မီးနီကျောက် ၁၁ ခု
Vol. 43 Ch. 586
ကျင်းယီရန်က ထိုစကားများ ပြောလိုက်ပြီးနောက် မိုဝူကျီက ရေတွင်းထဲ၌ နေနေသော ဖားသူငယ်ပမာ ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။ ကျင့်ကြံဆင့်ကို သိသာစွာ နှိမ့်ထားသော ကျင်းယီရန်က ယခုက အင်အားနှင့် ကျင့်ကြံဆင့်တို့မှာ လျင်မြန်စွာ မြင့်တက်လာသည်။ မကြာခင် ကျင်းယီရန်က အစောပိုင်း ကျင်းရှန်းအဆင့် ကျင့်ကြံသူ အဆင့်မှ နောက်ဆုံးအထိ ရောက်ရှိသွားပြီးနောက် ရွမ်ရှန်း အဆင့်အထိ တက်လှမ်းသွား၏။
မိုဝူကျီ စိတ်ထဲ လေးလံသွားကာ ထွက်ပြေးဖို့ရာ ပြင်ဆင်လိုက်သည်။ ထိုလူက သူ့ကျင့်ကြံဆင့် အပြည့်အဝ ပြန်မရသေးသော်လည်း မဟာယီရှန်း အဆင့်ထိ ရောက်ရှိသွားလျှင်ပင် သူ့အနေနှင့် အသတ်ခံရဖွယ်ကိန်း ရှိ၏။
မဟာယီရှန်း အဆင့်ထိ ချိုးနှိမ်ထားသော အင်မော်တယ် အုပ်စိုးသူ တစ်ယောက်နှင့် မဟာယီရှန်း အဆင့်ကို ရောက်ရှိလာစ ဖြစ်သော ကျင့်ကြံသူတို့မှာ မတူညီကြပေ။
သတ်ဖြတ်ငွေ့များက မိုဝူကျီကို ပိတ်လှောင်ထားသောကြောင့် မိုဝူကျီက သူ့လွန်းပြန်ယာဉ်ကိုသာ သိမ်းဆည်းထားလိုက်သည်။ သူ့လွန်းပြန်ယာဉ်မှာ ထိုသူ့ရှေ့၌ လုံးဝ အသုံးမဝင်ချေ။ ကံကောင်းသည်မှာ သူ့၌ ရွှေ့ပြောင်းစွမ်းရည်နှင့် လေလွတ်မြောက်ရေး နည်းစနစ်တို့ ရှိနေသေးသည် မဟုတ်ပါလော။
ကျင်းယီရန်က မိုးမြေ ဖိအားကို မခံရဘဲ ရွမ်ရှန်းအဆင့်အထိ ပြသနိုင်ခြင်းကို မိုဝူကျီက နည်းနည်းလေးမျှ မအံ့ဩမိပေ။ စကြဝဠာကြီးမှာ ကြီးမား ကျယ်ပြန့်လွန်းရာ သူ မိုဝူကျီပင် ဤသို့ လုပ်နိုင်မှတော့ တခြားသူလည်း လုပ်နိုင်သူ ရှိပေလိမ့်မည် မဟုတ်လော။
မိုဝူကျီက တစ်ဖက်လူ၏ သတ်ဖြတ်ငွေ့များက သူ့အား ပိတ်လှောင်ထားကြောင်း သိလိုက်၍ ထွက်ပြေးခွင့်မရှိဘဲ အခွင့်အရေးကောင်းကိုသာ စောင့်ရုံ တတ်နိုင်တော့သည်။ တစ်ဖက်လူ တိုက်ခိုက်သည်နှင့် သေချာပေါက် ဟာကွက် ရှိလာလိမ့်မည်။ သူက တစ်ဖက်လူ၏ ပထမဆုံး တိုက်ခိုက်မှုကို ခုခံပြီးနောက် ချက်ချင်း ထွက်ပြေးရမည်။
မိုဝူကျီကို အံ့ဩသွားစေသည်မှာ ကျင်းယီရန်က တိုက်ခိုက်ခါနီးတွင် သတ်ဖြတ်ငွေ့များနှင့် သူအား ပိတ်လှောင်ထားသော စွမ်းအားတို့မှာ ရုတ်ခြည်း အားနည်းလာခြင်း ဖြစ်၏။
မိုဝူကျီအတွက် ထွက်ပြေးဖို့ရာ အကောင်းဆုံး အချိန် ဖြစ်ပေသည်။
သို့သော် မိုဝူကျီက ထွက်မပြေးပေ။ ကျင်းယီရန်၏ ကျင့်ကြံဆင့်က နောက်ပိုင်း ရွမ်ရှန်းအဆင့် ရောက်သွားသည့်အခါ ရပ်တန့်သွားသည်ကို ခံစားမိလိုက်ရပြီး မိုဝူကျီက ထိုလူမှာ မဟာယီရှန်း အဆင့်အထိပင် ပြန်မရောက်နိုင်သောကြောင့် အနည်းငယ် သံသယ ဝင်လာမိသည်။
သို့သော်လည်း မိုဝူကျီက ကျင်းယီရန်၏ သတ်ဖြတ်ငွေ့များ အားနည်းသွားသည့် အကြောင်းအရင်းမှ သူ့ကို ကြောက်၍ မဟုတ်သလို ကျင်းယီရန်က နောက်ပိုင်း ရွမ်ရွန်းအဆင့်မှာ သူ့ကို ရင်ဆိုင်ဖို့ရာ လုံလောက်ကြောင်း တွေးမိ၍လည်း မဟုတ်ကြောင်း သိထားသည်။ ကျင်းယီရန်၏ အာရုံက ထွေပြားသွား၍ ဖြစ်၏။
မိုဝူကျီက စိတ်စွမ်းအားကို ဖြန့်ကြက်ထားလိုက်သည်။ မကြာခင် သူ့စိတ်စွမ်းအား အာရုံခံမိရာ အစွန်ဖျား၌ မှုန်ဝါးဝါး ဂြိုဟ် ပုံရိပ်တစ်ခု ပေါ်လာသည်။ ကြည့်ရသည်မှာ ဂြိုဟ်ပျက် တစ်လုံးသာ ဖြစ်ပေလိမ့်မည်။ ထိုဂြိုဟ်၏ အမြန်နှုန်းမှာ နှေးကွေးသည်ဟု ယူဆ၍ မရဘဲ ဆက်တိုက် မျောလွင့်နေလေ၏။
အပေါ်ယံ၌ ဤဂြိုဟ်ပေါ်၌ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ထားဟန် ပေါ်ကာ နေရာတော်တော်များများ ပျောက်ဆုံးနေပြီ ဖြစ်၏။ ထိုသို့မျိုး အဖြစ်အပျက်မျိုးမှာ အာကာသအတွင်း သွားလာနေပါက မကြာခဏ မြင်တွေ့ရလေ့ ရှိသော်လည်း မိုဝူကျီက နှလုံးခုန် မြန်မိသွားသည်။ သူက ထိုဂြိုဟ်မှာ မိုးသောက်မီးတောက်ကြယ် အဖွဲ့အစည်းမှ လွှင့်ထွက်လာသော ဂြိုဟ်များလားဟု တွေးမိသွားသည်။ အကယ်၍ သူ ရှာနေသော ဂြိုဟ်ဖြစ်နေပါက မိုးမြေ လျှို့ဝှက်ချက်ကို တွေ့ရှိနိုင်ပေဦးမည်။ မဟုတ်လျှင် မိုးသောက်မီးတောက်ကြယ် အနေဖြင့် မီးဓာတ် သဘာဝ အမြုတေကို မည်သို့ ဖွဲ့စည်း လာနိုင်မည်နည်း။
“ဘုန်း” ဓားအလင်းတန်း တစ်ချက်က မိုဝူကျီဆိ ရောက်ရှိလာသည်။ မိုဝူကျီက ကျင်းယီရန်ကို သတိကြီးစွာ ထားထာသည် ဖြစ်ရာ ကျင်းယီရန် တိုက်ခိုက်လိုက်သည်နှင့် သူ့ပုံရိပ်မှာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး သူ့လက်ထဲမှ ဓားမော့မှာ ဓားအလင်းတန်း နှစ်ချက် ပြန်ထုတ်လွှတ်လိုက်သည်။ ဓားမော့ အလင်းတန်းတစ်ချက်က ဓားအလင်းကို ကာဆီးထားပြီး နောက်တစ်ချက်မှာ ကျင်းယီရန်ကို တိုက်ခိုက်လိုက်သည်။
မိုဝူကျိက သူ့ဓားအလင်းကို ကာဆီးထားနိုင်ရုံ သာမက သူ့ကို ပြန်တိုက်ခိုက်နိုင်သည်ကို မြင်ပြီး ကျင်းယီရန်က တအံ့တဩ ရေရွတ်လိုက်သည်။ သူ့လက်နှစ်ဖက်ဖြင့် သင်္ကေတများ ဖော်ထုတ်လိုက်သည့်အခါ မိုဝူကျီ၏ ဓားမော့အလင်းကို ပိတ်ဆို့ရန် ယင်ယန်ငါး သဏ္ဌာန် ပေါ်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။
“ဘုန်း ” ယင်ယန် ငါးသဏ္ဌာန်က မိုဝူကျီ၏ ဒုတိယအလင်းနှင့် တွေ့ဆုံသွားသည့်အခါ အင်မော်တယ် သဘာဝစွမ်းအားများက ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ မိုဝူကျီက ဧရာမ တူကြီးတစ်ခု သူ့ရင်ဘတ်ဆီ လာထိမှန်သည့်အလား ခံစားလိုက်ရကာ မခံမရပ် နိုင်လောက်အောင် ဖြစ်သွားရသည်။
အားကောင်းချက် ...
မိုဝူကျိက စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူက ကျင်းယီရန်သည် ယင်ယန်ငါး သဏ္ဌာန်ကို ပုံမှန်အတိုင်း ဖွဲ့စည်းလိုက်မှန်း သိသော်လည်း ထိုသို့ပုံမှန် တိုက်ခိုက်မှုကပင် ဤမျှအားကောင်းနေပြီ ဖြစ်ရာ ကျင်းယီရန်က အင်မတန် အားကောင်းကြောင်း သိသာလှသည်။
သို့သော်လည်း ကျင်းယီရန်က ပို၍ အားကောင်းနေလျှင်ပင် မိုဝူကျီကို သူ့ဖိအားဖြင့် တားဆီး မထားနိုင်ချေ။ သူက ကျင်းယီရန် နောက် မြန်မြန် လိုက်လိုက်သည်။ သူက အင်္ဂလိပ်စာလုံးဖြင့် အာကာသ ယာဉ်ပျံဘေးမှ ဖြတ်သွားသောအခါ လက်ကို ဝှေ့ကာ သူ့ထာဝရ ကမ္ဘာထဲ သိမ်းဆည်းထားလိုက်သည်။
သူက ကျင်းယီရန် အနေဖြင့် သူ့ကို ကြောက်၍ ထွက်ပြေးသွားကြောင်း မယုံပေ။ ကျင်းယီရန် ရွေ့လျားသွားသည့် တည်နေရာမှာ ဂြိုဟ်ပျက် ခံစားမိ၍ နေရာ ဖြစ်နေ၍ ဖြစ်၏။ မိုဝူကျီက ကျင်းယီရန်သည် ထိုဂြိုဟ်ပျက်အကြောင်း အဘယ်ကြောင့် စိတ်ဝင်စားနေမှန်း မသိသော်လည်း ကျင်းယီရန်က လျှို့ဝှက်ချက်ကို သိနေ၍ ဖြစ်စေ၊ မသိရှိဘူး ဖြစ်စေ သူက ကျင်းယီရန်ကို ထိုဂြိုဟ်ပျက်အား အပိုင်စီးခွင့် မပြုနိုင်ပေ။
အာကာသယာဉ်ပျံ အတွက် မိုဝူကျီက လေ့လာစုံစမ်းရန် အချိန် မရှိသေးပေ။ သူ့အချိန် ရှိလာသည့်အခါမှ တစ်ချက် ကြည့်ကြည့်ရမည်။ သူက ဤအာကာသယာဉ်ပျံ ဤနေရာ ရောက်လာခြင်းမှာ ကမ္ဘာမြေနှင့် နီးစပ်နေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ဤကျယ်ပြောလှသော စကြဝဠာထဲ၌ ဘာမဆို ဖြစ်လာနိုင်လေရာ အာကာသယာဉ်ပျံ အာကာသ အက်ကြောင်းထဲ ဝင်မိပြီး ကမ္ဘာများစွာ ဖြတ်သန်းလာခြင်း ဖြစ်နိုင်ပေသည်။
ထိုစဉ် မိုဝူကျီက ကျင်းယီရန်သည် ဂြိုဟ်ကို အဝေးယူသွားနိုင်သည့်အထိ အားကောင်းနေမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် သူက လေလွတ်မြောက်ရေး နည်းစနစ်ကို အဆုံးအစွန်အထိ အသုံးချကာ ကျင်းယီရန်နှင့်အတူတူ တစ်ချိန်တည်း ထိုဂြိုဟ်ပျက်ပေါ်သို့ ခြေချလိုက်နိုင်သည်။
“မင်းက တကယ့် ရွမ်ရှန်းအဆင့်ပဲ ... မိုးမြေ ဖိအားကို ဘာလို့ မခံစားရတာလဲ။ မဟုတ်သေးဘူး မင်းက ဘယ်သူလဲ ...” ကျင်းယီရန်က သူနှင့် တစ်ချိန်တည်းနီးပါး ရောက်ရှိလာသော မိုဝူကျီကို မြင်သောအခါ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
အစပိုင်းတွင် ကျင်းယီရန်က မိုဝူကျီကို ရွမ်ရှန်းအဆင့်ဟု တွေးမိသော်လည်း စကားပြောပုံအရ သူ့အနေနှင့် မသေချာတော့ပေ။ သူ ကိုယ်တိုင်ပင် တကယ့် အစစ်အမှန်မှာ အင်မော်တယ် အုပ်စိုးသူ အဆင့် ဖြစ်နေရက်နှင့် ယခုတွင်မူ နောက်ပိုင်း ရွမ်ရှန်းအဆင့် အထိသာ ရှိနေသည်။ သူ့ရှေ့မှ လူလည်း အတူတူ မဖြစ်နေနိုင်ဘူးလို့ မည်သူကများ ပြောနိုင်မည်နည်း။ သူလည်း အဆင့် ချိုးနှိမ်ထားသော အင်မော်တယ် အုပ်စိုးသူ တစ်ယောက် ဖြစ်နေနိုင်သည်။ တစ်ဖက်လူမှာ အင်မော်တယ် အုပ်စိုးသူ အဆင့်အထက် မြင့်သူပင် ဖြစ်နေနိုင်သေး၏။
မိုဝူကျီက လက်ထဲမှ ဓားမော့ကို ဆက်တိုက် ဝှေ့ယမ်းရင်း စိတ်မဝင်စားစွာ ပြန်ပြောလိုက်၏
“ဒီက ဆရာက ကျုပ် ဘယ်သူလဲဆိုတာ စိုးရိမ်နေဖို့ မလိုပါဘူး။ တကယ်လို့ တိုက်ခိုက် ချင်ရင်လည်း တိုက်ကြတာပေါ့ ... စကားတွေ အများကြီး လျှောက်ပြောနေဖို့ မလိုပါဘူး ”
မိုဝူကျိက ကျင်းယီရန်၏ ကျင့်ကြံဆင့်မှာ နောက်ပိုင်း ရွမ်ရှန်းအဆင့်မှ ထပ်မတိုးလာတော့သည်ကို အတည်ပြုပြီးနောက် သူ့ယုံကြည်ချက်တို့မှ မြင့်တက်လာသည်။ ယခင် ရင်ဆိုင် တိုက်ခိုက်မှု၌ သူက ကျင်းယီရန်ထက် အနည်းငယ် အားနည်းသော်လည်း သူက တိုက်ပွဲဖြစ်ရန် မကြောက်ရွံ့ပေ။
ကျင်းယီရန် မျက်နှာမှာ တည်ငြိမ်နေပြီး မှုန်မှိုင်းမှိုင်း အမူအရာမှ လွဲ၍ ကျန်သည့် ခံစားချက် မရှိပေ။ သူက မိုဝူကျီ၏ စကားများကို ကြားသောအခါ မျက်မှောင် အနည်းငယ် ကြုတ်မိသွားသည်။ ထို့နောက် အချိန်တိုလေးအတွင်း သူ့မှုန်မှိုင်းမှိုင်း မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်လာကာ လက်နှစ်ဖက် ဆုပ်ရင်း ပြောလိုက်သည်
“ကျုပ် ကျင်းယီရန်က ဂရုမစိုက်မိဘဲ မမြင်မိလို့ တာအိုရောင်းရင်းရဲ့ လွန်းပြန်ယာဉ်ကို လာတိုက်မိတာပါ။ အဲဒါက ကျုပ်အမှားပါ .. တာအိုရောင်းရင်းဆီက ခွင့်လွှတ်မှုကို တောင်းခံပါတယ် ”
ဒီလို တောင်းပန်လိုက်ရောလား ...
မိုဝူကျီက အနည်းငယ် စိတ်ရှုပ်ထွေး သွားသော်လည်း မကြာခင် နားလည်သွားတော့သည်။
မိုဝူကျိက ကျင်းယီရန်သည် သူ့ကို ကြောက်လိမ့်မည်ဟု မယုံပေ။ ဤလူက သူ့အား ကြောက်နေရမည့် အကြောင်းပြချက် မရှိပေ။ ဤသို့ မောက်မာလှသည့် သူက သူ့အား တောင်းပန်ခြင်းမှာ အကြောင်းပြချက် တစ်ခုသာ ရှိနိုင်သည်။ သူ့တို့အောက်တွင် ရှိနေသော ဂြိုဟ်ပျက်ကြောင့် ဖြစ်၏။ ကျင်းယီရန်က သူ့ကို တောင်းပန်လိုက်ခြင်းမှာ ဤဂြိုဟ်ပျက်မှာ သာမန်အတိုင်း ဖြစ်နေသော်လည်း ကျင်းယီရန်က လျှို့ဝှက်ချက်ကို သိနေခြင်း ဖြစ်နိုင်သည်။
မိုဝူကျီ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ ဂြိုဟ်၏ အနက်ရှိုင်းဆုံးအထိ ထိုးဖောက်သွားပြီ ဖြစ်၏။ အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်လေးအတွင်း မိုဝူကျီ၏ နှလုံးသားမှာ အနည်းငယ် တုန်ခါလာမိသည်။ သူ့စိတ်စွမ်းအားအတွင်း မီးနီကျောက်များကို တွေ့လိုက်ရပြီး စုစုပေါင်း ၁၁ ခု ရှိနေသည်။ ကျောက်တစ်ခုဆီမှာ ကြာပွင့်လွှာ သဏ္ဌာန်ရှိပြီး မီးဓာတ် သဘာဝစွမ်းအားများ ထုတ်လွှင့်နေကြသည်။ ထိုကျောက်များတွင် အသန့်စင်ဆုံးဖြစ်သည့် မီးဓာတ် သဘာဝစွမ်းအားများ ရိုနေရုံသာမက သူ့ဟုန်မုန့် စွမ်းအင်နှင့် အလားတူသော စွမ်းအင်တချို့လည်း ရှိနေပေ၏။
မိုဝူကျီကို အံ့အားသင့် သွားစေသည်မှာ ထိုစွမ်းအင်က မည်သို့အမျိုးအစား ဖြစ်ကြောင်း မသိပေ။ သူ့ခံစားမိချက် တစ်ခုသာ ရှိခြင်း ဖြစ်၏။ ထိုမီးဓာတ် သဘာဝ အမြုတေမှာ သေချာပေါက် မီးနီးကျောက်များဖြင့် ဆက်နွှယ်နေလိမ့်မည်။ သူတို့က ဆက်စပ်နေရုံ သာမက အတူတကွ ဖြစ်တည်လာခြင်း ဖြစ်ပေမည်။ မိုဝူကျီက ထိုမီးနီကျောက်များမှာ မိုးမြေဖွင့်ဟလာစဉ် ဖြစ်ပေါ်လာသော ရတနာဖြစ်ကြောင်း မှန်းဆမိ၏။
“ဟုတ်ပြီလေ ... အားလုံးက တာအို လမ်းစဉ်နောက် လိုက်နေကြတဲ့သူတွေပဲ ဆိုတာ့ ထားလိုက်ပါတော့။ တာအိုရောင်းရင်း သွားချင်တာ သွားလို့ ရပါပြီ။ ကျုပ်တော့ ဒီမှာ ခဏနေပြီး ကျင့်ကြံလိုက်ဦးမယ်” မိုဝူကျိက ခေါင်းညိတ်ပြရင်း အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ သူက ဤသို့ ပြောလိုက်သော်လည်း တိုက်ရန် ပြင်ဆင်ထားသည်။ အားလုံးက ထိုကျောက်များကို မြင်ကြသောကြောင့် တိုက်ခိုက်မှုက ရှောင်လွဲမရနိုင်သည့် ကိစ္စ ဖြစ်ပေသည်။
ကျင်းယီရန်၏ မျက်နှာ အမူအရာ ပျက်သွားကာ အေးစက်စွာ ပြန်ပြောလိုက်၏ “ဒီက တာအိုရောင်းရင်းက ရန်စနေတာလား။ ကျုပ် ဒီကို အရင်ရောက်လာတာ တံခါးပိတ် ကျင့်ကြံဖို့လေ။ တာအိုရောင်းရင်းက နေဦးမယ်ဆိုတာ ဘာသဘောလဲ”
မိုဝူကျိက မယုံနိုင်လောက်အောင် ဖြစ်သွားမိသည်။
ဒီလူက အရူးလား ...
အားလုံး၏ စိတ်စွမ်းအားက ထိုမီးကျောက်များကို အာရုံခံနိုင်ကြသည် မဟုတ်ပါလော။ အားလုံးက ပြောနိုင်မှတော့ ဒီလူက အဘယ်ကြောင့် ဤနေရာ၌ ကျင့်ကြံချင်ပါသည်ဟု ပြောနေမည်နည်း။
သူ့တွင် စိတ်စွမ်းအား မရှိလို့လား ...
မဟုတ်သေးပေ။
မိုဝူကျီက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ပြီး ပုံမှန်စိတ်စွမ်းအားကို ဖြန့်ကြက်လိုက်သည်။
စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ အသံမရှိသလို ပုံပန်းသဏ္ဌာန်လည်း မရှိချေ။ ဂြိုဟ်၏ မျက်နှာပြင်ကို ထိုးဖောက်ပြီး အာရုံခံနိုင်စွမ်း ရှိ၏။ ဤသို့မျိုး စိတ်စွမ်းအားမှာ အာရုံခံမိဖို့ လွန်စွာ ခက်ခဲလှသည်။ ယခု မိုဝူကျီက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြု ထားလိုက်ခြင်း ဖြစ်ရာ တစ်ဖက်လူက သတိပြုမိမည် မဟုတ်ပေ။ မိုဝူကျီက အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်သည်နှင့် ကျင်းယီရန်က ချက်ချင်း သတိထား မိလိုက်၏။
မိုဝူကျိက ကျင်းယီရန် တိုက်ခိုက်လာမည်ကို ပြင်ဆင်ထားပြီးသား ဖြစ်၏။ သို့သော်လည်း ကျင်းယီရန်က မတိုက်ခိုက်သော်ငြား သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်။
မကြာခင် မိုဝူကျီက နားလည်သွားတော့သည်။ သူ့စိတ်စွမ်းအားက မီးနီကျောက်များဆီ ရောက်ရှိသွားသည့်အခါ သူ့စိတ်စွမ်းအားကို တားဆီးထားသည့် အလား ခံစားနေရပြီး ထိုမီးနီကျောက်များကို မမြင်ရပေ။ ကြည့်ရသည်မှာ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားသာ ထိုမီးနီကျောက်များကို အာရုံခံနိုင်ပြီး အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားမှာ မလုပ်ဆောင်နိုင်ချေ။
မိုဝူကျိက သက်ပြင်းသာ ချလိုက်သည်။ ကျင်းယီရန်က သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးမည်ကို မစိုးရိမ်နေသည်မှာ မထူးဆန်းတော့ပေ။ သူက တစ်ဖက်လူမှာ သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လျှင်ပင် ဘာမှ အာရုံခံမိမည် မဟုတ်ကြောင်း လောင်းကြေးထပ်ရဲ၍ ဖြစ်သည်။
“ကျုပ် အစတုန်းက ကိုယ့်လွန်းပြန်ယာဉ်ပေါ်မှာပဲ ကျင့်ကြံနေတာပါ။ ဒါပေမဲ့ ခင်ဗျားက လာနှောင့်ယှက်တယ်။ အခု ကိုယ့်ယာဉ်မှာကို မကျင့်ကြံနိုင်တော့ဘူး။ ခင်ဗျားလိုမျိုး ကျုပ် လွန်းပြန်ယာဉ်ကို လာတိုက်ခိုက်တဲ့သူနဲ့ တွေ့ရင် ဘယ်လို လုပ်မလဲ။ ကျုပ် ဒီဂြိုဟ်ကို လိုချင်တယ် ... ဒီမှာပဲ ကျင့်ကြံမယ်”
မိုဝူကျီ စကားဆုံးသောအခါ သူက စွမ်းအားစက်ကွင်းကို ချဲ့လိုက်ပြီး အရှိန်အဝါများမှာ ထွက်ပေါ်လာသည်။
ကျင်းယီရန်၏ မျက်ဝန်း၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။ အကယ်၍ သူက မိုဝူကျီကို ရပ်ခဲ့သည့် သူသာ ဖြစ်မနေခဲ့လျှင် သူ့အနေဖြင့် မိုဝူကျီလည်း သူ့လို ဤဂြိုဟ်အတွက် သီးသန့် ရောက်လာခြင်းလားဟု သံသယဝင်မိလိမ့်မည်။
သူက ဤဂြိုဟ်နောက် လိုက်လာသည်မှာ ကြယ်တာရာ အဖွဲ့အစည်း တစ်ခုကို ဖြတ်သွားစဉ် ပေါက်ကွဲမှု၏ လမ်းကြောင်းကို သတိပြုမိပြီး ထိုဂြိုဟ်၌ ရတနာရှိနေနိုင်ကြောင်း မှန်းဆမိ၍ ဖြစ်သည်။ ဤဂြိုဟ်မှာ ဂြိုဟ်ပျက်တစ်လုံး ဖြစ်လိမ့်မည်ဟု တွေးမိသည်။ ဂြိုဟ်အတွင်း ပျက်စီးနေမှုများမှာ သူ့မှန်းဆချက်နှင့် ကိုက်ညီနေသည်။
သူ ကြုံရာကျပန်း ရပ်ခိုင်းလိုက်မိသည့် ကျင့်ကြံသူက အဘယ်ကြောင့် ဤဂြိုဟ်ကို လိုချင်နေတာလဲ ...
မည်သို့ပင် ဆိုစေ သူ သေရမည် ...
“ဒီလိုဆိုမှတော့ ခင်ဗျား ထွက်သွားဖို့ မလိုတော့ဘူး” ကျင်းယီရန်က စကားအဆုံးတွင် စွမ်းအားစက်ကွင်းက ပြင်းထန်စွာ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းတွင် မီးတောက်နီ လှံတစ်ချောင်း ပေါ်လာ၏။
အဆုံးမဲ့ လှံလှိုင်းများ ဖြစ်ပေါ်လာပြီး မိုဝူကျီဆီ လှံခွင်း စွမ်းအားများ တိုးဝင်လာကြသည်။
မိုဝူကျီက ဒေါသတကြီး နောက်ဆုတ်လိုက်သည်။ သူက ခန္ဓာကိုယ် နောက်ဆုတ်နေရင်း သူ့စွမ်းအား စက်ကွင်းမှာမူ ဆက်တိုက် ကျယ်ပြန့်လာနေသည်။ သူ့နောက်ဆုတ်နေသည့် အချက်ကိုပဲ မကြည့်သင့်ပေ။ သူ့စိတ်ထဲ၌ အကြောက်တရား ကင်းမဲ့နေဆဲ ဖြစ်၏။
သူ နောက်ဆုတ်သည့် အကြောင်းအရင်းမှာ ကျင်းယီရန်၏ စွမ်းအားစက်ကွင်း ဖိနှိပ်ခံရ၍ မဟုတ်သလို သူက တစ်ဖက်လူ၏ မီးတောက်နီလှံကို ကြောက်၍လည်း မဟုတ်ချေ။ သူက ပိုမို အရေးသာနိုင်မည့် အနေအထားကို ရှာချင်ရုံမျှ ဖြစ်သည်။
ဤသို့မျိုး နေရာက သူ့အတွက် တိုက်ခိုက်ဖို့ရာ မသင့်တော်သော်လည်း ကျောက်များကို ယူကာ ပြေးရန် သင့်တော်ပေသည်။ သူက မီးနီကျောက် ၁၁ ခု နေရာသို့ ရောက်လာသည့်အခါ နောက်ဆုတ်နေခြင်းကို ရပ်တန့်လိုက်တော့သည်။
***