← Chapters

အရှေ့ပိုင်း ရိုးရာ ကိုးကွယ်ယုံကြည်ရေး၏ ဂိုဏ်းချုပ် ဘုန်းတော်ကြီး

Vol. 42 Ch. 578

အရှေ့ပိုင်း ရိုးရာ ကိုးကွယ်ယုံကြည်ရေး၏ ဂိုဏ်းချုပ် ဘုန်းတော်ကြီး

Vol. 42 Ch. 578

“ငါ မှားပြီး စွပ်စွဲမိတာ မဟုတ်ဘူးပဲ ... မင်းက တကယ်ကြီး ဖန်မျိုးနွယ်စုနဲ့  ပတ်သတ်နေတယ်“ မျက်နှာခပ်ရှည်ရှည် အမျိုးသားက လို့ယွဲ့ရွမ်းကို ကြည့်ကာ  အေးစက်စက် ပြောလိုက်သည်။

ထို့နောက် သူ့က ဖန်ဝူကို ကြည့်ကာ “မင်း ပြန်ကောင်းလာတာက မြန်သားပဲ ... အခု ဘာများ ပြောချင်သေးလဲ။ မင်းတို့တွေက စုန်းအတတ်ကို မသိပါဘူးဆိုတာ ထပ်ပြောဦးမှာ မဟုတ်လား ... အဲဒါဆို  စုန်းအတတ်ကို လေ့ကျင့်နေတဲ့ နံပါတ်တစ် ပါရမီရှင်နဲ့ ဘာကြောင့် အတူတူ ရှိနေမှာလဲ ”

မိုဝူကျီက မျက်နှာခပ်ရှည်ရှည် အမျိုးသားကို ကြည့်ကာ  ဌာနမှူးဂူ စကားအရ  ထိုသူမှာ မှော်ပညာရှင် တစ်ယောက် ဖြစ်ပေလိမ့်မည်။ မိုဝူကျီက ပိုလော့ကျင်း ခေါ်လာသော သူကို မမှတ်မိသော်လည်း ပိုလော့ကျင်းက သူ့အား မဝင်ခိုင်းဘဲ  ဂူအပြင်ဘက်မှ စောင့်ကြည့်ရန် ညွှန်ကြားထားလေ၏။

ဖန်ဝူက ဘာမှ ပြန်မပြောဘဲ  နှုတ်ခမ်းတင်းတင်း စေ့ထားသော်လည်း ပိုလော့ကျင်းက  ဖန်ဝူ တိတ်ဆိတ်နေသည်ကို စိတ်ထဲ မထားပေ။ အကြောင်းမှာ သူက အားလုံးရှေ့၌ ပြသနေသည့် အမူအယာမှာ  ဆက်စပ်မှု မရှိ၍ ဖြစ်၏။  သူက ဤကိစ္စကြောင့် အတော်လေး စိတ်လှုပ်ရှားနေသည်။

သူ့လိုမျိုး မှော်ပညာရှင် တစ်ယောက်က  လို့ယွဲ့ရွမ်းကို ဤသို့ ကိစ္စအသေးလေးကြောင့် အဘယ်ကြောင့် လာရှာရသနည်း။ သူ့ရည်ရွယ်ချက်မှာလည်း ဖုန်းလုနှင့် အတူတူ ဖြစ်ပေသည်။  လို့ယွဲ့ရွမ်း၏ မှော်စွမ်းအင် စုပ်ယူခြင်းနှင့် စုပ်ယူခြင်း နည်းလမ်းကြောင့်သာ ဖြစ်ပေသည်။

ဖုန်းလုက သူမ နည်းလမ်းအတိုင်း ကြိုးစား ကြည့်သည့်အခါ အလုပ်မဖြစ်ကြောင်း သိလိုက်ရ၍ ကိုယ်တိုင် လာရှာချင်မိသည်။  သို့သော်လည်း  စိတ်ရှုပ်စရာ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက  အန်းကျင်းမြိုကို ကိုယ်တိုင် လာရန် ဆုံးဖြတ် လိုက်သောကြောင့်  ဖုန်းလုက  သူ့နေရာတွင် မရှိနေခြင်း ဖြစ်၏။ ပိုလော့ကျင်းက လို့ယွဲ့ရွမ်းကို ကိုယ်တိုင်သွားခေါ်ရန် တောင်းဆိုလိုက်ခြင်းမှာ  သူမ၏ နည်းလမ်းကို အလိုရှိ၍ ဖြစ်၏။

အကယ်၍ သူက လို့ယွဲ့ရွမ်းဆီမှ မှော်စွမ်းအင်  ထိထိရောက်ရောက် အမှန်တကယ် စုပ်ယူနိုင်သည့် နည်းလမ်းရလျှင် လို့ယွဲ့ရွမ်းကို နေရာမှာတင် သတ်ပစ်လိုက်ပြီး သူ့မွေးရပ်မြေသို့ ပြန်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်ပေသည်။

ဂိုဏ်းချုပ် ဘုန်းတော်ကြီးအတွက် အလုပ် လုပ်ပေးရမယ်လား ...

သူသာ မှော် ဧကရာဇ် အစစ်အမှန် ဖြစ်လာပါက ဂိုဏ်းချုပ် ဘုန်းတော်ကြီးလည်း သူ့အား ယခုကဲ့သို့ ဆက်ဆံရဲဦးမည်လား ...

သူက ဖန်မျိုးနွယ်စု နေရာ၌ လို့ယွဲ့ရွမ်းကို မြင်လိုက်ရသည်နှင့်ပင် ပျော်ရွင်လာမိသည်။ ဆိုလိုသည်မှာ  လို့ယွဲ့ရွမ်းက ဖန်မျိုးနွယ်စု အမွေအနှစ်ကို ရရှိလာခြင်း မဟုတ်ပေဘူးလား။

မဟုတ်လျှင် သူမက အဘယ်ကြောင့်  ဖန်မောင်နှမနှင့် အတူတူ ရှိနေမည်နည်း။

ဂိုဏ်းချုပ် ဘုန်းတော်ကြီးက စုန်းမျိုးဆက်ကို ချေဖျက်ဖို့ မည်မျှ ကြိုးစားထားကြောင်း ပြောလေ့ ရှိသော်လည်း ဘုန်းတော်ကြီး အနေနှင့်လည်း  စုန်းမျိုးဆက်အလိုက် လက်ဆင့်ကမ်းလာသော  အမွေအနှစ်မှာ တကယ့် ထိပ်တန်း ကျင့်စဉ် ဖြစ်နေကြောင်း  ကောင်းကောင်း သိထားသည်။ ဂိုဏ်းချုပ် ဘုန်းတော်ကြီး သင်ပေးထားသော အခြေခံများမှာလည်း  စုန်းမျိုးနွယ် ဘိုးဘေးဘီဘင်များမှ ဆင်းသက်လာခြင်း ဖြစ်၏။

သူက ဖန်မောင်နှမနှင့် လို့ယွဲ့ရွမ်းကို ဖမ်းဆီးရန် ဆုံးဖြတ် ထားသောကြောင့် လူငယ်ပုံ ပေါက်နေသည့် သူစိမ်း မိုဝူကျီကို သတ်ပစ်မည် ဖြစ်သည်။

ပိုလော့ကျင်းက မိုဝူကျီကို ကြည့်လိုက်သည့်အခါ  မိုဝူကျီလက်ထဲမှ ရှေးဟောင်းသားရေ စာလိပ်ကို မြင်လိုက်ပြီး တစ်ကိုယ်လုံးမှာ တုန်ယင်လာကာ  “ဒါက စုန်းမျိုးနွယ်ရဲ့ အမွေအနှစ် ... ”

မိုဝူကျီက မဖုံးကွယ်ဘဲ စာလိပ်ကို မြှောက်ပြလိုက်သည် “ဟုတ်တယ်လေ ... ဖန်ကျယ်က ကျုပ်ကို ပေးထားတာဆိုတာ့ ဒါက အမွေအနှစ်နေမှာပေါ့ ”

“အာ“ ပိုင်လော့ကျင်း စိတ်ထဲ များစွာ ပျော်ရွင်မိသွားပြီး ထို့အထက် စိတ်မလှုပ်ရှားနိုင်တော့ပေ။ သူက ထိုစာလိပ်ကို ဆွဲယူလိုက်သည်။

သို့သော်လည်း သူက ချက်ချင်းဆိုသလို  တောင့်တင်းသွားကာ သူ့ကို ချုပ်နှောင်သွားသည့်အလား  ခံစားမိလာသည်။ သူက တစ်လက်မမှ လှုပ်၍ မရတော့ပေ။ မိုဝူကျီက စာလိပ်ကို ပြန်ယူကာ ပြောလိုက်သည်

“မင်း မှားနေတဲ့ တစ်ချက်က  လို့ယွဲ့ရွမ်းရဲ့ ကျင့်စဉ်ကို ငါသင်ပေးထားတာပဲ ၊ စုန်းမျိုးနွယ်နဲ့ ဘာမှ မဆိုင်ဘူး။ ပြောစမ်းပါဦး မင်းတို့  အုပ်ချုပ်သူ အရှင်ဖုန်းလုရော ဒီ ဘာလို့ ပါမလာတာလဲ။ သူ့လောဘနဲ့ဆိုရင် အရင်ဆုံး  ရောက်လာရမှာကို ...”

“ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ရောက်လာတာမလို့ အဖော်ပြုနေရလို့ ပါမလာတာ ... ” ပိုလော့ကျင်းက ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထလာသည်ကို ခံစားမိလိုက်ပြီး သူက မှော်ပညာရှင် တစ်ယောက်အနေနှင့် သာမာန်လူများစွာကို တွေ့ဖူးသော်လည်း မိုဝူကျီလို လူမျိုးနှင့်  တစ်ခါမှ မကြုံဖူးပေ။  သူ့အား မလှုပ်မရှား ဖြစ်စေနိုင်သည်မှာ ပုပ်ရဟန်းမင်းကြီးပင် ထိုသို့ မစွမ်းဆောင်နိုင်ချေ။

“အပြင်ဘက်လူကို သတ်ပြီးတော့ ကျုပ်ကို ဂိုဏ်းချုပ် ဘုန်းတော်ကြီး နေတဲ့ နေရာကို ခေါ်သွားပေး “မိုဝူကျီက ပိုလော့ကျင်းကို အေးအေးချမ်းချမ်း ပြောလိုက်သော်လည်း  ကြောက်မက်ဖွယ် စကားတစ်ခွန်း ဖြစ်၏။

ပိုလော့ကျင်းက ခြေထောက်ကို လှုပ်ကြည့်ဖို့ ကြိုးစား ကြည့်သည့်အခါ လှုပ်ရှားနိုင်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က သူ့နောက်လိုက် ရှိနေသည့် ဂူအပြင်ဘက်ကိုသာ ရွေ့လျားနိုင်လေ၏။

ထိုစဉ် ပိုလော့ကျင်းက လွတ်မြောက်မည့် အရေးကို လက်လျှော့ လိုက်တော့သည်။ အကြောင်းမှာ မိုဝူကျီကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူ့အနေဖြင့် ထွက်ပြေးဖို့ရာ ကြိုးစားပါက ကိုယ့်ဘာသာ အရူးလုပ်မိမည် ဖြစ်ကြောင်း ကောင်းကောင်း သိ၏။

ပိုလော့ကျင်းက ဓားတိုတစ်ချောင်း ဆွဲထုတ်ကာ တွေဝေခြင်းမရှိ ဂူအပြင်ဘက်မှ သူ့လူဆီ ပြေးဝင် သွားတော့သည်။

အသံနက်ကြီး တစ်ခု ကြားလိုက်ရပြီး သွေးများ ပြန့်ကျဲလာသည်။ လို့ယွဲ့ရွမ်းပင် ထိုမြင်ကွင်းကြောင့် အော်ကာ မေ့လဲလုမတတ် ဖြစ်သွားလေ၏။

ဖန်မောင်နှမမှာ တည်ငြိမ်နေဟန် ပေါ်သော်လည်း သူတို့လည်း အနည်းငယ် အံ့ဩသွားကြောင်း သိသာနေသည်။

...

အရှေ့ပိုင်း ရိုးရာကိုးကွယ် ယုံကြည်ရေး၏ ဂိုဏ်းချုပ် ဘုန်းတော်ကြီးမှာ လျန့်နိုင်ငံကို မကြာခဏ လာရောက်လေ့ မရှိသော်လည်း လျန့်နိုင်ငံ၏ သူ့အတွက် သီတင်းသုံးရာ အဆောက်အဦမှာ လျန့်နိုင်ငံ တော်ဝင်နန်းတော်ထက်ပင် ပို၍ ခမ်းနားသေး၏။ နေရာ အကျယ်အဝန်းမှာလည်း ပို၍ ကျယ်ဝန်းကာ ပင်မခန်းမသို့ သွားရာလမ်း၌ ကျောက်စိမ်းဖြူများဖြင့် ခင်းကျင်းထား၏။

ထိုအခိုက်အတန့်လေး၌  အသက်ကို မမှန်းနိုင်သော အမျိုးသား တစ်ယောက်က ခန်းမအလယ်တွင် ထိုင်နေသည်။ သူက ငယ်ရွယ်ပုံ ပေါ်သော်လည်း လူလတ်အရွယ် သို့မဟုတ်  သက်ကြီးရွယ်ကြီး တစ်ယောက်၏ လောကဓံတရားများကို သူ့၌ မြင်နေရသည်။ သူ့ကို လူလတ်အရွယ်ဟု ပြောရမည်ဆိုလျှင် မှားယွင်းနေသေး၏။ အကြောင်းမှာ သူက အသက် ၃၀ ပင် မကျော်သေးသည့်ပုံ ပေါက်နေသည်။

သူ့သွင်ပြင်၏ တစ်ခုတည်းသော ထူးခြားနေချက်မှာ သူ၏ ရှည်လျားကာ ကောက်နေသော နှာခေါင်း ဖြစ်၏။

သူ့ဘေးတွင် သရဖူ ဆောင်းထားသည့်  လူလတ်အရွယ် အမျိုးသား တစ်ယောက် ရှိနေပြီး  သူ့အဆင့်အတန်းက ပို၍ မြင့်မားသော်လည်း  သူက နှာကောက်ကို နာခံနေရသည့်ပုံ ပေါက်နေသည်။

နှာကောက်က ဤဂြိုလ်ပေါ်ရှိ အားအကြီးဆုံး နှစ်ယောက်ထဲအနက် တစ်ယောက် ဖြစ်သည့်  အရှေ့ပိုင်းရိုးရာ  ကိုးကွယ်ယုံကြည်ရေး ဂိုဏ်းချုပ် ဘုန်းတော်ကြီး  ဝူတန့် ဖြစ်နေ၍ ဖြစ်သည်။  သရဖူနှင့် သူမှာ လျန့်နိုင်ငံ၏ အရှင်ဘုရင် ချန်ကျစ်ချန်း ဖြစ်ပေသည်။

လျန့်နိုင်ငံ၌  ချန်ကျစ်ချန်းမှာ  အားကောင်းသော တည်ရှိမှုမျိုး ဖြစ်သော်လည်း ဂိုဏ်းချုပ် ဘုန်းတော်ကြီးရှေ့တွင် ပုရွက်ဆိတ် တစ်ကောင်မျှထက် မပိုပေ။

“အုပ်ချုပ်သူ အရှင် ဖုန်းလု ... အန်းကျင်းတက္ကသိုလ်က ဒီနဲ့ သိပ်မဝေးဘူးလို့ ကြားထားတယ်။ ဘာလို့ ပိုလော့ကျင်းက ပြန်မလာသေးတာလဲ“ ထိုင်နေသာ ဂိုဏ်းချုပ်  ဘုန်းတော်ကြီးက မေးလိုက်သည်။

မျက်နှာမည်း ဖုန်းလုက မြန်မြန် ဦးညွှတ်ကာ  “ကျွန်တော်လည်း  အကြောင်းအရင်းကို မသိပါဘူး။ တစ်ချက် သွားကြည့်လိုက်ပါ့မယ်  ”

ဝူတန့်က အသာပြောလိုက်သည် “ထားလိုက်တော့  ခဏလောက် ထပ်စောင့်ကြည့် ကြတာပေါ့။ ပြီးတော့ ဖန်မောင်နှမကိုပါ သွားခေါ်ဖို့ လူလွတ်လိုက်ဦး။ ဒီတစ်ခါ ကိုယ်တိုင် မေးကြည့်ရမယ်”

“နာခံလျက်ပါ “ဖုန်းလုက  ပြန်ဖြေလိုက်၏။

အကြောင်းမှာ ဂိုဏ်းချုပ် ဘုန်းတော်ကြီး၏ တည်ငြိမ်နေသည့် လေသံက ကြောက်စရာ အကောင်းဆုံး ဖြစ်မှန်း အားလုံးထက် ပိုသိပေသည်။ ဂိုဏ်းချုပ် ဘုန်းတော်ကြီး၏ အသံက ပို၍ တည်ငြိမ်လေလေ  စိတ်ထဲ၌ ဒေါသူပုန် ထလေလေ ဖြစ်၏။ သူ အမှန်တကယ် ပေါက်ကွဲလာသည့်အခါ အုပ်ချုပ်သူ အရှင်ကို မဆိုထားနှင့် လျန့်နိုင်ငံ တစ်ခုလုံးကိုပင် အပြတ်ရှင်းပစ် နိုင်ပေသည်။

မည်သူကမှ ဂိုဏ်းချုပ် ဘုန်းတော်ကြီး၏ အမိန့်ကို မနာခံဘဲ မနေရဲကြပေ။ အကြောင်းမှာ ဂိုဏ်းချုပ် ဘုန်းတော်ကြီး၌ အပြည့်အဝ အာဏာစက် ရှိနေသည်။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးဆီမှ  စကား ထွက်လာသရွေ့   ချွင်းချက်မရှိ  လုပ်ပေးရမည် ဖြစ်သည်။ မဟုတ်လျှင် အကျိူးဆက်ကို ဖော်ပြနိုင်မည့် စကားလုံးမှာ  သေခြင်းတရားသာ ဖြစ်၏။

လျန့်နိုင်ငံ၏ ဘုရင် ချန်ကျစ်ချန်းနှင့် ပတ်သတ်မှု မရှိသာ်လည်း သူက ချွေးအေးများ  စီးကျရင်း စောင့်နေရသည်။ သူက ခံစားချက် မတည်မငြိမ် ဖြစ်နေသည့်  ဂိုဏ်းချုပ် ဘုန်းတော်ကြီး အကြောင်းကို သေချာသိထားသည်။  လျန့်နိုင်ငံ ကို အမြစ်ဖြတ် သုတ်သင်မည့် အရေးမှာ ဘုန်းတော်ကြီးဆီမှ စကားတစ်ခွန်းဖြင့် ဖြစ်လာမည် ဖြစ်ကြောင်း သေချာ သိထား၏။

ထိုသို့ဆိုလျှင်ပင် ခန်းမအတွင်းရှိ အကြောက်ဆုံး ဖြစ်နေသူမှာ  ချင်ကျစ်ချန်းလည်း မဟုတ်သလို  အုပ်ချုပ်သူ အရှင် ဖုန်းလုလည်း မဟုတ်ဘဲ  အန်းကျင်း တက္ကသိုလ်၏ ဌာနမှူးဂူချန်းသာ ဖြစ်၏။ သူ့အသက်လေး ပျောက်ဆုံးသွားမည်ကို မကြောက်သော်လည်း  လို့ယွဲ့ရွမ်းက အန်းကျင်းတက္ကသိုလ်မှ ထွက်သွားရဲမည်ကို စိုးထိတ်နေမိသည်။

လို့ယွဲ့ရွမ်း ထွက်သွားသည်နှင့် သူမကို ပြန်ဖမ်းမိသည့်အခါ အန်းကျင်းတက္ကသိုလ်မှာ အပြီးသတ်သွားလိမ့်မည်။ ဤဂိုဏ်းချုပ် ဘုန်းတော်ကြီးက မည်မျှ ရက်စက်ကြောင်း သူ ကြားထားဖူးလေ၏။

ဂူချန်း၏ စိတ်ထဲ လို့ယွဲ့ရွမ်းက အန်းကျင်းတက္ကသိုလ်မှ မထွက်သွားဖို့သာ မျှော်လင့်နေသော်လည်း သူစိုးရိမ်မှုများ အမှန်ဖြစ်လာလေ၏။ ဖုန်းလုက  သူ့လူများကို ညွှန်ကြားဖို့ မထွက်သွားခင် နောက်လိုက် တစ်ယောက်က မြန်မြန် ဒူးထောက်ကာ ပြောလိုက်သည်

“ဂိုဏ်းချုပ် ဘုန်းတော်ကြီးကို နှုတ်ဆက်ပါတယ် ...  ကျွန်တော်တို့ဆီ ကျောင်းသူ လို့ယွဲ့ရွမ်းက တက္ကသိုလ်မှာ မရှိတော့ကြောင်း သတင်းရလာပါတယ်။ ပြီးတော့  သူမ ဘယ်ရောက်သွားတယ်ဆိုတာ မသိရသေးပါဘူး ... ဆရာမှော်ပညာရှင်က သွားရှာနေပါပြီ ”

ဂူချန်းက ထိုစကားများ ကြားသောအခါ စိတ်ထဲ၌ သက်ပြင်းတစ်ကြိမ် ချလိုက်ပြန်သည်။ အကယ်၍ ကောင်းကင်ဘုံက  အန်းကျင်း တက္ကသိုလ်အား ဤနေရာ၌ အဆုံးသတ်လိုလျှင် သူ့အနေနှင့် ဒူးထောက်ကာ တောင်းပန် နေလျှင်ပင် အသုံးဝင်လာမည် မဟုတ်ပေ။

လို့ယွဲ့ရွမ်း ထွက်သွားသည့် ကိစ္စကြောင့် အန်းကျင်း တက္ကသိုလ်မှ မည်သို့ အကျိုးဆက်များ ခံယူရမည်နည်း။

ဝူတန့်၏ မျက်နှာမှာ ခက်ထန်လာကာ အေးစက်စွာ ပြောလိုက်သည်

“ငါ့အမိန့်ကို ချက်ချင်း ဖြန့်လိုက်စမ်း ... အန်းကျင်းတက္ကသိုလ်ကို သွေးမြေခစေပြီးတော့  ပုရွက်ဆိတ် တစ်ကောင်တောင် ချန်မထားနဲ့  ”

ဂူချန်းက ထပ်၍ တောင့်မခံနိုင်တော့ဘဲ ဒူးထောက် လိုက်တော့သည်။ သူက ခွင့်လွတ်မှုကို တောင်းခံချင်သော်လည်း မည်သို့လုပ်ရမည်ကို မသိတော့ပေ။

ချန်ကျစ်ချန်းလည်း အံ့ဩမိသွားသည်။ အကြောင်းမှာ အန်းကျင်း တက္ကသိုလ်မှာ  လျန့်နိုင်ငံ ရှင်သန်ဖို့ရာ  အခြေပြုနေရသည့် အုတ်မြစ်တစ်ခု ဖြစ်ပေသည်။ အန်းကျင်းတက္ကသိုလ်သာ   ရှင်းလင်းခံလိုက်ရပါက  လျန့်နိုင်ငံ အဆုံးသတ်ရမည့် နေ့ရက်မှာ   သိပ်မကြာခင် ရောက်ရှိလာလိမ့်မည်။

ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဝူတန့် ဖြစ်နေလျှင်ပင်  ချန်ကျစ်ချန်းလည်း ဆက်၍ ဂရုမစိုက်နိုင်တော့ဘဲ  ဒူးထောက်ကာ ပြောလိုက်သည်

“ဂိုဏ်းချုပ်အနေနဲ့  ကျွန်တော်တို့အပေါ် ညှာတာပေးပါ။ လို့ယွဲ့ရွမ်း အန်းကျင်း တက္ကသိုလ်က ထွက်သွားတယ် ဆိုရင်တောင် သူမက ဝေးဝေး ရောက်ဦးမှာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် သူမကို  အမွေးတိုင် တစ်တိုင်စာ အတွင်း ပြန်ဖမ်းခေါ်လာပါ့မယ် ”

ဝူတန့်က ခံစားချက်မဲ့စွာ  ပြန်ဖြေလိုက်သည် “သွား ... သူမကို အချိန်မှီ ပြန်မခေါ်လာနိုင်ရင် မင်းတို့ လျန့်နိုင်ငံ ဆက် ရှိနေဖို့ မလိုတော့ဘူး။ အန်းကျင်း တက္ကသိုလ်တော့   အမြစ်ဖြတ် ရှင်းလင်းခံရမယ် ”

“ခင်ဗျားလိုမျိုး ... ညှာတာမှုမရှိတဲ့  သခင်မျိုးက သေဖို့ပဲ ကောင်းတယ် ...” ဂူချန်းက  အန်းကျင်း တက္ကသိုလ်ကို မကယ်တင်နိုင်တော့မှန်း သိသည့်အခါ ထရပ်ကာ လက်ညိုးငေါက်ငေါက် ထိုးကာ ကျိန်ဆဲလိုက်သည်။

ဂိုဏ်းချုပ် ဘုန်းတော်ကြီး၏ နောက်လိုက်က ဂူချန်းကို ကန်ထုတ်လိုက်သည်။ ဂူချန်းက ချန်ကျစ်ချန်းကို လက်ညိုးထိုးကာ …

“ခင်ဗျားလည်း  အသုံးမကျတဲ့ ဘုရင်ပဲ ... ကျုပ်တို့ နိုင်ငံရဲ့ ကံကြမ္မာကို ဘုရားကျောင်းကို ဘာလို့ ထိန်းချုပ်ခွင့် ပေးရတာလဲ”

ချန်ကျစ်ချန်း၏ မျက်နှာ၌ အပြစ်ရှိသည့် အရိပ်အယောင်မျာ ပေါ်နေ၏။ သူက နိုင်ငံကို ချမ်းသာ ကြွယ်ဝလာအောင် လုပ်ပေးနိုင်ခဲ့သော်လည်း ဤနေရာမှ ပြစ်မှုများကို တားဆီး ကာကွယ်မပေးနိုင်ခဲ့ပေ။

“သူ့ကို ခေါ်ထုတ်သွားပြီးတော့ အရည်ခွာလိုက် ပြီးရင်  အရိုးတွေကို ခြေမွပစ်လိုက် ... သူ့တစ်မိသားစုလုံးနဲ့ အိမ်ကို မီးရှို့ပစ်လိုက်။ ပြီးတော့ အန်းကျင်း တက္ကသိုလ်က လူတိုင်းကို သေတဲ့အထိ  နှိပ်စက်လိုက် ...“

ဝူတန့် မျက်ဝန်း၌  ဒေါသအရိပ်အယောင်များ ပေါက်ကွဲထွက်လာ၏။ သူ့ကို အားလုံးရှေ့ ကျိန်ဆဲရဲမည့်သူ ရှိလိမ့်မည်ဟု မယုံပေ။

“ခင်ဗျားရဲ့ အတွေးက စုတ်ချာနေပေမဲ့  ကြည့်ရတာ နောက်ခံရှိနေတဲ့ပုံပဲ ...” အေးဆေးတည်ငြိမ်သည့် အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုအခါမှ နောက်ထပ်လူများ ရောက်နေကြောင်း သတိပြုမိလိုက်ကြသည်။ ပြောလိုက်သူမှာ  အပြာရောင်ဝတ်စုံ  ဝတ်ဆင်ထားသည့် လူငယ်လေး ဖြစ်ကာ သူ့စကားလုံးများက ဂူချန်းကို ရည်ညွှန်းနေခြင်း ဖြစ်၏။

“ဂိုဏ်းချုပ် ဘုန်းတော်ကြီး  အဲဒါက လို့ယွဲ့ရွမ်းနဲ့ ဖန်မောင်နှမပါ ...” ဖုန်းလုက မိုဝူကျီနောက်မှ  လို့ယွဲ့ရွမ်းနှင့် ဖန်မောင်နှမကို ညွှန်ပြကာ  ပြောလိုက်သည်။ သူတို့က ပိုလော့ကျင်းကိုပင် မြင်လိုက်ရသည်။

ဝူတန့်က  ပိုလော့ကျင်းကို မကြည့်လိုက်ခင်   မိုဝူကျီကို မြင်၏။  သူ့လက်အောက်ငယ်သား မှော်ပညာရှင် အနေနှင့် ဝူတန့်က သူ့အင်အားကို ကောင်းကောင်း သိထားသည်။ ခန်းမသို့ ဝင်ပြီးနောက် ပိုလော့ကျင်းက ဘာမှမပြောဘဲ  ခေါင်းငိုက်စိုက် ဖြစ်နေသည့် အကြောင်းအရင်းကို သိချင်မိသည်။

ဖုန်းလုက  တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်၏။ သူက ပိုလော့ကျင်းကို ခေါ်ထုတ်လာသူ ဖြစ်ရာ ပိုလော့ကျင်း၏ ရည်ရွယ်ချက် ကြီးမားပုံကိုလည်း သိထားပေသည်။  ယခင် သူက ပိုလော့ကျင်းသည် လို့ယွဲ့ရွမ်း၏ နည်းလမ်းကို ရရှိပြီးနောက် ထွက်ပြေးသွားမည်ကို စိုးရိမ်မိခဲ့သည်။

***

All Chapters