ခန္ဓာကျင့်စဉ်
Vol. 43 Ch. 597
“စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ် … ကျွန်မလည်း ဂိုဏ်းဆီ ပြန်သွားဖို့ ရည်ရွယ်ထားတာပါ” ရှုသိုက် ထွက်လာသည့် အကြောင်းအရင်းမှာ မိုဝူကျီအား ရှာဖွေလို၍ ဖြစ်ပေသည်။ တစ်ချိန်တည်းတွင် သူမအနေဖြင့် တိုင်ချီအား သတ်ရန် အခွင့်အရေး ရှိ၊ မရှိလည်း သိချင်မိ၍ ဖြစ်သည်။ ယခု မိုဝူကျီက ပုံရိပ်ယောင်တောင် တစ်ခုလုံး အမြစ်ဖြတ် ရှင်းလင်းလိုက်ပြီ ဖြစ်ရာ သူမ၌ နောင်တ မရှိတော့ပေ။ သူမ အင်မော်တယ်လောကသို့ ရောက်သည့်အခါ အင်မော်တယ်လောက၏ ပုံရိပ်ယောင်တောင်ဆီ သွားပြီး လက်စားချေရမည်။ သူမ၏ အပြစ်မဲ့သော ညီမလေးက သွေးစတေးမှု အတွက် အသတ်ခံလိုက်ရလေရာ ပုံရိပ်ယောင်တောင်ကို လုံးဝ အလွှတ်မပေးနိုင်ပေ။
ရှုသိုက်က မိုဝူကျီကဲ့သို့ အင်မော်တယ် တစ်ယောက်အတွက် သူ့ကျေးဇူးတင်မှုကို လက်ခံသည်က ပိုကောင်းကြောင်း သေချာသိထား၏။
ရှုသိုက်က လက်စွပ် လက်ခံလိုက်သည်ကို မြင်၍ မိုဝူကျီက ဆက်ပြောလိုက်သည် “လက်စွပ်ထဲမှာ ကာကွယ်ရေး ရတနာတစ်ခု ရှိတယ်။ အဲဒါကို ပြန်သန့်စင်လိုက်ပါ အဲဆိုရင် ကောင်းကင် အင်မော်တယ် မိုးကြိုးစမ်းသပ်ချက် အောင်မြင်ဖို့ အာမခံပေးလိမ့်မယ်။ အခုတော့ ကျုပ်သွားတော့မယ်။ နောင် ကံပါရင် အင်မော်တယ် လောကမှာ ပြန်ဆုံကြတာပေါ့ ”
မိုဝူကျီက အင်မော်တယ် လောကကို တတ်နိုင်သမျှ မြန်မြန် ပြန်ရန် လိုအပ်ကြောင်း သိထားသည်။ သို့သော်လည်း တက်လှမ်းမည့် နည်လမ်းကို အသုံးပြု၍ မရတော့သောကြောင့် တစ်ခုတည်းသော ကျန်ရှိနေသည့် နည်းလမ်းမှာ လျှို့ဝှက် နဂါးရေကန်သာ ဖြစ်၏။
***
ယီ ... ဟိုင်ယီနယ်မြေ၏ အကြီးမားဆုံးသော သမုဒ္ဒရာ
မိုဝူကျီက လက်ရှိစိတ်စွမ်းအားဖြင့် ကျန်းရှင်း၏ ကောင်းကင်ပင်လယ်ထဲ ရောက်နေလျှင်ပင် တစ်ဖက်ကမ်းအထိ ရောက်နိုင်ကြောင်း ယုံကြည်ချက် ရှိ၏။ သို့သော်လည်း ယီ၌ သူ့စိတ်စွမ်းအားမှာ တခြားကမ်းထိ မရောက်ပေ။ ဟိုင်ယီနယ်မြေမှာ ကျန်းရှင်းထက် မည်မျှ ကြီးမားကြောင်း သိသာနိုင်ပေသည်။
မိုဝူကျီက အလယ်အလတ် ရွမ်ရှန်းအဆင့် ဖြစ်ကာ သူ့တွင် မြေပုံ ရှိ၏။ ထို့ကြောင့် လျှို့ဝှက်နဂါးရေကန် တည်နေရာဆီ ရောက်ဖို့ရာ လဝက်ခန့်သာ လိုအပ်ပေ၏။
သန္တာကျောက်တန်းများ စုပြုံနေသည်မှာ မြေနက်များ ဖြစ်ပေါ်နေသည့် စိမ့်တောနှင့် တူလှသည်။
ယီပင်လယ်၌ ဤသို့ သိပ်သည်းသော သန္တာကျောက်တန်းများ ရှိတတ်၏။ သန္တာကျောက်တန်းများမှာ ဆင်တူနေသောကြောင့် အလွယ်တကူ မှားယွင်းနိုင်ပေသည်။
သို့သော်လည်း ယန်လီ၏ မြေပုံမှာ အလွန်ရှင်းလင်း၏။ ပင်လယ်မှာ အင်မတန် နက်ရှိုင်းသော်လည်း မိုဝူကျီ ရောက်လာသည့်အခါ သူ့စိတ်စွမ်းအားဖြင့် ကျွဲချိုသဏ္ဌာန် ကျောက်တန်းကို အလျင်အမြန် တွေ့ရှိသွားသည်။
မိုဝူကျီက ရွိုက်ကောကို သူ့ထာဝရ ကမ္ဘာထဲ ပို့ထားပြီး သူက ပင်လယ်ထဲ ခုန်ဆင်းလိုက်တော့သည်။ ဤကျွဲချိုသဏ္ဌာန် ကျောက်တန်းနောက် ပင်လယ်ကြမ်းပင်ဆီ မိုဝူကျီက အမွှေးတိုင် တစ်တိုင်စာ ကြာမြင့်ပြီးနောက် ရောက်ရှိသွားသည်။ ဤပင်လယ်ကြမ်းပြင်မှာ သဘာဝ အစီအရင်တစ်ခုနှင့် ကာဆီး လွှမ်းခြုံထားပြီး ရေနေသတ္တဝါများပင် မရှိပေ။
မိုဝူကျီက အဆင့် ၅ အစီအရင် ဆရာအဆင့် နားကပ်နေပြီ ဖြစ်ရာ ပင်လယ်ကြမ်းပင်၏ သဘာဝအစီအရင် တည်နေရာကို မကြာခင် တွေ့ရှိသွားသည်။ မိုဝူကျီကို ကြောင်အမ်း သွားစေသည်က သူ့အစီအရင် ကျွမ်းကျင်မှုနှင့်ပင် ထိုဖုံးကွယ်ရေး အစီအရင်ကို မခွဲခြားနိုင်ဘဲ ဖြစ်နေဆဲ ဖြစ်၏။
အကယ်၍ သူက ဤအစီအရင်ကို နားမလည်လျှင် သူ့အနေနှင့် ဝင်ရန် မဖြစ်နိုင်တော့ပေ။
နှစ်ရက်တာ အချိန်ကုန်ဆုံးပြီးနောက် မိုဝူကျီက ယန်လီဆီ ပြန်ပြီး မေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူက ယန်လီသည် ဤနေရာအကြောင်း ပြောဖူးသည်ကို အမှတ်ရလိုက်၏။ ယန်လီလည်း ဤဖုံးကွယ်ရေး အစီအရင်အကြောင်း သေချာပေါက် သိပေလိမ့်မည်။
ဤသို့ဆိုမှတော့ ယန်လီက ဘာလို့ မပြောခဲ့တာလဲ ...
နဂါးမျိုးနွယ်ပဲ ဖြတ်သွားခွင့် ရှိတာလား ...
မိုဝူကျီက ထိုနဂါးမျိုးနွယ်အကြောင်း တွေးမိလိုက်သည့်အခါ ချက်ချင်းဆိုသလို ယန်လီ ပေးလိုက်သော နဂါးကြေးခွံကို အမှတ်ရလိုက်သည်။
မိုဝူကျီက နဂါးကြေးခွံကို မြန်မြန် ထုတ်လိုက်သည်။ သူ နဂါးကြေးခွံကို ထုတ်လိုက်သည်နှင့် ဖုံးကွယ်ရေး အစီအရင်က စတင်၍ အသံထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို သူ့စိတ်စွမ်းအား၌ လူတစ်ကိုယ် အရွယ်အစား အက်ကြောင်းလေး ပေါ်လာ၏။
မိုဝူကျီက ထိုအက်ကြောင်းထဲ မြန်မြန် ဝင်လိုက်သည်။ သူ့စိတ်ထဲ၌ ပြောစရာ ရှာမတွေ့ ဖြစ်နေလေ၏။ ထိုကောင်လေးက သူ့အား ပဟေဠိဝှက်ကာ အချိန်နှစ်ရက်တာ ကုန်ဆုံးစေခဲ့၏။
မိုဝူကျီ မှန်းဆထားသည့်အတိုင်း သူ ဝင်သွားပြီးနောက်တွင် အာကာသ ဂိတ်ပေါက်တစ်ခု စောင့်ကြိုနေသည်။ မိုဝူကျီက ကမ္ဘာကြား သွားလာနိုင်သည့် အာကာသ ဂိတ်ပေါက်ကို မခင်းကျင်း နိုင်သေးသော်လည်း ထိုသို့မျိုး အရာများနှင့် မရင်းနှီးခြင်းတော့ မဟုတ်ပေ။ အာကာသ ဂိတ်ပေါက် အမျိုးမျိုး ရှိပေသည်။ အကွာအဝေး တစ်ခုကို ဖြတ်ကာ သွားလာစေနိုင်သည့် အာကာသ ဂိတ်ပေါက်မျိုးကို မိုဝူကျီက ခင်းကျင်းနိုင်လေ၏။ နောက်ထပ် အာကာသ ဂိတ်ပေါက် တစ်မျိုးမှာ ကမ္ဘာများကို ဖြတ်၍ သွားလာနိုင်စေခြင်း ဖြစ်၏။
ကမ္ဘာကူး အာကာသ ဂိတ်ပေါက်ကို ခင်းကျင်းနိုင်ဖို့ရာ အင်မော်တယ်လောက၏ အစီအရင်တာအို ထိပ်ဆုံး ရောက်နေရမည် ဖြစ်သလို ကျင့်ကြံဆင့်လည်း နိမ့်ကျနေ၍ မရပေ။ အကယ်၍ ကျင့်ကြံဆင့်သာ အရမ်းနိမ့်နေပါက အစီအရင် မည်မျှပင် ကောင်းနေစေကာမူ အာကာသ ဂိတ်ပေါက်ကို တပ်ဆင်ရန် အလွန်ခက်ခဲ ပေလိမ့်မည်။
မိုဝူကျိက မတွေဝေနေတော့ပေ။ အင်မော်တယ်လောကသို့ မြန်မြန် ပြန်ရောက်လေလေ ပို၍ ကောင်းလေလေ ဖြစ်၏။ ကျင့်ကြံခြင်းလောက၌ သူ မည်မျှ ကြိုးစားစေကာမူ သူ့စွမ်းဆောင်ရည် တိုးတက်လာဖို့ မဖြစ်နိုင်သေးပေ။ အကယ်၍ သူ့စွမ်းဆောင်ရည် မတိုးတက်လာလျှင် လက်စားချေဖို့ရာ မည်သို့ ဖြစ်နိုင်တော့မည်နည်း။ ထို့ကြောင့် သူ့စွမ်းရည်ကို တတ်နိုင်သမျှ မြန်မြန် မြင့်တင်နိုင်ရန် အင်မော်တယ်လောကသို့ ပြန်သွားရမည်။
သူ အာကာသ ဂိတ်ပေါက်ထဲ ဝင်သွားသည်နှင့် အင်အားတစ်ခုက လွှမ်းခြုံကာ မိုဝူကျီအား ခေါ်ဆောင်သွားတော့သည်။
မိုဝူကျီက စိတ်စွမ်းအားကို ထုတ်ချင်သော်လည်း စူးရှရှ အလင်းမွှားလေးများက မိုဝူကျီဆီ စုပြုံ၍ ဝင်လာကြသည်။
အကယ်၍ စူးရှရှ အလင်းအသေးလေး ဖြစ်နေပါက မိုဝူကျီက တကယ်ကြီး စိတ်ထဲ မထားပေ။ သူက အများဆုံး ဒဏ်ရာအနည်းငယ် ရရုံမျှ ဖြစ်၏။ သို့သော်လည်း ထိုအလင်းမွှားလေးများက မကြာခင် ကြေးခွံနှင့်တူသော ဝဲကတော့ ဓားအလင်းသဖွယ် ဖြစ်လာ၏။ ထိုဓားအလင်းများက မိုဝူကျီ၏ အဝတ်များကို အချိန်တိုအတွင်း တိုက်စားသွားကြသည်။
ထိုမျှတင် မကသေးဘဲ မိုဝူကျီ၏ အသားများပင် ပါပါသွားတတ်၏။
မိုဝူကျီက သူ့သိုလှောင်လက်စွပ်ကို ထာဝရ ကမ္ဘာထဲ မြန်မြန် ပို့ဆောင်လိုက်သည်။ ထိုကြေးခွံနှင့်တူသော ဝဲကတော့က သူ့သိုလှောင်လက်စွပ်အား တစ်စစီ ဖြစ်သွားစေမည်ကို စိုးရိမ်မိလာသည်။
ဝဲကတော့အလင်းက ပို၍ အားကောင်းလာပြီး အဆုံးသတ်၌ သံမဏိအပ်များက သူ့အသားထဲ ထိုးစိုက်နေသည့်အလား ခံစားရစေသည်။ သူ့စွမ်းအားစက်ကွင်းဖြင့်ပင် အနည်းငယ်မျှသာ တားဆီးထားနိုင်၏။
လျှို့ဝှက် နဂါးရေကန်မှာ အင်မော်တယ် လောကဆီ ဦးတည်နေသည် ဖြစ်ရာ မိုဝူကျီက တစ်နာရီ၊ နှစ်နာရီမျှ ကြာမြင့်မည် မဟုတ်ကြောင်း သိထား၏။ အာကာသဂိတ်ပေါက် ဖြစ်သော်လည်း တစ်ရက်၊ နှစ်ရက်ထက် ပိုမတိုနိုင်ပေ။
အကယ်၍ သူ့ကိုသူ ကာကွယ်ဖို့ရာ စွမ်းအားစက်ကွင်း ဆက်တိုက်သုံးနေလျှင် သူ့အနေနှင့် စွမ်းအား ပြတ်လပ်သွားလိမ့်မည်။
သူ့တွင် လော့ကျမ်းစာရွက် ရှိနေသေးသည်က ကံကောင်းလှပေသည်။ ဤနေရာမှာ ပို၍ ရက်စက်ကြမ်းကြုတ် လာလျှင်ပင် သူ့လော့ကျမ်းကိုတော့ ဖျက်ဆီး ပစ်နိုင်ဦးမည် မဟုတ်ပေ။
ထိုစဉ် မိုဝူကျီက လော့ကျမ်းကို ထုတ်မယူပေ။ ထို့အစား သူက ခန္ဓာကျင့်စဉ်ကို စတင် လှည့်ပတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လေ့ကျင့်လိုက်သည်။
ယခုအချိန် မတိုင်ခင်အထိ မိုဝူကျီက ခန္ဓာကျင့်စဉ်နှင့် အထိအတွေ့ မရှိဖူးပေ။ သူက အင်မော်တယ် လောကသို့ ရောက်လာစဉ် ကတည်းမှ ခန္ဓာကျင့်စဉ် ကောင်းကောင်း ရှာနေလေရာ အမျိုးမျိုးသော ခန္ဒာကျင့်စဉ်များ အကြောင်းနှင့် ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်း၏ အဓိပ္ပာယ်ကို နားလည်ဖို့ရာ ကြိုးစားခဲ့ဖူးသည်။ ယခုအချိန် စုန်းမျိုးနွယ် ခန္ဓာကျင့်စဉ် ရလာသည်မှ သူ့အနေဖြင့် အပြည့်အဝ နားလည်သွားခြင်း ဖြစ်၏။
ကမ္ဘာဦး စိတ်ဝိညာဉ်ရှိနေသော သာမန်ကျင့်ကြံသူ တစ်ယောက်အတွက် အားအနည်းဆုံး အချက်မှာ သူ့ရုပ်ခန္ဓာ ဖြစ်၏။ ကျင့်ကြံသူများက ကမ္ဘာဦး စိတ်ဝိညာဉ်ကို ကျင့်ကြံပြီး ပညာရပ်များကို သင်ယူသော်လည်း ရုပ်ခန္ဓာကို မလေ့ကျင့်ကြပေ။ ကျင့်ကြံသူ အများစုအတွက် အားအနည်းဆုံးမှာ သူတို့၏ ရုပ်ခန္ဓာကိုယ် ဖြစ်၏။
ကျင့်ကြံသူများက သူတို့ရုပ်ခန္ဓာ အားနည်းကြောင်း သိကြ၍ ကာကွယ်ရေး မှော်ရတနာ အမျိုးမျိုးကို ဖန်တီးကြခြင်း ဖြစ်၏။ သို့သော် လက်တွေ့၌ အားအကောင်းဆုံး ကာကွယ်ရေး ရတနာမှာ အားအကောင်းဆုံး ရုပ်ခန္ဓာနှင့် မယှဉ်နိုင်ပေ။ ကျင့်ကြံသူများက ကမ္ဘာဦး စိတ်ဝိညာဉ် ကျင့်ကြံနိုင်စေရန် နှစ်များစွာနှင့် ရတနာများစွာ ကုန်ဆုံးခဲ့ရသည်။ အကယ်၍ သူတို့က ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ရာ တွေးဆမိပြီး သူတို့အနေဖြင့် ကျင့်စဉ်အမှန် မရှိသည့်အကြောင်းကို ထည့်မပြောလျှင်ပင် သင့်တော်သည့် ကျင့်စဉ်ရှိနေလျှင် မည်သူကမှ အချိန်ကုန် အားထုတ်၍ သူတို့ ရုပ်ခန္ဓာကို မလေ့ကျင့်လိုကြပေ။
မိုဝူကျီ၏ နားလည်နိုင်စွမ်းအရ ခန္ဓာကျင့်စဉ်တွင် အဆင့် ခြောက်ဆင့် ပါရှိလေသည်။ သူတို့မှာ လူသား၊ အစစ်အမှန်၊ စိတ်ဝိညာဉ်၊ အင်မော်တယ်၊ နတ်ဘုရား၊ သူတော်စင်အဆင့်တို့ ဖြစ်ကြသည်။ တစ်ဆင့်ချင်းစီတွင် အဆင့်ကိုးဆင့်စီ ပြန်ခွဲခြားထား၏။
သေမျိုးလောက၌ တစ်ခါမှ မကျင့်ကြံဖူးသည့် လူများ သို့မဟုတ် သာမန် သိုင်းပညာရှင်များ အတွက် သူတို့တွင် အခြေခံ သေမျိုး ရုပ်ခန္ဓာ ရှိကြသည်။ ကျင့်ကြံပြီး ယွမ်ဒန်အဆင့် ရောက်လာသည်နှင့် သူတို့ ရုပ်ခန္ဓာကိုယ်ကို ယခင်က တစ်ခါမှ မကျင့်ကြံဖူးလျှင်ပင် သူတို့ရုပ်ခန္ဓာကို အားဖြည့်လာကာ အစစ်အမှန် ရုပ်ခန္ဓာအဆင့် ဖြစ်လာနိုင်လေ၏။ မြေကမ္ဘာ အင်မော်တယ် အဆင့်အထိ ကျင့်ကြံလိုက်လျှင် ခန္ဓာကိုယ်ကို မလေ့ကျင့် ထားသရွေ့ အစစ်အမှန် ရုပ်ခန္ဓာအဆင့် ရှိနေဆဲ ဖြစ်၏။ တစ်ခုတည်းသော ခြားနားချက်မှာ ယွမ်ဒန်အဆင့်မှာ အစစ်အမှန် ရုပ်ခန္ဓာ အဆင့် ၁ ဖြစ်ပြီး မြေကမ္ဘာအင်မော်တယ် အဆင့်မှာ အစစ်အမှန် ရုပ်ခန္ဓာ အဆင့် ဖြစ်၏။
ကောင်းကင်အင်မော်တယ် မိုးကြိုး စမ်းသပ်ချက်ကို ဖြတ်သန်းပြီးနောက် အစစ်အမှန် ကောင်းကင် အင်မော်တယ် ဖြစ်လာသည့်အခါ ရုပ်ခန္ဓာမှာ နောက်တစ်ဆင့် ရောက်ရှိသွားပြီး စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ရောက်ရှိသွားလိမ့်မည်။
ကျင့်ကြံသူများ အတွက် သူတို့ တက်လှမ်းလျှင်ပင် သူတို့ တစ်ဘဝလုံး ရုပ်ခန္ဓာအဆင့်မှာ စိတ်ဝိညာဉ် အဆင့်အနား ရစ်ဝဲနေရုံမျှသာ ဖြစ်၏။ တချို့လူများက စိတ်ဝိညာဉ် ရုပ်ခန္ဓာ အဆင့်အထိ မရောက်ဘဲ အစစ်အမှန် ရုပ်ခန္ဓာ အဆင့်၌သာ တစ်နေကြ၏။ ကျင့်ကြံသူ တချို့က အလွန်အားကောင်းသော အင်မော်တယ်ဘုရင် မိုးကြိုးစမ်းသပ်ချက် ခံယူကြတတ်လေရာ သူတို့ရုပ်ခန္ဓာကို လေ့ကျင့် မထားလျှင်ပင် အင်မော်တယ် ဘုရင်အဆင့်အထိ တက်လှမ်းပြီးနောက် သူတို့ရုပ်ခန္ဓာမှာ အင်မော်တယ် ရုပ်ခန္ဓာအဆင့် ရောက်သွားတတ်ကြသည်။
အင်မော်တယ် လောက၌ အင်မော်တယ် ရုပ်ခန္ဓာမှာ အဆင့်မြင့်ဆုံး ဖြစ်၏။ အင်မော်တယ် ဧကရာဇ် ဖြစ်လာလျှင်ပင် ထူးခြားသည့် ကျင့်စဉ် သို့မဟုတ် လျှို့ဝှက်ချက်တို့ ရှိမနေလျှင် ရုပ်ခန္ဓာမှာ အင်မော်တယ် ရုပ်ခန္ဓာ အဆင့် ၇ အထိသာ အများဆုံး ရောက်ရှိနိုင်လိမ့်မည်။ သူတို့ ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်ထားသည့် ကျင့်ကြံသူများသာ အင်မော်တယ် ရုပ်ခန္ဓာအဆင့်ကို ကျော်လွန်၍ အဆင့်ပိုမြင့်မားသည့် နတ်ဘုရား ရုပ်ခန္ဓာအဆင့်ကို ရရှိပေလိမ့်မည်။
သူတို့ ရုပ်ခန္ဓာကိုယ်ကို မလေ့ကျင့်ထားသည့် ကျင့်ကြံသူများ အတွက် သူတို့ရုပ်ခန္ဓာမှာ လေ့ကျင့်ထားသည့် သူများနှင့် အဆင့်တူ ရောက်ရှိလာနိုင်သော်လည်း လစ်ဟာနေဦးမည် ဖြစ်၏။ နမူနာအားဖြင့် ကျင့်ကြံဆင့် တိုးတက်လာသည်နှင့် ကျင့်ကြံသူ တစ်ယောက်က စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၁ ရောက်နေသော်လည်း ရုပ်ခန္ဓာကို စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် အထိ ရောက်အောင် လေ့ကျင့်ထားသည့်သူနှင့် နှိုင်းယှဉ်ကြည့်လျှင် ပထမ ကျင့်ကြံသူ၏ ခန္ဓာမှာ ပို၍ အားနည်းနေလိမ့်မည်။
မိုဝူကျီက သူ့ရုပ်ခန္ဓာကိုယ်ကို တစ်ခါမှ မလေ့ကျင့်ဖူးပေ။ သို့သော် သူ့ချီသွေးကြော ဖွင့်ရသည့် နည်းလမ်းများမှာ သာမန် ခန္ဓာကျင့်စဉ်များထက် ပို၍ ပြင်းထန်နေပေသည်။ ထို့အကြောင်းအရင်းကြောင့် သူ့ခန္ဓာကိုယ်မှာ သာမန် ကျင့်ကြံသူများထက် ပိုအားကောင်းနေခြင်း ဖြစ်ပေသည်။
အလယ်အလတ် အဆင့် ရွမ်ရှန်း သာမန်ကျင့်ကြံသူ တစ်ယောက်အတွက် သူ့ခန္ဓာကိုယ်မှာ အကြမ်းဖျင်း စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၂ မျှ ရှိလိမ့်မည်။ တစ်ဖက်၌ မိုဝူကျီ၏ ခန္ဓာကိုယ်မှာ အနည်းဆုံး စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၄ ရှိပေသည်။
လျှို့ဝှက် နဂါးရေကန် အတွင်းမှ ကြေးခွံဝဲကတော့မှာ ခန္ဓာကိုယ်ကို လေ့ကျင့်ရန် သင့်တော်ပေသည်။ မိုဝူကျီက ဤအခွင့်အရေးကို အသုံးချ၍ ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းမှာ ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။ သူက အခြားလူများနှင့် ကွဲပြားပေ၏။ အကယ်၍ သူ ကျရှုံးသွားလျှင် လော့ကျမ်းစာရွက်က သူ့အား ကယ်တင် ပေးနိုင်ဦးမည် ဖြစ်၏။
မိုဝူကျီက သူ့ရုပ်ခန္ဓာကိုယ်ကို ဇွဲလုံလနှင့် လေ့ကျင့်လာခြင်း ဖြစ်ရာ ယခုတွင်မူ သူ့၌ ခန္ဓာကျင့်စဉ် အစစ်အမှန် ရှိနေလေပြီ။
မိုဝူကျီ၏ ရုပ်ခန္ဓာ လေ့ကျင့်ရေး နည်းလမ်းမှာ စုန်းမျိုးနွယ်မှ ဆင်းသက်လာခြင်း ဖြစ်ပြီး သူ လက်ခံရရှိထားသော ပြီးပြည့်စုံလှသည်။ သို့သော်လည်း ဤနည်းလမ်းမှာ မိုဝူကျီအတွက် မသင့်တော်ပေ။ မိုဝူကျီတွင် ချီသွေးကြော ၁၀၈ ခု ရှိပြီး သူ့ကျင့်စဉ်မှာ တခြားသူများနှင့် ကွဲပြားနေသည် မဟုတ်ပါလော။
စုန်းမျိုးနွယ်၏ ခန္ဓာကျင့်စဉ်ကို ရရှိပြီးနောက် မိုဝူကျီက အချိန်အတော်ကြာ ကုန်ဆုံးခဲ့ရပြီး တာအိုအသိဉာဏ်ပွင့် ချီသွေးကြောဖြင့် ခန္ဓာကျင့်စဉ်ကို အသေးစိတ် ပြန်လည် ပြုပြင်နိုင်ခဲ့သည်။
ယခု သူ့ခန္ဓာကျင့်စဉ်မှာ တခြားသူများနှင့် မသင့်တော်သော်လည်း သူ့အတွက် လုံးဝကွက်တိ ပြီးပြည့်စုံ၏။
အင်မော်တယ် လောကသို့ သွားရာလမ်းကြောင်းမှာ အဆုံးမရှိဟန် ပေါ်နေသည်။ အစပိုင်း၌ မိုဝူကျီက လျှို့ဝှက်နဂါးရေကန်ဆီ ရောက်ပြီလားဟု အာရုံစိုက် ထားခဲ့သော်လည်း နှစ်လအကြာတွင် မိုဝူကျီက သူ့ခန္ဓာကျင့်စဉ်၌သာ အာရုံရှိတော့သည်။
ဝဲကတော့၏ ခြေဖျက်ခြင်း စွမ်းအားမှာ ပို၍ ပို၍ အားကောင်းလာကာ ခန္ဓာကိုယ် လေ့ကျင့်ရန်အတွက် ပို၍ သင့်တော်လာပေသည်။ တစ်ခါတစ်ရံ အာကာသအတွင်း အကျိုးအပဲ့များ ရှိကာ မိုဝူကျီကို ဒဏ်ရာအပြင်းအထန် ရစေသော်လည်း အသက် အန္တရာယ်တော့ မရှိချေ။ မိုဝူကျီတွင် အသက်ဓာတ်လမ်းကြောင်း ရှိသောကြောင့် ချက်ချင်း အသတ် မခံရမချင်း ပြန်ကောင်းနိုင်စွမ်း ရှိ၏။
***
အင်မော်တယ်လောက
ဆေးလုံးနယ်မြေ
ထိုနေရာကို လော့လင် အင်မော်တယ်နယ်မြေ ပိုင်ဆိုင်ခဲ့သော်လည်း ဖြည်းဖြည်းချင်း သီးခြား နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ဆေးလုံးနယ်မြေမှာ အင်မော်တယ်နယ်မြေ တစ်ခုအဖြစ် ယူဆ၍ မရသော်လည်း ပိုင်နက်မှာ အင်မတန် ကျယ်ဝန်းပြီး ဤနေရာရှိ ဝိညာဉ်စွမ်းအားများမှာ သာမန်ကောင်းကင် အင်မော်တယ် မြို့များထက် ပို၍ သိပ်သည်းပေသည်။ သို့သော်လည်း ထိုအရာမှာ ဆေးလုံးနယ်မြေ၏ အကြီးမားဆုံး အကျိုးကျေးဇူး မဟုတ်သေးပေ။ ဆေးလုံးနယ်မြေ၏ အကြီးမားဆုံး အကျိုးကျေးဇူးမှာ အင်မော်တယ် ဆေးပင်များ ရှင်သန်ကြီးထွားရန် အင်မတန် သင့်တော်ခြင်း ဖြစ်၏။
တစ်ယောက်ယောက်က တွက်ချက်ထားကာ စီမံထားသည့်အလား ဤအင်မော်တယ် လောကရှိ ဆေးပင်များ အားလုံးအနက် တစ်ဝက်လောက်မှာ ဆေးလုံးနယ်မြေ အတွင်း ရှိကြသည်။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ချုပ်မှာ ဆေးလုံးနယ်မြေ၌ တည်ရှိသည်။
ယနေ့ ဆေးလုံတာအို အင်မော်တယ်နယ်မြေ၏ ရက်ကြီးရက်မြတ် ဖြစ်ပေသည်။ အကြောင်းမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ချုပ် ခေါင်းဆောင် ရှောင်လီရှီက တံခါးပိတ် လေ့ကျင့်ရာမှ ထွက်လာသောကြောင့် ဖြစ်၏။
ရှောင်လီရှီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌ အဆင့် ၈ ဆေးလုံးဧကရာဇ် နှစ်ယောက်မှ တစ်ယောက် ဖြစ်ပေသည်။ သူက ဆေးလုံးဧကရာဇ် အဆင့် ၉ အထိ တက်လှမ်းဖို့ရာ အခွင့်အရေးရှိသည့် တစ်ဦးတည်းသော တည်ရှိမှုမျိုး ဖြစ်၏။
ဤတစ်ကြိမ် ရှောင်လီရှီ တံခါးပိတ် လေ့ကျင့်ရန် ဝင်သွားသည်မှာ နှစ်တစ်ထောင်နီးပါး ရှိပြီ ဖြစ်ရာ သူက အဆင့် ၉ ရှိ အချုပ်အနှောင်များကို ချိုးဖျက် နိုင်လိုက်လေပြီ။ အကယ်၍ ရှောင်ရှီလီသာ အဆင့် ၉ ဆေးလုံး ဧကရာဇ်အဆင့် ဖြစ်သွားလျှင် အင်မော်တယ် လောက၌ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ နေရာမှာ နောက်တစ်ဆင့် ရောက်ရှိသွားပေလိမ့်မည်။ အထက်ဘုံ၌ပင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အတွက် နေရာ ရလာနိုင်ပေလိမ့်မည်။
***