အင်္ဂလိပ်စာဖြင့် ရေးသားထားသော အာကာသယာဉ်
Vol. 43 Ch. 585
“ ခင်ဗျားမှာ ပြောစရာ ကျန်နေသေးလို့လား ”
မိုဝူကျီက မထူးမခြားနား ပြောလိုက်သည်။ မိုဝူကျီက ဤသို့မျိုး ဉာဏ်များတတ်သည့် ဝိညာဉ်နှင့် ရင်ဆိုင်သည့်အခါ သေခြင်းနှင့် မရင်ဆိုင်ရမချင်း သူ့ဆီမျ အစစ်အမှန် တန်ဖိုးကို ရရှိရန် ခက်ခဲလှပေ၏။
ထိုလူက သူ့ဝိညာဉ်လေ့ကျင့်ရေး ပညာရပ်ကို ထပ်လျို့ဝှက်ထား၍ မရတော့မှန်း သိ၍သာ ဖော်ပြလိုက်ခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သူ့အား မိတ်ဆက်အကြောင်းလေးမျှသာ ဖော်ပြထားသည်။
“ တာအိုရောင်းရင်း ကျုပ်သာ မမှားရင် တာအိုရောင်းရင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲက ကျလာတာမလား ။ ယင်မြေအောက်ကမ္ဘာ ဝဲကတော့ထဲတောင် ရောက်သွားတယ်မလား။ ခင်ဗျား အသက်ဆက်ရှင်နေတဲ့ အကြောင်းအရင်းက အာကာသ တည်နေရာအက်ကြောင်းထဲ ဝင်မိလို့ပဲ ....
အာကာသ အက်ကြောင်းထဲ ဝင်မိတဲ့ သူတိုင်း အင်မော်တယ်လောကဆီ ပြန်ရောက်ဖို့ တော်တော် ခက်ခဲကြတယ်။ ကျုပ် ကျူးလိုင်က ဝိညာဉ်လေးပဲ ဖြစ်နေပေမဲ့ နေရာမျိုးစုံ ရောက်ဖူးပါတယ်။ ကျုပ် ဝိညာဉ် ရုပ်လုံးပေါ်လာရင် အင်မော်တယ်လောကကို ပြန်နိုင်မဲ့ လမ်းကြောင်းကို ရှာဖွေပေးနိုင်တယ် ” ကျူးလိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ကျူးလိုင် လေသံကို ကြားသောအခါ မိုဝူကျီက ထိုလူမှာ ညှိနှိုင်းရန် ကြိုးစားနေကြောင်း သိလိုက်သည်။ ထိုကျူးလိုင်က စကားပြောခွင့်ပင် မရဘဲ သေဆုံးသွားမည်ကို စိုးရိမ်မိနေခြင်းသာ ဖြစ်၏။ မိုဝူကျီက ကျူးလိုင်၏ ပထမတောင်းပန်မှုမှာ မိုဝူကျီ သတိလျော့ကျနေစေရန် ဟန်ဆောင်သည့် အပြုအမူတစ်ခုများလားဟု သံသယဝင်လာမိသည်။
မိုဝူကျိက ကျောက်စိမ်းပေလွှာကို ထုတ်ကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်
“ အဲဆို အင်မော်တယ်လောက ပြန်ရောက်နိုင်မဲ့ နည်းလမ်းကို ပြော .... ဒီဝိညာဉ်လေ့ကျင့်ရေး ပညာရပ်ကို ပြီးအောင်ရေး ”
ကျူးလိုင်က မတုန်မလှုပ်ဖြင့်
“ တာအိုရောင်းရင်း ကျုပ်တို့တွေ အခြေအနေကို မဆွေးနွေးရသေးဘူးလေ။ ကျုပ် ကျုးလိုင်က အသက်လေးပဲ ချမ်းသာရာ ရချင်တာပါ။ တကယ်လို့ ကျုပ်ဝိညာဉ်ပေါ်မှာ စိတ်ဝိညာဉ် အမှတ်အသား ထားချင်ရင်လည်း ရတယ်နော် ”
စိတ်ဝိညာဉ် အမှတ်အသားထားလိုက်သည်နှင့် သူ့အသက်ကို မိုဝူကျီလက်ထဲ ထည့်ပေးလိုက်သလို ဖြစ်လိမ့်မည်။ မိုဝူကျီက အတွေးတစ်ချက်ဖြင့် သူ့အား သတ်ပစ်နိုင်သည်။ ကျင့်ကြံခြင်းလောက၌ ချန်စယ်အပေါ် စိတ်ဝိညာဉ် အမှတ်အသားထားလိုက်သောကြောင့် သူက မိုဝူကျီ၏ အစေခံ ဖြစ်လာခြင်း ဖြစ်ပေသည်။
သို့သော်လည်း သူက ချန်စယ်ကို ယုံကြည်သော်လည်း ကျူးလိုင်ကိုတော့ သေချာပေါက် မယုံပေ။ ထိုလူ၏ နှလုံးသားမှာ နက်ရှိုင်းလွန်းကာ ကြောက်ဖို့ကောင်းပြီး ချိန်ကိုက်ဗုံးသဖွယ် ဖြစ်နေ၏။ ယခု သူ့ထာဝရ ကမ္ဘာထဲ ရောက်နေကြသည့်အတွက် ဘာမှ မဖြစ်သေးသော်လည်း သူတို့ ထာဝရ ကမ္ဘာထဲမှ ထွက်သွားလိုက်သည်နှင့် သူ့ဉာဏ်များမှုက ထိုသူအပေါ် မကျော်လွန်နိုင်မည်ကို စိုးရိမ်ရသည်။
တခြားလူများ၏ စိတ်ဝိညာဉ် အမှတ်အသားမှာ လူတစ်ယောက်၏ ဝိညာဉ်ကို ထိန်းချုပ်နိုင်ကြသော်လည်း ဤကျူးလိုင်၏ စိတ်ဝိညာဉ်အမှတ်အသားမှာ မယုံကြည်ရပေ။ ဤလူမှာ ဝိညာဉ်လေ့ကျင့်ရေး ပညာရပ်ရှိသည့် ပညာရှင်ဖြစ်ကာ သူ့စိတ်ဝိညာဉ်အမှတ်အသားကို ယုံကြည်ရမှသာ ထူးဆန်းနေပေလိမ့်မည်။
ထိုလူက သူ့ထာဝရ ကမ္ဘာထဲ ရှိနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ သူ့ဟုန်မုန့်စွမ်းအင် အကြောင်းကိုလည်း သေချာပေါက် သိထားပေလိမ့်မည်။ သူ့ကို အနီးခေါ်ထားခြင်းက အလွန်အန္တရာယ်များလှပေသည်။
မိုဝူကျီက ပညာရှင်နှလုံးသား မီးတောက်ကို ပစ်လွှတ်ကာ “ ကျုပ်ဆီမှာ ခင်ဗျားနဲ့ ညှိနှိုင်းဖို့ အတွေးမရှိဘူး ”
“ ဖျောက်” ဟူသော အသံနှင့်အတူ ဝိညာဉ် လောင်ကျွမ်းသွားသံကို ကြားလိုက်ရသည်။ ကျူးလိုင်က နာကျင်စွာ အော်ငြီးရင်း
“ကျုပ်ကို သတ်လို့ မဖြစ်ဘူး။ ခင်ဗျား နောင်တရလိမ့်မယ် ... ကျုပ် နောက်ထပ် လော့ကျမ်းစာရွက်တွေ ဘယ်နေရာမှာလဲဆိုတာ သိထားတယ်”
မိုဝူကျီက ထိုစကားများကြားသောအခါ သူ့သတ်ဖြတ်လိုစိတ်မှာ ပို၍ ကြီးမားလာသည်။ ဤလူမှာ အများကြီး သိလွန်းနေပေ၏။ အကယ်၍ ဤလူသာ လော့ကျမ်းစာအုပ်ကြောင်း သိနေခြင်းမှာ သူက အာကာသ အက်ကြောင်းမှ ဘေးကင်းကင်း ထွက်သွားစေနိုင်ဖို့ရာ အသုံးပြုခဲ့ရ၍ ဖြစ်သည်။ ထိုအချိန်က သူကိုယ်တိုင်ပင် လမ်းပျောက်ကာ မည်သို့ဖြစ်မည်မှန်း မသိခဲ့ပေ။
“ ဂျွတ် ” လောင်ကျွမ်းသံနောက်တွင် ဝိညာဉ် အက်ကွဲသံများက အဆုံးသတ်သွားလေ၏။
ပညာရှင်နှလုံးသား၏ အင်အားဖြင့် ကျူးလိုင်၏ ဝိညာဉ်မှာ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။
ကျူးလိုင်၏ ဝိညာဉ် ပျောက်ကွယ်သွားသည်နှင့် သူက နောင်တတရားကိုသာ ခံစားလိုက်ရသည်။ လက်တွေ့၌ မိုဝူကျီ၏ မှန်းဆချက်မှာ မမှားယွင်းပေ။ သူ့ထာဝရ ကမ္ဘာထဲသို့ ပို့ထားပြီးနောက် ကျူးလိုင်မှာ တကယ် မကြောက်ပေ။ ထို့အစား သူက အံ့ဩသွားမိခြင်းသာ ဖြစ်ပေသည်။ မိုဝူကျီက ဤမျှချမ်းသာကြွယ်ဝလိမ့်မည်ဟု မထင်ထားပေ။
ထာဝရ ကမ္ဘာထဲ၌ ဘယ်အရာများကို မြင်လိုက်ရတာလဲ .....
မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်၊ နှစ်သန်းတစ်ထောင် သက်တမ်းရှိ သစ်သားအဆီအနှစ်အပြင် တော်ဝင်တုတ်ပါ ရှိနေသေး၏။
ထိုအရာများမှာ များများစားစား မဟုတ်သေးပေ။ ကျူးလိုင်ကို တုန်လှုပ်တကြီး ဖြစ်သွားစေသည့်အရာမှာ မိုဝူကျီ၏ ထာဝရ ကမ္ဘာကို ခံစားမိလိုက်စဉ် ဖြစ်၏။ ရွမ်ရှန်းအဆင့်မျှဖြင့် သူ့ကိုယ်ပိုင်ကမ္ဘာ ဖန်တီးနိုင်ခြင်းမှာ သူ့ကျင့်စဉ်က မည်မျှ အံ့ဩဖို့ကောင်းလိုက်မည်နည်း။
ထို့အပြင် ဤကမ္ဘာမှာ မြေဓာတ် သဘာဝအမြုတေနှင့် သတ္တုဓာတ် သဘာဝ အမြုတေတို့ဖြင့် ပေါင်းစပ်ပြီးသား ဖြစ်ပေသည်။
တကယ်တော့ ထိုအရာမှာ ရင်သပ်ရှုမောဖွယ်တော့ မဟုတ်သေးပေ။ ကျူးလိုင်၏ နှလုံးသွေးများ ဆူပွက်လာစေသည်မှာ ဟုန်မုန့်စွမ်းအင် ဖြစ်၏။ သူက ထိုသို့မျိုးအရာတစ်ခုအတွက် အသက်ကို စတေးမည် ဖြစ်သော်လည်း ပစ္စည်းကောင်းများအားလုံးက တစ်နေရာတည်း လာစုပြုံနေလေ၏။ မိုဝူကျီက ထာဝရ ကမ္ဘာကို မည်သို့ ထိန်းချုပ်ထားကြောင်း ပြောနေဖို့ မလိုပေ။ ထာဝရ ကမ္ဘာက မိုဝူကျီ၏ ထိန်းချုပ်မှုအောက် မဟုတ်လျှင်ပင် သူက မိုဝူကျီနှင့် နီးကပ်ရန် နည်းလမ်းရှာဖွေမိမည် ဖြစ်၏။
သူ့အမြင်၌ မိုဝူကျီမှာ ရွမ်ရှန်းအဆင့်မျှသာ ဖြစ်၏။ မိုဝူကျီတွင် ရှိနေသော အသိဉာဏ်လေးမှာ ကြည့်ဖို့ပင် မတန်ပေ။ သူ့အတွက် ထိုပစ္စည်းများအားလုံး သယ်ယူသွားနိုင်မည့် အချိန်ကျရောက်လာသည့်အခါ မိုဝူကျီက သူ့ကို ကူသယ်ပေးဦးမည် ဖြစ်၏။
သို့သော်လည်း ထိုအတွေးများမှာ ပျောက်ကွယ်သွားလေပြီ။ မိုဝူကျီက ဆုံးဖြတ်ချက် ပြတ်သားလိမ့်မည်ဟု မထင်ထားပေ။ ဝိညာဉ်လေ့ကျင့်ရေး ပညာရပ်ကိုပင် ဂရုမစိုက်ဘဲ သူ့အား ဖျက်စီးပစ်ခဲ့သည်။
ကျူးလိုင်၏ ဝိညာဉ် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားမှ မိုဝူကျီက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ ကျူးလိုင်၏ မှတ်ဉာဏ်ထဲ၌ ကိစ္စများစွာ ရှိနေသေးသော်လည်း သူသာ အချိန်ပေး၍ အတင်းကျပ်လုပ်မည်ဆိုလျှင် အားလုံး ထုတ်ဖော်ပြောလိမ့်မည်။ သို့သော်လည်း သူက ထိုသို့ မလုပ်ချင်ပေ။ သူ့တွင် ဖြေရှင်းစရာ ကိစ္စများစွာ ရှိနေသေးသည့်အပြင် ကျင့်ကြံရဦးမည် ဖြစ်၏။ ကလိမ်ကျတတ်သည့် ဝိညာဉ်အပေါ် အဘယ်ကြောင့် အချိန်ပေးနေရမည်နည်း။
ကျူးလိုင်ကို ဖျက်စီးပစ်ပြီးနောက် မိုဝူကျီက ထာဝရ ကမ္ဘာမှ ထွက်ကာ လွန်းပျံယာဉ်ဆီ ပြန်သွားလိုက်သည်။ ယခု သူ လုပ်ချင်သည့်အရာမှာ စုန်းမျိုးဆက်မှ ချန်ရစ်ထားသော ရှေးဟောင်းစာလိပ်နှစ်ခုကို လေ့လာကြည့်လိုခြင်း ဖြစ်ပေသည်။
မိုဝူကျီက စာလိပ်နှစ်လိပ်လုံးကို ထုတ်ယူလိုက်သည်။ ထိုနှစ်ခုလုံးမှာ ဇစ်မြစ်အတူတူ ဖြစ်၏။ ဟုန်ကွမ်း၏ စာလိပ်မှာ ခန္ဓာကျင့်စဉ် မဟုတ်ဘဲ အင်အားတိုးပွားလာစေသည့် နည်းစနစ်တမျိုးသာ ဖြစ်ပြီး စာလိပ်မှာ ပျက်စီးနေကာ မပြည့်စုံချေ။
တစ်ဖက်တွင် ဖန်ကျယ်ပေးလိုက်သည့် စာလိပ်မှာ စုန်းမျိုးဆက်၏ ခန္ဓာကျင့်စဉ် အမှန် ဖြစ်၏။ ခန္ဓာကျင့်စဉ်မှာ ခွန်အား တိုးပွားရေး နည်းလမ်းနှင့် လိုက်ဖက်မှု ရှိပေသည်။
အကယ်၍ ကျူးလိုင်၏ ဝိညာဉ်ကျင့်စဉ်ကို ထိပ်တန်းပညာရပ်အဖြစ် ယူဆလျှင် စုန်းမျိုးနွယ်၏ အမွေအနှစ်ဖြစ်သည့် ခန္ဓာကျင့်စဉ်ကိုလည်း ထိပ်တန်းအဖြစ် မှတ်ယူ၍ ရပေသည်။ မိုဝူကျီက မကျင့်ကြံကြည့်ရသေးသော်လည်း ခန္ဓာကျင့်စဉ်မှာ မရိုးရှင်းကြောင်း ခံစားမိနေသည်။
ခန္ဓာကျင့်စဉ် အမွေအနှစ်မှာ သေသေချာချာ ဂရုတစိုက်ဖြင့် ဖန်တီးထားခြင်းသာ ဖြစ်ရမည်။ သို့သော်လည်း မိုဝူကျီအတွက် အပြည့်အဝတော့ မသင့်တော်ချေ။ မိုဝူကျီက သူ့ချီသွေးကြော ကျင့်စဉ်အရ ဤခန္ဓာကျင့်စဉ်ကို မွမ်းမံကြည့်ရန် ဆုံးဖြတ်လိုက်သည်။
...............…
အာကာသထဲတွင် ဖြစ်စေ၊ ကျင့်ကြံခြင်း၌ ဖြစ်စေ အချိန်ကုန်ဆုံးမှုကား မြန်ဆန်လှပေသည်။
မိုဝူကျီက သူ ကျင့်ကြံလိုက်လျှင် အချိန်တိုလေးအတွင်း သူ့အနေဖြင့် အဆင့်တက်ရန် ခက်ခဲကြောင်း သိထား၏။ ထို့ကြောင့် စုန်းမျိုးနွယ်၏ ခန္ဓာကျင့်စဉ်ကို ရရှိပြီးနောက် ကျင့်စဉ် ပြန်လည်ပြုပြင်ခြင်း၌သာ အာရုံနှစ်ထားလိုက်တော့သည်။ သူ့အတွေ့အကြုံမှာ ကန့်သတ်ချက်ရှိ၍ သူ ပြုလုပ်လိုက်သည့် လေ့လာမှုများဖြင့် သူက လမ်းကြောင်းငယ် လှည့်ပတ်မှုအား စမ်းသပ်ကြည့်လိုက်သည်။
နှစ်များစွာက မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားလေ၏။ အကယ်၍ သူ့လွန်းပျံယာဉ်သာ တုန်ခါမသွားခဲ့လျှင် မိုဝူကျီက ခန္ဓာကျင့်စဉ်ကို ပြီးပြည့်စုံစေဖို့ရာ၌ အာရုံစိုက်ထားမည် ဖြစ်၏။
မိုဝူကျီက သူ့လွန်းပျံယာဉ်ရှေ့၌ အစီအရင် ခင်းကျင်းထားလေရာ တစ်ယောက်ယောက်က မတိုက်ခိုက်သရွေ့ အတားအဆီးများကို အလိုလို ရှောင်ကွင်းကာ သူ့လမ်းကြောင်းအတိုင်း သွားလာနိုင်လိမ့်မည်။
ယခု သူ့လွန်းပျံယာဉ်ကို ထိသွားပြီ ဖြစ်ရာ သေချာပေါက် တိုက်ခိုက်ခြင်း ဖြစ်၏။
မိုဝူကျီက လွန်းပျံယာဉ်ရှေ့ ဒေါသတကြီး ရောက်လာသည်။ သူ့လွန်းပျံယာဉ်မှာ ကိုယ့်ကိစ္စကို လုပ်နေခြင်းသာ ဖြစ်ရာ တစ်ယောက်ယောက်ကို စိတ်အနှောင့်အယှက် ပေးမိဖို့ရာ မဖြစ်နိုင်ချေ။ သို့သော် ယခု၌ တစ်ယောက်ယောက်က သူ့လွန်းပျံယာဉ်ကို တိုက်ခိုက်လိုက်ပေသည်။
မိုဝူကျီက စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ သင်္ဘောပျံ နှစ်စင်းကို မြင်လိုက်ရသည်။ မဟုတ်သေးဘူး အတိအကျ ပြောရမည်ဆိုလျှင် လုံးဝ ခြားနားနေသည့် သင်္ဘောပျံ နှစ်စင်း ဖြစ်၏။
သင်္ဘောပျံ တစ်စင်းမှာ သူ့ကဲ့သို့ မှော်ရတနာအမျိုးအစား ဖြစ်ပြီး မှော်ရတနာသာ ဖြစ်နေပါက ဘာဆိုဘာမှ မဟုတ်ပေ။ သို့သော် သူ့အား အံ့အားသင့်သွားစေသည်မှာ ထိုသင်္ဘောပျံ၏ အဆင့်မှာ အလွန်မြင့်မားနေခြင်း ဖြစ်၏။ သူ့လွန်းပျံယာဉ်ထက်ပင် ပို၍ အဆင့်မြင့်နေသေးသည်။ တခြားနည်းဖြင့်ဆိုရလျှင် တစ်ဖက်လူက သူ့ရန်သူ ဖြစ်နေလျှင် သူ့အဆင့် ၇ လွန်းပျံယာဉ်လေးဖြင့် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
နောက်သင်္ဘောပျံ တစ်စင်းမှာ နည်းပညာအရ ထုတ်လုပ်ထားသော အာကာသယာဉ်ပျံ ဖြစ်၏။ မိုဝူကျီကို ကြောင်အသွားစေသည်မှာ ထိုအာကာသယာဉ်ပျံ အပေါ်၌ ရင်းနှီးသောစာလုံးများကို မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
“UNIONYF07 ”
YF07 မှာ ကိစ္စမရှိပေ။ အဓိကအချက်မှာ ရှေ့တွင် ရှိနေသော “UNION” ဟူသော စာလုံး ဖြစ်၏။
မိုဝူကျီက ကမ္ဘာမြေတွင် မည်သို့ ဖြစ်နေမည်မှန်း မသိသော်လည်း ဤအာကာသ ယာဉ်ပျံမျာ ကမ္ဘာမြေက ဖြစ်ကြောင်း သေချာနေသည်။
သို့သော်လည်း စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ပြီးနောက် ရှင်သန်နေသည့် လူအရိပ်အယောင် မရှိကြောင်း သိလိုက်ရသည်။ အတွင်းပိုင်း၌ ရှုပ်ယှက်ခတ်နေပြီး တစ်ခုခု ကျူးကျော်လာပုံ ရကာ တိုက်ပွဲဖြစ်ပွားခဲ့ဟန် ပေါ်၏။
ကမ္ဘာမြေပေါ်မှ အာကာသယာဉ်ပျံကို မြင်လိုက်ရကာ သက်ရှိ အရိပ်အယောင် မရှိသော်လည်း မိုဝူကျီက စိတ်လှုပ်ရှားမိဆဲ ဖြစ်သည်။ သို့သော်လည်း သူက ထိုအာကာသယာဉ်ပျံကို စစ်ဆေးနေရန် အချိန်မရှိပေ။ ထို့အစား သူ့ဆီ ချည်းကပ်လာနေသည့် အင်မော်တယ် သင်္ဘောပျံကို ကြည့်လိုက်သည်။
သူ့လွန်းပျံယာဉ်ကို တိုက်ခိုက်လာသူမှာ အင်မော်တယ် သင်္ဘောပျံ ဖြစ်ကြောင်း သေချာသိ၏။
မှုန်မှိုင်းမှိုင်း အမူအယာရှိသည့် ရွှေရောင်ဝတ်ရုံနှင့် လူငယ်က သင်္ဘောပျံမှ ထွက်လာကာ မိုဝူကျီအား ကြည့်လိုက်သည်။
ထိုလူကို တစ်ချက်ကြည့်ရုံဖြင့် ထိုလူမှာ အင်မော်တယ်ဘုရင်အဆင့် သို့မဟုတ် အင်မော်တယ် အုပ်စိုးသူအဆင့်ထိ ဖြစ်နိုင်ကြောင်း ခံစားမိလိုက်၏။
မိုဝူကျီက အသက်ပြင်းပြင်းရှုကာ ဓားမော့ကို ထုတ်လိုက်သည်။ မျှော်မှန်းထားသည်နှင့် ကွဲလွဲစွာ မိုဝူကျီက တကယ် မကြောက်ပေ။ ဤအင်မော်တယ်ဘုရင်၏ ကျင့်ကြံဆင့်မှာ ချိုးနှိမ်ထားပြီး ကျင်းရှန်းအဆင့်မျှသာ ရှိပေသည်။
သို့သော်လည်း မိုဝူကျီက ထိုအင်မော်တယ်ဘုရင်၏ ကျင့်ကြံဆင့်ကို ပိုအားကောင်းသော ကျင့်ကြံသူမှ ချိုးနှိမ်ထားခြင်း မဟုတ်ဘဲ သူ့ဘာသာ ချိုးနှိမ်ထားခြင်း ဖြစ်လိမ့်မည်ဟု ခံစားမိ၏။
မိုဝူကျီကို အနည်းငယ် စိတ်သက်သာရာ ရသွားစေသည်။ ဆိုလိုသည်မှာ သူ့ချီသွေးကြော ကျင့်စဉ်၌ မိုးမြေ ဖိအားများကို မခံစားရခြင်း ဖြစ်နေသည် မဟုတ်ပါလော။ သူ့ချီသွေးကြော ၁၀၈ ခုလုံး သို့မဟုတ် သူ့ထာဝရ ကမ္ဘာ တို့ကြောင့် ဖြစ်ပေလိမ့်မည်။ သူ့ချီသွေးကြောများက သူ့ခန္ဓာအတွင်း မိုးမြေ လှည့်ပတ်ခြင်းကို ဖြစ်ပေါ်စေပြီး သူ့ထာဝရ ကမ္ဘာမှာ ကိုယ်ပိုင်မိုးမြေ သီးခြားတစ်ခု ဖြစ်ပေ၏။
“ မင်းက ဘယ်သူလဲ ” ရွှေရောင်ဝတ်ရုံနှင့် လူငယ်က မိုဝူကျီအား ခြုံငုံကြည့်ကာ ခပ်လေးလေး မေးလိုက်သည်။ မိုဝူကျီ လက်ထဲမှ ဓားမော့ကို သူက မျက်လုံးထဲပင် မထည့်ပေ။
မိုဝူကျီက အေးဆေးစွာ ပြန်ပြောလိုက်သည်
“ ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ကျုပ်က တစ်နေရာရာကို သွားနေပြီးတော့ ဒီက ဆရာကိုလည်း ဘာမှ မလုပ်မိပါဘူး။ ဒါပေမဲ့ ကျုပ်ကို အကြောင်းပြချက်မရှိ တိုက်ခိုက်တာက ရမ်းကားလွန်းမနေဘူးလား ... ဒီက ဆရာအနေနဲ့ ဖြေရှင်းချက်လေး ပေးပါဦး ”
ထိုရွှေရောင်ဝတ်ရုံနှင့် လူငယ်လေးက သူ့အား တိုက်ခိုက်သော်လည်း မိုဝူကျီက အာကာသယာဉ်ပျံ ကိစ္စမှာ ဤလူနှင့် မသက်ဆိုင်ကြောင်း သိထား၏။
ဤသို့မျိုး အဆင့်မြင့် ကျင့်ကြံသူက သာမာန်သေမျိုးများနှင့် တိုက်ခိုက်မည် မဟုတ်ပေ။ အကယ်၍ ဤလူက အာကာသယာဉ်ပျံကို ဖျက်စီးချင်လျှင် သူ့၌ နည်းလမ်းများစွာ ရှိပေ၏။
“ ဟားဟား ” ရွှေရောင်ဝတ်ရုံနှင့် လူငယ်က အားရပါးရ ရယ်မောလိုက်ပြီး
“ကျုပ် ကျင်းယီရန် မေးခွန်းထုတ်ခံရတာ ပထမဆုံးပဲ ...ပြီးတော့ အမှိုက်သရိုက် ပါးမွှားလေးဆီက .... ”
မိုဝူကျီက ပြန်လည်ချေပလိုက်သည် “ တကယ်လို့ ကျုပ်က အမှိုက်ဆိုရင် ခင်ဗျားလည်း ပိုသာမနေပါဘူး ”
မိုဝူကျီ၏ အမြင်အရ သူတို့နှစ်ယောက်လုံးမှာ အင်မော်တယ်လောကမှ ဖြစ်ပြီး မည်သူကမှ တခြားလူထက် နိမ့်ကျမနေပေ။
ကျင်းယီရန်က မထူးမခြားနား ပြန်ပြောလိုက်၏
“ မင်းကိုယ်မင်း အင်မော်တယ်လောက က ဆိုပြီး အမှိုက်မဟုတ်ဘူးလို့ တွေးနေတာမလား .... ပါမွှားက ပါမွှားပဲ ။ မင်းရဲ့ ကောင်းကင်က မင်းရဲ့ ရေတွင်းဝလို ဖြစ်နေမှာပဲ ”