← Chapters

ဟာကွက်

Vol. 43 Ch. 591

ဟာကွက်

Vol. 43 Ch. 591

ရှစ်ရို့လန်၏ နောက်တွင် ရွှေရောင်စက်ကွင်း ၉ခု ထွက်ပေါ်လာပြီး စက်ဝိုင်းသဏ္ဌာန် ဖြစ်ပေါ်လာသည်။ သူတို့က သူမအနောက်ဘက်တွင် တောင်ပံကဲ့သို့ လွင့်မြောနေ၏။ သူတို့ပေါ်ထွက်လာသည်နှင့် သူမ၏ အရှိန်အဝါက တိုးမြင့်သွားကာ ခန္ဓာကိုယ်ထဲရှိ သွေးစွမ်းအားကလည်း ရုတ်ချည်းဆိုသလို တိုးမြင့်လာပြီး မီတာအဝေးကပင် ခံစားနိုင်လောက်သည့် ပြင်းထန်သည့် ယန်စွမ်းအားစက်ကွင်းကို ဖန်တီးလာသည်။

ရှစ်ရို့လန်က အုပ်ချုပ်သူ အာဏာရှင်ခန္ဓာဟု အမည်ရသည့် ထူးခြားသည့် နည်းစနစ်တစ်ခုကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ထိုအရာက ဧကရာဇ်အရိုး ရှိထားသည့်သူများသာ ကျင့်ကြံနိုင်ခြင်း ဖြစ်၏။

သူမက ထိုနည်းစနစ်ကို သူမ၏ အနောက်ဘက်ရှိ စက်ကွင်းများ၏ သဏ္ဌာန်ထဲမှ စွမ်းအားကို ဖွဲ့စည်းပြီး ကျင့်ကြံထားခြင်း ဖြစ်သည်။ စုစုပေါင်း စက်ကွင်း ၁၂ ခုရှိပြီး တစ်ခုချင်းစီက အချိန်၊ စွမ်းအားနှင့် အရင်းအမြစ်မြောက်များစွာ လိုအပ်လေသည်။

အုပ်ချုပ်သူ အာဏာရှင်ခန္ဓာက အသုံးပြုသူကို ၁၁ခုမြောက် စက်ကွင်းဖွဲ့စည်းပြီးသည့်နောက်တွင် ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ ခွင့်ပြုပေးထားပြီး ၁၂ခုမြောက် ဖွဲ့စည်းပြီးသည့်နောက်တွင် ကာယဂိတ်ပေါက်ကို ဖွင့်လှစ်ပေးနိုင်သော ထူးခြားသည့် နည်းစနစ်တစ်ခု ဖြစ်သည်။

သို့သော်လည်း ဤနည်းစနစ်က သိသာသည့် ဟာကွက်တစ်ခု ရှိနေသည်။ အကြောင်းမှာ ထိုအရာက အသက်ဝင်ခန္ဓာကိုယ် သန့်စင်ရေးနည်းစနစ် တစ်ခု ဖြစ်နေ၍ ဖြစ်သည်။ ရှစ်ရို့လန်က စက်ကွင်းများကို အသက်မသွင်းပါက သူမ၏ ခန္ဓာကိုယ်က အားနည်းသည်။ ပြောရလျှင် ထိုအရာက အားကောင်းသော်လည်း သူမ အသက်သွင်းထားသလောက်တော့ အားမကောင်းရှာပေ။

ထို့ကြောင့် သူမက စက်ကွင်းများကို အသက်မသွင်းခင် လွယ်ကူသည့်အရာများကို သုတ်သင်ပစ်ခဲ့ခြင်း ဖြစ်၏။ ကံကောင်းစွာဖြင့် ရှစ်ရို့လန်သည် ထိုဟာကွက်ကို ဖြည့်တင်းပေးနိုင်သည့် တခြားသော နည်းစနစ်တချို့လည်း ရှိထားသည်။ ထိုအရာက ခွန်အားဂိတ်ပေါက် ဖွင့်လှစ်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလိမ့်မည်။

ရှစ်ရို့လန်က ချူးလော့ဆီ ပြေးဝင်လာ၏။

ဘန်း

သူမက မီတာဒါဇင်ချီ လွင့်စင်သွားသည်။ သူမက ထိပ်တိုက်ရင်ဆိုင်မှုတွင် ရှုံးနိမ့်သွားသော်လည်း အကြောင်းအရင်းကို ချက်ချင်းသိလိုက်၏။ သူမ၏ စွမ်းရည်က တစ်ဖက်လူကို သူမနှင့် စွမ်းအားအတူတူအဖြစ် ဖိနှိပ်ထားသည်။ သို့သော်လည်း ချူးလော့က သူ့စွမ်းအားထိန်းချုပ်ရေးတွင် ပိုမိုကျွမ်းကျင်နေ၏၊

ထို့ကြောင့် တူညီသည့် အနေအထားမျိုးဖြင့် သူသည် သူမထက် စွမ်းအားပိုမို ထုတ်သုံးနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူမက ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုအပြီးတွင် တိုက်ခိုက်မှုကို မရပ်တန့်လိုက်ပေ။ သူမက ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ထပ်မံ ပြေးဝင်သွားလိုက်သည်။ တိုက်ကွက်တစ်ခုချင်းစီတွင် သူမက ရှုံးနိမ့်သွား၏။ ချူးလော့က သူမ၏ ဝမ်းဗိုက်၊ နံရိုး၊ မျက်နှာနှင့် တခြားနေရာများထံ လက်သီးချက်ဖြင့် ထိုးနေသည်။ ထိုနေရာက တစ်ဖက်သတ်ရိုက်နှက်မှု ဖြစ်၏။

ရှစ်ရို့လန်က တိုက်ပွဲအတွင်း ဆင့်ကဲပြောင်းလဲပြီး တစ်ဖက်လူနှင့် ထိန်းချုပ်မှု အဆင့်အတူတူ ရောက်ရှိဖို့ရာ ပြင်ဆင်ထားသည်။ သူမက ရှောင်ထျန်းတိနှင့် တိုက်ပွဲအတွင်း ထိုတူညီသည့် နည်းဗျူဟာကို အသုံးပြုခဲ့သည်။ နှမြောစရာကောင်းလှသည်က သိပ်မကြာခင် သူတို့နှစ်ယောက်လုံးက စွမ်းအားထိန်းချုပ်ရေးနှင့် ပတ်သက်သည့်အခါ ကွဲပြားသည့်အဆင့်တွင် ရှိကြောင်း သဘောပေါက်သွားခဲ့၏။

အကယ်၍ သူမသာ သူ့အဆင့်သို့ ရောက်လိုလျှင် နှစ်များစွာ လိုအပ်လိမ့်မည်။ ထိုသို့ ဆိုလျှင်ပင် သူမက ကျရှုံးကောင်း ကျရှုံးနိုင်လေ၏။

နည်းဗျူဟာ ပြောင်းလိုက်ရအောင်…

ရှစ်ရို့လန်က ထိပ်တိုက်ရင်ဆိုင်မှုကို ရပ်တန့်လိုက်ပြီး တခြားသောစွမ်းအားများကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။ သူမက ထိပ်တိုက်ရင်ဆိုင်မှုတွင် ရှုံးနိမ့်ခဲ့ရ၏။ မည်သို့ပင်ဆိုစေကာမူ စိတ်လှုပ်ရှားနေသည့် အကြည့်ကြောင့် သူမသည် ထိုက်တန်သည့် ပြိုင်ဘက်နှင့်တွေ့ဆုံရကြောင်း ပြသနေသည်။

သူမ၏ ခန္ဓာကိုယ်ကို ရွှေရောင်အငွေ့အသက်တစ်ခု ဖုံးလွှမ်းသွားပြီး သူမ ထုတ်လွှတ်သည့် သဘာဝဖိအားက တိုးမြှင့်လာသည်။ ပြိုင်ပွဲဝင်များက သူမသည် ပိုမိုအားကောင်းလာကြောင်း ပြောလိုက်၏။ ဝမ်ဝေ့၊ ချူးလော့၊ ကျန်းယွီချန်း၊ ဘုန်းကြီးဝူကျစ်နှင့် ရှောင်ထျန်းတိတို့လို လူမျိုးကပင် သူမ၏ အင်အားသည် ပွင့်ချပ်လေးလွှာ အလယ်အလတ်မှ ထိပ်သီးအဆင့်သို့ တိုးမြှင့်လာကြောင်းပြောနိုင်သည်။

“ ပြိုင်ဘက်ကင်းနှလုံးသား” ချူးလော့က ပြောလိုက်သည်။

“ အတိအကျပဲ”

ချူးလော့က ဤစိတ်အခြေအနေသည် တိုက်ပွဲကို မြှင့်တင်ပေးနိုင်ကြောင်း သိလာလေသည်။ အကြောင်းမှာ သူသည်လည်း ပထမဘဝတွင် ကျင့်ကြံဖူးခဲ့၍ ဖြစ်သည်။ ကျင့်ကြံသူများက ပြိုင်ဘက်အားလုံးကို ဆက်တိုက် တိုက်ခိုက်ကာ အနိုင်ယူခြင်းဖြင့် ပြိုင်ဘက်ကင်းနှလုံးသားကို ဖွဲ့စည်းနိုင်သည်။

ပြိုင်ဘက်ကင်းနှလုံးသားတွင် အဆင့်များ ခွဲခြားထား၏။ နမူနာအားဖြင့် ချူးလော့ အနိုင်ယူခဲ့သည့်လူအားလုံးက အစကတည်းက သူ့အတွက် ပြိုင်ဘက် မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူ့ပြိုင်ဘက်ကင်းနှလုံးသားက စွမ်းအားတိုးမြှင့်ရာတွင် သက်ရောက်မှု အနည်းငယ်သာ ရှိ၏။ ထိုစဉ် ရှစ်ရို့လန်ကမူ သူမ၏ ရွယ်တူများအတွင်း သူမထက် ပါရမီ မကောင်းလျှင်ပင် သူမလောက် ပါရမီရှိသူများစွာကို အနိုင်ယူထားခဲ့သည်။

ထို့ကြောင့် သူမ၏ ပြိုင်ဘက်ကင်းနှလုံးသားက သိသိသာသာတိုးတက်မှု ဖြစ်လာစေသည်။

“ မင်းက ဒီတိုက်ပွဲပြီးသွားရင် ပြိုင်ဘက်ကင်းနှလုံးသားကို ဆုံးရှုံးရမှာဆိုတော့ နှမြောစရာပဲ” ချူးလော့က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

တားမြစ်ခံစစ်ဆေးမှု အောင်မြင်ဖို့ရာ ပထမဆုံး ကျရှုံးသွားပြီးသည့်နောက်တွင် သူက ပြိုင်ဘက်ကင်း နှလုံးသားကို ဆုံးရှုံးသွားခဲ့သည်။ ရှစ်ရို့လန်က ဤတိုက်ပွဲတွင် ဆုံးရှုံးသွားသရွေ့ သူမတွင်လည်း အတူတူ ဖြစ်သွားလိမ့်မည်။

“ ကြည့်ရတာပေါ့” ရှစ်ရို့လန်က ပြုံးကာ ပြောလိုက်၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်အထက် ရွှေရောင်မီးတောက်များ ပေါ်ထွက်လာသည်။

အုပ်ချုပ်ရေးမီးတောက်

ကောင်းကင်တစ်ဝက်ကို ရွှေရောင်မီးတောက်က အုပ်လွှမ်းသွားသည်။ သို့သော်လည်း ချူးလော့က တည်တည်ငြိမ်ငြိမ် ကျန်ရှိနေ၏။ သူက လက်ဝှေ့လိုက်ကာ ဆေးပြင်းမီးဖိုတစ်ခုကို ဖော်ထုတ်လိုက်သည်။ ဆေးပြင်းမီးဖို၏ ထိပ်က ပွင့်လာပြီး မီးတောက်များကို ဖယ်ရှားပစ်သည့် အနက်ရောင်ရေပြင်တစ်ခု ထုတ်လွှတ်လာသည်။

ရှစ်ရို့လန်က လက်မြှောက်ကာ ရွှေရောင်မိုးကြိုးချပ်နှစ်ခုကို ဖန်တီးလိုက်သည်။

သူမက အလင်းထက် မြန်သည့် အမြန်နှုန်းဖြင့် သူတို့အား ပစ်လွှတ်လိုက်သည်။ ထိုမိုးကြိုးချက်က အားကောင်းလွန်းပြီး ဖိနှိပ်ထားသည့် စွမ်းအားမျိုး ပါဝင်နေကာ ကမ္ဘာမြေနှင့် တူညီသည့်  မြေဆွဲအားထက် အဆသန်းပေါင်းများစွာချီကာ များပြားပေသည်။

နှမြောစရာကောင်းလှသည်က သူမ၏ ပြိုင်ဘက်သည် အေးအေးလူလူ တုံ့ပြန်ခဲ့သည်။ ငွေရောင်သံကြိုးများက ရုတ်ချည်းပေါ်ထွက်လာပြီး ထိုမိုးကြိုးချက်များကို ဖမ်းဆုပ်လိုက်သည်။

ဆန့်ကျင်မိုးကြိုးသံကြိုးလား…

မဟုတ်သေးဘူး။ ဒါပေမဲ့ ဆန့်ကျင်အုပ်ချုပ်ရေး စွမ်းအားပဲ…

ဖန်ဆင်းရေးတာအိုက တိုက်ပွဲအတွင်းမှာ တကယ်ကို စွယ်စုံသုံးလို့ရလွန်းတယ်…

သို့သော်လည်း သူမက လက်မလျှော့ပေ။ သူမက အုပ်ချုပ်ရေးတာအိုကို တားမြစ်ခံတာအိုနှင့် ယှဉ်နိုင်လောက်သည့်အနေအထားထိ ကျင့်ကြံထားခဲ့သည်။ သူမက စည်းမျဉ်းအားလုံး၊ သဘောတရားအားလုံးအထက်ရှိ သခင်တစ်ယောက် ဖြစ်လိုသည်။ သူမက မိုးမြေကြားရှိ အရာအားလုံးကို သူမထံ ဦးညွှတ်ဖို့ အလိုရှိသည်။ မဟာတာအိုပင် အပါအဝင် ဖြစ်၏။

ရှစ်ရို့လန်က တိုက်ခိုက်ရေးအငွေ့အသက်ဖြင့် တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်သည်။ သူမက နီးကပ်လာသည့်ဆဲဆဲတွင် သူမ၏ စည်းမျဉ်းကို ထိန်းချုပ်ကာ အားအကောင်းဆုံး မန္တန်တစ်ခုကို ထုတ်သုံးလိုက်သည်။

ညီလာခံ အကျင့်ပျက်ပြားမှု

ချူးလော့က မြန်မြန်ဆန်ဆန် တုံ့ပြန်ကာ ရှောင်ရှားလိုသော်လည်း နောက်ကျသွားခဲ့လေပြီ။ ဓားပေါ်တွင် နဂါးပုံစံထွင်းထားသည့် ဓားတစ်ချောင်းက ရှစ်ရို့လန်၏ လက်အတွင်း ပေါ်ထွက်လာကာ သူ့အား ခုတ်ချလိုက်သည်။

ချူးလော့က လက်နှစ်ဖက်ယှက်ကာ ကာဆီးလိုက်သော်လည်း တိုက်ကွက်က သူ့အား လွင့်စင်သွားကာ အဆောက်အဦးများစွာကို ပျက်စီးသွားစေသည်။ သူက ပြန်ရပ်ဖို့ စက္ကန့်ပိုင်းသာ ကြာမြင့်ခဲ့သော်လည်း သူ့လက်နှင့် ရင်ဘတ်တွင် ဒဏ်ရာတချို့ရှိနေလေပြီ။ သူ့အဖြူရောင်ဝတ်ရုံကလည်း သွေးများစွန်းနေလေပြီ။

သူက အလေးအနက်ဖြင့် ရှစ်ရို့လန်အား ကြည့်လိုက်သည်။

ပျက်ပြားမှုပဲ…

သူမ၏ တိုက်ကွက်က ငါ့စည်းမျဉ်းတွေကို ယာယီ ပျက်ပြားသွားစေပြီးတော့ မလှုပ်မယှက် ဖြစ်သွားစေတယ်။

ချူးလော့က ချက်ချင်းဆိုသလို မပျော်မရွှင်ဖြစ်သွားလေသည်။

သူက သူ့ထက် အားနည်းသည့်သူ လက်ထဲတွင် ဒဏ်ရာခံစားရ၍ မဟုတ်ဘဲ ထိုနည်းစနစ်က သူ့ဖန်ဆင်းခြင်းတာအိုတွင် ဟာကွက်ရှိနေသည့် အတားအဆီးကြောင့် ဖြစ်သည်။

သူက သူ့ခန္ဓာကိုယ်ကို ခံစားလိုက်သည့်အခါ သူ့ခန္ဓာကိုယ်အတွင်း ပျက်ပြားသည့် သဲလွန်စ ကျန်ရှိနေကြောင်း ခံစားမိလိုက်သည်။ ထို့နောက် ဆေးပြင်းမီးဖိုတစ်ခု ပေါ်ထွက်လာကာ အထဲမှ ဆေးလုံးတချို့ ထွက်ပေါ်လာသည်။

ထိုအရာကို သောက်သုံးပြီးသည့်နောက်တွင် သူ့ဒဏ်ရာများက မျက်လုံးနှင့် မြင်နိုင်လောက်ဖွယ် အလျင်ဖြင့် ပျောက်ကွယ်သွားသည်။

“ ရှင့်ဖန်ဆင်းခြင်းတာအိုရဲ့ ဟာကွက်ကို သိတယ်” ရှစ်ရို့လန်က ပြောလိုက်သည် “ ဝိညာဉ်က ဓာတ်သဘာဝနဲ့ ပစ္စည်းကိုပဲ ဖန်တီးနိုင်တယ်။ ဒါပေမဲ့ ဓာတ်သဘာဝကိုယ်တိုင်ကိုတော့ မဖန်တီးနိုင်ဘူး။ အဲဒါကြောင့် ရှင်က ကျွန်မရဲ့ အုပ်ချုပ်ရေးမီးတောက်ကို ငြှိမ်းသတ်ဖို့ ရေနက်ကို မဖန်တီးခဲ့တဲ့ အကြောင်းအရင်းပဲ။ ရှင်က ရေထုတ်ပေးနိုင်တဲ့ ဆေးပြင်းမီးဖိုကို ဖန်တီးခဲ့တယ်”

ရှစ်ရို့လန်က တစ်ဖက်လူသည် တာအိုနယ်ရှင်၏ အရှိန်အဝါမရှိဘဲ တားမြစ်ခံတာအိုကို ထိန်းချုပ်နေမှန်း သိကတည်းက သူတို့တွင် ကန့်သတ်ချက်တချို့ရှိလိမ့်မည်မှန်း သိထားခဲ့သည်။

ထိုနည်းလမ်းကို မြင်တွေ့ပြီးသည့်နောက်တွင် သူမက သံသရာတချို့ရှိလာခဲ့သည်။ သို့သော်လည်း သူ့ဒဏ်ရာများကို ကုသသည့်အခါ ပိုမိုသေချာသွားခဲ့သည်။ အကယ်၍ ချူးလော့က နယ်ရှင်တစ်ယောက်ဖြစ်ခဲ့ပါက သူ ကုသဆေးလုံးတွေ လုပ်ပေးနိုင်တဲ့ ဆေးပြင်းမီးဖိုကို ဖန်တီးမည့်အစား ကုသရေးဂုဏ်သတ္တိရှိသည့် ဆေးလုံးကိုသာ ဖန်တီးခဲ့လိမ့်မည်။ အကယ်၍ သူသာ ဖန်ဆင်းခြင်းတာအိုကို မြင့်မားသည့် အဆင့်တစ်ခု အသုံးပြုနိုင်လျှင် သူ့ဒဏ်ရာများကို ကူညီပေးနိုင်သည့် ကုသရေးသဘောတရားကို ဖန်တီးနိုင်လိမ့်မည်။

သို့သော်လည်း သူက တခြားစည်းမျဉ်းကို အသုံးပြုခဲ့ပြီး သူ လိုချင်သည့် သဘောတရားရှိသည့် လက်နက်မျိုးကို ဖန်တီးခဲ့သည်။ ဥပမာအားဖြင့် သူ အသုံးပြုခဲ့သည့် ကံကြမ္မာဓား ဖြစ်၏။

ထိုတိုက်ကွက်က ရွေးချယ်မှု မဟုတ်ဘဲ ချူးလော့က ကံကြမ္မာနှင့် သက်ဆိုင်သည့်နည်းစနစ်များကို တိုက်ရိုက်မဖန်တီးနိုင်ခဲ့ပေ။ သူက ကံကြမ္မာနှင့် သက်ဆိုင်သည့် လက်နက်ကိုသာ ဖန်တီးနိုင်၏။

“ အဲဒါဆိုတော့ ဘာဖြစ်လဲ” ချူးလော့က စိတ်တိုစွာဖြင့် ပြောလိုက်သည်။ သူ့တာအို၏ ဟာကွက်က သူ့နှလုံးသားထဲမှ ဆူးတစ်ချောင်း ဖြစ်၏။ ထိုအရာက သူ့ကျရှုံးမှုများ၊ သူ့မိဘများ၏ အားစိုက်ထုတ်မှုများကို စိတ်ပျက်စေခဲ့သည့် အကြောင်းအရာများနှင့် သူတို့၏ စတေးမှုများအား အလကားဖြစ်စေသည့် အကြောင်းများကို ပြန်လည်အမှတ်ရစေသည်။

“ အထွတ်အထိပ် တားမြစ်ခံတာအိုက အထွတ်အထိပ် တားမြစ်ခံပဲ။ ဘယ်လောက်ပဲ ကန့်သတ်ချက်ရှိရှိ မင်းဆီမှာ ရှိတဲ့အရာထက်တော့ ပိုကောင်းတယ်။ အဲဒီစွမ်းအားကို မင်းဆီ ပြမယ်”

“ ဟား…ဟား…ဟား…ကျွန်မလည်း ကြည့်ချင်ပါသေးရဲ့”

ပိုင်နက်အသက်သွင်းခြင်း

ချူးလော့က ပြန်လည်မွေးဖွားခြင်း ပိုင်နက်တွင် ရှိစဉ်အခါက သူ့ပိုင်နက်မျိုးစေ့သည် သစ်ပင်ကြီးအဖြစ် ကြီးထွားလာကာ စည်းမျဉ်းသစ်သီးအဖြစ် မွေးဖွားပေးခဲ့သည်။ ထို့ကြောင့် သူ့တွင် သူ့စွမ်းအားကို တိုးမြှင့်ပေးနိုင်သည့် အားကောင်းသော ပိုင်နက် ရှိထားသည်။

“ ပိုင်နက်လား။ ကျွန်မမှာလည်း ရှိတယ်” ရှစ်ရို့လန်က ရယ်ရယ်မောမောဖြင့် ပြောလိုက်ပြီး သူမ၏ ပိုင်နက်ကို အသက်သွင်းလိုက်သည်။ ထို့နောက် ကောင်းကင်က ရုတ်ချည်းဆိုသလို နှစ်ရောင်ကွဲသွားကာ တစ်ဖက်က ရွှေရောင်ဖြစ်ပြီး တစ်ဖက်က အဖြူရောင်နှင့် ခဲရောင်စပ်နေသည့် မှုန်ဝါးဝါးအရောင်မျိုး ဖြစ်သည်။

ပိုင်နက် ထိပ်တိုက်တွေ့ဆုံမှု စတင်လေသည်။

ရှောင်ထျန်းတိမှလွဲ၍ ပြိုင်ပွဲဝင်များက သတိကြီးကြီးဖြင့် ကြည့်နေကြသည်။ ရှောင်ထျန်းတိကမူ မျက်စိ မပွင့်တပွင့်ဖြင့်သာ ကြည့်နေလေ၏။ ဝမ်ဝေ့ကလည်း ထိုအရာသည် အကျိုးအမြတ် ရရှိနိုင်မှန်းသိ၍ သေချာအာရုံစိုက်ထားသည်။

ကောင်းကင်ဘုံအဆင့်တွင် ဖန်တီးနိုင်သည့် စွမ်းအား ရှိ၏။ အနည်းဆုံး အသက် ဖန်တီးနိုင်ခြင်း ဖြစ်သည်။ ထိုအဆင့်ကို ရောက်ရှိဖို့ရာ မဟာဧကရာဇ်များက ဖန်ဆင်းခြင်းတာအိုကို ကြိုတင်နားလည်ထားဖို့ မလိုအပ်ပေ။ သို့သော်လည်း ထိုအရာအပေါ် ဗဟုသုတက ကောင်းကင်ဘုံအဆင့် ဖြစ်လာနိုင်သည့် အောင်မြင်နိုင်ချေကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။

ထို့ကြောင့် သူက ဤအခွင့်အရေးကို အသုံးချကာ ချူးလော့ဆီမှ တစ်စုံတစ်ခုသင်ယူပြီး ကောင်းကင်ဘုံအဆင့် ဖြစ်လာဖို့ လမ်းစဉ်ကို ပြင်ဆင်ထားလိုသည်။

***

All Chapters