← Chapters

ရုရှားအရှေ့ပိုင်းတိုက်ပွဲ

Vol. 4 Ch. 8

ရုရှားအရှေ့ပိုင်းတိုက်ပွဲ

Vol. 4 Ch. 8

ဖရာလီတာကလည်း တစ်ဖက်ကနေ ဖုန်းပြန်ဖြေလာတဲ့အသံကို သေချာနားထောင်နေတယ်။ တစ်ဖက်ကနေ တည်ငြိမ်ရင့်ကျက်ပြီး အေးချမ်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့လေသံက ထွက်ပေါ်လာတယ်။

"သမီးလေးက ဒေါ်လာသုံးသန်းခွဲတောင် မုန့်ဖိုးလိုချင်တယ်ဆိုပါလား၊ ရိုးရောရိုးရဲ့လား။ ကောင်လေးရနေပြီလား။ ရှူးဂါးသမီးလေးလုပ်ဖို့ ပိုက်ဆံတောင်းနေတာတော့မဟုတ်ပါဘူးနော်။"

"......"

ဟုတ်ပါတယ်၊ တစ်ဖက်က အမျိုးသမီးရဲ့လေသံက အတော်လေးတည်ငြိမ်ပေမဲ့ ထွက်လာတဲ့စကားတွေကတော့ ပေါက်ကရတွေ။ နောက်ပြီး သူ့လေသံမှာက ညို့ဓာတ်တစ်မျိုးပါနေပြီး ယောကျ်ားလေးတွေသာ အဲဒီလေသံမျိုးကို နားထောင်လိုက်ရရင် မမမှမမဖြစ်သွားလောက်တဲ့အထိ ပြင်းထန်ပါတယ်။

"အား... အဖွားကလည်း၊ အမေ့ဖုန်းကို ယူထားပြန်ပြီလား။ ဒီမှာသမီးက အရေးကြီးကိစ္စပြောစရာရှိလို့ပါဆို။"

ဖရာလီတာက ချက်ချင်းပဲ ဖုန်းတစ်ဖက်ခြမ်းကို လှမ်းအော်လိုက်တယ်။ တစ်ဖက်မှာရှိနေတဲ့ အမျိုးသမီးကြီးကတော့ မြေးလေးအော်ဆူတာခံရတဲ့အတွက် ဝမ်းသာနေတဲ့အလား သွားတွေအကုန်ပေါ်တဲ့အထိ ရယ်မောလိုက်တယ်။

အမျိုးသမီးက သက်လတ်ပိုင်းဖြစ်ပေမဲ့ တော်တော်လေးလှနေသေးပြီး ရှိရင်းစွဲအသက်ထက် အများကြီးငယ်ပုံပေါ်တယ်။ တကယ်လို့ လူစိမ်းတစ်ယောက်ကိုသာခေါ်ပြရင် သုံးဆယ့်ငါးနှစ်ထက် ပိုမကြီးနိုင်ဘူးလို့ကိုထင်မှာ။ ဒါပေမဲ့ သူက ဖရာလီတာရဲ့အဖွားပါ။

သူ့ခေတ်သူ့အခါက ပန်ဒရာဂွန်မိသားစုရဲ့အလှဆုံး မိန်းကလေးတွေထဲမှာပါတယ်။ ကွေးညွှတ်လိုက်ရင် ဆွဲဆောင်မှုရှိပြီး နှင်းဆီပန်းဖူးလေးလိုမျိုး ဖူးပွင့်နေတဲ့ နီရဲရဲနှုတ်ခမ်းရယ်၊ ရင့်ကျက်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ ဘဲဥပုံမျက်နှာ၊ ကောင်းမွန်တဲ့ပုံစံရှိတဲ့ခန္ဓာကိုယ်နဲ့ ရှည်လျားသေးသွယ်တဲ့ လက်ချောင်းလေးတွေ။ ဆံပင်ဖြူအနည်းငယ်ရောနေပေမဲ့ ကြည့်ကောင်းတဲ့ ရွှေရောင်ဆံပင်တွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ဒီအမျိုးသမီးက အနက်ရောင်ဂေါ့သစ်ဂါဝန်ရှည်ကြီးကိုဝတ်ထားပြီး အလွန်လှပနေတယ်။ ရင်ဟိုက်ဂါဝန်မလို့ ဘယ်သူမဆိုမြင်တာနဲ့ရူးသွားစေမယ့် E Cup အရွယ်သင်္ဘောသီးနှစ်လုံးရဲ့တစ်ဝက်ကိုလည်း မြင်နေရသေးတယ်။

ဒါက ဖရာလီတာရဲ့ဖွားဖွား အာသာရီယာ ပန်ဒရာဂွန်ပါ။ သူတို့ရဲ့ဘိုးဘေးကြီးအာသာရဲ့နာမည်ကို မိန်းမတစ်ယောက်နဲ့သင့်တော်ပြီး ကျက်သရေရှိအောင် ပြောင်းလဲပြီးပေးထားတာ။ ပြီးတော့ အေ့စ်၊ ဒိုင်ရွန်၊ ထရိုင်ရွန် မိသားစုခွဲသုံးခုလုံးရဲ့အကြီးအမှူးချုပ်လည်းဖြစ်တယ်။

နောက်သိပ်မကြာလိုက်ဘူး။ ဘေးမှာရှိနေတဲ့ နောက်ခပ်လှလှအမျိုးသမီးတစ်ယောက်က ဖုန်းကိုအတင်းလုယူပြီး ဖရာလီတာကို လှမ်းစကားပြောလိုက်တယ်။

"သမီးလေး၊ အခုပြောနေတာအမေပဲ။ နင့်အဖွားပြောတဲ့ပေါက်ကရတွေကို အတည်မှတ်မနေနဲ့။ သမီးလေးက ငယ်ငယ်လေးပဲရှိသေးတာ။ ရည်းစားထားရမယ့်အရွယ်မဟုတ်သေးဘူး၊ ရှိတယ်ဆိုရင်ဖြတ်လိုက်။"

"......" ဒီတစ်ယောက်ကလည်း ဖရာလီတာရဲ့ဖွားဖွားလိုပဲ ကျက်သရေရှိတဲ့အမျိုးသမီးတစ်ယောက်ပါ။ ရုတ်တရက်ကြည့်လိုက်ရင်တော့ သုံးဆယ်မကျော်သေးဘူးထင်ရပေမဲ့ ဖရာလီတာရဲ့မေမေ လောရန့် ပန်ဒရာဂွန်ပါ။

အသားအရေက တကယ်ညက်ညောပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ အနီရောင်ခမ်းနားတဲ့ဂါဝန်ကိုဝတ်ထားတာမလို့ နန်းဟန်အပြည့်ရှိပြီး ကျစ်လစ်တဲ့ကိုယ်လုံးအလှက ပေါ်လွင်နေတယ်။ လမ်းပေါ်ရောက်သွား ဘယ်ယောက်ျားလေးမဆို သူ့အတွက်အသေခံပေးပရစေဆိုပြီး ဖြစ်ကုန်နိုင်တဲ့ အမျိုးသမီးမျိုး။ ပြီးတော့ ဖွားဖွားပန်ဒရာဂွန်နဲ့ဂုဏ်တုဂုဏ်ပြိုင် တစ်ဆိုဒ်ပဲသေးတဲ့ 34DD နဲ့။

တကယ်လို့ သမီးနဲ့အမေနှစ်ယောက်သာ ဘေးချင်းယှဥ်ထိုင်နေရင် ညီအစ်မတွေလို့တောင် ထင်ချင်စရာပဲ။ (ဖရာလီတာရဲ့အဖေက ပန်ဒရာဂွန်မိသားစုရဲ့မွေးစားသားမလို့ ဖရာလီတာရဲ့surnameမပြောင်းသွားတာပါ။) ဖရာလီတာတောင် သူတို့နှစ်ယောက်ကို ရင်ဘတ်ဆိုဒ်နဲ့ခွဲရတယ်။ ဒါတောင်တူနေလို့ အတည်ပြုဖို့ ကိုင်ကြည့်ဖို့လိုသေးတယ်။ လူမှားပြီးကိုင်မိရင်တော့ အဲဒီနေ့အတွက် နေ့လယ်စာငတ်ပြီသာမှတ်တော့။

ဖရာလီတာကလည်း အမှန်အတိုင်းပဲပြောလိုက်တယ်။

"အမေ... တကယ်တော့ သမီးမှာ ချစ်ရတဲ့ကောင်မလေးရှိနေပြီ။ ဒါပေမဲ့စိတ်ကောက်ပြီးရန်ဖြစ်ရာကနေ အကုန်ပျက်စီးကုန်လို့ လျော်စရာရှိတာလျော်ရမှာ။"

ဖရာလီတာဆီကနေ သမီးရည်းစားနှစ်ယောက်ရန်ဖြစ်တဲ့အကြောင်း ဖွားဖွားနဲ့မေမေကြားလည်းပြီးရော တစ်ယောက်နဲ့တစ်ယောက်မျက်ခုံးပင့်ပြလိုက်တယ်။

"ဒါဆို အမေတို့ငွေလွှဲပေးလိုက်မယ်၊ ဒါပေမဲ့အဲဒီကောင်လေးကို အမေတို့ဆီနောက်နှစ်ခေါ်လာပြရမယ်။ ဒါမှသမီးနဲ့သင့်တော်လားမတော်လားသိရမှာ။"

"အမေကလည်း... ဘယ်ကကောင်လေးလဲ ကောင်မလေးပါဆို။ သေချာနားမထောင်ဘူးလား။"

"....." ရှေးရိုးစွဲဆန်တဲ့ ပန်ဒရာဂွန်ဖွားဖွားကတော့ မိုးပေါ်ကို မော့ကြည့်လိုက်မိတယ်။ ခုခေတ်ကလေးတွေက တစ်ခုခုလွဲနေတာများလား။

"အောင်မလေး... မိန်းကလေးတစ်ယောက်က ဘဝလက်တွဲဖော်အတွက် တခြားမိန်းကလေးကိုရွေးသတဲ့။ အဲဒါက မျိုးပွားမှုကိုအားမပေးဘူးနော်။ ဒီတစ်သက် ငါမြေးရောချီရပါဦးမလား။"

ဒါပေမဲ့ မေမေပန်ဒရာဂွန်ကတော့ အဲဒီလိုမတွေးဘူး။ သူ့သမီးရည်းစားက ကောင်မလေးဆိုတာကြားတာနဲ့ ပြန်ပြောလိုက်တယ်။

"အမလေး၊ သမီးလေးက တော်လိုက်တာ။ မနက်ဖြန် ပိုက်ဆံတစ်သန်းပိုပေးလိုက်မယ်နော်။ ကောင်မလေးနဲ့တည့်အောင်နေဦး။ အမြဲကိုယ့်ဖက်ကချည်း အနိုင်ကျင့်မနေနဲ့ဦး။"

"အမေပဲ ခုနတုန်းက ရည်းစားထားဖို့ ငယ်သေးတယ်ဆို။"

"မေ့လိုက်တော့၊ အဲဒီကောင်မလေးကို ညင်ညင်သာသာဆက်ဆံ ဟုတ်ပြီလား။" မေမေပန်ဒရာဂွန်က စကားဆုံးတာနဲ့ ဖုန်းကိုချပြီး တစ်ယောက်တည်းသီချင်းညည်းနေတယ်။ ဖွားဖွားပန်ဒရာဂွန်ကတော့ သက်ပြင်းတစ်ချချနဲ့။

"အခုခေတ် ကလေးတွေကတော့လေ။"

....

ရုရှားနိုင်ငံ၊ မြူတန့်လူသားစစ်ပွဲ စစ်ပြေပြင်တစ်နေရာ။

အကောင်ရေတစ်ထောင်ခန့်ရှိမည်ဖြစ်သော သမန်းဝံပုလွေအုပ်ကြီးတစ်ခုကို အကောင်ပိုကြီးသော သမန်းဝံပုလွေတချို့က ဦးဆောင်လာကြသည်။ အကောင်အကြီးဆုံးဝံပုလွေခေါင်းဆောင်ကတော့ နောက်ကနေ လိုက်ပါလာ၏။

ထိုလူက ရုရှားနိုင်ငံ၏ S rank ဒီမီထရီမိသားစုခေါင်းဆောင် ဝံပုလွေလက်သည်းဖြစ်သည်။ သူ့မိသားစု၏ C rankနှင့်အထက် မြူတန့်အားလုံးကို ခေါ်လာခြင်းဖြစ်ပြီး စုစုပေါင်း တိုက်ပွဲဝင်အင်အား တစ်ထောင်ကျော်ရှိ၏။

ထို့အပြင် မော်စကိုဟီးရိုးအစည်းအရုံးနှင့်အဖွဲ့ခွဲများမှအဖွဲ့ဝင် စွမ်းအားအမျိုးမျိုးရှိသော မြူတန့်အင်အားငါးရာခန့်လည်းပါပြီး စုစုပေါင်းမြူတန့်တစ်ထောင့်ငါးရာကျော်မှာ နှင်းများထူထပ်စွာကျဆင်းနေသည့် ရုရှားမြေပြင်ပေါ်တွင် ရှေ့သို့မနားတန်းချီတက်နေကြသည်။

နာရီဝက်ခန့် ကြိုးစားချီတက်ပြီးသည့်နောက်တွင်တော့ မြို့ကြီးတစ်မြို့ကို သူတို့မြင်လာရပြီဖြစ်ပြီး ရုရှားနိုင်ငံအရှေ့ပိုင်းတောင်ပိုင်း ရထားလမ်းသင့်ရာ အရေးကြီးမြို့တစ်မြို့ဖြစ်သော khabarovsk မြို့ဖြစ်ပေသည်။

လူဦးရေခြောက်သိန်းဝန်းကျင်ရှိပြီး မော်စကိုမှနှင်ထုတ်ခံရပြီးဖြစ်သော ဟီးရိုးအစည်းအရုံးမှာ ကိုယ်ပိုင်နယ်မြေများအတွက် ရုရှားအရှေ့ပိုင်းကိုဆက်တိုက်သိမ်းပိုက်နေရာ ယခုမြို့လေးမှာ သူတို့သိမ်းပိုက်ရန် နောက်ဆုံးကျန်သော ရုရှားအရှေ့ပိုင်းမြို့တစ်မြို့လည်းဖြစ်ပေသည်။

မော်စကိုအစိုးရမှာ အနောက်ပိုင်းရုရှားကိုသာအစိုးရတော့ပြီး ဟီးရိုးအစည်းအရုံးမှာတော့ အရှေ့ပိုင်းရုရှား၏ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ပြီးဖြစ်နေသည်။

သို့သော် သူတို့ရှေ့တွင် တင့်ကားတပ်မကြီးတစ်ခုရှိနေကာ ရုရှားအရှေ့တောင်ပိုင်းစစ်နယ်ဝန်းဒေသ၏ နောက်ဆုံးလက်ကျန် တပ်များဖြစ်ပေသည်။

ရုရှား၏ T 90 တင့်ကားတစ်ထောင်ခန့်က စီတန်းရပ်ထားပြီး သူတို့ထံချီတက်လာနေသော မြူတန့်တပ်ဖွဲ့ကြီးကို ရင်ဆိုင်ရန် အသင့်ပြင်ထားကြ၏။ သူတို့နှင့်အတူ ခြေလျင်တပ်ရင်းများစွာလည်းရှိနေပြီး ရုရားနိုင်ငံတွင်ရနိုင်သည့် အဆင့်အမြင့်ဆုံးသော နည်းပညာမြင့်လက်နက်များကို တပ်ဆင်ထားကြသည်။

"ပစ်....." ရုရှားစစ်ကြောင်းဗိုလ်မှူးချုပ်က အမိန့်ပေးလိုက်သည်နှင့် တင့်ကားများက ဆက်တိုက်ဆိုသလို မြူတန့်တပ်ဖွဲ့အပေါ် အမြောက်မိုးရွာချသည်။

ရန်သူတို့၏ခေါင်းဆောင်ချုပ်ကြီးဖြစ်သော ဝံပုလွေလက်သည်းကိုယ်တိုင် လိုက်ပါလာသည်ဖြစ်ရာ သူတို့မပေါ့ဆဝံ့ကြ။ သူတို့ဖက်က လူအင်အားရောလက်နက်ပါသာသည်။ သို့သော် မြူတန့်များက တစ်ယောက်ချင်းစွမ်းအားတွင် သူတို့ထက်ပိုသာကြ၏။

မကြာမီ သမန်းဝံပုလွေတပ်မကြီးက တင့်ကားများအနီးရောက်ရှိလာကာ တင့်ကားများကို ကလေးကစားစရာများပမာ မှောက်လှန်ပစ်ကြတော့သည်။

"ဗိုလ်မှူးချုပ်... ကျွန်တော်တို့ လေကြောင်းတပ်ကူလိုတယ်။"

စစ်ကြောင်းမှူးမှာ တောင်ကုန်းတစ်ကုန်းပေါ်မှတစ်ဆင့် စစ်မြေပြင်အခြေအနေကို ကြည့်နေပြီး သူတို့၏တင့်ကားများ ဝံပုလွေအုပ်ကြီးကြောင့် တစ်စစီဖြစ်နေသည်ကို မြင်နေရသည်။ ယခုအတိုင်းဆိုလျင် နာရီဝက်အတွင်း သူရှိနေသည့်နေရာသို့ ဝံပုလွေလက်သည်းရောက်လာတော့မည်။

"လေတပ်ကို ဗုံးကျဲခိုင်းလိုက်တော့...."

များမကြာမီမှာပင် ရုရှားလေတပ်မှ တိုက်လေယာဥ် အဆင်းလေးဆယ်ခန့်ရောက်ရှိလာပြီး ရန်သူ့တပ်ကိုရော ကယ်မရနိုင်ပြီဖြစ်သော သူတို့တင့်ကားများကိုပါ Clusterဗုံးများဖြင့် အသည်းအသန်ကျဲချလိုက်တော့သည်။

စစ်ဗိုလ်မှူးကြီးက ယခုတိုက်ပွဲအတွင်း ကိုယ့်တပ်ကိုယ်ပြန်နင်းရာမှ စစ်သည်ငါးရာနီးပါး သေဆုံးနိုင်ကြောင်း သိထားသည့်တိုင်အောင် ရန်သူများကို ထိခိုက်မှုအများဆုံးပေးချင်နေပြီး ထိုစိတ်ကြောင့် ယခုပေးဆပ်မှုမှာ ထိုက်တန်သည်ဟု ယူဆနေပေသည်။

"ရုရားဖက်ကဒရေးရှင်း အထွန့်ရှည်ပါစေ။" သူက ထိုသို့ပြောလိုက်ရင်း ဗော့ကာပုလင်းကို အဖုံးဖွင့်ကာ မော့သောက်လိုက်၏။

အခြားတစ်ဖက်တွင်တော့ ဝံပုလွေလက်သည်းနှင့် မြူတန့်စစ်သည်များက ကောင်းကင်ပေါ်မှလေယာဥ်များကို မော့ကြည့်လိုက်သည်။ သူဦးဆောင်နေသည့်တပ်မက ဟီးရိုးအစည်းအရုံး၏အဓိကအင်အားမဟုတ်သည့်တိုင်အောင် ယခုတိုက်ပွဲတွင် ရန်သူ့လေကြောင်းကြောင့် ပြန်ဆုတ်လိုခြင်းမရှိပေ။ သူက သမန်းဝံပုလွေမဟုတ်သော အခြားမြူတန့်တစ်ယောက်ကို အမိန့်ပေးလိုက်၏။

"မင်းလူတွေကို လှုပ်ရှားခိုင်းလိုက်တော့။" ဝံပုလွေလက်သည်း၏စကားကြောင့် ထိုလူက ရယ်မောလိုက်သည်။ ထိုလူက မြူတန့်တစ်ယောက်သာဖြစ်ပြီး ဟီးရိုးအစည်းအရုံးမှမဟုတ်ပေ။ စင်စစ်တွင် ဗီလိန်တစ်ယောက်ဟုဆိုပါက ပိုပြီးတိကျပေလိမ့်မည်။

ထိပ်သီးဗီလိန်သုံးဖွဲ့အနက် ကြေးစားစစ်တပ်မှအဆင့်မြင့်ကိုယ်စားလှယ်တစ်ယောက်ဖြစ်သည်။

အရိပ်အဖွဲ့နှင့်ကြေးစားစစ်တပ်မှာ မြူတန့်သိပ္ပံအဖွဲ့နှင့်ယှဥ်ပါက ဒုစရိုက်လုပ်ငန်းများပြုလုပ်ရာတွင် ပိုမိုအားသန်ကြပြီး အဓိကရည်ရွယ်ချက်မှာ ငွေဖြစ်သည်။

ကြေးစားစစ်တပ်မှာ အရှေ့အလယ်ပိုင်းနှင့်အရှေ့တောင်အာရှရှိ ဒုစရိုက်ဂိုဏ်းတော်တော်များများကို ချုပ်ကိုင်ထားကာ လုံလောက်သည့်ငွေကြေးပေးပါက နိုင်ငံစစ်ပွဲများတွင်ပင် ဝင်ပါရန်မငြင်းဆိုကြ။

"လေယာဥ်အစီးလေးဆယ် ဖျက်ဆီးပေးပြီးရင် ကျသင့်ငွေကို ဘောင်ချာပို့ပေးလိုက်ပါမယ်။"

ထိုလူက ပြောလိုက်ရင်း လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ထို့နောက် သူ့ဌာနချုပ်သို့ဆက်သွယ်လိုက်ပြီး သိပ်မကြာခင်မှာပင် ကြေးစားစစ်တပ်မှ လေယာဥ်ပျံများလည်း ရုရှားနိုင်ငံလေထုအတွင်း ရောက်ရှိလာတော့သည်။ တိုက်လေယာဥ်အများစုမှာ အမေရိကန်ထုတ်များဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် အာဖကန်နစ္စတန်စစ်ပွဲမှ အမေရိကန်တပ်များဆုတ်ခွာစဥ် ကျန်ရှိခဲ့သောအရာများဖြစ်ပေသည်။

ရုရှားပိုင်နက်အတွင်း ထိုလေယာဥ်ပျံများကို မည်သည့်နည်းဖြင့် ခိုးသွင်းထားသနည်းဆိုသည်ကိုတော့ ကြေးစားစစ်တပ်မှလွဲ၍ မည်သူမှမသိနိုင်ပေ။ ပြောရလျင် သူတို့၏ရုရှားမှအနီးဆုံးပိုင်နက်မှာ ကာဇက်စ္စတန်တွင်ဖြစ်ပြီး စစ်တပ်အင်အားမရှိသော မွန်ဂိုလီယားမှခိုးဖြတ်ကာ ရုရှားအရှေ့တောင်ပိုင်းသို့ လေယာဥ်များကို ခက်ခက်ခဲခဲပေးပို့နိုင်စွမ်းရှိသည်။

ယနေ့ခေတ်တွင် ထိုစွန့်ပစ်တိုက်လေယာဥ်များက မော်ဒယ်အနည်းငယ်အောက်နေသော်လည်း ကြေးစားစစ်တပ်က ခေတ်မီလက်နက်များ တပ်ဆင်ပေးထားသဖြင့် ရုရှားတိုက်လေယာဥ်များနှင့် စီးချင်းထိုးနိုင်သည်။

သို့ဖြင့် မိနစ်ပိုင်းအတွင်း ရုရှားလေတပ်များမှာ မြူတန့် မြေပြင်တပ်များကို စစ်ဆင်နိုင်စွမ်းဆုံးရှုံးသွားပြီး ကြေးစားစစ်တပ်၏အမဲလိုက်ခြင်းကို ခံရတော့သည်။

"ဒေါ်လာသန်းတစ်ရာကျသင့်ပါတယ်၊ အရှင်ဝံပုလွေလက်သည်း။" ကြေးစားကိုယ်စားလှယ်က သူ့ဆံပင်မရှိသော ခေါင်းပြောင်ပြောင်ကိုပွတ်ရင်း ပြန်ပြောလိုက်သည်။

သို့သော်လည်း ဝံပုလွေလက်သည်းမှာတော့ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး အကောင်းမြင်ပုံမရသေးပေ။ သူက နှာမှုတ်လိုက်ပြီး ပြောလိုက်၏။

"မင်းတို့အကုန်ပစ်ချပြီးမှ စျေးစကားပြောကြရအောင်။"

သူတို့နှစ်ယောက် စကားပြောနေသည့်အချိန်အတွင်းမှာပင် khabarovskမြို့ ရထားဘူတာသို့ ဧရာမငွေရောင်ရထားကြီးတစ်ဆင်း ဆိုက်ကပ်လာသည်။ ထူထဲသော သံချပ်ကာများဖြင့် ကာရံထားပြီး ပြတင်းပေါက်များမှာလည်း လွန်စွာသေးကာ ကျည်ကာမှန်များဖြစ်သောကြောင့် အထဲကိုမမြင်ရပေ။

ရထားတွဲခေါင်းတွင်တော့ ရုရှားဖက်ဒရေးရှင်းအလံကို တပ်ထားသည်။ ဆိုဗီယက်ခေတ်က ရုရှားတို့ပြုလုပ်ခဲ့သော အကောင်းဆုံးလက်နက် နျူကလီးယားပစ်ခတ်နိုင်သော စစ်ပွဲသုံးရထားကြီးဖြစ်ပေသည်။

ရုရှားများကတော့ ထိုလက်နက်ကြီးကို ဂုဏ်ယူစွာဖြင့် 'ဘီးတပ်မဟာခံတပ်ကြီး'ဟု ကြွားဝါပြောဆိုလေ့ရှိကြသည်။ ထိုရထားကြီးကို ၁၉၉၉ ခုနှစ် ဆိုဗီယက်မှခွဲထွက်သည့် ချီချန်နိုင်ငံကိုသိမ်းသည့် ချီချန်ဒုတိယစစ်ပွဲနှင့် ၂၀၂၂ ယူကရိန်းစစ်ပွဲများတွင်လည်း အသုံးပြုခဲ့ဖူးပြီး သမ္မတအဆက်ဆက်က ပိုကောင်းအောင် အဆင့်မြှင့်ခဲ့ကြကာ ယနေ့အခါတွင်တော့ ဇက်သတ္တုအပြည့်တပ် ကျည်ကာရထားကြီးဖြစ်နေခဲ့ပေပြီ။ ယခုတိုက်ပွဲက ခံတပ်ရထားကြီးအတွက် တတိယမြောက်လက်တွေ့တိုက်ပွဲဖြစ်နိုင်ပေသည်။

ခံတပ်ရထားများမှာ ယနေ့ခေတ် မြေပြင်ခရီးသွားတပ်များ ပိုမိုဖွံ့ဖြိုးလာချိန်တွင် ယင်းတို့၏ပြုပြင်ပြောင်းလဲနိုင်စွမ်းနည်းမှုကြောင့် လူကြိုက်နည်းလာသည့်တိုင် ရုရှားကတော့ သုံးနေဆဲဖြစ်နေသည်။

လွန်ခဲ့သောဆယ်နှစ်က အီလွန်မာ့မ်မှာ ထိုခံတပ်ရထားအတွက် ရုရှားနှင့်ဇက်သတ္တုရောင်းဝယ်ရေးစာချုပ်ချုပ်ဆိုခဲ့ပြီး ဘီလီယံရာချီ အမြတ်ရခဲ့ဖူးသည်။ မူလက ဆုဗာနာမှဇက်သတ္တုအလုံးအရင်းဝယ်ရန် ကြိုးစားခဲ့ဖူးသော်လည်း သဘောတူညီချက်မရခဲ့ပါ။ ထို့ကြောင့် လကမ္ဘာမှာဇက်သတ္တုများကိုသာ စျေးကြီးပေးတူးဖော်ခဲ့ရသည်။

ထိုရထားကြီး၏တန်ဖိုးမှာ ဒေါ်လာတစ်ထရီလီယံကျော်နေခြင်းကို အလွယ်တကူနားလည်ပေးနိုင်ပေသည်။

စစ်ရထားကြီးပေါ်တွင်တော့ အနောက်တိုင်းဝတ်စုံကို အကျအနဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်ခေါင်းပြောင်ပြောင်နှင့် ကြည့်ကောင်းသောလူလတ်ပိုင်းတစ်ယောက်ရှိနေကာ သူနှင့်မျက်နှာချင်းဆိုင်တွင်တော့ စစ်ဗိုလ်ချုပ်များ ရှိနေကြသည်။

"သမ္မတကြီး၊ စစ်မြေပြင်ကိုရောက်ပါပြီ။" ဗိုလ်ချုပ်တစ်ယောက်က အနောက်တိုင်းဝတ်စုံနှင့်လူကို သတိပေးလိုက်သည်။ ရုရှားသမ္မတကလည်း ပြောလိုက်သည်။

"အရှေ့တောင်ပိုင်းဗိုလ်မှူးချုပ် ကော့စကီးကိုပြောလိုက်၊ စစ်မြေပြင်ကို ငါကိုယ်တိုင်ကြီးကြပ်မယ်လို့။"

"ဟုတ်...." အမိန့်ပြန်တမ်းအရာရှိဗိုလ်တစ်ယောက်က သမ္မတကိုအလေးပြုလိုက်ပြီး အခန်းတွင်းမှထွက်ခွာသွားသည်။

သမ္မတက အမိန့်ထပ်ပေးသည်။ "ထိန်းချုပ်ခန်းကို သတင်းပို့လိုက်၊ ဖျက်အားပြင်း နှစ်ရာမမအမြောက်တွေကို ဖွင့်လိုက်တော့။"

စစ်ပွဲသုံးအရာကြီး၏ထိန်းချုပ်ခန်းအရာရှိများက လက်နက်များစပစ်နိုင်ရန် ပြင်ဆင်ကြသည်။ ပထမဆုံး ရထားကြီး၏ဘီးများဘေးမှ အကာများပွင့်လာကာ ရထားကို ရထားလမ်းနဲ့ဆွဲကပ်ပြီးသွားဖြစ်သွားအောင် ချိတ်များဖြင့်ချိတ်လိုက်သည်။ သို့မှသာ အမြောက်ပစ်ချက်များကြောင့် ရထားလမ်းမှသွေဖယ်သွားခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။

ထို့နောက်ဒါဇင်နှင့်ချီသော နှစ်ရာမမအမြောက်ကြီးများက စစ်မြေပြင်ရှိရာသို့ ထိုးချိန်ပြီး စတင်ပစ်ခတ်တော့သည်။

ဘုန်း..... ဘုန်း.... ဘုန်း.....

ငွေရောင်ရထားကြီးမှ ပစ်ချက်တိုင်းက မြေပြင်ကို တုန်ခါသွားစေပြီး ဗုံးထိမှန်သောနေရာမှာ မီးတောင်ပေါက်ထားသလို တွင်းချိုင့်ကြီးများ ဖြစ်ကျန်ခဲ့သည်။ ပေါက်ကွဲမှုကြောင့် မြူတန့်များစွာမှာ တစ်စစီဖြစ်ကုန်ပြီး ကျဆုံးသူများ၏အလောင်းကိုပင် ဟီးရိုးအစည်းအရုံးက ပြန်မယူနိုင်ခဲ့ပေ။

"အဲဲဒီရထားကြီးကို တစ်ခုခုလုပ်စမ်းပါ။" ဝံပုလွေလက်သည်းက ကြေးစားကိုယ်စားလှယ်ကို ပြောလိုက်သည်။ ကိုယ်စားလှယ်က ချက်ချင်းပင်စျေးဖြတ်တော့သည်။

"ဒေါ်လာတစ်ဘီလီယံ"

"ဘာ...."

"ဒေါ်လာတစ်ထရီလီယံတန်ရထားအတွက် တစ်ဘီလီယံက အတော်လေးချိုမြိန်တဲ့စျေးနှုန်းပါ။"

"သဘောတူတယ်၊ မင်းဖျက်နိုင်တာနဲ့ပေးမယ်။"

ကိုယ်စားလှယ်က လက်ဖျောက်တီးလိုက်ပြီး သူ့တပ်များကို အမိန့်ပေးလိုက်သည်။ တပ်ဖွဲ့များက တောင်ကုန်းများပေါ်တွင်ဝှက်ထားသော အမြောက်များကို ဖော်ထုတ်လိုက်ကြပြီး ရထားကြီးဆီသို့ ပြန်ပစ်ကြသည်။

သို့သော် အမြောက်အများစုက မမခြောက်ဆယ်များသာဖြစ်သဖြင့် ရထားကြီး၏ထူထဲသောကျည်ကာများကို မထွင်းဖောက်နိုင်ပါ။

"မကောင်းတော့ဘူး... အတွင်းပိုင်းကပဲ ဖျက်ဆီးနိုင်လိမ့်မယ်။ ရထားထဲကို လက်ရွေးစင်အဖွဲ့လွှတ်ပြီး ဗုံးခွဲခိုင်းရမှာမလို့ စျေးပိုကြီးလိမ့်မယ်။"

"အဲဒီဘဝင်မြင့်နေတဲ့ သမ္မတကိုပါ သေမင်းဆီပို့ပေး။ ဒေါ်လာနှစ်ဘီလီယံဆို လောက်တယ်မလား။"

"သဘောတူတယ်။"

နှစ်ဖက်စစ်တပ်များ အပြင်းအထန်ထိတွေ့တိုက်ခိုက်နေသော နေရာအတွင်းသို့ စုတ်ပြတ်နေသောအဝတ်အစားများဖြင့် ကောင်လေးတစ်ယောက် ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာသည်။

ပုံမှန်စိတ်ရှိသူများဆိုပါက စစ်ပွဲနေရာသို့ ဝင်လာဖို့မပြောနှင့် အတတ်နိုင်ဆုံးထွက်ပြေးရန် ကြိုးစားပေလိမ့်မည်။ သို့သော် ထိုလူငယ်ကတော့ ထိုသို့မဟုတ်ပေ။

"ဗိုက်ဆာတယ်.... ငါ့ကိုတစ်ခုခုကျွေးကြပါ...."

သူ့ပုံစံက ရက်ပေါင်းများစွာ ဘာမှမစားရသေးသူလိုမျိုး ပိန်ချုံးနေသည်။ အသိစိတ်လည်း ပုံမှန်ရှိပုံမရဘဲ စစ်ပွဲထဲသို့သာ ပြေးဝင်သွား၏။

ရုရှားတပ်သားတစ်ယောက်က သူ့ကိုရန်သူမြူတန့်ထင်ပြီး သေနတ်ဖြင့်ချိန်ပစ်လိုက်သည်။ သို့သော် ကျည်ဆန်က သူ့ခန္ဓာကိုယ်ကို မဖောက်ထွင်းနိုင်ခဲ့ဘဲ ကောင်လေးခန္ဓာကိုယ်မှ နွယ်ပင်တစ်ခုကသာ စစ်သား၏ရင်ဘတ်ကို ထိုးဖောက်ပစ်လိုက်၏။ ထို့နောက် စစ်သားထံမှ လူလိုအငွေ့တစ်ခုက ထွက်ခွာလာပြီး ထိုသူ၏ပါးစပ်ထဲ ဝင်ရောက်သွားသည်။

"ကောင်းတယ်... ထပ်စားချင်သေးတယ်...."

နောက်တော့ RPG တစ်လုံးက သူ့ထံပြေးဝင်လာသော်လည်း လူငယ်က လက်ချည်းသက်သက်ဖြင့်သာ RPGကို ဖမ်းဆုပ်ပြီး သူ့ကိုပစ်သည့်နေရာသို့ ပြန်ပစ်ပေါက်ပေးလိုက်ရာ စစ်သားတချို့ လေပေါ်မြောက်တပ်သွား၏။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ဒီနေရာမှာ စားစရာတွေအများကြီးပဲ။"

ထို့နောက် လူငယ်၏ခန္ဓာကိုယ်က တဖြည်းဖြည်းဖောင်းပွလာပြီး ဧရာမလိပ်နက်ကြီးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားကာ လိပ်နက်ကြီးက စစ်ပွဲအတွင်းမှ နှစ်ဖက်တပ်သားများအားလုံးကို စားစရာများအဖြစ် ဝမ်းသာအားရ ကြည့်ရှုလိုက်တော့သည်။

"ဗိုက်ဆာတယ်... သူတို့အားလုံးကို စားပစ်လိုက်ရင် ငါဗိုက်ဝသွားမှာပဲ...."

All Chapters