စစ်တပ် ရောက်ရှိလာခြင်း
Vol. 42 Ch. 580
“ဆရာ ... ကျွန်တော်အမနဲ့ ကျွန်တော်က ဆရာနောက်လိုက်ဖို့ ဆန္ဒရှိပါတယ်“ ဖန်ကျယ်က ငယ်ရွယ်သေးသော်လည်း နုံ့အသူ မဟုတ်ပေ။ မိုဝူကျီ၏ လက်ရှိစွမ်းအားနှင့် အရည်အချင်းကို မြင်တွေ့ပြီးနောက် မိုဝူကျီနောက် လိုက်ခြင်းက မမှားပေ။
“အစ်ကိုကြီးမို ညီမလည်း လိုက်ချင်ပါတယ်“ လို့ ယွဲ့ရွမ်းလည်း မြန်မြန် ဝင်ပြောလိုက်သည်။ အကြောင်းမှာ မိုဝူကျီက တပည့် လက်မခံလိုသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူမလည်း ဆရာဟု ခေါ်မိလောက်သည်။
မိုဝူကျီက နေရခက်စွာ ပြောလိုက်သည် “မင်းတို့အားလုံးကို ခေါ်မသွားချင်တာ မဟုတ်ပေမဲ့ တကယ်တော့ ငါက ထွက်သွားတော့မလို့ ... ဒါပေမဲ့ ပြဿနာက ဘယ်ကို ဆက်သွားရမှန်း မသိသေးဘူး။ အဲကြောင့် အာကာသထဲ ဆင်းသက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ”
ထိုသို့ ပြောပြီးနောက် မိုဝူကျီက တစ်ခု စဉ်းစားမိကာ …
“ဒီလိုဆိုရင်ရော ... မင်းတို့ သုံးယောက်လုံးကို သိုလှောင်လက်စွပ် တစ်ကွင်းဆီ ပေးမယ်။ ပြီးရင် မင်းတို့ကို ဘယ်လို ကျင့်ကြံရမယ်ဆိုတာကို သုံးလလောက် သင်ပေးမယ်။ အဲဒီ သိုလှောင်လက်စွပ်ထဲက အရင်းအမြစ်တွေက မင်းတို့တွေ မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်ဖို့ လုံလောက်တယ်။ မင်းတို့တွေ အဲဒီကနေ ထပ်အဆင့်တက်၊ မတက်က မင်းတို့ရဲ့ ပတ်ဝန်းကျင်ပေါ် မူတည်သွားပြီ ”
မိုဝူကျီက သူ့ထာဝရ ကမ္ဘာ၌ အင်မော်တယ် ကျောက်များစွာနှင့် ဝိညာဉ်စွမ်းအား ကျောက်တုံးများစွာ ရှိပေသည်။ သုံးယောက်လုံးကို မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်စေဖို့ရာ လုံလောက်သည်ထက် ပိုပေသည်။
တစ်ခုတည်းသော စိုးရိမ်စရာက ဖန်မောင်နှမနှင့် လို့ယွဲ့ရွမ်းတို့က မြေကမ္ဘာ အင်မော်တယ် အဆင့်သို့ ရောက်ရှိပြီးနောက် အင်မော်တယ် လောကဆီ တက်ရောက်လာနိုင်မလား မသေချာသည့် ကိစ္စ ဖြစ်၏။ အကြောင်းမှာ သူက မြေကမ္ဘာ အင်မော်တယ် အဆင့်ထိ ပြန်ရရှိပြီးနောက် မိုးမြေ၏ စည်းမျည်းဥပဒေကို မခံစားမိသေးသလို အထက်ဘုံမှ ခေါ်ဆောင်မှုလည်း မခံစားမိချေ။
“သိုလှောင်လက်စွပ်က ဘာကြီးလဲ “ ဖန်ကျယ်က သိချင်စွာ မေးလိုက်သည်။
မိုဝူကျီက လက်တစ်ချက် ဝှေ့လိုက်သည့်အခါ ကျောက်စိမ်း ထိုင်ခုံတချို့ ပေါ်လာသည်။ သုံးယောက်သား တအံ့တဩ ကြောင်ကြည့် နေမိကြသည်။ မိုဝူကျီက သူတို့ကို ရှင်းမပြခင် အရင်ထိုင်ခိုင်းလိုက်၏။
ကောင်းကင်ကျီးဂြိုလ်၏ လတ်တလော သတင်းထူးမှာ လျန့်နိုင်ငံ၏ ဖီဆန်ခြင်း ဖြစ်၏။ သူတို့က စစ်တပ်ကို စုစည်းကာ အရှေ့နှင့် အနောက်ပိုင်း ဘုရားကျောင်းများကို ရင်ဆိုင်မည့်အကြောင်း ဖြစ်၏။
လူများစွာ က ချန်ကျစ်ချန်း ရူးသွပ်သွားသည်ဟု ယုံကြည်လာကြသည်။ သူ ရူးသွပ်နေခြင်း မဟုတ်လျှင် ထိုသို့ ကိုယ့်သေတွင်းကို တူးမည်လား။
လူများစွာအတွက် လျန့်နိုင်ငံမှာ မကြာခင် အမှုန့်ဖြစ်တော့မည်သာ တွေးထင်ထားကြသည်။ တချို့နိုင်ငံ အသေးလေးများက ဘုရားကျောင်းကို မျက်နှာလိုမျက်နှာရ လုပ်ကာ လျန့်နိုင်ငံနှင့် ရင်ဆိုင်ရန် စစ်ကူ ပို့ပေးကြသည်။ သို့သော်လည်း ထိုနိင်ငံများမှာ မကြာခင် လျန့်နိုင်ငံ၏ ဝါးမျိုခြင်းကို ခံလိုက်ကြရသည်။
လျန့်နိုင်ငံ၏ အကြမ်းပတမ်း ခံလှသော စစ်တပ်က နိုင်ငံကြီး တချို့ကိုပင် စိုးရိမ်လာစေသည်။ သူတိုက စစ်သားများ စုစည်းထားပြီး လျန့်နိုင်ငံ ကျူးကျော်လာသည်နှင့် ချက်ချင်း ပြန်လည် တိုက်နိုင်ရန် ပြင်ထားကြသည်။
သို့သော်လည်း နိုင်ငံကြီးများစွာက သူတို့သာ ဝင်မနှောင့်ယှက်လျှင် လျန့်နိုင်ငံက မတိုက်ခိုက်ကြောင်း သတိထားမိသွားသည်။ ထိုအခါမှ နိုင်ငံကြီးများ အနေဖြင့် လျန့်နိုင်ငံမှာ ဘုရားကျောင်းကို ရင်ဆိုင်မည့်ပုံ ပေါ်နေသောကြောင့် နားမလည်နိုင် ဖြစ်လာရသည်။
လျန့်နိုင်ငံက ဘုရားကျောင်းကို အပြတ်ရှင်းနိုင်မည် မဟုတ်သော်လည်း သူတို့က ဘုရားကျောင်း အတိုက်ခံရသည်ကို မြင်ရသည်နှင့်ပင် ပျော်ရွင်နေလေပြီ။ နိုင်ငံကြီး တော်တော်များများက စစ်သားများကို ဆက်မစုစည်းတော့ဘဲ ဘေးမှသာ ထိုင်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ဘုရားကျောင်းမှ လျန့်နိုင်ငံလေးကို သစ်ပင်မှ သစ်ကိုင်း ချိုးလွှတ် လိုက်သကဲ့သို့ ရှင်းပစ်မည့် အချိန်အခါကို စောင့်ဆိုင်းနေကြသည်။
မကြာခင် တခြားသော နိုင်ငံများက လျန့်နိုင်ငံသည် ရှင်းထုတ် မခံရသေးသောကြောင့် မူမမှန်မှန်း သတိပြုမိလာကြသည်။ ထိုမျှတင် မကပေ။ စစ်တပ်က မည်သည့်နေရာသို့ သွားပါစေ ဘုရားကျောင်း နောက်လိုက်များအကုန် အသတ်ခံရလေသည်။ ဘုရားကျောင်း နောက်လိုက်များစွာက ဘက်ပြောင်းကုန်ပြီး လျန့်နိုင်ငံ၏ အင်အားက ပိုမို ကြီးမားလာသည်။ ပို၍ အရေးကြီးသည်က သူတို့က ကိုယ့်နိုင်ငံကို ကောင်းစွာ ထိန်းချုပ်ထားပြီး ဘုရားကျောင်းမှ အမိန့်များကို မလိုက်နာတော့ပေ။
နိုင်ငံတချို့က စတင် ပြဿနာ ရှာလာကြတော့သည်။ အကြောင်းမှာ ဘုရားကျောင်းက သူတို့ကို ထိန်းချုပ်ထားခြင်းကို အလိုရှိသည့် နိုင်ငံဟူ၍ မရှိပေ။ ယခု လျန့်နိုင်ငံက စတင် ပြုမူလိုက်သောကြောင့် ဘုရားကျောင်း အနေနှင့်လည်း အနိုင်ရနိုင်ခြေ သိပ်မမြင့်မားပေ။
လျန့်နိုင်ငံက အရှေ့ပိုင်းရိုးရာ ကိုးကွယ်ယုံကြည်ရေး ဂိုဏ်းချုပ် ဘုန်းတော်ကြီး၏ ဦးခေါင်းကို အန်းကျင်းမြို့ပြင်၌ ချိတ်ဆွဲ ပြထားသောကြောင့် ထိုနိုင်ငံများမှာ ထပ်မစောင့် နေကြတော့ဘဲ စစ်တပ်များကို စုစည်းကာ အရှေ့နှင့် အနောက်ပိုင်း ဘုရားကျောင်းများကို စတင် ဆန့်ကျင်ကုန်ကြသည်။
အမှန်တရားကို နောက်တစ်ကြိမ် ထပ်သိလာသည်က အရှေ့နှင့် အနောက်ပိုင်း ဘုရားကျောင်းမှာ သူတို့ ကိုင်တွယ်နိုင်သည့် အင်အားထက် များစွာ ကြီးမားနေသည်။ အရှေ့ပိုင်း ရိုးရာ ကိုးကွယ်ယုံကြည်ရေး၏ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဝူတန့်ကို လျန့်နိုင်ငံက သတ်ပစ်လိုက်သော်လည်း အရှေ့ပိုင်း ရိုးရာ ကိုးကွယ်ယုံကြည်ရေးမှ နိုင်ငံကြီးများ၏ စစ်တပ်များကို ထိန်းချုပ်ထားနိုင်စွမ်း ရှိသော အားကောင်းသည့် နောက်လိုက်များစွာ ရှိနေသေးသည်။ လျန့်နိုင်ငံ စစ်တပ် တစ်ခုတည်းသာ ယခုအချိန်အထိ ဘုရားကျောင်းများမှ လွတ်နေသော အားကောင်းသူများကို ဆက်တိုက် သတ်ပစ်နေနိုင်ခြင်း ဖြစ်၏။
ထိုစဉ် တချို့နိုင်ငံများက လျန့်နိုင်ငံနှင့် မဟာမိတ်ဖွဲ့ရန် စတင်၍ ရှာဖွေလာကြသည်။ လျန့်နိုင်ငံအတွက် မဟာမိတ်ဖွဲ့ရန် တခြားနိုင်ငံများ၏ အကူအညီများကို ဘယ်သောအခါမှ ငြင်းပယ်မည် မဟုတ်ပေ။ လျန့်နိုင်ငံ အကူအညီဖြင့် မဟာမိတ်က ပိုမို ကြီးမားလာ၏။ အရှေ့ပိုင်း ရိုးရာကိုးကွယ် ယုံကြည်ရေးက မြန်မြန် ပြိုလဲသွားပြီး မဟာမိတ်အဖွဲ့က အနောက်ပိုင်း ရိုးရာ ကိုးကွယ်ယုံကြည်ရေး နယ်စပ်အထိ ရောက်ရှိသွားကြသည်။
အရှေ့ပိုင်း ရိုးရာကိုးကွယ် ယုံကြည်ရေးမှာ ဂြိုလ်ပေါ်ရှိ အကြီးမားဆုံး ဘာသာရေး ကျောင်းနှစ်ခုအနက် တစ်ခု ဖြစ်၏။ တစ်ဖက်၌ ပို၍ အားကောင်းသော အနောက်ပိုင်း ဘုရားကျောင်း ရှိနေသည်။
အရှေ့နှင့် အနောက် ဘုရားကျောင်းတို့မှာ အဆင့်တူ ဖြစ်သည်ဟု ထင်ရသော်လည်း အနောက်ပိုင်း ဘုရားကျောင်း၏ အုတ်မြစ်မှာ ပို၍ တည်ငြိမ်ကာ အင်အားမှာလည်း ပို၍ ဖုံးကွယ်ထား၏။
ထို့အပြင် အရှေ့နှင့် အနောက်ပိုင်း ဘုရားကျောင်းများကြား ကြီးမားသော ခြားနားချက်ကြီး ရှိနေသည်။ အနောက်ပိုင်း ဘုရားကျောင်း၏ အုပ်စိုးမှုအောက်တွင် ရှိသော နိုင်ငံတိုင်း၏ ဘုရင်များက သူတို့အသက်ကို ဘုရားကျောင်းထံ ပေးဆပ်ထားကြခြင်း ဖြစ်၏။ အနောက်ပိုင်း ဘုရားကျောင်းမှာ အရွယ်အစား အလယ်အလတ် မြို့လောက် ကြီးမားပေ၏။
အနောက်ပိုင်း ဘုရားကျောင်း၏ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ပင်းလန်ရှီးက လျန့်နိုင်ငံလို နိုင်ငံ အသေးလေးအနေဖြင့် အနောက်ပိုင်း ဘုရားကျောင်းထိ အလံဝှေ့ကာ သတ်ဖြတ်ရန် ရောက်လာကြောင်း ကြားသည့်အခါ သူက အလေးအနက် မထားပေ။
မှော်ကျင့်စဉ် မရှိသည့် နိုင်ငံအသေးလေးက အနောက်ပိုင်း ဘုရားကျောင်းကို အပြတ်ရှင်းပစ်နိုင်မည်ဟု ထင်နေကြသည်။ ပင်းလန်ရှီး အမြင်အရ မသိနားလည်မှုက မကြောက်မလန့် ဖြစ်သွားစေခြင်းသာ ဖြစ်၏။
ထို့ကြောင့် လျန့်နိုင်ငံလေးက အသည်းအသန် တိုက်ခိုက်နေလျှင်ပင် သူက အမိန့်ထုတ်ပြန်နေစရာ မလိုပေ။ အရှေ့ပိုင်း ဘုရားကျောင်းမှ လျန့်နိုင်ငံလေးကို ဤဂြိုလ်မှ အပြတ်ဖယ်ရှားနိုင်မည် ဖြစ်ကြောင်း သေချာသိနေသည်။
သို့သော်လည်း သူက ဝူတန့် အသတ်ခံလိုက်ကြောင်းနှင့် အရှေ့ပိုင်း ဘုရားကျောင်း နောက်လိုက်များ အသတ်ခံရကြောင်း ကြားသောအခါ စတင်၍ စိုးရိမ်လာမိသည်။
လျန့်နိုင်ငံလို နိုင်ငံအသေးလေးမှာ သူတို့နည်းပညာက မည်မျှပင် အဆင့်မြင့်နေပါစေ ထိုမျှ အားကောင်းလာမည် မဟုတ်ပေ။ အဆိုးဆုံးပြောရလျှင် သူတို့က အရှေ့ပိုင်း ဘုရားကျောင်းကို နှိမ်နှင်းနိုင်သည့်အထိ ဖြစ်လာမည်ကို မဟုတ်ပေ။
ပင်းလန်ရှီးက အစပိုင်း မလှုပ်ရှားချင်သော်လည်း ဝူတန့် အသတ်ခံလိုက်ကြောင်းနှင့် လျန့်နိုင်ငံက သူ့ပိုင်နက်အထိ ရောက်လာကြောင်း ကြားသောအခါ ကိုယ်တိုင် ထွက်ပေါ်လာရန် ဆုံးဖြတ်ချက် ချလိုက်ရတော့သည်။
သူက ကျူးကျော်လာသည့် လျန့်နိုင်ငံ စစ်တပ်နှင့် ရင်ဆိုင်ဖို့ သူ့လူများကို ခေါ်မသွားခင် သူ့သစ္စာအရှိဆုံး နောက်လိုက် အုပ်ချုပ်သူ အရှင် ကျင်းဟုန်ယီက နောက်ဆုံးရ သတင်းဖြင့် စိုးရိမ်တကြီး ရောက်ရှိလာသည်။
ကျင်းဟုန်ယီ တုန်ယင်နေသည်ကို သတိပြုမိပြီး ပင်းလန်ရှီးက မျက်မှောင်ကြုတ်ကာ
“ဟုန်ယီ ... မင်းက ငါ့လက်အောက် အားအကောင်းဆုံး မှော်ဆရာတွေထဲက တစ်ယောက်လေ။ ဝူတန့်က ရာထူးရှိပေမဲ့ တကယ့် အင်အား မရှိဘူး။ အရှေ့ရိုးရာ ဘုရားကျောင်းက တိုက်ခိုက်ရေး အင်အားနဲ့ ပတ်သတ်လာရင် လျှောက်ပြောထားတာလည်း ဖြစ်နိုင်တာပဲ ... ဝူတန့်က သေမျိုးနိုင်ငံရဲ့ စစ်တပ်ကြောင့် သေဆုံးသွားမှတော့ ဘာကို စိုးရိမ်နေရမှာလဲ ... ပြောစရာရှိတာသာ တည့်တည့်ပြော”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ...” ပင်းလန်ရှီး၏ စကားများက ကျင်းဟုန်ယီ လေသံကိ တည်ငြိမ်လာစေသည်။ သူက ပြန်မဖြေခင် အသက်ပြင်းပြင်း ရှူကာ …
“လျန့်နိုင်ငံ မဟာမိတ် အဖွဲ့ထဲမှာ နိုင်ငံပေါင်း ၄၆ နိုင်ငံ ပါပါတယ်။ ပြီးတော့ ကျွန်တော်တို့ အနောက်ပိုင်း ဘုရားကျောင်း လက်အောက်က နိင်ငံ ခြောက်နိုင်ငံကို ဖျက်ဆီးပြီးသွားပါပြီ။ ပြန်လည် ခုခံနေတာ ၁၁ နိုင်ငံ ရှိသေးပေမဲ့ ကျတော်တို့ဘက်က အသေအပျောက် များနေပါတယ်။
အဲဒီထဲမှာ မှော်ဆရာ ဟန်ဟောက်၊ မှော်ဆရာ ဟွေ့ကျစ်ရှန်းနဲ့ မှော်ဆရာ ဖင်းကျယ်လည်း အပါအဝင်ပါပဲ ... ပြီးတော့ ကျွန်တော်တို့ရဲ့ မဟာမှော်ဆရာ ချန်းဖုန်းရှန့်လည်း အသတ်ခံလိုက်ရပါတယ် ... အခု မဟာမိတ်က ကျွန်တော့် မီချီမြို့ဖျားအထိ ရောက်နေပါပြီ ....”
“ဘာ “ပင်းလန်ရှီးက လုံးဝ လန့်ဖြတ်သွားမိသည်။ မှော်ဆရာတချို့ အသတ်ခံရသည့် အချက်ကို တုန်လှုပ်မိရုံမျှသာ ဖြစ်ပြီး သူ့အေးဆေးတည်ငြိမ်မှု ပျက်သုန်း မသွားသေးပေ။ သို့သော်လည်း သူက ချန်းဖုန်းရှန့် အသတ်ခံလိုက်ရကြောင်း ကြားသောအခါ မထိန်းသိမ်းထားနိုင်တော့ချေ။
“ချန်းဖုန်းရှန့် အသတ်ခံလိုက် ရတယ်လို့ ပြောလိုက်တာလား“ ပင်းလန်ရှီးက တစ်လုံးချင်းစီ မေးလိုက်သည်။
ချန်းဖုန်းရှန့်မှာ မဟာမှော်ဆရာ တစ်ယောက် ဖြစ်ပြီး မှော်ဧကရာဇ်နှင့် ညီမျှသည့် တည်ရှိမှုမျိုး ဖြစ်ပေသည်။ အနောက်ပိုင်း ဘုရားကျောင်း၌ သူ့အဆင့်အတန်းမှာ တခြားသူများထက် ပိုမြင့်ပြီး ပင်းလန်ရှီးထက် သေချာပေါက် အားမနည်းပေ။ သူ့မဟာမှော်ဆရာ အသတ်ခံလိုက်ရ၍ ဤကိစ္စမှာ ရိုးရှင်းသည့် ကိစ္စရပ် မဟုတ်တော့ချေ။
ကျင်းဟုန်ယီက လေးလေးစားစား ပြန်ဖြေလိုက်သည် “ဟုတ်ပါတယ် ... ကျွန်တော်တို့ မဟာမှော်ဆရာကြီး ချန်းဖုန်းရှန့်က အသတ်ခံလိုက်ရတာပါ ”
“ဘယ်လို အသတ်ခံရတာလဲဆိုတာ အသေးစိတ် ပြော ... တစ်လုံးမှ မကျန်ခဲ့စေနဲ့“ ပင်းလန်ရှီး၏ လေသံမှာ လေးနက်လာကာ သတ်ဖြတ်ငွေ့များလည်း ပါဝင်လာသည်။
“ဟုတ်ကဲ့ ... မဟာမှော်ဆရာကြီး ချန်းဖုန်းရှန့် အသတ်ခံလိုက်ရတာကို တော်တော်များများလည်း မြင်လိုက်ကြရသည်။ လျန့်နိုင်ငံရဲ့ ဘုရင် ချန်ကျစ်ချန်းဆီမှာ ထိပ်တန်း ဓားတစ်ချောင်း ရှိတယ်။ အဲဒါက မိုင်ထောင်ချီ ဝေးနေရင်တောင် ခေါင်းဖြတ်သတ်လို့ ရတယ်။
ချန်ကျစ်ချန်းက ဓားကို ထုတ်လိုက်တာနဲ့ သူ့ကိုဘယ်လောက်ပဲ တားဆီးဖို့ ကြိုးစားကြိုးစား ချွင်းချက်မရှိ သေဆုံးကုန်ကြတယ်။ မဟာမှော်ဆရာကြီး ချန်းဖုန်းရှန့်က ချန်ကျစ်ချန်းရဲ့ ဓားချက်ကြောင့် သေသွားတာပါ။ ချန်းဖုန်းရှ့န်က ဓားကို မြင်ပြီးတော့ ရှောင်ချင်ပေမဲ့ ဘယ်နေရာမှာ ပုန်းပုန်း အဲဒီဓားက လိုက်ရှာပြီး သတ်ပစ်လိုက်တာပါ“ ကျင်းဟုန်ယီက အသေးစိတ် ရှင်းပြလိုက်သည်။
“ဝူတန့်အပါအဝင် အားကောင်းတဲ့သူတွေ အားလုံးက အဲဒီဓားကြောင့် သေကုန်ကြတာလား“ ပင်းလန်ရှီးက ပို၍ ကြောက်ရွံ့သွားသည်။
“ကြည့်ရတာတော့ ဒီလိုပုံပါပဲ ... ချန်ကျစ်ချန်း အဲဒီဓားကို ဘယ်ကနေ ရလာမှန်း မသိပေမဲ့ စုန်းမျိုးဆက် ချန်ထားခဲ့တဲ့ မှော်ရတနာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်“ ကျင်းဟုန်ယီက သတိထားကာ ပြောလိုက်သည်။
“အဲဒါဆို သူ့ဓားကို ဆွဲမထုတ်ခင် ဘာလို့ သတ်မပစ်တာလဲ“ စုန်းမျိုးဆက် ချန်ထားခဲ့သည့် လက်နက် ဖြစ်ကြောင်း ကြားသောအခါ ပင်းလန်ရှီး၏ မျက်ခုံးများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
“ကျွန်တော်တို့ သိရတဲ့ သတင်းအရတော့ မဖြစ်နိုင်ဘူး ... ချန်ကျစ်ချန်းနဲ့ ရင်ဆိုင်တဲ့ လက်နက်အားလုံးက သူ့ဆီ ရောက်တောင် မရောက်ဘူး။ မမြင်နိုင်တဲ့ လှိုင်းကနေ တားဆီးပေးထားပြီးတော့ မြေပြင်ပေါ် ပြုတ်ကျကုန်ကြတာတဲ့“ ကျင်းဟုန်ယီက ရှင်းပြလိုက်သည်။
ပင်းလန်ရှီးက ခေါင်းညိတ်ကာ “ကြည့်ရတာ ဒီလူက စုန်းမျိုးဆက်ရဲ့ အမွေအနှစ်တွေကို ရထားတဲ့ပုံပဲ ”
ထိုသို့ပြောပြီးနောက် ပင်းလန်ရှီးက အကြာကြီး တိတ်ဆိတ်နေပြီးမှ ရုတ်ချည်း ထပြောလိုက်သည် “ဝိညာဉ်စွမ်းအား ဆရာသခင် ဟုန်ကွမ်းကို သွားဖိတ်ကြားလာခဲ့ ...”
မီချီမြို့မှာ အနောက်ပိုင်း ဘုရားကျောင်း တည်ရှိရာ နေရာ ဖြစ်ပေသည်။ ဤနေရာရှိ ကာကွယ်ရေး အတားအဆီးများမှာ ထိုမျှမက ကြီးမားသော်လည်း “အနောက်ပိုင်း ဘုရားကျောင်း” ဟူသော စာလုံးကြီး သုံးလုံးမှာ အကြီးမားဆုံး ဟန့်တားထားသည့်အရာ ဖြစ်နေသည်။
မည်သူကများ တိုက်ခိုက်ရဲမည်နည်း။
သို့သော်လည်း ဤအခိုက်အတန့်၌ စစ်သားပေါင်း သန်းချီနေသည့် စစ်တပ်ကြီးက မီချီမြို့ပြင်၌ ရောက်ရှိနေလေပြီ။ မဟာမိတ်၏ ထိပ်တန်းရှေ့ဆုံး၌ ရပ်နေသူမှာ လျန့်နိုင်ငံ ဘုရင် ချန်ကျစ်ချန်းသာ ဖြစ်ပေသည်။
လအနည်းငယ်အတွင်း ချန်ကျစ်ချန်းက ဆက်တိုက် စစ်ထွက်နေခဲ့သော်လည်း သူ့မျက်လုံးများက စိတ်အားတက်ကြွမှုများနှင့် တောက်လောင်နေဆဲ ဖြစ်သည်။ သူက စစ်ပွဲကို ဤမျှ အားလိုအားရ မတိုက်ဖူးသေးပေ။ လအနည်းငယ် တိုက်ခိုက်ပြီးနောက် သူ့စိတ်ဓာတ်မှာ ဆက်လက်မြင့်တက်နေပြီး သူ့အသားရေမှာလည်း ဖုန်အရောင်ကဲ့သို့ ပြောင်းလဲနေပြီ ဖြစ်၏။ ဤစစ်ပွဲမှာ အာဏာရှိသော အင်အားစုများရှေ့၌ အကြံအစည် အားလုံးမှာ အသုံးမဝင်ကြောင်း သတိထားမိသွားစေသည်။ ဤသို့ဆိုမှတော့ သူ့တွင်လည်း အာဏာ အပြည့်အဝ ရရှိနေလေပြီ။
သူ့ဘေးပတ်လည်တွင် ရပ်နေသည်က စစ်ပွဲဝတ်ရုံ ဝတ်ဆင်ထားသော လူဆယ်ယောက်ကျော် ရှိနေပြီး ပြိုင်ဖက်ကို ဟန်ပါပါ ကြည့်နေသည်။ ထိုလူများက စစ်တပ်မှ စစ်သားများ မဟုတ်ဘဲ နိုင်ငံတစ်ခုချင်းစီမှ ဘုရင်များ ဖြစ်ကြသည်။ ချန်ကျစ်ခန်းက ခံညားထည်ဝါစွာ ပေါ်လာသောကြောင့် ထိုဘုရင်များက သူ့နောက်မှ လိုက်ပါရန် ဆန္ဒရှိကြသူများ ဖြစ်ကြသည်။
မိုဝူကျီက ဤဂြိုလ်၏ နည်းပညာမှာ အတော်လေး ကောင်းမွန်ကြောင်း တွေးမိသော်လည်း အနည်းဆုံးတော့ သူ့ကမ္ဘာမြေထက် မဆိုးရွားပေ။ ဤစစ်ပွဲအတွင်း သူတို့တွင် ဂျက်လေယာဉ်ပျံများနှင့် လက်ပစ်ဗုံး၊ အမြောက်များလည်း ရှိပေလိမ့်မည်။ ထိုအချိန်မတိုင်ခင် သူ့ဓားရှည်က တစ်ဖက်လူ၏ ဦးခေါင်းကို အနိုင်ပိုင်းကာ အနိုင်ရလာခြင်း ဖြစ်၏။
အမှန်တရားမှာ အရှေ့နှင့် အနောက်ပိုင်း ဘုရားကျောင်းများ၏ လွှမ်းမိုးမှုအောက်တွင် နည်းပညာက အတော်လေး ဖွံ့ဖြိုးသော်လည်း တိုက်ခိုက်ရေး လက်နက်များက ထိုမျှအထိ မဟုတ်သေးပေ။ လက်ပစ်ဗုံးများကို ထည့်မပြောသေးသင့်ပေ။ သူတို့က ယခုမှ ရိုင်ဖယ်သေနတ်များကို စတင် အသုံးပြုခါစ ဖြစ်ကာ ထိုစစ်တပ်ကိုပင် မဖွဲ့စည်းရသေးပေ။ ထို့ကြောင့် ချန်ကျစ်ချန်းက သူ့ကိုယ်တိုင် လမ်းဖောက်ကာ သတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
***