← Chapters

ကျော့ဖျင်အန်း၏ လျို့ဝှက်ချက်

Vol. 44 Ch. 606

ကျော့ဖျင်အန်း၏ လျို့ဝှက်ချက်

Vol. 44 Ch. 606

“ ဆေးလုံးဆရာမိုရဲ့ အရည်အချင်းနဲ့ဆိုရင် အဆင့် ၇ ဆေးလုံး  ဧကရာဇ် ဖြစ်လာဖို့  သိပ်မကြာဘူးဆိုတာ ယုံကြည်ပါတယ်။ ကျမရဲ့ တောင်းဆိုချက်က ဘောင်ကျော်နေမှန်း သိပါတယ်။  ကျမဆီမှာ အင်မော်တယ်ဘုရင် အသီး မရှိပေမဲ့  ဆေးလုံးဆရာမိုကို အကူအညီတောင်းချင်ပါသေးတယ်။

ဒါပေမဲ့လည်း ကျမမှာ ပြန်ပေးဖို့ ရှိပါတယ်။ ရှင့်ကို မဟာကင်းမဲ့ပင်လယ်နယ်ပယ်ရဲ့ လျို့ဝှက်ချက်ကို ပြောပြပေးနိုင်တယ်။ တကယ်လို့ သူတို့သာ အဲဒီနေရာကို သိရင် အင်မော်တယ် ဧကရာဇ်ကိုယ်တိုင်တောင် ရောက်လာပြီး တိုက်ခိုက်ကြလိမ့်မယ်  ” ဟန်လုံက  လေးလေးနက်နက် ပြောလိုက်သည်။

မိုဝူကျီက  မထူးမခြားနား အမူအယာဖြင့် ဟန်လုံ၏ စကားများကို ဘာမှ မတုံ့ပြန်ပေ။ သူ့လက်တွင် ရှိစဉ် လျို့ဝှက်ချက်အဖြစ် ယူဆ၍ ရသော်လည်း   သူ့လက်ထဲ မဟုတ်ပါက မသိရနိုင်ပေ။ ထို့ကြောင့် ဟန်လုံ၏ တောင်းဆိုမှုအကြောင်း သိပ်၍ စိတ်တက်ကြွမှု မရှိဘဲ သူမကို နှင်ထုတ်ချင်နေမိသည်။

ဟန်လုံက မိုဝူကျီ၏ မထူးမခြားနားမှုကို မြင်လိုက်ရသည်။ မိုဝူကျီက သူမကို နှင်မထုတ်ခင် သူမက မြန်မြန် ပြောလိုက်ရသည်

“  ဆေးလုံးဆရာမို ….  အခု လက်ရှိ အင်မော်တယ်ဘုရင်အသီး တန်ဖိုးကို မသိဘူးမလား။  အင်မော်တယ်လောကမှာ အမည်မသိ အကြောင်းအရင်းတချိူ့ကြောင့်  ကျင့်ကြံသူတွေ စိုက်ထားတဲ့ အင်မော်တယ်ဘုရင်အသီးတွေအားလုံး ညိုးနွမ်းသွားကြတယ်။

တောရိုင်း အင်မော်တယ် ဘုရင်အသီးတွေပဲ ကျန်ရစ်ကြတယ်။ ဒါပေမဲ့  တောရိုင်း အင်မော်တယ်ဘုရင်အသီးက ဘယ်လောက် ရှိမှာ မလို့လဲ ….   အဲဒါတွေကို သိပြီးတော့  ရှင့်ဆီမှာ ရှိနေတဲ့  အင်မော်တယ်ဘုရင်အသီးတွေကို မျက်စိကျနေတဲ့လူတွေ အများကြီးပဲ  ”

“ ကျုပ်ကို သတိပေးဖို့ မလိုပါဘူး။ ကျုပ် အခြေအနေကို  သေချာ သိပါတယ် ” မိုဝူကျီက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။  သူက  အင်မော်တယ်ဘုရင်အသီးတွေရှိကြောင်း မေ့လျော့နေခဲ့မိသည်။ အကယ်၍ သူသာ  စောစောစီးစီး သတိရပါက  ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ ရောက်လာမည် မဟုတ်ပေ။

ဟန်လုံက မိုဝူကျီ၏ သဘောထားကို စိတ်ထဲ မထားဘဲ ဆက်ကာ ပြောလိုက်သည်

“  မဟာကင်းမဲ့ပင်လယ်နယ်ပယ်မှာ  မဖွင့်ရသေးတဲ့ အင်မော်တယ်ကုန်းမြေတစ်ခု ရှိတယ်။ ယွင်ရှန့်တောင်ကြားထက်တောင် ပိုပြီး စုံလင်သေးတယ်။ ပြီးတော့  ဧကရာဇ်တာအိုအသီးလည်း   ရှိနေသေးတယ် ”

သူမက  ဧကရာဇ်တာအိုအသီး ညွန်းဆိုလိုက်သည့်အခါ  ဟန်လုံက မိုဝူကျီ၏ အမူအယာကို သေချာဂရုစိုက်ထားလိုက်သည်။ ဧကရာဇ်တာအိုအသီးကြောင်း ပြောလိုက်သည်နှင့်  မည်သူမဆို  စိတ်လှုပ်ရှားသွားမည် ဖြစ်ရာ မိုဝူကျီကဲ့သို့ ဆေးလုံးဆရာအနေနှင့် ပို၍ပင် စိတ်လှုပ်ရှားပေဦးမည်။

သူမကို စိတ်ပျက်သွားစေသည်က  မိုဝူကျီက မျက်ခုံးပင် မပင့်သွားချေ။ သူက ဟန်လုံ စကားများကို စိတ်ဝင်စားမှု မရှိကြောင်း သိသာလှသည်။

မိုဝူကျီက ဂရုမစိုက်ခြင်းမှာ သူ့တွင် ဧကရာဇ် တာအိုအသီး ရှိနေပြီးသား ဖြစ်သည့်အပြင် ထိုအရာက သူ့အတွက် အသုံးလည်း မဝင်သေးပေ။ သူက ဧကရာဇ်တာအိုအသီးတွေ အများကြီး အဘယ်ကြောင့် စုထားရမည်နည်း။

“ ကျုပ် စိတ်မဝင်စားဘူး ” မိုဝူကျီက ခေါင်းခါလိုက်သည်။ ထိုစဉ် သူက မဟာဧကရာဇ် လွန်ချိုက် လက်ထဲမှ မည်သို့ ပုန်းရမည်ကိုသာ တွေးနေမိသည်။ ငြိမ်းချမ်းရေး ကျွန်းဆွယ်ထဲ၌ အန္တရာယ်မကင်းသလို  မိုဝူကျီအနေဖြင့်လည်း တခြားသူများနှင့် မထွက်သွားလိုပေ။

“ ရှင့်ကို ကာကွယ်ပေးဖို့ တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးနိုင်တယ်။ မဟာ ဧကရာဇ် လွန်ချိုက်တောင် ရှင့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး  ” ဟန်လုံက  မိုဝူကျီ စိတ်မဝင်စားကြောင်း မြင်သည့်အခါ နောက်ဆုံးတစ်ခေါက် ထပ်မံကြိုးစားကြည့်လိုက်သည်။

မိုဝူကျီက  ဟန်လုံကို မရေမရာ ကြည့်လိုက်မိသည်။

ဤအမျိုးသမီးက ရူးနေတာလား …..

ဘယ်လို အဆင့်မြင့် ကျင့်ကြံသူမျိုးက  မဟာယီရှန်းအဆင့်ရှိ သူ့ကို မဟာဧကရာဇ်လွန်ချိုက်လက်ထဲမှ ကာကွယ်ပေးနိုင်မည်နည်း။

ဟန်လုံက  မိုဝူကျီ မျက်ဝန်း၌ စိတ်ဝင်စားမှု ဖြတ်ပြေးသွားသည်ကို မြင်သောအခါ  သူမက စိတ်အားတက်ကြွစွာ ပြောလိုက်သည်  “ ကျမ မိတ်ဆက်ပေးချင်တဲ့သူက  ကျော့ဖျင်အန်းလေ။  ရှင် ဒီကို ရောက်လာမှတော့ သူ့ကို သိမှာပဲ မလား  ”

မိုဝူကျီက ကျော့ဖျန်အန်းအကြောင်း ဘာမှမသိသော်လည်း  ကိုင်ကွမ်းယီ၏ ရှင်းပြချက်အရ ထိုလူ့အကြောင်း အနည်းငယ် သိလာမိသည်။ သူက  ငြိမ်းချမ်းရေး ကျွန်းဆွယ်ကို ထိန်းချုပ်ထားသူ ဖြစ်ပြီး  ငြိမ်းချမ်းရေး တည်းခိုဆောင်၏ ပိုင်ရှင်လည်း ဖြစ်ပေသည်။ မိုဝူကျီက ထိုလူ၏ အင်အားမှာ  အင်မတန် မြင့်မားကြောင်း မှန်းဆမိ၏။

“ သူက ဘာလို့ ကျုပ်ကို ကာကွယ်ပေးချင်မှာလဲ  ” မိုဝူကျီက သူ့အဆင့် ၆ ဆေးလုံးဘုရင်အဆင့်လေးက ကျော့ဖျင်အန်းကဲ့သို့  အဆင့်မြင့် ကျင့်ကြံသူမျိုး၏ ကာကွယ်မှုကို ရရှိလိမ့်မည်ဟု မထင်မိပေ။

ဟန်လုံက ပဟေဠိဆန်ဆန် ပြောလိုက်သည်  “ ကျော့ဖျင်အန်းက  သူ့အတွက် ဆေးလုံး ဧကရာဇ်တစ်ယောက် လိုနေတာလေ။ သူ့အတွက် ဆေးလုံးဖော်စပ်ပေးရတဲ့ ဆေးလုံး ဧကရာဇ်တိုင်း ဆယ်စုနှစ်တစ်ခါကြာရင် လဲနေကျ ….  တွေးကြည့်ပါဦး  အင်မော်တယ်နယ်မြေ ခုနှစ်ခုလုံးမှာ ဆေးလုံး ဧကရာဇ် ဘယ်လောက်ပဲ ရှိနိုင်မလဲ ။ တကယ်လို့ သူက ဆေးလုံး ဧကရာဇ်ကို ဆယ်စုနှစ်တိုင်း လဲနေရင်  ဆေးလုံး ဧကရာဇ်အရေအတွက်က မလုံလောက်ဘူးလေ။ အဲဒါကြောင့် ရှင်သာ  အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်လာရင် ….  ”

ဟန်လုံ စကားမဆုံးခင် မိုဝူကျီ၏ မျက်ဝန်းများက အေးစက်သွား၏။ ဟန်လုံက မိုဝူကျီ၏ မျက်ဝန်းမှ အေးစက်မှုကို ခံစားမိပြီး စကားပြောတာ ရပ်တန့်လိုက်တော့သည်။

မိုဝူကျီက အေးစက်စွာ ပြောလိုက်သည်  “ တာအိုရောင်းရင်းဟန် .. ကျုပ်တို့ကြားမှာ ဘာရန်ကြွေးမှ မရှိဘဲနဲ့ ကျုပ်ကို ဘာလို့ ထိခိုက်စေချင်နေတာလဲ  ”

ဟန်လုံက မိုဝူကျီအား နားမလည်စွာ ကြည့်လိုက်သည်။

သူမက ဘယ်တုန်းက သူ့ကို ထိခိုက်အောင် လုပ်မိလို့လဲ  …..

မိုဝူကျီက ဟန်လုံ၏ နားမလည်မှုကို မြင်သောအခါ သူလေသံမှာ ပျော့သွားပြီး

“ကျော့ဖျင်အန်းက ဆယ်စုနှစ်တိုင်း ဆေးလုံး ဧကရာဇ် လဲတယ်ဆိုတော့  သူ လိုအပ်နေတဲ့ ဆေးလုံးက ဆေးလုံး ဧကရာဇ်ရဲ့  အသက်ဓာတ်တို့၊ အသက်ရှည်မှုတို့  နဲ့ ဖော်စပ်ရတာ ဖြစ်လိမ့်မယ်။ တကယ်လို့ ဆေးလုံး ဧကရာဇ်က  အဲလိုဆေးလုံးမျိုးကို အချိန်အကြာကြီး ဖော်စပ်လိုက်ရင်  သူ့အသက်ဓာတ်ကို လာထိရောက်လိမ့်မယ်။ သူ့အသက်ဓာတ်က အဆင့်တစ်ခုအထိ ကျသွားရင် အဲဒီဆေးလုံးကို ထပ်မဖော်စပ်နိုင်တော့ဘူး ….

ပြောပါဦး  ကျော့ဖျင်အန်းက  ဆေးလုံးဧကရာဇ်ကို အသက်ငယ်တာ ပိုလိုချင်တာ မဟုတ်ဘူးလား  ”

ဟန်လုံက တုန်လှုပ်သွားသော်လည်း ချက်ချင်း တုံ့ပြန်နိုင်လိုက်သည်  “ ဒီလို ဖြစ်မယ် ထင်တယ်  ”

သူမက ဆေးလုံးဆရာ မဟုတ်သော်လည်း မိုဝူကျီ၏ ရှင်းပြချက်တစ်ခုဖြင့်  သူမက အပြည့်အဝ နားလည်သွားပေ၏။

“ တောင်းပန်ပါတယ်  … ဆေးလုံးတချို့က အသက်ဓာတ်လိုအပ်မှန်း  ကျမ မသိခဲ့ဘူး။ တကယ်တော့ ကျမလည်း  ကျော့ဖျင်အန်းနဲ့ တွေ့ခွင့် မရှိပါဘူး ။ ရှင့်ကို ကျမရဲ့ တောင်းဆိုချက် လက်ခံစေချင်တာ တစ်ခုတည်းပါ ” ဟန်လုံက တောင်းတောင်းပန်ပန် ပြောလိုက်သည်။

မိုဝူကျီက ဘာမှဆက်၍ မပြောတော့ပေ။ အကယ်၍ ကျော့ဖျင်အန်းက  အသက်ဓာတ်ဆေးလုံးတချို့ကို လိုအပ်သည်ဆိုလျှင် သူက လိုအလုပ်နှင့် ကိုက်ညီမှု ရှိပေလိမ့်မည်။ အကယ်၍  သူဆီ ပြတ်လပ်သွားလျှင် ဘေးပတ်လည်မှ အသက်ဓာတ်စွမ်းအားကို စုပ်ယူလိုက်ရုံ ဖြစ်၏။

သို့သော်လည်း  သူတွင် တခြားရွေးချယ်စရာ ရှိနေသရွ့ ထိုသို့အရာမျိုး လုပ်မည် မဟုတ်ပေ။ ကျော့ဖျင်အန်းအတွက် ဆေးလုံးဖော်စပ်ပေးခြင်းသည်  မဟာ ဧကရာဇ်လွန်ချိုက်ကို ဖယ်ရှားပစ်နိုင်သော်လည်း  ဓားတောင်မှ လွတ်မြောက်ပြီးနောက် မီးပင်လယ်ထဲ ခုန်ချသလို ဖြစ်နေလိမ့်မည်။

“ အဲဆို ခင်ဗျားရဲ့ လျို့ဝှက်ချက်ကို အသေးစိတ် ပြောပြ … တကယ်လို့ လက်ခံနိုင်တယ်ဆိုရင် ကျုပ် ခင်ဗျားနဲ့အတူတူ မဟာကင်းမဲ့ ပင်လယ်နယ်ပယ်ဆီ လိုက်ခဲ့မယ် ” မိုဝူကျီက သက်ပြင်းချကာ ပြောလိုက်သည်။ သူ့တွင် တခြားရွေးချယ်စရာ ကောင်းကောင်း ရှိမနေပေ။ အကယ်၍ သူသာ မဟာဧကရာဇ်လွန်ချိုက်၏ ဖမ်းဆီးခြင်း ခံရလျှင်  သူ ထွက်သွားချင်လျှင်ပင်  ထွက်သွားနိုင်တော့မည် မဟုတ်ပေ။

ငြိမ်းချမ်းရေး တည်းခိုဆောင်တွင်  ခိုလှုံလိုက်ခြင်းက ရေငတ်နေချိန် အဆိပ်ရေ သောက်မိသကဲ့သို့ ဖြစ်လိမ့်မည်။

ဟန်လုံမျက်လုံးများက တောက်ပလာပြီး မြန်မြန် ပြောလိုက်သည်။

“ မဟာကင်းမဲ့ပင်လယ်နယ်ပယ်မှာ  အင်မော်တယ်ဆေးပင်တွေ အများကြီး ရှိတဲ့ နေရာရှိတယ်။ အဲဒီနေရာကို  အဆင့်မြင့် အစီအရင်နဲ့ ကာကွယ်ထားပြီးတော့  အားကောင်းတဲ့ အရုပ်သားရဲက စောင့်ကြပ်နေတာ …..  ကျမ အဲဒီနေရာကို သိတာက  ရှေးဟောင်းမြေပုံတစ်ခု ရခဲ့လို့ပဲ ….

ကျမ စွန့်စားပြီးတော့ သွားကြည့်လိုက်တော့ အမှန်ဖြစ်နေတာ  ”

“ အားကောင်းတဲ့ အရုပ်သားရဲ စောင့်ကြပ်နေတယ်လို့ ပြောတာလား  …. အဆင့် ဘယ်လောက်လဲ  ” မိုဝူကျီ မျက်ဝန်းထဲ  ဖြတ်ခနဲ လင်းလက်သွား၏။

ဟန်လုံက ဘာကိုမှ ဖုံးကွယ်မထားပေ

“ အဲဒီအရုပ်သားရဲက အနည်းဆုံး အဆင့် ၇ နဲ့ အထက်ပဲ  ။  အဆင့် ၉ တောင် ဖြစ်နေမလား မသိဘူး  …. ဒါပေမဲ့  စိတ်ပူဖို့ မလိုပါဘူး။ အဲဒီအရုပ်က စွမ်းအားပြတ်သွား‌တော့  လှုပ်ရှားမှုတွေက  နှေးကွေးနေပြီ။ ပြီးတော့  ဘာအန္တရာယ်မှ မရှိပါဘူး  ”

ထိုသို့ပြောပြီးနောက် ဟန်လုံက မိုဝူကျီကို  ထပ်ပြောလိုက်သည်

“ အဲဒီဥယျာဉ်က  ရှေးဟောင်းအင်အားစုတစ်ခုကနေ ချန်သွားတာ။ အထဲက ဆေးပင်တွေက အဆင့် ၇ နဲ့ အထက်ရှိတယ်။ တကယ်လို့ ဆေးလုံးဆရာမိုသာ ဆေးလုံး ဧကရာဇ်အဆင့် တက်လှမ်းချင်ရင်  အဲဒီနေရာက အထောက်အကူ အများကြီး ဖြစ်မှာ  …. ပြီးတော့ တခြားရတနာတွေလည်း ရှိသေးတယ် ”

မိုဝူကျီက  ထိုဆေးပင် ဥယျာဉ်အကြောင်း ဆက်မမေးတော့ချေ။  ထို့အစား သူက မေးလိုက်သည်  “  အင်မော်တယ်ဘုရင်ဆေးလုံး တစ်သုတ်စာလုံးကို ဘာလို့ လိုချင်တာလဲ။ ပုံမှန်ဆိုရင် တစ်လုံးလောက်ပဲ တောင်းကြတာမလား ”

ဟန်လုံက အသက်ပြင်းပြင်းရှုကာ  အင်မတန် လေးနက်သည့် လေသံဖြင့်  “  ကျမ လက်စားချေချင်လို့ပါ။ ကျမ ရင်သားတွေက လူမဆန်တဲ့ တိရစ္ဆန်ကောင်ကြောင့်  ပြတ်သွားခဲ့တာပါ။ တခြားမိန်းမကို  ကျေနပ်စေချင်တိုင်း ၊ အဲဒီမိန်းမက ကျမထက် သာတယ်ထင်နေပြီးတော့ အဲဒီလူ့တိရစ္ဆာန်က အဲလို လုပ်သွားတာပဲ။  ကျမ ဆေးတစ်သုတ်လုံးကို လိုတာက  ကျမဆီမှာ ဂျုနီယာညီမလေး နှစ်ယောက်ရှိလို့ပါ။ သူတို့က အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းနိုင်ဖို့  ငါးဆယ်ရာခိုင်နှုန်းလောက် ရှိတယ်။ ဒါပေမဲ့ ကျမကြောင့်  သူတို့ကိုပါ ဒီကိစ္စထဲ ဆွဲသွင်းမိပြီး  တူညီတဲ့ ကံတရားကို ခံစားစေခဲ့မိတယ်။  အခု သူတို့က အင်မော်တယ်ဘုရင်အဆင့်ကို အလွယ်တကူ  မရောက်နိုင်တော့ပေမဲ့လည်း  သူတို့ကို  ဒီဟာလေးနဲ့  အစားထိုး ပေးချင်တယ် ”

မိုဝူကျီက စိတ်ထဲမှ တွေးမိလိုက်သည်။ နေရာတိုင်းတွင် လူ့အမှိုက်များ ပေါများပေသည်။ အခြားအမျိုးသမီးကို ပျော်ရွင်စေဖို့ရာ  တခြားအမျိုးသား၏ ရင်သားကို အမှန်တကယ် လှီးဖြတ်ပစ်ခဲ့သည်။  ထိုလူက မည်မျှအမူအကျင့် ပျက်ပြားသည့်သူမှန်း သိနိုင်ပေ၏။  အကယ်၍  ထိုလူသာ ကံဆိုးပြီး မိုဝူကျီနှင့် တွေ့ဆုံခဲ့လျှင် ထိုလူ့တိရစ္ဆာန်အတွက် စကားတစ်လုံးသာ ရှိပေသည်။

 “ သေခြင်းတရား ”

အင်မော်တယ်တစ်ယောက်အတွက် ရင်ဘတ်က ပြန်ကောင်းလာနိုင်သော်လည်း ရုပ်ခန္ဓာမှာ အင်မော်တယ်တစ်ယောက်၏ အရေးပါဆုံး အုတ်မြတ်နှင့် အင်အား အရင်းအမြစ်သာ ဖြစ်ပေသည်။ ပျက်စီးသွားသည့် အချိန်အတန့်၌  ပြန်ကောင်းလာလျှင်ပင် တာအို အခြေခံအုတ်မြစ်အပေါ် သက်ရောက်မှု ရှိပေဦးမည်။ အင်မော်တယ်ဘုရင်အဆင့်မှာ  ပြိုင်ဖက်ကင်း တည်ရှိမှုမျိုး ဖြစ်ပြီး အင်မော်တယ်ဘုရင်တိုင်း၌ ပြီးပြည့်စုံသည့် ရုပ်ခန္ဓာများ ရှိကြသည်။ တာအို အုတ်မြစ် ပျက်စီးသွားသည့် ကျင့်ကြံသူများအတွက် ကောင်းကင်ဘုံ သွေဖွယ်နေသည့် ရတနာမျိုး အသုံးမပြုလျှင်  နဂိုသွင်ပြင်ရရှိနိုင်မည် မဟုတ်ကြပေ။

ဟန်လုံက  မည်သည့်ရတနာမှ အသုံးမပြုခြင်းမှာ  သူမက  အင်မော်တယ်ဘုရင်ဆေးလုံးနှစ်လုံးဖြင့် အင်မော်တယ်ဘုရင်အဆင့် တက်ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်နေ၍ ဖြစ်၏။  အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းသွားသည်နှင့်  သူမခန္ဓာကိုယ်မှ အပျက်အစီးများမှာ သူ့အလိုလို ပြန်လည် ကောင်းလာမည် ဖြစ်ပြီး ပြီးပြည့်စုံသည့် ခန္ဓာကိုယ် ပြန်လည် ရရှိပေလိမ့်မည်။

ဒါပေမဲ့ အင်မော်တယ်ဘုရင်ဆေးလုံးက ဘယ်လောက် ဈေးကြီးနေမည်လဲ  ……

ဆေးလုံး  တစ်လုံး ရရှိဖို့ရာ ခက်ခဲလှပေရာ နှစ်လုံးကို မဆိုထားနှင့်။ ဟန်လုံက သူ့အား  အကူအညီလာတောင်းခြင်းမှ မထူးဆန်းတော့ပေ။

ဟန်လုံက စကားအဆုံးတွင်  မိုဝူကျီအား မျှော်လင့်တကြီး ကြည့်လိုက်သည်။ သူမက မိုဝူကျီ နောက်တဖန် ငြင်းမည်ကို စိုးရိမ်နေပေသည်။

ဤတစ်ကြိမ် မိုဝူကျီက မတွေဝေနေပေ။ သူက ဟန်လုံနှင့် အလုပ်တွဲ မလုပ်လျှင်ပင် မဟာကင်းမဲ့ပင်လယ်နယ်ပယ်သို့ သွားရဦးမည် ဖြစ်၏။ အင်အားကြီးသည့် လူများဆီမှ  လိုက်ဖမ်းခံနေရသည့်အတွက်  သူ ထွက်ပြေးနိုင်သည့် နေရာများများစားစား မရှိပေ။

“ ကျုပ် သဘောတူတယ် … ကျုပ် အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်တာနဲ့  အင်မော်တယ်ဘုရင်ဆေးလုံး တစ်သုတ် ဖော်စပ်ပေးမယ် ” မိုဝူကျီက ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် တုံ့ဆိုင်းမနေတော့ပေ။

“ ဆေးလုံးဆရာမို ကျေးဇူးအများကြီးတင်ပါတယ် ” ဟန်လုံက  သူ့မအသံပင် တုန်ယင်နေသည့်အထိ စိတ်လှုပ်ရှားနေမိသည် “  ဆေးလုံးဆရာမိုနဲ့  ကျမတို့ အခုပဲ သွားသင့်ပြီ။ အင်မော်တယ်ဧကရာဇ်တွေရဲ့ နည်းလမ်းတွေက အတော်ကြောက်ဖို့ ကောင်းတယ်။ ဒီငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ  ကူးသန်းရေး အစီအရင် မရှိပေမဲ့လည်း  သူတို့တွေ ဘယ်အချိန် ရောက်လာမယ်ဆိုတာကို  ဘယ်သူမှ မပြောနိုင်ဘူး။ အထူးသဖြင့် အင်မော်တယ် ဧကရာဇ်လွန်ချိုက်ပေါ့ … သူ့ကိုယ်လုပ်တော်က အသက်ရှင်နေသေးတာဆိုတော့  ရှင့်ကို လိုက်ဖမ်းမှာ အသေအချာပဲ  ”

မိုဝူကျီက နှာခေါင်းရှုံလိုက်သည်။ ထိုလူက သူ့တျန်းဂျီဆေးဆိုင်မှ လူများကို သတ်ပစ်ပြီး သူ့ကိုယ်လုပ်တော်ကို ကုပေးရန် မျှော်လင့်နေသေး၏။

 အင်မော်တယ် ဧကရာဇ်လွန်ချိုက်က  သူ့ကို  ဖန်တီးရှင် နတ်ဘုရားလို့များ ထင်နေတာလား

သူ မိုဝူကျီက  ထိုမျှသဘောထားကြီးသည့် သူ မဟုတ်‌ေ်ပ။ အကယ်၍ ယခု အင်မော်တယ် လွန်ချိုက်နှင့် တွေ့ဆုံရလျှင်  တစ်ခွန်းသာ ပြောစရာ ရှိ၏ “ လည်ပင်းကို သန့်သန့်ရှင်းရှင်းထားပြီး စောင့်နေလိုက် ….. ”

တစ်ဖက်တွင် မိုဝူကျီက ဟန်လုံ၏ စကားများကို ထောက်ခံလိုက်သည်။  သူတို့တွေ ငြိမ်းချမ်းရေး ကျွန်းဆွယ်မှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားသည်က ပို၍ ကောင်းပေမည်။ ဤနေရာတွင် နေထိုင်နေသည့် နေ့ရက်တိုင်းမှာ အန္တရာယ်အပို ကျရောက်လာစေမည့် နေ့ရက်များသာ ဖြစ်၏။

“တာအိုရောင်းရင်းဟန် …  ခင်ဗျားက အင်မော်တယ်နယ်မြေ ခုနှစ်ခုကို မကြာသေးခင်ကမှ သွားထားတာဆိုတော့ နတ်ဆိုး စန္ဒာ အင်မော်တယ်ကျောင်းတော်အကြောင်း ကြားမိသေးလား ” မိုဝူကျီက ထိုမေးခွန်းကို မေးရန် မရည်ရွယ်ထားသော်လည်း  အောင့်အီးသည်းမခံနိုင်တော့ချေ။ ထို့အပြင် သူက  ဟန်လုံနှင့် သဘောတူညီမျှ ရယူပြီးပြီ ဖြစ်၍  သူမ ဆန္ဒကို မဖြည့်စည်း မပေးမချင်း  ဟန်လုံက သူ့အား လိမ်ညာနေမည် မဟုတ်ပေ။

***

All Chapters