← Chapters

လွန်ချိုက် … ထွက်သွားစမ်း

Vol. 44 Ch. 610

လွန်ချိုက် … ထွက်သွားစမ်း

Vol. 44 Ch. 610

မိုဝူကျီက  စိတ်စွမ်းအားသုံး၍  မဟာကင်းမဲ့ပင်လယ်နယ်ပယ် မြေပုံကို ဦးနှောက်ထဲ စွဲမြဲနေရန် မှတ်သားထားလိုက်သည်။ မိုဝူကျီက ထိုအမျိုးသမီး၏ တည်နေရာပြ သလင်းကျောက်ကို ကြည့်ပြီး အံ့အားသင့်မိ၏။

သလင်းကျောက်ကို သိမ်းဆည်းပြီးနောက် မိုဝူကျီက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းကာ ပြောလိုက်သည်  “ထွက်သွားကြစမ်း  … နောင် ကျုပ်နဲ့ ထပ်မတွေ့စေနဲ့ …  ”

သူမက ဘေးပတ်လည် လေထု ပြေလျော့သွားသည်ကို ခံစားမိသည်နှင့် ကုံဝူယုက ချက်ချင်း ထွက်ပြေးလိုက်သည်။

ခွမ်းပန်ဟို့လည်း သူ့ဇနီးဖြစ်သူ ဘေးကင်းသည့်နေရာ ရောက်သွားမှန်း သေချာသည့်အခါမှ သက်ပြင်းချကာ မိုဝူကျီအား ပြန်ပြောလိုက်သည်  “  မင်းကိုလည်း အတူတူ ပြောလိုက်မယ် …. နောင် ကျုပ်နဲ့ ထပ်မတွေ့စေနဲ့  ”

မကြာခင် ခွမ်းပန်ဟို့က သူ့ဇနီးဖြစ်သူနောက်မှ လိုက်ကာ  မဟာကင်းမဲ့ပင်လယ်နယ်ပယ် အနက်ပိုင်းထဲ ဝင်သွားတော့သည်။

ဟန်လုံက  အသက်ဝဝရှုလိုက်ပြီး  မိုဝူကျီအား  လေးစားစွာ ကြည့်လိုက်သည်။ သူမ မိုဝူကျီနှင့် ခရီးထွက်လာစဉ်  သူမအနေဖြင့်  မိုဝူကျီသည် သူမထက် အားနည်းကြောင်း ခံစားခဲ့ရပြီး  သူမ သတင်းများအရ မိုဝူကျီမှာ ရွမ်ရှန်းအဆင့်မျှ ဖြစ်ပေသည်။

ယခု  သူမက  မိုဝူကျီမှာ ရွမ်ရှန်းအဆင့် မဟုတ်တော့ဘဲ မဟာယီရှန်းအဆင့် ရောက်နေမှန်း သိလိုက်ရသည်။ သူ့အင်အားမှာ မဟာလော့ရှန်းအဆင့်ထက် အားမနည်းပေ။ ထိုသို့ဆိုလျှင်ပင်  မဟာလော့ရှန်းအဆင့် ကျင့်ကြံသူတိုင်းက  ကုံဝူယုအား ထိန်းချုပ်ထားနိုင်သည်တော့  မဟုတ်ချေ။ အနည်းဆုံးတော့  ဟန်လုံကိုယ်တိုင်ပင် မလုပ်နိုင်သေးချေ။

“ ကျုပ် ပဲ့ထိန်းပေးပါ့မယ် …. ခင်ဗျားပြောတဲ့နေရာကို သွားကြစို့  ” ကုံဝူယုဆီမှ တည်နေရာပြ သလင်းကျောက်ကို ရရှိပြီးနောက်  မိုဝူကျီက အတော်လေး ကျေနပ်နေမိသည်။ သူက အဆင့် ၇ အင်မော်တယ်ဆေးလုံး မဖော်စပ်နိုင်သေးသော်လည်း  အတင်းကျပ်တော့ မလုပ်ပေ။

ဤတည်နေရာပြ သလင်းကျောက် ရှိနေပြီ ဖြစ်ရာ  အကယ်၍ သူ အအနိုင်မယူနိုင်လျှင် သို့မဟုတ် သွားစရာ မရှိတော့လျှင် အင်မော်တယ်လောကမှ ထွက်သွားကြည့်ရမည်။ သူ့တစ်ခုတည်းသော အာရုံစိုက်မှုမှာ  ချိန်စုယင်သာ ဖြစ်၏။

 ချိန်စုယင် အခု ဘာများ လုပ်နေမလဲ  …..

“ တာအိုရောင်းရင်းဟန် …. စန္ဒာဖွေရှာ တောင်က ဖျက်စီးခံလိုက်ရပြီဆိုတော့ လင်းဂူရဲ့တည်နေရာများ သိထားလား ။ သူမရဲ့ အမေကို ကုပေးဖို့ ဖိတ်ကြားထားတာ  ”  ချိန်စုယင်ကို တွေးမိသည်နှင့် မိုဝူကျီက မနေနိုင်ဘဲ မေးလိုက်သည်။

ဟန်လုံက မိုဝူကျီသည် လင်းဂူနှင့် မိတ်ဆွေ ဖြစ်ကြောင်း သိထားရာ သူတိုနှစ်ယောက်ကြား  တစ်ခုခု ရှိနေမည်ဆိုလျှင်ပင် အံ့ဩမိမည် မဟုတ်ပေ။ ထို့ကြောင့် မိုဝူကျီက  လင်းဂူအကြောင်း မေးသည်ကို ကြားလိုက်သည့်အခါ သိပ်မအံ့ဩမိပေ

“ လင်းဂူကိုတော့ မသိပေမဲ့  လင်းဂူရဲ့ အမေ ရှီဂူလန်က ဒဏ်ရာ အပြင်းအထန် ရသွားပေမဲ့  နတ်ဆိုးစန္ဒာအင်မော်တယ် ကျောင်းတော်ရဲ့ အကြီးအကဲဂူရဲ့ အကူအညီနဲ့ လွတ်မြောက်သွားတယ်တဲ့ …. ”

ရှီဂူလန် ထွက်ပြေးလွတ်မြောက်သွားသည်ကို ကြားပြီး သူ့စိတ်ထဲ အနည်းငယ် ပေါ့ပါးသွား၏။

လင်းဂူမှာ  ရှီဂူလန်၏ သမီး ဖြစ်သောကြောင့် သူမသာ အသက်ရှင်ရက်  ထွက်ပြေးလွတ်မြောက်သွားပါက လျစ်လျူရှုထားမည် မဟုတ်ပေ။

***

ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ မြောက်များစွာသော ကျင့်ကြံသူများကို လက်ခံနေရပြီး အများစုက မိုဝူကျီ၏ တည်နေရာ အကြောင်း မေးမြန်းနေကြ၏။ မိုဝူကျီအား လာရှာကြသော အင်မော်တယ် ဧကရာဇ် နှစ်ယောက်လည်း ပါရှိ၏။

သို့သော်လည်း ယခု မိုဝူကျီက ငြိမ်းချမ်းရေး ကျွန်းဆွယ်တွင် ရှိမနေသောကြောင့် ထိုအင်မော်တယ် ဧကရာဇ်များလည်း ဘာမှ မလုပ်နိုင်ကြပေ။

ယနေ့ အင်မတန် ထူးခြားသော လူတစ်ယောက် ငြိမ်းချမ်းရေး ကျွန်းဆွယ်သို့ ရောက်ရှိလာသည်။ သူက အမည်းနဲ့အဖြူ အင်မော်တယ် ဝတ်ရုံကို ဝတ်ဆင်ထားသော ပိန်ပါးပါး အမျိုးသားတစ်ဦး ဖြစ်၏။

ထိုအမျိုးသားက အရပ်ရှည်နေပြီးသား  ဖြစ်သော်လည်း သူ့ဦးခေါင်းအထက်၌ သရဖူတစ်ခု  ရှိနေသည်။ အဝေးမှ ကြည့်လျှင်ပင် အင်မတန် ထူးချွန်ထက်မြက်ဟန် ပေါ်နေ၏။ အာရုံအဖမ်းစားနိုင်ဆုံး အပိုင်းမှာ သူ့ကျဉ်းရှည်ရှည် တြိဂံသဏ္ဏာန် မျက်လုံးများ ဖြစ်၏။ ထိုမျက်လုံးများကို အဝေးမှ ကြည့်လျှင်ပင် သတိမထားမိဘဲ မနေနိုင်ချေ။

မည်သူပင် ဖြစ်စေကာမူ ထိုအမျိုးသားကို မြင်သည့်သူတိုင်း လေးလေးစားစား ဦးညွှတ်သွားကြသည်။ ထိုအမျိုးသားက သူ့အား ဦးညွှတ်နှုတ်ဆက်ကြသူများကို ပြန်၍ အဖတ်မလုပ်သော်လည်း မည်သူမှ ဘာမှမလုပ်ရဲကြပေ။

အားလုံးက ထိုလူမှာ အနှောင်အဖွဲ့ကင်းနန်းတော်မှ မဟာဧကရာဇ် လွန်ချိုက် ဖြစ်ကြောင်း သိကြသည်။ အကယ်၍ အင်မော်တယ်လောက၌ အထူးခြားဆုံး ဧကရာဇ် ဆယ်ယောက် ရွေးချယ်လျှင် လွန်ချိုက်လည်း အပါအဝင် ဖြစ်လိမ့်မည်။ အကယ်၍ ထိပ်ဆုံးငါးယောက်ကို ရွေးချယ်လျှင်ပင် လွန်ချိုက်က ပါဝင်နေဦးမည် ဖြစ်၏။

ထိုအမျိုးသား၏ ကျင့်ကြံဆင့်မှာ အင်မတန် မြင့်မားကာ စိတ်အခြေအနေအတိုင်း လုပ်လေ့ ရှိ၏။ သူ ဒေါသထွက်ပါက သူ့ဒေါသအကျိုးဆက်အားဖြင့် အပြစ်မဲ့လူများစွာ သေဆုံးနိုင်ပေ၏။

သူက နှုတ်ဆက်သည်ကို လျစ်လျူရှုထားသော်လည်း  သူ့ကို နှုတ်မဆက်မိပါက ဒေါသထွက်သွားနိုင်ပြီး လက်ဖဝါးတချက်တည်းဖြင့် ရိုက်သတ်ပစ်လိမ့်မည်။

ထို့အပြင် မည်သူကမှ အနှောင်အဖွဲ့ကင်းနန်းတော်ကို မစော်ကားရဲကြပေ။ သူကသာ တခြားသူများကို စော်ကားရန်စနိုင်ပြီး တခြားသူများက ထိုသို့လုပ်၍ မဖြစ်ပေ။ တခြားစကားဖြင့်ဆိုရလျှင် သူ့အား ရန်စမိသူများမှာ လောကတွင် မရှိကြတော့ပေ။

ဧကရာဇ် လွန်ချိုက်က  မောက်မာကာ အထက်စီးဆန်သော်လည်း ငြိမ်းချမ်းရေး ကျွန်းဆွယ်နယ်နမိတ်ထဲ ရောက်ရှိနေကြောင်း မသိရလောက်အောင်အထိ တုံးအမနေပေ။ ထို့ကြောင့် ငြိမ်းချမ်းရေး ကျွန်းဆွယ်ထဲ ဝင်လာပြီးနောက် အင်မော်တယ်ကျောက် တစ်သိန်း အရင်ဦးစွာ ထုတ်ပေးလိုက်ခြင်း ဖြစ်၏။ ငြိမ်းချမ်းရေး ကျွန်းဆွယ်၌ အင်မော်ဘုရင်နှင့် အထက်အဆင့်များမှာ အင်မော်တယ်ကျောက် တစ်သိန်း ပေးသွင်းရ၏။

အင်မော်တယ်ကျောက် ပေးချေတိုင်း စည်းကမ်းလိုက်နာသူ ဟု မဆိုလိုပေ။ သူက ငြိမ်းချမ်းရေး ကျွန်းဆွယ်ပေါ် ခြေချပြီးသည်နှင့်  သူ့အင်မော်တယ် စွမ်းအားများ ထွက်ပေါ်လာကာ အော်ပြောလိုက်သည်

" မိုဝူကျီရဲ့ နေရာကို ပြောပြနိုင်သူကို  ဆုကောင်းကောင်း ချီးမြင့်မယ် .... ဒါပေမဲ့ နေရာကို သိပြီး မပြောဘဲ နေတာကို ကျုပ် သိသွားရင်တော့ အဲဒီလူ ဒုတိယမြောက် အသက် ဆိုတာ ရှိလာမှာ မဟုတ်ဘူး...."

"ဟမ် " မဟာဧကရာဇ် လွန်ချိုက် စကားအဆုံးတွင် ငေါ့တော့တော့လေသံကို ကြားလိုက်ရပေ၏။ " လွန်ချိုက်....  ဒါက ခင်ဗျားရဲ့ အနှောင်အဖွဲ့ကင်းနန်းတော် မဟုတ်ဘူး .... ဒီမှာလာပြီး မောက်မာပြမနေနဲ့ ထွက်သွားစမ်း.... "

ထွက်သွားစမ်းတဲ့လား......

လွန်ချိုက်က သူ့အနေဖြင့် တစ်ယောက်ယောက်က ထွက်သွားခိုင်းသည်ကို ကြားရသည်မှာ အတော်ကြာမြင့်နေလေပြီ။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာရာ  သူ့အား နှုတ်ဆက်ခဲ့သော အားနည်းသည့် ကျင့်ကြံသူတချို့က နေရာမှာတင် သေဆုံးကုန်ကြ၏။

ကျန်ရှိနေသော ကျင့်ကြံသူများက သူ့အနားမှ ပြေးလွှားကုန်ကာ မဟာဧကရာဇ် လွန်ချိုက်၏ ဒေါသကို မည်သူမှ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ အကယ်၍ ထိုလူသာ သူ့စွမ်းအားစက်ကွင်းကို ထုတ်ပါက သူ့စက်ကွင်းအတွင်း ပိတ်မိသွားသော အားလုံးမှာ သေချာပေါက် ရှင်းထုတ်ခံရလိမ့်မည်။

"ကျော့ဖျင်အန်း.... ငါတို့တွေ ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ ရှိတာနဲ့ ငါ လွန်ချိုက်က ဘာမှ မလုပ်ရဲဘူး ထင်နေလား...  "

လွန်ချိုက်၏ သတ်ဖြတ်ငွေ့များက ထွက်ပေါ်လာပြီး  ထိုစွမ်းအားက အနီးအနားမှ ဆိုင်ခန်းများကို ဆက်တိုက် ဖျက်စီးသွား၏။

ပြင်းထန်သော သတ်ဖြတ်ငွေ့များအောက်၌ အပြစ်မဲ့သော  ကျင့်ကြံသူ ဆယ်ဂဏန်းလောက်က အသက်ပေးသွားကြရသည်။

ထိုသတ်ဖြတ်ငွေ့များကို ငြိမ်းချမ်းရေး ကျွန်းဆွယ် အနက်ပိုင်းမှ ထွက်ပေါ်လာသော တူညီသည့်  ကြောက်မက်ဖွယ် စွမ်းအားများက တားဆီးထားသည်။ ထို့နောက် လွန်ချိုက်ရှေ့ သာမာန် ယပ်တောင်တစ်ချောင်း ဝေ့ယမ်းနေလေ၏။

လွန်ချိုက်၏ အင်မော်တယ် ဧကရာဇ် စွမ်းအားစက်ကွင်းကို ထိုယပ်တောင်က တစစီ ဖျက်စီးပစ်နေပြီး ဖြူဖျော့ဖျော့ ပညာရှင် တစ်ဦးက ထွက်ပေါ်လာသည်။ သူ့ဘေးပတ်လည်တွင် သတ်ဖြတ်ငွေ့များ မရှိသော်လည်း  လွန်ချိုက်၏ စွမ်းအားများ သူ့ဆီ ချည်းကပ်လာသည့်အခါ ဖယ်ရှားလိုက်နိုင်၏။ ထိုဖြူဖျော့ဖျော့ ပညာရှင် အမျိုးသားမှာ ငြိမ်းချမ်းရေး ကျွန်းဆွယ်၏ အရှင်သခင် ကျော့ဖျင်အန်း ဖြစ်ပေသည်။

ငြိမ်းချမ်းရေး ကျွန်းဆွယ်ရှိ ကျင့်ကြံသူတိုင်း၏ ဦးခေါင်းထဲ၌  နေရာတစ်ခုလုံး ပြိုကျတော့မည့်အလား အချက်​ပေးသံများ ဆူညံပွက်လောရိုက်သွားလေ၏။

လွန်ချိုက်က ယခင်ကထက် ပို၍ ကြီးကျယ်ဟန်ပေါ်ကာ လက်မောင်းတစ်လုံးစာ တုတ်သည့် ဆယ်ပေရှိ အနီရောင် တုတ်ကို ကိုင်ဆွဲလိုက်၏။

ကျော့ဖျင်အန်းက လေးနက်သည့်ဟန် ပေါက်လာကာ ထိုတုတ်ချောင်းမှာ သာမာန်တုတ် မဟုတ်ဘဲ လွန်ချိုက်၏ အနှစ်သက်ဆုံး မှော် ရတနာ ခြစ်ခြစ်တောက် တုတ်လုံး ဖြစ်ပေသည်။

အကယ်၍ လွန်ချိုက်ကို ဤတုတ်လုံး အသုံးပြုခွင့် ပေးခဲ့လျှင် လွန်ချိုက်အား ငြိမ်းချမ်းရေး ကျွန်းဆွယ်မှ နောက်ဆုတ်သွားအောင် လုပ်နိုင်သည်ဆိုလျှင်ပင် ဘာမှ မထူးတော့ပေ။ ထို့ကြောင့် လွန်ချိုက်က သူ့တုတ်လုံးအား အသုံးမပြုခင် ကျော့ဖျင်အန်းက ယပ်တောင်ကို ဖွင့်လိုက်သည်။ အသက်မဲ့ မီးခိုးရောင်သမ်းနေသည့် ကမ္ဘာငယ်လေးက သူတို့နှစ်ယောက်ကို လွှမ်းခြုံသွားကာ အင်မော်တယ်လောကမှ ထိုကမ္ဘာထဲ ခေါ်သွားတော့သည်။

လွန်ချိုက်က အေးစက်စွာ ရယ်မောလိုက်ရင်း  သူ့ခြစ်ခြစ်တောက် တုတ်လုံးဖြင့် ကျော့ဖျင်အန်း၏ မီးခိုးရောင် ကမ္ဘာအား ဖျက်စီးပစ်ရန် ကြိုးပမ်းလိုက်သည်။ ကျော့ဖျင်အန်းက ထိုသို့အဖြစ်မခံဘဲ တိုင်လုံးမှ မီးတောက် ပေါက်ကွဲမှုကို ကာကွယ်ရန် သူ့မီးခိုးရောင် ကမ္ဘာလေးနှင့် တုတ်လုံးကို ရစ်ပတ်ထားလိုက်၏။ လက်ရှိ မီးခိုးရောင်အချို့က  လွန်ချိုက်၏ စွမ်းအားစက်ကွင်းထဲ ထိုးဖောက်ဝင်ရောက်သွားပြီး လွန်ချိုက်၏ ရင်ဘတ်နှင့် ထိက်တိုက် တွေ့သွားသည်။

သူ့စွမ်းအားစက်ကွင်းကို ချေဖျက်ခံလိုက်ရသောကြောင့် လွန်ချိုက် မျက်နှာက ဖြူဖျော့လာကာ သွေးတစ်ပွက်အန်ထုတ်လိုက်ရ၏။ ထို့နောက် လွန်ချိုက်က ပြန်လည်တိုက်ခိုက်ဖို့ မပြင်ဘဲ နောက်ဆုတ်သွားတော့သည်။ အသက်တစ်ရှိုက်စာဝက်လောက်ကြာချိန်၌ ငြိမ်းချမ်းရေး ကျွန်းဆွယ်နှင့် မိုင် အတော်ကွာဝေးသော နေရာ၌ ပေါ်လာခဲ့သည်။

"ကျော့ဖျင်အန်း  ဒီနေ့ကို ငါကောင်းကောင်း မှတ်ထားမယ် .... " လွန်ချိုက်၏ အေးစက်စက်လေသံမှာ အနောက်ပိုင်းကျုံး ပင်လယ်ကနေပင် ကြားနိုင်လေ၏။

ကျော့ဖျင်အန်းက လွန်ချိုက်ကို စိတ်ထဲ မထားတော့ဘဲ သူ့နောက်မှ လိုက်မည့်အစား  ပြန်လာလိုက်သည်။ ထိပ်တိုက် ရင်ဆိုင်တွေ့စဥ်အခါက  သွေးတချို့ကို အတင်းမျိုချထားရ၏။ သူက တိုက်ပွဲ အနိုင်ရသူပုံ ပေါ်နေသော်လည်း အမှန်တရားမှာ သူ့အနေဖြင့် အရေးမသာခဲ့ပေ။

သူက လွန်ချိုက်နောက်ကို မလိုက်သည်မှာ လွန်ချိုက်လည်း သူ့နောက်ကို လိုက်လာမည် မဟုတ်ကြောင်း သိနေ၍ ဖြစ်သည်။ သူ့ငြိမ်းချမ်းရေး ကျွန်းဆွယ်ရှိ လူများကို သတ်ရဲသူ ၊ အဆောက်အဦးများ ဖျက်စီးပစ်ရဲသူကို  အလွတ်ပေးမည် မဟုတ်သော်လည်း လွန်ချိုက်ဖြစ်နေ၍ ကျော့ဖျင်အန်းအနေနှင့် မတတ်နိုင်ပေ။

အင်အားကြီး နှစ်ယောက်၏ တုန်လှုပ်ဖွယ် တိုက်ပွဲက တစ်ခဏတာအတွင်း ပြီးဆုံးသွားခဲ့သော်ငြား ငြိမ်းချမ်းရေး ကျွန်းဆွယ်၌ စကားဝိုင်းများအတွင်း ကျန်ရစ်နေဆဲ ဖြစ်သည်။

အင်မော်တယ် ဧကရာဇ် နှစ်ယောက်၏ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့  ကြုံလိုက်ရသည့်အတွက် ဂုဏ်ယူသင့်ပေသည်။

အသတ်ခံလိုက်ရသည့် ကျင့်ကြံသူများကို မည်သူကများ ဂရုစိုက်နေမည်နည်း။

***

"ဒီဟာလေ ..."  မဟာကင်းမဲ့ပင်လယ်နယ်ပယ်၌ ဟန်လုံက မိုဝူကျီအား  လွန်းပျံယာဥ် ရပ်တန့်ရန် နေရာတစ်ခုကို ညွှန်ပြလိုက်လေ၏။

မိုဝူကျီက စိတ်စွမ်းအားဖြင့်  သူ့ခြေထောက်အောက်ရှိ ပင်လယ်နယ်ပယ်နှင့် နေရာတစ်ခုလုံးကို  စစ်ဆေးကြည့်လိုက်ပြီး  ဟန်လုံကို မရေမရာကြည့်ကာ

" တာအိုရောင်းရင်းဟန် ….  ကျုပ် အချိန်တွေ လာဖြုန်းတီးနေတာလား ...  ဒီမှာ ဘာမှမရှိဘူးလေ.... "

ဘေးပတ်လည်တွင် ဘာဆိုဘာမှ မရှိသလို လျို့ဝှက် အစီအရင်များနှင့် သန္တာကျောက်တန်းကျွန်းများလည်း မရှိချေ။ ထိုသို့ပြောပြီးနောက် မိုဝူကျီက တစ်ခုခု တွေးမိသွားကာ စိတ်ဝိညာဥ်မျက်လုံးကို အသက်သွင်းလိုက်သည်။ စိတ်ဝိညာဥ်မျက်လုံး အကူအညီဖြင့် မှိန်ဖျဖျ ပုံရိပ်လေး ပေါ်လာ၏။

"ခဏ...." ဟန်လုံက မိုဝူကျီသည် တစ်ခုခု ရှာတွေ့သွားပြီ ဖြစ်ကြောင်း မသိဘဲ သူမ လက်ကို ရွပ်ခနဲ ဖြတ်ကာ သွေးများ စီးကျစေလိုက်၏။ ထို့နောက် သွေးများ စီးဆင်းသွားရာ နေရာ၌ အလင်းများ တောက်ပလာသည်။

အစပိုင်းတွင် ဘာမှမရှိသည့်နေရာ ဖြစ်သော်လည်း ရုတ်ချည်းဆိုသလို မည်းနက်နက် အာကာသ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ ဟန်လုံက မိုဝူကျီဘက် လှည့်ကာ ပြောလိုက်လေ၏

" ဆေးလုံးဆရာမို ...  ကျမနောက်ကနေ မြန်မြန် လိုက်ခဲ့ပါ .... ကျ အရင်ဆုံးဖွင့်တဲ့နေရာက အကြီးဆုံး ဖြစ်မှာ ပိတ်သွားတာနဲ့ ပြန်ဖွင့်လို့ မရတော့ဘူး ..."

ထိုသို့ပြောကာ ဟန်လုံက ဝဲကတော့ထဲ ခုန်ဆင်းလိုက်သည်။

မိုဝူကျီက တွေဝေမနေဘဲ လွန်းပျံယာဥ်ကို သိမ်းကာ ခုန်ချလိုက်တောသည်။ နှစ်ယောက်လုံး မြေပြင်ပေါ် ရောက်သည့်အခါ သူတို့က မဟာကင်းမဲ့ပင်လယ်နယ်ပယ်ကို ထပ်မမြင်ရတော့ပေ။

နှစ်ယောက်လုံးက ဆယ်ပေ ပတ်လည်ရှိ ကျောက်တုံးနက်ပေါ်  ရပ်နေကြပြီး ကျောက်တုံး အနောက်ဖက်၌ ခပ်ဖျော့ဖျော့ လှိုင်းတွန့်လေးများ ပေါ်နေ၏။ ထိုလှိုင်းတွန့်လေးများမှာ ထွက်လမ်း  ဖြစ်ပေလိမ့်မည်။

မိုဝူကျီက သူ့စိတ်ဝိညာဉ်မျက်လုံးကို နောက်တဖန် အသက်သွင်းလိုက်သည့်အခါ ထိုကျောက်တုံးအရှေ့၌ လမ်းရှည်ကြီး တစ်ခု မြင်လိုက်ရသည်။ ထိုလမ်းအဆုံး၌ အရုပ် တစ်ရုပ် ရှိနေ၏။

"ခဏ... နောက်ထပ် သွေးဖြန်းပေးလိုက်ရင် လမ်းကြောင်းပေါ်လာလိမ့်မယ် ... ပြီးရင် ကျမတို့တွေ အဲလမ်းကြောင်းအတိုင်းသွားရင် အရုပ်နဲ့ တွေ့ရလိမ့်မယ်။

အရုပ်နောက်မှာ အစီအရင်ကြီး တစ်ခု ရှိနေပေမဲ့ ဆေးပင်တွေ ရှိကြောင်း သိသာတယ်ရယ် ....  " ဟန်လုံက စကားအဆုံးတွင် ထပ်ပြီး သွေးထုတ်ရန် ပြင်လိုက်သည်။

မိုဝူကျီက ဟန်လုံ အပြုအမူများကို တားကာ ပြောလိုက်သည်

"တာအိုရောင်းရင်းဟန်...  ခဏနေပါဦး  ကျုပ် ကြိုးစားကြည့်ပါရစေဦး  ..."

***

All Chapters