← Chapters

နာဂါနိုတိုက်ပွဲ

Vol. 4 Ch. 16.2

နာဂါနိုတိုက်ပွဲ

Vol. 4 Ch. 16.2

မီးတောက်တွေပျောက်သွားပြီးတဲ့နောက်မှာတောင် ဥစာကီရဲ့ဓားသွားကို လက်မောင်းနဲ့ခံဆောင်ပြီး တားထားတဲ့အတွက် ဖလိမ်းဂါးဒီးယမ်းရဲ့အသားထဲကို ဓားကနစ်ဝင်နေပြီး သွေးတွေစီးကျလာတယ်။

"မင်းမှာ တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘူး... ငါနိုင်ပြီ..."

ဖလိမ်းဂါးဒီးယမ်းက အကျယ်ကြီးရယ်မောလိုက်တယ်။ ဥစာကီရဲ့ခြေထောက်တွေကလည်း ရပ်မရပ်နိုင်တော့ဟန်နဲ့ တုန်ရီနေပြီ။ နတ်ဆိုးသတ်ဓားရဲ့စွမ်းအားက လူသားတစ်ယောက်အတွက် သိပ်ကိုပြင်းထန်လွန်းပါတယ်။ ဥစာကီအနေနဲ့ သူ့ရဲ့သိုင်းကွက်တွေနဲ့မြူတန့်စွမ်းအားကို အချိန်အတော်ကြာထိ ထုတ်သုံးနိုင်ဦးမှာမဟုတ်ဘူး။

"ဒါပေမဲ့...." ဖလိမ်းဂါးဒီးယမ်းရဲ့ရယ်သံတွေကြားထဲကနေပဲ ဥစာရီရဲ့ခပ်တိုးတိုးအသံက ထွက်ပေါ်လာတယ်။

"ရှင်က ဒီဓားရဲ့ထက်ရှမှုကို အထင်သေးလွန်းနေတာပဲ။" ဥစာကီက ဘာသိုင်းကွက်၊ ဘာစွမ်းအားမှမပါဘဲ သူ့ဓားကို ဖြည်းဖြည်းချင်းအားစိုက်ပြီး ဖလိမ်းဂါးဒီးယမ်းရဲ့အသားထဲကနေ ဆွဲထုတ်လိုက်တယ်။

ဖလိမ်းဂါးဒီးယမ်းရဲ့အရိုးက တိခနဲပြတ်သွားပြီး သူ့ရဲ့ညာဖက်လက်လည်း လက်ကောက်ဝတ်ကနေစပြီး မြေပေါ်ကိုပြုတ်ကျသွားတယ်။ သွေးတွေလည်း ရေတံခွန်ကနေ ကျသလိုကျလာတော့တာပေါ့။

"အား....." ဖလိမ်းဂါးဒီးယမ်းဆီကနေ ကမ္ဘာပျက်လုမတတ် အော်သံကြီးထွက်ပေါ်လာတယ်။ ဥစာကီကတော့ အားမလျှော့လိုက်သေးဘဲ သူ့ဓားကိုနောက်တစ်ခါ လှုပ်ရှားလိုက်ပြန်တယ်။ မူလကတော့ ဖလိမ်းဂါးဒီးယမ်းရဲ့လည်ပင်းကိုရွယ်ပြီး ဖြတ်ဖို့လုပ်တာဖြစ်ပေမဲ့ ဓားက ဘယ်ဖက်ပခုံးပေါ်ကိုပဲ ခေါ်ကျသွားပြီး ဘယ်ဖက်ပခုံးပေါ်ကိုသာ တင်မိသွားတယ်။

ဒီတစ်ခါလည်း ဥစာကီဘာမှအားမစိုက်လိုက်ရဘဲ ဖလိမ်းဂါးဒီးယမ်းရဲ့ဘယ်လက်ကလည်း တိခနဲပြတ်ကျသွားတယ်။ နောက်တော့ ဒူးတစ်ဖက်ကို သိမ်းခုတ်လိုက်တယ်။ နောက်ဆုံးမှာတော့ ဖလိမ်းဂါးဒီးယမ်းမှာ မတ်တပ်ရပ်နိုင်စွမ်းမရှိတော့ဘဲ သွေးအိုင်ထဲမှာလဲနေပြီ။

ချွင်...

ဥစာကီလည်း ဓားကိုဆက်မကိုင်ထားနိုင်တော့ဘဲ လက်ထဲကဓားလည်း မြေပေါ်ကို ချွင်ခနဲပြုတ်ကျသွားတယ်။ နောက်တော့ သူ့တစ်ကိုယ်လုံးငှက်မွှေးတောင်လေးလိုမျိုး လဲကျသွားတော့တယ်။

"မဖြစ်နိုင်တာ...." ဖလိမ်းဂါးဒီးယမ်း ဟာသွေးအိုင်ထဲမှာ လဲကျနေပြီး လက်ရှိဖြစ်နေတာတွေကို နားမလည်နိုင်ဘူးဖြစ်နေတယ်။ ဥစာကီကတော့ ပုံမှန်လေသံမျိုးနဲ့ပြောလိုက်ပါတယ်။

"ရှင်က ထင်ရှားလွန်းတဲ့အရာတွေအပေါ် သိပ်အာရုံစိုက်လွန်းနေတာကိုး။" ချိပ်ပိတ်စွမ်းအားကို သုံးပြီးတဲ့နောက် ဥစာကီမှာ သိုင်းကွက်တွေကို ထုတ်သုံးနိုင်တဲ့အားမျိုးမရှိတော့ပေမဲ့ တိုက်ခိုက်နိုင်စွမ်းလုံးဝမရှိတာမဟုတ်ဘူး။

ကလေးတစ်ယောက်တောင်မှ ထက်ရှတဲ့ဓားတစ်လက်ကိုကိုင်ထားရင် လူသတ်နိုင်စွမ်းရှိတယ်။ ပြီးတော့ တိုက်ပွဲတစ်လျှောက်လုံး ချိပ်ပိတ်ဓားက ဖလိမ်းဂါးဒီးယမ်းကို ကြီးကြီးမားမားထိခိုက်အောင် မလုပ်နိုင်ခဲ့ရတဲ့ အကြောင်းအရင်းက ငွေရောင်မီးလျှံတွေရဲ့ ကာကွယ်ပေးမှုကြောင့်ပါ။

ဥစာကီက ဖလိမ်းဂါးဒီးယမ်းရဲ့နှလုံးသားကို ဓားနဲ့မထိုးလိုက်နိုင်ပေမဲ့ ဖလိမ်းဂါးဒီးယမ်းရဲ့မီးတောက်တွေလည်း ငြိမ်းသွားခဲ့တယ်။ ဒါကြောင့် သူဓားနဲ့သာသာလေး ဖြတ်ထုတ်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ဒီတိုက်ပွဲက ဥစာကီအတွက် အခက်အခဲဆုံးတိုက်ပွဲတစ်ခုလို့ပြောနိုင်ပြီး သိပ်ကိုကံကောင်းလွန်းလို့နိုင်ခဲ့တာဖြစ်ပါတယ်။ အကယ်၍ ဖလိမ်းဂါးဒီးယမ်းသာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲမနေခဲ့ရင် သူနိုင်မှာမဟုတ်ဘူး။

ဖလိမ်းဂါးဒီးယမ်းကလည်း အရူးတစ်ယောက်လိုမျိုး ကိုယ့်ကိုယ်ကိုယ်ပြက်ရယ်ပြုတဲ့အနေနဲ့ ရယ်မောလိုက်မိတယ်။ မြူတန့်တစ်ယောက်ဖြစ်တာနဲ့အညီ ဒီဒဏ်ရာတွေက သူ့ကိုချက်ချင်းသေစေလောက်အောင် မဖြစ်နိုင်ပါဘူး။

"မင်းကိုယ်မင်း အောင်နိုင်သူကြီးလို့ ထင်နေပြီလား ဥစာကီ၊ လေတပ်က နောက်မိနစ်အနည်းငယ်ဆိုရင် ရောက်လာတော့မှာလေ။ ဟားဟားဟား...."

"ဘာ...." နဂိုကြေညာချက်ထုတ်ထားတဲ့အတိုင်းဆိုရင် အမေရိကန် ယိုကိုတာလေတပ်က နောက်နာရီအနည်းငယ်ကြာမှ ရောက်လာရမှာ။ ဒါပေမဲ့ ဖလိမ်းဂါးဒီးယမ်းကတော့ သိပ်ကိုသေချာတဲ့လေသံနဲ့ပြောနေတယ်။

"လွန်ခဲ့တဲ့နှစ်ကိုးဆယ်လောက်တုန်းက မင်းတို့ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲခဲ့တဲ့ဗျူဟာနဲ့အတူတူပဲ။ငါတို့က မင်းဝင်နှောင့်ယှက်မယ်ဆိုတာကိုသိလို့ စစ်ဆင်ရေးအချိန်ကို ပေါက်ကရလုပ်ခဲ့ရုံပဲ။"

ဥစာကီ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တယ်။ တကယ်ပဲ လေယာဥ်သံတွေကြားနေရပြီ။ ခေတ်မီတိုက်လေယာဥ်တွေက စစ်စခန်းကနေ နာဂါနိုကို တစ်ခဏလေးအတွင်း ရောက်ရှိလာနိုင်ပြီး စစ်ဆင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဖလိမ်းဂါးဒီးယမ်းပြောတာ မမှားနိုင်ဘူး။

"မင်းငါ့ကိုနိုင်ရင်တောင်မှ မင်းတပ်ဖွဲ့တွေက အတည်တကျမရှိသေးဘူး။ ငှက်ကြီးနဲ့တိုက်ပွဲကိုတားဖို့ မင်းကိုယ်တိုင်လည်းမတတ်စွမ်းဘူး။ မင်းရဲ့မြန်နှုန်းနဲ့ တိုက်လေယာဥ်တွေကို လိုက်ခုတ်ချချင်လို့လား။ အခြေခံအကျဆုံးတိုက်လောဥ်တွေကတောင် မင်းထက်မြန်တယ်။ မင်းမှာစွမ်းအားအပြည့်ရှိနေသေးရင်တောင် အကုန်လုံးကိုဖြတ်ချဖို့ မင်းမှာသက်လုံမရှိနိုင်ဘူး။"

လေယာဥ်တွေက တဖြည်းဖြည်းနီးလာပြီဖြစ်လို့ ဥစာကီတောင် မြင်နေရပြီ။ သိပ်ကိုမြန်းလွန်းတဲ့အတွက် အရိပ်တွေလိုပဲ။ သူတို့တွေက အခုပစ်မှတ်ကိုရှာဖွေအတည်ပြုဖို့ ကြိုးစားနေကြပါပြီ။ ဟီးရိုးအဖွဲ့သားတွေလည်း လေယာဥ်တွေရောက်လာပြီဖြစ်တဲ့အတွက် ဆက်တိုက်ရမလား၊ ဘာဆက်လုပ်ရမလဲ မသိကြတော့ဘူး။

ပြီးတော့ ဥစာကီကလည်း တိုက်ပွဲဝင်နိုင်တဲ့ စွမ်းအားမရှိတော့ပါဘူး။

....

တောင်ပေါ်မှာတော့ ငှက်ကြီးရဲ့တောင်ပံတွေအောက်မှာအိပ်နေတဲ့ မိရိုင်နဲ့ယုဆတို့က ဆူညံ့သံတွေကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ကြတယ်။ ကောင်းကင်ပေါ်က ဒါဇင်နဲ့ချီတဲ့အရိပ်မည်းတွေကြောင့် သူတို့လည်း ထိတ်လန့်ကုန်ကြပါပြီ။

"ဒါတွေက...."

ငှက်ကြီးကလည်း အန္တရာယ်ကို သတိထားမိကြတဲ့အလား ကောင်မလေးနှစ်ယောက်ကို အသာတွန်းဖယ်လိုက်ပြီး လှဲနေရာကနေ ထရပ်လိုက်တယ်။ နောက်တော့ သူ့မျက်လုံးတွေနဲ့ကောင်းကင်ပေါ်မှာ ရပ်တန့်ပြီး တိုက်ဖို့အမိန့်စောင့်နေတဲ့ အဆင့်မြင့်လေယာဥ်တွေကို ကြည့်ကာ ဟိန်းလိုက်တယ်။

ဒီလေယာဥ်တွေက ဂျက်နဲ့ဟယ်လီကော်ပရာပန်ကာတွေကို ပေါင်းစပ်ထားတဲ့ ခေတ်လွန်ယာဥ်တွေပါ။ ဂျက်တိုက်လေယာဥ်တွေလိုမျိုး မြန်မြန်ဆန်ဆန်သွားနိုင်သလို ဟယ်လီကော်ပတာတွေလိုမျိုး အနိမ့်အမြင့်ဘေးဘယ်ညာကို စိတ်ကြိုက်ထိန်းချုပ်လို့ရတယ်။ ပြီးတော့ တပ်ဆင်ထားတဲ့လက်နက်တွေက မြူတန့်သားရဲတွေကို တိုက်ခိုက်ဖို့အထူးဒီဇိုင်းဆွဲထားတာတွေဖြစ်ပါတယ်။

"ဂီး......." ဖီးနစ်ကြီးရဲ့အော်သံက A rank အဆင့် အသံမြူတန့်တစ်ယောက်ရဲ့ခွန်အားပြည့်အော်သံနဲ့တောင် တူနေသေးတယ်။ ယုဆတို့ကို ငှက်ကြီးက ကာကွယ်ပေးထားလို့ သူတို့အပေါ်မသက်ရောက်ပေမဲ့ တောင်ခြေမှာရှိနေတဲ့ ဒရုန်းဇုန်တို့တောင် မူးဝေမှုကို ခံစားလိုက်ကြရတယ်။

တကယ်လို့ ဒီနေရာမှာသာ ပြည်သူတွေရှိနေသေးရင် ဒီအော်သံနဲ့တင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ငှက်ကြီးက သူ့ကိုဝိုင်းထားတဲ့လေယာဥ်တွေကို စေ့စေ့ကြည့်ရင်း တိုက်ပွဲအတွက်ပြင်ဆင်တယ်။ သူ့နီစွေးစွေးအတောင်တွေက မီးတောက်တွေလိုမျိုး စတင်နီရဲလာပြီး အတောင်ကိုစခတ်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဧရာမဖီးနစ်ကြီး ကောင်းကင်ပေါ်မှာအသင့်ရောက်နေပါပြီ။

"ယူနစ်ဝမ်း... လေယာဥ်ပစ်သေနတ်တွေနဲ့ စမ်းပြီးပစ်မယ်။"

ပထမလေယာဥ်အုပ်က ငှက်ကြီးကိုလှည့်ပတ်ပျံပြီး လေယာဥ်တွေကိုတောင် တစ်စစီလုပ်ပစ်နိုင်တဲ့ စက်သေနတ်တွေနဲ့ ဝိုင်းပစ်ကြတယ်။ ငှက်ကြီးက စွမ်းအားကြီးပေမဲ့ သေးငယ်တဲ့ဒီလေယာဥ်တွေလောက်တော့ မမြန်ပါဘူး။ ဒါကြောင့် စပစ်ပစ်ချင်းမှာ လေယာဥ်တွေက အသာစီးရနေတယ်။

မိရိုင်က ကောင်းကင်ပေါ်က တိုက်ပွဲကိုကြည့်ရင်း စိုးရိမ်လာတယ်။ "ဆရာတော့ဒုက္ခပဲ... ပြီးတော့ ဒီလေယာဥ်တွေက ဘယ်ကနေရောက်လာတာလဲ။"

...

ဥစာကီလည်း ဓားကိုပြန်ကောက်ယူကာ ဖလိမ်းဂါးဒီးယမ်းကို ထားခဲ့ပြီးတော့ တိုက်ပွဲဖြစ်နေတဲ့ တောင်တန်းပေါ်ကို ဦးတည်ပြီး ဖြည်းဖြည်းချင်းလျှောက်လာတယ်။ တစ်ကိုယ်လုံးနာကျင်ပြီး ပင်ပန်းနေပေမဲ့လည်း အခုအချိန်မှာ သူ့ညီမလေးအန္တရာယ်ရှိနေနိုင်တယ်မဟုတ်လား။ စိတ်ကဆောင်နေတဲ့အတွက် ခန္ဓာကိုယ်ကို သူမေ့ထားလိုက်တယ်။

ဖလိမ်းဂါးဒီးယမ်းကတော့ ရယ်ရယ်မောမောနဲ့လှမ်းအော်ပြောတယ်။ အေးဂျင့်တချို့လည်း သူ့ဆီရောက်လာပြီး ကူညီပေးနေကြပါပြီ။

"ငါပြောမယ် ဥစာကီ၊ မင်းအဲဒီလေယာဥ်တွေကို ဘာမှလုပ်လို့မရတော့ဘူး။ အရှုံးပေးပြီး ကံကြမ္မာကို လက်ခံလိုက်တော့။"

ဥစာကီက လက်မလျှော့သေးဘဲ သူ့သိုင်းပညာနဲ့ လေယာဥ်တစ်စီးကို ဖျက်ဆီးဖို့ကြိုးစားကြည့်ပေမဲ့ ဓားအိမ်ထဲပြန်ထည့်ထားတဲ့ ဓားကိုတောင် သူဆွဲမထုတ်နိုင်တော့ဘူး။

ဥစာကီလည်း အဓိပ္ပါယ်မရှိတဲ့အလုပ်တွေကို လုပ်မနေတော့ဘဲ လေယာဥ်တွေကိုတိုက်ဖို့ကြိုးစားတာကို ရပ်လိုက်ကာ တောထဲပြေးဝင်သွားလိုက်တယ်။ မိရိုင်တို့တွေ တောထဲမှာရှိနေကြတုန်းပဲ။

"ယူနစ်ဝမ်းအယ်ဖာကနေ သတင်းပြန်ပို့နေပါတယ်။ စက်သေနတ်တွေက ထိရောက်မှုမရှိဘူး။ တိုက်ချင်းပစ်ဒုံးတွေသုံးခွင့်ပေးဖို့ တောင်းဆိုပါတယ်။"

"ခွင့်ပြုတယ်။"

အထက်လူကြီးအမိန့်ရတာနဲ့ လေယာဥ်တွေက ငှက်ကြီးကို ဒုံးတွေနဲ့စပစ်တယ်။ စက်သေနတ်တွေတုန်းက နည်းနည်းလေးမှမဖြုံပေမဲ့ ပေါက်ကွဲအားမြင့်တဲ့ ဒုံးဒါဇင်ပေါင်းများစွာ ထိမှန်ခြင်းခံရပြီးတဲ့နောက်တော့ ငှက်ကြီးဟာ ဒေါသထွက်လာပြီး မိုးပေါ်ကို တစ်ခါတည်းထိုးတက်သွားတယ်။ အခုတိုက်ပွဲက အမြင့်ပိုင်းတိုက်ပွဲဖြစ်သွားပါပြီ။ လေယာဥ်တွေကလည်း ငှက်ကြီးတက်တဲ့အမြင့်ထိ လိုက်တက်ဖို့ကြိုးစားကြပြီး နှစ်ဖွဲ့လုံးက မိုးတိမ်တောင်တွေရဲ့အထက်မှာ တိုက်ပွဲပြန်စကြတယ်။

ဥစာကီကတော့ တောထဲမှာပြေးနေဆဲပဲ။ ပစ်မှတ်လွဲခေါ်သွားတဲ့ ဒုံးတချို့က သူရှိနေတဲ့တောထဲကို ကျဆင်းလာပြီး ကြီးမားတဲ့ပေါက်ကွဲမှုတွေကို ဖြစ်ပေါ်လာစေတယ်။ ဒီပေါက်ကွဲမှုကြောင့် ဥစာကီလည်း ပိုစိုးရိမ်လာတယ်။

"မိရိုင်တို့အပေါ် ဒီလိုဒုံးတွေကျလာရင်သွားပြီ။"

ဘုန်း....။

သူစိတ်ပူစွာနဲ့ ပြေးလွှားနေတုန်း သူ့နားအူသွားပြီး သူ့ခန္ဓာကိုယ်က သစ်ရွက်လေးတစ်ခုလို လွင့်ထွက်သွားမှန်း ခံစားသိလိုက်ရတယ်။ သူနောက်တစ်ခါ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျိုးနေတဲ့သစ်ပင်တစ်ပင်ဘေးနားမှာ သူရောက်နေတာဖြစ်ပြီး သူ့ဘယ်လက်မှာ ဗုံးစတွေလာစိုက်နေတယ်။

"ငါ့ဘေးနားမှာဒုံးကျည်ပေါက်သွားတာလား... ဒီဒုံးတွေက အသံထက်မြန်တဲ့ဒုံးတွေများလား...."

ဥစာကီ ဓားကိုမြေမှာစိုက်ပြီးအားပြုရင်း ပြန်ထလိုက်တယ်။ သူ့ခန္ဓာကိုယ်အခြေအနေက တော်တော်ဆိုးတယ်။ ဘယ်ဖက်ခြေထောက်၊ဘယ်ဖက်လက်မောင်းနဲ့ ခါးမှာဗုံးစတွေရှိနေပြီး သွေးတွေအများကြီးစီးကျနေတယ်။ သူ့မျက်လုံးတစ်ဖက်ရဲ့အမြင်အာရုံကလည်း သွေးရောင်ပေါက်နေပြီ။ သစ်ပင်ကို ခန္ဓာကိုယ်နဲ့ဝင်တိုက်မိတုန်းက နံရိုးတချို့လည်း ကျိုးထားပုံပဲ။

"မြန်မြန်ဆက်သွားရမယ်...." ဥစာကီက လမ်းလျှောက်နေတဲ့ အသေကောင်လိုမျိုး ထော့နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ ရှေ့ဆက်သွားတယ်။ သူ့အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်တော့ဘူး။ ကံကောင်းစွာနဲ့ အဲဒီဒုံးကျည်က သူ့ဘေးခပ်လှမ်းလှမ်းမှာပေါက်ခဲ့တာဖြစ်ပြီး ဗုံးစတချို့သူ့ကိုယ်မှာ စိုက်ဝင်ပြီး အရှိန်နဲ့ လွင့်ပါလာရုံပါပဲ။ တကယ်လို့ ဒီထက်ပေအနည်းငယ်သာ ပိုနီးကပ်ခဲ့ရင် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ ပြတ်ထွက်သွားနိုင်တယ်။

"ခေါင်းဆောင်... ဒီမှာတင်ရပ်ပြီးတော့ ဆေးရုံမြန်မြန်သွားရအောင်၊ အန္တရာယ်သိပ်များတယ်။"

စက္ကန့်ပိုင်းလောက်ကြာတော့ သူ့နောက်ကနေပြေးလိုက်လာတဲ့ ဒရုန်းဇုန်လည်း လိုက်မီလာပြီးဥစာကီကို တစ်ဖက်ကနေ တွဲပေးလိုက်တယ်။

"မရသေးဘူး... မိရိုင်တို့ကို ပြန်ခေါ်ရဦးမယ်...." ဥစာကီရဲ့စိတ်ကို အလွယ်တကူပြောင်းဖို့မဖြစ်နိုင်မှန်းသိနေတဲ့ ဒရုန်းဇုန်လည်း ငြင်းမနေတော့ဘူး။

"ဒါဆိုလည်း အတူဆက်သွားရအောင်။"

...

ကောင်းကင်ပေါ်မှာတော့ ငှက်ကြီးက မီးတန်းကြီးတစ်ခုကိုမှုတ်ထုတ်ရင်း လေယာဥ်ခြောက်စင်းကျော်ကို တစ်ခါတည်းဖျက်ဆီးပစ်လိုက်တယ်။ လေထုအနိမ့်ပိုင်းမှာတုန်းက မိရိုင်တို့ထိခိုက်မှာစိုးရိမ်တာကြောင့် အားကုန်ထုတ်မတိုက်ခဲ့တာဖြစ်ပြီး အမြင့်ပိုင်းမှာကတော့ သူ့စိတ်ကြိုက်စစ်မြေပြင်ဖြစ်လာပါတယ်။

အခြေအနေမကောင်းတာကြောင့် လေယာဥ်အုပ်ခေါင်းဆောင်လည်း ဌာနချုပ်ကို အကူအညီတောင်းနေပြီ။

"ယူနစ်ဝမ်းကျည်ကုန်တော့မယ်... ကျေးဇူးပြုပြီး ယူနစ်သရီးနဲ့တူးကို ကျွန်တော်တို့နေရာမှာအစားဝင်ခိုင်းပါ။"

နောက်တော့ တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ငှက်ကြီးက လေယာဥ်တွေကို ဆက်တိုက်ပစ်ချနေပေမဲ့ တိုက်လေယာဥ်တွေက ထပ်ရောက်လာစမြဲ။ အမေရိကန်လေတပ်က ငှက်ကြီးကို မရအရသတ်ပြဖို့စီစဥ်ပြီးပုံပဲ။ ယိုကိုတာလေတပ်စခန်းက လေယာဥ်တွေနဲ့တင်လောက်မယ့်ပုံမပေါ်တော့ တခြားဂျပန်အခြေစိုက်လေတပ်စခန်းတွေဖြစ်တဲ့ မီဆာဝါနဲ့ကာဒဲနစခန်းတွေက လေယာဥ်တွေပါ ဆက်တိုက်ရောက်လာနေတယ်။

တိုက်ပွဲစဖြစ်တာ ဆယ့်ငါးမိနစ်မကြာသေးခင်မှာပဲ အမေရိကန်ဘက်က လေယာဥ်အစီးနှစ်ဆယ်ပျက်စီးသွားပြီး လေထဲမှာ တိုက်ပွဲဝင်နေတဲ့လေယာဥ်ကလည်း ခြောက်ဆယ်နီးပါးရှိနေပြီ။

လေယာဥ်အပျက်အစီးနဲ့ပစ်မှတ်မထိတဲ့ဒုံးတွေက နာဂါနိုမြို့ပေါ်ကို တစ်ခုပြီးတစ်ခုပြုတ်ကျနေပြီး မြို့ကြီးဟာ မီးဟုန်းဟုန်းတောက်လောင်နေခဲ့ပြီ။

အဲဒီအချိန်မှာပဲ အိမ်ဖော်ဝတ်စုံဝတ်ထားတဲ့ အသားညိုညိုနဲ့ မိန်းကလေးတစ်ယောက်က မီးလောင်နေတဲ့မြို့ထဲကို လမ်းလျှောက်ဝင်လာပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။

"ကဲ... ငါဝင်ပါရတော့မလား။" ငှက်ကြီးက စွမ်းအားကြီးတယ်ဆိုပေမဲ့ လေယာဥ်တွေကို အချိန်တိုအတွင်းဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ ဒီတော့ တိုက်ပွဲမြန်မြန်ပြီးအောင် ဘေးကကူပေးမယ့်လူ လိုသေးတယ်မဟုတ်လား။

All Chapters