လေ့ကျင့်ခြင်း
Vol. 2 Ch. 12
အခန်း (၁၂)
လေ့ကျင့်ခြင်း
Luck တစ်ယောက် ရပ်နားမည်ကို ရွေးလိုက်သည်။
သူ့ဒဏ်ရာမှာ အတော်ပြင်းထန်လေသည်။
[ တွမ် ]
[ ရေခဲမင်းသား ထွက်သွားပါပြီ ]
စနစ်မှ အသံထွက်ပေါ်လာသည်။
Luck တစ်ယောက် ထော့နဲ့နဲ့ဖြင့် အိပ်ယာတွင် လှဲအိပ်လိုက်သည်။ ထို့နောက် တစ်ယောက်ထဲ ရေရွတ်လိုက် သည်။
“ အား ငါ အနားယူရမယ် ” “ ပြီးရင် လေ့ကျင့်ရမယ် ”
ထိုဒဏ်ရာကြီးဖြင့် သူ မြို့ထဲလျှောက်သွားနေ၍ မဖြစ်ပေ။ စွမ်းအား ရိုက်ခတ်ခြင်းဒဏ်ကြောင့် သူ့လက်တစ်ဖက် လှုပ်၍ မရဖြစ်နေသည်။
Luck ထထိုင်ပြီး ပဲနို့တစ်ဗူး စားပွဲပေါ်တွင် တွေ့သဖြင့် ကောက်သောက်လိုက်သည်။
“ အား ဘကြီးတိုးရဲ့ပဲနို့ ကောင်းလိုက်တာ လတ်ဆတ်နေတာပဲ ”
A.I က စကားပြောလာသည်။
[ တီ တီ ]
[ သင့်ကို မစ္စတာလင်းဖန်က စာပို့ထားပါတယ် ဖတ်ရှုမည်လား ]
[ ဖတ်မယ် ]
[ Luck ရေ မင်းပျောက်နေပါလား ဆိုင်လာခဲ့အုံးလေကွာ ]
[ ဟုတ်ကဲ့ ကျနော်မအားသေးလို့ လာခဲ့ပါ့မယ် ]
Luck က စာပြန်ပို့လိုက်သည်။
ညနေခင်းရောက်တဲ့အချိန်မှာတော့
လူသူပြတ်လပ်သောနေရာတစ်ခုကို Luck သွားလိုက်သည်။ Luck တစ်ယောက် မှတ်ညာဏ်ထဲရှိ သိုင်းကွက်သုံးကွက်ကို အပြန်အလှန် လေ့ကျင့်နေသည်။
ဝိုက်လက်သီး၊ ပင့်လက်သီး၊ ထောက်လက်သီး
“ ဝှီး ဝှစ် ဝှစ် ”
ပတ်ဝန်းကျင်တွင် အေးစိမ့်ပြီး နှင်းများ ရုတ်တရက်ကျဆင်းလာလေသည်။
“ နောက်ဆုံးသိုင်းကွက် ရေခဲတောင်စွမ်းအား ”
Luck ဒူးနှစ်ဖက်ကို မြှောက်ကာ လေပေါ်ခုန်တက်လိုက်သည်။ လက်နှစ်ချောင်းမှာ အောက်ကို မျဉ်းပြိုင်သဏ္ဍာန် ထိုးချလိုက်လေသည်။
အင်အားကြီးသည့်စွမ်းအားများ ဖောက်ထွက်လာပြီး ရေခဲသဏ္ဍာန် ဧရာမလက်သီးကြီးက လေထုထဲတွင် ဖြစ်တည်လာသည်။ ထို့နောက် ရှေ့တွင်ရှိသည့် သစ်ပင်များကို ဝုန်းကနဲ တိုက်ချသွားပြီး တစ်မီတာပတ် လည်တွင် ရေခဲအစအနများသဖွယ် အစိတ်စိတ်အမွှာမွှာ အပိုင်းအစများ ဖြစ်သွားလေသည်။
Luck တစ်ယောက် ကိုယ့်အကွက်ကိုယ် လန့်သွားသည်။ ပတ်ဝန်းကျင်ရှိလူများ စုဝေးရောက်ရှိလာသဖြင့် Luck အမြန်ဆုံးထွက်ပြေးသွားသည်။
“ မဖြစ်ဘူး ဒီသိုင်းကွက်ကိုကျင့်ရင် တောထဲသွားကျင့်ရမယ် ”
Luck အပြေးမြန်သွားသည်။ ငါးမိနစ်ခန့်အကြာတွင် ရဲအရာရှိယူနီဖောင်းဝတ်ထားသည့် ခပ်ပိန်ပိန်လူတစ်ဦး ရောက်လာပြီး ယခုလို ပြောလိုက်သည်။
“ အမ် ငါလာတာ နောက်ကျသွားပြီ စွမ်းအားက ရေခဲစွမ်းအားပါလား ”
“ အင်း ဒါက အခုနာမည်ကြီးနေတဲ့ ရေခဲမင်းသားများ ဖြစ်နေမလား ”
ဆယ်မိနစ်ခန့်အကြာတွင် ထိုလူလည်း ပြန်လည်ထွက်ခွာသွားလေသည်။
ထိုင်ဝမ်နှင့်ထိုင်းဒေသကြီး အုပ်ချုပ်ရေးအရာရှိများက ရေခဲမင်းသား ပန်းခြံနားတွင် ပေါ်လာသည်ဟု သိလိုက်ရသော ကြောင့် စုံစမ်းစစ်ဆေးရေးများကို လွှတ်ကာ ရှာဖွေခိုင်းနေလေသည်။
Luck တစ်ယောက် အိမ်ကို အမြန်ဆုံးပြန်ရောက်အောင် လာခဲ့သည်။ ပြီးနောက် ငြီးတွားလိုက်သည်။
“ ဟူး တော်သေးတယ် လက်မှတ်ရုံနဲ့ ကားသုံးစီး ပျက်စီးသွားတယ် လျော်ရတော့မလို့ ”
Luck ကွန်ပျူတာစနစ်ဖြင့် သူရဲကောင်းစစ်ဆေးပွဲ ပုံစံများကို လေ့လာနေသည်။ စာမေးပွဲက နှစ်ပိုင်းခွဲထားသည်။
(၁) ကိုယ်ခန္ဓာကြံ့ခိုင်ခြင်းနှင့် တိုက်ခိုက်ရေး စစ်ဆေးခြင်း
(၂) အထွေထွေဗဟုသုတနှင့် နည်းပညာ
တိုက်ခိုက်ရေးက Luck အတွက် အောင်မှာ သေချာသည်။ သုတကိုတော့ သူ အားနည်းသည်။
ထို့ကြောင့် သုတများ ဗီဒီယိုဖိုင်ကို သူလေ့လာလိုက်သည်။ ဖိုင်ထဲတွင် ထူးဆန်းသော သားရဲများ အမူအကျင့်၊ အင်းဆက်များ တိုက်ခိုက်မှု၊ ဂြိုလ်သားမျိုးနွယ်ခြားများ၏ အဆိပ်များနှင့် လက်နက်များကို မည်သို့ကာကွယ်ရမလဲဆိုသည်များ၊ ပုံနှင့်တကွ ရှင်းပြထားသည်။ နှစ်နာရီကြာပြီးနောက် Luck တော်တော်နားလည်သွားသည်။
“ အင်း သုတကလည်း တော်တော်ခက်တာပဲ ” Luck ပြောလိုက်သည်။
[ တီ တီ ]
Luck ၏ ကိုယ်ပိုင် A.I က အသိပေးလာသည်။
[ သူ့သူငယ်ချင်း ရစ်ချီ သင့်ကို ဖုန်းခေါ်နေပါတယ် မျက်နှာချင်းဆိုင် စကားပြောမည်လား (သို့) ငြင်းဆိုမလား ]
“ စကားပြောမယ် ” Luck ဖြေလိုက်သည်။
[ တွင် ]
ခဏအကြာတွင် Luck ရှေ့ လေထုထဲတွင် စိတ်ကောက်နေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး Luck ကို ရှုတင်းတင်း ကြည့်နေသည်။
“ မမ မင်္ဂလာပါ ”
Luck က နှုတ်ဆက်တော့ ပြန်မပြောဘဲ တစ်ဖက်လှည့်သွားသည်။
“ ဟွန်း စကားလာမပြောနဲ့ ”
(Luck က စိတ်ထဲတွင် သူပဲခေါ်ပြီး မပြောနဲ့တဲ့)
“ မမ ဘာဖြစ်လို့လဲ ”
“ ဒါလေးတောင် မသိဘူးလား စိတ်ကောက်နေတာလေ ”
Luckကိုကြည့်ပြီးနောက် လက်မောင်းမှာ ညိုမည်းနေသည်ကို တွေ့သွားသည်။
“ လက်က ဘာဖြစ်တာလဲ ဆိုင်ကယ်မှောက်တာလား ”
Luck ချောင်းဆိုးလိုက်သည်။
“ အဟမ်း ဟမ်း ဟုတ်တယ် မမ ”
“ မောင်လေး ဘာတွေ လျှောက်လုပ်နေတာလဲ ပြန်ရောက်ရန် ဖုန်းဆက်မယ်ပြောလို့ စောင့်နေတာ ”
“ ကျနော် မအားလို့ ”
“ မအားရအောင် ဘာတွေလုပ်နေလို့လဲ ”
“ ကျနော် စာမေးပွဲတစ်ခုဖြေဖို့ စာကျက်နေလို့ ”
Luck သူရဲကောင်းစာမေးပွဲဖြေမည်ကို မပြောလိုက်ပေ။ ဒီကိစ္စ ဘယ်သူမှမသိလေ ကောင်းလေဖြစ်သည်။
“ မမက စိတ်ပူလို့ပါ ”
“ ဟုတ် ကျနော်လည်း သတိရနေတာ ”
“မမ ပြန်လာရင် တွေ့ကြမယ် တာ့တာ ”
“ အိုကေ ဘိုင့် ”
ရစ်ချီနှင့်ပြောဆိုပြီးနောက် Luck တစ်ယောက် စာကို ဆက်လက်လေ့လာနေသည်။ ပါးစပ်မှလည်း ရေရွတ်ကျက် မှတ်နေသည်။
“ ကမ္ဘာမျိုးနွယ်များတွင် အဆိပ်အပြင်းဆုံးမှာ တောင်ပံနီ ပုရွက်ဆိတ်ဖြစ်ပြီး၊ သွေးနီမျောက်ဝံများကို အာဖရိကဒေသကြီးတွင် တွေ့ရသည်၊ မီးဝံပုလွေများကို သစ်မွှေး(သို့) ဒရယ်သားဖြင့် မျှားခေါ်နိုင်သည်……….. ”