယ်။
ဘာပဲပြောပြော ဒီဘုရားကျောင်းက အယ်ဒိုခေတ်လက်ရာလေ။ ချီဒိုရီသစ်သားဆက်ပညာရပ်နဲ့ သံတစ်ချောင်းမှမပါဘဲ ဆောက်ထားတာမလို့ ကမ္ဘာ့ယဥ်ကျေးမှုအတွက် အရေးပါတဲ့အမွေအနှစ်တွေ။ ဒါတွေသာ မီးလောင်သွားလို့ကတော့ အကုန်ပြဿနာတက်ကုန်မှာ။
အေမီနဲ့မက်ဒါနာတို့လည်း ရပ်ကြည့်မနေနိုင်တော့ဘဲ ဝိုင်းကူပြီး မီးငြှိမ်းပေးရတယ်။ မီးငြိမ်းသွားတော့ သူတို့တွေအကုန်လုံး မောနေပြီ။ ချွေးတစ်စက်မှမကျနိုင်တဲ့ အေမီကပါ ဒူးခေါင်းကိုလက်နဲ့ထောက်ထားပြီး တကယ်မောသလိုမျိုး အသက်ကိုပြင်းပြင်းရှူနေတဲ့အသံ ထွက်နေသေးတယ်။
ဘာလို့အဲဒီလိုလုပ်နေလဲဆိုတာတော့ ဘုရားမှပဲသိလိမ့်မယ်။
ကလေးမလေးတစ်ယောက်က မက်ဒါနာရှေ့ကိုရောက်လာပြီး စက္ကူနဲ့ခေါက်ထားတဲ့ လိပ်ရုပ်လေးလာပေးတယ်။ ကလေးမလေးက မီကိုဝတ်စုံကိုဝတ်ထားပြီး တကယ်ချစ်စရာလေး။ ကြည့်ရတာ ဒီဘုရားကျောင်းရဲ့ထိန်းသိမ်းသူမျိုးဆက်ထင်တယ်။
"ကျေးဇူးပါနော်မမ၊ သမီးတို့တွေ လေ့ကျင့်ရင်းနဲ့ မီးက အကြီးကြီးဖြစ်သွားပြီး ထိန်းမနိုင်ဖြစ်ကုန်တာ။ မမတို့သာမလာရင် သမီးတို့ဘုရားကျောင်းတစ်ခုလုံး ပြာကျတော့မှာ။"
ဒါပေမဲ့ ကောင်မလေးစကားပြောလို့မဆုံးခင်မှာပဲ ဦးလေးကြီးက ကောင်မလေးပခုံးကိုဆုပ်ကိုင်ပြီး နောက်ကိုဆွဲခေါ်သွားတယ်။
"ယုဆလေး... မသိတဲ့သူတွေနဲ့ စကားမပြောရဘူးလေ။ အထူးသဖြင့် မသင်္ကါစရာဝတ်စုံတွေ ဝတ်ထားတဲ့သူတွေနဲ့ပေါ့။"
အင်း၊ မက်ဒါနာတို့တွေက လည်သာဝတ်စုံနက်ကြီးတွေဝတ်ပြီး နေကာမျက်မှန်တပ်ထားကြတာမလို့ မသိရင် ကလေးပြန်ပေးဆွဲတဲ့ဂိုဏ်းကလူတွေနဲ့ ဆင်တူနေတယ်။
မက်ဒါနာလည်း မခံနိုင်ဖြစ်သွားပြီး လက်ညိုးကို ကောက်ကောက်ထိုးကာ ပြန်အော်ပြောလိုက်တယ်။ တကယ်တော့ ဖရာလီတာဆီကနေ ဒီလိုပြောတာကို အကျင့်ကူးလာတာ။
"ဝေး၊ ဟေ့လူကြီး။ နင်ကျတော့ ဘုရားကျောင်းမှာ ကြက်ကြော်ဆိုင်အဝတ်ကြီးဝတ်ပြီး ကလေးတွေနဲ့ မီးရှို့တန်းကစားနေတာလေ။ သေချာပေါက် ဘုရားကျောင်းကို မီးရှို့ဖို့ကြံနေတဲ့ အကြမ်းဖက်သမားပဲနေမှာ။ ရှင့်ကို ဘယ်အစွန်းရောက်ဂိုဏ်းက လွှတ်လိုက်တာလဲ။"
တစ်ဖက်မှာတော့ ဖရာလီတာက မက်ဒါနာကို အဲဒီလိုမပြောဖို့ မျက်စိမှိတ်အချက်ပြနေပေမဲ့ မက်ဒါနာလေးမမြင်ဘူး။ ဒီလိုအူကြောင်ကြောင်လူကြီးနဲ့ကစားနေတဲ့ ကလေးတွေအတွက် စိတ်ပူလွန်းလွန်း ဒေါသထွက်နေပြီ။
"ငါလား... ငါက ဒီဘုရားကျောင်းရဲ့နတ်ဘုရားလေ။"
ဆံပင်အနီရောင်ရှိတဲ့ ဦးလေးကြီးက ခပ်တည်တည်နဲ့ပြန်ဖြေတယ်။ တကယ်လို့ မုသားဖော်စက်နဲ့စစ်ကြည့်ရင်တောင် သေချာပေါက်အမှန်ပြောနေတယ်ဆိုတဲ့ ရလဒ်မျိုးပဲထွက်မယ့် ရုပ်မျိုးနဲ့ပြောတာ။
ဦးလေးကြီးလို့ပြောပေမဲ့ သူ့မျက်နှာက သုန်မှုန်နေလို့ထင်ရတာ၊ တကယ်တန်းက အသက်နှစ်ဆယ်ပဲ
'တွေးကြည့်တော့ သူ့ဆံပင်အရှည်တွေက ဆေးဆိုးထားတာမဟုတ်ဘူးပဲ။' မက်ဒါနာလည်း အဲဒီလူကို အနီးကပ်ကြည့်ကြည့်တော့ ဆံပင်တွေက ဆေးဆိုးထားတာမဟုတ်ဘဲ သဘာဝသွေးလိုနီနေတာမှန်း သိလိုက်ရတယ်။ ဒီလိုဆံပင်အရောင်မျိုးက သူ့လိုအယ်ဘီနိုအဖြူထက်တောင် ရှားသေးတယ်။
စစ်တမ်းတွေအရ auburnလို့ခေါ်တဲ့ ဒီလိုသွေးနီဆံပင်မျိုးက ကမ္ဘာ့လူဦးရေရဲ့တစ်ရာခိုင်နှုန်းတောင် မပြည့်ဘူး။ ဒါပေမဲ့ ဒီလူလိုမျိုး ပန်းပဲဖိုထဲက မီးခဲနီးပါးနီရဲနေတဲ့ ဆံပင်ကတော့ တကယ့်ကိုဒဏ္ဍာရီအဆင့်ထဲဝင်သွားပြီ။
"ဒီတော့ ရှင်က အာကိုင်းဂါမီပေါ့၊ ဘာလို့ကလေးတွေကို မီးနဲ့ကစားတတ်အောင် သင်ပေးနေရတာလဲ။"
ဂျပန်ရဲ့ဒိတ်ဒိတ်ကျဲ စူပါဟီးရိုးတစ်ကောင်က ကလေးတွေနဲ့မီးဆော့နေမယ်လို့ ယောင်လို့တောင် တွေးကြည့်လို့မရဘူး၊ တကယ်။
"မီးနဲ့ကစားတယ်... ငါက သူတို့ကိုလေ့ကျင့်ပေးနေရုံပါ။" ကလေးနှစ်ယောက်ကလည်း အာကိုင်းဂါမီစကားကို ထောက်ခံပေးကြတယ်။
"ဟုတ်တယ်၊ မီရိုင်-ချန်က မီးစွမ်းအားရှိလို့ ကိုကိုနတ်ဘုရားက မီးအသုံးပြုနီးသင်ပေးနေတာ။ ရှင်တို့က ခုမှရောက်လာပြီး ဘာသိလို့လဲ။"
"ဘုရားကျောင်းမီးလောင်မလိုဖြစ်တာက သမီးအပြစ်ပါ။ တစ်နေ့တည်း ပစ်မှတ်ကိုလွဲပြီးပစ်မိတာ လေးခါမြောက်ရှိပြီ။"
ဒီတစ်ခါတော့ ဖရာလီတာက ငြိမ်ပြီးမနေနိုင်တော့ဘူး။ ဒေါသတကြီးနဲ့ ဆောင့်အောင့်ပြီးတော့ သူတို့ကို လက်ညိုးထိုးပြီး ဆူပူနေတော့တာပဲ။
"နင်တို့လေ့ကျင့်ရင်လဲ ဘုရားကျောင်းနဲ့ဝေးဝေးမှာ သွားလေ့ကျင့်လေ။ ပင်လယ်ထဲသွားကျင့်ရင် နင်တို့ကို ငါးမန်းကိုက်မှာစိုးလို့လားဟဲ့။ ယဥ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေကို ထိန်းသိမ်းဖို့လည်း စိတ်ထဲထည့်ကြပါဦး။"
"တောင်းပန်ပါတယ်ခင်ဗျ/ရှင့်။" ကလေးရော လူကြီးတွေပါ ဖရာလီတာကို ဦးညွှတ်ပြီး တောင်းပန်လိုက်ကြတယ်။
အစအဆုံး မက်ဒါနာရော ဖရာလီတာပါ ဂျပန်လိုပြောနေကြတာ။ မနေ့ကတောင် သူတို့ဂျပန်စကားကို နားမလည်ကြသေးဘူး။ ဒီနေ့တော့ အနည်းအကျင်းပြောတတ်နေပြီ။ ရေးတာဖတ်တာတော့ မလုပ်တတ်သေးပေမဲ့ အကူလိုလာရင် မျက်မှန်ထဲက စနစ်က ကူပေးသွားလိမ့်မယ်။
ဒါကိုလည်း သူတို့လိုမျိုး အိုင်ကျူနှစ်ရာအထက်က ဓာတ်ပုံမှတ်ဉာဏ်ပိုင်ရှင်ကြီးတွေရဲ့စူပါပါဝါတစ်မျိုးလို့ မှတ်ယူလိုက်ကြရအောင်။
သူတို့အိမ်ထဲရောက်တော့ အိမ်ရှင်ဖြစ်တဲ့ ယူဆချန်က လက်ဖက်ရည်စိမ်းနဲ့ဧည့်ခံတယ်။ စင်စစ်မှာ မက်ဒါနာက ဆုဗာနာမှာကတည်းက လက်ဖက်ရည်သောက်တဲ့ဓလေ့နဲ့ ရင်းနှီးတယ်။
ပြောရမယ်ဆိုရင် အရှေ့တိုင်းနိုင်ငံတော်တော်များများက လက်ဖက်ရည်သောက် ဝါသနာပါကြတယ်။
အနောက်တိုင်းနဲ့မတူတာက အရှေ့တိုင်းသားတွေဟာ လက်ဖက်ရည်ကို အရသာခံစရာတစ်ခုအဖြစ် မမှတ်ယူကြပဲ ပိုပြီးလေးနက်တဲ့ အနုပညာတစ်ခုအဖြစ်ယူဆထားကြတယ်။ လက်ဖက်ရည်တည်ခင်းခြင်းအတတ်ဟာ တရုတ်ရဲ့အံ့ဖွယ်ယဥ်ကျေးမှုလေးခုဖြစ်တဲ့ ကြိုးတပ်ဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ပန်းချီပြီးရင် အရေးအကြီးဆုံးအဖြစ် သက်မှတ်ကြပါတယ်။
တိဗက်တွေဟာ တွေးစရာတစ်ခုခုရှိလာရင် လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်စဥ်းစားပြီး လောကကြီးကို မေတ္တာပို့သလေ့ရှိသတဲ့။ မြန်မာနဲ့ဆုဗာနာတို့မှာလည်း လက်ဖက်ရည်သောက်ကြပြီး သူတို့က လက်ဖက်ရွက်ကို စားစရာတစ်ခုအနေနဲ့ သုပ်တောင်စားကြပါသေးတယ်။
ဂျပန်တွေရဲ့လက်ဖက်ကတော့ တရုတ်ကနေလာတဲ့ ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးက မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ဇန်အတတ်ဓလေ့ထုံးတမ်းတွေနဲ့ ရောယှက်နေပါတယ်။ ရှေးခေတ်က ဂေးရှားအလှမယ်လေးတွေဟာ လက်ဖက်ရည်ဖျော်နည်းအတတ်ကို ဂုဏ်ယူဖွယ်ရာတစ်ခုအဖြစ်နဲ့ သင်ယူကြရပါတယ်။
အနောက်တိုင်းသားတွေကတော့ ၁၇ ရာစုနှစ်ကျမှ ဒီအရသာရှိတဲ့အရွက်တွေအကြောင်း သိခွင့်ရခဲ့တာဖြစ်ပြီး ပေါ်တူဂီဘုန်းကြီးတွေကို ကျေးဇူးတင်ရမှာပါ။ သူတို့က ရေနွေးကြမ်းလို့ခေါ်တဲ့ အရှေ့အာရှသားတွေသောက်တဲ့ လက်ဖက်ရည်ထက်စာရင် အိန္ဒိယတိုင်းသားတွေသောက်တဲ့ လက်ဖက်ရည်ချိုကို ပိုကြိုက်ကြတယ်။
ဒါပေမဲ့ ဒါတွေပြောနေတော့ရော၊ ဘာထူးမှာမလို့လဲ။ သူတို့က အခုအာကိုင်းဂါမီလို နတ်ဘုရားကြီးကို ပုလိပ်စစ်စစ်ဖို့ လာကြတာလေ။ လက်ဖက်က အရေးမှမကြီးတာ။
အခုလောလောဆယ်တော့ သူတို့တွေက ကိုင်းတိုကို ထွက်ပြေးမှာစိုးလို့ ဝိုင်းထားကြပြီး တစ်ခုချင်းစီမေးပြီး စစ်ဆေးနေကြတယ်။
"ရှင်က ဥက္ကာပျံတွေအကြောင်း တစ်ခုခုသိထားတယ်မဟုတ်လား။"
"ရှင့်အစွမ်းက S rank ထက်တောင် ကျော်နေပြီဆို။"
"ပြောစမ်း... အဲဒီကျောက်တုံးတွေရဲ့အရင်းအမြစ်ကို ရှင်သိတယ်မဟုတ်လား။"
"ဘာလို့ ကမ္ဘာပေါ်မှာလွန်ခဲ့တဲ့ နှစ်ငါးဆယ်ထက်စောပြီး သလင်းကျောက်တွေရှိနေရတာလဲ။"
သူတို့ရဲ့ရုတ်တရက်ဆန်လှတဲ့ မေးခွန်းတွေကြောင့် ကလေးမလေးယုဆဆိုရင် ကြောက်လွန်းလို့တုန်နေပြီ။ မိရိုင်ကတော့ ဆောင်ဟိုင်ရှေ့မှာပိတ်ရပ်လိုက်ပြီး သူတို့နှစ်ယောက်က အာကိုင်းဂါမီကို တစ်ခုခုမလုပ်နိုင်အောင် ကာကွယ်ပေးမယ့်ပုံလုပ်နေတယ်။
အာကိုင်းဂါမီကတော့ ပါးစပ်အဟောင်းသားနဲ့ပါ။ ဒါပေမဲ့ သူက တစ်နေ့ဒီလိုအမေးခံရလိမ့်မယ်ဆိုတာကို ကြိုသိနေခဲ့ပုံပဲ။ သူက လေသံအေးအေးနဲ့ပဲ ပြန်ဖြေလိုက်တယ်။
"မင်းတို့သိချင်နေတဲ့ အဖြေတွေကို ငါပြောမပြနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး၊ ငါကိုယ်တိုင်က မမှတ်မိတော့လို့ပါ။"
"ဘာ...."
အဲဒီနောက်တော့ မီရိုင်က အာကိုင်းဂါမီရဲ့ထူးဆန်းတဲ့ အတိတ်မေ့ရောဂါအကြောင်း ပြောပြလိုက်တယ်။
ဒါပေမဲ့ အာကိုင်းဂါမီဒီကမ္ဘာပေါ်ကို ရောက်လာတဲ့အချိန်က ဥက္ကာခဲတွေကျဆင်းတဲ့အချိန်နဲ့ယှဥ်ရင် နှစ်တစ်ရာလောက် ပိုစောနေတယ်မဟုတ်လား။ ပြီးတော့ သူတို့သေချာမှတ်မိသလောက် ဟိုပိုးဟပ်သုံးကောင် ကမ္ဘာ့ပတ်လမ်းကြောင်းထဲက ယာဥ်ပျံကို ဝင်တိုက်မိခဲ့တာ လွန်ခဲ့တဲ့နှစ်တစ်ရာကလို့ ပြောခဲ့တာပါ။ နှစ်တစ်ရာ့ငါးဆယ်ကလို့ ပြောခဲ့တာမဟုတ်ဘူး။
ဒါပေမဲ့ အဲဒီကိစ္စက ပဟေဠိကြီးတစ်ခုလိုမျိုး ဖြစ်နေပြန်တယ်။ ဖရာလီတာကတော့ ခေါင်းကိုဆုပ်ကိုင်ထားရင်း ပြောလိုက်တယ်။
"ဘယ်လိုကြီးလဲ၊ သူ့သေတ္တာက ကမ္ဘာပေါ်ကို အရင်နှစ်ငါးဆယ်က ရောက်လာခဲ့တာဆိုရင် ဟိုသုံးကောင်က ယာဥ်ကိုဝင်တိုက်မိတဲ့အချိန်မှာ သူ့ကိုတွေ့ခဲ့မှာ မဟုတ်ဘူးလေ။"
စကြဝဠာရဲ့ဥပဒေသတွေအရ လူတစ်ယောက်က နေရာနှစ်ခုမှာ တစ်ပြိုင်တည်းရှိမနေနိုင်ဘူးမဟုတ်လား။ တကယ်လို့ သူတို့မျက်စိရှေ့မှာထိုင်နေတဲ့ကိုင်းတိုက အာကိုင်းဂါမီအစစ်ဆိုရင် ဟိုသုံးကောင် တွေ့ခဲ့တာကရော။
အာကိုင်းဂါမီနဲ့တူတဲ့ တစ်ယောက်ယောက်လား၊ ကိုင်းတိုမှာ အမြွှာညီအစ်ကိုရှိနေတာလား၊ ဒါမှမဟုတ် ပုံရိပ်ယောင်တစ်ခုခုလား။
"ရှင်တကယ်ပဲ ဘာမှမမှတ်မိဘူးလား။"
အာကိုင်းဂါမီက ခေါင်းခါပြတယ်။ နောက်တော့ သူက ရှင်းပြတယ်။ "သေတ္တာထဲက ထွက်မလာခင် ကိစ္စတွေကို ငါမမှတ်မိတော့ဘူး။ ဘုရားကျောင်းမှာနေခဲ့ရတဲ့ အကြောင်းတွေတောင် ငါဝေဝေဝါးဝါးပဲသိတာ။"
"ဆိုလိုတာက နင်က အခုဖြစ်ပျက်နေတဲ့ ပစ္စုပ္ပန်ကလွဲရင် ဘာကိုမှမမှတ်မိနိုင်ဘူးလား။" ဖရာလီတာက မေးလိုက်တော့ အာကိုင်းဂါမီက ခေါင်းညိတ်ပြလိုက်တယ်။
"ငါသေချာတော့မသိပေမဲ့ အဲဒီလိုတော့ဖြစ်လိမ့်မယ်ထင်တယ်။"
"ဒါပေမဲ့ ဝေဝေဝါးဝါးမှတ်မိတယ်ဆိုတော့ အဲဒီအချိန်မတိုင်ခင်တုန်းက ကိစ္စတွေကို လုံးဝမမှတ်မိတော့တာမျိုးလား။" မက်ဒါနာက သေချာစဥ်းစားကြည့်ရင်း ထပ်မေးလိုက်တယ်။
"ခံစားချက်တချို့ပဲ မှတ်မိတယ်၊ အရာတစ်ခုကို မပြီးဆုံးနိုင်အောင် စောင့်ကြည့်နေခဲ့ရသလိုမျိုး၊ ပြီးတော့ တစ်ယောက်ယောက်ကိုရှာရမယ်ဆိုတာကို မှတ်မိတယ်။ နောက်ဆုံးငါခံစားမိတာက တစ်ယောက်တည်းဖြစ်နေတယ်ဆိုတာပဲ။"
ကြည့်ရတာ ကိုင်းတိုဆီကနေ ဒီထက်ပိုတဲ့အချက်တွေကို သိရဖို့မဖြစ်နိုင်တဲ့ပုံပဲ။ အဲဒီအချိန်မှာပဲ သူတို့မျက်မှန်ကနေ အချက်ပေးသံထွက်လာတယ်။
HQမှာရှိနေတဲ့ စတန်းဖို့ခ်က သတင်းပို့လိုက်တာပါ။
"အားလုံးပဲ၊ မင်းတို့ရှိနေတဲ့ ဘုရားကျောင်းကို ယာမာဂုချီတွေက လေးဖက်လေးတန်ဝိုင်းထားတယ်။ မင်းတို့ပြင်ဆင်ထားသင့်တယ်ထင်တယ်။"
သူတို့အားလုံး ဘုရားကျောင်းအပြင်ဖက်ကို ကြည့်လိုက်တော့ ဘင်ကားအနက်ရောင်တွေ ထိုးရပ်လိုက်တာ တွေ့လိုက်ရတယ်။
အယ်လိုဟင်နဲ့အေမီက သူတို့နောက်ကို နောက်ယောင်ခံ လိုက်နေကြမှန်းသိလို့ လမ်းထဲကို သူတို့ဝင်လာကတည်းက လက်နက်တွေကိုထုတ်လာပြီး ဘုရားကျောင်းထဲကို ပြန်ဆုတ်လာနေပြီ။ သူတို့က မက်ဒါနာတို့နဲ့ နည်းနည်းလေးလှမ်းတဲ့ ရင်ပြင်အလယ်မှာ။
"သူတို့က ငါ့အိမ်တော်ကပဲ၊ ဒါပေမဲ့ ဘာလို့အင်အားအများကြီးနဲ့ရောက်လာတာလဲ။" မိရိုင်လေးက မယုံနိုင်စွာနဲ့ ပြောလိုက်တယ်။
ယုဆကတော့ အင်မတန်တက်ကြွနေတယ်။ "သူတို့ကို အရင်တစ်ခါ နတ်ဘုရားအစ်ကိုရိုက်ထားတာကို မမှတ်သေးဘူးလား။"
ဒါပေမဲ့ မက်ဒါနာတို့ကတော့ ဒီအုပ်စုက သူတို့အတွက် လာကြတာမှန်းသိပါတယ်။ ဒီတော့ သူတို့တွေလည်း ပါလာတဲ့လက်နက်တွေကို အသင့်ပြင်လိုက်ကြတယ်။
"ငါတို့မှာ လက်အိတ်တွေပဲရှိတယ်၊ ဟိုနှစ်ယောက်ကို စောင့်ရတာ စိတ်ပျက်စရာပဲ။"
ရုတ်တရက် အဖြူနဲ့အနက်နဲ့ရောနေတဲ့ မြူတွေက ဘုရားကျောင်းအတွင်းနဲ့အပြင်ကိုပါ တစ်စက္ကန့်အတွင်း ဖုံးအုပ်သွားတယ်။ အခုဆိုရင် သူတို့နှစ်ယောက်က ခြေလှမ်းသုံးလှမ်းအကွာက မြင်ကွင်းကိုတောင် သေချာမမြင်ရတော့ဘူး။
"မကောင်းတော့ဘူး၊ သူတို့မှာ မြင်ကွင်းနှောင့်ယှက်နိုင်တဲ့ နည်းလမ်းတွေရှိနေတယ်။"
...
ဘုရားကျောင်းအပြင်ဖက်မှာတော့ အာအိုရီက ဓာတ်ငွေ့ကာမျက်နှာဖုံးတပ်လိုက်ရင်း မြူလို့ခေါ်တဲ့ အဖိုးကြီးကို ကြည့်လိုက်တယ်။
"ရှင့်မြူတွေက အလုပ်ဖြစ်တာ သေချာလား။"
"ဒါပေါ့၊ ငါ့ရဲ့မြူတွေက မြင်ကွင်းကိုပဲ ဖုံးကွယ်ပေးထားတာမဟုတ်ဘူး။ အဆိပ်ငွေ့လည်းပါတော့ ကယောင်ခြောက်ခြားဖြစ်ပြီး ပုံရိပ်ယောင်တွေကိုပါ မြင်စေနိုင်တယ်။ မင်းတို့ကသာ သူတို့နှစ်ယောက်ကိုသတ်ပါ။"
"ရှင်ကရော...."
"ငါဒီကိုလာတဲ့ တခြားရည်ရွယ်ချက်က အာကိုင်းဂါမီအတွက်ပဲ။ အဖွဲ့အစည်းက သူ့ကိုလိုချင်နေတယ်။"
မြူရဲ့စကားကြောင့် အာအိုရီလည်း ပြုံးလိုက်မိပါတယ်။ "ရှင်တို့တွေ အကျိုးအမြတ်မရှိဘဲ ဒီအလုပ်ကို မလုပ်ဘူးဆိုတာ သိသားပဲ။"
အာကိုင်းဂါမီက လျှို့ဝှက်ချက်တွေအများကြီးနဲ့သူဆိုတာ ဒီလောကထဲက လူတိုင်းလိုလိုသိကြပါတယ်။ အာအိုရီကိုယ်တိုင်လည်း အာကိုင်းဂါမီရဲ့S rank ထက်ကျော်လွန်တဲ့စွမ်းအားကို မြူတန့်သိပ္ပံတွေ စိတ်ဝင်စားနေမှန်း သတိထားမိပါတယ်။
ဒါပေမဲ့ Mad doctor ဘာတွေကြံနေလဲဆိုတာကိုတော့ အတိအကျသိရဖို့ခက်ပါတယ်။ း
"ရှင့်ရဲ့ဓားနတ်ဆိုးကရော... အရိပ်တောင် မတွေ့ရပါလား။" အာအိုရီက ခနဲ့တဲ့တဲ့ပြုံးလိုက်ရင်း မြူကိုလှောင်လိုက်တယ်။
"သူရောက်လာမှာပါ... အချိန်ကိုက်ပေါ့...." မြူက အဓိပ္ပါယ်ပါပါပြုံးလိုက်ပြီး ခါးကိုကိုင်းလိုက်တယ်။
ချက်ချင်းဆိုသလိုပဲ သူ့ကျောနောက်ကနေ ရေဘဝဲ လက်တံရှစ်ဖက်ဖောက်ထွက်လာပြီး Spiderman ကားထဲက Dr.Octopusနဲ့တောင် တူနေသေးတယ်။
ဒါပေမဲ့ လက်တံတွေက စက်ရုပ်တွေမဟုတ်ဘဲ တကယ့်သက်ရှိတွေဖြစ်ပြီးတော့ အခုလိုထွက်လာနေတာက အဆုံးသတ်မဟုတ်သေးဘူး။
ရေဘဝဲခေါင်းကြီးပါ ထွက်လာပြီး ခန္ဓာကိုယ်နဲ့ခွဲကာ သီးခြားရပ်တည်ခါမှ မြူကသက်ပြင်းချလိုက်တယ်။
"ငါ့အစွမ်းက သုံးရတာ သက်သောင့်သက်သာမဖြစ်ဘူး။" အာအိုရီကတော့ မွန်းစတားကြီးကိုကြည့်ရင်း ပြောလိုက်ပါတယ်။
"ဒီတော့ ရှင်က မွန်းစတားတွေကိုပါ တိုက်ရိုက်မွေးထုတ်နိုင်တယ်ပေါ့။" အာအိုရီက လက်ထဲမှာ ဆေးထိုးပြွန်ကိုကိုင်ထားပြီး သူ့လက်ဖျံက သွေးကြောထဲ ထိုးသွင်းလိုက်တယ်။
"မမေ့နဲ့... အဲဒီဆေးက တစ်နာရီပဲခံမှာ။"
"ဒါက လုံလောက်တာထက်တောင် ပိုနေပါသေးတယ်။"
အာအိုရီရဲ့မျက်နှာမှာ အစိမ်းရောင်သွေးကြောတွေ ထောင်တက်လာတယ်။ အဲဒီနောက်တော့ မြေပြင်က မြေဆီလွှာတွေနဲ့သဲမှုန့်တွေက သူ့ကိုယ်မှာစတင်ကပ်လာပြီး နောက်ဆုံးကျောက်တုံးတွေကပါ လာကပ်တယ်။ တဖြည်းဖြည်းနဲ့ အာအိုရီက ကျောက်တုံးယိုကိုင်းကြီးတစ်ကောင်နဲ့တောင် တူနေပါပြီ။
"ငါသူတို့ကို စက္ကန့်ပိုင်းအတွင်း ယင်ကောင်လေးတွေလို ထုသတ်လို့ရတယ်လို့ ခံစားနေရပြီ။"
တစ်ချိန်တည်းမှာပဲ ရှီနိုဘီတွေလို ဝတ်ဆင်ထားတဲ့ လက်ရွေးစင်ယာမာဂုချီတွေနဲ့ သာမန်ယာကူဇာတွေလည်း ဓာတ်ငွေ့ကာမျက်နှာဖုံးတွေကို တက်ပြီးတော့ မြူထဲဝင်သွားကြတယ်။
တချို့ယာကူဇာတွေကတော့ ပျော်ရွှင်စွာနဲ့ သူတို့ကိုယ်ထဲကို မြူတန့်သိပ္ပံဆေးတွေ ထိုးသွင်းနေကြလေရဲ့။
...
မြူပင်လယ်ကြီးရဲ့အလယ်မှာတော့ အေမီနဲ့အယ်လိုဟင်ဟာ လမ်းပျောက်နေကြပါပြီ။ သူတို့ရဲ့ဒီဂျစ်တယ်နည်းပညာတွေတောင်မှ မကူညီနိုင်တော့ဘူး။
"အလကားပဲ၊ ငါတို့ရဲ့ညကြည့်ကင်မရာတွေတောင် မြူတွေကို ဖောက်မမြင်နိုင်ဘူး။ အပူချိန်ကြည့်တဲ့ အနီအောက်ရောင်ခြည်ရော...." အယ်လိုဟင်က ငွေရောင်သေတ္တာကိုကိုင်ထားရင်း မေးလိုက်တယ်။ တခြားလက်တစ်ဖက်မှာတော့ သူ့က ပစ္စတိုတစ်လက်ကို ကိုင်ထားတယ်။
တစ်ဖက်မှာရှိနေတဲ့ အယ်မီကတော့ ခေါင်းကိုတွင်တွင်ခါယမ်းလို့ရယ်။
"မရဘူး... ရေဒါနဲ့လည်းစမ်းကြည့်ပြီးပြီ၊ မြူတွေက ပဲ့တင်သံထပ်ပြီးပြီး ရေဒါကိုပါနှောင့်ယှက်နေတယ်။ သံလိုက်အိမ်မြှောင်တွေလည်း ၃၆၀° ချာလပတ်ရမ်းနေပြီ။"
"ချီးထဲမှာ၊ ငါတို့ခြေလှမ်းငါးဆယ်လောက်ပဲ လိုတော့တာလေ။" ခဏနေတော့ အယ်လိုဟင်က တွေးတွေးဆဆနဲ့ ပြောလိုက်တယ်။
"ငါတို့ဘယ်ဖက်ကို ဦးတည်သွားနေလဲမှတ်မိတယ်မဟုတ်လား။ အဲဒီအတိုင်းပဲ ဆက်သွားကြတာပေါ့။"
"အင်း.." ဘုရားကျောင်းက ဒီလောက်ကြီးမကျယ်ပါဘူး။ သူတို့ကြိုးစားပြီး တစ်ဖက်ဖက်ကိုပဲ ဖြောင့်ဖြောင့်ကြီး သွားနေသမျှတော့ မြူတွေရဲ့အပြင်ဖက်ကို ရောက်သွားနိုင်ပါသေးတယ်။
ဒါပေမဲ့ သူတို့ထင်မထားခဲ့တာက မြူတွေဟာ အင်မတန်မာယာများလိမ့်မယ်လို့ပါ။
အတော်ကြာအောင် လျှောက်ခဲ့ပြီးတာတောင် ဘုရားကျောင်းရဲ့တိုင်တစ်လုံးကိုမှ မတွေ့ရသေးဘူး။ အယ်လိုဟင်က မနေနိုင်ဘဲ ပြောလိုက်တယ်။
"တစ်ခုခုတော့ လွဲနေပြီထင်တယ်၊ ငါတို့တွေနှင်းတောထဲမှာလို့ စက်ဝိုင်းပုံစံလျှောက်မိနေတာများလား။"
အေမီကတော့ အဲဒီလိုမမြင်ဘူး။ သူတို့တွေရဲ့ဒီဂျစ်တယ်နည်းပညာတွေက မျဥ်းမြောင့်တစ်ကြောင်းကိုတောင် ဖြစ်မြောက်အောင်မဆွဲနိုင်တာတော့ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် အေမီက သူ့လက်ထဲက သေနတ်နဲ့ ရှေ့တည့်တည့်ကိုပစ်လိုက်တယ်။
"ဘန်း...." သေနတ်ကျည်ကာ နေရာစုံကို ပဲ့တင်ထပ်သွားပြီးနောက် ကျည်ဆန်တစ်တောက်က အယ်လိုဟင်နဲ့နားနားကနေ ဖြတ်သန်းသွားတယ်။
"သေစမ်း... မဖြစ်နိုင်တာ..." အေမီပစ်လိုက်တာက ညာဖက်ခြမ်းကိုပါ။ ဒါပေမဲ့ ကျည်ဆန်က ဘယ်ဖက်ကနေ ပြန်ထွက်လာပြီး အယ်လိုဟင်နားနားကို ဖြတ်သွားတယ်။ ဒါကြောင့် သူတို့တွေက စက်ဝိုင်းပုံစံ ပတ်မိနေတာထက် ပိုဆိုးတဲ့အခြေအနေနဲ့ ကြုံနေရပါပြီ။
"တည်နေရာကိုယ်တိုင်က Loop ဖြစ်သွားတာလား။"
....
ဘုရားကျောင်းခန်းထဲမှာလည်း အလားတူအခြေအနေမျိုးနဲ့ ကြုံတွေ့နေရပါတယ်။ မက်ဒါနာတို့တွေက သူတို့တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ စမ်းကြည့်ပြီးပါပြီ။ မြူတွေစဖုံးလွှမ်းသွားကတည်းက ဌာနချုပ်နဲ့ အဆက်အသွယ်ပြတ်သွားပြီ။ သူတို့တွေက လူကွဲမသွားအောင်လို့ အချင်းချင်းလက်ချင်းဆွဲထားလိုက်တယ်။
"ဖရာလီတာရေ၊ ဘာလို့ ငါတို့တွေတစ်နေရာထဲမှာပဲ ပြန်လျှောက်နေရတယ်လို့ ခံစားနေရတာလဲ။"
သူတို့တွေလည်း ဧည့်ခန်းငယ်လေးထဲကနေ မထွက်နိုင်ကြသေးဘူး။ ပိုဆိုးတာက ဧည့်ခန်းငယ်လေးဟာ ဆယ်ပေပတ်လည်လောက်ပဲ ရှိသင့်တာဖြစ်ပေမဲ့ သူတို့တွေဟာ နံရံတစ်ဖက်ကိုတောင် ခုထိမထိနိုင်ကြသေးဘူး။
"ငါစဥ်းစားမိတာတော့ တစ်ခုရှိတယ်၊ မြူတန့်သိပ္ပံအဖွဲ့က ဗီးနပ်စ်ကို မှတ်မိသေးလား။" ဖရာလီတာက ရုတ်တရက် ပြောလိုက်တယ်။ မက်ဒါနာလည်း ဗီးနပ်စ်ကို ဘယ်မေ့ပါ့မလဲ။ နယူးယောက်မှာတုန်းက သူ့ကို ဟိုက သတ်လုနီးနီးဖြစ်သွားသေးတယ်မဟုတ်လား။
"အင်း... နယ်မြေအမျိုးအစားမြူတန့်လေ...."
"အေး... ငါတို့တွေလည်း အခုနယ်မြေအမျိုးအစား မြူတန့်တစ်ယောက်ရဲ့ပိုင်နက်ထဲကို ရောက်နေတယ်လို့ မခံစားမိဘူးလား။"
နယ်မြေအမျိုးအစားမြူတန့်တွေက တကယ့်ကို စိတ်ရှုပ်စရာပါ။ သူတို့တွေက သူတို့ပိုင်နက်ထဲမှာဆိုရင် နတ်ဘုရားတွေလိုဖြစ်နေကြပြီး သူတို့ထက်ပိုစွမ်းတဲ့သူတွေကိုတောင် သတ်နိုင်ကြပါတယ်။ ပိုင်နက်ထဲမှာဆိုရင် သူတို့တွေက မသေနိုင်သလောက်ပါ။