← Chapters

ကျော့ဖျင်အန်း

Vol. 44 Ch. 607

ကျော့ဖျင်အန်း

Vol. 44 Ch. 607

ဘာဖြစ်သွားလို့လဲ ” မိုဝူကျီက အနည်းငယ် စိုးရိမ်လာကာ မတ်တတ်ရပ်မေးလိုက်သည်။

ဟန်လုံက ဖြေကြားလိုက်သည်

“ နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်က  စန္ဒာဖွေရှာ တောင်ကို တစ်ယောက် ဖျက်စီးသွားတယ်တဲ့။ ကျမ ကြားတာတော့  နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်က ရပ်ဖို့ ကြိုးစားလိုက်လို့ အင်မော်တယ် အုပ်စိုးသူတချို့နဲ့  ဧကရာဇ်တပို်ငးအဆင့် ကျင့်ကြံသူတချို့ကို ဆုံးရှုံးလိုက်ရတယ်တဲ့  ”

“ ဘယ်သူလဲ  ” မိုဝူကျီက  စိတ်နှလုံးသားမှ ဒေါသမီးတောက်လောင်လာသောကြောင့် ချက်ချင်း မေးလိုက်သည်။ အကယ်၍ သူက ချိန်စုယင်၏ တည်နေရာကို သိလိုလျှင် လင်းဂူကို ဦးစွာ ရှာရမည် ဖြစ်၏။  မိုဝူကျီက လင်းဂူမှာ နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်ရှိ စန္ဒာရှာဖွေတောင်မှ ဖြစ်ကြောင်း  သိထားလေရာ ချိန်စုယင်သာ တကယ်အသက်ပြန်ရှင်လာလျှင်  လင်းဂူက သူမကို နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်ဆီ ခေါ်သွားပေလောက်၏။ အကယ်၍ စန္ဒာဖွေရှာတောင်က ဖျက်စီးခံလိုက်ရလျှင်  ချိန်စုယင် ပါသွားနိုင်သည့်  အခွင့်အရေးများပေသည်။

“ အဲဒါက မဟာ ဧကရာဇ်လွန်ချိုက်ပါ … သူက ခဏတိုင်း စိတ်အခြေအနေပြောင်းနေတာဆိုတော့  နတ်ဆိုးစန္ဒာအင်မော်တယ်ကျောင်းတော်က ကူညီလိုက်လို့  ရှင်က  စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ ဝင်ခွင့် ရသွားပြီး သေသွားတာလို့ ထင်နေတာ ….

သူက နတ်ဆိုးစန္ဒာအင်မော်တယ်ကျောင်းတော်တစ်ခုလုံးကို ဖြိုချပျက်စီးပစ်ဖို့ အားမကြီးသေးလို့  မဟုတ်ရင်  ဘာမှကျန်ခဲ့မှာ မဟုတ်ဘူး  ” ဟန်လုံက  မဆိုင်းမတွ ပြောလိုက်သည်။

ဒေါသကြီးတဲ့ ခွေးကောင်……

သူက ခွေးကောင်လွန်ချိုက်ကို သိပင် မသိသော်လည်း  လွန်ချိုက်အနေဖြင့် ဒေါသထွက်ကာ   စန္ဒာဖွေရှာတောင်ကို ဖြိချလိုက်သည်မှာ သူ့အတွက်  ပုံမှန်အရာဟုပင် တွေးတောနေလောက်ပေသည်။

မိုဝူကျီ စိတ်ထဲ  ထက်ရှသည့်  သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်လာသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မိုဝူကျီက ပြောလိုက်သည်

“  လွန်ချိုက်က နတ်ဆိုးစန္ဒာအင်မော်တယ်ကျောင်းတော်ကို  မဖျက်စီးနိုင်ခဲ့ပေမဲ့  သူက နတ်ဆိုးစန္ဒာအင်မော်တယ်ကျောင်းတော်နဲ့  သဘောတူညီမှု တချို့ ရယူခဲ့တယ် ထင်တယ်။  ပြီးတော့  နတ်ဆိုးစန္ဒာအင်မော်တယ်ကျောင်းတော်က  လွန်ချိုက်ကို ကြောက်ကြတော့  စန္ဒာဖွေရှာတောင်ကို ဘာလုပ်လုပ်ဆိုပြီး ခွင့်ပြုလိုက်ကြရတာ …  အဲလိုသာ အမှန်ဖြစ်နေမယ်ဆိုရင် အဲဒီဂိုဏ်း ဆက်လက်တည်ရှိနေဖို့  အဓိပ္ပါယ်ရော ရည်တည်ချက်ရော  မရှိတော့ဘူး  ”

မိုဝူကျီ အမြင်အရ  ဂိုဏ်းတစ်ခုက တခြားသူများကို သူတို့ဂိုဏ်းသားများအား သတ်ခွင့်ပြုလိုက်သည်မှာ သူတို့ကိုယ်ပိုင် စိတ်ဝင်စားမှု၊ အလိုဆန္ဒကို ကာကွယ်ဖို့ရာအတွက်သာ ဖြစ်သောကြောင့်  ဤသို့မျိုး ဂိုဏ်းမျိုးမှာ  အနှေးနှင့်အမြန် အမြစ်ဖြတ်ရှင်းထုတ်ခံရမည် ဖြစ်၏။ လူ့စိတ်မရှိသည့် ဂိုဏ်းမျိုးတွင် နေနေ၍ ဘာထူးမည်နည်း။  ထိုအကြောင်းအရင်းမှာ တျန်းဂျီဂိုဏ်း၏ ဇာစ်မြစ်ကို  လေးစားခြင်း ဖြစ်ပေသည်။ တျန်းဂျီဂိုဏ်းက ဂိုဏ်းဆက်လက် တည်တံ့နေစေရန်  တပည့်သားများကို စတေးမည် မဟုတ်ပေ။

ထိုစဉ် ဟန်လုံ ကိုင်ဆောင်ထားသည့် ဆက်သွယ်ရေး ပုတီးစေ့က လင်းလာသည်။

ဟန်လုံက အော်ပြောလိုက်၏ “ ဆေးလုံးဆရာမို  … တစ်ယောက်ယောက်  ရှင့်အကြောင်း မေးနေတယ် ”

မိုဝူကျီက  ခေါင်းညိတ်ပြလိုက်သည်။ သူ့တွင် နောက်ခံ မရှိတော့သောကြောင့်  တစ်ယောက်ယောက်အနေဖြင့် အင်မော်တယ်ဘုရင်အသီးကို အလိုရှိသည်က ဖြစ်သင့်ပေသည်။ သူက နောက်ခံ ရှိနေဦးမည်ဆိုလျှင်ပင်  သူနှင့် သူ့ပိုင်ဆိုင်မှုများအကြောင်း စိတ်ဝင်စားသော သူများ ရှိနေဦးမည် ဖြစ်၏။

“ ကျမတို့တွေ မဟာကင်းမဲ့ပင်လယ်နယ်ပယ်ကို ဘယ်အချိန် သွားကြမလဲ  ” ဟန်လုံက စိတ်အားထက်သန်စွာ မေးလိုက်သည်။

မိုဝူကျီက အမှန်တကယ် စိုးရိမ်မနေပေ။ အကြောင်းမှာ သတင်းရရှိထားသော  အဆင့်မြင့် ကျင့်ကြံသူများက  ငြိမ်းချမ်းရေးကျွန်းဆွယ်၌  တန်းပေါ်လာမည် မဟုတ်ပေ။

ဝမ်ပင်းလက်စွပ်ထဲမှ ပစ္စည်းများကို စစ်ဆေးတော့မည့်ဆဲဆဲတွင် တစ်ခုခုကို ရုတ်ချည်းတွေးမိသွားကာ သူ့မျက်နှာမှာ ဖြူဖျော့သွားပြီး ပြောလိုက်သည်

“  သွားကြစို့  ….  အခု သွားကြမယ်။ မြန်မြန်  …. ”

အလျှင်စလို လေသံက မိုဝူကျီ၏ စိုးရိမ်မှုနှင့် စိတ်မရှည်မှုကို ဖော်ပြနေလေ၏။

ဟန်လုံက မိုဝူကျီ ယခုထွက်သွားဖို့သာ  မျှော်လင့်နေမိသည်။ မိုဝူကျီက သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်လေး မဟုတ်ပါလော။ သူမတွင် အင်မော်တယ်ဘုရင်အသီး ရှိနေလျှင်ပင် ဆေးလုံး ဧကရာဇ်ကို ဖိတ်ကြားပြီး  သူမအတွက် ဆေးလုံး ဖော်စပ်ခိုင်း၍ ရမည် မဟုတ်ပေ။ ယခု သူမက  အင်မတန် အရည်အချင်း ရှိသော မိုဝူကျီကို တွေ့လိုက်ရသည့်အတွက် သူမ အခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။

မိုဝူကျီ ဆုံးဖြတ်ချက် ပြတ်သားလှပြီး ဟန်လုံနှင့်အတူတူ   ငြိမ်းချမ်းရေး ကျွန်းဆွယ်မှ ထွက်မသွားခင်  ကိုင်ကွမ်းယီတို့အဖွဲ့ကို နှုတ်ဆက်စကားသာ ဆိုလိုက်သည်။

မိုဝူကျီနှင့် ဟန်လုံတို့ ထွက်သွားသည်နှင့် မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများစွာက  ငြိမ်းချမ်းရေး ဧည့်ရိပ်သာသို့ ရောက်ရှိလာကြသည်။ ထိုလူများက ပထမထပ်ရှိ ဧည့်သည့်လက်ခံ နေရာသို့ ဝင်ရောက်လာသည့်အခါ  စတင်၍ အော်မေးလိုက်ကြသည်  “ မိုဝူကျိက ဘယ်အခန်းမှာ နေတာလဲ  ”

“ မိုဝူကျီက ကျုပ်နဲ့ လိုက်မှာ  ” ထိုအော်သံများနောက်၌ ညင်သာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံနောက်၌ ဖြူဖျော့ဖျော့ မျက်နှာနှင့် အသားအရည်မှာ  စက္ကူလေးကဲ့သို့ ဖြူဆွတ်နေပြီး  သွေးကြောများပင် မြင်နေရသော  ပညာရှင်ပုံစံရှိ အမျိုးသားတစ်ယောက် ဝင်လာသည်။ သူ့မျက်လုံးများမှာ အိပ်စက်မှုမှ အပြည့်အဝ မနိုးသေးသည့်အလား တစ်ဝက်သာ ဖွင့်ထား၏။  အံ့ဩစရာအကောင်းဆုံး အပိုင်းမှာ သူ့လက်ချောင်းလေးများက ရှည်လျားကာ ရှင်းသန့်နေသည်။

“ စီနီယာကျော့ ….” ထိုအော်ဟစ်နေကြသည့် အဖွဲ့ထဲမှ တစ်ယောက်က  ထိုလူကို မြင်သည်နှင့်  သူတို့ခြေထောက်များပင် တုန်ယင်လာကြသည်။

ထိုပညာရှင်က  မဟာလော့ရှန်းအဆင့် ကျင့်ကြံသူများကို မမြင်သည့်အလား  တည်ငြိမ်စွာဖြင့်  ငြိမ်းချမ်းရေး ဧည့်ရိပ်သာရှိ   ဧည့်လက်ခံနေရာသို့ သွားကာ  ယဉ်ယဉ်ကျေးကျေး ကြည့်လိုက်သည်။

ဧည့်လက်ခံစာရေးက အသံတုန်တုန်ယင်ယင်ဖြင့်  “ စီ …. စီနီယာ  .. မိုဝူကျီက မကြာသေးခင်က  မဟာကင်းမဲ့ပင်လယ်နယ်ပယ်ကို ထွက်သွားပါတယ်။ သူ ပြောတာတော့ မကြာခင် ပြန်လာမယ်တဲ့  ”

ဖြူဖျော့ဖျော့ ပညာရှင်က မျက်မှောင်ကျုတ်ကာ  “ အဲဆိုရင် သူ ပြန်ရောက်လာရင် ငါ့ကို လာရှာဖို့ အသိပေးလိုက် ”

“ ဟုတ်ကဲ့ပါ … ဟုတ်ကဲ့ပါ  ဂျုနီယာလေး သိပါပြီ ” ဧည့်လက်ခံစာရေးက စကားပြောနေသည့် တစ်လျှောက်လုံး ခေါင်းကို ငုံ့ထားလေ၏။

“ စီနီယာ …” ခပ်ဝဝ လူသားအလုံးကြီးက ဒုတိယထပ်မှ ကြောက်ကြောက်လန့်လန့်ဖြင့် ပြေးဆင်းလာသည်။ သူ ဆင်းလာသည့် အမြန်နှုန်းမှာ  အနည်းငယ် ရယ်စရာ ကောင်းနေပေ၏။

သို့သော်လည်း  ထိုလူကို မည်သူမှ မရယ်မောရဲကြပေ။ အကြောင်းမှာ ငြိမ်းချမ်းရေး ဧည့်ရိပ်သာ ပိုင်ရှင်အနေနှင့် ငြိမ်းချမ်းရေး ကျွန်းဆွယ်၏ နံပါတ်တစ် တည်ရှိမှု ပုဂ္ဂိုလ်မျိုး ရောက်လာသည့်အခါ မည်သို့ မတုန်လှုပ်ဘဲ နေမည်နည်း။

ပညာရှင်က ခေါင်းတစ်ချက်သာ ညိတ်ပြပြီး  ဧည့်ရိပ်သာမှ စိတ်ခံစားချက် ကင်းမဲ့စွာ ထွက်သွားလေ၏။

ပညာရှင် ထွက်သွားသည့်အခါမှ  ခပ်ဝဝ လူကြီးက စိတ်သက်သာရာ ရဟန်ဖြင့်  ချွေးအေးများကို သုတ်ပစ်လိုက်သည်။

***

သူ မဟာကင်းမဲ့ပင်လယ်နယ်မြေသို့ ဝင်လိုက်သည်နှင့် မိုဝူကျီက ငါးနံ့များ လှိုင်လှိုင်သင်းနေသည်ကိုသာ ရ၏။ သာမာန် ငါးနံ့ မဟုတ်ဘဲ သွေးညှီနံ့ စွမ်းအားတမျိုး ဖြစ်၏။

သူ့အောက်ရှိ ပင်လယ်ရေမှာ နီရဲနေရာ မိုဝူကျီက သွေးပင်လယ်အလယ် ရပ်နေသည့်အလား ခံစားနေရသည်။

“ ဆေးလုံးဆရာမို …  ရှင်ရဲ့ လွန်းပျံယာဉ်က အဆင့် ၇ အင်မော်တယ် ပျံသန်းရေး ရတနာ မလား ” ဟန်လုံက ထိုအပေါ်မှာ ရပ်နေရင်း ပြောလိုက်သည်။

အကယ်၍  သူတို့က သူမပျံသန်းရေး ရတနာကို သုံးမည်ဆိုလျှင် အနည်းဆုံး တစ်နှစ်ခန့် လိုအပ်မည် ဖြစ်သော်လည်း မိုဝူကျီ၏ လွန်းပျံယာဉ်ဖြင့် သူတို့က နှစ်လတာဖြင့်  သူတို့ရည်ရွယ်ရာ နေရာဆီ ရောက်ရှိခဲ့ကြသည်။

“ ဟုတ်တယ် …  ကျုပ်က ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က မဟုတ်တော့ပေမဲ့  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က  နွန်ယုံအပေါ်  အကြွေးတင်နေသေးတယ် ” မိုဝူကျီက  ကျေးဇူးတင်စွာ ပြောလိုက်သည်။

နွန်ယုံက  ပေးထားသော  လွန်းပျံယာဉ်ကြောင့် မိုဝူကျီကို အသက်ဘေးမှ ခဏတိုင်း ကယ်တင်ပေးခဲ့သည်။ သူ့အား တစ်ရက်ရက်ကျ သေချာပေါက်  ပြန်လည် ပေးဆပ်ရန် ကြံရွယ်ထား၏။

“ ဆေးလုံးဆရာမို … အရင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး အလောတကြီး ထွက်လာရတာလဲ  ” ဟန်လုံက သိချင်နေမိသည်။ မိုဝူကျီက  အလျှင်စလို မဟုတ်သော်လည်း တစ်ခုခုကို တွေးမိကာ ပြောင်းလဲသွားသောကြောင့် ဖြစ်၏။ သူတို့မြန်မြန် ထွက်သွားသင့်ကြောင့်းသာ သူက တိုက်တွန်းနေခြင်း ဖြစ်ရာ  သူမအား အလွန်စိတ်ရှုပ်ထွေးသွားစေသည်။

မိုဝူကျီက လက်နှစ်ဖက် ဆုပ်ကာ  “ တာအိုရောင်းရင်းဟန်ကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ ခင်ဗျားသာ ကျော့ဖျင်အန်း ဆေးလုံးဆရာ လိုနေတဲ့ အကြောင်းကိုသာ မပြောခဲ့ရင် ကျုပ်တော့  ကျော့ဖျင်အန်းဆီ ပါသွားလောက်ပြီ ”

မိုဝူကျီက ထိုအကြောင်းကို တွေးမိကာ  ချွေးအေးများ စို့လာမိသည်။ သူက ကိုယ်ပိုင်တန်ဖိုး ကို အမြဲလျစ်လျူရှုမိခဲ့ပေရာ  ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင်တစ်ယောက်အတွက် အဆင့် ၇ ဆေးလုံး ဧကရာဇ်အဆင့် ရောက်ရှိဖို့ရာ  ထိုမျှခက်ခဲနေမည် မဟုတ်ပေ။ ဟန်လုံ သူ့ကို လာရှာသည့် အကြောင်းအရင်းမှာလည်း  သူ အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်လာနိုင်ကြောင်း သေချာနေ၍ မဟုတ်ပါလော။

အကယ်၍ ကျော့ဖျင်အန်းက ငြိမ်းချမ်းရေး ကျွန်းဆွယ်ကို အုပ်ချုပ်သူ ဖြစ်ပြီး  အင်မော်တယ် ဧကရာဇ်များပင် စိတ်တိုင်းကျ မပြုမူရဲလေရာ သူ့အနေဖြင့် မည်သို့ ရိုးရှင်းမည့်သူ ဖြစ်မည်နည်း။ မိုဝူကျီက သူ့အတွက် မည်မျှအသုံးဝင်ကြောင်း မသိလျှင် ဤမျှနှစ်တစ်လျှောက်လုံး ကျန်ရှိနေနိုင်မည် မဟုတ်ပေ။ ဟန်လုံအနေဖြင့် မိုဝူကျီသည် ဆေးလုံး ဧကရာဇ် ဖြစ်လာမည့် အကြောင်း ပြောနိုင်လေရာ  ကျော့ဖျင်အန်းအနေနှင့်  အဘယ်ကြောင့် မသိဘဲ နေမည်နည်း။

ကျော့ဖျင်အန်း လုပ်ရမည့်အရာ များများစားစား မရှိပေ။ သူက မိုဝူကျီကို ဖမ်းဆီးထားပြီး အဆင့် ၇ ဆေးပင်များ ရှာပေးကာ လေ့ကျင့်ခိုင်းထားပြီး အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်လာသည်နှင့်  သူ့ကို ဖော်စပ်ခိုင်း၍ ရနေသည် မဟုတ်လော။

ထို့ကြောင့်  မိုဝူကျီက ဟန်လုံကို ကျေးဇူးတင်လိုက်ခြင်း ဖြစ်ပေသည်။ အကယ်၍ ဟန်လုံသာ ကျော့ဖျင်အန်းအနေဖြင့် ဆေးလုံး ဧကရာဇ် လိုအပ်နေကြောင်း မပြောပြခဲ့လျှင် ကျော့ဖျင်အန်းဆီမှ ဖမ်းဆီးခံလိုက်ရသည့်အထိ အကြောင်းအရင်းကို သိမည် မဟုတ်ပေ။

ဟန်လုံက မိုဝူကျီ၏ စကားများကို နားလည်သွားပြီး အနည်းငယ် စိုးရိမ်မိသွားသည်။ အကယ်၍ မိုဝူကျီသာ ဖမ်းဆီးခံလိုက်ရလျှင် သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ပျက်သုန်းသွားမည် ဖြစ်၏။ မိုဝူကျီ၏ ကောက်ချက်ချမှု မြန်၍သာ ကံကောင်းပေ၏။

“ တာအိုရောင်းရင်းဟန် … ဒီပဲ့ကိုင်ကို ထိန်းပေးထားပါ့လား။ ကျုပ် အဆင့် ၇ အင်မော်တယ်ဆေးလုံး ဖော်စပ်မှုအကြောင်း သုံးသပ်ကြည့်ချင်လို့  ” မိုဝူကျီက ကျော့ဖျန်အန်း လိုနေသည့်အရာမှာ  ဆေးလုံး ဧကရာဇ် တစ်ယောက်ဖြစ်မှန်း သိ၍   သူ၏ တစ်ခုတည်းသော အသက်ရှင်နိုင်မည့် လမ်းကြောင်းလည်း ဖြစ်နိုင်ပေသည်။ အကယ်၍ သူ့တွင် တခြားရွေးချယ်စရာ မရှိပါက ကျော့ဖျင်အန်းနှင့် ထိုင်၍ ဆွေးနွေးသင့်ပေသည်။

မိုဝူကျီက အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်လိုသော‌ေကြောင့် ဟန်လုံလည်း  မေးခွန်းမေးစရာ မရှိသလို အချိန်လည်း ဖြုန်းတီးမနေပေ။ သူမက ဤလမ်းကြောင်းကို တစ်ကြိမ်၊ နှစ်ကြိမ်မက သွားလာဖူး၍ သားရဲများကို မည်သို့ ရှောင်ကွင်းသွားရမည်ကိုပါ သိနေသည်။

***

လွန်းပျံယာဉ်၏ အခန်းငယ်လေးထဲ ပြန်ရောက်ပြီးနောက် မိုဝူကျီက  ဝမ်ပင်း၏ သိုလှောင်လက်စွပ်ကို ထုတ်လိုက်သည်။ မိုဝူကျီက အချိန်တိုလေးအတွင်း  လက်စွပ်ပေါ်မှ အတားအဆီးများကို ဖယ်ရှားလိုက်၏။

ဝမ်ပင်းလက်စွပ်မှာ  အမှန်တကယ် စိတ်မပျက်စေပေ။ အကြောင်းမှာ အထဲ၌ အဆင့်မြင့်အင်မော်တယ်ကျောက် ငါးသန်းကျော် ပါရှိနေပေ၏။ ထိုအရာမှလွဲ၍ အင်မော်တယ်ဆေးပင် အပုံလိုက်နှင့်  ပန်းပဲသတ္တုများစွာလည်း ရှိပေသည်။ ကျန်ရှိနေသော  ဆေးလုံးများနှင့် ပစ္စည်းများမှာ မိုဝူကျီ၏ အာရုံကို မဖမ်းစားနိုင်ပေ။

မိုဝူကျီ အာရုံဖမ်းစားသွားသည်က  ဝမ်ပင်းလက်စွပ်အတွင်းရှိ ခုနှစ်လွှာမီးတောက်နှလုံးသား ကျောက်တုံး ဖြစ်၏။ ထိုအရာမှာ အဆင့် ၇ အင်မော်တယ် မီးတောက်အဖြစ် ဆင့်ကဲပြောင်းလဲလာစေနိုင်သည့် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်ပေသည်။

မီးတောက်ကို တွေးမိသည်နှင့် မိုဝူကျီက သူ့ထာဝရ ကမ္ဘာထဲမှ ပညာရှင်နှလုံးသားကို တွေးမိလိုက်သည်။

မိုဝူကျီက  အစီအရင်အလံတချို့ကို ထုတ်ကာ  ပညာရှင်နှလုံးသားဆီ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်သည်။

ပညာရှင်နှလုံးသားက အိပ်စက်နေသည့် ကြာပွင့်လေးအလား  ထာဝရ ကမ္ဘာထောင့်တစ်နေရာ၌  ငြိမ်ငြိမ်လေး ရှိနေသည်။ ပညာရှင်နှလုံးသားပေါ် ကျရောက်သွားသော ကျောက်နီများက ပြောင်းလဲမှု  များများစားစား မရှိချေ။

မိုဝူကျီ လျှောက်လှမ်းသွားကာ လက်ဆန့်လိုက်သည်နှင့်  ပညာရှင်နှလုံးသားက ရောက်ရှိလာသည်။ မိုဝူကျီက  ပညာရှင်နှလုံးသားထဲမှ ကြောက်မက်ဖွယ် အပူချိန်ကို ခံစားမိပြီး သူသာ ပညာရှင်နှလုံးသားကို သုံး၍ အင်မော်တယ် ဧကရာဇ်တစ်ယောက်နှင့် တိုက်ခိုက်လျှင် အင်မော်တယ်ဧကရာဇ်ပင် သူ့အသက်အတွက် အသည်းအသန် ကြိုးပမ်းရလိမ့်မည်။

ပညာရှင်နှလုံးသားအလယ်၌ ကြည်လင်နေသည့်  ကျောက်ပွင့်ချပ် ခုနှစ်ခု ပေါ်နေ၏။

အဆင့် ၇ အင်မော်တယ် မီးတောက် ဖြစ်နေပြီလား  …..

မိုဝူကျီက အံ့ဩမိသွားသည်။ သူက ထိုကျောက်နီများကို မြန်မြန် ကောက်ယူလိုက်ကာ  ထိုအပေါ်၌ အပြောင်းအလဲ မရှိသေးသည်ကို သတိပြုမိလိုက်သည်။

မိုဝူကျိက လေအေးများသာ မှုတ်ထုတ်လိုက်တော့သည်။ သူ မြင်တွေ့လိုက်ရသည့်အရာကို တကယ် မယုံနိုင်ပေ။ ရုပ်ပိုင်းဆိုင်ရာ လျော့ရိလျော့ရဲ မဖြစ်ဘဲ သူ့ပညာရှင်နှလုံးသားကို  အဆင့် ၇ အင်မော်တယ် မီးတောက် ဖြစ်လာဖို့ရာ ဤကျောက်နီများက မည်မျှကောင်းကင်ဘုံ သွေဖယ်နေသနည်း။

မိုဝူကျီက စိတ်စွမ်းအားကို ပညာရှင်နှလုံးသားထဲ လွှင့်လိုက်သည့်အခါ အဖြစ်အပျက်ကို နားလည်သွား၏။ ပညာရှင်နှလုံးသားမှာ မယုံကြည်နိုင်လောက်သည့် အဟုန်ဖြင့် အပြင်ဘက်ရှိ  မိုးမြေ စည်းမျည်းများကို စုပ်ယူဖို့ လိုအပ်နေပြီး  ဆက်လက် အဆင့်တက်ရန် ဝိညာဉ်စွမ်းအားများလည်း လိုအပ်နေသည်။ မဟုတ်လျှင် ဤပညာရှင်နှလုံးသားမှာ အဆင့် ၇ အင်မော်တယ်မီးတောက်အဆင့် သာမက  နောက်ထပ် အဆင့်မြင့်အထိ ရောက်ရှိသွားနိုင်ပေ၏။

သူက အသုံးမပြုရသေးသည့် ဤကျောက်နီများကို သိမ်းဆည်းလိုက်ပြီး ထိုအရာမှာ ရှင်းထျန်းရတနာထက် တန်ဖိုးမနည်းကြောင်း သေချာနေသည်။ သူ ကိစ္စများကို ဖြေရှင်းပြီးသည်နှင့် ဤကျောက်များအကြောင်း ပိုသိအောင် လုပ်ရမည်။

သူ့ပညာရှင်နှလုံးသားမှာ အဆင့် ၇ အင်မော်တယ် မီးတောက်အဖြစ် ရောက်ရှိသွားပြီ ဖြစ်၍ ဝမ်ပင်းလက်စွပ်ထဲမှ တွေ့ရှိထားသော  ခုနှစ်လွှာ မီးတောက်နှလုံးသားကျောက်တုံးကို သုံးဖို့ မလိုတော့ပေ။

***

All Chapters