← Chapters

သူရဲကောင်းဖြစ်ပြီ

Vol. 2 Ch. 16

သူရဲကောင်းဖြစ်ပြီ

Vol. 2 Ch. 16

အခန်း (၁၆)

သူရဲကောင်း ဖြစ်ပြီ

Luck က အော်ဟစ်လိုက်သဖြင့် ဘေးနားရှိလူများ

ကြောင်အမ်းနေရာမှ ငါးအသေများကို လိုက်လံ ကောက်ယူ ကြလေသည်။

ဖိအားကို တောင့်ခံနိုင်သော လူအယောက်ခြောက်ဆယ်ခန့်မှာ ဆယ့်ငါးမိနစ်ကြာပြီးနောက် အောင်မြင်သွားလေသည်။

ထိပ်ပြောင်မှာ Luck ၏ ရေခဲစွမ်းအားကို တွေ့ပြီးနောက် ရေခဲမင်းသားဖြစ်ကြောင်း သိရှိသွားလေသည်။

“ အိုး ဒါဆို သူက အခုတလော ထိုင်ဝမ်မှာ နာမည်ကြီးနေတဲ့ ရေခဲမင်းသားဆိုတာလား ”

“ ဒီကလေး မဆိုးဘူးပဲ ” ဟု ရေရွတ်လိုက်သည်။

ဒီတစ်ခါတော့ Luckက ငါးအများဆုံး သတ်နိုင်ပြီး အဆင့်(၁) ချိတ်လေသည်။ ကီမိုနိုနှင့် တစ်ဖက်လပ်က 2,3 ဖြစ်ပြီး 4 က

လူပုလေးဖြစ်လေသည်။

“ တီ ” “ ပထမအဖွဲ့ ပြီးပြီ နောက်တစ်သုတ် ဝင်မယ် ” ထိပ်ပြောင်က အော်လိုက်သည်။

ဤသို့ဖြင့် တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရေကန်အတွင်း ဝင်ရောက်ခဲ့ကြပြီး နောက်ဆုံးတွင် စမ်းသပ်မှု ပြီးဆုံးသွားလေသည်။

ထိပ်ပြောင်က ရင်ဘတ်တွင် တပ်ဆင်ထားသော ခလုပ်တစ်ခုကို နှိပ်လိုက်လေသည်။ စမ်းသပ်မှုကျဆုံး သွားသော လူများ၏ ကိုယ်ပေါ်တွင် အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အောင်မြင်သူများကတော့ အစိမ်းရောင် ထွက်လာသည်။

ထိပ်ပြောင်၏အသံမှာ စွမ်းအားထည့်ထားသောကြောင့် လူများအားလုံး ရှင်းလင်းစွာ ကြားရလေသည်။

“ အားလုံပဲ ကျရှုံးသူတွေ အနောက်တံခါးပေါက်က ပြန်လို့ရပါပြီ နောက် နှစ်နှစ်ကျရင် ကံကောင်း ပါစေ ”

“ အခု အောင်မြင်တဲ့ အယောက် ခြောက်ရာက တတိယစမ်းသပ်မှုဖြစ်တဲ့ သုတနဲ့နည်းပညာစစ်ဆေးပွဲ ကို ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ”

“ ညနေ ငါးနာရီမှာ စတင်မှာဖြစ်ပြီး အခု အနားယူလို့ ရပါပြီ ”

Luck တစ်ယောက်မှာ အခုမှပဲ အပူလုံး ကျသွားလေတော့သည်။

“ ဟေး ငါတို့ အောင်ပြီကွ ” လူအချို့ကလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

မကြာမီ သူတို့ တည်းခိုရာကို ပြန်လာကြသည်။ မထင်မှတ်ဘဲ သူတို့လေးယောက် တွဲမိသွားကြလေသည်။

တည်းခိုရာခန်းအထဲကို ဝင်လာကြပြီး စားသောက်ဝိုင်းတွင် ထိုင်လိုက်ကြသည်။

ကီမိုနိုမိန်းကလေးက “ ဟလို ကျမနာမည် နိုရာပါ ” စတင်မိတ်ဆက်လိုက်သည်။

“ ကျနော်က Luck ပါ ”

“ ငါက ကီကီ ” လူပုလေးက မိတ်ဆက်လိုက်သည်။

“ ကျေးဇူးပဲ ဘောကြီးရေ မင်းကျေးဇူးနဲ့ ငါးအများကြီး မိသွားတယ် ဟား ဟား ”

“ ငါက Stone ပါ ”

“ သူများကို ဘောကြီး မခေါ်နဲ့ ရှင်ကျတော့ နှာခေါင်းလို့ အခေါ်ခံရမယ် ” နိုရာက မျက်နှာနီရဲသွားပြီး ပြောလိုက်လေသည်။

Luck တစ်ယောက် အဝှာကို ပုရွက်ဆိတ် အကိုက်ခံလိုက်ရပြီးကတည်းက အုပ်စုထဲတွင် ဘောကြီးနာမည် တွင်နေကြောင်း အခုမှ သိရလေသည်။

Luck က စတင်ပြောလိုက်သည်။

“ ညနေ ဖြေရမဲ့ သုတက တော်တော်ခက်ရင် ဒုက္ခပဲ ”

“ ဘာမှ မပူနဲ့ စိတ်အေးအေးထားပြီး စဉ်းစားဖြေ ”

နိုရာက အားပေးလိုက်သည်။

Luck က နိုရာကို အကဲခတ်လိုက်သည်။

နိုရာကတိုကျိုကဖြစ်ပြီး ဂျပန်မလေး ဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက် ကလည်း တောင့်တင်းကျစ်လစ်လေ၏။

စားသောက်ပြီးနောက် အားလုံး အိပ်ခန်းတွင် အနားယူနေကြလေပြီ။ တစ်နာရီခန့် အနားယူပြီးနောက် Luck က

တက်ဘလက်တစ်ခုဖြင့် သုတနှင့်နည်းပညာအကြောင်းကို လေ့လာနေသည်။

မကြာမီ ညနေခင်းကို ရောက်လာလေပြီ။

Luck တို့ ဖြေဆိုသူ ခြောက်ရာကျော်လည်း ထိပ်ပြောင်ရပ်နေသော ကွင်းပြင်ကို အမြန်ဆုံး သွားကြလေသည်။

ကွင်းပြင်၏အနောက် မီတာနှစ်ရာခန့်အကွာတွင် အဆောက်အဦးတစ်ခု ရှိလေသည်။ ထိုအဆောက်အဦး မှာ စာမေးပွဲခန်း ဖြစ်လေသည်။

ထိပ်ပြောင်က စတင်ပြောဆိုလိုက်သည်။

“ အားလုံးပဲ တတိယမြောက် စစ်ဆေးခြင်း စတင်ပါမယ် လူတစ်ရာ အရင်ဝင်ရမှာ ဖြစ်တယ် ”

“ အခန်းထဲမှာရှိတဲ့ ထိုင်ခုံမှာထိုင်ပြီး ရှေ့ကမျက်နှာပြင်မှာ ”

“ သိတဲ့အတိုင်း ဖြေလိုက်ကြပါ ” “ ကင်မရာတပ်ထားတာကြောင့် မင်းလှုပ်ရှားမှုကို အားလုံး မြင်နေရပါတယ် ” “ အားလုံး ကံကောင်းကြပါစေ ”

Luck တို့လည်း မိမိအတွက် သတ်မှတ်ထားသော တံခါးအတွင်း ဝင်ရောက်လာခဲ့ပြီး ထိုင်ခုံနံပါတ် (1) တွင် Luck ထိုင်လိုက်လေသည်။

Luck တစ်ယောက် 4D မျက်မှန်နှင့် နားကြပ်ကို တပ်လိုက်ပြီး ရှေ့ရှိ မျက်နှာပြင်ပေါ်ကို လက်ဗွေနှိပ်လိုက်သည်။

“ တီ ”

Luck ဖြေဆိုမည်ကို စတင်နှိပ်လိုက်သည်။ မေးခွန်းကျလာလေပြီ။

[အမှောင်ပင့်ကူများအကြောင်း သိသလောက်ရေးပါ ]

[ ပင့်ကူအကိုက်ခံရပါက မည်သို့ ကာကွယ်ရမည်နည်း ]

Luck ဝမ်းသာသွားပြီး ဖြေဆိုလိုက်သည်။

[ အမှောင်ပင့်ကူများသည် မြန်မာပြည်တွင် အများဆုံး တွေ့ရပါသည်။ အချိန်မီ ဆေးမထိုးလျှင် အင်္ဂါအစိတ်အပိုင်းများ ဆွေးမြေ့ကာ ပြတ်ကျပြီး သေဆုံးနိုင်ပါသည်………… ]

[ တွင် ]

ဒုတိယမေးခွန်း [ အင်္ဂါဂြိုလ်ပေါ်မှ အကြမ်းဖက်သမားများ၏ ပုန်ကန်မှု နည်းစနစ်များကို ရှင်းပြပါ ] မေးခွန်အားလုံးကို Luck လည်း သိသလောက် ရေးပေးလိုက်သည်။

ဒီလိုနှင့် ဖြေဆိုချိန် နာရီဝက်ပြီးဆုံးပြီးနောက် Luck တို့ ပြန်ထွက်လာကြသည်။ ဖြေဆိုသူအားလုံး ပြန်ထွက်လာချိန်တွင် အဖြေများကို ဒီဂျစ်တယ်ဘုတ်ပြားတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။

Luck ရင်တွေ တဒိန်းဒိန်း ခုန်နေသည်။

ဒီဂျစ်တယ်ဘုတ်ပြားတွင် ဖြေဆိုအောင်မြင်သူများ စာရင်းပေါ်လာလေပြီ။

နံပါတ်(1) နိုရာ ဂျပန် ဆာကူရာဒေသ

နံပါတ်(2) စတုန်း ရုရှား

နံပါတ်(3) ကီကီ မြေထဲပင်လယ်

နံပါတ်(4) ရှင်းရှင်း တရုတ်

နံပါတ် 50 အထိ Luck ရဲ့ နာမည် မပါပေ။ Luck တစ်ယောက် စိတ်လှုပ်ရှားကာ တီးတိုး ရေရွတ်နေလေသည်။

“ ဘုရား ဘုရား ငါ ပါပါစေ ”

Luck မျက်လုံးမှိတ်ပြီး ဆုတောင်းနေလေသည်။ ရုတ်တရက် နိုရာက Luck ကို ပြောလိုက်သည်။

“ ဟေ့ Luck ဟိုမှာ နင့်နာမည် ကြည့်လိုက် ဟား ဟား ”

“ တွေ့လား 165 မှာ နင့် နာမည် ”

“ နင် အောင်သွားပြီ ”

Luck တစ်ယောက် ဘုတ်ပြားကို ကြည့်လိုက်ပြီးနောက် ပျော်ရွှင်သွားလေပြီ။

“ ဟား ဟား ငါအောင်ပြီကွ ”

“ငါ သူရဲကောင်းဖြစ်ပြီကွ ”

Luck တစ်ယောက် ဝမ်းသာလွန်း၍ မျက်ရည်များ ကျဆင်းလာသည်။ ထို့နောက်

“ အမေတို့ သား သူရဲကောင်း ဖြစ်ပြီဗျ ” ဟု အော်ဟစ်လိုက်လေသည်။

Luck တို့ ဖြေဆိုသူများတွင် 550 အောင်မြင်ခဲ့လေပြီ။ ဘေးနားရှိ လူများကလည်း ဝမ်းသာစွာ အော်ဟစ်နေကြ လေသည်။

မကြာမီ ထိပ်ပြောင် ထွက်လာပြီး အားလုံးကြားအောင် ပြောလိုက်သည်။

“ အောင်မြင်တဲ့သူတွေ အခုကစပြီး သူရဲကောင်း ဖြစ်ပြီ ဒါပေမယ့် ဒါ အစပဲရှိသေးတယ် မင်းတို့ သင်တန်း လေးလတက်ရအုံးမယ် ပြီးရင် ကွင်းဆင်းတာဝန်တစ်ခု ဆောင်ရွက်ရမယ် အခု လိုက်ဝေထားတဲ့ ရင်ထိုးတံဆိပ် တွေကို တာဝန်ချိန်မှာ အမြဲတပ်ဆင်ထားရမယ် ကြားကြလား ”

အားလုံး တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

“ ဟုတ်ကဲ့ ဆရာ ”

All Chapters