← Chapters

ဝူပန် ဇနီးမောင်နှံ

Vol. 44 Ch. 608

ဝူပန် ဇနီးမောင်နှံ

Vol. 44 Ch. 608

မိုဝူကျီက အဆင့်မြင့်   အင်မော်တယ်ပေါများ ဆေးလုံး  ၁၂ လုံးကို ကြည့်ကာ အလွန်ကျေနပ်နေမိသည်။ မဟာယီရှန်းအဆင့် ရောက်ရှိပြီးနောက် မိုဝူကျီက  အဆင့်မြင့် အင်မော်တယ်ပေါများ ဆေးလုံးများ ဖော်စပ်နိုင်လိမ့်မည်ဟု သေချာခံစားမိနေသည်။ ယခု သူ့ပညာရှင်နှလုံးသားအဆင့်မှာ အဆင့် ၇ ရောက်ရှိသွားပြီ ဖြစ်၍ ယခင် မလုပ်နိုင်ခဲ့သည့် အရာများမှာ သူ မျှော်လင့်ထားသကဲ့သို့ အဆင်ပြေချောမွေ့လာ၏။  သူ ဦးဆုံး ဖော်စပ်လိုက်သည့် ဆေးလုံးမှာ အဆင့်မြင့် အင်မော်တယ်ပေါများ ဆေးလုံး ၁၂ လုံး ဖြစ်ပေသည်။

ဆေးလုံးတာအို နားလည်စွမ်းအရ သူ နောင်ဖော်စပ်မည့် ဆေးလုံးများမှာ အဆင့်မြင့်ထက် နိမ့်ကျမည် မဟုတ်ချေ။

မိုဝူကျီက အင်မော်တယ်ဆေးပင်များကို ဆွဲယူလိုက်ပြီး အင်မော်တယ်ပေါများ ဆေးလုံး ဒုတိယအသုတ် ဖော်စပ်ရန် ပြင်ဆင်လိုက်သည်။

စွမ်းဆောင်နိုင်စွမ်းရှိသည့် ဆေးလုံးဆရာအနေနှင့်  အဆင့် ၆ ဆေးလုံး တစ်သုတ် ဖော်စပ်ဖို့ရာ အနည်းဆုံး နာရီအချို့ လိုအပ်ကာ  အားနည်းသူများအနေနှင့် တူညီသည့် ဆေးလုံး ဖော်စပ်နိုင်ဖို့ရာ ရက်ကြာနိုင်ပေ၏။ သို့သော်လည်း မိုဝူကျီက တစ်နာရီမျှသာ ကြာမြင့်လိုက်ပြီး ဆေးမီးဖိုမှ အင်မော်တယ်ပေါများ ဆေးလုံး ဒုတိယအသုတ် ထွက်ပေါ်လာသည်။

ဆေးမီးဖိုမှ ထွက်ပေါ်လာသည့် ဆေးလုံး ၁၂လုံးကား မျှော်လင့်ထားသလို မဟုတ်ခဲ့ပေ။ ဤတစ်ကြိမ်၌ တစ်ခုတည်းသော ခြားနားချက်မှာ ဆေးလုံး ၁၂ လုံးအနက် လေးလုံးမှာ ပြိုင်ဖက်ကင်းအဆင့် ဖြစ်နေ၏။

တတိယအသုတ်အပြီးတွင်  မိုဝူကျီက အင်မော်တယ်ပေါများဆေးလုံးကို ဆက်လက် မဖော်စပ်တော့ဘဲ မဟာလော့ရှန်းဆေးလုံးကို ဖော်စပ်ရန်  ရွေးချယ်လိုက်၏။

မဟာလော့ရှန်းဆေးလုံးမှာ တန်ဖိုးကြီး အဆင့် ၆ အင်မော်တယ်ဆေးလုံး ဖြစ်ပြီး မဟာကျီရှန်းအဆင့်မှ မဟာလော့ရှန်းအဆင့်သို့ တက်လှမ်းနိုင်ဖို့ရာ အထောက်အကူပေး၏။ ထိုဆေးလုံး ဈေးကွက်ထဲ ရောက်သွားသည်နှင့် အသည်းအသန် လေလံဝင်ဆွဲကြလိမ့်မည်။

မိုဝူကျီက မဟာလော့ရှန်းဆေးလုံး ဖော်စပ်ဖို့ရာ ပါဝင်ပစ္စည်းများ  သူ့စိတ်ကြိုက် အသုံးပြုနိုင်သည်ထက် လုံလုံလောက်လောက် ရှိသည်။

မဟာလော့ရှန်းဆေးလုံးက အင်မော်တယ်ပေါများဆေးလုံးထက် ဖော်စပ်ရန် ခက်ခဲသော်လည်း မိုဝူကျီက တတိယအသုတ်၌ အင်မော်တယ်ပေါများ ဆေးလုံး ၁၂ လုံးအနက် ပြိုက်ဖက်ကင်း ဆေးလုံး ၆လုံးကို ဖော်စပ်နိုင်ခဲ့သည်။

လေးကြိမ်မြောက် ကြိုးစားမှု၌ မိုဝူကျီက မဟာလော့ရှန်း ဆေးလုံး ပြိုင်ဖက်ကင်း ဆေးလုံး ၉ လုံးကို ဖော်သပ်နိုင်ခဲ့ပြီး ငါးကြိမ်မြောက်၌ ပြိုင်ဖက်ကင်း အဆင့် ဆေးလုံး ၁၁ လုံးကို ဖော်စပ်နိုင်ခဲ့၏။ နောက်ဆုံး ခြောက်ကြိမ်မြောက်၌  မိုဝူကျီက တစ်သုတ်စာအပြည့် ပြိုင်ဖက်ကင်းဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သည်။

မိုဝူကျီက မဟာလော့ရှန်းဆေးလုံးများ ဖော်စပ်နေခြင်းကို ရပ်တန့်လိုက်တော့သည်။ သူက အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။  သူ ရွှမ်ရှန်းအဆင့်တွင် ရှိစဥ် မည်မျှကြိုးစားစေကာမူ အဆင့်နိမ့် မဟာလော့ရှန်း ဆေးလုံးများသာ ဖော်စပ်နိုင်ခဲ့၏။

ယနေ့ သူက ခြောက်ကြိမ်မြောက် ကြိုးစားပြီးနောက် ဂုဏ်ထူးဆောင် အဆင့် ၆ ဆေးလုံးဘုရင်အဖြစ် အရည်အချင်း ပြည့်မှီသွားလေပြီ။

မိုဝုကျီက ယခင် ပြိုင်ဖက်ကင်းအဆင့် ဆေးလုံးများ မဖော်စပ်နိုင်သည့် အကြောင်းအရင်းကို သေချာသိထား၏။ အကြောင်းမှာ သူ့ဆေးလုံးတာအို ဗဟုသုတ လိုအပ်ချက်ကြောင့် မဟုတ်ဘဲ သူ့အင်အား ကန့်သတ်ချက်ကြောင့် ဖြစ်ပေသည်။

ယခု သူက မဟာယီရှန်းအဆင့် ရောက်ရှိသွားပြီး သူ့မီးတောက်မှာလည်း အဆင့် ၇ ရောက်ရှိသွားပြီ ဖြစ်ရာ အဆင့် ၆ ဆေးလုံးများ ဖော်စပ်သည့် ကိစ္စကား သူ့အလိုလို ဖြစ်လာလိမ့်မည်။

မိုဝူကျီက ဆေးမီးဖိုကို သန့်ရှင်းလိုက်သော်လည်း အဆင့် ၇ ဆေးလုံးကို မဖော်စပ်ကြည့်သေးပေ။ သူ့တွင် အဆင့် ၇ ဆေးပင်များစွာ ရှိနေသေည်လည်း မဖြုန်းတီးပစ်လိုပေ။ အဆင့် ၇ ဆေးလုံးများကို စတင် မဖော်စပ်ခင် အဆင့် ၆ ဆေးလုံးများ ဖော်စပိရာ၌ အရှုံး အမြတ်အကြောင်း သုံးသပ်ကြည့်ချင်မိသေး၏။

အဆင့် ၇ အင်မော်တယ် ဆေးပင်များ၏ တန်ဖိုးမှာ အဆင့် ၆ ဆေးပင်များ လိုက်မမှီနိုင်ပေ။ သူ့အနေဖြင့် အဆင့် ၇ ဆေးပင်များ ရရှိလာခြင်းမှာ ကွေ့ဖုန်းယွင်အပေါ်မှ အမြတ်ထုတ်ခဲ့၍ ဖြစ်၏။ ကွေ့ဖုန်းယွင်၏ လျို့ဝှက်ချက်ကို မိုဝူကျီက သိရှိသွားပြီး  ဆေးပင်အားလုံးမှာ မိုဝူကျီ အိတ်ထဲ ရောက်ရှိလာခြင်း ဖြစ်၏။

မိုဝူကျီက သူ့တွင်ရှိနေသော အဆင့် ၇ ဆေးပင်များနှင့် ဆေးလုံး တာအို အဆင့်အရ  အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်လာဖို့ရန် ခက်ခဲမည် မဟုတ်ကြောင်း ယုံကြည်ထားသည်။

သူက အခြားသော အဆင့် ၆ ဆေးလုံးဘုရင်များမှာ အဆင့် ၇ ဆေးလုံး ဧကရာဇ်အဆင့် တက်လှမ်းရာဝယ် ဤမျှအထိ ဆေးပင်များ ပေါပေါများများ ရှိလိမ့်မည် မဟုတ်ကြောင်း သေချာသိနေသည်။  အခြားသော ဆေးလုံးဧကရာဇ်များက အချိန်များစွာ ကုန်ဆုံး၍ အတွေ့အကြုံများ ရှူဖွေကြစဥ်   မိုဝူကျီက အချိန်အစား ဆေးပင်မျာူကိုသာ အသုံးချလိုက်ခြင်း ဖြစ်ပေသည်။

သုံးရက်တာ ကုန်ဆုံးပြီးနောက် မိုဝူကျီက အဆင့် ၇ အင်မော်တယ် ဆေးပင်များကို ထုတ်ကာ သုံးဆုံလည် သွေးဆေးလုံးကို ဖော်စပ်ရန် ရည်ရွယ်ထား၏။ သုံးဆုံလည် သွေးဆေးလုံးမှာ အဆင့် ၇ ဆေးလုံးများအနက် ဖော်စပ်ရန် အခက်ခဲဆုံး မဟုတ်သလို အလွယ်ကူဆုံးလည်း မဟုတ်ပေ။ အခြားသော ဆေးလုံးဆရာများအတွက် ဤဆေးလုံးဖြင့် လေ့ကျင့်ရန် အနည်းငယ် ဈေးကြီးနေလောက်သော်လည်း မိုဝူကျီအတွက် လိုက်ဖက်ညီစွာ အသုံးတည့်လှသည်။

သုံးဆုံလည် သွေးဆေးလုံး၏ အဓိပါဝင်ပစ္စည်းမှာ ကြေကွဲသွေးကြိမ် ဖြစ်ပြီး ကျိုးသွားသည့်အခါ သွေးကဲ့သို့ အရည်များ ထွက်လာတတ်သော ကြိမ်အမျိုးအစား ဖြစ်ပေသည်။ အခြားသော အဆင့် ၇ ဆေးပင်များနှင့် ယှဥ်လျှင် ဈေးပိုကြီးပြီး  သုံးဆုံလည် သွေးဆေးလုံးကား  ကျင့်ကြံသူများ၏ သွေးအဆီအနှစ် ပြန်လည် အားဖြည့်ရာ၌ အသုံးပြုကြသည်။ မိုဝူကျီက ယွင်ရှန့်တောင်ကြား၌ ကြေကွဲသွေးကြိမ်များစွာ တွေ့လာသည့်အတွက် ထိုအရာဖြင့် လေ့ကျင့်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

အဆင့်မြင့် ဆေးလုံးများ ဖော်စပ်ရန် ခက်ခဲနေသည့် အကြောင်းအရင်းမှာ အင်မော်တယ် ဆေးဝါးဂုဏ်သတ္တိများနှင့် အင်မော်တယ် ဆေးပင်များ ထိန်းချုပ်မှု ခက်ခဲခြင်းတို့ကြောင့် ဖြစ်၏။  ဆေးပင်က အဆင့်မြင့်လာလေလေ အာနိသင်များကို ထိန်းချုပ်ရန် ခက်ခဲလာသောကြောင့် ကျရှုံးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

မိုဝူကျီ၏ မီးတောက်မှာ  အဆင့် ၇ အင်မော်တယ် မီးတောက် ဖြစ်နေသော်လည်း  သူ့ဆေးမီးဖိုကား အဆင့် ၆ မျှသာ ရှိနေသေးရာ ဆေးဖော်စပ်မှု၌ အခက်အခဲများစွာ တွေ့လာနိုင်ပေလိမ့်မည်။

အဆင့် ၇ ဆေးပင် တသုတ်စာကို  ဆေးမီးဖိုထဲ ထည့်လိုက်ပြီး ပညာရှင်နှလုံးသားဖြင့်  မိုဝူကျီက ဆေးအဆီအနှစ်များကို ကျွမ်းကျင်စွာ သန့်စင်လိုက်သည်။

အခြားသော ကိစ္စများအတွက် မိုဝူကျီက မပြောရဲသော်လည်း အင်မော်တယ် ဆေးပင်များ သန့်စင်ရာ၌ သူ့ထက် မည်သူကမျှ ပိုသာနေမည် မဟုတ်ချေ။

လေးနာရီအတွင်း  အင်မော်တယ်  ဆေးပင်အားလုံးကို အပြည့်အဝ သန့်စင်ပြီးခဲ့၏။

မိုဝူကျီက စိတ်သက်သာရာ သက်ပြင်းချလိုက်ပြီး အဆီအနှစ်များကို စတင် ပေါင်းစပ်တော့သည်။ မိုဝူကျီက ဤအဆင့်ကို ခက်ခဲသည်ဟု မထင်မိပေ။ သူက ဆေးဖော်စပ်ခြင်း၌ များစွာ ကျရှုံးခဲ့သော်လည်း ဤအဆင့်၌ ပြဿနာမရှိဖူးပေ။

သို့သော်လည်း အမွေးတိုင်ဝက်စာကြာပြီးနောက် ဆေးမီးဖိုမှ ဘုန်းခနဲ အသံထွက်ပေါ်လာကာ အင်မော်တယ်ဆေး အဆီအနှစ်များက ပေါက်ကွဲထွက်ကုန်သည်။

အကယ်၍ မိုဝူကျီသာ အင်မော်တယ် ရုပ်ခန္ဓာ အဆင့် မရောက်ရှိနေလျှင် ဒဏ်ရာရရှိသွားနိုင်၏။

မိုဝူကျီက အသက်ပြင်းပြင်း ရှုလိုက်ပြီး အဆင့် ၇ ဆေးလုံး ပထမဆုံးအကြိမ် ဖော်စပ်ရန် ကြိုးစားမှု ကျရှုံးသွားသည်ကို မအံ့ဩမိပေ။ ထို့အစား ဤပေါင်းစပ်ခြင်ူအဆင့်၌  ကျရှုံးသွားရသည်ကို အံ့ဩမိနေ၏။

ဆေးမီးဖိုကို သန့်ရှင်းပြီးနောက် မိုဝူကျီက သုံးဆုံလည် သွေးဆေးလုံးကို ဒုတိယအကြိမ် ဖော်စပ်ဖို့ ကြိုးစားလိုက်သည်။ ပထမတစ်ကြိမ်ကဲ့သို့ ဆေးရည်က လေးနာရီအကြာ၌ ပေါက်ကွဲထွက်သွားသည်။

သုံးကြိမ်မြောက်... လေးကြိမ်မြောက်...

သုံးဆုံလည် သွေးဆေးလုံး ကိုးကြိမ် ကြိုးစားကြည့်ပြီးနောက် မိုဝူကျီက ရပ်တန့်လိုက်တော့သည်။ ထိုအရာက အတွေ့အကြုံကြောင့် မဟုတ်ဘဲ ပေါင်းစပ်အဆင့်တွင် ကျရှုံးနေခြင်း ဖြစ်၏။ နှစ်ခေါက်သာ ပေါင်းစပ်ခြင်းအဆင့်ကို ဖြတ်သန်းပြီး အချိန်တိုအတွင်း ပေါက်ကွဲသွားကြခြင်း ဖြစ်ပေသည်။

လဝက်တာ စဉ်းစားအဖြေထုတ်ခဲ့သော်လည်း  မိုဝူကျီက အကြောင်းအရင်းကို ရှာမတွေ့သေးပေ။ သူက နည်းစနစ် သို့မဟုတ် အတွေ့အကြုံများ၌ ပြဿနာမရှိကြောင်း  ခံစားမိသော်လည်း  အဆင့် ၅ ဆေးလုံးဘုရင်အဆင့် ကျော်ဖြတ်စဉ် ကြုံတွေ့ခဲ့ရသည့် တူညီသော ပြဿနာမျိုး ပြန်လည်ကြုံတွေ့နေရသည်။ ပြဿနာကား အဆင့် ၇ ဆေးလုံး ဧကရာဇ်အဆင့် ရှိသင့်သည့် ကျင့်ကြံဆင့် မဟုတ်သောကြောင့် ဖြစ်၏။

သို့သော်လည်း  ခြားနားချက်မှာ  သူ့ကျင့်ကြံဆင့်က အလွန်နိမ့်ကျနေလျှင်ပင် တတ်နိုင်သမျှမြန်မြန် အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်လာရမည်။ အကယ်၍ သူ့ကျင့်ကြံဆင့်ကို အင်မော်တယ်ဘုရင်အဆင့်ထိ ရောက်အောင် စောင့်ဆိုင်းနေပါက အရမ်းကြာမြင့်သွားလိမ့်မည်။

မိုဝူကျီက နောက်ထပ် အဆင့် ၇ ဆေးလုံး ဖော်စပ်တော့မည့်ဆဲဆဲတွင် ဟန်လုံက လွန်းပျံယာဉ်မှာ ပိတ်ဆို့ခံထားရကြောင်း အကြောင်းကြားလာသည်။

မိုဝူကျီ၏ စိတ်စွမ်းအားက ချက်ချင်း  ထွက်ပေါ်လာပြီး  စစ်ဆေးကြည့်လိုက်သည့်အခါ  သူ့လွန်းပျံယာဉ်ကို ပိတ်ကာထားသူမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ဖြစ်နေသည်။ မိုဝူကျီက  သူ့ဆေးမီးဖိုကို သိမ်းဆည်းထားပြီး  လွန်းပျံယာဉ်၏ ကုန်းပတ်ပေါ်သို့ တစ်လှမ်းတည်းဖြင့် ရောက်ရှိလာသည်။

“ ဒါက ဝူပန် ဇနီးမောင်နှံလေ …. ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး ထင်တယ် ” မိုဝူကျီ ထွက်လာသည်နှင့် ဟန်လုံက တီးတိုးပြောလိုက်သည်။

“ဝူပန် ဇနီးမောင်နှံလား  ” မိုဝူကျီက ထိုသို့မျိုး တစ်ခါမှ မကြားဖူး၍ နားမလည်စွာ မေးလိုက်သည်။ မိုဝူကျီ၏ လွန်းပျံယာဉ်ရှေ့တွင် ရပ်နေကြသော အမျိုးသားနှင့် အမျိုးသမီးတို့မှာ  အရမ်းအသက်မကြီးသေးရာ အမျိုးသား၏ ရုပ်ရည်မှာ  မျက်နှာမည်း သာမာန်သာ ဖြစ်၏။ မိုဝူကျီက  ထိုအရာမှာ သူ့ကျင့်စဉ်ကြောင့်လေလား သို့မဟုတ် တခြားသော အကြောင်းအရင်းကြောင့်လေလား မသိပေ။

အမျိုးသမီးက နူးညံ့သိမ်မွေ့ကာ ဟန်လုံထက်ပင် အနည်းငယ် ပိုကြည့်ကောင်း၏။  သူမ အသားအရည်မှာ အမျိုးသားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပြီး ဖြူဆွတ်နေသည်။ သူမ လက်များမှာ  ကြော့ရှင်းနေပြီး  ပြီးပြည့်စုံသည်ဟုပင် ယူဆ၍ ရပေသည်။ သူမ သွင်ပြင်အရ  မိုဝူကျီက  ထိုအမျိုးသမီးမှာ  ဉာဏ်ကောင်းသော အမျိူးသမီး ဖြစ်လိမ့်မည်မှန်း ယုံကြည်မိသည်။

ထိုလူနှစ်ယောက်က သူ့လွန်းပျံယာဉ်ကို တားဆီးထားသည့်အပြင်  ဟန်လုံ၏ ပြောပြချက်အရ မိုဝူကျီက  သူ မြင်သမျှအရာများကား အပေါ်ယံသာမာန်ကာလျှံကာမျှ ဖြစ်ကြောင်း သိ၏။

“ ဪ ….  ပါးမွှားလေးပါ့ပဲလား  ” မျက်နှာမည်း အမျိုးသားက မိုဝူကျီ ထွက်ပေါ်လာမှုကို သတိပြုမိပြီး သူ့လေသံ၌ အထင်သေးမှုများ ပြည့်နေသည်။

မိုတူကျိက ဘာမှမပြောဘဲ  ထိုလူနှစ်ယောက်မှာ  မဟာလော့ရှန်းအဆင့် ဖြစ်ကြောင်း သတိပြုမိလိုက်ပေသည်။ အမျိုးသားမှာ နောက်ပိုင်း မဟာလော့ရှန်းအဆင့် ဖြစ်ပြီး အမျိုးသမီးမှာ မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့် ဖြစ်ပေ၏။

ဟန်လုံက မိုဝူကျီထံ စိတ်ဖြင့် ဆက်သွယ်ကာ  သတင်းစကား ထပ်မံပို့လိုက်သည်

“  အဲဒီဝူပန် ဇနီးမောင်နှံက ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ ထွက်ပြေးလာကြတဲ့ စုံတွဲပေါ့။ နောက်ကျ မဟာကင်းမဲ့ပင်လယ်နယ်ပယ်ထဲ ထွက်ပြေးသွားကြတာ  …. အမျိုးသားက ခွမ်းပန်ဟို့  အမျိုးသမီးနာမည်က  ကုံဝူယု ….

အဲဒီနှစ်ယောက်က  မဟာကင်းမဲ့ပယ်လယ်နယ်ပယ်ထဲ နေပြီးတော့  တခြားသူတွေကို သတ်ပြီးတော့  ရှင်သန်နေကြတာ။  ပြီးတော့ သူတို့က အန္တရာယ်ခံစားနိုင်ပြီးတော့  လွတ်မြောက်ဖို့ ထူးခြားတဲ့ ကျင့်စဉ်လည်း  ရှိတယ်။ အခြားသူတွေက မဟာကင်းမဲ့ပင်လယ်နယ်ပယ်ထဲမှာ ဆယ်နှစ်လောက် အသက်ရှင်နိုင်ရန် ကံကောင်းပြီ ယူဆထားကြပေမဲ့  ဒီစုံတွဲက ဒီရောက်နေတာ နှစ်ရာချီနေပြီ။

သူတို့ကျင့်ကြံဆင့်က မဟာကျီရှန်းအဆင့်ကနေ မဟာလော့ရှန်းအဆင့် ရောက်လာပြီဆိုတာ့ ဆက်တိုက်  အားကောင်းလာနေကြတာပဲ …..

သူတို့နှစ်ယောက်က ကျင့်ကြံဆင့်တူထဲမှာတောင် အားပိုကောင်းကြတယ် … ပြီးတော့  လျော့ပေးတာမျိုးလည်း မရှိဘူး။ အခုအချိန်အထိ  သူတို့လိုက်ဖမ်းတာကနေ လွတ်တာ လူဆယ်ယောက်တောင် မရှိသေးဘူး ။ သူတို့က ရက်စက်တယ်၊ ညှာတာမှု မရှိဘူး  ….  သူတို့လုပ်နေတဲ့ အရာကနေ နာမည်ပြောင် ဝူပန် ဇနီးမောင်နှံဆိုပြီး ရလာတာပဲ  ….. သူတို့နာမည်  “ဝု” နဲ့ “ ပန်” ပါတယ်လေ။  ပိုပြီး ကြောက်စရာ ကောင်းတာက  သူတို့ရဲ့ ပျံသန်းရေး ယာဉ်ပျံက အဆင့် ၇ ဆိုတော့  ကျမတို့ လွန်းပျံယာဉ်နဲ့ ထွက်ပြေးရင်တောင် ခက်လိမ့်မယ် ”

ဟန်လုံက မိုဝူကျီကို ပြောပြနေစဉ် သူမက ဤတိုက်ပွဲ၌ အသက်ကို ရင်းရန် ဆုံးဖြတ်ထားပြီးသွားလေပြီ။ မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ  သူတို့ထက် နိမ့်ကျပြီး  သူမက မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သော်ငြား ထိုဇနီးမောင်နှံ၏ တိုက်ခိုက်အားလောက် သေချာပေါက် အားကောင်းမည် မဟုတ်ပေ။

“ အစ်ကိုပန် … သူတို့ကို သတ်မသေခိုင်းခင် အရင်ဆုံး ပစ္စည်းတွေ တောင်းရအောင်လေ။ အဲဒါမှ သူတို့ကို ခန္ဓာကိုယ်  ပြည့်ပြည့်စုံစုံ သေခွင့် ပြုလို့ ရမှာပေါ့ ” ကုံဝူယုက ပြောလိုက်သည်။

သူမ လေသံမှာ သနားသော လေသံလေးနှင့့််  နူးညံ့သိမ်မွေ့နေရာ တစ်ဖက်လူက သူမ၏ ကြင်နာမှုအတွက် ရှိခိုးချင်စိတ် ပေါက်သွားနိုင်လောက်၏။

မိုဝူကျီက  လက်ကို ဆန့်ထုတ်လိုက်သည်နှင့် ခဲနက်ရောင် ဓားမော့တစ်ချောင်းက သူ့လက်ထဲ ရောက်ရှိလာသည်။ ထို့နောက် ဟန်လုံဘက် လှည့်ကာ

“ ကျုပ်တို့တွေ သူတို့ကို ရှောင်လို့ မရမှတော့ တိုက်ကြတာပေါ့ ။ တစ်ယောက်ချင်းစီ ဝင်တိုက်ကြမယ် …. ကျုပ်က  ကုံဝူယုကို တာဝန်ယူမယ် …. ခင်ဗျားက ခွမ်းပန်ဟို့ကို တိုက်လိုက် ….  အနိုင်ရဖို့ စိုးရိမ်မနေနဲ့ … ခင်ဗျားလုပ်ရမှာက သူ့ကို ထိန်းထားရုံလောက်ပဲ  ”

ဟန်လုံ’ ကျင့်ကြံဆင့်မှာ  ကုံဝူယုနှင့် အတူတူ ဖြစ်ရာ  ခွမ်းပန်ဟို့ထက် ပိုမြင့်ပေသည်။ ဟန်လုံက ခွမ်းပန်ဟို့ထက် အဆင့်မြင့်နေသော်လည်း  မိုဝူကျီက သူမမှာ  ခွမ်းပန်ဟို့နှင့် မယှဉ်နိုင်ကြောင်း ကောင်းကောင်း သဘောပေါက်၏။ ကုံဝူယုအတွက်  သူမက ကြောက်စရာ ကောင်းပေသည်။ မိုဝူကျီက ဟန်လုံ၏ တိုက်ခိုက်စွမ်းကို သေချာမသိသော်လည်း  သူ့ခန့်မှန်းချက်အရ သူမအနေဖြင့် ခွမ်းပန်ဟို့ကို အနိုင်ရရန် အခွင့်အရေး မရှိကြောင်း ယုံကြည်နေ၏။

ထို့ကြောင့် သူက ထိုအမျိုးသမီးနှင့် အရင်ဦးစွာ ရင်ဆိုင်ရမည်။

“ အမ် ..” ဟန်လုံက မိုဝူကျီ စကားများ ကြားသောအခါ “ အမ်” ဟုသာ မရေရွတ်နိုင်လိုက်ခင် မိုဝူကျီ၏ ဓားမော့က  ကုံဝူယုဆီ ရောက်ရှိနေပြီ ဖြစ်၏။

ကုံဝူလုက ရောက်ရှိလာသော  မိုဝူကျီကို  ကြောင်အမ်းကြည့်နေပြီး  ဓားမော့အလင်းမှ ဓားမော့အလင်းဆယ်ချီ ထွက်ပေါ်လာသည်ကို စောင့်ဆိုင်းနေရင်း ခွမ်းပန်ဟို့ဘက် လှည့်ကာ  “ အစ်ကိုပန် … ကျမ နောက်ဆုံးတော့  အကြောက်တရားမရှိ တုံးအနေတဲ့ အဓိပ္ပါယ်ကို သိသွားပြီ ”

မိုဝူကျီ တိုက်ခိုက်မှုကို သူမက မမြင်သည့်အလား ပြုမူနေသည်။

“ ဟားဟား ” ခွမ်းပန်ဟို့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး  “ ငါ့အကြိုက်ဆုံး အပိုင်းလေး စားဖို့ မေ့မနေနဲ့ဦးနော်  ပြီးတော့  ဝိညာဉ်စွမ်းအားတွေလည်း အများကြီး ထွက်မသွားစေနဲ့ ”

ကုံဝူယုက ရယ်မောကာ  မိုဝူကျီ၏ ဓားမော့အလင်းများကြား အေးအေးလူလူ လမ်းလျှောက်လာရန် ခြေတစ်လှမ်း ရွေ့လိုက်သည့်အခါ သူမ အမူအယာများက ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့သည်။

***

All Chapters