← Chapters

ဖန်မျိုးနွယ်စု၏ အမွေအနှစ်

Vol. 42 Ch. 577

ဖန်မျိုးနွယ်စု၏ အမွေအနှစ်

Vol. 42 Ch. 577

မိုဝူကျီနှင့် လို့ယွဲ့ရွမ်းတို့က ပျက်စီးနေသော ဂူဆီ မရောက်ခင်  ညစ်ပတ်နေသည့် လမ်းကြား အသေးလေးထဲ  ဖြတ်သွားရသည်။ ပိန်ပါးပါး ကောင်လေးက မြွေရေအိတ်လေးကို ကိုင်ကာ စိုးရိမ်တကြီး ထွက်လာသည်။

မိုဝူကျီက အဝေးမှ လှမ်းအော်လိုက်သည် “ဖန်ကျယ် ”

ကောင်လေးက  ရပ်ကာ မိုဝူကျီနှင့် လို့ယွဲ့ရွမ်းတို့ကို တအံ့တဩ လှမ်းကြည့်လိုက်၏။

“ဘယ်လိုလုပ် ကျွန်တော့် နာမည်ကို သိနေတာလဲ“ ကောင်လေးက မိုဝူကျီဆီ လျှောက်လာကာ မေးလိုက်လေ၏။ သူက မိုဝူကျီမှာ သူ ကားလက်မှတ် ကူညီပေးလိုက်သည့် လူဖြစ်ကြောင်း မှတ်မိသော်လည်း  မိုဝူကျီကို ဘာမှ မပြောမိကြောင်း မှတ်မိ၏။ မိုဝူကျီက ရှင်းပြလိုက်သည်

“လို့ယွဲ့ရွမ်းက မင်းတို့ နှစ်ယောက်လုံးလည်း ဂိုဏ်းချုပ် ဘုန်းတော်ကြီးရဲ့ စောင့်ကြည့် ခံနေရတယ်လို ပြောတယ်။ အရင် လို့ယွဲ့ရွမ်းက ကျုပ်ကို ခေါ်ထားပေမဲ့ အခု သူမကလည်း ဂိုဏ်းချုပ် ဘုန်းတော်ကြီးကို စိတ်အနှောင့်အယှက် ပေးမိလို့ မင်းတို့ဆီ လာရုံအပြင် တခြားသွားစရာ မရှိဘူး။ မင်းက ကူညီတတ်တယ်ဆိုတာ ကျုပ် သိပါတယ်  ”

မိုဝူကျီက ထိုသို့ပြောလိုက်ပြီး  ဖန်ကျယ် ဘာပြန်ပြောမလဲဟု  ကြားချင်၍ ရပ်လိုက်သည်။ မိုဝူကျီ ပြောလိုက်သည့် စကား၌ ဟာကွက်များစွာ ပါနေသော်လည်း  ဖန်ကျယ်ကဲ့သို့ ကောင်လေး တစ်ယောက်က  ထိုမျှအထိ တွေးမိလိမ့်မည်ဟု မထင်ပေ။

ဖန်ကျယ်က သူ့အား တစ်ကြိမ် ကူညီဖူးပြီး စုန်းမျိုးဆက်၏ အမွေအနှစ်ကို ဆက်ခံထားသော မျိုးနွယ်စု တစ်ခုလည်း ဖြစ်ပေသည်။ ဖန်မောင်နှမက သူ့အား  ခန္ဓာကျင့်စဉ်ကို သင်ကြားပေးနိုင်စွမ်း ရှိ၏။ မိုဝူကျီက  သူ့ကျင့်စဉ်ဖြင့် ပြန်၍ လဲလှယ်ရန် ဆန္ဒရှိပေ၏။ မိုဝူကျီက တခြားသူများအပေါ် အခွင့်အရေး ယူရသည်ကို သဘောမကျပေ။ ဖန်မျိုးနွယ်စု ပိုင်ဆိုင်ထားသော ခန္ဓာကျင့်စဉ်မှာ အင်မော်တယ် လောက၌ ထိပ်တန်း ကျင့်စဉ်တစ်ခု ဖြစ်မည်မှန်း သူ သေချာပေါက် သိ၏။

သူ ဤကျင့်စဉ်ကို လက်ခံရရှိသည်နှင့် ဖန်မောင်နှမကို သူ့ကျင့်စဉ်ကိုလည်း ပြန်လည် ဝေမျှပေးဖို့ရာ ဆန္ဒရှိလေသည်။ ထိုနည်းဖြင့် သူတို့က အချင်းချင်း အားနာမနေရမည် ဖြစ်၏။ ယခု သူ လုပ်နေသည်က ဖန်ကျယ်ကို သူတို့ ဖန်မောင်နှမအနေဖြင့် မည်သည့် ကျင့်စဉ်ကို လက်ဆင့်ကမ်းရမလဲဟု စမ်းသပ်ကြည့်နေခြင်း ဖြစ်သည်။

“အဲဒီ အရှုံးသမားတွေပဲလား ... မြန်မြန် ကျွန်တော့်နောက် လိုက်ခဲ့ပါ“ ဖန်ကျယ်က တွေဝေမနေဘဲ ပြောလိုက်သည်။  မိုဝူကျီနှင့် လို့ယွဲ့ရွမ်းတို့ ရောက်လာသည်က သူတို့အား ပါဝင်ပတ်သတ် စေနိုင်သော်လည်း သူက များများ မတွေးနေတော့ပေ။

“ကျေးဇူးပါ ... နောက်တစ်ကြိမ် ထပ်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “မိုဝူကျီက ထပ်ကျေးဇူးတင်လိုက်သည်။

ဖန်ကျယ် ပြုံးလိုက်သည့်အခါ သွားဖြူဖြူလေးများက ထွက်ပေါ်လာသည်။ ထို့နောက် သူက မိုဝူကျီနှင့် လို့ယွဲ့ရွမ်းတို့ကို အရင်ဝင်ရန် လက်ဟန် ပြလိုက်သည်။

ဂူတံခါးမှာ ငြမ်းအတွက် ထားထားသည့် သစ်သားတစ်ခုမျှသာ  ဖြစ်၏။ အဝင်ပေါက် အပြင်ဘက်၌ မီးဖိုပျက်တစ်ခု ရှိသော်လည်း  အပေါ်မှ အိုးတင်၍ မရပေ။

မိုဝူကျီက အထဲ မဝင်ခင် မြေဆွေးနံ့ပြင်းပြင်းကို ရလိုက်သည်။ စိုစွတ်သော လေထုနှင့် မြေဆွေးအနံ့ ပေါင်းစပ်ထားခြင်းက  ဖန်ဝူကဲ့သို့ အပြင်းအထန် ဒဏ်ရာရထားသော လူကို ထည့်မပြောလျှင်ပင် ကျန်းမားရေး ကောင်းသူပင် ထိုသို့နေရာ၌ နေပါက ဖျားနာသွားစေနိုင်သည်။

“မောင်လေး ပြန်လာပြီလား ...”

ဂူညာဘက်အခြမ်း၌ သစ်သားကုတင် ရှိနေကာ  ကုတင်ပေါ်မှ စောင်က သန့်ရှင်းသည်ဟု ယူဆ၍ ရပေသည်။ ကုတင်ပေါ်တွင် လဲလျောင်းနေသူမှာ တစ်ကိုယ်လုံး ဒဏ်ရာအပြည့်နှင့် အမျိုးသမီး ဖြစ်ကာ  အသံကြားလိုက်သည်နှင့် ဖန်ကျယ်ကို လှမ်းခေါ်လိုက်၏။

မိုဝူကျီက တစ်ချက်ကြည့်ရုံဖြင့် ထိုအမျိုးသမီးမှာ လမ်းမပေါ်တွင် တွေ့ခဲ့သော  ဖန်ဝူ ဖြစ်ကြောင်း သိလိုက်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ဖန်ဝူက စိတ်ဓာတ် တက်ကြွမှု မရှိတော့ဘဲ သူမဆီမှ ထူးဆန်းဆန်း အငွေ့အသက်တစ်မျိုး ထုတ်လွှင့်နေလေ၏။ ဖန်ဝူက ကြာကြာ မနေရတော့ကြောင်း အရူးပင် သိ၏။

ဖန်ဝူ၏ အဖြစ်အပျက်ကို သိထားသော်လည်း လို့ယွဲ့ရွမ်းက ကိုယ်တိုင် မြင်လိုက်ရသည့်အခါ မျက်ရည်များ ဝဲတက်လာမိသည်။

“မောင်လေး  အစ်မတို့ဆီ ဧည့်သည် ပါလာတာလား“ ဖန်ဝူက မျက်လုံးကို အားပြု ဖွင့်လိုက်သော်လည်း မြင်ကွင်းမှ အလင်းလေးမှာ အင်မတန် မှိန်ဖျော့နေလေ၏။ ဖန်ကျယ်က မြန်မြန် ဝင်ပြောလိုက်သည်

“ဟုတ်တယ်  .. ကျွန်တော့်ရဲ့ မိတ်ဆွေနှစ်ယောက် ပါလာတာ။  သူတို့ကိုလည်း ဂိုဏ်းချုပ် ဘုန်းတော်ကြီးက လိုက်ဖမ်းနေကြတာ .... အဲဒါကြောင့် ကျွန်တော်တို့ဆီမှာ လာပုန်းတာ ”

ဖန်ဝူက သက်ပြင်းချပြီးနောက် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်

“သူတို့ ရောက်နေမှတော့ အချိန်တစ်ခုလောက်အထိ နေခိုင်းလိုက်ပါ ”

မိုဝူကျီက ရှေ့တိုးလာကာ ပြောလိုက်သည်

“ကျုပ်နာမည်က မိုဝူကျီပါ  ... အရင်တစ်ခါ ဖန်ကျယ်က ကျုပ်ကို လက်မှတ်ဖိုး ကူညီပေးဖူးပါတယ်။ အခု ကျုပ်တို့ကို နေစရာပါ ပေးနေတာဆိုတော့ တကယ့်ကို ကျေးဇူးတင်မိပါတယ် ”

လို့ယွဲ့ရွမ်းလည်း နောက်ကောက်ကျ မနေဘဲ  ဝင်ထပ် ပြောလိုက်သည်

“မမဖန်ဝူ ... ညီမက အန်းကျင်း တက္ကသိုလ်က လို့ယွဲ့ရွမ်းပါ။ မမတို့ကို ဒုက္ခပေးတဲ့အတွက် အားနာပါတယ်နော်” ဖန်ဝူက ခေါင်းခါကာ …

“ဘာမှ အပန်းမကြီးပါဘူးကွယ်။ ကြာကြာ မနေနိုင်မှာကိုပဲ စိုးရိမ်မိတာ ... သူတို့တွေက အစ်မတို့ဆီ သေချာပေါက် ရောက်လာဦးမှာ ”

လို့ယွဲ့ရွမ်းက ရေဆေးဇလုံ သယ်လာသော   ဖန်ကျယ်ကို မြင်သည့်အခါ မြန်မြန် ကူညီပေးလိုက်ပြီး ဖန်ဝူကို မျက်နှာ သစ်ပေးလိုက်သည်။

မိုဝူကျီက ဖန်ကျယ်ဘက် လှည့်ကာ မေးလိုက်သည် “ကျုပ်က ဘယ်ဘက်မှာ နေရင် ရမလား ”

ဂူအလယ်ကို လိုက်ကာ အဟောင်းဖြင့် ကာထားပြီး ညာဘက်၌ ဖန်ဝူအတွက် ကုတင် ရှိကာ  ဘယ်ဘက်၌  ဆိုဖာလိုမျိုး ရှိ၏။ ထိုနေရာမှာ ဖန်ကျယ် ညဘက် အိပ်သည့်နေရာ ဖြစ်ကြောင်း သိလိုက်သည်။

“အစ်ကိုကြီးမို ကောင်းကောင်းနားပါ။ ကျွန်တော် အစ်မအတွက် စွတ်ပြုတ်လေး သွားလုပ်လိုက်ဦးမယ် “မိုဝူကျီ၏ တောင်းဆိုချက်ကို သဘောတူပြီးနောက် ဖန်ကျယ်က မြွေရေအိတ်လေးကို ကောက်ကာ  ဂူထဲမှ ထွက်သွားလေ၏။

“အစ်ကိုကြီးမို ... ညီမ မမဖန်ဝူကို ကောင်းကောင်း ဂရုစိုက်ထားလိုက်မယ် ... အစ်ကိုကြီးမိုက နားနှင့်နော် “လို့ယွဲ့ရွမ်းက မိုဝူကျီတွင် တိတ်ဆိတ်မှု လိုအပ်ကြောင်း သိ၍ ဖန်ကျယ် ထွက်သွား ပြီးနောက်တွင် သူမက ဖန်ဝူကို ဂရုစိုက်ပေးလိုက်သည်။

မိုဝူကျီက အချိန်ဆက် မဖြုန်းတော့ဘဲ ဖန်ကျယ်၏ ဆိုဖာပေါ် ထိုင်ချလိုက်ပြီး  သဘာဝ စွမ်းအားသိုလှောင်ရေး လမ်းကြောင်းထဲမှ ဝိညာဉ်စွမ်းအား အရိပ်အယောင်လေးကို စုစည်းလိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်း  ဝိညာဉ်စွမ်းအားမှာ သဘာဝစွမ်းအား အလွှာပါးလေးအဖြစ် ပြောင်းလဲ သွားတော့သည်။

မိုဝူကျီက သဘာဝ စွမ်းအားလေးကို သူ့စိတ်စွမ်းအား အားပြုဖို့ရာ အသုံးပြုလိုက်ကာ  လက်စွပ်ပေါ်မှ အတားအဆီးကို ချက်ချင်း ချိုးဖျက်လိုက်သည်။ မိုဝူကျီက လက်စွပ်ကို ပြန်မပိတ်ခင် အင်မော်တယ် ကျောက်များကို ထုတ်လိုက်၏။

မိုဝူကျီက သက်ပြင်းအကြီးကြီး ချလိုက်သည်။ ဤအင်မော်တယ် ကျောက်များဖြင့် သူ အောင်မြင်လိမ့်မည်။

မိုဝူကျီက အင်မော်တယ် ကျောက်အတွင်းမှ စွမ်းအားများကို စုပ်ယူလိုက်ပြီးနောက်   သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းထဲ အပြည့် ဖြစ်သွားလေ၏။  ဆက်တိုက်ဆိုသလို  သူ့အင်မော်တယ် သဘာဝ စွမ်းအားများလည်း  ပြန်လည် ပြည့်ဝလာသည်။

အဆင့် ၅နှင့်အထက် ကုသဆေးလုံးများကို မျိုချလိုက်ပြီးနောက် မိုဝူကျီ၏ အတွင်းဒဏ်ရာများနှင့် ပြင်ပဒဏ်ရာများမှာ သိသိသာသာ ပြန်လည် ကောင်းမွန်လာသည်။

နှစ်နာရီအကြာ၌ မိုဝူကျီ၏ အင်အားမှာ မြေကမ္ဘာ အင်မော်တယ် အဆင့်အထိ ပြန်ရောက်သွားလေပြီ။ သူ့အတွင်း ဒဏ်ရာများက ရှိနေသေးသော်လည်း  အပေါ်ယံ၌ လုံးဝ အဆင်ပြေနေဟန် ပေါ်နေ၏။

မိုဝူကျီက သူ့အပြည့်အဝ ပြန်ကောင်းလာလျှင် မိုးမြေ စည်းမျည်း၏ တားမြစ်ချက်ကို ချိုးဖောက်မိသလို ဖြစ်ကာ  အသတ်ခံရမည်ကို စတင်စိုးရိမ်လာမိသည်။ သူက ထာဝရ ကမ္ဘာထဲ ဝင်၍ မစစ်ဆေးကြည့်ခင်  အဝတ်အသစ် တစ်စုံ လဲလှယ်လိုက်သည်။ သူက လော့ကျမ်းစာရွက် တစ်ရွက်ကိုလည်း  ထာဝရ ကမ္ဘာထဲ ပို့ဆောင်လိုက်၏။

ထာဝရ ကမ္ဘာမှာ မိုဝူကျီ၏ အပိုင် ဖြစ်သောကြောင့် သူ့စိတ်စွမ်းအား ပြန်ကောင်းလာသည်နှင့် မိုဝူကျီက  တီကောင်၏ အသက်ရှုသံ ကဲ့သို့သော အသေးစိတ်အချက်ကိုပင် အာရုံခံနိုင်စွမ်း ရှိလာသည်။

မိုဝူကျီက သူ့ထာဝရ ကမ္ဘာထဲရှိ ဝိညာဉ်အပိုင်းအစကို လုံးဝ မဖျက်ဆီးရသေးကြောင်း သိထား၏။ ထို့ကြောင့်  ထာဝရ ကမ္ဘာကို စစ်ဆေး ကြည့်လိုက်သည့်အခါ  ထောင့်တစ်နေရာ၌  သေးငယ်သော ဝိညာဉ်အပိုင်းလေးကို တွေ့လိုက်ရသည်။ သို့သော်လည်း  ထိုဝိညာဉ်လေးမှာ ပိတ်မိနေပြီး  ပညာရှင်နှလုံးသား မီးတောက်ကြောင့် တစ်လက်မမှ လှုပ်မရပေ။

မိုဝူကျီက ယခုအထိ ရှင်ကျန်နေသည့်  ထိုဝိညာဉ်ကို ကြည့်ကာ  နှာခေါင်းရှုံမိသည်။

သူက ထိုဝိညာဉ်ကို လုံးဝ ပိတ်လှောင်ထားဖို့ရာ ပြင်းထန်သော အတားအဆီးများကို ပစ်လွှတ်လိုက်သည်။ မိုဝူကျီက ထိုဝိညာဉ်ကို လက်စားချေရန် ပြင်ဆင်ထားသော်လည်း  သူ့စိတ်စွမ်းအား ထွက်မသွားခင် ဝိညာဉ်က တုန်တုန်ယင်ယင် ပြောလိုက်သည်  “တာအိုရောင်းရင်း  ... ကျုပ် ကျူးလိုင်က  တကယ်ကို ကန်းနေခဲ့တာပါ။  ကျုပ် အသက်ကို ချမ်းသာပေးရင် ဘာမဆို ဆွေးနွေးကြည့်လို့ ရပါတယ်။  ကျုပ်က အင်မော်တယ် လောကကို  နှစ်များစွာ သွားလာနေတာဆိုတော့  လျှို့ဝှက်ချက်များစွာကို သိပါတယ်။ ကျုပ် အသက်အတွက် ဗဟုသုတတွေ လဲလှယ်ဖို့ ဆန္ဒရှိပါတယ်  ”

မိုဝူကျီက ထိုဝိညာဉ်ကို ခွင့်လွတ်ပေးရန် လုံးဝ အစီအစဉ်မရှိပေ။ သူက ချိန်စုယင်ကို ဝါးမျိုလုမတတ် ဖြစ်ခဲ့သည့်အပြင်  သူ့အား ဤသို့မျိုးနေရာ၌ ရောက်လာစေခဲ့သည်။ သူ့တွင် လော့ကျမ်းစာရွက် မရှိပါက သေဆုံး သွားလောက်လေပြီ။

မိုဝူကျီက သူ့အား မည်သို့ ခွင့်လွတ် ပေးနိုင်မည်နည်း။

သို့သော်လည်း ယခုကား ကျူးလိုင်ဟု ခေါ်သော ဝိညာဉ်ကို သတ်ရန် အချိန်မကျသေးပေ။ အကြောင်းမှာ သူ့ကိစ္စများ ရှင်းလင်းပြီးနောက် ဖြေရှင်းလည်း နောက်မကျသေးပေ။

“အစ်ကိုကြီးမို ...“ မိုဝူကျီ၏  ကြောက်မက်ဖွယ် အမာရွတ်ကြီးက  မရှိတော့၍  လို့ယွဲ့ရွမ်းက အံ့ဩတကြီး ကြည့်လိုက်သည်။ မိုဝူကျီက အဝတ်အစားအသစ်ပင် လဲလှယ်လာသေး၏။

အဝတ်အသစ်က ဘယ်နေရာကနေ ရလာတာလဲ ...

မိုဝူကျီက ဆေးလုံးတစ်လုံး ထုတ်ကာ  လို့ယွဲ့ရွမ်းဆီ ပေးလိုက်သည် “ယွဲ့ရွမ်း ... ဖန်ဝူကို ဒီဆေး တိုက်လိုက် ”

“ဟုတ်“ လို့ ယွဲ့ရွမ်းက  မိုဝူကျီဆီမှ မယုံကြည်နိုင် လောက်စရာ ကိစ္စများစွာ မြင်တွေ့ထားသည့်အတွက် ထိုဆေးလုံး ဘယ်နေရာမှ ရောက်လာသည်ကိုပင် မမေးဘဲ  ထိုဆေးလုံးကို ဖန်ဝူ ပါးစပ်ထဲ တိုက်လိုက်သည်။

ဆေးရနံ့လေး ထွက်ပေါ်လာကာ လို့ယွဲ့ရွမ်း၏  စိတ်ဝိညာဉ်ပင် ထိုရနံ့လေးကြောင့် အားပြည့်လာသလို ခံစားလိုက်ရသည်။

ဆေးလုံး ပါးစပ်ထဲ ရောက်သွားသည်နှင့် အရည်ပျော်ကျသွားကာ  ဖန်ဝူ၏ ခန္ဓာကိုယ် တစ်လျှောက်သို့ စီးဆင်းသွား၏။

အစပိုင်း၌ အားနည်းကာ ဖျားနာနေသော ဖန်ဝူက ရုတ်ချည်း ထထိုင်ကာ  သူမ လက်မောင်းကို မြောက်ကာ တအံ့တဩ ကြည့်လိုက်သည်။ ထို့နောက် သူမ ခန္ဓာကိုယ်ကို ကြည့်ကာ မယုံနိုင်စွာဖြင့် …

“ညီမ ပြန်ကောင်း သွားတာလား  ”

လို့ယွဲ့ရွမ်းလည်း မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောကြောင့် မြင်ကွင်းကို ကြောင်ကြည့်နေမိသည်။  ထို့နောက် မိုဝူကျီက သာမာန်လူ မဟုတ်ကြောင်း အတည်ပြုလိုက်တော့၏။

“နတ်ဘုရား ဆေးလုံးများလား“ လို့ ယွဲ့ရွမ်းက  တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။

မိုဝူကျီက ရယ်မောကာ “အင်း ...  အဲဒီလိုမျိုးပဲပေါ့ .... ဂိုဏ်းချုပ် ဘုန်းတော်ကြီးရဲ့ လူတွေက ရောက်လာတော့မယ်။ ဖန်ဝူ ... ဖန်ကျယ်နဲ့ ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ  ”

ဖန်ဝူက ကုတင်ပေါ်မှ ဆင်းကာ မိုဝူကျီရှေ့ ဒူးထောက်လိုက်ပြီး “အစ်ကိုကြီးမိုက ညီမတို့ကို ကယ်ပေးနိုင်မလား ... ”

တစ်ဝက်တစ်ပျက် ပြောပြီးနောက် တံခါးဆီ လှမ်းအော်ကာ “ကျယ်အာ မြန်မြန်ဝင်ခဲ့ဦး”

ဖန်ကျယ်က သူ့အမ အော်သံကို ကြားသောအခါ မြားတစ်စင်းအလား ပြေးဝင်လာသည်။ သူ့အမ မြေပြင်ပေါ် ဒူးထောက်နေသည်ကို မြင်သောအခါ မရေမရာ မေးလိုက်သည် “အစ်မ ပြန်ကောင်းသွားပြီလား ”

“ကျယ်အာ .... ငါတို့ရဲ့ ဖန်မျိုးနွယ်စု အမွေအနှစ်ကို အစ်ကိုကြီးမိုဆီ ပေးလိုက် “ဖန်ဝူက တွန့်ဆုတ်ခြင်းမရှိ ပြောလိုက်သည်။

မိုဝူကျီလည်း အံ့ဩသွားလေ၏။ သူက ထိုအကြောင်း မပြောရသေးသော်လည်း ဖန်ဝူက မည်သို့များ သိနေသနည်း။

သိသာနေလို့လား  ... သိသာနေပါက နေရခက်ပေသည်။

မိုဝူကျီက နားမလည်မှန်း သိ၍ ဖန်ဝူက ရှင်းပြလိုက်သည်

“ညီမတို့ ဖန်မျိုးနွယ်စုရဲ့ ဘိုးဘေးတွေမှာ စီနီယာနဲ့တူညီတဲ့  ကျင့်စဉ်တွေ ရှိပါတယ်။  နောက်ပိုင်းကျ အမွေအနှစ်တွေက ကွယ်ပျောက်ကုန်ပြီးတော့ မတည်ရှိတော့သလောက် ဖြစ်ကုန်တယ်။  အစ်ကိုကြီးမိုရဲ့ ဆေးတစ်လုံးက  ညီမလိုမျိုး သေလုနီးပါး ဖြစ်နေတဲ့ လူတစ်ယောက်ကို ကယ်တင်ပေးနိုင်ခဲ့ပြီးတော့ ညီမရဲ့ ခန္ဓာကိုယ် အခြေအနေကိုလည်း ပြောင်းလဲပေးနိုင်ခဲ့တာက  အစ်ကိုကြီးမိုက  တကယ်ကို စွမ်းဆောင်ရည် ကောင်းတဲ့သူဆိုတာ သိသာနေတာပါ။

ညီမတို့ ဖန်မျိုးနွယ်စုက ပျောက်ကွယ်လုမတတ် ဖြစ်နေပေမဲ့ အနည်းငယ်တော့ ကျန်ရှိပါသေးတယ်။  ဒါပေမဲ့ အစ်ကိုကြီးမို စိတ်မဝင်စားမှာကိုတော့ စိတ်ပူမိတယ် .... ”

မိုဝူကျီက နေရခက်သည့် အမူအယာဖြင့် ပြောလိုက်ရသည်

“ကျုပ်လည်း ဒီကို အဲကိစ္စမေးမြန်းချင်လို့ ရောက်လာတာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့  ... ကျုပ် အတင်းကျပ် မယူပါဘူး။ ကျုပ်က ဖန်မျိုးနွယ်စုရဲ့ အမွေအနှစ်  ရတနာကို မြင်ပြီးရင်လည်း  အတင်းကျပ် မလုပ်ပါဘူး။ ပြီးတော့ မင်းတို့ဆီမှာ အမွေအနှစ် မရှိရင်တောင် ဖန်ကျယ်က ကျုပ်ကို တစ်ခါ ကူညီဖူးတော့  ဂိုဏ်းချုပ် ဘုန်းတော်ကြီးကို ကျုပ် ရင်ဆိုင်ပေးမှာပါ ... ”

ဖန်ကျယ်က သူ့အမ စကားကိုအမြဲ နားထောင်သည့် ကလေး ဖြစ်သည့်အတွက် သူမအနေဖြင့် နှစ်ခါ ထပ်ပြောစရာ မလိုလိုက်ဘဲ သူက ပြေးကာ မြေကြီးပေါ်၌  ထောင်ထားသော တံခါးဘေးမှ ခွေးခြေထိုင်ခုံလေး ယူလာသည်။

မိုဝူကျီပင် မည်သည့် မျိုးဆက်ကမှန်း မမှန်းဆနိုင်သည့် သားရေစာလိပ်ကို  ဖန်ကျယ် ကိုင်ထားသော ခွေးခြေမှ ယူလိုက်ကာ …

“အစ်ကိုကြီးမို  ဒီဟာက ကျွန်တော်တို့ ဖန်မျိုးနွယ်စုက ပိုင်တဲ့ အမွေအနှစ်ပါ ”

မိုဝူကျီက သားရေစာလိပ်ကို ယူလိုက်သော်လည်း  ထိုစာလိပ်ကို ကြည့်မည့်အစား ဂူဝသို့ လှမ်းကြည့်ကာ  “ဂိုဏ်းချုပ် ဘုန်းတော်ကြီးရဲ့ လူတွေ ရောက်လာပြီ။ ကျုပ် ထင်ထားတာထက် သူတို့က နှေးသားပဲ”

***

All Chapters