← Chapters

ဘုန်းကြီးတွေထွက်ပြေးပေမယ့် ဘုန်းကြီးကျောင်းကကျန်နေမယ်

Vol. 57 Ch. 796

ဘုန်းကြီးတွေထွက်ပြေးပေမယ့် ဘုန်းကြီးကျောင်းကကျန်နေမယ်

Vol. 57 Ch. 796

အခန်း (၇၉၆) ဘုန်းကြီးတွေထွက်ပြေးပေမယ့် ဘုန်းကြီးကျောင်းကကျန်နေမယ်

ချီဝေ၏ အရိပ်ကျုံ့အိတ်အတွင်းမှ ရတနာပစ္စည်းများစွာ ရန်ကျောက်ကဲ ရရှိခဲ့သည်။

သူက ချီဝေ၏ရတတနာပစ္စည်းများအားလုံးကို အမျိုးအစားခွဲခြားပြီး အစီအစဉ်တကျ စုစည်းထားပြီး ဖြစ်သည်။ အစီအရင်တည်ဆောက်ရန်အတွက် ပစ္စည်းများကို ယေယူယျအားဖြင့် သီးသန့်ခွဲခြားထားခြင်းပင်။

ဤပစ္စည်းများဖြင့် အစီအရင်တစ်ခု အချိန်တိုအတွင်းပြုလုပ်ပြီး ရန်သူကိုရင်ဆိုင်ရန် အသုံးပြုနိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲက ထိုပစ္စည်းများကိုစစ်ဆေးပြီး ဆက်စပ်မှုမရှိသော ပစ္စည်းအချို့ကိုပေါင်းစပ်ကြည့်လိုက်သည့်အခါ အလွန်တရာအသုံဝင်သောအရာတစ်ခုဖြစ်လာကြောင်း တွေ့ရှိခဲ့သည်။

ရန်ကျောက်ကဲက ‘ဗလာနယ်ကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံထားသူမဟုတ်သော်လည်း ဇာမဏီနယ်မြေရှိ ကောင်းကင်အက်ကွဲကြောင်းတွင် တိုက်ပွဲဆင်နွှဲခဲ့သည့်ရလဒ်အနေဖြင့် ဗလာနယ်နှင့်ပတ်သက်သည့်သဘောတရားများကို နားလည်ခဲ့သည်။

ရန်ကျောက်ကဲက နတ်ဘုရားသိမြင်ခြင်းသိုင်းသူတော်စင်မဖြစ်သေးသည့်တိုင် ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် အထက်ဘုံကမ္ဘာနှင့် အောက်ဘုံကမ္ဘာများကြား ဖြတ်သန်းသွားလာနိုင်သည့် ရတနာပစ္စည်းတစ်ခု စတင်တီထွင်ရန် ကြိုးစားနေခဲ့သည်။

သူ၏သုတေသနလုပ်ငန်းက များစွာတိုးတက်လာခဲ့သော်လည်း ရတနာပစ္စည်းများစွာ လိုအပ်နေခဲ့သည်။

ယခု ချီဝေ၏အရိပ်ကျုံ့အိတ်ကိုရရှိသည့်အခါ အထဲတွင်သိမ်းဆည်းထားသည့် သင့်လျော်သော ပစ္စည်းအချို့ကို တွေ့ရှိခဲ့ရသည်။ သို့ဖြစ်ရာ ရန်ကျောက်ကဲက ချက်ချင်းပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုအသုံးပြုပြီး သူ၏လုပ်ငန်းစဉ်ကို ပုံဖော်တော့သည်။

ဘေးမှတွင်ရှိနေသည့် ရန်တိသည်ပင် အလွန်အံ့အားသင့်ရပြီး သူကိုယ်တိုင်လည်း ထိုအလုပ်ကို ကြိုးစားကြည့်ရန် ရန်ကျောက်ကဲထံမှ နည်းလမ်းမေးမြန်းခဲ့သည်။

များစွာကြိုးစားအားထုတ်ပြီးသည့်နောက် ကျောက်စိမ်းပြားလေးများ ထွက်ပေါ်လာသည်။ ထိုကျောက်စိမ်းပြားလေးများက သာမန်ဟုထင်ရသော်လည်း အတွင်းထဲတွင် အလွန်တရာနက်နဲသည့် စွမ်းအားများ ပါဝင်နေသည်။

ထိုကျောက်စိမ်းပြားလေးများကို ‘ကောင်းကင်ဖြတ်ကျောက်စိမ်း’ ဟု ရန်ကျောက်ကဲကိုယ်တိုင် နာမည်ပေးလိုက်၏။ သို့သော် ရင်းမြစ်ပစ္စည်းနည်းပါးမှုကြောင့် ထိုကျောက်စိမ်းပြား အရေအတွက်ကတော့ အကန့်အသတ်ရှိနေဆဲပင်။

ယခုတစ်ခေါက် ခရီးထွက်တော့မှ လိုအပ်သည့်ပစ္စည်းများဝယ်ယူပြီး ထပ်မံပြုလုပ်ရန် ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။

ထို့နောက် သူက ဖခင်ဖြစ်သူကို လှမ်းကြည့်ရင်း...

“အစွန်းရောက်ရှစ်ပါးကမ္ဘာကို အဖေကိုယ်တိုင်သွားလို့မဖြစ်ဘူး ၊ ကျင့်ကြံခြင်းအဆင့် ဖိနှိပ်လိုက်မယ်ဆိုရင် အဖေကျင့်ကြံထားတဲ့ဓားဝိညာဉ်နဲ့ စွမ်းအားမကိုက်ညီမှုတွေဖြစ်ပြီး ဒုက္ခရောက်နိုင်တယ်”

ရန်တိက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ‘ကောင်းကင်ဖြတ်ကျောက်စိမ်း’ ကို ယူဆောင်ပြီး သူတို့အားလုံး ကောင်းကင်အက်ကွဲကြောင်းဆီသို့ ထွက်လာခဲ့သည်။

ရန်တိက...

“ဆရာကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အကြာကြီးနေမယ်မထင်ဘူး ၊ မကြာခင် အထက်ဘုံကမ္ဘာကိုတက်လာတော့မှာ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဒုတိယဂိုဏ်းတူအစ်ကိုကတော့ အထက်ဘုံကမ္ဘာကိုလာသင့်တယ် ၊ အထက်ဘုံကမ္ဘာမှာ ဝါဒတောင်ဂိုဏ်းတည်ထောင်မယ့်ကိစ္စမှာ သူက အဖေ့ကိုကူညီပေးနိုင်တဲ့အပြင် ဒီပတ်ဝန်းကျင်က သူ့အတွက် ကျင့်ကြံဖို့ သင့်တော်တယ်လေ”

“မြေကမ္ဘာနယ်မြေမှာ ဒဏ်ရာရခဲ့တဲ့အတွက် သူ့အတွက် အချိန်တွေအများကြီး အလကားဖြစ်သွားတယ် ၊ အသက်ဓာတ်စွမ်းအားလည်း ထိခိုက်သွားတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ...”

သူက ရန်တိကိုကြည့်ရင်း...

“ဒုတိယဆရာဦးလေးက အခု သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်နေပြီ မဟုတ်လား”

ရန်တိက ခေါင်းညိတ်ရင်း...

“ဟုတ်တယ် ၊ ကောင်းကင်ပြောင်းပြန်ဆေးလုံးကြောင့် သူ့ဒဏ်ရာသက်သာသွားတယ်ဆိုပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းကတော့ ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိနေတုန်းပဲ”

ယွမ်ကျန်းဖုန်းက ယွမ်ဖူကမ္ဘာမှ ‘ဘတဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ရရှိခဲ့သည့်အတွက် ဖန်ကျွင်း၏ဒဏ်ရာများ လုံးဝပျောက်ကင်းသွားခဲ့သည်။ ထို့ကြောင့် ဆက်လက်ကျင့်ကြံနိုင်ရန် အခွင့်အရေးရရှိခဲ့သော်လည်း ဖန်ကျွင်းအနေဖြင့် ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး နှစ်အနည်းငယ်နှောင့်နှေးသွားခဲ့သည်ကတော့ အမှန်ပင်။

သို့သော်လည်း သိုင်းဆရာသခင် အထွတ်ထိပ်အဆင့်မှ သိုင်းသူတော်စင်အဆင့်သို့တက်ရောက်ရန်ဆိုသည်က သာမန်ကျင့်ကြံသူများမကျော်လွှားနိုင်သည့် သဘာဝကျုံးကြီးပမာ ဖြစ်သည်။

ရန်တိနှင့် ရန်ကျောက်ကဲတို့ကဲ့သို့ ကျင့်ကြံသူများက လူနည်းစုဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်အားလုံးနီးပါးမှာ သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် (၁၀)နှစ်ကျော် သို့မဟုတ် (၁၀)စုနှစ်များစွာ တိုင်ပတ်နေခဲ့ကြသည်ပင်။

ဖန်ကျွင်းနှင့် အရည်အချင်းနှင့် စိတ်ဓာတ်ခိုင်မာမှုကြောင့်သာ ဤမျှလောက် ကြန့်ကြာရခြင်း ဖြစ်သည်။

သို့သော် သူနှင့် ရန်တိကြားမှ ကျင့်ကြံခြင်းအဆင့် များစွာကွာခြားသွားသည်ကတော့ မည်သို့မှမတတ်နိုင်သည့်ကိစ္စတစ်ခု ဖြစ်၏။

“ဒုတိယဆရာဦးလေးက စိတ်ဓာတ်ပြင်းထန်တာပဲ ၊ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ခဲ့ရပေမယ့် ဒါကိုသာဖြတ်ကျော်နိုင်ရင် သေချာပေါက် ကောင်းကင်အထိ ပျံသန်းနိုင်မယ့်သူပါ”

ရန်ကျောက်ကဲက ဆိုသည်။

ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနှင့် စိတ်စေရာမိုးကြိုးစွမ်းအားဖြင့်ဆိုလျှင် ဝါဒတောင်၏အလုံးစုံသောသိုင်းပညာက အဆင့်တစ်ခုအထိ နက်နက်နဲနဲ မြင့်တက်လာပြီ ဖြစ်သည်။

ရန်တိ ၊ ဖန်ကျွင်းတို့ကဲ့သို့ အလွန်ထူးချွန်သောကျင့်ကြံသူများအတွက် ထိုပညာရပ်များက ပို၍ပင် အကျိုးအမြတ် ရရှိစေသည်။

အထက်ဘုံကမ္ဘာက အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ဝိညာဉ်စွမ်းအားများ ပိုမိုများပြားသဖြင့် ကျင့်ကြံရပိုမိုလွယ်ကူချောမွေ့သည် အမှန်ပင်။

ရန်တိက...

“အခု ဒုတိယဂိုဏ်းတူအစ်ကိုလည်း ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနဲ့ စိတ်စေရာမိုးကြိုးစွမ်းအားနှစ်ခုလုံးနှစ်ခုလုံးကို နားလည်သွားပြီဆိုတော့ သူ့အစွမ်းအစနဲ့ဆိုရင် အချိန်တိုအတွင်း သိုင်းသူတော်စင်အဆင့်ကို တက်ရောက်နိုင်တော့မှာပါ”

“သူလိုအပ်တာက တစ်ခါလောက် ပြင်းပြင်းထန်ထန် တံခါးပိတ်ကျင့်ကြံလိုက်ဖို့ပဲ ၊ အင်း... ကြည့်ရတာ သူ့ကိုအထက်ဘုံကမ္ဘာလာခိုင်းလိုက်တာက အသင့်တော်ဆုံးဖြစ်မယ်ထင်ပါတယ်”

ရန်တိက သက်ပြင်းချရင်း...

“ပြီးတော့ ငါ့ကိုကူညီဖို့ ဒုတိယဂိုဏ်းတူအစ်ကိုကိုပဲ ဒုက္ခပေးရတော့မယ် ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့တွေ့ပြီးလို့ ကျူတောဒေသကိုပြန်လာတဲ့အချိန်ကျရင် ဒုတိယဂိုဏ်းတူအစ်ကိုလည်း အထက်ဘုံကမ္ဘာမှာ အေးအေးဆေးဆေး ကျင့်ကြံဖို့ အချိန်ရလာမယ်ထင်တယ် ၊ အဲဒါဆို သူ့ရဲ့ကျင့်ကြံခြင်းအဆင့် မြင့်တက်လာနိုင်ပါတယ်”

သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“ချူးချင် ဘယ်မှာလဲဆိုတာကိုရှာဖို့ကတော့ ဒီအတောအတွင်း မင်းပဲတာဝန်ယူလိုက်ပေါ့”

ထိုစကားကြားတော့ ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။

ဖခင်ဖြစ်သူက ဇနီးဖြစ်သူကို ပြန်လည်ရှာဖွေရန် မည်မျှစိတ်အားထက်သန်နေသည်ကို ရန်ကျောက်ကဲ အသိဆုံးပင်။ ဇနီးဖြစ်သူနှင့် ပြန်လည်ဆုံတွေ့ရမည့်နေ့ရက်ကို ရန်ကျောက်ကဲထက်ပင် ပိုမိုစိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့ပေသည်။

သို့သော် ဝါဒတောင်၏ လက်ရှိဂိုဏ်းချုပ်ဖြစ်သော ရန်တိအနေဖြင့် ထမ်းပိုးထားရသည့်တာဝန်များက ကြီးမားလေရာ ကိုယ်ရေးကိုယ်တာကိစ္စများကို နောက်ဆုတ်ထားရသည် အမှန်ပင်။

ပြောရမည်ဆိုလျှင် ပြတ်သားပြီးတည်ကြည်လေးနက်သောရှိတိ ၊ စိတ်ဓာတ်ပြင်းထန်သော ဖန်ကျွင်း ၊ တိုက်ခိုက်လိုစိတ်ပြင်းထန်သော ရန်တိ ၊ ဂိုဏ်းတူညီအစ်ကို (၃)ယောက်လုံးက ကိုယ်ရေးကိုယ်တာထက် ဝါဒတောင်အရေးကိုပိုပြီး ဦးစားပေးခဲ့သူများ ဖြစ်ကြသည်။

ဤသည်က ဆရာဖြစ်သူ ယွမ်ကျန်းဖုန်း၏ သင်ပြပေးမှုများမှ ဆင်းသက်လာသောခံယူချက်ဖြစ်၏။

ရန်ကျောက်ကဲက...

“အင်းပါ... ကျွန်တော် အမေ့အကြောင်းသတင်းရတာနဲ့ အဖေ့ကိုချက်ချင်းအကြောင်းကြားပါ့မယ်”

ရန်တိကခေါင်းညိတ်ရင်း...

“ဒုတိယဂိုဏ်းတူအစ်ကိုအပြင် သမုဒ္ဒရာကမ္ဘာကိုရောက်နေတဲ့ ဂိုဏ်းတူအစ်မ’ဖူ’ ကိုလည်း အထက်ဘုံကမ္ဘာကို ခေါ်ခဲ့လိုက်ပါ ၊ ဆရာဒေါ်လေး’ဟယ်’ ဖြစ်ဖြစ် ဆရာဦးလေး’ကျန်း’ ဖြစ်ဖြစ် သူ့နေရာမှာ အစားထိုးလိုက်ပါ”

သူက ဆက်ပြောသည်။

“ပြီးတော့ တပည့်အငယ်တွေထဲက အရည်အချင်းရှိတဲ့သူတွေအားလုံးကို အထက်ဘုံကမ္ဘာကိုခေါ်ရမယ် ၊ ဒီနေရာပတ်ဝန်းကျင်က အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ သမုဒ္ဒရာကမ္ဘာထက် ပိုပြီးတော့ ကျင့်ကြံဖို့အတွက် သင့်တော်တယ်”

“အထက်ဘုံကမ္ဘာကို သူတို့တွေကိုခေါ်ပြီးရင် ဝါဒတောင်အနေနဲ့ တပည့်အသစ်တွေလည်း ခေါ်ရမယ် ၊ ကနဦး အခြေခံအုတ်မြစ်ဖွဲ့စည်းတဲ့သူတွေကတော့ ငါတို့ရဲ့ အမာခံတပည့်တွေပဲပေါ့”

အစွန်းရောက်ရှစ်ပါးကမ္ဘာမှတပည့်များအနေဖြင့် ဝါဒတောင်တပည့်ဖြစ်ရသည်ကို သံသယမရှိ ကြီးမြတ်သည်ဟု ခံစားကြမည်ဖြစ်သည်။ သူတို့အနေဖြင့် သူတို့၏ဂိုဏ်းအတွက် အလွန်ပင် ဂုဏ်ယူကြပေမည်။

ရန်တိက...

“အချိန်ကြာလာရင်တော့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အလယ်အလတ်အဆင့်ရှိတဲ့တပည့်တွေကိုပဲထားဖို့ တဖြည်းဖြည်း ပြောင်းလဲရမယ် ၊ အထက်ဘုံကမ္ဘာမှာ သိုင်းဂိုဏ်းတည်ထောင်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် ဒီနေရာမှာ တည်ငြိမ်တဲ့ခြေကုပ်ရယူဖို့လိုတယ်”

ရန်ကျောက်ကဲက ဖခင်ဖြစ်သူ၏စကားလုံးများကို မှတ်သားလိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံ သတင်းအချက်အလက်များ ပေးပို့လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်လိုက်ပြီး အစွန်းရောက်မ္ဘာကိုဆင်းသွားမည်ဖြစ်ရာ ရန်ကျောက်ကဲကသည်လည်း သမုဒ္ဒရာကမ္ဘာကိုသွားရောက်နိုင်သည့် စန့်ချုန်ကြေးမုံမှန်နှင့် ဗလာနယ်ဖြတ်သန်းခြင်းနည်းပညာကို တစ်ခါတည်းပြင်ဆင်ပေးလိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ယွမ်ကျန်းဖုန်းနှင့် အခြားသူများကိုတွေ့ဆုံပြီး ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် ၎င်းတို့၏ လက်ရှိအခြေအနေများကို ပြောပြသည်။

သူ၏စကားများကိုကြားတော့ ဝါဒတောင်မှလူများ အလွန်တရာပျော်ရွှင်ကြသည်ပင်။

ယွမ်ကျန်းဖုန်းက လက်တစ်ဖက်ဝှေ့ယမ်းရင်း ‘ကောင်းကင်ဖြတ်ကျောက်စိမ်း’ ကို ပထမဆုံးအသုံးပြုကာ ဖန်ကျွင်းကို အထက်ဘုံကမ္ဘာသို့ ပို့ဆောင်ပေးလိုက်သည်။

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အကြီးအကဲ’ကျန်းခွန်’ နှင့် လူငယ်တပည့်အချို့ကို စန့်ချုန်ကြေးမုံမှန်အသုံးပြုကာ သမုဒ္ဒရာကမ္ဘာသို့ ခေါ်ဆောင်သွားခဲ့သည်။

သူက ဖူအန်းစုနှင့် အခြားသူများကိုတွေ့ဆုံပြီး သူတို့အားလုံကို ဇာမဏီနယ်မြေရှိ ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် အထက်ဘုံကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သည်။

ဝိညာဉ်နယ်မြေရှိ ကောင်းကင်အက်ကွဲကြောင်းကို ရန်တိနှင့်ရန်ကျောက်ကဲတို့ စောင့်ကြည့်နေကြစဉ် ကောင်းကင်အက်ကွဲကြောင်းက တစ်ချက်တုန်လှုပ်သွားပြီး အထဲမှ လူရွယ်တစ်ယောက် ထွက်လာသည်။

မုတ်ဆိတ်မွှေးသုံးလက်မခန့်ရှည်လျားပြီး‌ နွေးထွေးသောမျက်နှာအမူအရာပိုင်ဆိုင်ထားလျှက် သန့်စင်ကြည်လင်သော ဖန်ကျွင်း၏အသွင်ကိုတွေ့လိုက်ရတော့ ရန်ကျောက်ကဲရင်ထဲ အတော်လေး စိတ်ခံစားချက်များသွားသည်။

“ဒုတိယဆရာဦးလေး ၊ နေကောင်းတယ်နော်”

ဖန်ကျွင်းက ပြုံးရင်း...

“အခုတော့ မင်းတစ်ယောက်တည်း အထက်ဘုံကမ္ဘာမှာ မဟုတ်တော့ဘူးနော် ၊ ဘုန်းကြီးတွေထွက်ပြေးပေမယ့် ဘုန်းကြီးကျောင်းက ကျန်ခဲ့မှာပဲ ၊ ဒီတော့ အပြင်လျှောက်သွားရင် သတိထားပါ ၊ မင်းနဲ့ရန်ငြိုးရှိတဲ့သူက စာရင်းရှင်းဖို့ ငါတို့ဆီရောက်လာလိမ့်မယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ဒါဖြင့် ကျွန်တော်တို့ ပိုပြီးအင်အားကြီးလာအောင်လုပ်ဖို့ လိုတာပေါ့”

All Chapters