လူတစ်ထောင်
Vol. 2 Ch. 14
အခန်း(၁၄)
(လူတစ်ထောင်)
ကီမိုနိုနှင့် မိန်းကလေးက လူသန်ကြီးကိုဘု ကြည့်ကြည့်လိုက်သည်။
Luck တစ်ယောက်က အခြားသူများဖြစ်ပျက်နေတာကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ဤကမ္ဘာတွင်ရှိ ကျင့်ကြံခြင်းမှာ -
ခန္ဓာကိုယ်ရှိ အတွင်းစွမ်းအားများကို ဖော်ထုတ်ကာကျင့်ကြံခြင်းဖြစ်ပြီး ခန္ဓာကိုယ်သန်စွမ်းအောင် ပြုလုပ်ကြခြင်းဖြစ်သည်။
ရေခဲ၊ ရေ၊ မီး၊ လေ၊ မြေကြီး၊ သစ်သား၊ သတ္တုနှင့် ရွှေ၊ အဆိပ် စသည့်စွမ်းအားကိုးမျိုးကို စွမ်းအင်အသုံးချပြီး တိုက်ခိုက်နိုင်အောင်ကြိုးစားလေ့ကျင့်ကြခြင်းဖြစ်သည်။
မီးစွမ်းအင်သမားက မီးသိုင်းကျင့်ပြီး မြေကြီးဓါတ်သမားက မြေကြီးစွမ်းအင်ကို ကျင့်ကြံကြလေ သည်။
S4အဆင့်ရောက်ရှိသူသည် ခန္ဓာကိုယ်အတွင်း ချက်အောက်၌ စွမ်းအင်စုစည်းက အမြုတေဖွဲ့ စည်းနိုင်လေသည်။ ထိုအမြုတေဖွဲ့စည်းနိုင်သူများ၏သက်တမ်းမှာ နှစ်၂၀၀၀ကျော်ရှိပြီး လက်သီး တချက်ဖြင့် ဂြိုလ်ကမ္ဘာတစ်ခုကို ဖျက်ဆီးနိုင်သည်။
လေစွမ်းအင်၏ အနှစ်သာရကိုနားလည်သောကြောင့် S4 အဆင့်သူရဲကောင်းများသည် ကမ္ဘာမြေ ဆွဲငင်အားကို မခံရပဲ လေထဲတွင်ပျံသန်းနိုင်လေသည်။
လူအိုကြီးထန်က ဆက်လက်ပြေးသွားသောကြောင့် လူအားလုံးသူ့နောက်လိုက်ပြေးရလေသည်။
10မိနစ်ခန့်ပြေးပြီးသောအခါ Luckတစ်ယောက်မောပန်းလာသည်။ တွင်းများကိုရှောင်ပြီးပြေးရ သောကြောင့် ပို၍ခက်ခဲလာသည်။
“ဝှီး “ အား အား’’
Luck ရှေ့က နှစ်ယောက်မှာ မဟန်နိုင်တော့ပဲ ပုရွတ်ဆိတ်ကြွင်းထဲကျသွားလေသည်။
မကြာခင်ထိုသူနှစ်ယောက်မှ လေထိုးထားသကဲ့သို့ တကိုယ်လုံးနီရဲကာ ဖောင်းကားလာကြသည်။
နောက်မှလူများလည်း သူတို့ကိုရှောင်ကွင်းကာ အမြန်ကျော်တက်ပြေးသွားကြလေသည်။
Luckနောက်ကို ကြည့်လိုက်တော့ လူအရေအတွက်မှာ 15000ခန့်သာ ကျန်ရှိလေတော့သည်။
“ ဟူး…. မောလိုက်တာ ငါတို့က ဘယ်ထိပြေးရမှာလဲ”
ကတုံးနှင့်လူတစ်ယောက်က မနေနိုင်ပဲရေရွတ်လိုက်သည်။
မကြာမှီ အလံတံထိပ်တစ်ခုကို မြင်လိုက်ရသောကြောင့် အားလုံးဝမ်းသာသွားကြလေသည်။ သို့ပေမဲ့
“အားလုံးပြန်လှည့်မယ်ဟေ့”
လူအိုကြီးထန်ကအော်ဟစ်လိုက်ပြီး လာခဲ့တဲ့လမ်းအတိုင်း ပြန်ပြေးသွားလေသည်။ လူတော်တော် များများဟာ မနေနိုင်တော့ဘဲ ပစ်လဲသွားကြလေတော့သည်။ မကျေမနပ်ရေရွတ်သံများ ထွက်ပေါ် လာသည်။
“တော်ပြီကွာ မလိုက်နိုင်တော့ဘူး”
“ယီးမှပဲ မဖြေတော့ဘူးကွာ”
Luckလည်း လူအိုကြီးထန်နောက် အပြေးလိုက်ရပေပြီ။ တကယ်တွင်လည်း Luckသည် ၄နေရာ မြောက်မှ ပြေးနေရတာဖြစ်ပြီး ရှေ့မှာဦဆောင်သူနှစ်ယောက်မှာ လူပုလေးတစ်ဦးနှင့်ကီမိုနို မိန်းကလေးတစ်ဦးဖြစ်လေသည်။ သူတို့နောက်တွင် တစ်ဖက်လပ်ဖြစ်ပြီး Luckက ၄ယောက် မြောက်ဖြစ်သည်။
ကိုယ်ပိုင်စွမ်းအားများကို သုံး၍ ဆက်လက်ပြေးလာကြပြီးနောက် စမှတ်သို့ ရောက်ရှိရန်နီးလေပြီ။
ကီမိုနိုမိန်းကလေးက သူ့ကျောတွင်ကပ်ချီထားသော တုတ်တစ်ချောင်းကို မြေကြီးပေါ်တွင်ထောက် ၍အရှိန်ယူကာ ပန်းဝင်နိုင်အောင် ကြိုးစားလေသည်။
“ဟိတ် ယား ဝှစ်”
ထိုသို့ လေပေါ်ခုန်တက်လိုက် ကျော်ဖြတ်လိုက်သည်နှင့် အစီအရင်အတားအစီးတစ်ခုပေါ်လာပြီး ကီမိုနိုအား အောက်ကို ရိုက်ချလိုက်ရာ ကားယားကြီးပြုတ်ကျသွားလေသည်။
“ဝုန်း အား”
ကီမိုနို မိန်းကလေးမှာ အောက်ရှိ 10ပေခန့်နက်သော
ပုရွက်ဆိတ်ကျွင်းထဲသို့ တန်းတန်းမတ်မတ် ကိုကျသွားလေသည်။
“အမလေး ကယ်ကြပါအုံး”
ပန်းတိုင်ရှေ့ရောက်ခါနီး Luckနှင့် လူပုမှာတော့ ရုတ်တရက်ကြီးမြေကြီးထဲမှ မြွေကြီးတစ်ကောင် ထွက်လာပြီး Luck နှင့် လူပုကို ရိုက်ထုတ်လိုက်သည်။
“အား ဝှီး ဝုန်း ဝုန်း”
လူပုနှင့် Luck လည်း စွမ်းအားသုံးကာ ကာကွယ်လိုက်သော်လည်း ဘေးနှစ်ဖက်ရှိ ကြွင်းထဲကျသွား လေ၏။
“ဝုန်း အား ”
Luckကရေခဲစွမ်းအားကိုသုံး၍ တကိုယ်လုံးရေခဲများဖြင့် ကာကွယ်ထားလိုက်ပေသည်။
သို့သော်လည်း ပုရွန်ဆိတ်နှစ်ကောင်မှာ အဓိကနေရာကို ကိုက်သွားလေပြီ
“အား အား လုပ်ကြပါအုံး”
ချက်ချင်းဆိုသလိုပင် Luckဟာကြီးမှာ တစ်ထောင်ကျော်ခန့်ဖောရောင်ကားလာပေသည်။
လူပုလေးမှာလည်းမချောင်ပေ တစ်ကိုယ်လုံး အဖုအထစ်များနှင့် ရောင်ကိုင်းနေပေပြီ။
ကီမိုနိုမိန်းကလေးမှာ ရောင်ကိုင်းနေရာမှ မတရားပြူးထွက်လာသောရင်သားအစုံကြောင့် မြေကြီး ပေါ်မှောက်ယက်လှဲချလိုက်လေသည်။
10စက္ကန့်အကြာတွင် လက်မောင်း၌ ဆေးတံဆိပ်တပ်ထားသောလူများရောက်ရှိလာသည်။
ထိုသူတို့၏ လက်ထဲတွင် ဆေးထိုးအပ်များကိုင်ဆောင်ထားပြီး Luckအပါအဝင် ကျွင်းထဲကျသူများ အားလုံးကို လက်မောင်၌ ဆေးထိုးလိုက်လေသည်။
တစ်မိနစ်ခန့်ကြာသော် ရောင်ကိုင်းသူများအားလုံး အရောင်လျော့သွားကြပြီး ပုံမှန်နီးပါး ပြန်ဖြစ် သွားကြသည်။
လူအိုကြီးထန်ရောက်လာပြီး ချောင်းဟန့်ကာ စကားစလိုက်သည်။
“အားလုံးပဲ ပထမစမ်းသပ်မှုက ပြီးသွားပါပြီ 1 ကနေ 1000 အတွင်းဝင်တဲ့သူတွေ အောင်ပါတယ်”
“ဟာ” “ဟင်” “ဟေး”
ဆူညံသံများထွက်လာပေပြီ။
“အားလုံးတိတ်ကြစမ်း”
“ထုတ်ပယ်တဲ့အကြောင်းအရင်းကိုပြောမယ်”
“ပထမဆုံး စိတ်မရှည် သည်းမခံတဲ့သူတွေ ထုတ်တယ်”
“ဒုတိယ ဇွဲလုံ့လမရှိတဲ့သူတွေ ထုတ်တယ်”
“ တတိယ အမောမခံနိုင်တဲ့သူတွေ ထုတ်တယ်”
“စတုတ္ထအချက် လူတွေဟာ ရှေ့ကိုပဲပြေးချင်တယ် နောက်ကိုပြန်ပြေးခိုင်းရင် မပြေးနိုင်တော့ဘူး”
“ဒီစမ်းသပ်မှုမှာ လူတစ်ထောင်ဟာ စိတ်ရှည်သည်းခံသတိထားပြီး သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်နိုင်တယ်”
“ပန်းတိုင်ကိုပြန်အဝင်မှာ ဆင်ထားတဲ့ထောင်ချောက်တွေဟာလည်း စမ်းသပ်မှုပဲ”
“ငါတော့ပန်းတိုင်ရောက်ပြီဟဲ့ဆိုပြီး သတိမထားမိလို့”
“အခုလို မင်းတို့ခံရတာပဲ” “ဒါဟာ သင်ခန်းစာပဲ”
“ဒါကြောင့် မင်းတို့အားလုံးမှတ်ထားဖို့က သူရဲကောင်းတစ်ယောက်က”
“ဘယ်အချိန်မဆို သတိရှိနေရမယ် / သတ္တိရှိရမယ်”
“စိတ်ရှည်ရမယ်၊ ကြိုးစားရမယ်၊ ဇွဲရှိရမယ်”
“ဒါပါပဲ ဒီကနေ့ ပထမစစ်ဆေးခြင်း ပြီးပြီ အခုကြေငြာတဲ့သူတွေ နေခဲ့ပြီး ကျန်တဲ့သူတွေထွက်သွား လို့ရပြီ”
မကြာမှီ လူအများစုမှာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြလေပြီ
လူအိုကြီးထန်ကပြုံး၍
“အားလုံး”
“ ပထမစစ်ဆေးခြင်းကို အခုလူတစ်ထောင်အောင်ပါတယ် ဒုတိယအဆင့်စစ်ဆေးခြင်းကိုမနက်ဖြန် မနက် 7 နာရီ စတင်ပါမယ် အချိန်မှီလာခဲ့ကြပါ။”
“အားလုံးတည်းခိုမဲ့ နေရာကို ပြန်နိုင်ကြပါပြီ”
ဆက်ရန်