တာအိုရောင်းရင်း မလုပ်ပါနဲ့
Vol. 42 Ch. 584
“အစ်ကိုမို ဘာက မဟုတ်တာလဲ “ မင်ကျစ်က မိုဝူကျီကို နားမလည်စွာ ကြည့်လိုက်သည်။
မိုဝူကျီက မိုးသောက် မီးတောက်ကြယ်ကို ညွှန်ပြကာ ပြောလိုက်၏ “တာအိုရောင်းရင်းမင် ... ဒီမီးဓာတ် သဘာဝအမြုတေ ဖြစ်လာတာ မကြာသေးဘူးလို့ ပြောခဲ့တာ မဟုတ်လား။ အဲဒါဆို အစက ဒီကနေ မဟုတ်ဘူးပေါ့”
မင်ကျစ်က ထိုအကြောင်း ကြားသောအခါ သူက အသေအချာ ပြောလိုက်သည် “ဟုတ်ပါတယ် ... မီးဓာတ် သဘာဝ အမြုတေ ဖြစ်လာတာ နှစ်ငါးထောင် မကျော်သေးဘူး ။ အဲဒါ ပြဿနာ ရှိလို့လား”
မိုဝူကျီက ပြန်ဖြေလိုက်သည် “မီးဓာတ် သဘာဝအမြုတေက မိုးနှင့်မြေ ဖွင့်ဟလာတဲ့အချိန် သန့်စင်တဲ့ မီးတောက် အဆီအနှစ်ကနေ ဖြစ်ပေါ်လာတာလေ။ နှစ်များစွာ ကြာပြီးတော့မှ ဖြစ်လာနိုင်တဲ့ အရာပဲ ... ဘယ်လိုလုပ် နှစ်ထောင်ချီလေးနဲ့ ဖြစ်လာနိုင်မှာလဲ “
သူ့ထာဝရ ကမ္ဘာ၌ သဘာဝ အမြုတေ ငါးမျိုး လိုအပ်ကြောင်း သိရှိပြီးနောက် မိုဝူကျီက စတင်၍ သူတို့ဖြစ်တည်လာပုံ အကြောင်း လေ့လာခဲ့သည်။ ထိုသို့ မလေ့လာခင် သူက ဘာဆိုဘာမှ မသိခဲ့ပေ။ သို့သော် သဘာဝ အမြုတေငါးမျိုးကြောင်း သင်ယူပြီးနောက် သူတို့ ဖြစ်တည်လာဖို့ရာ အလွန်ခက်ခဲကြောင်း သိသွားမိသည်။ ထို့အပြင် ကမ္ဘာဦး သဘာဝ အဆီအနှစ်နှင့်သာ ဖြစ်တည်လာနိုင်ပြီး နှစ်ထောင်ချီအတွင်း သေချာပေါက် ဖြစ်ပေါ် လာနိုင်သည့်အရာ မဟုတ်ပေ။
မင်ကျစ်က သာမာန် သေမျိုးဂြိုလ်ပေါ်၌ ဤအဆင့်အထိ ကျင့်ကြံနိုင်သောကြောင့် သူက နုံ့အနေသူတော့ မဟုတ်ပေ။ မိုဝူကျီက ထိုစကားများ ပြောလိုက်သည်နှင့် သူက ချက်ချင်း သဘောပေါက်သွားသည်။ သူက တုန်လှုပ်စွာ ပြောလိုက်သည် “အစ်ကိုမို ပြောတာက အနီးအနားမှာ ...“
မိုဝူကျီက ခေါင်းညိတ်ပြကာ “ဟုတ်တယ် ... အနီးအနားမှာ ကမ္ဘာဦး မီးဓာတ် သဘာဝစွမ်းအား အရင်းအမြစ် ရှိရမယ်။ အဲဒီမီးဓာတ် သဘာဝစွမ်းအင်ကြောင့် မီးဓာတ် သဘာဝ အမြုတေကို ဖြစ်လာစေတာပဲ။ ဒါပေမဲ့ မိုးသောက်မီးတောက်ကြယ်က အနီးကပ်ရှိနေလို့ မီးဓာတ် သဘာဝ အမြုတေက သူ့ဘာသာ အပြည့်အဝ ဖြစ်တည်လာတာ”
မိုဝူကျီ၏ စကားလုံးများက ရှင်းလင်းပေသည်။ ဤမိုးသောက် မီးတောက်ကြယ်အနီး၌ မိုးမြေ ဖွင့်ဟချက် တစ်ခု ရှိရမည်။ ရှန်းထျန်း မီးတောက်က မိုးသောက်မီးတောက်ကြယ်နှင့် ပေါင်းစပ်သွားကာ မီးဓာတ် သဘာဝ အမြုတေ ဖြစ်ပေါ်လာခြင်း ဖြစ်ပေရာ ထိုသို့ဆိုလျှင် လက်ကျန်ရှိနေသော စွမ်းအင်များလည်း ရှိနေသည် မဟုတ်ပါလော။ သို့သော်လည်း သဘောတရားအရ အကြွင်းအကျန် များများစားစား ရှိမည် မဟုတ်ပေ။
“တာအိုရောင်းရင်းမင်က ဒီနေရာကို ရောက်နေတာ အတော်လေး ကြာပြီလေ။ ပြီးတော့ မီးဓာတ် သဘာဝ အမြုတေ အကြောင်းကိုတောင် သိနေတာဆိုတော့ ဒီအနားဝန်းကျင်မှာ ထူးဆန်းတာများ မသိဘူးလား” မိုဝူကျီက အလောတကြီး မေးလိုက်သည်။ မင်ကျစ်က ဤနေရာ၌ နေလာသည်မှာ နှစ်ထောင်ချီနေပြီ ဖြစ်ရာ ဤပတ်ဝန်းကျင်အကြောင်း မင်ကျစ်က သူ့ထက် ပို နားလည်နိုင်လိမ့်မည်။
မိုဝူကျီ၏ စကားများကို ကြားပြီး မင်ကျစ်က တစ်ခုခုကို တွေးမိသွားကာ ပြောလိုက်သည် “အစ်ကိုမို ... ကိစ္စတစ်ခုတော့ ရှိတယ်။ မီးဓာတ် သဘာဝ အမြုတေ ဖြစ်ပေါ်မလာခင် ကျုပ်က မိုးသောက်မီးတော်ကြယ် အဖွဲ့အစည်းအကြောင်း လေ့လာဖူးတယ်။ မိုးသောက် မီးတောက်ကြယ် အဖွဲ့အစည်းမှာ စုစုပေါင်း ဂြိုလ်ပေါင်း ၃၇ လုံး ရှိခဲ့တာ ဒါပေမဲ့ ရုတ်တရက်ကြီး တစ်လုံးက ပေါက်ကွဲ ထွက်သွားပြီးတော့ အဝေးကို လွှင့်စင်သွားလို့ ၃၆ လုံးပဲ ကျန်တော့တာ ... အဲဒီ အချိန်တုန်းက ကျုပ်လည်း အများကြီး မတွေးမိခဲ့ဘူး။ ကြည့်ရတာ ၃၆ က ကောင်းကင်စစ်သူကြီး အရေအတွက်ကို ကိုယ်စားပြုတယ် ထင်တယ်။ အဲဒီလိုဆိုရင် အစ်ကိုပြောသလိုဆို အဲဒီဂြိုလ် ဖြစ်နေနိုင်တယ် “
“တာအိုရောင်းရင်းမင် ... အဲဒါဆို ပေါက်ကွဲထွက်သွားတဲ့ ဂြိုလ်က ဘယ်လို ဖြစ်သွားလဲဆိုတာရော သိထားလား” မိုဝူကျီက စိတ်ပူပင်စွာ မေးလိုက်သည်။
“အစ်ကိုမိုက အဲဒီဂြိုလ်နောက် လိုက်မလို့လား။ ပျောက်သွားတာ နှစ်ထောင်ချီနေပြီနော်” မင်ကျစ်က တအံ့တဩ ရေရွတ်လိုက်သည်။ မိုဝူကျီ၏ စကားလုံးများက ဖြစ်နိုင်ချေ မရှိပေ။
ကျင့်ကြံခြင်းက ဘာများလဲ ... မွေးရာပါ အရည်အချင်းအပြင် အခွင့်အရေး ကောင်းများလည်း လိုအပ်ပေသည်။
လူများစွာအတွက် အခွင့်အရေးဟု ခေါ်သော အရာမှာ ကျင့်ကြံခြင်း အရင်းအမြစ်တချို့ ရရှိနိုင်သည့် အခွင့်အရေးမျှသာ ဖြစ်၏။ ကျင့်ကြံခြင်း လောက၌ ကျင့်ကြံသူများက ရတနာများကို ရှာတွေ့ကြလျှင် ကံဆက်စပ်သည်ဟု သုံးနှုန်းကြသည်။
ကျင့်ကြံသူ တစ်ယောက်အတွက် သူတို့၏ ကံတရား ကြီးမြတ်မှုမှာ အနာဂတ် အောင်မြင်မှုများအပေါ် သက်ရောက်မှု ရှိနိုင်ပေသည်။
မိုဝူကျီက ကမ္ဘာမြေမှ လာသူ ဖြစ်၍ ကြိုးစားခြင်း လုံလဝီရိယကိုသာ ယုံကြည်သူ ဖြစ်၏။ တစ်ခါတစ်ရံ၌ သူ့ကံကောင်းမှု အခွင့်အရေးများမှာ ကြိုးစားမှု၏ ရလဒ်ပင် ဖြစ်၏။ ကြိုးစားခြင်းဖြင့် အခွင့်အရေးကို ဖန်တီးယူခြင်း ဖြစ်၏။ အကယ်၍ မကြိုးစားပါက ထိုသို့အခွင့်အရေးနှင့် ကြုံတွေ့နိုင်ခဲ့မည် မဟုတ်ပေ။
နှစ်များစွာအကြာကတည်းက ပေါက်ကွဲထွက်သွားပြီ ဖြစ်သော ဂြိုလ်တစ်လုံးအတွက် သာမာန်လူများက လက်လျော့ရန် တွေးမိကြလိမ့်မည်။ မိုဝူကျီက တစ်ခေါက်တော့ သွားကြည့်ချင်သေး၏။ အာကာသထဲ၌ ကျင့်ကြံသူများ ရှိနေသော်လည်း အနည်းငယ်မျှသာ ဖြစ်ပေသည်။ နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် အကြွင်းအကျန် ဂြိုလ်ကို ရှာမတွေ့ကြသေးခြင်း ဖြစ်နိုင်ချေ ရှိ၏။
သူက ရရှိနိုင်သူ ဖြစ်နေမလား ...
မိုဝူကျီက ရယ်မောကာ “တာအိုရောင်းရင်မင် ... ကျုပ်က အာကာသထဲ လမ်းပျောက်ပြီးတော့ အင်မော်တယ် လောကကိုတောင် ဘယ်လို ပြန်ရမှန်း မသိသေးတာ ပြန်လမ်းကို ရှာရင်းနဲ့ ဘာမှလည်း လုပ်စရာ မရှိဘူးလေ။ အဲဒါကြောင့် ကံစမ်းကြည့်မလို့ပါ”
မင်ကျစ်က မိုဝူကျီအား ချက်ချင်း ဦးညွှတ်ကာ “အစ်ကိုမိုက ဖြောင့်မတ်ပြီးတော့ အမျှော်အမြင်ရှိတဲ့သူပဲ ... ခင်ဗျားက ကျုပ်မင်ကျစ်ရဲ့ စံပြ ဖြစ်နေမှာပါ ... အစ်ကိုမို တည်နေရာ သလင်းကျောက်ကို ထုတ်လိုက်ပါ ... ကျုပ် လမ်းညွှန် ပေးလိုက်ပါ့မယ်”
မင်ကျစ် ပြောလိုက်သည့် စကားလုံးများမှာ အမှန်ပင် လေးစားမှုကြောင့် ထွက်ပေါ်လာခြင်း ဖြစ်၏။ မိုဝူကျီ၏ စကားလုံးများမှ သူ့အနေဖြင့် မိုဝူကျီသည် ကျင့်ကြံခြင်းနှင့် အခွင့်အရေးများအတွက် မလျှော့သော ဇွဲလုံလတို့ ရှိသူမှန်း သိလိုက်သည်။ သူက မိုဝူကျီအတွက် မီးဓာတ် သဘာဝ အမြုတေမှာ လွန်စွာ အရေးကြီးကြောင်း ပြောနိုင်ပေသည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျီက သူ့လိုက်နာရမည့် ကျင့်ဝတ်များကို စောင့်ထိန်း၏။
သူက မိုးသောက် မီးတောက်ဂြိုလ်မှ မီးဓာတ် သဘာဝ အမြုတေကို ယူမည့်အစား တည်ရှိမှန်းပင် မသေချာတော့သည့် နှစ်များစွာအကြာ ပျောက်ကွယ်သွားပြီ ဖြစ်သည့် ဂြိုလ်ပျက်တစ်လုံးကို သွားရှာရန် ဆန္ဒရှိနေသည်။ နောင် တခြားကျင့်ကြံသူ ရောက်လာလျှင် မိုးသောက် မီးတောက်ကြယ်ကို ဖျက်စီး၍ အတင်းကျပ် ရယူသွားပေလိမ့်မည်မှန်း ကောင်းကောင်း သိထားသည်။
ထို့အပြင် မင်ကျစ်က မိုဝူကျီ၏ သူ့အပေါ် လေးစားမှုကို ခံစားမိပေသည်။ မိုဝူကျီက သူ့လို သူစိမ်းတစ်ယောက်ကို နည်းနည်းလေးမျှ နှမြောတွန့်တိုခြင်း မရှိဘဲ အဖိုးတန် အရာများကို ပေးခဲ့သည်။
ထိုသို့မျိုး လူမျိုးသာ လေးစားခြင်းနှင့် ထိုက်တန်ပေသည်။
သူ မင်ကျစ်က မိုးသောက် မီးတောက်ကြယ်ကို ကာကွယ်ရသည့် အကြောင်းအရင်းမှာ စိမ်းလန်းဂြိုလ်အတွက် မဟုတ်ပေဘူးလား။ စိမ်းလန်းဂြိုလ်မှ လူတစ်ယောက် အနေနှင့် မိုးသောက် မီးတောက်ကြယ်ကို ကာကွယ်ပေးသည်က ပုံမှန်ကိစ္စ ဖြစ်သော်လည်း မိုဝူကျီက လုံးဝ ဆက်စပ်မှု မရှိဘဲဖြင့် မိုးသောက် မီးတောက်ကြယ်ကို အလျှော့ပေးခဲ့သည်။ ထိုသည်မှာ မိုဝူကျီ၏ ကိုယ်ပိုင်မူသာ ဖြစ်ပေမည်။
မင်ကျစ်က အင်မော်တယ် လောကမှ ကျင့်ကြံသူတချို့နှင့် တွေ့ဖူးသော်လည်း ထိုကျင့်ကြံသူများမှာ သေမျိုးပေါင်း ဘီလီယံရာချီ သေမည်ကို မပြောနှင့် ဆယ်ဆမက များပြားနေလျှင်ပင် သူတို့က မီးဓာတ် သဘာဝ အမြုတေအတွက် မျက်လုံးထဲ ထည့်မည် မဟုတ်ပေ။ မိုဝူကျီက မင်ကျစ် ပေးထားသော တည်နေရာပြ သလင်းကျောက်ကို ထုတ်ယူလိုက်သည်။
တည်နေရာပြ အနေအထားမှာ အလွန်ရိုးရှင်းပေ၏။ အပေါ်တွင် မိုးသောက် မီးတောက်ကြယ် ရှိနေပြီး စိမ်းလန်းဂြိုလ်အပါအဝင် ဂြိုလ် ၃၆ လုံး ရှိနေသည်။ မင်ကျစ်က တည်နေရာပြ သလင်းကျောက်ထဲ စိတ်စွမ်းအားတချို့ ပို့လွှတ်ကာ ဗလာဖြစ်နေသည့် နေရာသို့ ထောက်ကာ ပြောလိုက်သည် “ဒါက ပေါက်ကွဲသွားတဲ့ဂြိုလ် ရှိတဲ့နေရာပဲ ... လမ်းကြောင်းကို ပေါက်ကွဲ ထွက်သွားပြီးတဲ့နောက် ပြန်လိုက်ထားတာ။ အဲဒီဂြိုလ်က မိုးသောက် မီးတောက်ကြယ် အစုအဝေးထဲ မရှိတော့ဘူး “
သူက ပြောလိုက်ရင်း မင်ကျစ်က တည်နေရာပြ သလင်းကျောက်ပေါ်၌ ဂြိုလ်နေရာ အကြမ်းဖျင်းကို ဆွဲပေးလိုက်သည်။ မိုဝူကျီက တည်နေရာပြ သလင်းကျောက်ကို သိမ်းကာ မင်ကျစ်အား ပြောလိုက်သည်။
“တာအိုရောင်းရင်မင်ကို ကျေးဇူးတင်ပါတယ်။ နောင်ကျ အင်မော်တယ် လောကကို ရောက်လာလို့ ကျုပ် အကူအညီလိုရင် လာရှာဖို့ မမေ့နဲ့နော် ... အခုတော့ ကျုပ် သွားတော့မယ် ... နောင် ပြန်ဆုံကြတာပေါ့ “
မိုဝူကျီက စကားအဆုံးတွင် လွန်းပျံယာဉ်ကို ထုတ်ကာ အာကာသထဲ ပျောက်ကွယ် သွားတော့သည်။ မိုဝူကျီ ထွက်သွားသည့်နေရာကို ကြည့်ရင်း မင်ကျစ်က သူ့ဘာသာ ရေရွတ်လိုက်သည်။
“တကယ့်ကို ထူးခြားတဲ့လူပဲ ... ငါ အင်မော်တယ်လောက ရောက်ရင် အစ်ကိုမိုဆီ သေချာပေါက် သွားတွေ့ရမယ်”
မိုဝူကျီ၏ လွန်းပျံယာဉ်က လျှင်မြန်စွာ ရွေ့လျားသွား၏။ အတော်အတန် ကြာသည့်အခါ သူက မိုးသောက်မီးတောက်ကြယ် အဖွဲ့အစည်းမှ ထွက်လာပြီး နောက်ထပ် အာကာသ အသစ်ထဲ ဝင်ရောက်သွားတော့သည်။
အာကာသထဲရှိ သူ့အချိန်များမှာ မတိကျပေ။ မိုဝူကျီက အလောတကြီး လုပ်ရင်း အချိန်မကုန်ဆုံးချင်ပေ။ ဂြိုလ်ပျက် ရွေ့လျားသွားသည့် နေရာအရ သူက လွန်းပျံယာဉ်ကို သူ့ဘာသာ ရွေ့လျားနိုင်စေရန် အစီအရင် ခင်းကျင်းပေးလိုက်သည်။ သူ့ကိုယ်တိုင်မှာမူ ပြန်လည် ကောင်းမွန် လာစေဖို့သာ အာရုံစိုက်ထားပေ၏။
သူက သူ့ကျင့်ကြံဆင့် ပြန်လည် ရရှိလာခြင်းမှာ မိုးမြေ ဖိအားကို နှိုးဆွသလို ဖြစ်မလားဟု သိချင်မိသည်။ သူက ဖိအားကို ခံစားမိသည်နှင့် ကျင့်ကြံဆင့်ကို ကန့်သတ်လိုက်မည် ဖြစ်၏။ အကယ်၍ မိုးမြေ ဖိအား မရှိခဲ့လျှင် သူ့ကျင့်ကြံဆင့် ပြန်လည် ရရှိလာခြင်းက ကိစ္စကောင်း ဖြစ်ပေသည်။
ရက်အနည်းငယ်လေးအတွင်း မိုဝူကျီက သူ့ကျင့်ကြံဆင့်ကို ရွမ်ရှန်းအဆင့်ထိ ပြန်လည် ရရှိလာခဲ့သည်။
မိုဝူကျီကို အံ့ဩသွားစေသည်က သူ့ကျင့်ကြံဆင့် ပြန်လည် ကောင်းမွန်လာပြီးနောက် မည်သည့်ဖိအားကိုမှ မခံစားရသေးပေ။
ထိုသို့ဖြစ်လာနိုင်ခြေ နှစ်မျိုးသာ ရှိ၏။ တစ်ခုမှာ ဤနေရာမှာ အင်မော်တယ် လောကနှင့် အဆင့်တူ ဖြစ်ပြီး သူ့စွမ်းအားကို ဖိနှိပ်ထားစရာ မလိုအပ်ပေ။ ဒုတိယအနေဖြင့် သူ့ချီသွေးကြော ကျင့်စဉ်ကြောင့် မိုးမြေ ဖိအားကို မခံစားရခြင်း ဖြစ်၏။ အကယ်၍ နောက်ကိစ္စသာ ဖြစ်နေလျှင် တုန်လှုပ်ချောက်ချားဖွယ် အကြောင်းအရာ ဖြစ်၏။ မိုဝူကျီက လွန်းပျံယာဉ်ကို ဆက်လက် ပျံသန်းစေပြီး သူက ထာဝရ ကမ္ဘာထဲ ဝင်သွားလိုက်သည်။
သူက စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ရေကန်အောက်ခြေရှိ အာကာသ တည်နေရာ ဖြိိခွင်းမှုမှုမှ တဆင့် အဝေးရောက် လာကတည်းက မိုဝူကျီအနေဖြင့် အေးအေးဆေးဆေး သူ့ထာဝရ ကမ္ဘာထဲ ဝင်ကြည့်ရခြင်း ဖြစ်၏။
“တာအိုရောင်းရင်း ကျုပ်အသက်ကို ချမ်းသာပေးပါ” မိုဝူကျီ ဝင်လာသည်နှင့် ကျူးလိုင်၏ အသံကို ကြားလိုက်ရသည်။
မိုဝူကျီက ပညာရှင်နှလုံးသား ကို ဖယ်ကာ ထိုဝိညာဉ်အပိုင်းအား ခြုံငုံ ကြည့်လိုက်သည်။ အရှင်းဆုံးပြောရလျှင် ဝိညာဉ်တစ်ခုက သူ့ကိုယ်သူ ဤအခြေအနေမျှ ဖွဲ့စည်းထားနိုင်ခြင်းမှာ အံ့ဩစရာ ကောင်းနေပြီ ဖြစ်၏။ မိုဝူကျိပင် ထိုဝိညာဉ်၏ စွမ်းရည်ကြောင့် အံ့ဩမိရသည်။
“ခင်ဗျားက ကျုပ်ရဲ့ တာအိုလက်တွဲဖက်ကို ဝါးမျိုချင်တာ မဟုတ်လား .... ပြီးတော့ ကျုပ်ကို ဒီလိုနေရာအထိ ရောက်လာစေသေးတယ်။ ကျုပ် နည်းလမ်းတွေကြောင့်သာ မဟုတ်ရင် ခင်ဗျားကြောင့် သေနေလောက်ပြီ။ ခင်ဗျားကို ချမ်းသာပေးဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ခင်ဗျားကို ဖြည်းဖြည်းချင်း အမှုန့်ဖြစ်အောင် မီးကင်ရမလား ဒါမှမဟုတ် ထာဝရ သေဆုံးသွားအောင် ဝိညာဉ်မွမ်းမံ နည်းလမ်းကို သုံးလိုက်ရမလား “
မိုဝူကျိ ထိုစကားကို ပြောစဉ် နည်းနည်းလေးမျှ ကြင်နာနေခြင်း မရှိပေ။ လက်တွေ့၌ မိုဝူကျီက ထိုသို့ သေချာပေါက် မလုပ်ပေ။ သူက ပြဿနာ ဖြစ်လာစေမည့် အရာများကို မုန်းတီးပေသည်။ ဝိညာဉ်တစ်ခုကို သတ်ရန် မီးလုံးဖြင့် ဖြေရှင်း၍ ရနေပေရာ အဘယ်ကြောင့် ဒုက္ခ ခံနေရမည်နည်း။ သူ ပြောလိုက်သည့် အကြောင်းအရင်းမှာ ထိုဝိညာဉ်၌ မည်သည့် လျှို့ဝှက်ချက်များ ရှိနေမလဲ သိချင်၍ ဖြစ်သည်။ လျှို့ဝှက်ချက်မရှိသည့် ဝိညာဉ်က အားကောင်းလာမည် မဟုတ်ပေ။
“ခင်ဗျားကို ဝိညာဉ်ပုံသွင်းခြင်း ပညာရပ်ကို လက်ဆင့် ကမ်းပေးပါ့မယ်။ ကျုပ်က အဲဒီပညာရပ်ကြောင့် ဒီနေ့အထိ ခံနေတာပါ” ကျုးလိုင်က မြန်မြန် ပြောလိုက်သည်။
“ကြည့်ရအောင် ပြောကြည့်” မိုဝူကျီက ကျောက်စိမ်းပေလွှာ အလွတ်ကို ယူကာ ကျူးလိုင်ဆီ ပစ်ပေးလိုက်သည်။ ကျူးလိုင်ကို တစ်ချက် ကြည့်လိုက်ပြီး ထိုဝိညာဉ်၌ ဘာဆိုဘာမှ မရှိကြောင်း သိလိုက်ရသည်။ ကျူးလိုင်က မတွေဝေနေဘဲ ချက်ချင်းဆိုသလို ကျောက်စိမ်းပေလွှာ၌ ဖော်ပြလိုက်သည်။
မိုဝူကျီက ထိုကျောက်စိမ်း ပေလွှာကို မြင်ပြီးနောက် တုန်လှုပ်မိသွားသည်။ ကမ္ဘာကြီးထဲ၌ ပါရမီရှင်ပေါင်း မြောက်များစွာ ရှိနေပေသည်။ ဤ ဝိညာဉ်ပုံသွင်းခြင်း ပညာရပ်ကို တွေးကြည့်မိလျှင် ထိုလူမှာ သေချာပေါက် ပါရမီရှင်သာ ဖြစ်ပေလိမ့်မည်။ သူလည်း ပါရမီရှင် ဖြစ်ကာ ချီသွေးကြော ကျင့်စဉ်ကို ဖန်တီးခဲ့သော်လည်း ဤဝိညာဉ်လေ့ကျင့်ရေး ပညာရပ်ကြောင့် တုန်လှုပ်မိနေဆဲ ဖြစ်သည်။ ထိုအရာမှာ အဖိုးမဖြတ်နိုင်သည့် ရတနာ တစ်ခု ဖြစ်၏။
ကျူးလိုင်က ဤပညာရပ်မှာ သူ့အသက်လေး ချမ်းသာ လွတ်မြောက်စေနိုင်ဖို့ ယုံကြည်ပေသည်။ အကြောင်းမှာ သူက ဝိညာဉ်ပုံသွင်းခြင်း ပညာရပ် မိတ်ဆက်ကိုသာ ဖော်ပြထားပြီး ရှင်းပြချက် မပါရှိပေ။
အမြင်နှင့်တင် ကျူးလိုင်မှာ အတော်လေး ယုံကြည်ချက် မြင့်မားနေသည်။ မိုဝူကျီက ဤပညာရပ်ကို အလိုရှိလိမ့်မည် ဖြစ်ကြောင်း သေချာနေသည်။
အကယ်၍ သာမာန်လူတစ်ယောက် ဖြစ်နေပါက သူတို့က သေချာပေါက် ဆွဲဆောင်ခံလိုက်ရမည် ဖြစ်၏။ အကြောင်းမှာ ထိုအရာက ထိပ်တန်း ဝိညာဉ်လေ့ကျင့်ရေး ကျင့်စဉ် ဖြစ်နေသည်။ အောင်မြင်သွားသည်နှင့် သေနိုင်တော့မည် မဟုတ်ပေ။
ကံမကောင်းသည်က သူက မိုဝူကျီနှင့် တွေ့ဆုံလာကာ မိုဝူကျီက ကျောက်စိမ်းပေလွှာကို သိမ်းထားလိုက်ပြီး အသေးစိတ်အကြောင်း ဘာဆိုဘာမှ မမေးပေ။ သူက မထူးမခြာနား ပြောလိုက်သည်။
“ဒီကျောက်စိမ်းပေလွှာကို ထောက်ထားပြီးတော့ ခင်ဗျားကို မီးရှို့ မသတ်တော့ဘူး ... အေးအေးချမ်းချမ်း သေတော့ ...”
မိုဝူကျီ လက်မြှောက်လိုက်သည်ကို မြင်၍ ကျူးလိုင်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည် “တာအိုရောင်းရင်း မလုပ်ပါနဲ့ ...”
***