← Chapters

သေမျိုးနှင့် မသေမျိုးချီ

Vol. 43 Ch. 589

သေမျိုးနှင့် မသေမျိုးချီ

Vol. 43 Ch. 589

ထုံရို့ပင်းနှင့် ရှီရှန်းယန်တို့က တိုက်ပွဲအတွက် မျှော်နန်းဆောင်အတွင်း ဝင်ရောက်သွားကြသည်။ ပြိုင်ပွဲဝင်များ၏ အလယ်တွင် ပိတ်ကားချပ်တစ်ခု ပေါ်ထွက်လာပြီး အရာအားလုံးကို ပြသထား၏။

ထိုလူနှစ်ဦးက တောင်နှင့် တောအုပ်များ အဝေးတွင် ရှိသည့် လွင်ပြင်ကျယ်တစ်ခုတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် အိမ်များမရှိသလို သက်ရှိများလည်း မရှိဘဲ အဆုံးမဲ့အစိမ်းရောင်သာ ရှိသည်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ပြီးသည့်နောက် သူတို့၏ အရှိန်အဝါနှင့် အဟုန်ကို စုစည်းလိုက်ကြသည်။ ထို့နောက် ရှီရှန်းယန်က စတင်တိုက်ခိုက်လိုက်၏။ သူမက လက်ကိုဝှေ့လိုက်ပြီးသည့်နောက်တွင် ဧရာမဂလက်ဆီသန်းပေါင်းများစွာကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူမက တစ်ဖက်သူအပေါ် ကျရောက်စေလိုက်သည်။

ဒီတိုက်ကွက်က…

ထုံရို့ပင်းက တွေးလိုက်သည်။

ငါ ဘယ်စည်းမျဉ်းမှ မခံစားမိဘူး။ ဒါက သန့်စင်တဲ့ စွမ်းအားသက်သက်ပဲ။ ဒါက ကြယ်တာရာချီများလား…

ထုံရို့ပင်းက ကျဆင်းလာသည့် ဂလက်ဆီကို လက်ညှိုးထိုးလိုက်ပြီးနောက် အမှုန့်ဖြစ်တည်ရေးအဆောင်ကို အသုံးပြုလိုက်သည်။ သူမ၏ အဆောင်က ဤကမ္ဘာ၏ စည်းမျဉ်းနှင့် ပဲ့တင်ထပ်မှုဖြစ်လာကာ တိုက်ကွက်ကို ချေမှုန်းဖို့ ကြိုးစားလိုက်ပြီးသည့်နောက် မူလချီပုံစံ ပြန်ပြောင်းလိုက်သည်။

ကံဆိုးစွာဖြင့် သူမက ကျရှုံးသွား၏။

ထို့ကြောင့် ထုံရို့ပင်းက မျက်မှောင်ကြုတ်ကာ နောက်ထပ် အဆောင်တစ်ခုကို အလျင်အမြန် ထုတ်သုံးလိုက်ရသည်။

ဝါးမျိုရေးအဆောင်

ထုံရို့ပင်းရှေ့တွင် သေးငယ်သည့် သင်္ကေတတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ထိုအရာက စက္ကန့်ပိုင်းအတွင်း ဂလက်ဆီအကုန်လုံးကို ဝါးမျိုသွား၏။ သို့သော်လည်း သူမက အန္တရာယ်မှ ကင်းလွတ်သေးဟန်မပေါ်ပေ။ သူမက ဂလက်ဆီများကို ဖြေရှင်းပြီးသည်နှင့် သူမ၏ ပတ်ဝန်းကျင်က ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။

ဘေးဖက်တွင် အနက်ရောင်စက်လုံးကြီးရှိနေပြီး တခြားတစ်ဖက်တွင် တူညီသည့် အဖြူရောင် စက်လုံးကြီး ရှိနေသည်။

အဖြူရောင်နှင့် အနက်ရောင် တွင်းပေါက်…

သူမက တွေးလိုက်မိသည်။ သူမ တွေးသည်က မှန်ကန်နေခဲ့၏။ ဘယ်ဖက်တွင် သူမအား ဝါးမျိုပစ်လိုသည့် အားကောင်းသည့် မြေဆွဲအား တစ်ခုရှိပြီး ညာဖက်တွင်မူ သူမအား ချေမွပစ်ချင်သည့် အားကောင်းသော မြေတွန်းအားတစ်ခု ရှိလေသည်။

အလယ်တွင် ရှိနေပါက ဆက်တိုက်တွန်းကာ ဆက်တိုက်အဆွဲခံရသည့် ခံစားချက်မျိုးက အိပ်မက်ဆိုးလိုသာ ဖြစ်နေလိမ့်မည်။ ထို့ကြောင့် ထုံရို့ပင်းက အလျင်အမြန် တုံ့ပြန်လိုက်၏။

မြေဆွဲအားပယ်ဖျက်ခြင်း အဆောင်

သူမက တွင်းနက်ကြီးများ၏ မြေဆွဲအားကို ဖယ်ရှားဖို့ အလိုအလျောက်အဆောင်ကို အသုံးပြုလိုက်သည်။ ထို့နောက် သူမက စတင်တိုက်ခိုက်လိုက်၏။

စွမ်းအားဖိနှိပ်ရေးအဆောင်

ထုံရို့ပင်းက ရန်သူသည် သူမ၏ ချီသက်သက် သို့မဟုတ် စွမ်းအင်သက်သက် တိုက်ကွက်များကိုသာ အသုံးပြုကြောင်း သတိထားမိလိုက်သည်။ သူမ၏ မန္တန်အားလုံးက မူမမှန်လောက်အောင် အားကောင်းလှ၏။ ထို့ကြောင့် ထုံရို့ပင်းအနေနှင့် ထိုသူသည် စွမ်းအင်သက်သက် ကျင့်ကြံသူဖြစ်ဖို့ရာ ၇၀ ရာခိုင်နှုန်း သေချာလေသည်။ ရှီရှန်းယန်၏ ဇစ်မြစ်က အာကာသမျိုးနွယ်ဖြစ်နေသည် မဟုတ်ပါလော။

သူမ၏ စည်းမျဉ်းကို ဝှက်ဖဲအနေနှင့် ဝှက်ထားသည်မှာ ၂၀ ရာခိုင်နှုန်း ဖြစ်နေနိုင်သည်။ သို့သော်လည်း အကယ်၍ ထိုသို့ဖြစ်နေပါက ထုံရို့ပင်းသည် ဤတိုက်ပွဲသည် သူမ ထင်ထားသည်ထက် ပိုမိုခက်ခဲကြောင်း သိလိုက်သည်။

ကျန်ရှိနေသည့် ဆယ်ရာခိုင်နှုန်းအတွက်မူ  ချီတိုက်ကွက်များက သူမ၏ စည်းမျဉ်းထက်ပင် ပိုမိုအားကောင်းနေနိုင်သည်။ ထို့ကြောင့် သူမက တိုက်ပွဲအတွက်သာ အသုံးပြုလေ့ရှိသည်။ ထိုကောက်ချက်ချမှုက အကျိုးအကြောင်း သင့်သော်လည်းနောက်ကွယ်တွင် အမှန်တရားတချို့ရှိနေသည်။

စွမ်းအင်သက်သက် နည်းစနစ်များသည် စည်းမျဉ်းထက် အားနည်းလာသည်။ အကြောင်းအရင်းမှာ သူတို့က တတိယတန်းစားဧကရာဇ်ကိုသာ ဖန်တီးပေးနိုင်နေ၍ ဖြစ်သည်။ စည်းမျဉ်းနှင့် တာအိုတို့က မဟာတာအိုအရင်းအမြစ်၏ အခွဲမျှသာ ဖြစ်၏။ ထို့ကြောင့် ကျင့်ကြံသူများက မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ မပြင်ဆင်ခင် သူတို့ကိုယ်သူတို့ နားလည်အောင် လုပ်ရသည်။

သို့သော်လည်း သန့်စင်ချီကျင့်ကြံသူများက ထိုသို့ အခွင့်အရေးမျိုး မရှိပေ။ ကောင်းကင်အလိုဆန္ဒကို ရယူပြီးသည့်နောက်တွင် ကောင်းကင်က မဟာတာအိုအရင်းအမြစ်ကို တိုက်ရိုက်နားလည်စေပြီး တတိယတန်းစားဧကရာဇ်များကို ဖန်တီးခဲ့သည်။ အဆုံးမဲ့လေဟာနယ်၏ သမိုင်းကြောင်းတစ်လျှောက်တွင် စွမ်းအားသက်သက် ကျင့်ကြံရေးနည်းစနစ်မှ ထာဝရဧကရာဇ် ဖြစ်လာဖူးသူတစ်ဦးသာ ရှိ၏။

ထုံရို့ပင်း၏ အဆောင်ဆီမှ ထူးဆန်းသည့် စွမ်းအားစက်ကွင်းတစ်ခု ထွက်ပေါ်လာပြီး ရှီရှန်းယန်ကို ဝန်းရံသွားသည်။ ထိုစက်ကွင်းသည် သူမ၏ ချီစွမ်းအားနှင့် ထိန်းချုပ်မှုကို ကန့်သတ်ထား၏။

သို့သော်လည်း ရှီရှန်းယန်က နှာခေါင်းရှုံ့လိုက်သည်။ သူမက တစ်ဖက်လူဆီ လက်နှစ်ချောင်းဖြင့် လက်ညှိုးလိုက်၏။ ထို့နောက် သူမ၏ ချီက ယခင် ကြယ်တာရာဓာတ်မှ အာကာသဓာတ်အဖြစ် ပြောင်းလဲသွားသည်။

အာကာသဖိနှိပ်ရေးမန္တန်

ထုံရို့ပင်းအနေနှင့် သူမ ဝန်းကျင်ရှိ အာကာပြင်သည် သူမအား ဘီစကစ်သဖွယ် ဖိနှိပ်နေကြောင်း ခံစားမိလိုက်သည်။ သူမက ထွက်မပြေးနိုင်သလို ကူးသန်းသွားလာ၍လည်း မရပေ။ သူမက အာကာပြင်တွန့်လိမ်ခြင်း အဆောင်ကို အသုံးပြုကာ ပတ်ဝန်းကျင်၏ ထိန်းချုပ်မှုမှ လွတ်မြောက်ဖို့ ကြိုးစားလိုက်သည်။

ကံဆိုးစွာဖြင့် သူမက မန္တန်၏ သက်ရောက်မှုကို အနည်းငယ်မျှသာ နှောင့်နှေးနိုင်ခဲ့သည်။

တစ်ခုခုတော့ မှားနေပြီ။ သူမရဲ့ မန္တန်က အရမ်းကို အားကောင်းလွန်းတယ်…

သူမက မူမမှန်သည့် အခြေအနေကို ကောင်းမွန်စွာ သုံးသပ်ဖို့ အချိန်မရှိဘဲ တိုက်ပွဲကိုသာ အာရုံစိုက်ထားလိုက်ပြီး အာကာသစည်းမျဉ်း၏ အလားအလာအပြည့်အထိ မရောက်ရှိနိုင်သည့်  အာကာသနှင့် သက်ဆိုင်သော အဆောင်ကို ဖန်တီးဖို့ ပဲ့တင်ထပ်မှုစည်းမျဉ်းကို အသုံးပြုလိုက်သည်။ ထိုအရာမှာ ထုံရို့ပင်းအနေနှင့် အာကာသကို သူမ၏ အရန်စည်းမျဉ်းအနေဖြင့် နားလည်မလိုသရွေ့ စွမ်းအားနည်းနည်းသာ ထုတ်သုံးနိုင်လိမ့််မည်။

သူမက မပြီးဆုံးသေးပေ။ သူမက အဆောင်၏ စွမ်းအားကို မြှင့်တင်ဖို့ အခြား‌သော နည်းလမ်းများကို အသုံးပြုလိုက်၏။ သူမက လက်ဝေ့လိုက်ပြီးသည့်နောက်တွင် အာကာပြင်တွန့်လိမ်ခြင်း အဆောင် ကိုးခုအထက် ဖန်တီးလိုက်သည်။

ထို့နောက် သူမက ကျွမ်းကျင်အတတ်ပညာ၏ အဆင့်မြင့် နည်းစနစ်ဖြစ်သည့် တစ်ပြိုင်နက်လှုပ်ရှားခြင်းကို အသုံးပြုလိုက်သည်။ ထုံရို့ပင်းက တူညီသည့် အဆောင်များစွာကို အသုံးပြုပြီး သူတို့အားလုံးကို ပေါင်းစည်းကာ ထိန်းချုပ်မှုကောင်းကောင်းမှတဆင့် သူတို့၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သည်။

ထို့ကြောင့် သူမရှေ့တွင် သင်္ကေတများပါဝင်သည့် အဝါရောင်စာရွက်ပုံစံဖြင့် အစီအရင်ကိုးခုက တုန်ခါလာပြီး အစိမ်းရောင် မျဉ်းတစ်ခုမှ ဆက်သွယ်ကာ တစ်သားတည်းအဖြစ် ပေါင်းစည်းသွားကြသည်။

ဝုန်း

ထုံရို့ပင်း၏ ပတ်ဝန်းကျင်တွင် အာကာပြင်က ကွဲသွားပြီး သူမက လွတ်မြောက်လာ၏။ သူမက စိုက်ကြည့်ကာ ပြောလိုက်သည် “ နင်က ဧကရာဇ်ငယ်ပဲ”

“ နောက်ဆုံးတော့ သိသွားပြီပေါ့”

“ မင်းရဲ့ စွမ်းရည်က ချီအခြေခံ မန္တန်တွေကို မြှင့်တင်ပေးနိုင်တဲ့ပုံပဲ။ ဒါပေမဲ့ ပြီးတော့ မင်းက ပိုင်နက်တစ်ပိုင်း စွမ်းအားတွေကို အာရုံမခံနိုင်ဘဲ အသုံးပြုနိုင်တယ်”

ရှီရှန်းယန်က ဘာမှမပြောဘဲ ပြုံးလိုက်သည်။ သူမ ငယ်စဉ်အခါက မျိုးနွယ်၏ ခေါင်းဆောင်သည် သူမအား အပြင်းအထန် လေ့ကျင့်ပေးခဲ့ပြီး သူမ၏ တာအိုနှလုံးသားကို အဆုံးစွန်နည်းလမ်းများဖြင့် လေ့ကျင့်ပေးခဲ့သည်။ ယခင်က သူမသည် နောင်တက်မည့် ခေါင်းဆောင်ဖြစ်၍သာ အပြင်းအထန် လေ့ကျင့်ရသည်ဟု တွေးခဲ့မိသည်။

သို့သော် ယခုတွင် ရှီရှန်းယန်က မျိုးနွယ်သည် နှစ်များစွာအတွက် ဖြစ်နိုင်ချေကို ပြင်ဆင်လာခဲ့ကြောင်း သဘောပေါက်သွား၏။ သူတို့က လက်ရှိအပြောင်းအလဲကို ယခင်ကတည်းက ခန့်မှန်းထားခဲ့နိုင်ဟန်ပေါ်သည်။

အာကာသမျိုးနွယ်၏ ကြာရှည်စွာ တည်ရှိမှုနှင့် နောက်ခံတို့ကြောင့် သူတို့တွင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ရောက်ရှိလာမည့် အပြောင်းအလဲများကို ခန့်မှန်းဖို့ ထူးခြားအံ့ဖွယ် နည်းလမ်းများရှိသည်ဆိုလျှင်ပင် အံ့ဩမိမည် မဟုတ်ပေ။ သူမက လူတော်တော်များများသည်လည်း ပြင်ဆင်နေကြောင်း ခန့်မှန်းမိလိုက်၏။

ဒီအမျိုးသမီးက ပါရမီရှိတယ်။ အာကာသဓာတ်နဲ့ အဆောင်ကို တစ်ပြိုင်နက်လှုပ်ရှားခြင်းကို အသုံးပြုနိုင်တာက မွေးရပ်မြေက သေမျိုးတချို့ပဲ လုပ်နိုင်တဲ့အရာမျိုး…

တစ်ပြိုင်နက်လှုပ်ရှားမှုက အဆင့်မြင့် ပညာရပ်တစ်ခု ဖြစ်သော်လည်း ခက်ခဲမှုအဆင့်များစွာ ရှိလေသည်။ နမူနာအားဖြင့် အာကာသဓာတ်အဆောင်အပေါ် တစ်ပြိုင်နက်လှုပ်ရှားခြင်းက မီးဓာတ်ထက် သုံးဖို့ အဆထောင်ချီ ပိုမိုခက်ခဲသည်။

ငါ အလေးအနက်လုပ်မှ ဖြစ်တော့မယ်…

လျှို့ဝှက်နည်းစနစ် - ချီစည်းပိတ်ခြင်း

ရှီရှန်းယန်က လက်ခုပ်တီးလိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလို ထုံရို့ပင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ သူမက သူမ၏ အံ့ဖွယ်ပင်လယ်ထဲရှိ မူလအဆီအနှစ်တို့ကို ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားသည်။

ထို့နောက် သူမက သူမ၏ အံ့ဖွယ်ပင်လယ်ရှိ စွမ်းအင်ကို အသက်သွင်းလိုက်ပြီး စွမ်းအင်ထိန်းချုပ်မှုကို ပြန်လည်ရယူလိုက်သည်။

“ အသုံးမဝင်ဘူး” ရှီရှန်းယန်က ပြောလိုက်သည် “ မင်းက ငါ့လောက် တူညီတဲ့ စွမ်းအားထိန်းချုပ်မှုမျိုး မရှိသရွေ့ ဒီဟာကို မချိုးဖောက်နိုင်ဘူး”

ထုံရို့ပင်းက ထိုအရာကို မယုံကြည်ဘဲ စိတ်ထဲမှ တန်ပြန်တိုက်ကွက်ကို အလျင်အမြန် စဉ်းစားနေသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှ ထူးခြားအံ့ဖွယ် စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာကာ သူမ၏ အံ့ဖွယ်ပင်လယ်ကို တားဆီးပြီး ကာကွယ်ပေးထား၏။

တုယီနယ်ပယ်လား။ ငါလည်း အဲ့လိုလုပ်နိုင်တယ်…

ရှီရှန်းယန်က တွေးလိုက်သည်။ သူမက တုယီနယ်ပယ်အဆင့်သည် သူမ၏ လျှို့ဝှက်နည်းစနစ်ကို တိုးမြှင့်ပေးဖို့ အသက်သွင်းခဲ့ပြီး ထုံရို့ပင်း၏ တုယီနယ်ပယ်နှင့် ရင်ဆိုင်ခဲ့သည်။

အာကာသမျိုးနွယ်က တခြားသူများထက် တုယီနယ်ပယ် ဝင်ရောက်စဉ်အခါက အရေးသာချက်တစ်ခု ရှိလေသည်။ ကျင့်ကြံရေးနည်းစနစ်အများစုက စွမ်းအင်စုစည်းရေးအဆင့်တွင် ပုံစံတချို့ ရှိကြသည်။ သူတို့က ထိုနယ်ပယ်အဆင့်တွင် ထူးခြားသည့် ချီကို ဖန်တီးနိုင်သရွေ့ သူတို့သည် တုယီနယ်ပယ်ထဲ ဝင်ရောက်နိုင်ကြသည်။

ကောင်းကင်တာအိုက သူတို့အပေါ် ကန့်သတ်ချက်တချို့ ထားရှိထား၏။ သူတို့၏ ချီက တုယီနယ်ပယ်ကို မရောက်ရှိခင် သေချာသည့် စံနှုန်းတစ်ခုအထိ ရောက်ရှိရမည်။ မည်သို့ပင်ဆိုစေကာမူ အာကာသမျိုးနွယ်ဝင်အတွက် တခြားသော သာမန်ကျင့်ကြံသူများနှင့် ယှဉ်လိုက်လျှင် ပိုမိုလွယ်ကူလေသည်။

တစ်ဖက်လူကို အားနည်းအောင် လုပ်ပြီးသည့်နောက်တွင် ရှီရှန်းယန်က နောက်ဆုံးသော တိုက်ကွက်ကို အသုံးပြုလိုက်သည်။

ဖျက်ဆီးရေး ချီအလင်းတန်း

သူမ၏ လက်ချောင်းဆီမှ ခရမ်းရင့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထုံရို့ပင်းဆီ အံ့မခန်းအလင်းဖြင့် ဝင်ရောက်သွားသည်။ ထုံရို့ပင်းက အလျင်အမြန် တုံ့ပြန်လိုက်၏။ သူမက မူလအဆီအနှစ် ထိန်းချုပ်မှု ပျောက်ဆုံးသွားသော်လည်း သူမတွင် စည်းမျဉ်းကို ထိန်းချုပ်ဖို့ ဝိညာဉ်စွမ်းအား ရှိနေသေးသည်။

ထုံရို့ပင်းက ကာကွယ်ရေးအဆောင် သန်းချီကို ဖန်တီးပြီး တစ်ပြိုင်နက်လှုပ်ရှားလိုက်သည်။ သူမ တစ်ပြိုင်တည်း အသုံးပြုနိုင်သည့် အရေအတွက် ကန့်သတ်ချက်ရှိသည့် အာကာသဓာတ်နှင့်မတူဘဲ သူမက ကာကွယ်ရေးကဲ့သို့ သာမန်အဆောင်များအပေါ်တွင် ကန့်သတ်ချက်မရှိဘဲ အသုံးပြုနိုင်သည်။

ကံဆိုးစွာဖြင့် သူမက အကြွင်းမဲ့ဒိုင်းတစ်ခု ဖန်တီးလိုက်သော်လည်း အလင်းတန်းက ထိုးဖောက်သွားကာ သူမ၏ ရင်ဘတ်ဆီ တစ်လက်မအလိုတွင် ရပ်တန့်သွား၏။

ထုံရို့ပင်းက သက်ပြင်းချကာ ပြောလိုက်သည် “ ကျွန်မ ရှုံးပြီ”

ရှီရှန်းယန်က သူမ၏ တိုက်ကွက်ကို ပယ်ဖျက်လိုက်သည်။

“ အာကာသမျိုးနွယ်က တကယ်ကို ကောင်းချီးပေးခံထားရတာပဲ”

“ အဟုတ်ဘဲ” အာကာသမျိုးနွယ်က ကျင့်ကြံရေးခရီးစဉ်တွင် အဆင့်(၁)မှ အဆင့်(၁၀)အထိ ကောင်းချီးပေးခံရဆုံး မျိုးနွယ်ထဲမှ တစ်ခုအဖြစ် ယူဆနိုင်သည်။ သူတို့၏ မျိုးနွယ်များက တိုက်ပွဲစွမ်းအားကို မြှင့်တင်ပေးဖို့ အားကောင်းသော ချီများစွာကို အသုံးပြုနိုင်ကြသည်။ သူတို့က ဖျက်ဆီးရေးချီ သို့မဟုတ် ဖန်ဆင်းရေးချီ ကဲ့သို့သော အထွတ်အထိပ် တားမြစ်ခံပေါ် အခြေပြုထားသည့် ချီများကိုပင် ထိန်းချုပ်နိုင်ကြသည်။

သူတို့က ထိုချီများကို ထိန်းချုပ်ခြင်းဖြင့် တားမြစ်ခံ စစ်ဆေးမှုကို ဖြတ်သန်းဖို့ မလိုပေ။ လူများစွာက အာကာသမျိုးနွယ်သည် သူတို့၏ သေမျိုးချီကို မသေမျိုးချီအဖြစ် ပြောင်းလဲနိုင်လျှင် ပြိုင်ဘက်ကင်း မျိုးနွယ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။

ကံဆိုးစွာဖြင့် ထိုအရာက ဖြစ်မလာနိုင်ပေ။ ရှီရှန်းယန်က သူမ၏ ဖျက်ဆီးရေးချီကို အဆင့်မြင့်ပုံစံအဖြစ် မပြောင်းလဲနိုင်ပေ။ သူမက အားလုံးကဲ့သို့ ချီအရင်းအမြစ် နေရာလွတ်တွင် ရှာဖွေခဲ့ဖူးသည်။ တချို့သော သေမျိုးချီများက တူညီသည့် မသေမျိုးချီပင် မရှိကြပေ။

ထို့ကြောင့် သူမ တာအိုသက်သေပြပြီးသည့်နောက်တွင် ထိုအရာက အသုံးမဝင်ဖြစ်လာလိမ့်မည်။ ထို့အပြင် အကယ်၍ သူမက တာအိုကို သက်သေမပြဘဲ ဖျက်ဆီးရေးချီကိုသာ ကျင့်ကြံခဲ့လျှင်၊ စည်းမျဉ်းမရှိဘဲ ဖျက်ဆီးရေး မဟာတာအိုအရင်းအမြစ်ဖြင့် တာအိုကို သက်သေပြဖို့ ကြိုးစားခဲ့ပါက သူမသည် ၉၉.၉၉၉ ရာခိုင်နှုန်း သေခြင်းတရားဖြင့် ဆိုးရွားလွန်းသည့် ကောင်းကင်စမ်းသပ်ချက်ကို ဖြတ်ကျော်ရမည်။

သူမ၏ မျိုးနွယ်ဝင်တချို့က ထိုဟာကွက်ကို အသုံးပြုကာ အထွတ်အထိပ် သို့မဟုတ် တားမြစ်ခံတာအိုကို ထိန်းချုပ်ဖို့ ကြိုးစားကြသော်လည်း သူတို့အားလုံးသည် ကောင်းကင်စမ်းသပ်ချက်အောက်တွင် သေဆုံးသွားခဲ့ရသည်။

***

All Chapters