အပိုင်း(၄၄၀)
Vol. 30 Ch. 440
လှပသော အမေဖြစ်သူနှင့်သမီးဖြစ်သူတို့မှာ လူငယ်လေး၏ လက်အတွင်း၌ရှိနေသောခေါင်း
ပြောင်အလောင်းအားစိုက်ကြည့်ပြီးချက်ချင်းပဲ သူမတို့အားကယ်တင်ခဲ့သည့်သူက ဤလူငယ်လေးဖြစ်သည်ကို သဘောပေါက်လိုက်သည်။
မူက သူမတို့အနေဖြင့် ဤလူငယ်လေးနှင့် ရည်ရွယ်ချက်ရှိရှိ အကွာအဝေးတစ်ခုအားထိန်းထားသော်လည်း ယခု ဤလူငယ်ကသူမတို့၏ ကယ်တင်ရှင်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“ကျေးဇူးတင်ပါတယ်..ကျေးဇူးရှင်”
လူငယ်လေးအားကြည့်ရင်း လှပသောအမျိုးသမီးက ချက်ချင်းပဲ ဦးညွှတ်လိုက်ပြီး သူ့အားကျေးဇူးတင်လိုက်သည်။
သူမိခင်ဖြစ်သူ၏ ဤကဲ့သို့ အချင်းအရာအားကြည့်၍ ကောင်မလေးက ချက်ချင်းပဲ သူ့မိခင်အား ဥပမာယူကာ ရှစ်ဖုန့်အား ကျေးဇူးတင်လိုက်သည်။
အလောင်း၏ သွေးတို့အား ဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်က အလောင်းအား အမှိုက်တစ်ခုကဲ့သို့ ဂရုမထားဘဲ လွှတ်ပစ်လိုက်၏။ သူ့၏လက်အား အမျိုးသမီးနှစ်ဦးကိုဝေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျားတို့တွေအဲ့လိုလုပ်စရာမလိုပါဘူး. ဒီသခင်လေးက ရွံဖို့ကောင်းတဲ့လူတွေဘက်မှာ ရပ်တည်မပေးနိုင်ဘူး ဒါကြောင့် အမှိုက်တွေကို ဒီသခင်လေးကရှင်းပစ်လိုက်တာ”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် လှပသောအမျိုးသမီးက ယဉ်ကျေးစွာပြုံးလိုက်ပြီးဣန္ဒြေရေရှိစွာခေါင်းညိမ့်လိုက်သည်။ထို့နောက်သူမ၏ကိုယ်အား မတ်လိုက်၏။
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့််နောက်တွင် ကောင်မလေးကလည်း တောက်ပစွာပြုံးလိုက်သည်။ ရုတ်တရက် ဤလူက အရမ်းကြောက်ဖို့မကောင်းသည်ကို သူမခံစားလိုက်ရသည်။ ထိုထက်ပိုသည်ကား ဂရုတစိုက်ကြည့်မည်ဆိုလျှင် သူသက တော်တော်လေး ယောက်ျားပီသချောမောသည်ကို တွေ့ရသည်ဖြစ်သည်။
အချိန်များ ဖြည်းညှင်းစွာကုန်ဆုံးသွားသည်။နောက်ဆုံးတွင် တောင်ကြားချိုင့်ဝှမ်းအတွင်းမှ တစ်ဟုန်ထိုးစီးဆင်းထွက်လာသော နက်မှောင်သည့်ခရမ်းရောင် ရေတို့မှာ သေခြင်းတားမြစ်နယ်မြေ၏ မသိနိုင်ကော အကွာအဝေးဆီသို့ဦးတည်သွား၏။ တောင်ကြားချိုင့်ဝှမ်းမှာ နောက်တစ်ကြိမ်ထပ်မံ၍ ဆိတ်ငြိမ်လာသည်။
ရှစ်ဖုန့်က သူ၏ရှေ့တွင်ရှိနေသည့် အခြားသောတောင်တစ်လုံးကိုကြည့်လိုက်သော်လည်း ထိုနေရာတွင် ဘာခြေရာလက်ရာသဲလွန်စမှရှိမနေချေ။ ချီလင်ဘုရင်နှင့် နင်ချန်တို့မှာ လှိုင်းများအားရှောင်ရန်တွက် ရှစ်ဖုန့်နှင့်ဆန့်ကျင်ဘက်အရပ်သို့ သွားခဲ့သည်။ သို့သော် ယခုအခါတွင် ထိုဦးတည်ချက်အားရှစ်ဖုန့်ကြည့်
လိုက်သောအခါ၌ မည်သူမျှထိုနေရာတွင်ရှိမနေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
“ဒီလူနှစ်ယောက်တော့.. သူတို့ဘယ်ကိုသွားကြတာလဲ”
ရှစ်ဖုန့် သူ့ဟာသူ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူ၏ ဝိညာဉ်စွမ်းအားအားအသုံးပြု၍ ခဏမျှ အာရုံခံလိုက်သည်။ ၎င်းတို့နှင့်ပက်သက်၍ ဘာသဲလွန်စမှ တကယ်ရှိမနေခြင်းဖြစ်သည်။
“ထားလိုက်တော့ သူတို့ကိုစိတ်ပူမနေတော့ဘူး”
ရှစ်ဖုန့်က ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် အကျင့်ပျက်ကောင်နင်ချန်ထံမှ ယွဲ့ဝူရှန့်တစ်ယောက် ဤတောင်ကြားချိုင့်ဝှမ်းအတွင်း ရှိနေသည်ကိုသိခဲ့ရသည်ဖြစ်သည်။ သူ့အနေဖြင့် အထဲသို့ဝင်ပြီး သူမအားရှာဖွေရန်သာဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်က လှုပ်ရှားလိုက်ပြီး နောက်တစ်ကြိမ် ဆိတ်ငြိိမ်သွားသည့် တောင်ကြားချိုင့်ဝှမ်းဝင်ပေါက်ဆီသို့ရောက်လာသည်။ ထို့နောက် သူ၏ရှေ့တွင်ရှိနေသော တောင်လမ်းအတိုင်း လျှောက်သွားပြီး တောင်ကြားချိုင့်ဝှမ်းအတွင်းဝင်သွားသည်။
ရှစ်ဖုန့်က ပတ်ဝန်းကျင်အား သူ၏ ဝိညာဉ်စွမ်းအားဖြင့် အာရုံခံပြီး ပတ်ဝန်းကျင်အတွင်း သက်ရှိစွမ်းအင်အတက်အကျများ ရှိနေမည်လားဆိုသည်အား ကြိုးစား ထောက်လှမ်းနေ၏။ သူ့အနေဖြင့် အချိန်မရွေးကျရောက်လာနိုင်မည့် မည်သည့် အန္တရာယ်မဆို ရင်ဆိုင်ရန်အတွက် အမြဲအကာအကွယ်ကို ဖွင့်ထားသည်။ ဤထူးဆန်းသော တောင်ကြားချိုင့်ဝှမ်းက တစ်ဖန်ပြန်လည်၍ ငြိမ်သက်အေးချမ်းသွားသော်လည်း သောချာပေါက် အန္တရာယ်များ မပေါ်လာဘဲ နေမည်မဟုတ်ပေ။ ထို့အပြင် ဤနေရာသည် သေခြင်းတားမြစ်နယ်မြေဖြစ်သည်။
ရှစ်ဖုန့်တောင်ကြားလမ်းအတိုင်း ဝင်ရောက်ခဲ့ပြီးသိပ်မကြာခင်တွင် အမေနှင့်သမီးဖြစ်သူကလည်း သူ၏နောက်ဘက်မှ လိုက်ပါလာသည်ကိုသူတွေိ့လိုက်ရသည်။ သူမတို့က သူ၏နောက်တွင် သိပ်မဝေးပေ။ ယင်းမှာ သန်မာခြင်းမရှိသော အမေနှင့်သမီးဖြစ်သူအတွက် အမြှော်အမြင်ရှိသော ဆုံးဖြတ်ချက်တစ်ခုဖြစ်လေသည်။သူမတို့သာ ရှစ်ဖုန့်၏နောက်မှ လိုက်ပါမည်ဆိုလျှင် ရှစ်ဖုန့်က မည်သည့် အန္တရာယ်ကိုမဆို အရင်ဆုံးရင်ဆိုင်လိမ့်မည်ဖြစ်သည်။ တစ်စုံတစ်ခုမှားယွင်းနေကြောင်းသူမတို့ ခံစားလာရလျှင် သူမတို့ ချက်ချင်းပဲ ဆုတ်ခွာထွက်ပြေးရလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က ပင်ကိုယ်အားဖြင့် အများကြီး ဂရုစိုက်ခြင်းရှိမနေပေ။ သူ့အတွက် ဤသားအမိနှစ်ယောက် သူ့နောက်မှ လိုက်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိစ္စမရှိပေ။ ရှစ်ဖုန့်အနေဖြင့် သူမတို့အား မြေစာပင်အဖြစ်အသုံးပြုရန် ရည်ရွယ်ချက်ရှိမနေပေ။
“ဝုန်း”
“ဟမ်…”
ရုတ်တရက် ရှစ်ဖုန့်၏ မျက်နှာထားမှာပြောင်းလဲသွားသည်။ ခုဏက မြေကြီးမှဟိန်းသံတစ်ခုကို သူကြားလိုက်ရသည်။ ထို့နောက် ကြီးမားပြီး ကြမ်းကြုတ်ကာ ကျောက်ခဲများ မြေလွှာများဖြင့် ဖွဲ့စည်းထားပုံရသော ချွန်မြသည့် လက်တစ်ခုအားရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ၎င်းက ရုတ်တရက် သူ့အောက်ဘက်ရှိမြေကြီးထဲမှ ထိုးထွက်လာပြီး သူ့အား တစ္ဆေလက်သည်းတစ်ခုကဲ့သို့ ဆုပ်ကိုင်လိုက်သည်။
“ချိုးဖျက်စမ်း”
ရှစ်ဖုန့်က အသံတိုးဖြင့်အော်ပြောလိုက်သည်။ သူရှောင်တိမ်းခြင်းမပြုခဲ့ပေ။ ထိုအစား သူ၏ခြေထောက်ကို ပင့်မြှောက်လိုက်ပြီး လက်ပေါ်သို့ ဆောင့်နင်းချလိုက်သည်။
“ဝုန်း”
ရှစ်ဖုန့်၏ ခြေထောက်ကလက်အားရုတ်ခြည်း ခြေမွပစ်လိုက်သည်။
သို့သော် ထို့နောက်
“ဝုန်း..ဝုန်း…ဝုန်း..ဝုန်း..ဝုန်း”
မြည်ဟိန်းသံများက အဆက်မပြတ်မြည်လာပြီး လက်များကလည်း ယခင်ကဲ့သို့ မြေကြီးထဲမှ တစ်ခုပြီးတစ်ခု ထိုးထွက်လာကြသည်။ ၎င်းတို့က အတူတကွ သိပ်သည်းစုစည်းလာကြ၏။
ဤလက်တို့၏လက်မောင်းများကလည်း အဆုံးမရှိကို များပြားလှသည်ဖြစ်သည်။ မြေကြီးထဲမှထိုးထွက်လာကြသော လက်မောင်းများမှာ သိပ်မဝေးလှသောနေရာရှိ ရှစ်ဖုန့်ထံသို့ ဆက်လက်ဆန့်ကားထွက်လာကြသည်။ထို့နောက်ရုတ်ခြည်း ကျောက်များမြေလွှာများဖြင့် ဖွဲ့စည်းထားသည့် လက်များက ရှစ်ဖုန့်အား အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်ကြသကဲ့သို့ ရှစ်ဖုန့်အားဝန်းရံသွားကြသည်။
“ဟမ့်”
ရှစ်ဖုန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်အနှံ့တွင် အဖြူရောင်ဓားချီစီးကြောင်းများပေါ်လာ၏။ ထို့နောက် အဖြူရောင်ဓားချီများက ပျံ့နှံ့ထွက်သွားသည်။ ရှစ်ဖုန့်အားဆုပ်ကိုင်တော့မည့် ကျောက်လက်များမှာ အဖြူရောင်ဓားချီတို့၏ လျှင်မြန်စွာဖျက်ဆီးခြင်းကိုခံလိုက်ရသည်။၎င်းတို့က ကျောက်စကျောက်န အပိုင်းအစများအဖြစ်ပြောင်းသွားကြပြီးမြေပြင်ပေါ်သို့ ကျဆင်းလာကြသည်။ ရှစ်ဖုန့်ရှိနေသော ဧရိယာတစ်ဝိုက်၌ ကျောက်တုံးမိုးများ ရွာ သွန်းထိမှန်လာသကဲ့သို့ပင်ဖြစ်သည်။
“ဖန်း..ဖန်း..ထန်း..”
သူ၏နောက်ဘက်ရှိ လှပသော အမျိုးသမီးနှစ်ဦးတို့မှာလည်း ကျောက်တုံးလက်များက သူတို့အား ဝန်းရံလျက်ရှိသည်ဖြစ်သည်။ သို့သော် သူတို့ တစ်ယောက်ချင်းစီတွင် ဓားတစ်ချောင်းစီရှိသည်ဖြစ်သည်။ ဓားအလင်းအောက်တွင် ထိုကျောက်တုံးလက်များမှာ လျှင်မြန်စွာ ကွဲကြေသွားကြသည်ဖြစ်သည်။
ဤလက်များက မမျှော်လင့်ထားဘဲတိုက်ခိုက်ရန်အတွက် မြေကြီးထဲမှ အဓိကထားထွက်လာကြခြင်းဖြစ်သည်။ ၎င်းတို့တွင် တိုက်ခိုက်ခြင်းစွမ်းအားများစွာရှိမနေပေ။ ပထမဆုံးလက်မှာ ရှစ်ဖုန့်၏ ခန္ဓာကိုယ်အောက်မှ ထွက်လာခြင်းဖြစ်သည်။အမျိုးသမီးနှစ်ဦး ကရှစ်ဖုန့်အပေါ်တွင် အာရုံစိုက်ထားကြခြင်းဖြစ်သည်။ထို့ကြောင့် ရှစ်ဖုန့်အား ပထမလက်၏တိုက်ခိုက်မှုကျရောက်လာချိန်တွင် သူမတို့အနေဖြင့် ပြင်ဆင်မှုတို့ကိုပြုလုပ်ထားခဲ့ပြီးဖြစ်သည်။
ရှစ်ဖုန့်၏ ရှေ့တွင်ရှိနေသော ကျောက်လက်များအဖြူရောင်ဓားချီတို့ ဖျက်ဆီးခြင်းခံလိုက်ရပြီးသည့်နောက် ရှစ်ဖုန့်က တောင်ကြားချိုင့်ဝှမ်းအတွင်းသို့ ဆက်လက် ရွေ့လျားသွားလိုက်သည်။ဤတောင်ကြားချိုင့်ဝှမ်းအတွင်းတွင် ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်ဖြစ်သည်။ ပထမလှိုင်းတွင်ပင် သူ့အနေဖြင့် ကျောက်လက်များ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။
ကျောက်လက်များက သူ၏ အလွယ်တကူဖျက်ဆီးခြင်းကိုခံ
လိုက်ရသော်လည်း ရှစ်ဖုန့်အနေဖြင့် ဂရုမစိုက်ဘဲ ပြုမူရဲခြင်းမရှိပေ။
သူ၏ရှေ့တွင် ထူထပ်သော မီးခိုးရောင်မြူတို့ရှိနေသည်။ ဤနေရာက မှုန်မှိုင်းနေပြီးမီးခိုးရောင်ဖြစ်၏။ ၎င်းမှာ ဤနေရာ၏ ပင်မအရောင်ဖြစ်သည်။
“ဝူရှန့်”
“ဝူရှန့် မင်းငါခေါ်တာကိုကြားလား”
ရှစ်ဖုန့်က ယွဲ့ဝူရှန့်သူ၏အသံအားကြားနိုင်
မည်လားဟူသော မျှော်လင့်ချက်ဖြင့်တောင်ကြားချိုင့်ဝှမ်းအတွင်းသို့အော်လိုက်သည်။ သို့သော် တောင်ကြားချိုင့်ဝှမ်းအတွင်း၌ သူ၏အသံသာလျှင် ပဲ့တင်ရိုက်ခတ်ထွက်ပေါ်လာသည်။ အခြားဘာအသံမှရှိနေခြင်းမရှိပေ။
“အမေ..သူကလည်းသမီးတို့လိုအတူတူပဲနဲ့တူတယ်..ဒီနေရာမှာတစ်ယောက်ယောက်ကိုလာရှာတာဖြစ်မယ်”
သူ၏အနောက်ဘက်မှ မိန်းကလေးမှာ ရှစ်ဖုန့်၏အော်သံအားကြားလိုက်ရပြီး သူမ၏ဘေးတွင်ရှိနေသော မိခင်ဖြစ်သူအား ပြောလိုက်သည်။
“အင်း..ဒါကသေခြင်းတားမြစ်နယ်မြေပဲ.. ဒီကိုလာတဲ့ဘယ်သူကမှ ပြန်ထွက်လို့မရဘူးလို့ပြောကြတယ်.. လူအများကြီးကဒီကိုလာကြပြီးတော့ သူတို့နဲ့ဆက်နွယ်သူတွေ မိတ်ဆွေတွေကို တို့လိုမျိုး ရှာကြမှာပဲ”
လှပသောအမျိုးသမီးကပြောလိုက်သည်။
“သမီးတို့ အဖေ့ကိုရှာတွေ့တာနဲ့ ဒီနေရာကနေသမီးတို့ချက်ချင်းထွက်သွားရမယ်.. အဲ့နောက် သမီးတို့မိသားစု ကောင်းမွန်တဲ့မိသားစုအဖြစ်ပြန်လည်ပေါင်းစည်းရလိမ့်မယ်..ဒီနေရာမှာ အဖေသာရှိနေတယ်ဆိုရင် အနာဂတ်မှာ သမီးတို့ကို ဘယ်သူကမှ အနိုင်ကျင့်ရဲမှာမဟုတ်တော့ဘူး”
မိန်းကလေးကနောက်ဆုံးစကားအားပြောသောအချိန်တွင်သူမ၏မျက်နှာထက်၌ စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေသည်။သူမအနေဖြင့် မြင့်မားသော ပုံရိပ်အား နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ရခြင်းမရှိပေ။ သူသာဤနေရာတွင်ရှိနေခဲ့ပါက သူမအနေဖြင့်မိုးပြိုကျလျှင်တောင် ကြောက်ရွံ့ရလိမ့်မည်မဟုတ်ပေ။
ရှစ်ဖုန့်က တောင်လမ်းအတိုင်းလျှောက်သွားပြီး တောင်ကြားအတွင်းသို့ဝင်ရောက်သွားသည်။ တောင်ကြားချိုင့်ဝှမ်းအတွင်းမှမီးခိုးဖြူရောင်မြူတို့က ပြင်ပကထက်ပို၍ သိပ်သည်းလာသည်။သူ၏ရှေ့တွင်မီးခိုးရောင်မြူတို့ကိုသာလျှင်သူမြင်တွေ့ရနိုင်၏။
သူကယွဲ့ဝူရှန့်၏နမည်အားအော်
ခေါ်သော်လည်း ဘာတုန့်ပြန်မှုကိုမှပြန်လည်ရရှိခြင်း
မရှိသောကြောင့်သူ့အနေဖြင့် စိတ်ပျက်သလိုခံစားရသည်။ သူခဏမျှ အာရုံခံကြည့်သော်လည်း သေလောက်အောင်တိတ်ဆိတ်နေသည်မှလွဲ၍ ဘာသက်ရှိကိုမျှသူအာရုံခံမိခြင်းမရှိပေ။
“ဖြစ်နိုင်တာက ဝူရှန့်များ…”
ဆိုးရွားသော စိတ်လေးထင့်ခြင်းတစ်ခုက ရှစ်ဖုန့်၏ စိတ်အတွင်းမြင့်တက်လာသည်။ အကျင့်ပျက်ကောင်နင်ချန်တစ်ယောက်မည်သည့်နေရာ၌သွားသေနေသည်ကို သူမသိချေ။ ထိုသို့မဟုတ်ပါက သူ၏ ဝူရှန့် ပေါ်၌ တိတ်တဆိတ်ချန်ရစ်ထားခဲ့သော ငရဲဘုံကိုးခု ခြေရာခံအမှတ်အသား နှင့်အတူ သူမအား သူရှာနိုင်လိမ့်မည်သာဖြစ်သည်။
“ဒီငကြောင်ကတော့ သူ့ကို လိုအပ်တဲ့ အရေးကြီးတဲ့အချိန်ကြမှ ပျောက်သွားတယ်..”
ဤအချိန်တွင် ရှစ်ဖုန့်အနေဖြင့် သူ၏လပြည့်ဓားအားအသုံးပြု၍ ပျောက်သွားသော ထိုဂေါက်သီးအား တကယ်သတ်ပစ်ချင်နေသည်။
“အမေ..အဖေကဘယ်နေရာမှာလဲ”
သူ၏နောက်တွင် အမေနှင့်သမီးဖြစ်သူတို့က တောင်လမ်းအတိုင်း တောင်ကြားချိုင့်ဝှမ်းအတွင်းဝင်ရောက်လာခဲ့ပြီး တောင်ကြားချိုင့်ဝှမ်းအဝ၌ရှစ်ဖုန့်ကဲ့
သို့နေနေကြကာ ပုံမှန်ထက်ပိုမိုထူထဲသိပ်သည်းသော တောင်ကြားချိုင့်ဝှမ်းအတွင်းမှ မီးခိုးဖြူရောင်မြူတို့ကိုကြည့်နေသည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE