-
Vol. 4 Ch. 14
အခုတော့ မက်ဒါနာတို့အကုန်လုံး ဂျေးအောင်းနေရပြီ။
Cybercrowက အခုအတူတူအပိတ်လှောင်ခံထားရတဲ့ ကြေးစားစစ်တပ်အုပ်စုကို အထင်သေးစွာနဲ့ကြည့်လိုက်ပြီး လက်နဲ့ညွန်ပြလိုက်တယ်။
"ဘယ်သူတွေက အတင့်ရဲပြီး ငါ့ဆာဗာထဲကို ခိုးဝင်ရဲတာလဲ ကြည့်ရအောင်။"
ပုံမှန်ခိုးဝင်တဲ့လူတွေဆိုရင်တော့ Cybercrowက အမေးအမြန်းမရှိ သတ်ပစ်မှာပါ။ ဒါပေမဲ့ ဒီသုံးယောက်က သူ့ကိုအတော်လေး ခေါင်းစားစေခဲ့တယ်မဟုတ်လား။ ဒါကြောင့် အခုနှစ်အနည်းငယ်အတွင်း သူ့အတွက် ထိုက်တန်တဲ့ပြိုင်ဖက်တွေလို့ ပြောနိုင်ပါတယ်။
သူကိုယ်တိုင် ဒီလိုခက်ခက်ခဲခဲရင်ဆိုင်ရလိမ့်မယ်လို့ တွေးမထားမိခဲ့ပေမဲ့ပေါ့။
Cybercrowက မက်ဒါနာတို့ရဲ့အယောင်ဆောင်ကုတ်တွေကို ဖယ်ရှားပြီးတဲ့နောက်တော့ သူတို့ရဲ့တကယ့် VR အဗာတာတွေပေါ်လာတယ်။ မက်ဒါနာက နောက်လဲ VR world တွေထဲမှာ သုံးလို့ရအောင်ဆိုပြီး သူတို့ကိုယ်ပိုင်အဗာတာတွေ လုပ်ထားသေးတယ်လေ။
ဖရာလီတာကတော့ ဖရာလီတာပါပဲ။ အပြင်ကပုံစံနဲ့ အတူတူပဲရွေးထားပြီး ဂေါ့သစ်ဂါဝန်အနက်ကလေးနဲ့ဖြစ်နေတာကလွဲလို့ ဘာမှပြောစရာမရှိဘူး။
အေမီကတော့ တကယ့်ကို အမိုက်စားလေးဖြစ်နေတယ်။ အီဂျစ်ပုံပြင်တွေထဲက ဆိုးယုတ်ပြီးထန်တဲ့ မိစ္ဆာဖြစ်တဲ့ Succubus မလေးလိုမျိုးဝတ်ထားပြီးတော့ သူ့အင်္ကျီဝတ်စုံက တအားဖော်ချွတ်ထားလွန်းအားကြီးနေတယ်။
လောင်းကစားရုံထဲက လူတွေလည်း အလိုလိုနေရင်း လေချွန်မိလိုက်ကြတယ်။ ဒီလိုအဗာတာအမိုက်စားလေးကို ဘယ်သူမဆို ကြွေမိကြမှာပဲလေ။
ဒါပေမဲ့ သူ့သခင်မလေးအလှည့်ရောက်တော့....
"မက်ဒါနာ... နင့်အဗာတာကြီးက ဘယ်လိုတောင်လား။" ဖရာလီတာတစ်ယောက် မက်ဒါနာရဲ့ပုံစံကိုလည်းတွေ့ရော ထအော်မိတော့တာပဲ။
မက်ဒါနာရဲ့နားရွက်က ခပ်ချွန်ချွန်ဖြစ်နေပြီး အနောက်တိုင်းပုံပြင်တွေထဲက နတ်သူငယ်မလေးတွေနဲ့တူတယ်။ ဒါပေမဲ့ နားကွင်းတွေတပ်ထားပြီး နေကာမျက်မှန်နဲ့ဖြစ်ကာ အပြင်ကထက်ပိုကြီးပြီး လုံးထွက်နေတဲ့ ရင်ဘတ်က အားလုံးထဲမှာအထင်ရှားဆုံးပဲ။
ဆွဲဆောင်မှုရှိတဲ့ ရေကူးဘစ်ကနီလေးကိုဝတ်ထားပြီး အပေါ်ကနေ ရေစိုနေတဲ့ အင်္ကျီလက်ရှည်ခပ်ပါးပါးကို အဖြစ်ဝတ်ထားတယ်။ ပြီးတော့ လက်နှစ်ဖက်ပိုက်ပြီး Oppaiတွေကို ပိုမြင့်လာအောင်လုပ်ကာ ဂုဏ်စာနေသေးတယ်။
တစ်ချက်တစ်ချက် သူ့မျက်လုံးက ရင်ပြားမ စစ်ပွဲနှင်းဆီကို ရန်စသလိုကြည့်လိုက်သေး။
"ဒီတော့ ခိုးဝင်လာတာက ဂေါ့သစ်လိုလီ၊ ထန်နေတဲ့ Succubusတစ်ယောက်နဲ့ Oppaiတွေကို ဂုဏ်စာနေတဲ့ နတ်သူငယ်တစ်ယောက်ပေါ့။"
တကယ်တော့ Cybercrowက သူတို့ရဲ့တကယ့်သရုပ်မှန်ကို ဖော်ထုတ်ဖို့လုပ်ပေမဲ့ အဗာတာတွေပဲ ပေါ်လာတာဖြစ်ပါတယ်။ မက်ဒါနာရဲ့ကာကွယ်ရေးနည်းပညာတွေ တကယ်အလုပ်ဖြစ်တယ်ဆိုရမလား။ Cybercrowက အများရှေ့မှာ မျက်နှာမပျက်ရအောင် အသာရသလိုလုပ်နေရုံသက်သက်ပါ။
လောင်းကစားရုံမှာတော့ လောင်းကစားဒိုင်က Cybercrowဘက်က ထိုးသားတွေကို ပိုက်ဆံတွေပြန်ပေးနေပြီ။ ဒီနေ့က ပွဲကြီးပွဲကောင်းတော်တော်များထားတာမလို့ ဗီလိန်တွေအတွက် ပျော်စရာနေ့ပါပဲ။
"သေလိုက်တော့..." Cybercrowက လက်ကိုသေနတ်ပုံစံထားပြီး မက်ဒါနာတို့သုံးယောက်ကို ပစ်သတ်လိုက်ပေမဲ့ ဘာမှမဖြစ်ဘဲ Oppaiကို ဂုဏ်စာနေတဲ့ နတ်သူငယ်က သူ့ကိုကောက်ကျစ်မယ့်အပြုံးနဲ့ စိုက်ကြည့်နေသေးတာကိုသာ Cybercrowမြင်လိုက်ရတယ်။
"ဟမ်... ဘာလို့အလုပ်မလုပ်တာလဲ..." Cybercrow ကိုယ်တိုင်လည်း ကြောင်သွားတယ်။
မက်ဒါနာကတော့ အားရပါးရရယ်ရင်း ပြောလိုက်တယ်။ "နင့်မြူတန့်စွမ်းအားကို ငါမသိဘဲ ဆာဗာထဲ ဝင်လာမယ်ထင်လို့လား။ ငါလည်း ပြင်ဆင်မှုတွေ အများကြီးလုပ်ထားရတာပေါ့။"
Cybercrowက သူ့စွမ်းအားတွေ အလုပ်မဖြစ်ဘူးဆိုတာကို မယုံနိုင်တဲ့အတွက် Botတစ်ကောင်ကို စမ်းသပ်ကြည့်တော့ တကယ်အလုပ်ဖြစ်တယ်။ ဒါပေမဲ့ မက်ဒါနာတို့သုံးယောက်အပေါ်တော့ ဘာမှမသက်ရောက်မှန်း သိလိုက်ရတယ်။
"မင်း... မင်းလည်း နည်းပညာမြူတန့်ပဲလား။"
"ခန့်မှန်းကြည့်လေ..." မက်ဒါနာရဲ့အပြုံးကလည်း ပြန်ပီပြင်လာတယ်။
လောင်းကစားရုံကလည်း လောင်းကြေးထုတ်ပေးနေတာကို ရပ်လိုက်တယ်။ ကြည့်ရတာ ပွဲက အနိုင်အရှုံး မဆုံးဖြတ်ရသေးတဲ့ပုံပဲ။
"ငါမင်းတို့ကို သတ်မရလဲ မင်းတို့ကို ငါးရက်လောက် လိုင်းပေါ်က ဆင်းမရအောင် လုပ်လိုက်ရုံပဲပေါ့။ မင်းတို့အပြင်က ခန္ဓာကိုယ်တွေ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲကြည့်ရအောင်။"
အခုလောလောဆယ် မက်ဒါနာတို့က Cybercrowရဲ့ဆာဗာအချုပ်ထဲမှာပါ။ Cybercrowက တခြားသူတွေ လိုင်းဆင်းလို့ရအောင် ဂိတ်တွေဖွင့်ပေးပြီး မက်ဒါနာတို့ကို Log out လုပ်လို့မရအောင် ရက်ဆက်တားမယ်ဆိုရင် သူတို့ရဲ့အပြင်မှာရှိနေပြီး မလှုပ်ရှားနိုင် အစာမစားနိုင်တဲ့ အဗာတာတွေက လူမသိလူမသိ သေသွားရတော့မှာပါ။
ဒါပေမဲ့ မက်ဒါနာကတော့ မကြောက်သေးဘဲ သွားပေါ်တဲ့အထိ ရယ်လိုက်ပြီး ပြောလိုက်ပါတယ်။
"ဒါဆို နင်အပါအဝင် တခြားသူတွေအားလုံးကို Log out ဖြစ်အောင်လုပ်ပြီး ဒီဆာဗာမှာ တခြားထိန်းချုပ်သူမရှိအောင် လုပ်လိုက်မယ်ဆိုရင်ရော..."
မက်ဒါနာက လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ဗီလိန်ကွန်ယက်တစ်ခုလုံး လေးကျသွားပြီး နေရာတိုင်းမှာ glitch တွေထလာတယ်။ ဆာဗာရဲ့ဒေတာကုတ်တွေနဲ့ ပျက်ယွင်းနေတဲ့ ပုံရိပ်တွေကြောင့် အဗာတာတွေလည်း ကောင်းကောင်းလှုပ်ရှားလို့မရတော့ဘူး။ မက်ဒါနာတို့တော့ ခြွင်းချက်ပေါ့။
မက်ဒါနာက Cybercrow သူတို့ကို စပြီးသတိထားမိသွားကတည်းက ဗီလိန်ကွန်ယက်ရဲ့တည်ဆောက်ပုံကို ကြိုလေ့လာနေခဲ့တာပါ။
အခုအချိန်မှာတော့ အလုံးစုံနားလည်သွားပြီဖြစ်ပြီး သူကိုယ်တိုင်တောင် တခြားကွန်ယက်တစ်ခုကို ချက်ချင်း ပြန်တည်ဆောက်နိုင်နေပါပြီ။ ဒါကြောင့် ဗီလိန်ကွန်ယက်ထိန်းချုပ်မှုကို Cybercrow လက်ထဲက အပြည့်အဝရယူဖို့ ဖြစ်နိုင်သွားပါပြီ။
"မင်း... ဘယ်လိုလုပ်ပြီးတော့...." Cybercrow သူ့မျက်စိရှေ့ကအရာကို လုံးဝမယုံနိုင်ခဲ့ဘူး။ ဒီလိုမျိုး စွမ်းအားကြီးလွန်းတဲ့ ဟက်ကာတစ်ယောက်ကို သူခုမှမြင်ဖူးတာပါ။ ဗီလိန်ကွန်ယက်က သိပ်ကိုမြင့်မားတဲ့ နည်းပညာတွေနဲ့တည်ဆောက်ထားတာဖြစ်ပေမဲ့ သူ့ရှေ့က နတ်သူငယ်ကောင်မလေးအတွက်တော့ ကလေးကစားစရာလို ဖြစ်နေခဲ့တယ်လေ။
"အားလုံးပဲ... ဆာဗာပိတ်ချိန်ရောက်ပါပြီ... အိမ်ကိုကောင်းကောင်းပြန်ပြီး နားကျပါ။"
မက်ဒါနာက ဗီလိန်အားလုံးကို ခပ်တည်တည်နဲ့ရန်စလိုက်ပြီး လက်ဖျောက်နောက်တစ်ချက် တီးလိုက်ပြန်တယ်။ ဒီတစ်ခါတော့ ဆာဗာတစ်ခုလုံးက ချက်ချင်းအဖြူအမည်းမျဥ်းတွေအဖြစ်ပြောင်းသွားပြီး အဗာတာတွေအကုန်လုံး ပျောက်ကုန်တယ်။ မက်ဒါနာတို့ သုံးယောက်က လွဲလို့ပေါ့။ အခုတော့ ဒီတစ်နေရာလုံးမှာ ဒေတာတွေပဲ ကျန်ခဲ့တယ်။
"ကဲ... ဒီတော့၊ ဟိုCybercrowဆိုတဲ့ကောင် ဆာဗာကို အပြင်ကနေ ဖိအားပေးပြီးမပိတ်ခင် တတ်နိုင်သလောက် ဒေတာတွေကူးရအောင်။"
မက်ဒါနာက အေမီရဲ့ခန္ဓာကိုယ်ကိုကိုင်လိုက်ပြီး ဗီလိန်ကွန်ယက်ထဲက အသုံးဝင်မယ့်ဒေတာမှန်သမျှကို ထပ်ကူးယူပြန်တယ်။ မြူတန့်သိပ္ပံရဲ့အချက်အလက်တွေကို သူတို့ရပြီးသားဆိုပေမဲ့ တခြားဗီလိန်အဖွဲ့တွေအကြောင်းတော့ သူတို့မှာမရှိပါဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ မက်ဒါနာက တခြားအဖွဲ့တွေအကြောင်းပါ အူချေးခါးမကျန်သိနိုင်မယ့် ဒေတာမှတ်တမ်းတစ်ခုကို ပိုင်ဆိုင်လာခဲ့ပါပြီ။
ဗီလိန်ကွန်ယက်ရဲ့ဒေတာတွေက ရဲမှတ်တမ်းတွေနဲ့ဟီးရိုးအစည်းအရုံးရဲ့ဒေတာတွေထက် ပိုပြီးတိကျကာ ဗီလိန်တွေကလွဲပြီး တခြားအဖွဲ့တွေမသိတဲ့ လျှို့ဝှက်ချက်တွေအများကြီးလည်း ပါဝင်ပါတယ်။
သူတို့ကူးယူနေရင်း မိနစ်အနည်းငယ်ကြာတော့ ဆာဗာရဲ့အဖြူအမည်းပုံရိပ်တွေကလည်း တစ်ဖန်ဝေဝါးသွားပြီး သူတို့ကိုယ်တိုင်လည်း ဆာဗာထဲကနေ နှင်ထုတ်ခံလိုက်ရတယ်။
...
မြေအောက်ကွန်ပျူတာထဲမှာတော့ အသက်ဆယ့်ခြောက်နှစ်အရွယ် နည်းပညာမြူတန့်မလေးက လက်ထဲမှာ ဓားတစ်လက်ကိုင်ထားပြီး ဆာဗာရဲ့Hard Disk တွေဆက်ထားတဲ့ဘုတ်က ကြိုးတွေအကုန်လုံးကို ဖြတ်ပစ်လိုက်တယ်။
"ဒီလောက်ဆို ရလောက်ပါပြီ။" ကောင်မလေးက နဖူးက ချွေးတွေကို လက်ခုံနဲ့သုတ်ရင်း ဒေါသတကြီးနဲ့ ကွန်ပျူတာကီးဘုတ်ကို တဒုန်းဒုန်းထုလိုက်တယ်။
မက်ဒါနာက အကွက်စေ့အောင်လုပ်ထားလို့ သူ့ကွန်ပျူတာတွေကို ပုံမှန်နည်းလမ်းနဲ့တောင် ပိတ်မရခဲ့ပါဘူး။ ဒါကြောင့် ဆက်ကြိုးတွေအကုန်လုံးကို အကြမ်းနည်းသုံးပြီး ဖြတ်ပစ်လိုက်ရတာပါ။
"တွေ့ကြသေးတာပေါ့၊ ရင်သားကြီးကြီးနဲ့နတ်သူငယ် ဟက်ကာမ။ အခုကစပြီး နည်းပညာနယ်ပယ်မှာ နင်က ငါရဲ့ကမ္ဘာမကျေရန်သူပဲ။"
....
မက်ဒါနာက VR headsetကိုချွတ်ပြီး ပြုံးလိုက်ပါတယ်။ အခုသူတို့က ဗီလိန်ကွန်ဂရပ်ကျင်းပမယ့်နေရာနဲ့အချိန်ကို သိလိုက်ပါပြီ။ နာရီကိုကြည့်လိုက်တော့ နောက်နာရီနှစ်ဆယ်ဆိုရင် ကွန်ဂရပ်စတော့မှာပါ။
ပြီးတော့ ဗီလိန်လောကရဲ့အဖိုးတန်ဒေတာတွေကို သူရလိုက်ပါသေးတယ်။
"ငါအကုန်ရလိုက်တာမဟုတ်ပေမဲ့ ဗီလိန်ကွန်ယက်ရဲ့ဒေတာ ၈၀% ကတော့ ငါ့လက်ထဲမှာပဲ။"
ဖရာလီတာကလည်း ခေါင်းညိတ်ပြီးပြောလိုက်တယ်။ "အင်း... ပိုပြီးအဖိုးတန်တာက VR Worldရဲ့တည်ဆောက်ပုံကို ရလိုက်တာပဲ။ နောက်ဆိုရင် ငါတို့တွေ ကိုယ်ပိုင်ပလက်ဖောင်းတစ်ခုထောင်လို့ရနိုင်တယ်။"
ဒါပေမဲ့ မက်ဒါနာကတော့ လောလောဆယ် အဲဒီလိုထောင်ဖို့ အချိန်မဖြုန်းချင်သေးဘူး။ သူ့မှာတခြားလုပ်စရာတွေ ရှိနေသေးတာကိုး။ ဆိုရှယ်မီဒီယာတစ်ခုထောင်ပြီး ကြီးကြပ်တယ်ဆိုတာက တော်တော်အချိန်ပေးရတဲ့ကိစ္စ။
မက်ဒါနာက သူ့ဖုန်းကိုကြည့်လိုက်တော့ ဒရုန်းဇုန် သူ့ကိုဖုန်းခေါ်ထားတာတွေ့ရတယ်။ တစ်ခါတည်းမဟုတ်ဘဲ အကြိမ်ကြိမ်ခေါ်ထားတာမလို့ အတော်အရေးကြီးပုံပါပဲ။ သူတို့က VR ကမ္ဘာထဲရှိနေတာမလို့ ဖုန်းမကိုင်နိုင်ခဲ့တာပါ။
ဖရာလီတာကလည်း ဖုန်းပွတ်နေပြီး မက်ဒါနာကို သတင်းတစ်ခုပြလိုက်တယ်။ "မက်ဒါနာ၊ ဒီမှာကြည့် အမေရိကန်နဲ့တိုကျိုအစည်းအရုံးက ပြဿနာအကြီးကြီးတက်နေပြီပဲ။"
သတင်းကတော့ အာကိုင်းဂါမီကနေဖြစ်သွားတဲ့ ဖီးနစ်ကြီးကို အမေရိကန်လေတပ်က ပစ်ချဖို့လုပ်နေပြီးတိုကျိုဟီးရိုးအစည်းအရုံးက အပြင်းအထန်ကန့်ကွက်ထားတာဖြစ်ပါတယ်။ အစည်းအရုံးခေါင်းဆောင် ဥစာကီကိုယ်တိုင်မိန့်ခွန်းပြောနေတဲ့ ဗီဒီယိုဟာ လိုင်းပေါ်မှာပြန့်နေပါတယ်။
"ဂျပန်မြေက ကျွန်မတို့ပိုင်တဲ့နယ်မြေပါ၊ ဒီနယ်မြေပေါ်က မြူတန့်နဲ့သားရဲတွေရဲ့အရေးကို ကျွန်မတို့ကိုယ်တိုင်ဆုံးဖြတ်ဖို့ အခွင့်အရေးရှိပါတယ်။ ဂျပန်မြေမှာ အမေရိကန်လေတပ်အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားခွင့်မရှိပါဘူး။ ဟီးရိုးအစည်းအရုံးခေါင်းဆောင်အနေနဲ့ ကျွန်မဒီဗုံးကျဲမယ့်ကိစ္စကို အပြင်းအထန်ကန့်ကွက်ပါတယ်။ စကားနဲ့ပဲကန့်ကွက်မှာမဟုတ်ဘဲ ကိုယ်တိုင်လည်းတားမြစ်ပါမယ်။
စွမ်းအားကြီးမြူတန့်သားရဲတစ်ကောင်နဲ့ မြို့နဲ့နီးတဲ့နေရာမှာတိုက်ပွဲဖြစ်မယ်ဆိုရင် ပြည်သူတွေအတွက် အထူးအန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် နာဂါနိုမြို့က လူတွေကို ဘေးအန္တရာယ်သတိပေးချက်အဆင့်တစ်ထုတ်ပြန်ပြီး ရွေ့ပြောင်းပေးဖို့ သက်ဆိုင်ရာကို ကျွန်မတောင်းဆိုပါတယ်။"
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ဝန်ကြီးချုပ်ရုံးကတော့ ဘာမှအသံထွက်မလာပါဘူး။ မီဒီယာတချို့ဆိုရင် ဂျပန်အစိုးရက ရုပ်သေးဖြစ်နေပြီလားလို့တောင် မေးခွန်းထုတ်နေကြပါပြီ။
အခြားတစ်ဖက်မှာတော့ ဥစာကီက နာဂါနိုမြို့ကို ဟီးရိုးအင်အားတစ်ရာကျော်နဲ့ ရောက်ရှိနေပြီဖြစ်ပြီး ပြည်သူတွေကို ရွေ့ပြောင်းပေးရာမှာကူညီဖို့ ပြင်ဆင်နေပါတယ်။
ဒါပေမဲ့ ဟီးရိုးတစ်ရာကျော်နဲ့S rankတစ်ယောက်က အမေရိကန် ယိုကိုတာလေတပ်အတွက်တော့ ဟာသတစ်ခုလိုဖြစ်နေပါတယ်။ မကြာခင်မှာပဲ မြူတန့်ဌာနစိတ်ကလူတွေလည်း နာဂါနိုကိုရောက်လာပြီး နှစ်ဖက်တပ်ဖွဲ့တွေက စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်သလို ဆိုင်ထားကြတယ်။
နိုင်ငံတကာရေးရာကျွမ်းကျင်သူတွေကတော့ ဂျပန်မှာလည်း ရုရှားလိုပဲ မြူတန့်လူသားစစ်ပွဲ ဖြစ်လာတော့မယ်လို့ ခန့်မှန်းနေကြပါပြီ။
ဒါပေမဲ့ ဂျပန်ရဲ့ဟီးရိုးအရေအတွက်က ရုရှားထက်အများကြီးနည်းတဲ့အတွက် တိုက်ပွဲက သိပ်မကြာဘဲ အမေရိကန်ဘက်က နိုင်သွားလိမ့်မယ်လို့ ထင်ကြေးပေးသူက ပိုများပါတယ်။
မက်ဒါနာတို့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ သူတို့တွေက မြေထဲပင်လယ်ကို အရေးပေါ်သွားရမှာပါ။ ဒါပေမဲ့ ဂျပန်မှာကလည်း အဓိကတိုက်ပွဲကြိးတစ်ခု ဖြစ်တော့မယ့်ပုံပဲ။
"ဥစာကီက ငါတို့မိတ်ဆွေပဲ၊ သူ့ကို မကူညီလို့မဖြစ်ဘူး။" ဖလိမ်းဂါးဒီယမ်းနဲ့ဥစာကီက အဆင့်တူဖြစ်ပြီး ဥစာကီနောက်မှာ ကြီးမားတဲ့မိသားစုနောက်ခံရှိပေမဲ့ ဖလိမ်းဂါးဒီးယမ်းနောက်မှာက အမေရိကန်နောက်ခံရှိပါတယ်။ နဂါးက ရေမြွေကို အိမ်ကွင်းမှာမနိုင်ဘူးဆိုပေမဲ့ ခြေချော်လက်ချော်ဆိုတာရှိပါတယ်။
ပြီးတော့ နာဂါနိုတောင်တန်းတွေထဲမှာ ကိုင်းတိုကို လိုက်ရှာနေတဲ့ ကောင်မလေးနှစ်ယောက်ရဲ့လုံခြုံရေးကိုလည်း ဥစာကီစိတ်ပူနေရသေးတယ်။
"ငါတို့ သူ့ကိုကူသင့်လား... မြေထဲပင်လယ်ကိုသွားသင့်လား။" မက်ဒါနာက ဒွိဟဖြစ်နေပေမဲ့ ဖရာလီတာကတော့ ပြတ်သားပါတယ်။
"သေချာပေါက် မြေထဲပင်လယ်ပေါ့။ ငါတို့ရလာတဲ့ အချက်အလက်တွေအတိုင်းသာဆိုရင် သူက မြူတန့်တွေပဲသီးသန့်အုပ်ချုပ်မယ့်နိုင်ငံကို တည်ထောင်ချင်နေတာ။ သူ့ကိုမတားနိုင်ရင် တစ်ကမ္ဘာလုံးမှာ လူသားမြူတန့်စစ်ပွဲတွေ ဖြစ်လာလိမ့်မယ်။"
ဗီလိန်တွေဦးဆောင်တဲ့ မြူတန့်နိုင်ငံပေါ်လာမယ့်အရေးနဲ့ယှဥ်လိုက်ရင် ဥစာကီရဲ့တိုက်ပွဲက သေးသိမ်သွားသလိုပဲ။ ဒါပေမဲ့ မက်ဒါနာက ဥစာကီကို မျက်နှာလွဲမထားချင်ဘူး။
"ဒါပေမဲ့...."
အဲဒီအချိန်မှာပဲ အေမီက နှစ်ဖက်လုံးအတွက်အဆင်ပြေမယ့် အဖြေတစ်ခုကို ဆောင်ကျင်းပေးလာတယ်။
"မမလေးတို့နှစ်ယောက်က မြေထဲပင်လယ်ကိုသွားလေ၊ ကျွန်မကတော့ ဥစာကီကိုကူလိုက်မယ်။" အေမီက ခါတိုင်းလိုပဲ ပေါက်ကရထပြောတာဆိုပေမဲ့ ဒီစကားကြောင့် မက်ဒါနာရောဖရာလီတာပါ ဝမ်းသာသွားတယ်။
"ဟုတ်သားပဲ၊ ငါတို့မှာ ခေါ်သွားလည်းအသုံးမဝင်မယ့် အရူးမလေးတစ်ယောက်ရှိနေတာပဲ။ သူ့ကိုဒီမှာထားခဲ့တာပေါ့။" ဖရာလီတာရဲ့စကားကြောင့် အေမီရှုံ့မဲ့သွားတယ်။
"မမလေးတို့၊ ကျွန်မက လုံးဝကြီး သုံးစားလို့မရတာ မဟုတ်ပါဘူးလို့။"
ဒါပေမဲ့ မက်ဒါနာနဲ့ဖရာလီတာကတော့ အေမီကို ကောက်ကျစ်တော့မယ့်အပြုံးမျိုးနဲ့ ပြိုင်တူကြည့်လိုက်ကြတဲ့အတွက် အေမီနောက်ကိုတွန့်သွားတယ်။
"အင်း... နင်က သုံးစားမရတာတော့မဟုတ်ပါဘူး၊ နည်းနည်းလေး အဆင့်မြှင့်ပေးဖို့လိုနေတာပါ။"
အေမီခုထက်ထိ တိုက်ပွဲမှာ အသုံးမဝင်ဖြစ်နေတဲ့အကြောင်းက မက်ဒါနာဟာ အရင်းအမြစ်ခြွေတာဖို့အတွက် ဦးစားပေး အဆင့်မြှင့်တင်မှုတွေ မလုပ်ပေးခဲ့လို့ပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကွာခြားသွားပါပြီ။ အေမီကို တကယ်အသုံးဝင်အောင် အဆင့်မြှင့်ပေးသင့်ပြီမဟုတ်လား။
ဖရာလီတာက မက်ဒါနာနဲ့အေမီကို ဂျပန်မှာရှိတဲ့ ပန်ဒရာဂွန်ထုတ်လုပ်ရေးစက်ရုံတစ်ခုဆီ ခေါ်သွားတယ်။ရုံးခန်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရလို့ စက်ရုံက နာထားရပေမဲ့ အဲဒီက ပစ္စည်းကိရိယာတွေကတော့ အကောင်းအတိုင်းရှိနေသေးပြီး လက်နက်တွေထုတ်လုပ်ဖို့ အသင့်ရှိနေတုန်းပါ။
ဖရာလီတာက မက်ဒါနာအေမီအတွက်လုပ်ပေးထားတဲ့ စမ်းသပ်တိုက်ပွဲဝတ်စုံကို အသစ်ပြန်ထုတ်ပေးတယ်။ နဂိုက ပါးလွှာပြီးစိတ်မချရတဲ့ Evangelionစတိုင် ကာဗွန်ဖိုက်ဘာတိုက်ပွဲဝင်ဝတ်စုံက နန်းဆွဲထားတဲ့ ဇက်သတ္တုကြိုးမျှင်တွေနဲ့ ပြန်ဖန်တီးခြင်းခံရပြီး ပါးလွှာတဲ့ ဇက်သတ္တုတိုက်ပွဲဝင်ဝတ်စုံဖြစ်လာတယ်။
ပါးလွှာတဲ့အတွက် Void streamနည်းပညာကို မထည့်သုံးထားပေမဲ့ ပေါ့ပါးတဲ့အတွက် အတောင်ပံတပ်ပြီး ပျံသန်းရာမှာ Silverkinghtထက် ချောချောမွေ့မွေ့ ပိုလှုပ်ရှားနိုင်ပါတယ်။
အေမီရဲ့ရိုင်ဖယ်ကြီးကိုလည်း ဖရာလီတာက အလင်းဒြပ်မှုန်တွေပစ်ခတ်နိုင်တဲ့ ရိုင်ဖယ်အဖြစ်ပြောင်းပေးခဲ့ပြီး သူ့ရဲ့အလင်းဗုံးလောင်ချာလောက်မကောင်းပေမဲ့ စွမ်းအားကြီးနေဆဲပါ။
အနီးကပ်တိုက်ခိုက်ရေးလက်နက်အနေနဲ့လည်း မက်ဒါနာရဲ့မြေဆွဲအားဓားကို အတုယူဖန်တီးထားတဲ့ ဇက်သတ္တုရည်စိမ် မြေဆွဲအားဓားရှည်နှစ်လက် ပါဝင်ပါတယ်။ ဓားပြားကြီးအမျိုးအစားမဟုတ်ဘဲ ပါးလွှာတဲ့ဘလိတ်ဓားတွေဖြစ်ပေမဲ့ မြေဆွဲအားဓားလိုပဲ အလေးချိန်ကို ပြောင်းလဲနိုင်ပြီး ပိုမိုမြန်ဆန်တဲ့ဓားချက်တွေကို ထုတ်ဖော်နိုင်ပါတယ်။
နောက်လက်နက်တစ်ခုကတော့ ခံစစ်အတွက် အလင်းဒြပ်မှုန်ဒိုင်းတွေထုတ်နိုင်တဲ့ လက်ကောက်တစ်စုံဖြစ်ပြီး လက်ညာလက်ကောက်ဝတ်နှစ်ခုလုံးမှာ တပ်ဆင်ပေးထားတာကြောင့် ပါးလွှာတဲ့ချပ်ဝတ်ရဲ့အားနည်းချက်ဖြစ်တဲ့ အားအဟုန်လျှော့ချနိုင်စွမ်းကို တိုးတက်စေပါတယ်။
နောက်ဆုံးလက်နက်တစ်ခုကတော့ မက်ဒါနာနဲ့ပုံစံတူလုပ်ထားတဲ့ အလင်းဒြပ်မှုန်တောင်ပံဖြစ်ပြီး မက်ဒါနာရဲ့တောင်ပံနဲ့မတူတာက အလင်းဒြပ်မှုန်တွေကို ငှက်မွှေးတောင်တွေလိုမျိုးပုံသွင်းပြီး ဆက်တိုက်ပစ်ခတ်နိုင်တဲ့ လက်နက်အဖြစ်သုံးနိုင်တာပါ။
"ဒီပုံစံအတိုင်းဆိုရင် လုံးဝပြီးပြည့်စုံသွားပြီ။"
ဖရာလီတာနဲ့မက်ဒါနာက သူတို့ပူးပေါင်းပြီး အသစ်တီထွင်ထားတဲ့ ဝတ်စုံကိုကြည့်ပြီး ခေါင်းညိတ်လိုက်ကြတယ်။ ဖရာလီတာကတော့ မက်ဒါနာနဲ့အတူတူ အလုပ်လုပ်ခွင့်ရတဲ့အတွက် သိပ်ပျော်နေခဲ့တာပေါ့။
"အေမီရဲ့ဝတ်စုံက မြေပြင်တိုက်ပွဲတွေနဲ့ခွန်အားမှာ Silverknightနဲ့ Archmegaရဲ့ပြိုင်ဖက်မဖြစ်နိုင်ပေမဲ့ လေပေါ်တိုက်ပွဲတွေနဲ့လျင်မြန်မှုအပိုင်းမှာတော့ ပြိုင်ဖက်ကင်းပဲ။"
"အင်း... ဒါပေမဲ့ နာမည်ကျ ဘယ်လိုပေးမတုန်း။"
အေမီရဲ့ဝတ်စုံသစ်ကလည်း Archmegaနဲ့ Silverknightတို့ရဲ့လက်ရှိအခြေအနေနည်းတူ S rank ပါ။ ခံနိုင်ရည်အပိုင်းမှာ နည်းနည်းပိုအားနည်းပေမဲ့ ပျံသန်းတဲ့အမြန်နှုန်းမှာတော့ နှစ်ဆနီးပါးပိုမြန်ပါတယ်။ အမေရိကန် တိုက်လေယာဥ်တွေကို အမီလိုက်ပြီး တိုက်ခိုက်နိုင်ဖို့ဆိုတာ အေမီအတွက် အိပ်မက်တစ်ခုမဟုတ်တော့ဘူး။
ပြီးတော့ ဥစာကီကိုကူဖို့ဆိုရင် ဒီလိုဝတ်စုံမျိုးက အသင့်တော်ဆုံးနဲ့ အလိုအပ်ဆုံးပါ။
"Neon Valkyrie ဆိုရင်ရော။" မက်ဒါနာက ပြောလိုက်တယ်။ လက်ရှိအေမီရဲ့ချပ်ဝတ်ပုံစံက စစ်နတ်သမီးလေးနဲ့သိပ်တူပြီး လှပတယ်လေ။
"မဆိုးဘူး၊ အဲဒီနာမည်ကို အတည်ထားကြတာပေါ့။"
နောက်တော့ ဖရာလီတာက ဝတ်စုံပေါ်မှာ Neon Valkyrieလို့ စက်တစ်ခုနဲ့ရိုက်နှိပ်ပေးလိုက်တယ်။