← Chapters

ကြောင်မနေနဲ့

Vol. 2 Ch. 15

ကြောင်မနေနဲ့

Vol. 2 Ch. 15

အခန်း(၁၅)

(ကြောင်မနေနဲ့)

Luck တစ်ယောက်မောပန်းစွာဖြင့် ဖြေဆိုသူများ

တည်းခိုရာဝင်းအတွင်း ပြန်လာခဲ့သည်။

“ဟူး ” “ပထမအဆင့်တော့ ပြီးသွားပြီ”

“ဒုတိယအဆင့်ကို ငါအောင်မှဖြစ်မယ် ” Luck ရေရွတ်လိုက်သည်။

Luck ရေချိုးပြီးနောက် စားသောက်ခန်းမဘက်ကို ထွက်လာလိုက်သည်။ စာမေးပွဲဖြေဆိုချိန် အတွင်း မည်သူနှင့်မျှမဆက်သွယ်ရသောကြောင့် Luck မည်သူ့ကိုမျှ ဖုန်းမခေါ်ခဲ့ပေ။

စားသောက်ခန်းမသို့ရောက်သောအခါ Luckဘားတွင်ထိုင်ပြီး ပျော်ရွှင်ခြင်းကိုကော့တေးကိုမှာ လိုက်သည်။ အရက်တစ်မျိုးဖြစ်သည်။ သောက်တဲ့လူတိုင်းပျော်ရွှင်သွားသည်ဟု နာမည်ကြီးလေ သည်။ လက်ရှိတွင် သူ၌ UM4000ကျော်ရှိသဖြင့် သူကောင်းကောင်းသုံးနိုင်သည်။

“ဟား ကောင်းလိုက်တဲ့အရက်”

Luck လျှာဖြင့်နှုတ်ခမ်းသပ်လိုက်သည်။

ဘေးပတ်လည်ကို ကြည့်လိုက်တော့ စားသောက်ခန်းမအတွင်း လူ ၄-၅ ယောက်သာတွေ့ရ လေသည်။

ဟုတ်ပေသည် မနက်ဖြန်အတွက် အကုန်အနားယူကြလေပြီ။

Luck အခွင့်အရေးရရင်တော့ အင်္ဂါဂြိုလ်ပေါ်က မျော့ကြပ်တိုက်ခြောက်နှင့် တန်ပူအရက်သောက် ချင်နေသေးသည်။

အင်္ဂါဂြိုလ်ပေါ်မှာ အုပ်ချုပ်သူပြောင်းလဲခဲ့သည်မျာ 3 နှစ်ခန့်ရှိလေပြီ။

ယခင်ကဂြိုလ်သားမျိုးနွယ်သူပုန်များက ဂြိုလ်တစ်ဝက်ကိုသိမ်းလိုက်သေးသည်။ ယခု အုပ်ချုပ်သူ အစိုးရအဖွဲ့မှ ပြန်လည်သိမ်းယူထားလေသည်။

Luck ရဲ့ရည်မှန်းချက်က ရိုးစင်းလေ၏။

နေရာစုံအောင်လျှောက်သွားမည်။ မစားဖူးတာတွေစားမည်။ တိုက်စရာရှိရင်တိုက်မည်။

တစ်ခါတစ်လေ Luck စဉ်းစားမိသည် သူ့ဘဝက အထီးကျန်လွန်းသည်။ ရစ်ချီနဲ့စကားပြောရတာ ကိုတော့ သူပျော်သည်။

“၁၁နာရီတောင်ထိုးပြီပဲ ငါပြန်အိပ်မှပဲ”

နားရာသို့ Luck ပြန်လာလိုက်သည်။

“အား ” Luck လန့်နိုးလာသည်။

ခေါင်းတွေတအားကိုက်နေသည်။

“ ဟား ဒီအိမ်မက်ဆိုးတွေမက်ပြန်ပြီ” “ဟူး”

Luck ရုတ်တရက်လန့်နိုးလာတော့ မနက် 6 နာရီထိုးနေပြီဖြစ်သည်။

အမြန်ရေချိုး အဝတ်အစားလဲကာ အသက်ရှုကျင့်နည်းကို 15မိနစ်ခန့် ကျင့်ကြံလိုက်သည်။

ထို့နောက် သူဆုအဖြစ်ရထားသည့် ခန္ဓာသန့်စင်ဆေးရည်ကို လိမ်းကြံလိုက်၏။

Luck ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

“အား အခုမှတစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းသွားတာပဲ”

Luck မနက် (၇)နာရီမထိုးခင် 15မိနစ်ခန့် အလိုတွင် စုရပ်ကိုရောက်သွားသည်။

မနေ့ကအောင်မြင်ထားသော လူတစ်ထောင်မှာ

စောစီးစွာရောက်နေလေသည်။ အချို့မှာ အုပ်စု လိုက်စကားပြောနေကြသည်။

မကြာမှီ လူတစ်ဦးလူအုပ်ရှေ့သို့ ရောက်လာပေ၏။

ထိုလူမှာ အနီရောင်အနောက်တိုင်းကုတ်ကို ဝတ်ထားပြီးထိပ်ပြောင်ကာ မျက်နှာလေးထောင့်နှင့် ဖြစ်သည်။

“အားလုံးပဲ ကျုပ်ကတော့ ဒုတိယအဆင့်စစ်ဆေးမည့်သူဖြစ်ပါတယ်”

“အားလုံးကျုပ်နောက်မှာ ရပ်ထားတဲ့ ယျာဉ်ပျံတွေပေါ်ကို တန်းစီပြီးတက်ကြပါ။”

“အခု ဒုတိယစစ်ဆေးမယ့်နေရာကိုသွားမှာဖြစ်ပါတယ်”

Luck တို့အားလုံးကမန်းကန်းယျာဉ်ပျံပေါ်တက်လိုက်ကြသည်။

[တွင် ဝူး]

ယျာဉ်ပျံမောင်းနှင်လာပြီး

နာရီဝက်ခန့်အကြာတွင် ယျာဉ်ပျံပေါ်မှနေ၍ S3ကွန်ကရစ်ဖြင့် ကာရံထားသော ကြီးမားသော ရေကန်ကြီးကို တွေ့လိုက်ရလေသည်။ ရေကန်ကြီးသည် စိမ်းပြာရောင်သန်းနေပြီး အခိုးအငွေ့များ ထွက်ပေါ်နေသည်။ ရေကန်၏ဘေးပတ်လည်အားလုံး အစီအရင်ဖြင့်ကာရံထားလေ၏။

မကြာမီ ယျာဉ်ပျံဆင်းသက်ပြီး ဖြေဆိုသူများအားလုံး မြေပြင်သို့ ရောက်ရှိကြလေသည်။

“တွင် ဝှစ် ” ဒုန်း

“ကဲအားလုံးပဲ နံပါတ်စဉ်အတိုင်း ဒီကန်ထဲကိုဝင်ရမှာ ဖြစ်တယ်” ထိပ်ပြောင်ကပြောလိုက်သည်။

“မင်းတို့လုပ်ရမှာကတော့”

“ရေထဲမှာ ကြာကြာနေဖို့နဲ့ ”

“ပြောချင်တာက”

“ကန်ထဲမှာရှိတဲ့ငါးတွေကို များများသတ်ပြီးဖမ်းဖို့ပဲ”

“ဒီကန်ထဲကရေက မာကျူရီဂြိုလ်ပေါ်က ဖြစ်တယ်”

“လေးလံသိပ်သည်းပြီး ရေအောက်မှာ အသက်မရှုနိုင်ဘူး”

နောက်တစ်ခုက ကန်ထဲကငါးတွေပဲ

“ငါးတွေက လူသားစားငါးတွေဖြစ်ပြီး တိုက်ခိုက်တက်တယ်”

“အခု လူ 100 တစ်ခါစီဝင်သွားပြီး 15 မိနစ်တောင့်ခံထားနိုင်တဲ့သူ အောင်မှာဖြစ်တယ်”

“ကဲစကြတော့”

Luckက အဆင့်(၄)ဖြစ်တဲ့အတွက် ပထမဦးဆုံးဝင်ရမှာဖြစ်သည်။

Luckတို့ 100ယောက် ဝင်ရောက်သွားခဲ့လေသည်။

ကန်ထဲရောက်ရောက်ခြင်း သတိထားမိတာကတော့ စိမ်းရွှေရွှေအနံအသက်ကြီးပင်ဖြစ်သည်။ ရေက   လူပခုံးခန့်သာ ရှိလေသည်။

Luckရေကန်ထဲသို့ဆင်းလိုက်သည်နှင့် တောင်ကြီးတစ်တောင်ပခုံးပေါ်ထမ်းထားရသလို ဖြစ်သွား သည်။

“အမလေး ” “အား ဝုန်း” အချို့မှာ ချက်ချင်းခေါင်းနစ်သလိုဖြစ်သွာပြီး ရေအောက်ကြမ်းပြင်ထိသွား သလို အချို့မှာလည်း လူသားစားငါးတစ်ချို့ကိုက်ဖြတ်ခြင်းကို ခံရပေသည်။

Luckကတော့ အချိန်မှိ တောင့်ခံနိုင်လိုက်သောကြောင့် ခေါင်းမနှစ်သွားပေ။

luck အံကြိတ်တောင့်ခံရင်း ငါးနှစ်ကောင်က သူ့ကို ဆူးချွန်ဖြင့် ထိုးလေသည်။ Luck ရေခဲစွမ်းအားကို သုံး၍ ရေခဲတောင်လက်သီးဖြင့် ရေထဲသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

“ဝေါ ဝေါ ဝုန်း”

အသံအကျယ်ကြီး မြည်ဟီးသွားပြီး Luck ရှေ့တွင် ငါးများသေဆုံးသွားလေပြီ။

ဟားဟား “ ပြီးသွားပြီ” Luckက အော်လိုက်သည်။ ပြီးနောက် ဘေးနားရှိလူများကို အော်ပြောလိုက် သည်။

“ဟေ့လူတွေ မြန်မြန်ငါးတွေလိုက်ကောက်ကြ ကြောင်မနေနဲ့”

ဆက်ရန်

All Chapters