← Chapters

သုံးရေကန်စံအိမ်မှ ရှုဟောင်ရှန့်

Vol. 11 Ch. 149

သုံးရေကန်စံအိမ်မှ ရှုဟောင်ရှန့်

Vol. 11 Ch. 149

မည်သည့်ပြဿနာရှိသနည်း။

သည်တစ်ကြိမ် ဟန်မူယဲ့၏ စိုက်ကြည့်မှုတွင် ပိုင်စုကျန်းသည် ရင်ခုန်မြန်လာခဲ့၏။

သည်လူကား အလွန်ညို့ငင်အား ကောင်းလှချေသည်။

မဟုတ်ဘူး၊ ဒီလူပြောတဲ့စကားက ဆွဲဆောင်အားကောင်းနေတာ။

“မဟုတ်ဘူး… မဟုတ်ဘူး… ဘာပြဿနာမှ မရှိဘူး”

ပိုင်စုကျန်း ရှက်သွားကာ ခေါင်းငုံ့လျှက် သူမ၏လက်မှ စာရွက်အား ကြည့်သည်။

“အမြင့်ဆုံးအရည်အသွေး ဆေးလုံးတွေ… အင်မော်တယ်ဆေးလုံးတွေ… ဒီဆေးလုံးတွေရဲ့ တန်ကြေးက ကမ္ဘာမြေအဆင့်ပညာရှင်တွေကို မွဲတေသွားစေလောက်တယ်”

သတ္တမတန်းစား၊ ဆဌမတန်းစားနှင့် ပဥ္စမတန်းစားဆေးလုံးများ…၊ ၎င်းတို့သည် ဝိညာဉ်ကျောက်တုံး သိန်းသန်းချီ တန်ဖိုးကြီး၏။

အကယ်၍ ဆေးလုံးရှားပါးမှု၊ ဆေးလုံးအရည်အသွေး မြင့်မားမှုတို့ဖြင့် ဆိုပါက ၎င်းတို့၏တန်ဖိုးမှာ သေချာပေါက် ဆယ်ဆခန့် တိုးသွားပေဦးမည်။

ဤသည်ကား သူမ မမျှော်လင့်ထားသော စီးပွားရေးကိစ္စကြီး ဖြစ်သည်။

ယခင်က ဟန်မူယဲ့ ဖော်စပ်သော တိမ်မြူချီနှင့် စွမ်းအင်အသွင်ပြောင်းဆေးလုံးများမှာ သူမအား သိပ်အကျိုးအမြတ် ဖြစ်စေးသည် မဟုတ်ပေ။

သူမ တန်ဖိုးထားသည်ကား ဟန်မူယဲ့၏ အလားအလာ ဖြစ်သည်။

အမှန်တကယ်လည်း အချိန်ကာလ သိပ်ပင် မစောင့်လိုက်ရဘဲ ဧရာမစီးပွားရေးအခွင့်အလမ်းတစ်ခု ပေါ်လာခဲ့သည်။

စာရွက်ပေါ်မှ ဆေးလုံးစာရင်းများအရဆိုပါက အနောက်ဘက်နယ်စပ်ကုန်းမြေအား မုန်တိုင်းထန်စေမည်မှာ သေချာ၏။

“ဒီဆေးလုံးတစ်လုံးစီဟာ ကျင့်ကြံသူတစ်ယောက်ချင်းစီရဲ့ ကံကြမ္မာကို ပြောင်းလဲစေနိုင်တယ်။ ဒါတွေက သေချာပေါက် တန်ဖိုးကြီးတာပေါ့”

ဟန်မူယဲ့က ပြုံးလျက် ပြောသည်။

“ဒီဆေးလုံးတွေကို ဝယ်ဖို့ဆိုတာ သူတို့အတွက် အခွင့်အလမ်းတစ်ခုပဲမလား”

ပိုင်စုကျန်းက ရှုပ်ထွေးသော ခံစားချက်များဖြင့် ခေါင်းညိတ်သည်။

အခွင့်အလမ်း။

ယခင်က သူမသည် ဟန်မူယဲ့၏အခွင့်အလမ်း ဖြစ်သည်။

ယခု ဟန်မူယဲ့သည် သူမ၏အခွင့်အလမ်း ဖြစ်၏။

ဟန်မူယဲ့က ဆေးပေါင်းဖိုနှင့် ဆေးအမယ်များအား ယူဆောင်ထွက်ခွာသွားသည့်တိုင်အောင် သူမကား တွေဝေမိန်းမောနေဆဲ ဖြစ်သည်။

“ကျောက်စိမ်းအလင်းရိုးဆေးလုံး၊ ပဥ္မတန်းစားဆေးလုံး။ ရှင်က အမြင့်ဆုံးအရည်အသွေး ဒါမှမဟုတ် အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်ရင်…”

ဟန်မူယဲ့နှင့် ကျန်းမင်တို့၏နောက်ကျောကို ကြည့်ကာ ပိုင်စုကျန်း၏မျက်လုံးများက တဖြေးဖြေး စူးရှလာခဲ့သည်။

“လီမူပိုင်… ရှင်က ဝိညာဉ်သူငယ် ဒုတိယအဆင့်မှာ ရပ်တန့်နေတာ နှစ်တွေ အများကြီးကြာပြီ”

“ကျွန်မသာ ကျောက်စိမ်းအလင်းရိုးဆေးလုံးကို ရရင် ရှင့်သမီးဖြစ်တဲ့ ကျွန်မဆီ လာပြီး တောင်းဆိုရဲမလား ကြည့်ရအောင်…”

ထို့နောက်တွင် သူမက သူမ၏နောက်မှ ဆိုင်ကို လှည့်ကြည့်ကာ တီးတိုးပြောသည်။

“ဒီတစ်ခေါက် ကျွန်မ တောင်အောက်ကို ဆင်းရတော့မယ်”

…

စုကျန်းဆေးဆိုင်မှ ထွက်လာသော ကျန်းမင်သည် တစ်စုံတစ်ခုကို တွေးတောနေဟန်ဖြင့် ခေါင်းငုံ့ထား၏။ ဟန်မူယဲ့က သူ့အား ကြည့်ကာ ပြုံးသည်။

“ဘာလဲ… ဆိုင်ရှင်ပိုင်နဲ့ကိစ္စကို မင်း တွေးနေတာလား”

ကျန်းမင်က သူ့အား ကြည့်ကာ အသာအယာ ပြောသည်။

“သခင်လေး… သူက ပိုင်မိသားစုရဲ့ အကြီးဆုံးသမီးပဲ။ သူမရဲ့နောက်မှာ မိစ္ဆာဂိုဏ်းရှိတယ်လို့ ပြောကြတယ်”

ကျန်းမင်ကား တကိုယ်တော်ကျင့်ကြံသူဖြစ်ရာ ထိုသတင်းများကို သိပေသည်။

ပိုင်စုကျန်း၏စစ်မှန်သော နောက်ခံကိုကား သူ မသိပေ။

သို့သော်လည်း တကိုယ်တော်ကျင့်ကြံသူဖြစ်သော သူသည် မိစ္ဆာဂိုဏ်းအား အနည်းငယ် ကြောက်လန့်၏။

နှိုင်းယှဉ်ရပါက တာအိုဂိုဏ်းများနှင့် ဓားဂိုဏ်းများ၏ဂုဏ်သတင်းများမှာ မိစ္ဆာဂိုဏ်းများထက် ပိုကောင်းပေသည်။

ဟန်မူယဲ့က မည်သို့ မိစ္ဆာဂိုဏ်းများနှင့် ဆက်စပ်နေသနည်း။

မိစ္ဆာကျင့်ကြံသူများသည် ရက်စက်ကြမ်းကြုတ်ပေသည်။

“ကျန်းမင်… ငါတို့ ကျင့်ကြံတာ တကယ်ပဲ အများအကျိုးအတွက်လား”

သွားနေရာမှ ရပ်ကာ ဟန်မူယဲ့က ရုတ်တရက် မေးသည်။

ကျန်းမင်လည်း ခြေလှမ်းများကို ရပ်လိုက်ပြီးမှ ခေါင်းယမ်းသည်။

လောက၌ အများအကျိုးသီးသန့်အတွက် ကျင့်ကြံသောလူများ မရှိပါ။

ထိုသို့သော တန်ခိုးရှင်မှာလည်း အသက်မရှည်ပေ။

“ကျင့်ကြံတာက ကိုယ်ကျိုးအတွက်ပဲဆိုရင် ကျုပ် အကျိုးအမြတ်အတွက် ဆေးဖော်စပ်တာက ပြဿနာရှိလား”

ဟန်မူယဲ့က ကျန်းမင်အား မေးသည်။

ကျန်းမင်က ခေါင်းညိတ်သည်။

ပြဿနာမရှိပါ။

“ဒါပေမဲ့…”

ကျန်းမင်က စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဟန်မူယဲ့က ပြောသည်။

“ဒါက မိစ္ဆာဂိုဏ်းနဲ့ အကျိုးတူပူးပေါင်းတာက ငါတို့ဂိုဏ်းကို ထိခိုက်စေနိုင်တယ်။ မိစ္ဆာဂိုဏ်းက တစ်ခုခုကြံစည်မှာကို မင်း စိုးရိမ်တာမလား”

ကျန်းမင်က ခေါင်းညိတ်သည်။ သူသည် အမှန်တကယ်လည်း ထိုအချက်ကို စိုးရိမ်နေ၏။

ဟန်မူယဲ့က ရယ်မောကာ ရှေ့ကို ဆက်လျှောက်သွားသည်။

“ငါက ဆေးခန်းဆောင်မှာ သွေးကြောဖွင့်ဆေးလုံးရဲ့ အကျိုးအမြတ်ကို လက်လျှော့ခဲ့ပြီးပြီ”

“ဆိုင်ရှင်ပိုင်နဲ့ အကျိုးတူပူးပေါင်းတဲ့ကိစ္စကတော့… ငါက သူနဲ့ မပူးပေါင်းရင် ဆေးအမယ်တွေကို ရှာတာ၊ ဆေးလုံး ရောင်းဝယ်တာ အတွက် ဘယ်သူ့ကို သွားရှာရမလဲ”

အဆင့်မြင့်တန်းဆေးလုံးများအတွက် ဆေးအမယ်များမှာ ရှာရန် မလွယ်ကူပေ။

ထိုသို့သော အဆက်အသွယ်များကို ဆိုင်ရှင်ပိုင်မှ လွဲ၍ မည်သူ့တွင် ရှိမည်နည်း။

ပိုင်စုကျန်းကလည်း ထိုဆေးလုံးများကို ရောင်းချချင်ရာ ဟန်မူယဲ့ လိုချင်သော ဆေးအမယ်များကို မရမက ရှာဖွေပေးသည်သာ။

ပိုင်စုကျန်းက ဆေးလုံးများကို ရန်သူဂိုဏ်းများသို့ ရောင်းချမည်ကို ဟန်မူယဲ့ မစိုးရိမ်ပေ။ သူမကား ဉာဏ်ကောင်းကာ ထိုသို့ မိုက်မဲသော လုပ်ရပ်အား မလုပ်ပေ။

သူမသည်လည်း ရေရှည်အကျိုးစီးပွားကို လိုလားသည်။

ဂိုဏ်းအကျိုးစီးပွားအတွက်ကား ဟန်မူယဲ့က သူ ဖော်စပ်သော ဆေးလုံးများ၏ထက်ဝက်ကို ဂိုဏ်းအား ပြန်လည်ရောင်းချရန် သဘောတူထားပြီး ဖြစ်သည်။

ဟန်မူယဲ့၏စကားကို ကြားလျှင် ကျန်းမင်က မသက်အသာ ပြုံးကာ ခေါင်းညိတ်သည်။

ဤသည်ပင် တကိုယ်တော်ကျင့်ကြံခြင်းနှင့် ဂိုဏ်းတို့၏ ကွာခြားချက် ဖြစ်သည်။

မည်သည့်ဂိုဏ်းက သူတို့၏ဂိုဏ်းသားကို မှီခိုကာ အကျိုးစီးပွား ရှာမည်နည်း။ ထို့အပြင် ဂိုဏ်းသားတစ်ဦး ပိုမို၍ ပါရမီမြင့်လေ၊ အရည်အချင်းရှိလေ သူတို့ထံတွင် ရင်းနှီးမြှုတ်နှံလေ ဖြစ်သည်။

ဟန်မူယဲ့၏အကျိုးစီးပွားမှာလည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအပေါ်တွင် အခြေခံသည်။ ဂိုဏ်းအပေါ် တာဝန်သိစိတ်ရှိနေသရွေ့ အရာအားလုံး အဆင်ပြေသည်။

ဂိုဏ်းက အင်အားကြီးလေ၊ အရှိန်အဝါကြီးလေ ဟန်မူယဲ့၏ကျင့်ကြံခြင်းမှာ ပိုမိုတည်ငြိမ်ကာ သူ့ကျင့်ကြံခြင်းအခွင့်အလမ်း ပိုကောင်းလေ ဖြစ်သည်။

ကလင်…

ကလင်…

ကလင်…

အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ခေါင်းလောင်းသံများကို ကြားရသည်။

ကမ္ဘာမြေအဆင့်ပညာရှင်တစ်ဦး ဆုံးပါးခဲ့သည်။

ဟန်မူယဲ့ မှင်တက်သွားပြီးမှ အလျင်အမြန် ပြေးလွှားသွားသည်။

သူနှင့် ကျန်းမင်တို့ ဓားစံအိမ်သို့ ရောက်သောအခါ အနက်ရောင်ဝတ်တပည့်များ ဓားစံအိမ်ရှေ့တွင် ရပ်နေကြသည်။

ဟွမ်လောင်လျှိုသည် သုန်မှုန်စွာဖြင့် ကျောက်လှေကားထစ်ပေါ်၌ ရပ်နေ၏။

ဟန်မူယဲ့ ရောက်လာသည်ကို မြင်လျှင် သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ဓားကို လက်ခံမည့်နေရာအား ဖယ်ပေး၏။

“သူဟာ ဖုန်းလင်ဓားဂိုဏ်းနဲ့ မိုင်းတွင်းတချို့ ယှဉ်လုရင်း အလစ်တိုက်ခိုက်ခံရတယ်။ သုံးရေကန်စံအိမ်က အကြီးအကဲရှုဟောင်ရှန့် ဆုံးသွားတယ်”

ဟွမ်လောင်လျှိုက တီးတိုးပြောသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဖုန်းလင်ဓားဂိုဏ်းတို့အကြား ပဋိပက္ခများမှာ မိုင်းတွင်းများနှင့် သက်ဆိုင်သည်။

ဟန်မူယဲ့ နောက်လှည့်ကာ အနက်ရောင်ဝတ်လူများအား ကြည့်သည်။

သူတို့အားလုံးမှာ တိုက်ခိုက်ရေးဓားခန်းဆောင်မှ လူများ ဖြစ်ကြသည်။ သူတို့နောက်မှ လူတချို့မှာလည်း သုံးရေကန်စံအိမ်မှ လူများဖြစ်သည်။

ဟန်မူယဲ့က သူတို့အားလုံးကို ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် ရပ်နေသော တပည့်တစ်ဦး၏မျက်နှာတွင် အံ့အားသင့်ဟန်များ ပေါ်လာ၏။

ယန်ရှောက်…

သုံးရေကန်စံအိမ် အကြီးအကဲ၏ နောက်ဆုံးတပည့် ယန်ရှောက်။

ယခင်က ဟန်မူယဲ့သည် ယန်ရှောက်အား သရုပ်ပြခန်းဆောင်၌ ရေပြာလှိုင်းဓားသိုင်းကို သင်ပေးဖူးသည်။ ထိုဓားသိုင်းကြောင်ပင် ရှုဟောင်ရှန့်က သူ့အား တပည့်အဖြစ် လက်ခံခဲ့သည်။

“သုံးရေကန်စံအိမ်က အကြီးအကဲရှုဟောင်ရှန့်ဟာ ရန်သူနဲ့ရင်ဆိုင်ရင်း ရဲဝံ့စွာ ကျဆုံးသွားခဲ့တယ်။ သူ့ဓားကို ဓားစံအိမ်သို့ ပြန်လည်ပို့ဆောင်ပါတယ်”

သတ်လတ်ပိုင်းလူကြီးတစ်ဦးက ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်ကာ ဓားကို လှမ်းလိုက်သည်။

“ခဏ…”

ထိုအခိုက်တွင် လူငယ်တစ်ယောက်က လှမ်းတားသည်။

သူက ရှေ့ကို တက်လာကာ ဟန်မူယဲ့အား ဦးညွှတ်လျက် ပြောသည်။

“စီနီယာအစ်ကို… ဂိုဏ်းရဲ့စည်းမျဉ်းအရ တစ်စုံတစ်ယောက်က တောင်းဆိုလာတဲ့အခါ ဓားကို ဓားစံအိမ်မှာ ယာယီပဲ သိမ်းဆည်းနိုင်တယ်။ ဟုတ်ပါသလား”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“မှန်တယ်”

အကယ်၍ ဂိုဏ်းသားတစ်ဦး ကျဆုံးသွားကာ သူ့ဓားအား ဓားစံအိမ်သို့ ပြန်လည်ပို့ဆောင်ပြီးနောက်တွင် ဓားပိုင်ရှင်နှင့် ဆက်နွယ်သူတစ်ဦးက တောင်းဆိုလာပါက ဓားအား ထိုသူအား ပေးအပ်ပိုင်ခွင့်ရှိသည်။

လော့ရိရှန့်က သူ့သား၏ဓားကို ပြန်ယူသွားသကဲ့သို့ ဖြစ်သည်။

သို့သော်လည်း လူတိုင်းသည် ထိုသို့ တောင်းဆိုပိုင်ခွင့်မရှိပါ။

“စုချန်းယွင်… မင်းမှာ ဆရာရဲ့ဓားကို လက်ခံဖို့ ဘာအရည်အချင်းရှိလဲ”

နောက်မှ လူငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။

“မှန်တယ်… ဆရာရဲ့ဓားကို လက်ခံတယ်ဆိုတာ လေ့ကျင့်တဲ့ ဓားသိုင်းတစ်ခုတည်းနဲ့မဆိုင်ဘူး။ ပတ်သက်မှုနဲ့လည်း ဆိုင်သေးတယ်”

နောက်တစ်ယောက်ကလည်း ကျယ်လောင်စွာ ပြောသည်။

မှန်သည်၊ ဓားလက်ခံရာတွင် စည်းမျဉ်းများ ရှိပေသည်။

ပထမဆုံး ပတ်သက်မှုကို အရင်ကြည့်ကာ အရည်အချင်းက ဒုတိယနေရာမှ ဖြစ်သည်။

သည်ဓားက သူ၏တိုက်ရိုက်တပည့်ကို ပေးအပ်ခဲ့ခြင်းမဟုတ်ဘဲ အပြင်လူတစ်ယောက်ယောက်ကိုများလား။

ဟန်မူယဲ့ ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။

အေးစက်သော အငွေ့အသက်များ လေထုကို ပြန့်နှံ့သွား၏။

ဝိညာဉ်အဆင့်လက်နက်။

သုံးရေကန်စံအိမ်မှ တပည့်များ သည်ဓားကို လုယက်နေကြသည်မှာ မထူးဆန်းတော့ပေ။

“ဒီနေ့ ကျုပ်တို့ ဓားစံအိမ်ဟာ သုံးရေကန်စံအိမ်က အကြီးအကဲရှုဟောင်ရှန့်ရဲ့ဓားကို လက်ခံခဲ့တယ်။ သုံးနှစ်အတွင်း တပည့်တွေဟာ ဂိုဏ်းရဲ့ထောက်ခံစာနဲ့အတူ ဓားကို လာရောက်လက်ခံနိုင်တယ်”

ထို့နောက် သူက ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဓားစံအိမ်ထဲသို့ ဝင်လာခဲ့သည်။

ဟွမ်လောင်လျှိုက သူ့နေရာကို ယူကာ တခြားဓားများကို စတင်လက်ခံသည်။

ဝိညာဉ်အဆင့်ဓားတစ်လက်ဖြစ်ရာ သည်ဓားအား ဒုတိယထပ်သို့ ပို့ဆောင်ရ၏။

ဓားကို သယ်လာရင်း ဟန်မူယဲ့၏လက်ထဲမှ ဓားချီများ ဓားထံသို့ စီးဆင်းသွားသည်။

ပုံရိပ်များ ဟန်မူယဲ့၏အာရုံထဲ၌ ပေါ်လာသည်။

အစိမ်းရောင်တာအိုဆရာတစ်ဦးသည် ဓားတစ်လက်ဖြင့် လေ့ကျင့်နေသည်။

သုံးရေကန်စံအိမ်မှ အကြီးအကဲရှုဟောင်ရှန့်သည် ရေဓာတ်မျိုးဆက်မှ ဖြစ်ကာ ကမ္ဘာမြေအဆင့်၌ ရှိသည်။ သူသည် ရေပြာလှိုင်းဓားသိုင်း၊ လှိုင်းနောက်ရေပါဓားသိုင်း၊ တိမ်နှင်းပင်လယ်ဓားသိုင်းတို့၌ ကျွမ်းကျင်သည်။

ပုံရိပ်များ အဆက်မပြတ် ဖြစ်ပေါ်လာကာ ဟန်မူယဲ့သည် စိတ်ဝင်စားဖွယ် မြင်ကွင်းတချို့အား မြင်သည်။

အစိမ်းရောင်ဝတ်လူငယ်တစ်ဦးသည် မြို့တစ်မြို့အပြင်၌ ရပ်နေ၏။

“နှစ်တစ်ရာလောက် ကြာတာတောင် ငါဟာ ငါ့ခံစားချက်တွေကို မဖြတ်တောက်နိုင်သေးဘူးပဲ”

“ရှုမိသားစု… မင်းတို့တွေ ရှိကြသေးလား”

All Chapters