လူတွေကနာမည်ကြီးမှာကို ကြောက်ကြတယ်
Vol. 57 Ch. 803
အခန်း (၈၀၃) လူတွေကနာမည်ကြီးမှာကို ကြောက်ကြတယ်
"ဒါကြောင့် လူတွေက နာမည်ကြီးဖို့ကြောက်ပြီး ၊ ဝက်တွေက သန်မာမှာကို ကြောက်ကြတာကိုး"
ရန်ကျောက်ကဲက မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရင်း
"နတ်ဘုရားတွေ တစ္ဆေသရဲတွေ မိစ္ဆာတွေ နတ်ဆိုးတွေအားလုံးက အလစ်ချောင်းတိုက်ဖို့ တွားသွားနေကြတာပဲ”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းအပါအဝင် သူ့ဘေးနားမှ (၃)ယောက်၏ မျက်နှာအမူအရာများက ထူးဆန်းသွားကြသည်။
ရန်ကျောက်ကဲက မျက်လုံးတစ်ချက်လှန်ရင်း
"မင်းတို့တွေ ရယ်ချင်ရင် ရယ်လိုက်ကြနော် ၊ ရယ်ချင်တာကို အောင့်ထားရင် ကျန်းမာရေးထိခိုက်တတ်တယ်”
အားဟူက ရုတ်တရက်ထပြီး ရယ်မောလိုက်စဉ် ရှောင်အိုက်ကတော့ တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်
"ကြည့်ရတာ တစ်ယောက်ယောက်က သခင်လေးကို နာမည်ပျက်အောင် ကြံစည်တာဖြစ်ရမယ်”
သူမက ခဏနားပြီး ဆက်ပြောသည်။
"ကြည့်လေ သခင်လေး သူများမယား ခိုးမယ်ဆိုရင်တောင် ကျွန်မတို့နဲ့ တစ်ချိန်လုံးအတူတူ ရှိနေတာ ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဖန်းယွင်ရှန်းက ရယ်ချင်စိတ်ကို အောင့်ထားသော်လည်း ရှောင်အိုက်စကားကြားတော့ မနေနိုင်ဘဲ ရယ်မောလိုက်သည်။
ပန်ပန်ကတော့ မျက်လုံးများကိုမှေးစင်းရင်း သဘောကျဟန်ဖြင့် လက်နှစ်ဖက်ကို လက်ခုပ်တီးသည့်ပမာ ရှေ့သို့ဆန့်ထုတ်လိုက်သည်။
ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးရင်း
"သူများမယားခိုးချင်ရင် ကိုယ်တိုင်တောင် ခိုးစရာမလိုဘူး ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ခိုးခိုင်းလိုက်မှာပေါ့"
ရှောင်အိုက်က မျက်ဝန်းများကို ပြူးကျယ်လိုက်ပြီး
"ဟုတ်သားပဲ"
ဟု ထောက်ခံလိုက်သည်။
ထို့နောက် သူမက ရန်ကျောက်ကဲကို တစ်ချက်ခိုးကြည့်ရင်း
"သခင်ေလး ဒါဆိုရင် ဟိုအပြင်ဘက်လူငယ်ရဲ့ မိန်းမကိုပြန်ပေးဆွဲဖို့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တကယ်ခိုင်းလိုက်တာလား"
ရန်ကျောက်ကဲ မျက်လုံးများလှန်လိုက်ရင်း
"အင်း ထင်တာပဲ"
သီးသန့်အခန်းထဲတွင် ရန်ကျောက်ကဲတို့ အတွေးများနေကြစဉ် အပြင်ဘက်မှလူများကလည်း စကားဆက်ပြောနေကြသည်။
အပြင်ဘက်မှလူငယ်က သတိလက်လွတ်ဖြင့်
"ဘာလို့ ရန်ကျောက်ကဲ (၃)ယောက် ရှိနေရတာလဲ ၊ ဒါက "
တစ်ဖက်လူက
"မနေ့ကညနေခင်းမှာ ရှဲ့အိမ်တော်ကို နေဝန်းထက်ယံသခင်လေးဆိုတဲ့သူ ရောက်လာတယ်လေ ၊ ရှဲ့အိမ်တော်က သူ့ကို ဧည့်ခံထားတာ"
"ဒါပေမဲ့ ညသန်းခေါင်ချိန်ရောက်တော့ နောက်ထပ် နေဝန်းထက်ယံသခင်လေးဆိုတဲ့သူ ထပ်ရောက်လာပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်သူအစစ် ဘယ်သူအတုဆိုတာ ငြင်းခုံကြပါလေရော"
"အဲဒီပြဿနာမရှင်းနိုင်ခင်မှာပဲ ဒီမနက် တတိယတစ်ယောက်ထပ်ပေါ်လာတာ ၊ တကယ့်ကို ပွဲကြီးပွဲကောင်းပဲ"
စကားပြောနေသူက ခေါင်းခါယမ်းရင်း
"အဲဒါနဲ့ ရှဲ့သခင်ကြီးလည်း စိတ်ညစ်ညစ်နဲ့ ကျူတောပင်လယ်ဒေသကို ရောက်ဖူးတဲ့သူ ဒါမှမဟုတ် နေဝန်းထက်ယံသခင်လေးကိုမြင်ဖူးတဲ့သူ ရှာခိုင်းဖို့ အမိန့်ပေးလိုက်တယ်"
"နေဝန်းထက်ယံသခင်ေလး (၃)ယောက်က တစ်ယောက်မှ မလျှော့ဘူးနော် ၊ ဘယ်သူအစစ် ဘယ်သူအတုဆိုတာကို ငြင်းခုံဖို့ ဒီနေ့ နေ့လည် လူပုံအလယ်မှာ ထိပ်တိုက်တွေ့ဖို့ ဆုံးဖြတ်ထားကြတယ်"
ပြောပြီးသည်နှင့် ထိုသူက ထိုင်ရာမှထရပ်ရင်း သေရည်ခန်းမမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်
"ပြောရင်းနဲ့ အချိန်တောင်နီးလာပြီ ၊ အဲဒီစိတ်လှုပ်ရှားစရာပွဲကို ကျုပ် သွားကြည့်ဖို့ စီစဉ်ထားတယ်"
သူတို့ဘေးနားမှလူများလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြရ်း
"ဟုတ်တယ် ၊ အချိန်နီးနေပြီ ၊ သွားကြရေအာင် ၊ အတူတူသွားကြမယ်"
အနည်းငယ် ဖော်ရွေဟန်ရှိသော လူတစ်ယောက်ကတော့ လူငယ်ကို တစ်ချက် လှမ်းကြည့်ရင်း
"(၃)ယောက်မှာ (၂)ယောက်က အတုဖြစ်ရမယ် ၊ ဒါမှမဟုတ် (၃)ယောက်လုံးလည်း အတုဖြစ်နိုင်တယ် ၊ ဒါဆိုရင် ပွဲကြည့်ပရိတ်သတ်ထဲမှာ တကယ့် နေဝန်းထက်ယံသခင်လေးလည်း ရှိနေနိုင်တယ် ၊ ဒါကြောင့် အခြေအနေသိရအောင် မင်းလည်သွားကြည့်သင့်တယ် ၊ မင်းဇနီးကိုခိုးသွားတဲ့သူက တမင်သက်သက် နေဝန်းထက်ယံသခင်လေးကို သိက္ခာချဖို့ ကြိုးစားနေတဲ့ အတုအယောင် ဖြစ်နိုင်တာပဲလေ ၊ မင်းလိုချင်တဲ့တရားမျှတမှု ဒီပွဲမှာ ရချင်ရနိုင်ပါတယ်"
လူငယ်လည်း အသိစိတ်ဝင်လာပြီး စိတ်လည်းတည်ငြိမ်သွားဟန်ရှိသည်။
သူက ခေါင်းညိတ်ရင်း
"ကောင်းပြီ"
သီးသန့်အခန်းထဲမှာတော့ ရန်ကျောက်ကဲက ရယ်ရမလို ငိုရမလို မျက်နှာထားဖြင့် အကြမ်းပန်ကန်အလွတ်ကို လက်ဖြင့်လှည့်ကာ ကစားနေသည်။
အားဟူက စိတ်အားထက်သန်စွာဖြင့်
"သခင်လေး ကျွန်တော်တို့လည်း သွားကြည့်ရအောင်"
ရန်ကျောက်ကဲက
"မလောပါနဲ့"
ထို့နောက် လက်ခနဲအလင်းရောင်တစ်ချက် တောက်ပသွားပြီး အခန်းထဲတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ပေါ်လာပြီး ချက်ချင်းပြန်လည်ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း
"စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ ၊ ဒီ ဝေလငါးမျှားမြို့တော်က ဘယ်လိုဖုန်းရွှေပညာတွေရှိနေလို့ အတု (၃)ယောက် တစ်ပြိုင်တည်းရောက်လာအောာင် ဆွဲဆောင်နိုင်ရတာလဲ"
အကယ်၍ လူတစ်ယောက်က သူ့အယောင်ဆောင်ပြီး မကောင်းမှုများ ကျူးလွန်သည်ဆိုပါက လှည့်စားသူတစ်ယောက် ဖြစ်နိုင်သည်။
သို့သော် သူတို့ (၃)ယောက်က ဝေလငါးမျှားမြို့တော်ထဲတွင် တစ်ချိန်တည်းနီးပါး ထွက်ေပါ်လာပြီး စုရုံးနေကြသည်ဖြစ်ရာ သူတို့ (၃)ဦးတွင် တူညီသည့်ရည်ရွယ်ချက်ရှိကြောင်း ပြသနေနသည်။
တိုက်ဆိုင်စွာပင် သူတို့ (၃)ယောက်လုံးက တူညီသည့်နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြသည်။
သူတို့ ရန်ကျောက်ကဲအဖြစ် ဟန်ဆောင်ရသည့်အကြောင်းရင်းကတော့ ရန်ကျောက်ကဲက အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် ဆက်ဆံရေးကောင်းသည်ဆိုသော ကောလဟလများကြောင့် ထိုအချက်ကို အသုံးချရန် ကြိုးစားခြင်းဖြစ်မည်ဟု ရန်ကျောက်ကဲ ခံစားရသည်။
လွန်ခဲ့သော နှစ်ဝက်ခန့်က ရန်ကျောက်ကဲ ကျင်းထင်တောင်သို့သွားခဲ့ပြီး တောင်တံခါးအပြင်မှာပင် စောင့်ဆိုင်းရခြင်းမျိုး မရှိဘဲ အရှေ့တောင်ထိပ်တန်းအရှင်သခင်က တစ်ခါတည်း လက်ခံတွေ့ဆုံခဲ့သည်။ ပြီးတော့ အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ တပည့် ၊ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင် ‘ချန်ကျိလျန်’ ကိုယ်တိုင်က ရန်ကျောက်ကဲကို လိုက်ပါပို့ဆောင်ပေးသည့်သတင်းက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။
ကောလဟလများအရ ရန်ကျောက်ကဲ၏ ဇာစ်မြစ်နှင့်အထောက်အထားကို မည်သို့ပင် ထင်ကြေးပေးကြစေကာမူ အရှေ့တောင်ထိပ်းတန်းအရှင်သခင်ကိုယ်တိုင် သူ့ကိုလေးစားသည်မှာ ငြင်းမရသည့် အချက် ဖြစ်သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ရန်ကျောက်ကဲရှေ့ဆက်ရမည့်လမ်းက မည်မျှချောမွေ့နေကြောင်း လူတိုင်း သိရှိနိုင်သည်။
“ယုတ္တိကျကျပြောရရင်တော့ ဒီလိုဟန်ဆောင်ဖို့ဆိုတာ အတော်လေးခက်ခဲတဲ့ကိစ္စပဲ”
ဖန်းယွင်ရှန်းက ဆိုသည်။
“ရှင့်လို ငယ်ရွယ်တဲ့ သိုင်းသူတော်စင်ဆိုတာ ဇာမဏီအတောင် ၊ ချီလင်ဦးချိုလိုမျိုး အရမ်းရှားပါးလွန်းတယ် မဟုတ်လား ၊ ဒီလိုလူမျိုး လောကမှာ ရှိမယ်တောင်မထင်ပါဘူး ၊ အဲဒီလိုလူမျိုးဖြစ်တယ်ဆိုရင်လည်း နဂိုကတည်းက နာမည်ကြီးနေပြီပဲ ၊ ဘာလို့ ဒီလိုမျိုး ဟန်ဆောင်ရဦးမှာလဲ”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကလူတွေများ မွှေနေသလား မသိဘူး ၊ ဒါပေမဲ့ အရှေ့တောင်ပိုင်း နေဝန်းကောင်းကင်နယ်မြေမှာ သူတို့ သွားလာလှုပ်ရှားဖို့ မလွယ်ဘူးမဟုတ်လား”
ရန်ကျောက်ကဲက...
“ဘာမဆို ဖြစ်နိုင်ချေရှိတာပဲလေ”
“လူတစ်ယောက်ရဲ့ အသက်အရွယ်အစစ်အမှန်ကို အကဲဖြတ်ဖို့ဆိုတာက မခက်ပါဘူး ၊ ဒါပေမဲ့ အားလုံးကိုတော့ ခြုံငုံမိမှာ မဟုတ်ဘူး ၊ ဒီတော့ အချက်အလက် တစ်ခုနှစ်ခုလောက်သိရုံနဲ့ လိမ်လည်လှည့်စားလို့ရနိုင်ပါတယ် ၊ ကိုယ့်ထက်ကျင့်ကြံခြင်းအဆင့်မြင့်တယ်ဆိုရင် အသက်အရွယ် အမှန်ကိုလည်း သိနိုင်မှာ မဟုတ်ဘူးလေ”
အသက်အရွယ်အမှန်ကို ဖော်ပြခြင်းမရှိဘဲ လူငယ်တစ်ယောက်အသွင် နေထိုင်ကြသည့် တန်ခိုးစွမ်းအားရှင်များစွာ ရှိကြသည်ပင်။ အချို့ကတော့ လူအများအာရုံစိုက်မှုနှင့် လေးစားမှုရရှိစေရန် အသက်အရွယ်ကို ငယ်ရွယ်အောင် ဖန်ဆင်းထားခြင်း ဖြစ်ကြသည်။
အားဟူက ပြုံးရင်း ရန်ကျောက်ကဲပန်းကန်ထဲသို့ အခါးရည်ထပ်ဖြည့်ပေးလိုက်သည်။
“ဒါပေမဲ့ ဒီ (၃)ယောက်က ရဲတင်းလွန်းတာအမှန်ပဲ ၊ ဟန်ဆောင်ရင်တင်မကဘူး ၊ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရှင်းကြဦးမလို့တဲ့”
အခြားသူများက အစစ်လားအတုလား မသိနိုင််သော်လည်း ထိုသူ (၃)ယောက်လုံးက အတုများဖြစ်ကြောင်း ရန်ကျောက်ကဲတို့ အုပ်စုကတော့ သေချာစွာ သိရှိသည်။
ဖန်းယွင်ရှန်းက...
“ကြည့်ရတာ သူတို့ကိုယ်သူတို့ အတော်လေး ယုံကြည်ချက်ရှိပုံရတယ်”
လူ (၂)ယောက်ရျိလျှင် တစ်ယောက်က အစစ်ဖြစ်ပြီး ကျန်တစ်ယောက်က အတုဖြစ်နိုင်ပေသည်။ သို့သော် (၃)ယောက်ဆိုလျှင်တော့ (၃)ယောက်လုံး အတုဖြစ်နိုင်ချေရှိပေသည်။
သူတို့ထဲမှတစ်ယောက်က ကျန်နှစ်ယောက်ကို လွှမ်းမိုးနိုင်မည်ဆိုလျှင် ထိုသူကို အစစ်ဟု ယူဆရမည် ဖြစ်၏။ အစစ်တစ်ယောက်ထွက်ပေါ်လာလျှင် အတု (၂)ယောက်က ဘာမှလုပ်လို့ရမည် မဟုတ်တော့ပေ။
ကျဉ်းမြောင်းသောလမ်းတွင် တစ်ယောက်နှင့်တစ်ယောက် ဆုံတွေ့ကြပြီဖြစ်ရာ ကျည်ဆံကိုက်ပြီး ဆက်သွားရန်သာရှိပြီး ၊ နောက်ဆုတ်ရန် နည်းလမ်း မရှိပေ။
“အတု (၃)ယောက်ရှိလာတဲ့အတွက် ဝေလငါးမျှားမြို့ကလူတွေ သံသယဝင်ပြီး ငါ့ရဲ့အလင်းပုံရိပ်ကို အသဲအသန် ရှာဖွေကြလိမ့်မယ် ၊ ဒါတောင် သူတို့ (၃)ယောက်က ယုံကြည်မှုအပြည့်နဲ့ ထိပ်တိုက်တွေ့ကြမယ်ဆိုတော့... ဒါက ပဏာမခြေလှမ်းအတွက် တိုက်ပွဲဝင်တယ်လို့ ပြောရမလားပဲ”
ပြောရင်းဖြင့် ရန်ကျောက်ကဲက သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လေထဲ၌ စက်ဝိုင်းပုံဆွဲလိုက်သည်။
ကြယ်တာရာချီစွမ်းအားအနှစ်သာရထွက်ပေါ်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှတွေ့မြင်ရသည့် ပုံရိပ်အတိုင်း လေထုထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။
‘ရှဲ့’အိမ်တော်အပြင်ဘက်တွင် လူပေါင်းများစွာစုဝေးနေပြီး အားလုံးက ရန်ကျောက်ကဲ (၃)ယောက် ရင်ဆိုင်မည့်ပွဲကို ကြည့်ရှုရန် စိတ်လှုပ်ရှားလျှက် ရှိကြသည်။
သိုသော် ဝေလငါးမျှားမြို့တော်၏ အရှင်သခင်များဖြစ်သော ‘ရှဲ့’အိမ်တော်ဆိုသည်က ကြုံရာကျပန်း မည်သူမဆို ဝင်ရောက်နိုင်သောနေရာ မဟုတ်ပေ။
ဝေလငါးမျှားမြို့တော်တွင် သတ်မှတ်ထားသော အဆင့်အတန်းနှင့် ရာထူးကို ပိုင်ဆိုင်ထားသည့် ထိပ်တန်းအဆင့်စွမ်းအားရှင်များကိုသာ အိမ်တော်အတွင်း ဝင်ခွင့်ပြုမည် ဖြစ်၏။
လူအများစုကတော့ သတင်းရရှိရန် အိမ်အပြင်ဘက်မှာသာ စောင့်ဆိုင်းနေကြရသည်။ အချို့တော့ သေရည်ခန်းမထဲတွင်ပင် နေထိုင်ရင်း သတင်းစောင့်ဆိုင်းနေကြသည်။
သေရည်ခန်းမထဲတွင်ထိုင်စောင့်လျှင်လည်း သတင်းသိရမည်ဖြစ်သည့်တိုင် စိတ်လှုပ်ရှားစွာဖြင့် သတင်းအစောဆုံးရရှိချင်သူများကတော့ ‘ရှဲ့’ အိမ်တော်ရှေ့တွင် စုဝေးကြလေသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အိမ်တော်အတွင်းသို့ အလျှင်စလို ဝင်ရောက်ခဲ့ခြင်းမရှိပေ။ သူ၏ ထက်ရှသောမျက်တန်းများက ‘ရှဲ့’အိမ်တော် ဖွဲ့စည်းပုံကို ချိုးဖျက်ကာ အတွင်းမှမြင်ကွင်းများကို တွေ့မြင်နိုင်စွမ်း ရှိသည်။
စုစုပေါင်း အုပ်စု (၄)စုရှိနေပြီး အားလုံးက ထိုင်နေကြသည်။ ပင်မထိုင်ခုံမှာတော့ ဝေလဂိုဏ်းမှလူများနှင့် ‘ရှဲ့’အိမ်တော်မှ လူများ နေရာယူထားကြသည်။
အခြားနေရာများတွင်လည်း လူများထူထပ်နေပြီး ငယ်ရွယ်သည့် လူငယ် (၃)ယောက်ကတော့ သူတို့ရှေ့တွင် အထင်ရှားဆုံး ပေါ်လွင်လျှက် ရှိပေ၏။