← Chapters

ဂြိုလ်သား

Vol. 2 Ch. 11

ဂြိုလ်သား

Vol. 2 Ch. 11

အခန်း (၁၁)

ဂြိုလ်သား

Luck တစ်ယောက် ဘကြီးတိုးနေအိမ်တွင် နှစ်ရက်ခန့် နေခဲ့ပြီးနောက် ရစ်ချီနှင့် လွန်စွာရင်းနှီးသွားလေသည်။

“ မောင်လေး မနက်ဖြန် ပြန်တော့မလို့ဆို ”

“ ဟုတ်တယ် မမရစ် ”

“ ဒါဆို ဘယ်တော့လောက် ပြန်လာဦးမှာလဲ ”

“ နောက် ငါးလလောက်ဆို ပြန်လာခဲ့မယ် မမ စောင့်နေနော် အဲ့ကျရင် ကျနော်တို့ မုန့်တွေစားပြီး နေရာစုံ လျှောက်လည်ကြမယ်လေ ”

“ အေးပါ ကတိနော် ”

“ ဟုတ်ကဲ့ပါ ”

နောက်တစ်ရက်တွင် Luck တစ်ယောက် ဘကြီးတိုးပေးလိုက်သော လက်ဆောင်အထုပ်အပိုးများဖြင့် ထိုင်းနယ်စပ်သို့ ပြန်ခဲ့လေသည်။

တစ်နာရီကျော်ကြာပြီးနောက် Luck တစ်ယောက် အိမ်သို့ရောက်ရှိလေသည်။ ခဏအနားယူပြီးနောက်

“ တိုက်ပွဲကွင်းပြင်ကို တစ်ချက်ဝင်ကြည့်မှပဲ ”

တိုက်ပွဲကွင်းပြင်အတွင်းသို့ Luck ဝင်ရောက်လာခဲ့သည်။

“ တွန် ”

ငါးစက္ကန့်အကြာတွင် Luck ကွင်းပြင်အတွင်းပေါ်လာပြီး အချက်ပေးသံ ပေါ်လာသည်။

[ တီ တီ ရေခဲမင်းသားနှင့် ယှဉ်ပြိုင်ရန် ကစားသမားများ အဆင်သင့် မဖြစ်သေးပါ ရွေးချယ်နေပါသည် ငါးမိနစ်ခန့် ခဏစောင့်ဆိုင်းပေးပါ ]

Luck မတ်တပ်ရပ်နေစဉ်အတွင်း Follow ထားသူများ သိရှိသွားပြီး ပွဲကြည့်သူများ တဖြည်းဖြည်း များလာသည်။

“ ဟေး ရေခဲမင်းသား ပြန်လာပြီကွ ” လူတစ်ယောက်က ပြောလိုက်သည်။

“ သူ လေးရက်လောက် ပျောက်နေတာဟ ”

“ ဟေး ဒီတစ်ခါ သေချာပြီ ရဲသွေးနီနဲ့ သူချရတော့မှာ ” နဖူးတွင် ဂျိုတစ်ချောင်းနှင့် လူတစ်ဦးက ပြော လိုက်သည်။

“ အေးကွ ငါလည်း ကြည့်ချင်လှပြီ ”

ပရိသတ်များက တဖွဲဖွဲ ဝင်ရောက်လာပြီး အော်ဟစ်အားပေးနေကြသည်။

ငါးမိနစ်ကြာပြီးနောက်

Luck ရှေ့သို့ လူတစ်ယောက် ပေါ်လာသည်။ ထွားကြိုင်းသောခန္ဓာကိုယ်ရှိပြီး တစ်ကိုယ်လုံး ကြေးနီရောင် သန်းနေသည်။ မျက်နှာလေးထောင့်နှင့်ဖြစ်ပြီး တစ်ကိုယ်လုံး ဆေးမှင်ကြောင်များ ထိုးထားလေ သည်။ ထူးခြားသည်မှာ သူ့မေးစေ့အောက်ကို သံချပ်၀တ်တပ်ဆင်ထားလေသည်။

ကြည့်ရတာတော့ ဂြိုလ်သား မျိုးနွယ်ဖြစ်သည်။ Luck သူ့ခေါင်းပေါ်ကို ကြည့်လိုက်သည်။ ရဲသွေးနီပင် ဖြစ်သည်။

“ အင်း ဒီတခါတော့ တကယ့်ပြိုင်ဘက်ကောင်း တွေ့ပြီပဲ ” Luck ရေရွတ်လိုက်သည်။

S အဆင့်များစွာ တိုက်ခိုက်ရပါသော်လည်း အမှတ် ၁၀၀၀ ကျော်ရှိသောသူများမှာ ကြယ်သုံးပွင့်အဆင့်များ ဖြစ်ကြပြီး အမှတ်နည်းသူများမှာ ကြယ်အဆင့် သတ်မှတ်ခံရခြင်း မရှိပေ။ အမှတ် ၃၀၀ ကျော်မှသာ ကြယ်တစ်ပွင့် ဖြစ်လေသည်။

ရဲသွေးနီကတော့ ကြယ်တစ်ပွင့် ဖြစ်လေသည်။

တီ တီ တီ [ Start ]

Luck ဒီတစ်ခါ သူ့ရဲ့အစွမ်းအထက်ဆုံး တတိယသိုင်းကွက်ကို ထုတ်သုံးမည်ဟု ဆုံးဖြတ်လိုက်သည်။

“ ဟေး ဟုတ်ပြီကွ ချ ချ လုပ်စမ်းပါ ”

“ ဟေ့လူ ရဲသွေးနီဘက်က ငါ ၅၀၀ UM ထည့်ထားတယ် ”

“ ဟား ဟား ဒါ သေချာတဲ့ပွဲပဲ ” လူတစ်ယောက်က သူ့အဖော်ကို ပြောလိုက်သည်။

“ စောင့်ကြည့်ပါအုံး ရေခဲမင်းသားကို လျော့မတွက်နဲ့ ”

စတင်သည်ဆိုတာနှင့် ရဲသွေးနီက လေထဲတွင် ဆင့်၍ Luck ကို နှစ်ချက် ကန်လိုက်သည်။

“ အစ် ယား ဝှစ် ဝှစ် ”

ကန်ချက်ကို ရှောင်တိမ်းမရသောကြောင့် Luck လက်ဖြင့် ပုတ်၍ ကာလိုက်သည်။

“ ဘုန်း အား ”

Luck ဆယ်ပေခန့် လွှင့်ထွက်သွားလေသည်။ Luck ရဲ့ ဘယ်ဘက်လက်မောင်းတစ်ဖက် စုတ်ပြဲသွားလေပြီ။

“ ဘယ်ဆိုးလို့လဲ ကောင်လေး နောက်တစ်ခေါက် ကြိုးစားလိုက်အုံး ”

ဒီတစ်ခေါက်တွင်တော့ ရဲသွေးနီက သူ့အစွမ်းကို အကုန်ထုတ်လိုက်သည်။

“ ယိစ် ရွှမ်း ရွှမ်း ရွှမ်း ”

ရဲသွေးနီ၏ တစ်ကိုယ်လုံး မှိုင်းညို့ညို့ အော်ရာများ ကိန်းအောင်းလာပြီး ခြေကန်ချက်တစ်ချက် Luck ဆီကို ပစ်ထုတ်လိုက်သည်။ လေထဲတွင် ခြေကန်ချက်များ အရိပ်မှာ ခုနစ်ခုအဖြစ် ကွဲသွားပြီး ခြေထောက် ခုနစ်ခု Luck တစ်ကိုယ်လုံးကို တိုးဝင်လာသည်။

Luck က ငါးခုကိုရှောင်ပြီး ခြောက်ခုမြောက်ကို ပင့်လက်သီးကျွေးလိုက်ရာ ဟာကွက်ကို တွေ့လိုက်သည်။

“ ဒါပဲလေ ” Luck ခြေထောက်က ရဲသွေးနီ၏ ဂွကြားထဲသို့ အောက်မှအပေါ်သို့ ပင့်ကန်လိုက်ရာ တန်းတန်းမတ်မတ် ထိသွားသည်။

“ တိန် ဒေါင် ”

သံမဏိကို ကန်လိုက်ရသလို Luck ခံစားလိုက်ရသည်။

“ အား ”

Luck ခြေထောက်ကျိုးသွားလေသည်။ “ မဖြစ်နိုင်ပါဘူး ဘောကိုကန်တာ ဒီလောက်တောင် မာရလား ” Luck ဇဝေဇဝါ ဖြစ်သွားသည်။

“ မဟုတ်ပါဘူး ငါ သူ့အားနည်းချက်ကို ရှာရမယ် ”

ခြေထော့နင်း ဖြစ်နေသော Luck တစ်ယောက် လေပေါ်ခုန်တက်လိုက်သည်။ လေထဲတွင် ရေခဲစွမ်းအားကို စုစည်းလိုက်ပြီး ထူးခြားလက်ဟန် ဖော်ထုတ်လိုက်သည်။

“ ရေခဲတောင် စွမ်းအား ”

“ ဝီး ရွှမ်း ရွှမ်း ”

ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားပြီး Luck ရဲ့လက်သီးတွင် ဖော်မပြနိုင်သော စွမ်းအား ထွက်ပေါ်လာလေ သည်။

Luck ကလည်း လေပေါ်မှ လက်သီးနှစ်လုံး ဆန့်တန်း၍ ရဲသွေးနီဆီ ပစ်ဝင်လာသကဲ့သို့ ရဲသွေးနီကလည်း မိုးပေါ် ထောင်ကာ ခြေကန်ချက် ထုတ်လိုက်လေသည်။

“ ယား ဝှစ် ရွှစ် ”

“ အုန်း ဘုန်း ဝုန်း ”

လေထဲတွင် အော်ရာနှစ်ခု တွေ့ဆုံပေါက်ကွဲသွားလေသည်။ Luck ရဲ့ အော်ရာက ဖိနှိပ်လာကာ ကြီးမားတဲ့ ရေခဲ တောင်ကြီးသဏ္ဍာန်က ရဲသွေးနီအပေါ် ပိကျသွားသည်။

“ ဝုန်း အား အား ”

ရဲသွေးနီတစ်ယောက် သူ့ကိုယ်ကိုသူ ငုံ့ကြည်နေစဉ် တဖြည်းဖြည်း ဝေးကွာသွားလေပြီ။ ရဲသွေးနီ၏ ဦးခေါင်းမှာ လွင့်ထွက်သွားပြီး အကာအရံဖြင့် သွားတိုက်မိလေသည်။

Luck သေချာကြည့်လိုက်တော့ ခေါင်းပြတ်ကြီးနှင့် တွဲနေသော မေးစေ့အောက်တွင်

တွဲလောင်းဥ နှစ်လုံး ကို တွေ့လိုက်ရလေသည်။ ထိုအရာသည်လည်း ကွဲထွက်ကာ သွေးများ ကျဆင်းလျက်ရှိသည်။

[ တိန် ]

[ နိုင်ပွဲရရှိတဲ့အတွက် ဂုဏ်ယူပါတယ် ]

[ ဆက်လက်ယှဉ်ပြိုင်မလား ရပ်နားမလား ]

စနစ်၏မေးသံကို Luck စိတ်မဝင်စားဘဲ ရဲသွေးနီကို ကြည့်ပြီး Luck တွေးလိုက်သည်။

(ဒီကောင်က သူများနဲ့မတူ ထူးပြီး မေးစေ့ ဟိုဟာ

တက်ပေါက်တဲ့ကောင်ပဲ )

All Chapters