အုပ်ချုပ်ရေးတာအို
Vol. 43 Ch. 590
ဝမ်ဝေ့က တိုက်ပွဲကို ကြည့်နေရင်း ရလဒ်နှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ သူ့တွက်ချက်မှုအရ ရှီရှန်းယန်က ပွင့်ချပ်နှစ်လွှာ အင်အားကို ရှိထားပြီး အောင်းထျန်းယီ၏ အမြင့်ဆုံး ပွင့်ချပ်သုံးလွှာစွမ်းအားထက် အနည်းငယ်မျှသာ အားနည်းလေသည်။ ထို့ကြောင့် သူမက လေးနေရာမြောက် ဖြစ်နေခြင်းဖြစ်သည်။
ထုံရို့ပင်းအတွက်မူ သူမက သူမ၏ အဆောင်သင်္ကေတ ရုပ်ခန္ဓာဖြင့် တူညီသည့် စွမ်းအားအဆင့်မျိုး ရောက်ရှိဖို့ အလားအလာရှိသော်လည်း ယခု မရရှိသေးသည့် အလားအလာသာ ဖြစ်သည်။
လက်ရှိအနေဖြင့် သူမသည် ပွင့်ချပ်တစ်လွှာ ထာဝရအရှင်အဆင့်ပင် မရောက်ရှိသေးပေ။ သူမက ထိုအဆင့်၏ စွမ်းအားကို စတေးမှုတချို့ဖြင့် ရောက်နိုင်ရုံမျှသာ ဖြစ်၏။
အာကာသမျိုးနွယ်က တကယ်ကို ကောင်းချီးခံမျိုးနွယ်တစ်ခုပဲ…
သူက ရှီရှန်းယန် ပြသခဲ့သည့် အင်အားကို သုံးသပ်ရင်း တွေးလိုက်သည်။ သူမသည် ဖျက်ဆီးရေးချီကို အသုံးပြုသည်ကို ကြည့်နေရင်း သူတို့သည် ချီ မည်သို့အသုံးပြုကြောင်း သတင်းအချက်အလက်တချို့ ရရှိလိုက်သည်။
သူတို့က အဆင့် ၁မှ အဆင့် ၁၀အထိ အရေးသာချက်များစွာ ရှိလေသည်။ နမူနာအားဖြင့် အာကာသမျိုးနွယ်ဝင် တစ်ယောက်သည် ပထမတန်းစားဧကရာဇ် ရောက်ရှိပြီး အဆင့်တစ်ဆယ်တွင် ထာဝရဧကရာဇ် တိုက်ပွဲစွမ်းအား ရရှိမည့် ကောင်းကင်မသေမျိုးချီကို ဖန်တီးနိုင်ကြသည်။
ရှီရှန်းယန်က မျှော်နန်းဆောင်မှ ပထမဦးဆုံး ထွက်လာသူဖြစ်ကာ သန့်သန့်ရှင်းရှင်းသာ ရှိနေ၏။ သူမက နေရာတွင် ဝင်ထိုင်လိုက်သည်။ သူမက အောင်မြင်မှု ရသော်လည်း ထုံရို့ပင်း၏ အလားအလာကို ခန့်မှန်းမိသည့်အတွက် ပျော်ရွှင်မနေပေ။
ဒီစွမ်းအားနဲ့ အလားအလာနဲ့တောင် သူမက အသင်္ချေအင်ပါယာကမ္ဘာရဲ့ အကောင်းဆုံး ရွေးချယ်ခံ မဟုတ်သေးဘူး…
ထို့နောက် သူမက ဝမ်ဝေ့အား လှမ်းကြည့်လိုက်သည်။ တာအိုနယ်ရှင် တစ်ယောက်က အသိဉာဏ်နှင့်အင်အား အရိပ်အမြွက် ဖြစ်ကြောင်း သိထားလေသည်။ လူများက တာအိုနယ်ရှင်သည် သူတို့၏ ဉာဏ်ကောင်းမှုနှင့် ကံကောင်းမှုတို့အကြောင်း ကျော်ကြားသော်လည်း သူတို့၏ အင်အားက လျစ်လျူရှုနိုင်မည့် အရာတစ်ခု မဟုတ်ပေ။ ကောင်းကင်တာအိုက သူတို့အား စမ်းသပ်သည့် အကြောင်းအရင်းမှာ သူတို့၏ တာအိုသည် အင်မတန် အားကောင်းလွန်းနေ၍ ဖြစ်သည်။
ငါ ဆုံးဖြတ်ချက်မချခင် သတင်းအချက်အလက် စုံစမ်းနိုင်မလား ကြည့်ရအောင်…
ထုံရို့ပင်းကလည်း မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် မျှော်နန်းဆောင်မှ ထွက်လာသည်။ သူမ မျှော်နန်းဆောင်မှ ထွက်လာသည်နှင့် မူလိန်က သူမဆီ ပျံသန်းလာ၏။
“ သခင်မလေးထုံ အဆင်ပြေရဲ့လား။ အကူအညီလိုသေးလား”
“ ရပါတယ်။ ကျွန်မ ဒဏ်ရာ များများစားစား မရခဲ့ပါဘူး” သူမက တောက်တောက်ပပ ပြုံးကာ ပြောလိုက်သည် “ ဒါပေမဲ့ ကျွန်မ ကျေးဇူးတင်ပါတယ်”
“ မင်း အဆင်ပြေရင် ပြီးတာပါပဲ”
ထုံရို့ပင်းက မူလိန်နှင့် စကားဆက်ပြောပြီးသည့်နောက်တွင် သူမ၏ နေရာဆီ ပျံသန်းလာကာ နောက်ပြိုင်ပွဲကို စောင့်နေလိုက်သည်။
ငါ့အင်အားကို တိုးမြှင့်မှရမယ်။ မူလအဆောင်နဲ့ ပေါင်းစပ်ဖို့ အလျင်လိုလို့ မဖြစ်သေးဘူး။ ဒါပေမဲ့ ငါ သူတော်စင်နယ်ပယ်အဆင့်ကိုတော့ တတ်နိုင်သမျှ မြန်မြန် ဝင်ရောက်ရမယ်။ ပိုင်နက်နဲ့ဆိုရင် ငါ့စွမ်းအားက နောက်ထပ် တစ်ဆင့်ကို ရောက်ရှိသွားနိုင်လိမ့်မယ်…
“ နောက်စိန်ခေါ်သူက ဘယ်သူလဲ” အရှင်စိတ်ဝိညာဉ်က အသံမြှင့်ကာ မေးလိုက်၏။ သူ့ကြည့်ရသည်မှာ ယခင်ပြသထားသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ကျေနပ်နေဟန်ပေါ်သည်။
“ ကျွန်မ စိန်ခေါ်ချင်တယ်” ရှစ်ရို့လန်က ပြောလိုက်သည် “ ကျွန်မရဲ့ ပြိုင်ဘက်က ရှင် ”
သူမက လက်ညှိုးထိုးကာ ကြေညာလိုက်သည်။
“ ငါ ငြင်းတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။
“ ဘာလို့လဲ” သူမက မှားယွင်းသွားသည့် အမူအရာဖြင့် မေးလိုက်သည်။
“ ငါက အရမ်းကို ထင်ပေါ်လွန်းနေတယ်။ တခြားတစ်ယောက်ကို စိန်ခေါ်လိုက်ပါ” သူက ပြောလိုက်ရင်း ချူးလော့ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက ထိုသူသည် ဘာမှမလုပ်ရသေးကြောင်း ညွှန်ပြနေ၏။
“ ကောင်းပြီ။ လက်ရွေးစင် နံပါတ်တစ်ကို စိန်ခေါ်တယ်”
“ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး” ချူးလော့က တည်ငြိမ်စွာ ပြောလာသည်။
“ ဟား…ဟား…ဟား…တကယ်ကို မောက်မာတဲ့သူပဲ။ ကျွန်မရဲ့ စိန်ခေါ်မှုကို လက်ခံမှာလား၊ မခံဘူးလား” ရှစ်ရို့လန်က မေးလိုက်သည်။
“ မင်း သဘောပဲ” ချူးလော့က ကောင်းကင်အထက် ပျံသန်းလာ၏။ ဝမ်ဝေ့က သူ့အား နဝမအဆုံးစွန်အုတ်မြစ်အကြောင်း မထုတ်ဖော်ဖို့ သတိပေးချင်သော်လည်း ရပ်တန့်လိုက်သည်။ ပထမဦးစွာ ချူးလော့သည် သူ့သတင်းပေးချက်ကို နားထောင်မည် မဟုတ်ပေ။ အထူးသဖြင့် ဘာမှရှင်းပြချက် မပါရှိသည့်အခါတွင် ဖြစ်သည်။
ဒုတိယအနေဖြင့် ထိုလူက သူ့အုတ်မြစ်ကို ဖော်ထုတ်ခဲ့လျှင် အာရုံစိုက်မှုသည် သူ့အပေါ် မရှိတော့မည်အတွက် ဝမ်ဝေ့အတွက် အကျိုးကျေးဇူးရရှိလိမ့်မည်။ သူက နဝမအဆုံးစွန်အုတ်မြစ်ကို မဖော်ထုတ်လိုပေ။ သူက ထိုလူများ ရောက်ရှိလာကတည်းက သတိထားခဲ့၏။
တစ်ခုတည်းသော ပြဿနာက ချူးလော့နှင့် အရှင်စိတ်ဝိညာဉ်တို့က ယီထွေ့ကျစ်နှင့် သူ့တိုက်ပွဲအတွင်း အသုံးပြုခဲ့သည့် စွမ်းအားတချို့ကြောင့် ထိုတည်ရှိမှုအကြောင်းကို သိထားကြဟန်ပေါ်သည်။ ထို့ကြောင့် ထိုနှစ်ဦးသည် ပါးစပ်ပိတ်ထားဖို့သာ မျှော်လင့်ထားမိသည်။
နှစ်ယောက်လုံးက နေရာယူပြီးသည့်နောက်တွင် တိုက်ပွဲကို စတင်လိုက်ကြသည်။ ချူးလော့က အချိန်မဖြုန်းဘဲ အားကောင်းသည့် တိုက်ကွက်ဖြင့် စတင်လိုက်သည်။
ကံကြမ္မာဓား
သူ့ရှေ့တွင် မီးခိုးရောင် ဓားတစ်လက် ထွက်ပေါ်လာသည်။ ထို့နောက် ထိုအရာက ရှစ်ရို့လန်ဆီ အကြွင်းမဲ့အလျင်ဖြင့် ပြေးဝင်သွား၏။ ဓားတွင် ကံကြမ္မာကို အဆုံးသတ်ပစ်နိုင်သည့် စွမ်းအားမျိုးရှိကာ ဝမ်ဝေ့၏ ကံကြမ္မာ ပျက်သုဉ်းခြင်းလက်သီးနှင့် တူညီသည်။
နဝမအဆုံးစွန်အုတ်မြစ်လား…
ရှစ်ရို့လန်က ဤတိုက်ကွက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိရင်း တွေးလိုက်မိသည်။ သူမက တာအိုဘိုးဘေးနှင့် ယှဉ်နိုင်သည့် တိုက်ကွက်အောက်တွင် အသက်မရှင်နိုင်ကြောင်း သိလိုက်သည်။
ထို့ကြောင့် သူမက အလျင်အမြန် တုံ့ပြန်ကာ သူမ၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် တိုက်ကွက်၏ စွမ်းအားက သိသိသာသာ လျော့ကျသွား၏။ ထို့နောက် ရှစ်ရို့လန်က ဓားကို ထိုးချလိုက်သည်။
ဘန်း
သူတို့က စက္ကန့်ပိုင်းကြာ တိုက်ခိုက်ပြီးသည့်နောက်တွင် သူမက ထိုအရာကို ဖယ်ရှားလိုက်သည်။
ဒိုင်မေးရှင်းအမြင့် ပြိုင်ပွဲဝင်များက ချူးလော့၏ တိုက်ကွက်ကို မြင်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်ကြသည်။ နဝမအဆုံးစွန် အုတ်မြစ်အကြောင်း ဗဟုသုတက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ပုံမှန်သာဖြစ်၏။ ထို့ကြောင့် သူတို့က သိထားကြသည်။ လူများစွာက တာအိုကို သက်သေမပြခင် ကျင့်ကြံရေးအတွက် အကောင်းဆုံးသော အုတ်မြစ်ကို ဖန်တီးလိုကြသည်။
ကံဆိုးစွာဖြင့် ပြန်လည်ဝင်စားခြင်းက ပြဿနာ များလာသည်။ တည်ရှိမှုကို သဘောပေါက်ဖို့လည်း မလွယ်ကူလှပေ။ ထိုအုတ်မြစ်ကို ရယူနိုင်မည့် အကောင်းဆုံးနည်းလမ်းက ဒိုင်မေးရှင်းအနိမ့်ဆီ သွားဖို့ ဖြစ်၏။ ကံဆိုးစွာဖြင့် အရင်းအမြစ်ပြဿနာက အောင်မြင်နိုင်ချေကို ကန့်သတ်ထားပြန်သည်။
ထို့အပြင် ကမ္ဘာ၏ လက်ရှိအနေအထားအရ ပါရမီထူးလွန်းခြင်းနှင့် အားကောင်းလွန်းခြင်းက ကိစ္စကောင်း မဟုတ်ပေ။ အချုပ်အားဖြင့် မှားယွင်းသည့် အာရုံစိုက်မှုမျိုး ခံရနိုင်သည်။
သို့သော် ထိုကောင်းကင်ရွေးချယ်ခံများက ဒိုင်မေးရှင်းအမြင့်၏ အခြေအနေကို ညည်းတွားနေဖို့ အချိန်မရှိပေ။ သူတို့က ဤနေရာသို့ ရောက်လာခြင်းမှာ ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကြောင့်သာမက ဒိုင်မေးရှင်းအနိမ့်မှ ထူးချွန်နေသည့် ပါရမီရှင်များကို လေ့လာစောင့်ကြည့်ဖို့လည်း ဖြစ်သည်။ သူတို့က အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာတစ်ခုလုံးကို အပြောင်းအလဲ ဖြစ်လာစေနိုင်သည့် လူများကို ဆုံးဖြတ်ပေးရမည်။ ချူးလော့မှာ အားကောင်းသည့် အုတ်မြစ်ရှိသည့် လူတစ်ယောက်အနေဖြင့် သူတို့ ရွေးချယ်ထားလူများအနက် ထိပ်ဆုံး ဖြစ်သွားသည်။
ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်၏ ပြိုင်ပွဲဝင်များ၏ အမူအရာကို ကြည့်ပြီးသည့်နောက်တွင် တိတ်တဆိတ် ပြုံးလိုက်မိသည်။ သူ့ကို လုံးဝလျစ်လျူရှုထားခြင်း မဟုတ်မှန်း သိထားသော်လည်း သူက အဓိက မသင်္ကာဖွယ်ဖြစ်သူအဖြစ် သတ်မှတ်မခံရတော့သည်ကို ကျေနပ်နေမိသည်။ ထိုကွာဟချက်က သူ့အနေဖြင့် ကိစ္စများစွာကို အဆုံးသတ်ဖို့ လုံလောက်ပေသည်။
ထိုစဉ် ချူးလော့က မျက်မှောင်ကြုတ်လိုက်သည်။ သူက မြေကြီးပေါ်မှ အပြောင်းအလဲများကို ဂရုမစိုက်နိုင်ပေ။ သူက သူ့အင်အားသည် သိသိသာသာ လျော့ကျသွားကြောင်း ခံစားမိလိုက်၏။ သူက အဆင့်(၃) တာအိုဘိုးဘေးမှာ ပွင့်ချပ်သုံးလွှာ ထာဝရအရှင်အဆင့်အထိ လျော့ကျသွားသည်။ ထိုကွာဟချက်က ကြီးမားလွန်းလှသည်။ ထို့ကြောင့် သူက ရှစ်ရို့လန်အား ကြည့်လိုက်၏။
“ ကျွန်မရဲ့ ဧကရာဇ်အရိုးက ကျွန်မကို ဧကရာဇ်ဖြစ်လာဖို့ ခွင့်ပြုပေးထားရုံတင်မကဘူး။ အားကောင်းတဲ့ ဧကရာဇ်တစ်ယောက်ကို လေ့ကျင့်ပေးနိုင်တဲ့ ရုပ်ခန္ဓာပဲ။
အဲဒါကြောင့် အဲဒီအရာက ကျွန်မ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့၊ စည်းမျဉ်းတွေ နားလည်စေဖို့နဲ့ တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့ ကူညီပေးနိုင်တယ်” သူမက ရှင်းပြလိုက်သည် “ ကျွန်မက အဲဒါကို တာအိုနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းအင်တချို့ ပေါ်လာတယ်လေ။”
ရှစ်ရို့လန်၏ နောက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ပလ္လင်ပေါ်တွင် ထိုင်နေသည့် ဧရာမပုံရိပ်ကြီးဖြစ်ကာ အသင်္ချေ သက်ရှိများအား မနှစ်မြို့စွာဖြင့် ကြည့်နေလေသည်။ သူမက အသင်္ချေတာအိုအားလုံးအထက် အုပ်စိုးသည့် အုပ်ချုပ်သူတစ်ယောက်၏ အငွေ့အသက်မျိုး ရှိနေသည်။
“ အမြင်ရုပ်ပုံလွှာ ” ချူးလော့က ပြောလိုက်သည်။
“ ဟုတ်တယ်။ အဲဒါက အုပ်ချုပ်သူရဲ့ လက်အောက်ခံလို့ ခေါ်တယ်။ ကျွန်မရဲ့ ပြိုင်ဘက်အားလုံးကို ကျွန်မထက် တစ်ဆင့်နိမ့်တဲ့ အဆင့်အထိ လျှော့ချပေးနိုင်တယ်”
ချူးလော့က ထိုအံ့ဖွယ်စွမ်းရည်သည် မည်မျှကြောက်ဖို့ကောင်းကြောင်း ချက်ချင်းသဘောပေါက်သွားသည်။ ရှစ်ရို့လန်ကို အနိုင်ယူမည့်သူအတွက် တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ပွဲအတွက် အဆင့်ကျော်နိုင်သည့် စွမ်းရည်ရှိဖို့ရာ ဖြစ်သည်။ သူမက တူညီသည့် စွမ်းရည်ရှိထားသည့်အတွက် စိန်ခေါ်မှုက ပြီးမြောက်သွားလိမ့်မည်။
ကျင့်ကြံဆင့် အနိမ့်ပိုင်းတွင် သူမကို အနိုင်ယူဖို့က ဖြစ်နိုင်လေသည်။ သို့သော်လည်း စွမ်းအားက မသေမျိုးအဆင့် ရောက်ရှိသွားသည့်အခါ မိုးမြေကြား ပွင့်ချပ်တစ်လွှာ စွမ်းအား ကွာဟမှုကပင် သူမအား အနိုင်ယူဖို့ မဖြစ်နိုင်တော့ပေ။
ချူးလော့က လက်မြှောက်ကာ ကြေးမုံတစ်ခုကို ဖန်တီးလိုက်သည်။
ကောင်းကင်ကြေးမုံ
ကြေးမုံမှတဆင့် သူက ရှစ်ရို့လန်၏ စွမ်းရည်အပေါ် အာရုံစိုက်ထားသည့် မိုးမြေကြားမှ လျှို့ဝှက်ချက်များနှင့် သတင်းအချက်အလက်မြောက်များစွာကို မြင်တွေ့လိုက်ရသည်။
ထို့နောက် သူက ဤနည်းစနစ်ကို မရှောင်ရှားနိုင်သလို ဧကရာဇ်အရိုးကြောင့် မဖယ်ရှားနိုင်မှန်း သိလိုက်သည်။ ရုပ်ခန္ဓာတစ်ခုအနေဖြင့် ပိုင်ရှင်ဖြစ်သူသည် အဆုံးစွန်အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ထားပါက မဟာဧကရာဇ်၏ စွမ်းအား သို့မဟုတ် အာဏာကိုပင် ရယူနိုင်လိမ့်မည်။
ရှစ်ရို့လန်က သူမ၏ အာဏာကို ဆွဲကိုင်ကာ သေမျိုးအားလုံးအပေါ် သက်ရောက်မှုရှိသည့် ကျင့်စဉ်ကို ဖန်တီးထားခဲ့သည်။ ထိုအရာ မသေမျိုးအဆင့် စွမ်းအားများရှိသူလည်း အပါအဝင် ဖြစ်၏။ သူမက ထိုအရာကို ပယ်ဖျက်ဖို့ မဖြစ်နိုင်လောက်အောင်အထိ ပြုလုပ်ထားခဲ့သည်။
ချူးလော့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ကြေးမုံက သူ့အား သတင်းအချက်အလက် ဆက်လက်ထုတ်ပြလာသည်။ ထို့နောက် သူက နဂါးပုံသဏ္ဌာန်ပါသည့် ကျောက်စိမ်းတံဆိပ်တော်ကို ဖန်တီးလိုက်သည်။
“ အုပ်ချုပ်သူ စည်းတံဆိပ်” ရှစ်ရို့လန်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။
ထိုစဉ် ချူးလော့က တံဆိပ်တော်ကို သူ့အသိစိတ်ပင်လယ်နှင့် ပေါင်းစပ်လိုက်သည့်အခါ သူ့အရှိန်အဝါက ချက်ချင်းဆိုသလို ရှစ်ရို့လန်နှင့် တူညီသည့် ပွင့်ချပ်လေးလွှာအဆင့် ရောက်ရှိသွားသည်။
“ ရှင်က ထိုက်တန်တဲ့ ပြိုင်ဘက်ပဲ” ရှစ်ရို့လန်က မှတ်ချက်ပေးလိုက်သည်။ သူမ ကျင့်စဉ်၏ ဟာကွက်က သူမသည် အုပ်ချုပ်သူဖြစ်ကာ တခြားသူများက သူမ၏ လက်အောက်ငယ်သားများဖြစ်သည့်အပေါ် မူတည်ထားခြင်း ဖြစ်၏။
အကယ်၍ တစ်ယောက်ယောက်ကသာ အုပ်ချုပ်သူတစ်ယောက်၏ အရှိန်အဝါ သို့မဟုတ် စိတ်ဝိညာဉ်ကို ရယူခဲ့ပြီး စွမ်းအားအလုံအလောက်ရှိပါက သူတို့သည် သူမ၏ စွမ်းရည်၏ စွမ်းအားတချို့ကို ပယ်ဖျက်ပြီး သူမနှင့် ကျင့်ကြံဆင့် အတူတူကို ရရှိနိုင်သည်။
အားလုံးက ထိုသို့လုပ်နိုင်ကြခြင်း မဟုတ်ပေ။
“ ကျွန်မက လွန်ခဲ့တဲ့ နှစ်သိန်းချီ ရှောင်ထျန်းတိနဲ့ တိုက်ခိုက်ကတည်းက ဒီလိုမျိုး စွမ်းအင်ကို ဖယ်ရှားနိုင်တဲ့သူကို မတွေ့ခဲ့ဖူးဘူး။ ဒါပေမဲ့ ရှင်က ရှုံးနိမ့်ဖို့ ကံကြမ္မာဖန်လာပြီးသားပဲ။ ကျွန်မက သူ့ကိုဆိုရင်တောင် တူညီတဲ့ အဆင့်အတွင်းမှာ တစ်ခါမှ မရှုံးခဲ့ဖူးဘူး”
ရှစ်ရို့လန်က အပိုပြောနေခြင်း မဟုတ်ပေ။ ရှောင်ထျန်းတိပင် သူမအား တိုက်ပွဲအတွင်း အနိုင်မယူနိုင်ပေ။ သူက ဆက်လက်တိုက်ခိုက်ဖို့ရာ ဗျာများသည်ဟု ခံစားရပြီး လက်လျှော့ခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူမက တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။
“ အရာအားလုံးက ပထမဆုံးအကြိမ်ဆိုတာ ရှိတာပဲ” ချူးလော့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ကျွန်မတို့ စောင့်ကြည့်ကြတာပေါ့” ရှစ်ရို့လန်က တိုက်ခိုက်ရင်း ပြောလိုက်၏။
***