← Chapters

ရစ်ချီ

Vol. 1 Ch. 10

ရစ်ချီ

Vol. 1 Ch. 10

အခန်း (၁၀)

ရစ်ချီ

ဓားပျံရှောင်လီကို အနိုင်ယူပြီးနောက် Luck တစ်ယောက် တိုက်ပွဲကွင်းပြင်က ထွက်ခွာခဲ့သည်။

“ အိုး ငါ နေ့လည်ပိုင်းကို ဘကြီးတိုးဆီ သွားရမှာပဲ ” Luck ရေရွတ်လိုက်သည်။

ဘကြီးတိုးမှာ သူ့အမေ၏ မောင်ဝမ်းကွဲတစ်ယောက် ဖြစ်လေသည်။ ခန္ဓာကိုယ်ကျင့်ကြံသူမဟုတ်သဖြင့် ဘကြီးတိုး၏ ပြတ်နေသောခြေထောက်နှစ်ဖက်ကို ဆေးခန်းပြသရ၏။

လွန်ခဲ့သော ရှစ်နှစ်ခန့်ကပင် ဘကြီးတိုး နေထိုင်သော မြန်မာဒေသတွင် အမှောင်ပင့်ကူများ မြို့ထဲဝင်လာပြီး တိုက်ခိုက်စားသောက်သောကြောင့် ဘကြီးတိုး

အသက်ဘေးမှ လွတ်ကင်းခဲ့ သော်လည်းပင့်ကူအဆိပ်များကြောင့် ခြေထောက်နှစ်ဖက် ဖြတ်လိုက်ရ လေသည်။ ခေတ်မီဆေးဝါးများကလည်း ပြန်ကောင်းရန် မလုပ်ဆောင်နိုင်တော့ပေ။

Luck တစ်ယောက် ဘကြီးတိုးနေထိုင်ရာ မြန်မာသို့ ယာဉ်ပျံကြီးစီးရန် ထွက်ခဲ့လေသည်။

“ တီး ”

သူလက်မှတ်ကို ဖြတ်ပြီးနောက် လူခြောက်ဆယ်ဦးဆန့်သော ယာဉ်ပျံ Bus ကားကို တက်စီးလိုက်လေသည်။ ယာဉ်ပျံက ဖြေးဖြေးမှန်မှန်သာ မောင်းနှင်လေသည်။

မြန်မာပြည်ပိုင်နက်အတွင်းသို့ ဝင်ရောက်လာသောအခါ ယာဉ်ပျံပေါ်မှ စိမ်းစိုသောစပါးခင်းများနှင့် တောင်တန်းလှေကားထစ် လက်ဖက်စိုက်ခင်းများကို သူ မြင်တွေ့လိုက်ရသည်။ နာရီဝက်ခန့်ကြာပြီးနောက် သူ တောင်ကြီးဒေသလေဆိပ်သို့ ခြေချခဲ့လေပြီ။ လမ်းပိတ်ဆို့မှုကြောင့် ဆယ်မိနစ်ခန့် အကြာမှသာ Luck ဘကြီးတိုး အိမ်ကို ရောက်ရှိခဲ့လေသည်။

“ ဘကြီးတိုးရေ ဘကြီးတိုး ”

သူ အိမ်ထဲ ဝင်လာခဲ့သည်။ ဘယ်သူမှ မရှိဘဲ အိမ်တံခါးကို ဖွင့်ထားလေသည်။

“ ဟ ဘယ်သူမှလည်း မရှိပါလား ”

“ အို ထမင်းစားပွဲပေါ်မှာ စားစရာတွေ မျိုးစုံပါလား ”

“ ဟား အတော်ပဲ ”

Luck လည်း ဗိုက်ဆာဆာနှင့် တစ်ယောက်ထဲ ဝင်စားလိုက်သည်။

စားသောက်ပြီးနောက် ဘယ်သူမှ မတွေ့သဖြင့် ဘကြီးတိုးရဲ့ အိပ်ယာထဲတွင် ဝင်ရောက်လှဲနေလိုက်သည်။

“ လာကြပါအုံးရှင် လာကြပါအုံး ဒီမှာ အိမ်ထဲ သူခိုးဝင်နေလို့ ”

Luck တစ်ယောက် လန့်နိုးလာပြီး ဖြတ်ခနဲ ကြည့်လိုက်သည်။

ခုတင်ဘေးတွင် အသက် ၁၈နှစ်အရွယ် မိန်းကလေးတစ်ယောက် ခါးထောက်ပြီး ရန်လိုတဲ့အကြည့်နဲ့ ကြည့်နေသည်။ ရုပ်ရည်လေးက ဖြူဖြူသွယ်သွယ် မျက်နှာဝိုင်းဝိုင်း ၊မျက်လုံးလေးတွေက အရောင်တောက်နေ သည်။ ခန္ဓာကိုယ်ကလည်း ပိန်ပိန်သွယ်သွယ်လေး ဖြစ်သည်။

“ တိုးတိုးလုပ်ပါဟ ”

“ မတိုးနိုင်ပါဘူး ရှင်ဘယ်သူလဲ ပြောစမ်း ”

“ အလစ်သုတ်ဖို့ လာတာမလား ”

“ မဟုတ်ပါဘူးဆို ငါက ဘကြီးတိုးရဲ့တူ ”

“ အိုး ဒါဆို ရှင်က Luck ဆိုတဲ့တစ်ယောက်ပေါ့ ”

မိန်းကလေးက အော်ပြောလိုက်သည်။ Luck တစ်ယောက် အမြန်ခေါင်းညိမ့်ပြလိုက်သည်။

“ ဒီကောင်မလေး ငါ့အကြောင်းတော့ သိနေပုံရတယ် ”

“ အေး ဟေ့ အဲဒါ ငါ့တူပဲ ” ဘီးတပ်စက်ဖြင့်

ဘကြီးတိုး အဝေးမှရောက်လာသည်။

“ ဘကြီးတိုး ဘယ်သူမှမရှိတာနဲ့ ကျနော်လည်း နေ့လည်စာ ဝင်စားလိုက်တယ် ” “ ဟဲ ဟဲ ”

“ ငါသိပါတယ် မင်းအကြောင်း ရောက်တဲ့နေရာမှာ ဂုံးဆင်းလိုက် ဒိုင်ဗင်ထိုးလိုက် ဖြစ်နေတာ ” “ဟား ဟား”

“ မင်းလာတာနဲ့ အတော်ပဲ မိတ်ဆက်ပေးရအုံးမယ် ”

“ ဒါက အခု ငါ့ကို ပြုစုနေတဲ့ ရစ်ချီတဲ့ ”

“ သူက သူနာပြုအကူပေါ့ ”

“ ဟိုင်း တွေ့ရတာ ဝမ်းသာပါတယ် ကျနော်ကတော့ Luck ပါ ” သူ ခပ်သွက်သွက် နှုတ်ဆက်လိုက်လေသည်။

“ အင်း ကျမက Richchee (ရစ်ချီ)ပါ အဘိုးကို ပြုစုပေးနေတာ တစ်နှစ်ရှိပါပြီ ”

“ ရှင်က ကျမထက် ငယ်တော့ မောင်လေးပေါ့ ဟင်း ဟင်း ”

Luck က ထုံးစံအတိုင်း အပြုံးချိုလေးဖြင့်

“ ကြိုက်သလိုသာ ခေါ်ပါ မမ ဟား ဟား  ”

“ ကဲ လာ ငါ့တူ လာထိုင်အုံး စကားပြောရအောင် ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ ”

ဘကြီးတိုးသည် အော်ဂဲနစ်သီးနှံများကို စိုက်ပျိုးသူဖြစ်ပြီး ယာခင်းဧက တစ်ရာကျော် ရှိလေသည်။ ခေတ်မီနည်း ပညာများဖြင့် စိုက်ပျိုးသောကြောင့် အထွက်နှုန်းကောင်းလေသည်။

နှုတ်ဆက်စကားပြောပြီးနောက် ရစ်ချီက သန့်ရှင်းရေးလုပ်ရန် ဟုဆိုကာ အိမ်အနောက်ဖက်ကို ထွက်သွားလေ သည်။

Luckက လိုက်ကြည့်နေမိတာကြောင့် ဘကြီးတိုးက ချောင်းဟန့်လိုက်သည်။ “ အဟမ်း အဟမ်း ”

“ ဘယ်လိုလဲ ကောင်မလေး လှရဲ့လား ဟ ဟ ”

“ မင်းကြိုက်ရင် နောက်တစ်နှစ်ကြာရင် စေ့စပ်လိုက် ”

“ ဘယ်လိုမှ မလဲဘူး ဘကြီး ကျနော်က ကလေးပဲရှိ.       သေးတာ ”

Luck ရဲ့ မျက်နှာ အနီရောင်သန်း သွားသည်။

ဘကြီးတိုးက သက်ပြင်းရှည်ကြီးချရင်း

“ ကောင်မလေးက သနားစရာပါကွာ မိဘတွေ မရှိတော့ဘူး ”

“ မင်းနဲ့ ဘဝတူတွေပါကွာ ”

“ ကျနော်က မိန်းကလေးတွေ စိတ်မဝင်စားဘူး ”

“ ဟင်း စောက်ကလေးကတော့ မင်းအကြောင်းမသိတာမှတ်လို့ ”

“ အဲဒါနဲ့ မင်းထိုင်းနယ်စပ်မှာ အဆင်ပြေရဲ့လား ”

“ ပြေပါတယ် ”

“ ဘကြီးရေ  ... ဘကြီးရေ နက်ပြာကြီး ဝင်လာပြန်ပြီ     ဒုက္ခပဲ တစ်ခုခုလုပ်ပါအုံး ”

ရုတ်တရက် လူငါးဦးခန့် ခြံဝင်းထဲကို ဝင်ရောက်လာပြီး အော်ပြောလိုက်သည်။

“ ဟေ ငါ့လေဆာသေနတ် သွားယူစမ်း ဟို ဗီဒိုပေါ်မှာ ”

Luck လည်း ရုတ်တရက် ကြောင်အမ်းနေရာမှ “ ဘကြီး ဘာဖြစ်တာလဲ ကျနော် ဘာလုပ်ပေးရမလဲ ”

“ လာဟေ့ ငါတို့နဲ့ လိုက်ခဲ့ ”

ဆယ်မိနစ်ခန့် သွားပြီးနောက် တောင်စောင်းတစ်ခုရှိ ယာခင်းထဲတွင် မာန်ဖီ၍ အမောက်ထောင်နေသော တောကြီးမြွေဟောက်တစ်ကောင်ကို တွေ့လိုက်ရလေသည်။ အရှည်မှာ ပေနှစ်ဆယ်ကျော်ခန့်ရှိပြီး အနက် ရောင်နှင့် အပြာရောင်စပ်ကြားဖြစ်လေသည်။ အမောက်နေရာတွင် မီးစွမ်းအားတွေ ဖြာထွက်နေသည်။

“ အားလုံးပဲ အနားမသွားကြနဲ့ ” “ ဒီကောင်ကြီးက သူ့ဥတွေကို အဲ့ဒီတောင်စောင်းမှာ ဥ လေ့ရှိတယ်

ဥတွေကို တောကြွက်တွေက လာလာဆွဲတော့ သူ ဒေါသဖြစ်နေတာပဲ ”

“ သူက လူတွေကို တစ်ခါမှ ဒုက္ခမပေးဘူး တောရိုင်းတိရိစ္ဆာန်တွေဝင်လာရင်လည်း ကိုက်သတ်ပစ်တယ်”

“ ငါတို့က အော်ဟစ်ပြီး သေနတ်ဖောက်လိုက်ရင် တောထဲပြန်ဝင်သွားတယ် ”

“ ဒိန်း ဒိန်း ဒိန်း ”

ဘကြီးက သေနတ်ကို သုံးချက်ဆင့် မိုးပေါ်ထောင်ပစ်လိုက်သည်။ နှစ်မိနစ်ခန့်လောက်ကြာပြီးနော် Luck တို့ဘက်ကို ကြည့်ကာ နှာမှုတ်ပြီး ရိုးမတောထဲ ပြန်ဝင်သွားလေသည်။

Luck လည်း သားရဲတစ်ကောင်က လူတွေကို စောင့်ရှောက်သည်ဟု ကြားရသောကြောင့် အံ့သြနေလေ သည်။ Luck သက်ပြင်းတစ်ချက်ချလိုက်သည်။ “ ဟူး ”

လာမည့်တစ်လအတွင်း သူရဲကောင်းစစ်ဆေးပွဲများ စတင်တော့မည်ဖြစ်သည်။ သူအားအနည်းဆုံးမှာ အထွေထွေသုတနှင့် နည်းပညာဖြစ်သည်။

“ ဟား…. ငါကြိုးစားရမယ် လေ့လာမယ်ကွာ လေ့ကျင့်မယ် အချိန်တစ်လ ရပါသေးတယ် ”

Luck အော်ဟစ်မြည်တမ်းလိုက်လေသည်။

ဆက်ရန်

All Chapters