← Chapters

ခင်ဗျား ဖြစ်နေမယ်လို့ မထင်ထားဘူး

Vol. 12 Ch. 156

ခင်ဗျား ဖြစ်နေမယ်လို့ မထင်ထားဘူး

Vol. 12 Ch. 156

ဟန်မူယဲ့၏စကားများက လုကော၏အမူအရာအား ပြောင်းလဲသွားစေသည်။

ကောင်းမိသားစုသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း လက်အောက်ဝင် ဖြစ်သည်။ သူတို့သည် အံ့ဖွယ်ကိုးပါးတောင်ကုန်းနှင့် သိပ်မဝေးသောအရပ်၌ နေထိုင်ကြ၏။ သူတို့ မတော်တဆ တစ်ခုခုဖြစ်ရန် အလွန်ခက်ခဲသည်။

“ဓားဟာ ကောင်းအီ သွန်းလုပ်ထားတာ မဟုတ်ဘူး”

ဟန်မူယဲ့ထံမှ ဓားအလင်းများ ထွက်ပေါ်လာကာ ရှေ့ကို လျင်မြန်စွာ ပြေးလွှားသွားသည်။

လုကောကလည်း သူနှင့် ထပ်ချပ်မကွာ လိုက်ပါလာ၏။

“ဓားဟာ ကောင်းမိသားစုခေါင်းဆောင်ရဲ့ မြေး ကောင်းအန် သွန်းလုပ်ထားတာ”

ကောင်းအန်။

လုကော မှင်တက်သွားသည်။

“သူ… သူ ပြန်ပေးဆွဲခံရတယ်မလား”

ယခင်က ကောင်းမိသားစု တိုက်ခိုက်ခံရကာ သူ့မြေးမှာလည်း ပြန်ပေးဆွဲခံရကာ သတင်းအစအန ပျောက်သွားသည်။

ယခုတွင် ဓားကို ကောင်းအန်သွန်းလုပ်ထားခြင်းဟု ဟန်မူယဲ့က ပြောသည်။

ဆိုလိုသည်က သူ ပြန်ရောက်လာခဲ့သည်။

“ဓားဟာ တကယ်တော့ ကောင်းကောင်းသွန်းလုပ်ထားတာ။ ပြီးတော့ ယဇ်ပူဇော်တဲ့ နည်းစနစ်တချို့လည်း ပါဝင်နေတယ်။ ဒီနည်းစနစ်ဟာ မိစ္ဆာတွေ အသုံးများတယ်”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

မိစ္ဆာများ။

ကောင်းအန်သည် မည်သည့်အချိန်က မိစ္ဆာများနှင့် ဆက်စပ်နေသနည်း။

“အစ်ကိုလု… အဲဒီကို ရောက်ရင် အစ်ကိုလုက အရင်ဆုံး မိုင်းတွင်းထဲကို ဝင်ပါ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မိုင်းတွင်းရဲ့ သတ္တု ဆယ်ရာနှုန်းကို အခွန်အခအဖြစ် ကောက်ခံဖို့ ရောက်လာတယ်လို့ ပြောပါ။ တစ်ယောက်ယောက်က တားရဲရင် သူတို့ကို သတ်ရမယ်”

ဟန်မူယဲ့က ပြောသည်။

လုကောက ပြုံးလိုက်သည်။

“နားလည်ပါပြီ”

သူတို့နှစ်ဦး တစ်နာရီခန့် ပြေးလွှားပြီးနောက်တွင် မိုင်းတွင်းများ ရှိရာ တောင်တန်းသို့ ရောက်လာသည်။ ထိုနေရာတွင် ရွက်ဖျင်တဲများ၊ အလုပ်သမားများအား တွေ့ရ၏။

တောင်တန်းများပေါ်တွင် ကျောက်တုန်းကျောက်စွယ်များသည် အစိမ်းရောင်သဘာဝစွမ်းအင်အလင်းများ တောက်ပနေ၏။

ဟန်မူယဲ့ ကျောက်တုံးကြီးတစ်လုံးဘေးတွင် ကွယ်နေလိုက်၏။

လုကောသည်ကား မိုင်းတွင်းအလုပ်သမားများရှိရာသို့ မျက်နှာတည်ကြီးဖြင့် လှမ်းသွားလိုက်သည်။

“ဘယ်သူလဲ…”

“ဒါက ကောင်းမိသားစုမိုင်တွင်းပဲ။ ဘယ်သူမှ အနားလာလို့ မရဘူး”

အော်သံတချို့ ကြားရသည်။

သူတို့က လုကောအား မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားကြသည်။

တချို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဝတ်စုံကြောင့် ဖြစ်ကာ တချို့က သူ၏မျက်လုံးကို စည်းထားသော အဝတ်စကြောင့် ဖြစ်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မိုင်းတွင်းရဲ့ အခွန်အခကို တောင်းဖို့ ရောက်လာတယ်။ ကျုပ်တို့က ကောင်းမိသားစုကို သတင်းပို့ထားပြီးသားပဲ”

လုကောက ပြောသည်။

“ခဏနေဦး… ကျုပ် သတင်းသွားပို့လိုက်မယ်”

တစ်ယောက်က ပြန်လည် အော်ဟစ်သည်။ နောက်တစ်ယောက်က မျက်နှာပျက်သွားကာ တီးတိုးပြောသည်။

“မကောင်းတော့ဘူး… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တစ်ယောက် ရောက်နေတယ်”

သူ့နောက်မှ ကျင့်ကြံသူတချို့က မဆိုင်းမတွ လှုပ်ရှားလိုက်ကြသည်။ သူတို့၏ဓားအလင်းများနှင့် မန္တန်များသည် လုကောထံသို့ ဦးတည်လာကြ၏။

လုကောက ပြုံးလိုက်သည်။

သူက စကားများများ ပြောရသည်ကို မုန်းသည်နှင့် တိုက်ဆိုင်လွန်း၏။

ဟူး…

သူက ရှေ့ကို ပြေးသွားလိုက်လျှင် သူ့ကို ထိုးသွင်းလာသော ဓားအား ဖမ်းဆုပ်လိုက်သည်။

ကလင်…

ဓားသည် နှစ်ပိုင်း ကျိုးသွား၏။

ဝုန်း…

လုကောက ကျင့်ကြံသူတချို့နှင့် ထိပ်တိုက်တွေ့ကာ သူတို့အား လွင့်စင်သွားအောင် ရိုက်ပစ်လိုက်သည်။

သို့သော်လည်း ပိုမိုများပြားသော လူများက လုကောထံသို့ ပြေးလာနေကြ၏။

“မင်းတို့ကောင်းမိသားစုက သစ္စာဖောက်တော့မလို့လား”

လုကောက ထိုလူများထံသို့ ပြေးလွှားတိုက်ခိုက်ကာ အော်ဟစ်လိုက်သည်။

ဟန်မူယဲ့က ကျောက်တုံးအကွယ်မှနေ၍ တိုက်ပွဲကို ကြည့်နေသည်။ ထိုလူများမှာ ကောင်းမိသားစုမှ မဟုတ်ပေ။

သူတို့မှာ သွမ့်ဟွားဓားဂိုဏ်းမှ ဖြစ်သည်။

သူတို့၏ဓားဟန်ကို ကြည့်ကာ သူတို့၏ဂိုဏ်းကို ဟန်မူယဲ့က ခန့်မှန်းမိပြီး ဖြစ်သည်။

သူတို့၏အကြည့်များကို ရှောင်လွှဲကာ ဟန်မူယဲ့သည် မိုင်းတွင်းအဝသို့ ခုန်တက်သွားသည်။

အပြင်ဘက်တွင် ပညာရှင်များ သိပ်မရှိပါ။ လုကော၏ခွန်အားဖြင့် ဆိုပါက သူတို့အား အေးဆေးစွာ ထိန်းနိုင်ပေသည်။

မိုင်းတွင်းအထဲ၌ မှောင်မဲနေ၏။

ဟန်မူယဲ့က သစ်ရွက်အလား ပေါ့ပါးစွာ ပြေးလွှားသွားသည်။

မိုင်းတွင်းသည် ကျယ်ပြောကာ မြေပြင်မှာ ညီညာ၏။ နံရံများတွင် မီးတောက်များ ရှိကာ တချို့သော အလင်းကျောက်တုံးများဖြင့်လည်း အလင်းပေးထားသည်။

“ဘယ်သူလဲ…”

သိပ်မကြာခင်ပင် အနက်ရောင်ဝတ်လူတစ်ယောက်က ဟန်မူယဲ့နှင့် ထိပ်တိုက်တွေ့သည်။

မိစ္ဆာတွေလား။

ဟန်မူယဲ့က  Han Muye stood there and looked at the figure.

ထိုလူကား မြေခွေးဦးခေါင်းနှင့် လူကိုယ် မိစ္ဆာဖြစ်သည်။

မြေခွေးနက်မျိုးနွယ်။

“မင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကပဲ။ ရောက်လာတာ မြန်လှချည်လား”

မြေခွေးလူသားက ရယ်မောကာ သူ့သွားများကို ဖြဲပြသည်။

“ကံမကောင်းတာက မင်းလို လူငယ်လေးက သေဖို့ ရောက်လာတာပဲ”

သူ့ရှေ့တွင် ရပ်နေသော ဟန်မူယဲ့တွင် ပညာရှင်တစ်ဦး၏အငွေ့အသက်များ ရှိမနေပါ။

“ဘာဖြစ်နေတာလဲ”

မိုင်းတွင်း၏အတွင်းပိုင်းထံမှ အိုမင်းသော အသံတစ်သံအား ကြားရသည်။

“ဘာမှ မဟုတ်ဘူး… ပုရွက်ဆိတ်လေးတစ်ကောင်ပဲ”

မြေခွေးလူသားက ရယ်မောကာ လက်ဝှေ့ယမ်းလိုက်လျှင် သူ့လက်သည် ထက်ရှသော ဓားသွားများအဖြစ် ပြောင်းလဲသွား၏။ သူက ရှေ့ကို တက်လာကာ ဟန်မူယဲ့၏ခေါင်းကို တိုက်ခိုက်လိုက်သည်။

မြေခွေးလူသားသည် ချီစုစည်းခြင်းပဥ္စမအဆင့်ဖြစ်ကာ အဆင့်တူအတွင်း လူသားများထက် ပိုသန်မာပေသည်။

ကလင်…

ဓားထုတ်သံတစ်ချက် ကြားလိုက်ရ၏။

ကံကြမ္မာဓား။

ဓားတစ်ချက် အဝှေ့တွင် မြေခွေးလူသား၏ဓားမှာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်။

ထို့နောက် ဟန်မူယဲ့၏ခန္ဓာကိုယ်သည် မြေခွေးလူသားအား ရိပ်ခနဲဖြတ်သန်းသွားကာ သွေးများ နံရံတွင် စွန်းထင်းသွားသည်။

မြေခွေးလူသား၏ခေါင်းနှင့်ကိုယ် အိုးစားကွဲသွား၏။

ပထမဆုံးအကြိမ် လူသတ်ခဲ့စဉ်ကနှင့်မတူတော့ဘဲ သည်တစ်ကြိမ် ဟန်မူယဲ့ သိပ်မခံစားရတော့ပါ။

“ဘယ်သူလဲ…”

မိုင်းတွင်းထဲမှ အော်ဟစ်သံတစ်ခု ကြားရသည်။

အော်သံပိုင်ရှင်သည် အခြေခံအုတ်မြစ်အဆင့်ပညာရှင် ဖြစ်သည်။

ဟန်မူယဲ့၏အမူအရာ ပြောင်းလဲခြင်း မရှိပါ။ သူက မိုင်းတွင်းထဲကို တည်ငြိမ်စွာ ဆက်လှမ်းသွားလိုက်သည်။

“သေစမ်း…”

သူ့ထံသို့ နောက်ထပ်လူနှစ်ယောက် ပြေးဝင်လာကာ သွမ့်ဟွားဓားဂိုဏ်း၏ဓားနည်းစနစ်များဖြင့် တိုက်ခိုက်ကြ၏။

“သွမ့်ဟွားဓားဂိုဏ်းကလူလား…”

ဟန်မူယဲ့က အသာအယာပြောကာ ဓားကို မြှောက်လိုက်သည်။

“သူ ငါတို့ကို မှတ်မိသွားပြီ။ သူ့ကို အသက်ရှင်ရက် မလွတ်စေနဲ့”

သူ့မျက်နှာချင်းဆိုင်မှ တစ်ယောက်က အော်ဟစ်လိုက်ကာ ဓားအလင်းမှာလည်း မြန်ဆန်စွာ တိုးဝင်လာသည်။

“ဟင်း… မင်းတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်သွားမှတော့ သေလိုက်တော့…”

ဟန်မူယဲ့က ရေရွက်လိုက်သည်။ သူ့လက်ထဲမှ ဓားသည် အလင်းကွေးပုံ လင်းလက်သွား၏။

ဟန်မူယဲ့၏ဓားသိုင်းများတွင် ကွန့်မြူးထားသော မလိုအပ်သော လှုပ်ရှားမှုများ မရှိပါ။ ဓားချက်တိုင်းသည် သေကွင်းသေကွက်ကို ဦးတည်သည်။

ဓားချက်တိုင်းတွင် တစ်ဘက်မှ လူများ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖောက်ထွင်း ဖြတ်တောက်သွား၏။

အေးစက်သော အငွေ့အသက်များ…

ဤကား ဟန်မူယဲ့၏ပထမဆုံးအကြိမ် လူသတ်ခြင်း မဟုတ်ပါ။

ခန္ဓာကိုယ်ကို ဖြတ်တောက်လိုက်ရသော ခံစားချက်၊ သွေးများ စွန်းပေသော ခံစားချက်က သူ့ဝိညာဉ်အား နိုးထစေသည်။

ထိုအခိုက်တွင် သူ၏စိတ်နယ်ပယ်မှ ဝိညာဉ်လိပ်ပြာဓားသည် ပိုမိုစုစည်းလာ၏။

သတ်ဖြတ်ခြင်းအငွေ့အသက်များမှ ဓားချီများ စုစည်းလာသည်။

သူ၏ယခင်အတွေးများသည် တစ်စုံတစ်ခု လွဲမှားနေခဲ့၏။

ဓားချီ မည်မျှ ရှိသည်ဖြစ်စေ ၎င်းမှာ သတ်ဖြတ်ခြင်းမရှိဘဲ အမှန်တကယ် စုစည်းခြင်း မရှိပါ။

သူသည် လုတစ်ဆယ်နှင့် လီသုံးတို့၏ ပြဿနာများအား ထိုးထွင်းသိမြင်သော်လည်း သူ၏ကိုယ်ပိုင် ပြဿနာကို လျစ်လျူရှုထားမိသည်။

သတ်ဖြတ်ခြင်းမရှိဘဲ မည်သို့ ဓားသမား ဖြစ်မည်နည်း။

ဟန်မူယဲ့၏ဒန်ထျန်တွင် မူလက ပေါင်းစပ်နေသော ဓားချီများသည် ဓားအရိပ်သဏ္ဍာန်တစ်ခုနှင့် သွားပေါင်းစပ်၏။

ဓားဆန္ဒ…

၎င်းသည် ဓားချီအစ ၁၂၈,၀၀၀ အဖြစ်သို့ မစုပေါင်းသော်လည်း သူကျင့်ကြံထားသော ဓားဆန္ဒဖြစ်သည်။

ဓားဆန္ဒတစ်ဝက်။

ထိုဓားဆန္ဒ စုစည်းလာလျှင် ဟန်မူယဲ့သည် သူ့ရှေ့မှ မြင်ကွင်း ပြောင်းလဲသွားသည်ဟု ခံစားရ၏။

ယခင်က သူ တိုက်ခိုက်သော အမြန်နှုန်းသည် လိပ်တွားသည်နှင့် တူသည်။

ယခင်က သူ မြန်လှပါသည်ဆိုသော ဓားအလင်းသည် ကလေးတစ်ယောက် ဆော့ကစားသည်နှင့် တူ၏။

ဟွမ်လောင်လျှိုက သူ့ဓားသိုင်းမှာ သိပ်မကောင်းဟု ပြောခြင်းမှာ မထူးဆန်းတော့ပေ။

ထိုသို့သော ဓားသိုင်းကား အလွန်ဆိုးဝါး၏။

ဝှစ်…

သူက ဓားနှင့် ထိုးသွင်းလိုက်လျှင် သူ့ရှေ့မှ လူသုံးယောက်သည် တခဏချင်း မြေပြင်ပေါ်သို့ ပြိုလဲသွားသည်။

ချီစုစည်းခြင်းတတိယအဆင့်၊ချီစုစည်းခြင်း ပဥ္စမအဆင့်နှင့် ချီစုစည်းခြင်း ဆဌမအဆင့်ကျင့်ကြံသူများ။

သူက ဓားတစ်ချက်သာ သုံးလိုက်ရသည်။

“မင်း ဘယ်သူလဲ”

သူ့ရှေ့ရှိ မိုင်းတွင်းထဲမှ အသံတစ်သံကို ကြားရသည်။

ထိုနေရာတွင် ကျောက်တုံးအခန်းတစ်ခန်း ရှိနေသည်။

ထိုနေရာတွင် သားရဲဆယ်ကောင်ခန့်သည် ပေါက်တူးပေါက်ပြားများဖြင့် တစ်စုံတစ်ခုကို တူးဖော်နေကြ၏။

ကျလိ…

ထိုအခိုက်တွင် ဧရာမကြွက်ကြီးတစ်ကောင်သည် တစ်ပေခန့် အစိမ်းရောင်ကျောက်တုံးတစ်တုံးအား သယ်ထုတ်လာသည်။

ဟန်မူယဲ့က ထိုကျောက်တုံးအား ကြည့်လိုက်၏။

“အံ့ဖွယ်ကျောက်စိမ်းသံမဏိရဲ့ မိခင်သံမဏိ… မင်းတို့က ဒီမိုင်းတွင်းကို အကုန်လုံးရှင်းထုတ်တော့မလို့လား”

ဟန်မူယဲ့က နံရံဘေးတွင် ရပ်နေသော မျက်နှာဖုံးတပ် ပိန်ပါးသော လူငယ်တစ်ယောက်ကို လှမ်းမေးသည်။

“ကောင်းအန်… မင်းက မင်းမိသားစုကို ဒီလို ကျေးဇူးဆပ်တာလား”

ကောင်းအန်။

လူငယ်သည် ကောင်းမိသားစုခေါင်းဆောင်၏မြေး ကောင်းအန် ဖြစ်သည်။

ဟန်မူယဲ့၏စကားကို ကြားလျှင် ထိုလူငယ်က မျက်နှာဖုံးကို ချွတ်လိုက်သည်။ သူ့မျက်နှာတွင် အမာရွက် အများအပြား ရှိနေ၏။

“ဓားစံအိမ်က စီနီယာအစ်ကိုဟန်… ခင်ဗျား ဖြစ်နေမယ်လို့ မထင်ထားဘူး”

All Chapters