နဂါးမျိုးနွယ်၏ မိဘမဲ့ ကလေးများ
Vol. 44 Ch. 600
သူလက်ရှိအနေအထားမှာ ခန်းမကျယ်တစ်ခုထဲ ရောက်ရှိနေသော်လည်း ထိုဗလာကျင်းနေသော ခန်းမကျယ်ထဲ၌ သွေးသံရဲရဲ ဖြစ်နေသည်။ နဂါးများစွာ အသတ်ခံရထားပြီး တချို့မှာ သူတို့၏ ဦးချိုများနှင့် အရိုးများ ပျောက်ဆုံးနေကြသည်။
သွေးများက မခြောက်သေးသည့်အတွက် ထိုတရားခံ ထွက်သွားသည်မှာ မကြာမြင့်သေးကြောင်း သိနိုင်သည်။
မိုဝူကျီ၏ အဝတ်အစားများမှာ သွေးများနှင့် စိုစွတ်နေပြီး အမှန်ပင် ကြောက်မက်ဖို့ ကောင်းသည့် မြင်ကွင်းကို မြင်တွေ့နေရခြင်း ဖြစ်၏။
ဘယ်လောက်တောင် ရက်စက်ကြတဲ့ လူတွေလဲ …….
မိုဝူကျီက လေအေးများ ရှုရှိုက်လိုက်သည်။ သူက လက်စားချေသတ်ဖြတ်ခြင်းများကို ယခင်က မြင်တွေ့ဖူးသည် သာမက သူကိုယ်တိုင်ပင် လိန်မျိုးနွယ်စု၊ ယန်မျိုးနွယ်စုနှင့် ပုံရိပ်ယောင်တောင်ကိုပင် သုတ်သင်ပစ်ခဲ့သည် မဟုတ်ပါလော။
ဒီလောက် သွေးသံရဲရဲနဲ့ ရက်စက်ဖို့ လိုအပ်လို့လား …..
ထိုသို့ ပြုမူသွားသည့်သူမှာ စိတ်ပုံမှန် မဟုတ်သည့်သူသာ ဖြစ်လိမ့်မည်။ ထိုသို့မျိုးအဆင့်ဖြင့် နဂါးမျိုးနွယ်တစ်ခုလုံးကို သတ်ဖြတ်လိုလျှင် ဤသို့မြင်ကွင်းမျိုး ဖြစ်အောင် လုပ်စရာအထိ မလိုပေ။
မိုဝူကျီက ဂရုတစိုက် မတ်တပ်ရပ်လိုက်ပြီး သူ့စိတ်စွမ်းအားကို ပတ်ဝန်းကျင်၌ ဖြန့်ကျက်လိုက်သည်။ သူက အဝေးထိ မဖြန့်ကျက်ရဲဘဲ တခြားသော အဆင့်မြင့် ကျင့်ကြံသူများ အာရုံခံမိသွားမည်ကို စိုးရိမ်မိ၏။
ခန်းမကား ကျယ်ဝန်းသောကြောင့် မိုဝူကျီက လျို့ဝှက်နဂါးတောင်ကြား ဝင်ပေါက်မှာ ဤနေရာတွင် မရှိကြောင်း ကောက်ချက်ချလိုက်သည်။ အကြောင်းမှာ သူက ကူးသန်းရေး အစီအရင်တစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ တစ်ဖက်သွား ကူးသန်းရေး အစီအရင်မှာ လူများနှင့် ပစ္စည်းများကို နံရံတစ်ဖက်သာ ပို့ဆောင်ပေးပြီး ထိုနေရာဆီ ပြန်သွား၍ မဖြစ်နိုင်ပေ။
ဤသို့မျိုး အစီအရင်မျိုးကို ခင်းကျင်းထားသည်နှင့် နံရံနှစ်ဖက်လုံး၌ တစ်ဖက်ချင်းစီကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်၍ မရနိုင်ပေ။ သို့သော်လည်း သွေးများက ကူးသန်းရေး အစီအရင်ကို ဖြတ်သန်းလာသောကြောင့် လျို့ဝှက်နဂါးတောင်ကြား၌ သွေးစက်များကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ဤနေရာ၌ ကြာကြာနေ၍ မကောင်းပေ။ မိုဝူကျီက ထွက်သွားတော့မည့်ဆဲဆဲတွင် လူနှစ်ယောက်က အပေါ်မှ ဆင်းသက်လာကြသည်။
သူ့ပထမဆုံး အပြုအမူမှာ မှော်ရတနာကို ထုတ်ယူခြင်းသာ ဖြစ်သော်လည်း ထိုလူနှစ်ယောက်က သူ့အား အန္တရာယ်မပေးနိုင်ကြောင်း သိလိုက်ရသည်။
မိန်းကလေး တစ်ယောက်၊ ကောင်လေး တစ်ယောက် ကလေး နှစ်ယောက် ဝင်လာပြီး သူတို့နှစ်ယောက်လုံးမှာ သွေးများ ပေစွန်းနေပြီး ကြောက်လန့်နေဟန် ပေါ်သည်။ သူတို့နဖူးအလယ်၌ နဂါးအမှတ်အသား ခပ်ဖျော့ဖျော့ ရှိနေ၏။
မိုဝူကျီက ယန်လီနှင့် ပတ်သတ်ဖူးပြီး လျို့ဝှက်နဂါးတောင်ကြားမှ ထွက်လာသောကြောင့် ထိုကလေး နှစ်ယောက်မှာ နဂါးမျိုးနွယ်မှ ဖြစ်ကြောင်း တန်းသိလိုက်သည်။
“ အား ” နှစ်ယောက်လုံးလည်း မိုဝူကျီကို မြင်လိုက်ကြသည်။
သူက နဂါးမျိုးနွယ်ကို သတ်လိုက်သူ မဟုတ်ကြောင်း ရှင်းပြတော့မည့်ဆဲဆဲတွင် သူ့စိတ်စွမ်းအား အစွန်းအဖျား၌ နှောင့်ယှက်မှုကို ကြုံတွေ့လိုက်ရသည်။
သူက တစ်ယောက်မှ မမြင်မိသေးသော်လည်း တစ်ယောက်ယောက် လာနေကြောင်း သိနေသည်။ သူက လက်တစ်ဖက် ဝှေ့ကာ စိတ်စွမ်းအားကို ရုတ်သိမ်းလိုက်ပြီး ကလေးနှစ်ယောက်လုံးကိုလည်း ခေါ်ကာ သူ့ထာဝရ ကမ္ဘာထဲ ဝင်နေလိုက်၏။
သူ့ထာဝရ ကမ္ဘာမှာ ဖုန်မှု့န်သဖွယ် ဖြစ်သွားပြီး ခန်းမကျယ် ထောင့်တစ်နေရာ၌ ရောက်သွားသည်။ မပြီးပြည့်စုံသေးသော်လည်း မိုဝူကျီက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံထားပြီး ဝိညာဉ်ကြောမပါရှိသည့် သာမာန်သေမျိုး တစ်ယောက် ဖြစ်သောကြောင့် ဖုန်မှုန့်က ဘာမှ ထူးခြားမနေပေ။ တခြားနည်းဖြင့်ဆိုရလျှင် တကယ့်ဖုန်မှုန့်သဖွယ် ဖြစ်၏။ မိုဝူကျီကဲ့သို့ ကောင်းကင်ဘုံသွေဖယ်နေသည့် စိတ်ဝိညာဉ်မျက်လုံးမျိုး ရှိသူမျိုး သို့မဟုတ် အလွန်အားကောင်းသည့်သူမျိုးမှ လွဲ၍ ဤဖုန်မှုန့်မှာ တခြားသော ဖုန်မှုန့်များနှင့် ကွဲပြားနေကြောင်း မည်သူမှ တွေ့နိုင်မည် မဟုတ်ပေ။
မိုဝူကျီ ပုန်းကွယ်ပြီးသည်နှင့် ပုံရိပ်တစ်ခုက ခန်းမကျယ်ထဲ ဝင်လာသည်။
ထိုသူမှာ အဝါရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်အမျိုးသား တစ်ဦး ဖြစ်၏။ သူ့တွင် နှာခေါင်းချွန်ချွန်၊ ပါးစပ်ကျယ်ကျယ်နှင့် လက်ကြီးကြီး ရှိသည်။
“ အာ …” ထိုလူက ခန်းမတစ်လျှောက် လိုက်လံကြည့်နေပြီးနောက် ခဏအကြာတွင် သူ့ကိုယ်သူ ရေရွတ်လိုက်၏ “ ဒီခန်းမမှာ ကူးသန်းရေး အစီအရင် ရှိတာ သေချာပါတယ် …. ဘယ်လိုများ ပျောက်သွားပါ့လိမ့်။ တစ်ခုခုတော့ မှားနေပြီ ….. ကူးသန်းရေး အစီအရင် ရှိတယ်ဆိုရင်တောင် ဒီလောက်မြန်မှာ မဟုတ်ဘူး။ ပြီးတော့ ဝိညာဉ်စွမ်းအားလှိုင်းတောင် မရှိဘူးဆိုတော့ …….”
အဝါရောင် အမျိုးသားက လက်မလျော့ဘဲ စိတ်စွမ်းအားဖြင့် တဖန် စစ်ဆေးကြည့်ပြန်သည်။ ထို့နောက် တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် မြန်မြန် ထွက်သွားလေ၏။ မိုဝူကျီက တစ်ဖက်လူ တကယ် ထွက်သွားသည့်အခါမှ ကလေးနှစ်ယောက်ကို ခေါ်၍ ထာဝရ ကမ္ဘာမှ ထွက်လာလိုက်သည်။
သူ ထွက်လာသည်နှင့် ဖြစ်ပျက်သမျှ ကိစ္စအားလုံးကို သလင်းကျောက်ထဲ၌ မှတ်တမ်းတင်ထားလိုက်သည်။ ထိုသို့မျိုး မှတ်တမ်းမှာ အချိန်ကြာလာသည်နှင့် လုံးဝ မပျောက်ပျက်သွားခင် ဝေဝါးလာနိုင်သည်။
အဝါရောင်အမျိုးသားက တစ်ယောက်ယောက် မှတ်တမ်းယူနေလိမ့်မည်ဟု မထင်ထားသောကြောင့် သူ့ရုပ်ရည်သွင်ပြင်ကို မဖယ်ရှားထားပေ။
မိုဝူကျီက မှတ်တမ်း မှတ်ပြီးသည်နှင့် မိန်းကလေးက ကောင်လေးကို ဆွဲကာ လေးလေးစားစား ဦးညွှတ်လိုက်ပြီး
“ သမီးတို့ကို ကယ်ပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ် ”
မိုဝူကျီက မေးခွန်းဖြင့်သာ ပြန်တုံ့ပြန်လိုက်သည် “ ငါက အဲထဲက လူမဟုတ်တာကို ဘယ်လိုလုပ် သိလဲ ”
မိန်းကလေးက တုံ့ပြန်လိုက်၏
“ အကြီးအကဲဆီမှာ သတ်ဖြတ်လိုစိတ် မရှိဘူး။ နဂါးမျိုးနွယ် အများစု အသတ်ခံရတာကို သမီးတို့တွေ မြင်ခဲ့ရတယ်။ အဲဒါက စောစောက အဝါရောင်ဝတ်ရုံနဲ့လူနဲ့ ရွှေရောင်ဝတ်ရုံနဲ့ လူ လက်ချက်ပဲ ”
“ အကြီးအကဲ … ကျတော်တို့ကို စောစောလေးက ဘယ်ကို ခေါ်သွားတာလဲ။ အဝါရောင်ဝတ်ရုံနဲ့ လူ ဝင်လာတော့ ကျတော်တို့ကို ဘာလို့ မမြင်တာလဲ ….” ကောင်လေးက ငယ်ရွယ်သေးသော်လည်း သူ့ပါးစပ်မှ ထွက်ပေါ်လာသည့် ပထမဆုံးမေးခွန်းမှာ မိုဝူကျီ၏ လျို့ဝှက်ချက်ကို တိုက်ရိုက် စူးစမ်းနေသလို ဖြစ်၏။
မိုဝူကျီက သူတို့ကို ထာဝရ ကမ္ဘာ မထုတ်ဖော် မပြသသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်၏။ သူတို့နှစ်ယောက်ကို သူ့ထာဝရကမ္ဘာထဲ ခေါ်သွားစဉ် သူတို့အပေါ် အတားအဆီးတချို့ ထားထားသောကြောင့် သူတို့အနေဖြင့် ထောင့်တစ်နေရာ ရောက်နေသည်ဟုသာ ခံစားရလိမ့်မည် ဖြစ်ပြီး ထိုနေရာမှာ မရှင်းမလင်း ဖြစ်နေလိမ့်မည်။
“ ငါက ဖုံးကွယ်ရေး ပညာရပ်တချို့ သိတယ်လေ ။ အဲဒါကြောင့် ငါတို့တွေ ပုန်းနေနိုင်တာ။ ဒါနဲ့ အဲဒီလူက ဘယ်သူလဲ။ သူက အဲလောက်တောင် ရက်စက်ရလား …. သူက နဂါးမျိုးနွယ်တစ်ခုလုံးကို သုတ်သင်ပစ်ချင်နေတာလား ” မိုဝူကျီက ပုံမှန်အတိုင်း မေးလိုက်သည်။
မိန်းကလေးက ခေါင်းခါကာ
“ သမီးတို့လည်း ဘာမှမသိပါဘူး။ သမီးတို့ ထွက်လာတော့ နဂါးမျိုးနွယ် အများစု အသတ်ခံထားရ ပြီးပြီ။ သူတို့က သမီးတို့နှစ်ယောက်ကို အာရုံမရှိတုန်း ဒီနေရာအထိ ရောက်လာဖို့ အဆောင် သုံးလာကြတာ ”
ယခု မိုဝူကျီက မေးချင်သည့် မေးခွန်းများကို ရုတ်ချည်း အမှတ်ရသွားတော့သည် “ မင်းတို့ နှစ်ယောက်က ဘယ်သူတွေလဲ။ နဂါးမျိုးနွယ်ဝင်တွေလား ”
မိန်းကလေးက ပြန်ဖြေလိုက်သည်
“ သမီးတို့က နဂါးမျိုးနွယ်ရဲ့ ကွဲပြားတဲ့ တာအိုကျင့်စဉ်ကို ကျင့်ကြံကြတယ်။ အဲဒါက မွေးကတည်းက လူသားသွင်ပြင် ဖြစ်အောင် အင်မော်တယ်ဆေးလုံး သုံးဖို့ လိုတယ်လေ။ အဲဒီအင်မော်တယ်ဆေးလုံးက အတော်လေး တန်ဖိုးရှိတော့ ဒီလို လုပ်နိုင်တဲ့ နဂါးငယ်လေးတွေ သိပ်မရှိကြဘူး။ နဂါးမျိုးနွယ်စုအနေနဲ့ သူတို့တွေ အင်မော်တယ်ဘုရင်အဆင့် ရောက်မှ စတင် ပြောင်းလို့ ရကြတာ ”
ဤနဂါးငယ်လေး နှစ်ကောင်က ငယ်ငယ်ရွယ်ရွယ် ပြောင်းလဲလို့ ရခြင်းမှာ မျိုးနွယ်စု၌ မြင့်မားသည့်အဆင့်အတန်း ရှိ၍သာ ဖြစ်ရမည်။ သို့သော် သူတို့အဆင့်အတန်း မည်မျှ မြင့်နေစေကာမူ မိုဝူကျီက လုံးဝ စိတ်မဝင်စားပေ။ နဂါးမျိုးနွယ်မှာ ထိပ်တန်းမျိုးနွယ်တစ်ခု ဖြစ်၍ ဤသို့ အစုလိုက်အပြုံလိုက် အသတ်ခံရခြင်းကား အကြောင်းအရင်း ရှိပေလိမ့်မည်။ သူက ထိုအကြောင်းကိုလည်း အာရုံမစိုက်ပေ။ ယခင် မေးခွန်းများက သာမာန်ရိုးကျ မေးခွန်းများသာ ဖြစ်၏။
မိုဝူကျီက သူတို့ကို စိတ်မဝင်စားသည်ကို ခံစားမိပြီး မိန်းကလေးက အခွင့်အရေးကို အရယူကာ
“ အကြီးအကဲ … သမီးက အောင်းစန်းကျီပါ … ဒါက သမီးမောင်လေး အောင်းရှားပါ။ အခု နဂါးမျိုးနွယ်က ကပ်ဘေးနဲ့ ကြုံတွေ့နေရတာဆိုတော့ အကြီးအကဲအနေနဲ့ သမီးတို့ကို ကူညီပေးလို့ ရမလား ”
မိုဝူကျီက ခေါင်းခါကာ
“စန်းကျီ …. ငါ ဒီနေရာကို မတော်တဆ ရောက်လာတာ သိမှာပါ။ ငါ့ကျင့်ကြံဆင့်ကလည်း အခုမှ ရွမ်ရှန်းအဆင့်ပဲ ရှိသေးတာဆိုတော့ နဂါးမျိုးနွယ်ကို ဘယ်လို ကူညီနိုင်မှာလဲ … အခု မင်းတို့နှစ်ယောက်ကို ကယ်လိုက်တာတောင် ငါ့အသက်ကို ရင်းထားရတာ … ”
အောင်းစန်းကျီက မြန်မြန် ပြောလိုက်သည်
“ အကြီးအကဲ အထင်မှားနေပါပြီ။ နဂါးမျိုးနွယ်ကို ကူညီပေးဖို့ ပြောတာ မဟုတ်ပါဘူး … သမီးတို့နှစ်ယောက်ကို ဒီနေရာက ခေါ်ထုတ်သွားဖို့ အကူအညီတောင်းတာပါ ”
မိုဝူကျီက အခက်တွေ့သွား၏။ သူက မကူညီချင်၍ မဟုတ်ပေ။ သူက နဂါးမျိုးနွယ်မှ အများကြီး အကျိုးကျေးဇူး ရရှိခဲ့ပြီး သူ့ရုပ်ခန္ဓာ၌ နဂါးအဆီအနှစ်များနှင့် လေ့ကျင့်ထားသည် မဟုတ်ပါလော။
သို့သော်လည်း သူက တခြားသူကို မကူညီနိုင်သေးပေ။ သူကိုယ်တိုင်ပင် အန္တရာယ်ကြားထဲ ရောက်ရှိနေသည် မဟုတ်ပါလား …..
“ အကြီးအကဲ … သမီး လျို့ဝှက်ထွက်ပေါက်ကို သိတယ်။ ဒါပေမဲ့ သမီးတို့ ကျင့်ကြံဆင့်က အရမ်းနိမ့်နေတော့ အဲနေရာကနေ ထွက်သွားလို့ မရဘူး ….” အောင်းစန်းကျီက မိုဝူကျီ စကားများကို ကြားပြီးနောက် ငိုမဲ့မဲ့လေး ပြောလိုက်သည်။
အောင်းရှားနှင့် သူမ၏ ကျင့်ကြံဆင့်မှာ ကောင်းကင်အင်မော်တယ်အဆင့်ပင် မရောက်သေးသောကြောင့် အမှန်တကယ် အလွန်နိမ့်နေပေသည်။
“ ဘယ်မှာလဲ ” မိုဝူကျီက ကတိုက်ကရိုက် မေးလိုက်သည်။
အောင်းစန်းကျီ၏ မျက်နှာ၌ အမူအယာပျက်သွားသည်ကို မြင်ပြီး မိုဝူကျီက သူ စကားမည်သို့ ဖြစ်နေသည်ကို အာရုံမစိုက်တော့ဘဲ မြန်မြန် ထပ်ပြောလိုက်သည်
“ စိတ်မပူနဲ့ …. ငါက ဒီနေရာကို မတော်တဆ ရောက်လာတာဆိုတော့ ဒီနေရာက လျို့ဝှက်ချက်တွေ လုံးဝ မပေါက်ကြားစေရဘူး ”
တုံ့ပြန်သည့်အနေဖြင့် အောင်းစန်းကျီက ပြန်ပြောလိုက်သည်
“ အဲလို မဟုတ်ဘူး …. အဲဒီနေရာက နဂါးမျိုးနွယ်ကိုပဲ ဝင်ခွင့် ပြုတာဆိုတော့ အကြီးအကဲက နဂါးမျိုးနွယ် မဟုတ်ဘူးလေ။ အဲဒါကြောင့်မလို့ သမီးတို့ကို ကူညီပေးလို့ပဲ ရတာ …. သမီးတို့နဲ့အတူတူ ထွက်သွားလို့ မရဘူး ”
ထိုအရာကို ကြားပြီး မိုဝူကျီခေါင်းပေါ်မှ ရေအေးပုံးလိုက် အလောင်းခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက ဤနေရာမှ အမြန် ထွက်သွားချင်နေမိသည်။ နဂါးမျိုးနွယ်ကို သုတ်သင်ပစ်သည့် ထိုကျင့်ကြံသူများက ဤအတိုင်း ထားခဲ့မည် မဟုတ်လောက်ပေ။ နေရာတစ်ခုလုံးကို ဖျက်စီးပစ်ခဲ့လောက်ပေ၏။ သူ့တွင် လော့ကျမ်းစာရွက် ရှိနေသော်လည်း အင်မော်တယ်လောက၌ မည်သို့ ထုတ်သုံးနိုင်မည်နည်း။
ကိုယ့်သေတွင်းကို တူးနေသလိုသာ ဖြစ်လိမ့်မည်။
“ ဒါပေမဲ့ အဲဒီနေရာက နဂါးမျိုးနွယ် အလယ်ဗဟိုနဲ့ အရမ်းဝေးတယ်။ အကြီးအကဲက သမီးတို့ကို ပို့ပြီးသွားရင် အကြီးအကဲက ကိုယ့်ဘာသာ ထွက်သွားရမှာ …. သမီးတိုက အစီအရင်ကတဆင့် ထွက်သွားပြီးရင် အကြီးအကဲက အနောက်ပိုင်းကျုံးပင်လယ်ကနေပဲ ထွက်သွားလို့ ရမယ် …. ”
အောင်းစန်းကျီ စကားမဆုံးခင် မိုဝူကျီက ဖြတ်ပြောလိုက်သည်
“ပြဿနာ မရှိဘူး။ မြန်မြန်သာ ခေါ်သွားပေး …. မင်းတိုနှစ်ယောက်လုံးကို ငါ ထွက်မသွားခင် ပို့ပေးခဲ့ဖို့ အာမခံတယ် ”
“အကြီးအကဲ ကျေးဇူးတင်ပါတယ် ” မိန်းကလေးက မြောက်ဖက် ကြွေးပြားပေါ်သွားပြီးနောက် အဆောင်တစ်ရွက်ကို ထုတ်ကာ စကားလုံးတချို့ ရေရွတ်ပြီး လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်။
အက်ကြောင်းလေးက အောင်းစန်းကျီရှေ့ ပေါ်လာပြီး သူမက မိုဝူကျီကို မြန်မြန် ပြောလိုက်သည် “ အကြီးအကဲ သမီးတို့ကို ဒီနေရာက ခေါ်သွားလို့ ရပြီ ”
မိုဝူကျီက အောင်းစန်းကျီဆီမှ ထိုစကားများကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်ပြီး သူမစကားအဆုံးတွင် သူက နှစ်ယောက်လုံးကို ခေါ်ကာ ဝင်ချလိုက်တော့သည်။ ခဏအကြာ၌ အက်ကြောင်းကား ပျောက်ကွယ်သွား၏။
သူတို့ထွက်သွားပြီး မကြာခင် တအုန်းအုန်း အသံများက ခန်းမ ဝန်းကျင် ထွက်ပေါ်လာတော့သည်။
သူတို့ ကူးပြောင်းခံရပြီးနောက် မိုဝူကျီက သူ့စိတ်ထဲမှ ဝန်ထုတ်ဝန်ပိုးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူ ခံစားမိနေသော စိတ်ထင့်မှုများလည်း ပျောက်ကွယ်သွားတော့သည်။
ကူးသန်းရေး အဆုံးမှတ်မှာ ငါးမီတာ မျှသာ ရှိသည့် ကျောက်အိမ်ငယ်လေး တစ်လုံးသာ ဖြစ်၏။ ထိုအိမ်ခေါင်မိုး၌ လက်စွပ်လေး တစ်ကွင်း ရှိနေပြီး အလယ်၌ ကူးသန်းရေး အစီအရင် ရှိနေသည်။ ခေါင်မိုးပေါ်၌ လှိုင်းတွန့် သဏ္ဍာန် အစီအရင်လမ်းကြောင်း ရှိနေသည်။
အောင်းစန်းကျီက ငယ်ရွယ်သေးသော်လည်း ထိုသို့မျိုးအရာများနှင့် ရင်းနှီးကျွမ်းဝင်နေလေသည်။ သူမက တန်းတန်းမတ်မတ် လျှောက်သွားပြီးနောက် လက်စွပ်ကို ယူကာ မိုဝူကျီအား ပေးလိုက်သည်
“ အကြီးအကဲ …. ဒါက နဂါးမျိုးနွယ်က အရေးပေါ် ဖြစ်လာရန် ချန်ထားတဲ့ လက်စွပ်လေးပါ။ အကြီးအကဲကို ပေးပါ့မယ်။ ဒီအစီအရင်က ရွမ်ရှန်းအဆင့်နဲ့ အထက်ပဲ အသက်သွင်းလို့ ရတာဆိုတော့ အကြီးအကဲက ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ပြီးသွားရင် အကြီးအကဲက ခေါင်မိုးပေါက်က အစီအရင်ထွက်ပေါက်ကနေ ထွက်သွားလို့ ရပါတယ် ”
မိုဝူကျီက လက်စွပ်ထဲ၌ ရတနာများစွာ ပါရှိမှန်း သိသော်လည်း သူက ယူရန် စိတ်ကူးမရှိပေ။ ထို့ကြောင့် သူက အောင်းစန်းကျီကို ပြန်ပေးရင်း “ တစ်ယောက်နဲ့ တစ်ယာက် ကူညီတယ်လို့ပဲ သဘောထားလိုက်ပါ။ မင်းတို့ရဲ့ လမ်းပြမှု မပါရင် ငါလည်း ဒီနေရာအထိ ရောက်လာမှာ မဟုတ်ဘူး။ ဒီလက်စွပ်က နဂါးမျိုးနွယ် ချန်ထားခဲ့တာဆိုတော့ မင်းတို့ပဲ သိမ်းထားလိုက်ပါ ”
“ အကြီးအကဲကို ကျေးဇူးတင်ပါတယ် ” အောင်းစန်းကျီက တခြားအရွယ်တူ ကလေးများထက် ပို၍ ရင့်ကျက်ပေ၏။
တခြားဘယ်ကလေးကများ လက်ဆောင်ပေး၍ ဒုတိယအကြိမ် တောင်းဆိုရမည်ကို မည်သို့ သိမည်နည်း။
မိုဝူကျီက လက်စွပ်ကို အလိုမရှိသည်မှာ ကံကောင်းလှပေသည်။ သူမက မိုဝူကျီ ငြင်းဆန်လိုက်သည်ကို ကြားသည်နှင့် လက်စွပ်ကို သိမ်းကာ ကျေးဇူးတင်လိုက်တော့သည်။
***