← Chapters

လျို့ဝှက်နဂါး‌တောင်ကြား

Vol. 44 Ch. 599

လျို့ဝှက်နဂါး‌တောင်ကြား

Vol. 44 Ch. 599

မိုဝူကျီက စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။ သူက ရုပ်ခန္ဓာ လေ့ကျင့်ခြင်းကိုလည်း ရပ်တန့်လိုက်သည်။ ပင်လယ်အောက်ခြေမှ  အာကာသဂိတ်ပေါက်ထဲ ဝင်လာသည်မှာ တစ်နှစ်ပင် ရှိသွားပြီ ဖြစ်ရာ   ဤနှစ်များအတွင်း  သူက စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့်  ၄ မှ အဆင့် ၉ အထိ ရောက်ရှိနိုင်ခဲ့၏။ ထိုအရာမှာ ကောင်းကင်ဘုံ သွေဖယ်နေသည့် နှုန်းပင် ဖြစ်ပေသည်။

ဤသို့မျိုး ပတ်ဝန်းကျင်၌ သူက ဆက်လေ့ကျင့်နေလျှင် အင်မော်တယ် ရုပ်ခန္ဓာအဆင့်ထိ ရောက်လာနိုင်မည် မဟုတ်ပေ။ ပထမဦးစွာ  မသင့်တော်ခြင်းကြောင့် ဖြစ်ပြီး ဒုတိယအနေနှင့် စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် တက်လှမ်းဖို့ရာ  ရုပ်ခန္ဓာ လေ့ကျင့်ပေးနိုင်သည့် ထိပ်တန်း  အင်မော်တယ်ဆေးပင်တချို့ ပြင်ဆင်ထားရန် လိုအပ်သေး၏။

ယခု သူ့ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၉ ရောက်နေပြီ ဖြစ်ရာ သာမာန်အင်မော်တယ်ဘုရင်များထက် ပို၍ အားကောင်းနေပြီ ဖြစ်၏။ သိထားသင့်သည့်အချက်မှာ အင်မော်တယ်တချို့မှာ  တစ်ဘဝလုံး စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့်နား ဝဲလည်လည် ဖြစ်နေခြင်း ဖြစ်၏။

“ ဘုန်း ” အားပြင်းသော စွမ်းအားလှိုင်းများက မိုဝူကျီကို အပါခေါ်ဆောင်သွားပြီး မာကြောသည့် နံရံနှင့် ပစ်ရိုက်လိုက်သလို ဖြစ်သွား၏။ စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၉ ခန္ဓာကိုယ်ပင် ထိုရိုက်ချက်ကြောင့် ကျိုးပဲ့လုမတတ် ဖြစ်သွားသည်။

မကြာခင် မိုဝူကျီက ဤနေရာမှာ  လျို့ဝှက်နဂါးတောင်ကြား၏ အဆုံး ဖြစ်နိုင်ကြောင်း သတိပြုမိလိုက်သည်။

သူက ခန္ဓာကိုယ်ကို မြန်မြန် တည်ငြိမ်အောင် ထားလိုက်ပြီး သူ့စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်သည့်အခါ အနက်ရောင်အကွင်းတစ်ခုကို အာရုံခံမိ၏။ သူက ဖြည်းဖြည်းချင်း ဆွဲချကြည့်လိုက်သည့်အခါ အက်ကွဲသံများ ဟိန်းကာ  ဆက်တိုက် ထွက်ပေါ်လာသည်။

ထိုအသံများက  မကျယ်လောင်သော်လည်း ပတ်ဝန်းကျင်၌  အင်မတန် တိတ်ဆိတ်နေသောကြောင့်  နားစည်အထိ စူးရှနေ၏။

ထိုအရာက မိုဝူကျီကို စိုးရိမ်သွားစေသည်။

အကယ်၍ ဤအရာက လျို့ဝှက်နဂါးတောင်ကြားကို ဦးတည်နေသည်ဆိုလျှင် နဂါးမျိုးနွယ်များက ဆူဆူညံညံအသံကို ရှာတွေ့မည် မဟုတ်ဘူးလား …..

ထိုအသံများ ရပ်တန့်သွားပြီးနောက် လူတစ်ယောက်စာ ဝင်ထွက်လို့ရသည့် တံခါးတစ်ခုမှာ သူ့ရှေ့ ပေါ်လာ၏။ သူ့စိတ်စွမ်းအားဖြင့် အနီးကပ် စစ်ဆေးကြည့်ပြီးနောက်  သူက ထိုတံခါးမှာ အန္တရာယ်မရှိကြောင်း ဆုံးဖြတ်ပြီး အထဲဝင်လိုက်တော့သည်။

မှောင်မည်းနေသည့် ပတ်ဝန်းကျင်က သူ့အား လွှမ်းခြုံထားပြီး အင်မော်တယ် ဝိညာဉ်စွမ်းအားများနှင့် သိပ်သည်းလွန်းသည့် နဂါးအဆီအနှစ်တို့ရှိရာဆီ လိုက်သွားလိုက်သည်။

အနီးအနားတွင် လှုပ်ရှားမှု မရှိသလို နဂါးမျိုးနွယ်မှ တစ်ယောက်မှလည်း မကျင့်ကြံနေကြပေ။ သူက စိတ်စွမ်းအား ထုတ်လွှင့်၍  နေရာတစ်ခုလုံး စစ်ဆေးကြည့်လိုက်သောအခါ မိုဝူကျီက သူဝင်လာသည့် အဝင်ပေါက်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း အံ့ဩတုန်လှုပ်စွာ တွေ့ရှိသွား၏။ သူ့အစီအရင်တာအို အဆင့်ဖြင့် ထိုပျောက်ကွယ်သွားသည့် တံခါးမှာ ဖုံးကွယ်ရေး အစီအရင်အောက်ရှိနေလား ဆိုသည့် အကြောင်းကို မပြောနိုင်ပေ။

သူ့စိတ်ထဲ၌ မိုဝူကျီက သူ့ဘာသာ ပြန်တွေးမိနေသည်။

ယန်လီ၏ မိခင်က  ကျင့်ကြံခြင်းလောကဆီ ဦးတည်နေသည့် လမ်းကြောင်းကို ဘယ်လိုများ ရှာတွေ့ခဲ့ပါ့လိမ့် …..

ထွက်သွားရမည့် လမ်းကြောင်းမှာ  အစအနပင် မကျန်ရှိနေပေ။

သူက တံခါးအစအန လမ်းကြောင်းကို ရှာမတွေ့ကာ ထိုလမ်းကြောင်းကို ပြန်မသွားသော်လည်း  လိုလိုဌာဌာ အမှတ်အသားအသေးလေး ထားထားလိုက်သည်။

သိပ်သည်းသော နဂါးအဆီအနှစ်နှင့် အင်မော်တယ် ဝိညာဉ်စွမ်းအားများအပြင် လျို့ဝှက်နဂါးတောင်ကြား တစ်ခုလုံး အမှောင်ထုနှင့်သာ ပြည်နေပြီး  စိတ်စွမ်းအားကိုလည်း သတ်မှတ်ထားသည့်နယ်ပယ်တစ်ခုအတွင်း  ထိန်းချုပ်ကန့်သတ်ထားသည်။

မိုဝူကျီက တစ်ဖက်တွင် ဘာရှိနေမှန်း မသိသည့်အတွက်  စိတ်စွမ်းအားကို ဖြစ်ကတတ်ဆန်း ထုတ်မလွှင့်ရဲဘဲ  စိတ်ဝိညာဉ်မျက်လုံးကိုသာ  အသက်သွင်းလိုက်သည်။

သူ့စိတ်ဝိညာဉ်မျက်လုံးမှာ ကျင့်ကြံဆင့်နှင့် လိုက်ပြီး အားကောင်းလာလေ၏။ မည်မျှပင် မှောင်ပိန်းပြီး စိတ်စွမ်းအား အကန့်သတ်ခံထားရစေကာမူ သူက စိတ်ဝိညာဉ်မျက်လုံးဖြင့် ကောင်းကောင်းကြီး မြင်နေနိုင်ဆဲ ဖြစ်၏။

ထိုအရာမှာ  မကျယ်ဝန်းသော်လည်း အတော်နက်သော တောင်ကြားတစ်ခု ဖြစ်ပြီး မိုဝူကျီ၏ စိတ်ဝိညာဉ်မျက်လုံးက တောင်ကြားတစ်ခုလုံးကို မြင်နေရသည်။ တောင်ကြား အောက်ခြေ ထောင့်နေရာငါးခုရှိပြီး  အကျယ်အဝန်းမှာ တစ်ထောင်မီတာမျှသာ ရှိ၏။ ထိုထောင့်များအလယ်၌ နဂါးအဆီအနှစ်များ ပလုံစီနေသည့် ရေကန်တစ်ခု ရှိပေသည်။ နဂါးအဆီအနှစ်များအပေါ်၌ အင်မော်တယ် ဝိညာဉ်စွမ်းအားများက ပို၍ သိပ်သည်းနေသည်။ ထိုအခိုက်အတန့်၌ မည်သည့်နဂါးမှ မကျင့်ကြံနေကြပေ။

ရေကန်အစွန်းတစ်ဖက်၌ စာလုံးသုံးလုံး ရေးထွင်းထားသော ကျောက်တိုင်တစ်ခု ရှိပေသည်  “ လျို့ဝှက်နဂါးရေကန် ”

မိုဝူကျီက ခဏဆက်ကြည့်လိုက်သော်လည်း ထွက်သွားရမည့် လမ်းကြောင်းကို ရှာမတွေ့သေးပေ။ လျို့ဝှက်နဂါးတောင်ကြားမှာ ရေတွင်းသဖွယ် ဖြစ်ပြီး သူက အောက်ခြေ၌ ရှိနေခြင်း ဖြစ်၏။

တစ်လှမ်းတည်းဖြင့် မိုဝူကျီက ရေကန်အလယ်ဆီ ရောက်ရှိသွားရာ  သိပ်သည်းနေသော ဝိညာဉ်စွမ်းအားများက သူနား စုပြုံနေသောကြောင့် ကျင့်ကြံချင်စိတ် ဖြစ်ပေါ်လာမိသည်။ သူက ဤနေရာတွင် အချိန်တစ်ခုလောက်အထိ ကျင့်ကြံလိုက်ပါက မဟာယီရှန်းဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်း  သေချာသိနေသည်။

မိုဝူကျီက ဤနေရာအကြောင်း မှတ်မိလိုက်သည်။ ဤနေရာမှာ နဂါးမျိုးနွယ်၏ အလျို့ဝှက်ဆုံးနေရာ ဖြစ်ပေသည်။ အကယ်၍ သူက ဤနေရာတွင် ကျင့်ကြံရဲသည်ကို ရှာဖွေတွေ့ရှိသွားပါက  အင်မော်တယ် ဧကရာဇ် ဖြစ်နေလျှင်ပင်  အလွယ်တကူ ထွက်သွားနိုင်မည် မဟုတ်ပေ။

လေးနာရီ ကုန်ဆုံးသွားပြီးနောက် မိုဝူကျီက လမ်းပျောက်နေဆဲ ဖြစ်သည်။ ဤနေရာမှ ထွက်လမ်းကြောင်း မရှိပေ။ တောင်ကြားနံရံများမှာ  ချော်နေသည့်အတွက်  တက်၍ ထွက်ပြေးဖို့ရာလည်း မဖြစ်နိုင်ပေ။ ထို့အပြင် လျို့ဝှက်နဂါးတောင်ကြားအလယ်၌  အာကာသနှင့် သဘာဝ အတားအဆီးများ ချမှတ်ထားသောကြောင့် မိုဝူကျီအနေဖြင့် လေလွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြု၍ မရသလို  ရွေ့ပြောင်းစွမ်းရည်ကိုလည်း အသုံးပြု၍ မရချေ။

နောက်တစ်ရက် ထပ်မံ ကုန်ဆုံးသွားပြန်သည်။ မိုဝူကျီက မျှော်လင့်ချက် ပျောက်ဆုံးနေပြီ ဖြစ်၏။ သူ လျို့ဝှက်နဂါးတောင်ကြားထဲ ဝင်လာစဉ် ကတည်းမှ ထွက်မသွားနိုင်သေးပေ။ သူ့ကို တစ်ယောက်ယောက် လာခေါ်သည်ကို စောင့်နေရုံသာ ရှိသော်လည်း  သူ့အနေဖြင့် နဂါးမျိုးနွယ်မှ မည်သူကိုမျှ မသိပေ။ တစ်ယောက်ယောက် သူ့အား အရင်တွေ့သွားလျှင် သူတို့လုပ်မည့်အရာမှာ သူ့အား သတ်ပစ်ဖို့ပင် ဖြစ်နိုင်၏။

ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေနှင့် ကြုံတွေ့နေရသောကြောင့်  ဤနေရာမှာ ကျင့်ကြံရင်း အခွင့်အရေး ပေါ်လာသည်ကိုသာ ထိုင်စောင့်နေရတော့မည်။

သူက ယန်လီကို အပြစ်မတင်ပေ။ ယန်လီလည်း ဤနေရာမှာ ဤသို့ ဖြစ်နေကြောင်း သိလိမ့်မည် မဟုတ်ပေ။  ယခင် ယန်လီ လျို့ဝှက်နဂါးတောင်ကြားကနေ ထွက်သွားစဉ် သူက ကလေးငယ်လေးသာ ဖြစ်ဦးမည် သို့မဟုတ် တစ်ယောက်ယောက်က သေချာပွေ့ချီသွားတာလည်း ဖြစ်နိုင်သလို သူ မိခင်ကိုယ်တိုင် လိုက်ပို့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သူက တစ်ခါမှ ပြန်မလာဖူးသောကြောင့်  ယန်လီအတွက် တောင်ကြား၌ မည်သို့မည်ပုံ ရှိမှန်း မိသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်၏။

မိုဝူကျီ လုပ်လိုက်သည့် တစ်ခုတည်းသော အရာမှာ  အချက်ပေးအစီအရင် ခင်းကျင်းထားခြင်းသာ ဖြစ်ပြီး တစ်ယောက်ယောက် ဝင်လာသည်နှင့် သူက ကျင့်ကြံနေလျှင်ပင်  သူ့အား သတိပေးလိမ့်မည်။ ဤနည်းဖြင့် သူက ထောင့်တစ်နေရာတွင် ပုန်းကွယ်ကာ ထိုလူ့နောက်မှ လိုက်ပြီး ထွက်လမ်းကို ရှာတွေ့လိမ့်မည်။

သူက ထွက်သွားနိုင်သည် ဖြစ်စေ၊ မထွက်သွားနိုင်ဘူး ဖြစ်စေ လျို့ဝှက်နဂါးတောင်ကြားတွင် ကျင့်ကြံခြင်းက အလွန်ကျေနပ်ဖွယ် ကောင်းသော အတွေ့အကြုံမျိုး  ဖြစ်၏။

မိုဝူကျီက မည်သည့်ဆေးလုံးကိုမှ သုံးစရာမလိုသလို အင်မော်တယ်ကျောက်များကိုလည်း အသုံးပြုစရာ မလိုပေ။ အဆုံးမဲ့ အင်မော်တယ်ဝိညာဉ်စွမ်းအားများက သူ့ချီသွေးကြော ၁၀၈ ခုလုံးဆီ ရပ်တန့်ခြင်းမရှိ ဝင်လာလေ၏။ ဤအင်မော်တယ်စွမ်းအားများက သူ့ကျင့်ကြံဆင့်အား တိုးပွားလာစေသလို နဂါးအဆီအနှစ်များက သူ့ခန္ဓာကို အားဖြည့်ပေးနေသောကြောင့် သူ့ရုပ်ခန္ဓာမှာ  စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၉ ကို ပို၍ ကျစ်လစ်ကာ ပြီးပြည့်စုံလာစေသည်။

နှစ်ဝက် ကြာပြီးနောက် သူက လျို့ဝှက်နဂါးရေကန်ထဲ အာရုံလုံးနှစ်မြောသွားတော့သည်။ နှစ်ဝက်အတွင်း သူ့အနေဖြင့်  အင်မော်တယ် ဝိညာဉ်စွမ်းအား မည်မျှကို စုပ်ယူလိုက်သည်ကို  မည်သူက သိမည်နည်း။ သို့သော်လည်း လျို့ဝှက်နဂါးရေကန်အတွင်းရှိ  သိပ်သည်းနေသော အင်မော်တယ်ဝိညာဉ်စွမ်းအားများက နည်းနည်းလေးမှ လျော့ကျမသွားပေ။ လျို့ဝှက်နဂါးတောင်ကြားရှိ နံရံများက အင်မော်တယ် ဝိညာဉ်စွမ်းအားထုတ်ပေးသူများနှင့် တူနေသည်။ အင်မော်တယ် ဝိညာဉ်စွမ်းအား နည်းနည်းလျော့ပါးသွားသည်နှင့်  မြန်မြန် ပြန်လည် ဖြည့်ဆည်းပေးကြသည်။

နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားသည့်အခါ မိုဝူကျီ၏ အရိုးများက ပြန်လည်တည်ဆောက်ခြင်းအဆင့်ကို ဖြတ်ကျော်နေပြန်သည်။ သူ့အရိုး ကျိုးအက်သံများက သူ့အား နာကျင်မှု မပေးဘဲ ပျော်ရွင်မှုနှင့် သက်တောင့်သက်သာ ရှိလာစေသည်။

နဂါးအဆီအနှစ်များက မိုဝူကျီ၏ ရုပ်ခန္ဓာကို ပိုကာ မသန်စွမ်းလာစေသော်လည်း  ဖုံးကွယ်နေသော အလားအလာများနှင့် ပြည့်နေသည်။ ဆိုလိုသည်မှာ  နောင်အခါ၌ သူ့ရုပ်ခန္ဓာမှာ ပို၍ ပြီးမြောက်လာမည် ဖြစ်ပေသည်။

သူ့အရိုးများမှာ  ကျိုးကြေနေစဉ် အင်မော်တယ် ဝိညာဉ်စွမ်းအားလှိုင်းများက  မိုဝူကျီ၏ ချီသွေးကြောများဆီ ထိုးဖောက်ဝင်ရောက်သွားလေ၏။ ထိုစဉ် သူ့စိတ်စွမ်းအားနှင့် အင်မော်တယ် သဘာဝစွမ်းအားများမှာ အဆင့်တစ်ခု ရုတ်ချည်း  ချိုးဖျက်သွားလေ၏။

တစ်နှစ်တာ အချိန်လေးအတွင်း မိုဝူကျီက အလယ်အလတ် ရွမ်ရှန်းအဆင့်မှ နောက်ပိုင်း ရွမ်ရှန်းအဆင့် ရောက်ရှိခဲ့ပြီး သူက ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်ဖြင့် အသည်းအသန် ကျင့်ကြံနေသည်။

မိုဝူကျီက နောက်ပိုင်း ရွမ်ရှန်းအဆင့် ရောက်လာသည်နှင့် သူ့ခေါင်းထက်၌ လှေကားထစ်များ ပေါ်လာသော်လည်း ကျင့်ကြံဆင့်ထဲ နှစ်မြှောနေသောကြောင့် သူက လုံးဝ သတိမပြုမိပေ။

ကျင့်ကြံခြင်းအတွက် တန်ဖိုးမရှိဆုံး အရာက ဘာဖြစ်မလဲ ….  အချိန်သာ ဖြစ်ပေသည်။

နောက်တစ်နှစ်မှာ ကုန်ဆုံးသွားပြန်သည်။ မိုဝူကျီက မဟာယီရှန်းအဆင့် မိုးကြိုးစမ်းသပ်ချက် ကျရောက်လာတော့မည်ဟု ခံစားမိလာသည့်အခါ ရုတ်ချည်း တုန်လှုပ်သွားမိသည်။

လျို့ဝှက်နဂါးတောင်ကြား၌ မဟာယီရှန်း အဆင့် မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ရာ သူ မလုပ်ရဲပေ။

ထို့ကြောင့် သူက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်တော့သည်။ သူက မဟာယီရှန်းအဆင့် မတက်လှမ်းနိုင်သေးသောကြောင့် ဆက်လက် ကျင့်ကြံနေဖို့ရာ မလိုတော့ပေ။

ထိုအခါမှ သူ့ခေါင်းအထက်မှ လှေကားထစ်များကို သတိပြုမိတော့သည်။

အခု ထွက်သွားနိင်ပြီလား ….. ဘယ်သူက လှေကားလာချပေးပါ့လိမ့် …..

မိုဝူကျီက အနည်းငယ် အံ့ဩမိသွားသည်။

သို့သော် မကြာခင် သူက အသိပြန်ကပ်လာ၏။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ  လျို့ဝှက်နဂါးတောင်ကြားဆီ ဝင်ပြီးနောက် နောက်တဆင့် တက်မှသာ ထွက်ရန် အခွင့်အလမ်း ရလာခြင်း ဖြစ်ပေလိမ့်မည်။ အလယ်အလတ် ရွမ်ရှန်းအဆင့်မှ နောက်ပိုင်း ရွမ်ရှန်းအဆင့်ထိ တက်လှမ်းသွားနိုင်ခဲ့သည်။

သို့သော် သူ့စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ်မျက်လုံးမှာ  လှေကားရှိ  အန္တရာယ်တို့ကို အာရုံမခံမိသောကြောင့်  မမြင်ရသည့် လှေကားထစ်များဆီ ဂရုတစိုက် တက်လှမ်းသွားလိုက်သည်။

သိမ်မွေ့နူးညံ့နေဟန် ပေါ်သော်လည်း  လှေကားထစ်များက အရမ်းခိုင်မာသည်။ မိုဝူကျီ ခြေချလိုက်သည်နှင့် မတည်ငြိမ်မှု အရိပ်အယောင်ပင် မရှိပေ။

တစ်ထစ်ချင်းစီ တက်လှမ်းပြီးနောက် နှစ်နာရီအကြာတွင် မိုဝူကျီ၏ စိတ်စွမ်းအားအတွင်း၌ ထွက်ပေါက် ပေါ်လာသည်။ ကျောက်ပြားတစ်ချပ် ဖြစ်သော်လည်း  သူက ထွက်ပေါက်ကို အသေးစိတ် မစစ်ဆေးကြည့်ရသေးခင် သူ့လက်ထဲ အရည်တစက် ကျလာသည်။

သွေးတွေလား ….

မိုဝူကျီက အလျှင်အမြန် အတည်ပြုလိုက်သည်။ ထိုအရာမှာ သွေးတစ်စက် ဖြစ်ပေ၏။ သူက လျို့ဝှက်နဂါးတောင်ကြားထဲ နှစ်နှစ်တာ ကျင့်ကြံခဲ့သောကြောင့် သူ့ခန္ဓာကိုယ်မှာ နဂါးအဆီအနှစ်တွေနဲ့ အားဖြည့်ထားပြီးသား ဖြစ်ရာ  ထိုအရာမှာ နဂါးသွေးဖြစ်ကြောင်း မြင်သည်နှင့် တန်းသိလိုက်သည်။

ဆက်တိုက်ဆိုသလို  သွေးစက်များက ပိုပိုကျလာသည်။

“ ပေါက် ပေါက်  ပေါက် ” သွေးစက်များက မိုဝူကျီလက်ထဲ ကျလာသည်။ ထိုအရာက သူ့အား အတော်လေး စိုးရိမ်သွားစေပြီး  လက်ကို မြန်မြန် ဖယ်ကာ နဂါးသွေးများကို လျို့ဝှက်နဂါးရေကန်ဆီသို့ စီးဆင်းစေလိုက်သည်။

မိုဝူကျီက နဂါးမျိုးနွယ် အပြစ်ပြုမိ၍ အပြစ်ပေးထားခံရသည်ဟု မထင်မိပေ။ နဂါးမျိုးနွယ်မှာ အင်မော်တယ်လောကရှိ ထိပ်တန်းမျိုးနွယ်စုထဲမှ တစ်ခု ဖြစ်ပေရာ နဂါးများများစားစား မကျန်ရှိတော့သော်လည်း  နဂါးမျိုးနွယ်တစ်ယောက်မှာ မြင့်မြတ်ခြင်း သဘောဆောင်လေ၏။

တော်ဝင်မြင့်မြတ် မျိုးနွယ်တစ်ခုက သူတို့မျိုးနွယ်များကို ဤသို့ နည်းလမ်းမျိုးဖြင့် အပြစ်ပေးမည် မဟုတ်ပေ။ သူတို့ အပြစ်ပေးလျှင်ပင် သွေးများကို လျို့ဝှက်နဂါးရေကန်ဆီ စီးဝင်ခွင့် ပြုမည် မဟုတ်ပေ။

နဂါးမျိုးနွယ်ကဲ့သို့ ကြီးမားသည့် မျိုးနွယ်စုအနေနှင့်  လျို့ဝှက်နဂါးတောင်ကြားလို လျို့ဝှက်နေရာမျိုး၌  အချင်းချင်းတိုက်ခိုက်ကြသည်မှာ ပို၍ပင် မဖြစ်နိုင်သေး၏။

ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ နဂါးမျိုးနွယ်အနေနှင့်  အင်အားကြီးသည့် ရန်သူနှင့် ရင်ဆိုင်နေရပြီး ထိုလူက  လျို့ဝှက်နဂါးတောင်ကြားအပြင်ဘက်၌ တိုက်ခိုက်နေပြီး နဂါးမျိုးနွယ်များကို သတ်ပစ်နေခြင်း ဖြစ်ပေမည်။

ထိုအတွေးကြောင့် မိုဝူကျီက ခဏတာ ကြောင်အမ်းသွားလေ၏။ သူက အထဲတွင် ဆက်နေရမလား ၊ အပြင်ထွက်ရမလား မသိတော့ပေ။ သူ အပြင်ဘက်ကို ထွက်နိုင်ဖို့ရာ အခွင့်အရေးကောင်း ဖြစ်သော်လည်း ရန်သူက နဂါးမျိုးနွယ်များကို သူတို့နေရာ၌  လာသတ်ဖြတ်နေပေသည်။ သူ့ကဲ့သို့ ရွမ်ရှန်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူလေးက ထိုသူ့အတွက် သွေးပူလေ့ကျင့်ခန်းပင် ဖြစ်မည် မဟုတ်ပေ။

သို့သော်လည်း  တစ်ယောက်ယောက်သာ ဤလျို့ဝှက်နဂါးတောင်ကြား ရှာတွေ့သွားသည်နှင့် သူက သေရမှာ စောင့်နေသည့် လူ လို ဖြစ်နေလိမ့်မည်။

ခဏတာတွေဝေနေပြီးနောက် မိုဝူကျီက အပြင်ထွက်ရန် ဆုံးဖြတ်လိုက်တော့သည်။  ပုန်းနေခြင်းက သူ့ပုံစံ မဟုတ်ပေ။ တစ်ယောက်ယောက်က နဂါးမျိုးနွယ်အထိ လာရောက်တိုက်ခိုက်နေသောကြောင့်  လျို့ဝှက်နဂါးတောင်ကြားကဲ့သို့ နေရာမျိုးကို မည်သို့ မရှာဘဲ နေမည်နည်း။

သူ့ကျင့်စဉ်မှာ အင်မော်တယ် မော်တယ် ကျင့်စဉ် ဖြစ်ပေရာ သူ့တွင် ဝိညာဉ်ကြောလည်း မရှိသလို ဝိညာဉ်စွမ်းအား အရိပ်အယောင်လည်း မရှိပေ။ သူက တစ်နေရာတွင်  ပုန်းကွယ်နေလျှင် အင်မော်တယ် ဧကရာဇ်ပင် သူ့အား ရှာတွေ့နိုင်မည် မဟုတ်ပေ။

မိုဝူကျီက ထိုအတွေးဖြင့် ရှေ့တိုးကာ  ကျောက်ပြားပေါ် လက်တင်လိုက်သည်။ သူက ကျောက်ပြားကို တွန်းရန် ကြံနေသော်လည်း  လက်က ကျောက်ပြားနှင့် ထိလိုက်သည်နှင့်  အလယ်၌ ပုံကားချပ်မှာ လည်လာပြီး  ထူးခြားဆန်ပြားအင်အားတစ်ခုက သူ့အား ဆွဲခေါ်သွားလေသည်။

နောက်ထပ် ကူးပြောင်းရေး အစီအရင်တစ်ခုပဲ …..

သူက သတိပြုမိသောအခါ သူ့ခန္ဓာထဲမှ စွမ်းအား အားလုံး လျော့နည်းသွားတော့သည်။

“ဗုန်း ” မိုဝူကျီ မြေပြင်ပေါ် ရောက်ရှိလာသည့်အခါ သူ့ရှေ့မှ မြင်ကွင်းကြောင့် လေအေးများ ခပ်ပြင်းပြင်း ရှုထုတ်မိလိုက်သည်။

***

All Chapters