← Chapters

မန်ဝမ်၏ဇာစ်မြစ်

Vol. 57 Ch. 799

မန်ဝမ်၏ဇာစ်မြစ်

Vol. 57 Ch. 799

အခန်း (၇၉၉) မန်ဝမ်၏ဇာစ်မြစ်

ဘိုးဘေး’ဟေး’ ဆိုသူက မိစ္ဆာတောင်းတျဲကိုသတ်ဖြတ်ပြီး မိစ္ဆာဓားတောင်းတျဲကိုပြုလုပ်ရန်အတွက် ‘ကောင်းကင်ဝါးမျိုဓားသေတ္တာ’ နှင့် ‘ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး’ တို့ကို ပြုလုပ်ခဲ့သည့် တန်ခိုးစွမ်းအားရှင်ကို ပြောခြင်း ဖြစ်သည်။

ကျွမ်းကျောင်းဟွေလိုချင်လှပါသည်ဆိုသော ဇာမဏီအရိုးသည်လည်း ဘိုးဘေး’ဟေး’ ချန်ထားခဲ့သည့် ရတနာပစ္စည်တစ်ခုသာ ဖြစ်၏။

တွက်ကြည့်မည်ဆိုလျှင် ဘိုးဘေး’ဟေး’ က ချောင်ကျယ်ထက် ပိုပြီးစောသောမျိုးဆက်တစ်ခုမှ ဖြစ်နိုင်သည်။

ဘိုးဘေး’ဟေး’ အနေဖြင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် နေထိုင်ရာနန်းတော်တစ်ခု တည်ဆောက်ထားသည်ကို ချောင်ကျယ် သိရှိခဲ့ခြင်းမရှိပေ။ သို့သော် ယခုသိရှိရပြီဖြစ်ရာ လျစ်လျူရှု၍ မရနိုင်သော ကိစ္စတစ်ခု ဖြစ်သည်။

တစ်ချိန်က ဘိုးဘေး’ဟေး’ ၏ ကျင့်ကြံခြင်းအဆင့်သည် ချောင်ကျယ်ထက် နိမ့်ကျခြင်း မရှိပေ။

ရန်ကျောက်ကဲက...

“တခြားထူးခြားကိစ္စမရှိဘူးဆိုရင် ဘိုးဘေး’ဟေး’ ဆုံးပါးသွားလောက်ပါပြီ ၊ ဒါပေမဲ့ ဘယ်အချိန် ဘယ်နေရာမှာ သေဆုံးသွားသလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ သူသန့်စင်ခဲ့တဲ့ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ကျွန်တော်ဆက်ပြီးသန့်စင်တဲ့အခါ ဖြစ်လာတဲ့တုံ့ပြန်မှုတွေအရတော့ မူပိုင်ရှင်က အသက်ရှင်လျက်မရှိတော့ဘူးဆိုတာ သိရပါတယ်”

ထိုစကားကြားတော့ ချောင်ကျယ် ခေါင်းညိတ်လိုက်ပြီး ရန်ကျောက်ကဲ ၊ ရန်တိနှင့် ဖန်းယွင်ရှန်းတို့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

“ကျိလျန်ပြောတာတော့ မင်းမှာ ထူးကဲယန်စည်းတံဆိပ်ရှိတယ် ၊ ဒါပေမဲ့ မင်းက နေဝန်းထက်ယံအရှင်သခင်ကိုတော့ မသိဘူးလို့ပြောတယ်”

ရန်ကျောက်ကဲကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည်။

“တကယ်တော့ ဒီအထက်ဘုံကမ္ဘာကိုရောက်မှ နေဝန်းထက်ယံအရှင်သခင်ဆိုတဲ့နာမည်ကို ကြားဖူးတာပါ ၊ အရင်တုန်းက ကျွန်တော်နေခဲ့တဲ့အောက်ဘုံကမ္ဘာမှာ ငရဲကိုးထပ်ကိုဖိနှိပ်ဖို့အတွက် ဒီရတနာပစ္စည်းကို အသုံးပြုထားတာပါ ၊ မူလပိုင်ရှင်က ဘာသတင်းစကားမှ ချန်ထားခဲ့တာ မရှိပါဘူး”

သူက ခဏနားပြီးမှ စကားဆက်ပြောသည်။

“နောက်မှ ဒီပစ္စည်းကိုလေ့လာပြီး ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့နည်းလမ်းကို ဖြည်းဖြည်းချင်း နားလည်လာခဲ့တာပါ”

ထိုစကားကိုတော့ ချောင်ကျယ်က ယုံသည်လား မယုံဘူးလား မည်သည့်မှတ်ချက်မှ မပြုပေ။

“ဒါဖြင့် လဝန်းထက်ယံအရှင်သခင်ကိုရော အရင်ကတွေ့ခဲ့ဖူးသလား”

ရန်ကျောက်ကဲတို့ (၃)ယောက်လုံး ခေါင်းခါယမ်းလိုက်ကြသည်။

ရန်တိက...

“အစွန်းရောက်ရှစ်ပါးကမ္ဘာက ကျင့်ကြံသူတွေက ထူးကဲယင်သရဖူကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့တာပါ ၊ မူလပိုင်ရှင် ဘယ်သူမှန်းတောင် မသိခဲ့ပါဘူး”

ရန်ကျောက်ကဲက ဝင်ပြောလိုက်သည်။

“အထက်ဘုံကမ္ဘာရောက်မှပဲ အသစ်တည်ဆောက်ထားတဲ့ ခွန်လွန်တောင်က အထင်ကရ (၉)ပါးအကြောင်း ကြားဖူးတာပါ ၊ ထူးကဲယန်စည်းတံဆိပ်ကလည်း နေဝန်းထက်ယံအရှင်သခင်ရဲ့ ပစ္စည်းဆိုတာ သိခဲ့ရတာပါ ၊ ဒီအကြောင်းကို တာ့ရွှမ်တိုင်းပြည်နဲ့ အရှင့်ရဲ့တပည့် ဆရာချန်ကျိလျန်တို့ ကောင်းကောင်းသိပါတယ်”

ချောင်ကျယ် ဖြည်းညင်းစွာခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက ဖန်းယွင်ရှန်းကို ကြည့်ရင်း...

“မိတ်ဆွေလေး... မင်းရဲ့ဓားကို တစ်ချက်လောက်ကြည့်လို့ရနိုင်မလား”

ဖန်းယွင်ရှန်းက သူမကျောထက်လွယ်ထားသည့် နေရိပ်နတ်ဓားကိုဖြုတ်လိုက်ပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင်ထံသို့ ဓားအိမ်ထဲထည့်လျှက်ပင် ပေးအပ်လိုက်သည်။

ချေင်ကျယ်က ဓားကိုကိုင်လိုက်သည်နှင့်...

“အဖျက်စွမ်းအားပဲ... ခဲ့ထူကြယ်ရဲ့စွမ်းအားမဟုတ်ဘူး ၊ ရာဟုကြယ်ရဲ့နေကြတ်ခြင်းစွမ်းအား...”

သူက အနက်ရောင်ဓားကို ဓားအိမ်အတွင်းမှ တစ်ဝက်ခန့် ဆွဲထုတ်လိုက်ပြီး ခဏမျှ စူးစမ်းလေ့လာလိုက်သည်။

“ပြီးတော့ နေရိပ်စွမ်းအားနဲ့ ဒီဓားကိုပြန်ပြီး သန့်စင်ထားတယ် ၊ ဒီစွမ်းအားနှစ်ခု တစ်သားတည်းပေါင်းစည်းသွားတော့ ဒီဓားရဲ့စွမ်းအားက အတိတ်တစ်ချိန်က ရာဟုဓားထက်တောင် သာလွန်သွားပြီ”

သူက ဓားကိုဓားအိမ်ထဲပြန်ထည့်လိုက်ပြီး ဖန်းယွင်ရှန်းကို စူးစိုက်ကြည့်လိုက်သည်။

“ကြီးမြတ်တဲ့တန်ခိုးစွမ်းအားရှင်တစ်ယောက် ပြန်လည်ဝင်စားတာမဟုတ်ဘဲနဲ့ မင်းက ဒီဓားနဲ့အတူနေထိုင်ပြီး ကိုင်ဆောင်ထားနိုင်တယ် ၊ ပြီးတော့ ဓားက ဓားဝိညာဉ်လည်းမရှိသေးဘူး ၊ ဒီလိုလုပ်နိုင်တာ ရှားပါးလွန်းတယ်... ၊ တကယ့်ကို ရှားပါးလွန်းတယ်”

ချောင်ကျယ် ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး နေရိပ်နတ်ဓားကို ဖန်းယွင်ရှန်းထံ ပြန်ပေးလိုက်သည်။

ထို့နောက် ပြောစရာစကားမရှိတော့သည့်အလား ရန်ကျောက်ကဲတို့ (၃)ယောက်ကို သေသေချာချာ စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများတွင် ချီးကျူးမှုများဖြင့် ပြည့်နက်နေသော်လည်း ပါးစပ်ကတော့ ထုတ်ဖော်ပြောခြင်း မရှိပေ။

ထို့နောက် ချောင်ကျယ်က လက်တစ်ဖက်အသာဝှေ့ယမ်းရင်း...

“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က ကြီးမားကျယ်ပြန့်လွန်းတယ် ၊ မင်းတို့တွေ ကြိုက်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားခွင့်ရှိပါတယ် ၊ ဒါပေမဲ့ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်က ဝူထုန်တောင်စောင်းနဲ့ဖြစ်တဲ့ပြဿနာက မပြီးသေးဘူး ၊ ဆက်လုပ်စရာတွေရှိနေသေးတယ်”

ဤစကားအရ လက်ခံတွေ့ဆုံခြင်း ပြီးဆုံးသည်ကို သိရှိရသည်ဖြစ်သဖြင့် ရန်ကျောက်ကဲတို့ (၃)ယောက်လည်း အရှေ့တောင်ထိပ်တန်းအရှင်သခင်ကိုဂါရဝပြုနှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။

ခန်းမထဲမှထွက်ခွာလာပြီးနောက် ဖန်းယွင်ရှန်းက သံသယများပြည့်နေသောလေသံဖြင့်...

“အရှေ့တောင်ထိပ်တန်းအရှင်သခင်ကိုကြည့်ရတာ ပြောစရာစကားတွေရှိနေသေးသလိုပဲ ခံစားရတယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“အဲဒါ ငါကျင့်ကြံထားတဲ့ နတ်ဘုရားအဆုံးသတ်ဓားသိုင်းနဲ့ပတ်သက်မယ်ထင်တယ်”

ရန်တိက...

“လင်ဟန့်ဟွာနဲ့ပတ်သက်ပြီး မင်းရဲ့ထင်မြင်ချက်က မှန်နိုင်တယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

နန်းဆောင်အပြင်ဘက်ရောက်လာတော့ သူတို့ကိုစောင့်နေသည့် ချန်ကျိလျန် ၊ အားဟူနှင့် ရှောင်အိုက်တို့ကို တွေ့လိုက်ရသည်။

အထက်ဘုံကမ္ဘာတွင် တပည့်များလက်ခံပြီး ဝါဒတောင်ဂိုဏ်းတည်ထောင်ရန် အရှေ့တေင်ထိပ်တန်းအရှင်သခင်က ခွင့်ပြုလိုက်ပြီဖြစ်သဖြင့် ချန်ကျိလျန်က ဝမ်းသာစွာ ဂုဏ်ပြုစကားဆိုသည်။

“အားလုံးကို ဂုဏ်ပြုပါတယ်ဗျာ”

ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်ပြီး ချီစွမ်းအားအနှစ်သာရကိုသိပ်သည်းစေကာ လက်ဖဝါးထက်တွင် မိန်းကလေးတစ်ယောက်၏ပုံရိပ်ပေါ်လာသည်။

“ကိစ္စလေးတစ်ခု အကူအညီတောင်းချင်လို့ပါ ၊ ဆရာ’ချန်’ များ ဒီမိန်းကလေးကို သိနိုင်မလား”

မိန်းကလေးက အလွန်တရာနူးညံ့သိမ်မွေ့သလို ချောမောလှပပြီး တည်ငြိမ်လွန်းသည်။ မျက်ဝန်းအစုံက ရေကဲ့သို့ကြည်လင်ပြီး အားနည်းဟန်ရှိသည့်တိုင် အလွန်တရာဉာဏ်ရည်ထက်မြက်ဟန်လည်း ရှိသည်။ သူမကိုကြည့်ရသည်မှာ လှပချစ်စဖွယ်ကောင်းသော သမင်ငယ်လေးတစ်ကောင်ပမာပင်။

ထိုမိန်းကလေးက သေချာပေါက် ‘မန်ဝမ်’ ပင် ဖြစ်၏။

သူမ၏အလင်းပုံရိပ်ကိုမြင်တော့ ချန်ကျိလျန်က ခေါင်းခါယမ်းရင်း...

“တစ်ခါမှ သူ့ကိုမတွေ့ဖူးဘူး ၊ သူက မိတ်ဆွေလေး’ရန်’ ရဲ့ အသိမိတ်ဆွေလား”

ရန်ကျောက်ကဲက...

“အဲဒီလိုပြောလို့ရပါတယ် ၊ သူ ပျောက်သွားလို့ ကျွန်တော်တို့ ရှာနေကြတာ”

ချန်ကျိလျန်က ခဏမျှစဉ်းစားပြီးနောက်...

“ဒီလိုလုပ်ပါလား မိတ်ဆွေလေး’ရန်’ ၊ ဂိုဏ်းတူအစ်ကို’မုကျွင်း’ နဲ့ လိုက်တွေ့ပါလား ၊ သူက အတော်လေး လက်တံရှည်တယ် ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်အပြင်ဘက်က လူအတော်များများနဲ့လည်း သိတယ်”

“ဒါဖြင့် ဆရာ’ချန်’ ကိုပဲ ဒုက္ခပေးရတော့မယ်”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ခေါင်းတစ်ချက်ညိတ်ပြပြီး မုကျွင်းနှင့်တွေ့ဆုံရန် ထွက်ခွာသွားသည်။

ထန်ယုံဟောင်ကို ကျင်းထင်တောင်သို့လိုက်ပို့ပေးရင်း မုကျွင်းသည်လည်း ကျင်းထင်တောင်သို့ ရောက်ရှိနေလေသည်။

ချန်ကျိလျန်နှင့် ရန်ကျောက်ကဲတို့အုပ်စုကိုတွေ့တော့ မုကျွင်းက ထုံးစံအတိုင်း မျက်နှာထက် အပြုံးရိပ်ဆင်မြန်းရင်း နှုတ်ဆက်စကားဆိုသည်။

“မိတ်ဆွေလေး’ရန်’... ဆရာနဲ့တွေ့ပြီးပြီလား”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဆရာ’မုကျွင်း’ ရဲ့ဆရာကို အကြာကြီးမနှောက်ယှက်ခဲ့ပါဘူးဗျာ”

မုကျွင်းက ပြုံးရင်း...

“မိတ်ဆွေလေး’ရန်’ ကြည့်ရတာ စိတ်ကြည်လင်နေသလိုပဲ ၊ ကြည့်ရတာ ဆရာက ကျူတောပင်လယ်ဒေသမှာ မင်းတို့ကို သိုင်းဂိုဏ်းတည်ထောင်ခွင့်ပြုလိုက်ပြီထင်တယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒါက ဆရာ’မု’ က ခင်ဗျားရဲ့ဆရာရှေ့မှာ ကျွန်တော်တို့အတွက် ပြောပေးထားလို့ဖြစ်ရမယ် ၊ ကျေးဇူးတင်ပါတယ်”

မုကျွင်းက ပြုံးလျှက် ခေါင်းခါယမ်းရင်း...

“ငါ ပြောပေးလည်း ဆရာဆံးဖြတ်ပြီးသားကိစ္စဆိုရင် ပြင်လို့မရနိုင်ပါဘူး”

ထို့နောက် သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“မိတ်ဆွေလေး’ရန်’ ကို ပြောစရာရှိတယ် ၊ မင်းရဲ့မိတ်ဆွေ’ထန်ယုံဟောင်’ က ကျင်းထင်တောင်ရဲ့တပည့်တစ်ယောက် ဖြစ်သွားပါပြီ ၊ ဆရာကိုယ်တိုင် သူ့ကိုတပည့်အဖြစ် လက်ခံလိုက်တယ် ၊ အခုဆိုရင် သူက ငါတို့ရဲ့ အငယ်ဆုံးဂိုဏ်းတူညီလေးပေါ့”

မုကျွင်းက သူ့ကိုခင်မင်မှုဖြင့် အသိပေးခြင်း ဖြစ်ဟန်တူသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ထန်ယုံဟောင်က ထူးခြားတဲ့ပါရမီရှင်တစ်ယောက်ဖြစ်သလို စိတ်ထားလည်းဖြောင့်မတ်တယ် ၊ သူ ဒီလိုမျိုးအခွင့်အရေးရတာဟာ မိုးကောင်းကင်က မျက်နှာသာပေးလို့ပါပဲ”

မုကျွင်းက ပြုံးလျှက် ခေါင်းညိတ်လိုက်စဉ် ရန်ကျောက်ကဲက ဆက်ပြောလာသည်။

“ကျွန်တော်က ဆရာ’မု’ဆီမှာ လူတစ်ယောက်အကြောင်း စုံစမ်းချင်လို့ ရောက်လာတာပါ”

ရန်ကျောက်ကဲက မန်ဝမ်၏အလင်းပုံရိပ်ကိုပြလိုက်တော့ မုကျွင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက ပုံရိပ်ကိုကြည့်ရင်း အတွေးနက်လျှက် ရှိ၏။

ပြီးမှ အလျင်စလိုအဖြေမပေးဘဲ ဖြည်းညင်းသည့်လေသံဖြင့် ...

“ဂိုဏ်းတူညီလေး’ထန်ယုံဟောင်’ လည်း ဒီမိန်းကလေးအကြောင်း မေးဖူးတယ် ၊ ဒီမိန်းကလေးက အစွန်းရောက်ရှစ်ပါးကမ္ဘာက သူ့ရဲ့ ဂိုဏ်းတူညီမလေးလို့ပြောတယ် ၊ တောင်ပိုင်းထိပ်တန်းမျိုးနွယ် ကျွမ်းကျောင်းဟွေက ရေအောက်နန်းတော်ထဲမှာ သူ့ကိုဖမ်းခေါ်သွားတယ်တဲ့”

ရန်ကျောက်ကဲကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။

“အမှန်ပါပဲ”

မုကျွင်း ထပ်မံပြီး နက်နဲစွာစဉ်းစားနေပြန်သည်။

ပြီးမှ သူက တည်ကြည်လေးနက်စွာဖြင့်...

“ကျုပ် သူ့ကို တစ်ခါမှမတွေ့ဖူးပါဘူး ၊ မင်းမွေးဖွားကြီးပြင်းခဲ့တဲ့ အောက်ဘုံကမ္ဘာကိုလည်း ကျုပ်က တစ်ခါမှမရောက်ဖူးဘူး ၊ ဒါပေမဲ့... သူ့ကို နည်းနည်းရင်းနှီးနေသလို ခံစားရတယ်”

ထိုစကားကြားရတော့ ရန်ကျောက်ကဲ စိတ်ဓာတ်တက်ကြွသွားသလို ဘေးနားတွင်ရှိနေသည့် ချန်ကျိလျန်သည်လည်း အံ့အားသင့်သွားသည်။

ရန်ကျောက်ကဲ၏ တောက်ပနေသည့်မျက်ဝန်းများကိုကြည့်ရင်း မုကျွင်းက ဖြည်းညင်းသည့်လေသံဖြင့်...

“ဒီမိန်းကလေးပုံစံကိုကြည့်ရတာ အရင်တုန်းက ငါတွေ့ဖူးတဲ့လူတစ်ယောက်နဲ့ သွားတူနေတယ်”

မုကျွင်းက အပြင်ပန်းတွင် ငယ်ရွယ်ဟန်ရှိနေသော်လည်း တကယ်တမ်း အတော်လေးအသက်ကြီးရင့်နေပြီ ဖြစ်သည်။ သူ့ဘဝတွင် မရေမတွက်နိုင်သောလူများနှင့်တွေ့ဆုံခဲ့ပြီး သူနှင့်သိကျွမ်းသူများမှာ လက်ချိုးရေတွက်၍ပင် မရနိုင်ပေ။

သို့သော် သပ်ရပ်လှပသည့် မန်ဝမ်၏အသွင်အပြင်က သူနှင့်တွေ့ဆုံခဲ့ဖူးသော တစ်စုံတစ်ယောက်နှင့် အလွန်တရာပင် ဆင်တူသည်။ ထို့ကြောင့် ထိုမိန်းမပျိုကိုတွေ့ရှိခဲ့စဉ်က မုကျွင်းရင်ထဲတွင် အထင်ကြီးလေးစားမှုတစ်ခု သေချာပေါက် ထင်ကျန်ရစ်ခဲ့သည်။

မုကျွင်း၏ ကျင့်ကြံခြင်းအဆင့် ၊ ဝိညာဉ်စွမ်းအား ၊ မှတ်ဉာဏ်စွမ်းအား ၊ အမြင်စွမ်းအားများဖြင့်ဆိုလျှင် သူ၏မှတ်ဉာဏ်နက်နဲရာနေရာမှ တစ်ကြိမ်မျှသာတွေ့ဖူးသူတစ်ယောက်ကိုပင် ပြန်လည်တူးဖော်နိုင်စွမ်း ရှိသည်။

“ဒါပေမဲ့ သူတို့နှစ်ယောက်ကြား ဘယ်လိုပတ်သက်လဲဆိုတာကတော့ ငါလည်း သေချာပေါက်မပြောနိုင်ဘူး”

ပြောပြီးသည်နှင့် မုကျွင်းက သေသေချာချာစဉ်းစားရင်း လက်ချောင်းများဖြင့် လေထဲတွင် ပုံတစ်ပုံရေးဆွဲလိုက်သည်။ ရန်ကျောက်ကဲမျက်ဝန်းရှေ့တွင် အလင်းပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

ထိုပုံရိပ်ထဲမှအမျိုးသမီးက မန်ဝမ်နှင့် (၇၀)ရာနှုန်းအသွင်အပြင် ဆင်တူသည်။

“ဒီတစ်ယောက်ပဲ...”

ထိုပုံကိုမြင်တော့ ချန်ကျိလျန်သည်လည်း အံ့အားသင့်သွားသည်။

ထိုပုံကိုအတန်ကြာ အကဲခတ်ပြီးနောက် ရန်ကျောက်ကဲက မေးလိုက်သည်။

“ဆရာ’မု’... ဒီအမျိုးသမီးက ဘယ်သူများလဲ”

မုကျွင်းက...

“သူက တောင်ပိုင်းထိပ်တန်းအရှင်သခင်ရဲ့ တပည့် ၊ ဇာမဏီတောင် ဝူထုန်တောင်စောင်းက လျိုရွှမ့်ထင်ပါပဲ”

All Chapters