← Chapters

တုယီနယ်ပယ်အဆင့်

Vol. 43 Ch. 592

တုယီနယ်ပယ်အဆင့်

Vol. 43 Ch. 592

ပြိုင်ပွဲများက ကောင်းကင်အထက် ပြိုင်ဆိုင်နေသည့် စက်လုံးနှစ်ခုကို မြင်လိုက်ရသည်။ တစ်ခုက ခဲဖြူရောင်ဖြစ်ကာ တစ်ခုက ရွှေရောင် ဖြစ်၏။ သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုက စစ်ဆေးမှုကျင်းပရာ ကမ္ဘာငယ်တစ်လျှောက် အားကောင်းသည့် လှိုင်းလုံးကြီးများ ထွက်ပေါ်လာစေပြီး အားလုံးက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ကိုယ်ပိုင်ဒိုင်းကာများ ထုတ်လွှတ်လိုက်ရသည်။

စက်လုံး၏ တစ်ဖက်ဆီတွင် ချူးလော့နှင့် ရှစ်ရို့လန်တို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ ပိုင်နက် ထိပ်တိုက်ရင်ဆိုင်မှုမှ မည်သူသည် ပတ်ဝန်းကျင်အပေါ် အဆုံးမဲ့ထိန်းချုပ်မှုရှိကြောင်းနှင့် မည်သူ၏ ပိုင်နက်က ပိုမိုအားကောင်းလဲဟု ဆုံးဖြတ်ပေးဖို့ ဖြစ်သည်။

ပထမဦးစွာ စက်လုံးနှစ်ခုက တူညီနေသော်လည်း မိနစ်ပိုင်းကြာ ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်တွင် အဖြူပိုင်းက တခြားတစ်ခုကို စတင်လွှမ်းမိုးလာသည်။

ရှစ်ရို့လန်က အံကြိတ်လိုက်ပြီးနောက် သူမ၏ ဝိညာဉ်စွမ်းအား၊ ချီနှင့် စည်းမျဉ်းတို့အား ရွေ့လျားစေကာ သူမ၏ ပိုင်နက်ကို ထောက်ပံ့ပေးလိုက်သည်။

ကံဆိုးစွာဖြင့် ချူးလော့သည် စည်းမျဉ်းကဏ္ဍအရ သူမထက် ကျော်လွန်နေလေသည်။ သူ့ပိုင်နက်က အနိုင်ရရှိသူ ဖြစ်လာသည်။ ထို့ကြောင့် သူက ကောင်းကင်အထက် လေးပုံသုံးပုံခန့် နေရာယူလိုက်ပြီး ကျန်သည့်အရာက ရှစ်ရို့လန်သည် သူမဘာသာသူမ ကာကွယ်ထားနိုင်ရုံမျှသာ ဖြစ်၏။

ပိုင်နက်ဖန်ဆင်းခြင်း - အသင်္ချေတာအိုဓားသွား

ချူးလော့က လက်ဝှေ့လိုက်သည့်အခါ သူ့ပိုင်နက်ထဲ ဓားအသင်္ချေ ပေါ်ထွက်လာသည်။ သူတို့က ဓာတ်အမျိုးမျိုးရှိသည့် ဓားများဖြစ်ပြီး မီးတောက်ဓား၊ မိုးကြိုးဓား၊ မရဏဓား၊ အချိန်ဓား၊ ကံကြွေးဓား အစရှိသဖြင့် ဖြစ်သည်။ သူက ဓားတစ်လက်ချင်းစီကို ကွဲပြားသည့်ဓာတ်ဖြင့် ဖန်တီးထားပြီး တစ်ဖက်လူဆီ စေလွှတ်လိုက်သည်။

ရှစ်ရို့လန်၏ အမူအရာက ပြောင်းလဲသွား၏။

နဂါးကာကွယ်ရေး

သူမ၏ ပိုင်နက်အတွင်း နဂါးမြောက်များစွာ ပေါ်ထွက်လာပြီး သူမအား ကာရံထားကြသည်။ ကံဆိုးစွာဖြင့် ဓားများသည် သူတို့လမ်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်ခဲ့၏။ တချို့သော နဂါးများက လောင်ကျွမ်းသွားကာ တချို့က အသက်ကြီးပြီး သေဆုံးသွားကြပြီး တချို့ကမူ သံသရာစက်ဝန်းကို ဖြတ်ကျော်သွားကြရသည်။ သူတို့က နည်းလမ်းအမျိုးမျိုးဖြင့် သေသွားကြသော်လည်း အဆုံးသတ်တွင် သေဆုံးကြဆဲသာဖြစ်၏။

ထို့ကြောင့် ရှစ်ရို့လန်က သူမ၏ စွမ်းအားကို တိုးမြှင့်လိုက်ရသည်။

အသင်္ချေမျိုးနွယ် ကာကွယ်ရေး

သူမက နဂါးသာမကဘဲ ဇာမဏီ၊ ငှက်ကြီးနှင့် တခြား‌သော နတ်ဆိုးမျိုးနွယ်များကို ဆင့်ခေါ်လိုက်သည်။

ဝှစ်

ဓားတစ်လက်က သူမ၏ ပုခုံးဆီ ထိုးစိုက်သွားပြီးနောက် အနီရောင်မီးတောက် တောက်လောင်လာသည်။ သူမက ထိုမီးတောက်သည် သူမ၏ ကံအပြစ်ကြွေးကို အသုံးပြုကာ တောက်လောင်နေကြောင်း ခံစားမိလိုက်သည်။ ရှစ်ရို့လန်က အုပ်ချုပ်သူ မာန်မာနဟု ခေါ်ဆိုသည့် နည်းစနစ်ကို အလျင်အမြန် အသုံးပြုလိုက်သည်။

အုပ်ချုပ်သူတစ်ယောက်အနေနှင့် သူမ၏ အပြုအမူများသည် မည်မျှပင် လွန်ကြူးစေကာမူ ဘယ်သောအခါမှ တောင်းပန်မည် မဟုတ်ပေ။ သူမ၏ မာန်မာနက ကံအပြစ်ကြွေးကို ကျော်လွန်နေ၏။ အုပ်ချုပ်သူတစ်ယောက်အနေနှင့် ကံကြွေးက သူမအပေါ် သက်ရောက်မှုမရှိပေ။ ရှစ်ရို့လန်က ကံနှင့် ပတ်သက်သည့် တိုက်ခိုက်မှုများအတွက် ထိုနည်းစနစ်များကို ဖန်တီးထားခြင်း ဖြစ်၏။

မီးတောက်က ငြှိမ်းသတ်သွားလေပြီ။

သူမက သွေးစွမ်းအားဖြင့် ဒဏ်ရာများကို ကုစားလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူမက အဆုံးမဲ့ဖြစ်နေဟန်ပေါ်သည့် ဓားများကို အာရုံစိုက်ထားလိုက်၏။

ကမ္ဘာ ကာကွယ်မှု

ထူးခြားဆန်းကြယ်မှု အလွန် အုပ်ချုပ်သူတစ်ယောက်အနေနှင့် သက်ရှိအားလုံးက ကိုးကွယ်ကာ သူမအား ကာကွယ်ပေးကြလိမ့်မည်။ ထို့ကြောင့် ပြောရလျှင် သူမကို ကာကွယ်ပေးဖို့က သူတို့၏ တာဝန် ဖြစ်၏။

အနည်းဆုံး ဂလက်ဆီသန်းချီ အရွယ်အစားရှိသည့် ရှစ်ရို့လန်၏ ပိုင်နက်အတွင်း ဘောလုံးကွင်း အရွယ်အစားရှိ ဖန်ပုတီးစေ့တစ်ခု ပေါ်ထွက်လာသည်။  ထိုဖန်ပုတီးစေ့က ကျရောက်လာသည့် ဓားများကို ၉၀ရာခိုင်နှုန်း ကာကွယ်ပေးထားပြီး ရှစ်ရို့လန်က ကျန်အရာများကို သူမ၏ ခန္ဓာကိုယ်ဖြင့် ရင်ဆိုင်နေသည်။ ထို့နောက် သူမက စတင် တိုက်ခိုက်လိုက်၏။

ဝုန်း

အုပ်ချုပ်သူ၏ အမျက်ဒေါသ

လက်သီးတစ်ချက်တည်းဖြင့် သူမဆီမှ ကြောက်မက်ဖွယ် ဖိအားမျိုး ထွက်ပေါ်လာသည်။ ထို့နောက် ပိုင်နက်၏ ရွှေရောင်ဘက်အခြမ်းက တိမ်များကဲ့သို့ မဲမှောင်သွားကာ ချူးလော့အပေါ် မိုးကြိုးချက်များ ကျရောက်လာစေသည်။ ထိုအရာက ကောင်းကင်ကိုယ်တိုင် ဒေါသထွက်ကာ အပြစ်ပေးလိုသည့်အလား ဖြစ်၏။

အုပ်ချုပ်သူရဲ့ ဒေါသက ကောင်းကင်ကိုတောင် မည်းမှောင်သွားစေတယ်…

ချူးလော့က တွေးလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ သူက လက်ဝှေ့လိုက်သည့်အခါ အနက်ရောင်လိပ်ခွံ ရေးထိုးထားသည့် ဒိုင်းကာတစ်ခု ထွက်ပေါ်လာသည်။ ထိုဒိုင်းကာက ဖန်တီးသူနှင့် ပိုင်နက်ကို ကာကွယ်ပေးထားသည့် စွမ်းအင်စက်ကွင်းတစ်ခု ထုတ်လွှတ်လာသည်။

ထို့နောက် ချူးလော့က နောက်ထပ် ဓားတစ်ခုကို ဖန်တီးလိုက်သည်။ ကာလံဒေသံဓား ဖြစ်၏။ ထိုဓားက ဖန်သားကို ထိုးဖောက်သွားကာ အက်ကြောင်းများ ဖြစ်လာစေပြီး ပေါက်ကွဲထွက်သွားသည်။ သာမန်ဖန်လုံးတစ်ခု ဖျက်ဆီးခံလိုက်ရသလိုမျိုး ထင်နေရသော်လည်း ပြိုင်ပွဲဝင်များက တစ်ကမ္ဘာလုံး တုန်ခါသွားသည်ကို ခံစားမိလိုက်ကြသည်။

ဓားဆီမှ  ဖန်သားအတွင်းရှိ တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကာလံဒေသံစွမ်းအားလှိုင်းကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ဓားက ရှောင်ရှားဖို့ ကြိုးစားနေသည့် ရှစ်ရို့လန်ဆီ ပြေးဝင်သွား၏။

သူမ၏ ပိုင်နက်အတွင်း ရှစ်ရို့လန်က နတ်ဘုရားတစ်ပါးဖြစ်ကာ အလိုရှိသည့်အတိုင်း ဖော်ဆောင်နိုင်သည်။ ထို့ကြောင့် သူမက သူမ၏ ပိုင်နက်အတွင်း မည်သည့်နေရာမဆို ကူးသန်းသွားလာနိုင်သည်။ ကံဆိုးစွာဖြင့် သူမသည် ကာလံဒေသံကို မဖြတ်တောက်နိုင်ပေ။ အနည်းဆုံးတော့ ချူးလော့ ထိန်းချုပ်ထားသည့် အရာအပေါ်တွင် မဟုတ်ပေ။

အကျိုးဆက်အားဖြင့် ရှစ်ရို့လန်က သူမ၏ ညာဘက်လက်ကို ဖြတ်သွားသည့် ဓားကို ရှောင်လိုက်သည်။ နောက်ထပ်ရှိသည်ကား ဖြတ်တောက်ခံလိုက်ရသည့် လက်မောင်းသည် ချက်ချင်းဆိုသလို အရွယ်ကြီးရင့်လာကာ ပျောက်ကွယ်သွား၏။ ထို့နောက် သူမက သူမ၏ ကုသရေးစွမ်းအားများကို တားဆီးနေသည့် ဆန္ဒတစ်ခုကို ခံစားမိလိုက်သည်။

တုယီနယ်ပယ် ၇ ဆင့်မြောက်လား…ကြည့်ရတာ သူ့ရဲ့ အကောင်အထည်ဖော်မှုက နဲနဲတော့ လိုအပ်နေတဲ့ ပုံပဲ…

တုယီနယ်ပယ်က ဒိုင်မေးရှင်းအနိမ့်တွင် ရှားပါးသော်လည်း ဒိုင်မေးရှင်းအမြင့်တွင်လည်း များများစားစား မဟုတ်လှပေ။ အကြောင်းမှာ  ဗဟုသုတများစွာနှင့် အဆင့်များ ခွဲခြားထား၍ ဖြစ်သည်။ တုယီနယ်ပယ်တွင် အဆင့်ကိုးဆင့် ရှိပြီး တစ်ခုချင်းစီက တာအိုစိတ်ဆန္ဒကို ဖော်ဆောင်နိုင်သည့် ၁၀ ရာခိုင်နှုန်းကို ညွှန်ပြနေသည်။

ထို့အပြင် အဆင့်က မြင့်လာလေလေ မဟာဧကရာဇ် ထုတ်ဖော်နိုင်သည့် တာအိုဆန္ဒက ပိုမိုအားကောင်းလေလေ ဖြစ်၏။ အဆင့်များက ဆက်တိုက်လေ့ကျင့်ခြင်း သို့မဟုတ် ကျင့်ကြံဆင့်တစ်ခုထက် ထူးကဲအောင် လုပ်ခြင်းဖြင့် ပိုမိုအားကောင်းလာစေနိုင်သည်။

ရှစ်ရို့လန်က တုယီနယ်ပယ် ၅ ဆင့်မြောက်သာ ရောက်ထားသေး၏။ မည်သို့ပင်ဆိုစေကာမူ သူမက ဗဟုသုတကြွယ်ဝပြီး ချူးလော့ထက် ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် သူမက ကာလံဒေသံစွမ်းအားအပေါ် အာရုံစိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲ အရွယ်ကြီးရင့်လာစေဖို့ ကြိုးစားနေသည့် စွမ်းအားကို ဖယ်ရှားလိုက်သည်။

ရှစ်ရို့လန်က အံကြိတ်လိုက်ပြီးသည့်နောက်တွင် သူမ၏ အားနည်းချက်ကို အခွင့်ကောင်းယူနိုင်ခြင်းမှ ကာကွယ်ဖို့ ဖန်သားကမ္ဘာ အနည်းငယ်ကို ဆက်လက် ဖန်တီးလိုက်သည်။ သူမ၏ မျက်နှာက ဖြူဖျော့သွားသော်လည်း အံကြိတ်ထား၏။

ထို့နောက် သူမက အုပ်ချုပ်သူတာအိုထဲမှ တစ်ခုဖြစ်သည့် ထိန်းချုပ်ရေးကို အသက်သွင်းလိုက်သည်။

သူမက ထိုစွမ်းအားကို ထိန်းချုပ်ကာ ကိုယ်ပိုင် အသုံးပြုမှုအတွက် သုံးချင်လေသည်။ ကံဆိုးစွာဖြင့် ထိုစွမ်းအားတွင် ချူးလော့၏ အမှတ်အသား ရှိနေသောကြောင့် သူမက မလွှမ်းမိုးမနိုင်မချင်း ထိန်းချုပ်လို့ရမည် မဟုတ်ပေ။

ရှစ်ရို့လန်၏ အနောက်ဘက်မှ စက်ကွင်းများသည် တောက်ပလာပြီး သွေးစွမ်းအားက အသက်ဝင်လာကာ နောက်ထပ် လက်တစ်ဖက် ချက်ချင်း ပေါက်လာသည်။

ထိုစဉ် ချူးလော့က သူ့ဓားများသည် တစ်ဖက်လူ၏ ကမ္ဘာများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်နေသည်ကိုသာ ကြည့်နေလေ၏။

အဆုံးသတ်လိုက်ရအောင်…

သူက တွေးလိုက်မိသည်။

“ အုပ်ချုပ်ရမဲ့ တိုင်းသူပြည်သားတွေမရှိတဲ့ အုပ်ချုပ်သူက ဘယ်လိုဖြစ်မလဲ…” ချူးလော့က သာမန်ဓားတစ်လက်ကို ဖန်ဆင်းရင်း ပြောလိုက်သည်။ ထိုဓား ပေါ်ထွက်လာသည်နှင့် အားလုံးက အုပ်ချုပ်သူ၏ စွမ်းအားကို ငြင်းပယ်လိုသည့် သူတို့၏ စိတ်ဆန္ဒ၊ လိုအင်ဆန္ဒ၏ သရုပ်ပြမှုကို ခံစားမိလိုက်ကြသည်။

ထို့နောက် အုပ်ချုပ်သူ ငြင်းပယ်မှု ပါဝင်နေသည့် ဓားက ရှစ်ရို့လန်ဆီ ပျံသန်းသွားသည်။ ထိုအခါ သူမ၏ အမူအရာက ပြောင်းလဲသွား၏။ သူမအနေဖြင့် ထိုအရာသည် သူမတာအို၏ မဟာရန်သူတော်ဖြစ်နေသည့်အတွက်  သူမကိုသာ ထိတွေ့မိပါက ရှုံးနိမ့်သွားနိုင်ကြောင်း သိလေသည်။

ထို့ကြောင့် သူမက ညီလာခံပျက်ပြားခြင်းမန္တန်ကို အသုံးပြုကာ ချူးလော့၏ စည်းမျဉ်းအပေါ် သက်ရောက်မှု ရှိစေလိုက်သည်။ ခေတ္တမျှသာ ထိုအရာက အလုပ်ဖြစ်ခဲ့၏။

သူ့ပိုင်နက်က တုန်ခါသွားပြီး အနည်းငယ် ကျုံ့သွားဟန်ပေါ်သည်။ သို့သော်လည်း ချူးလော့က အချိန်မီတုံ့ပြန်ကာ သမာသမတ်ချီ ပြည့်နှက်နေသည့် ကလောင်တံတစ်ခုကို ဖန်တီးပြီး ရှစ်ရို့လန်၏ ပျက်ပြားမှုစွမ်းအားကို ထိပ်တိုက်ရင်ဆိုင်ဖို့ သမာသမတ်စွမ်းအားကို အသုံးပြုခဲ့သည်။

တိုင်းသူပြည်သား ဓားက ရှစ်ရို့လန်၏ နည်းစနစ်အားလုံးကို အလွယ်တကူ ထိုးဖောက်သွားပြီး သူမ၏ လည်ချောင်းအနား တစ်လက်မ အလိုတွင် ရပ်တန့်သွားသည်။ သူမက သူ့အား အံကြိတ်ကာ ကြည့်လိုက်သည်။ သို့သော် ဘာမှမပြောပေ။

ထို့နောက် ဓားက နည်းနည်းစီ လှုပ်ရှားလာပြီး သူမလက်ချောင်းမှ သွေးကို ထွက်လာစေသည်။

“ ကောင်းပြီ။ ကျွန်မ ရှုံးတယ်”

ကျွတ်

ရှစ်ရို့လန်အနေနှင့် ဓားချက် သူမ၏ ပြိုင်ဘက်ကင်းနှလုံးသား ကြေမွသွားကြောင်း ညွှန်ပြနေကြောင်း ကြားလိုက်ရသည်။ သူမ၏ ပြိုင်ဘက်ကင်းအရှိန်အဝါက သိသိသာသာ ကျဆင်းသွား၏။ သူမက ချူးလော့၏ မျက်ဝန်းကို စိုက်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

“ ဒါက ကျွန်မရဲ့ ရှေ့လမ်းစဉ်ပဲ။ မိုးမြေက ချုပ်နှောင်ခြင်း မခံရတဲ့ သီးသန့်အုပ်ချုပ်သူနဲ့ လူသားတွေရဲ့ အုပ်ချုပ်သူဖြစ်ဖို့ နည်းလမ်း ရှာရမယ်”

ရှစ်ရို့လန်က ဉာဏ်အလင်းပွင့် အခြေအနေတွင်း ဝင်ရောက်သွားကာ သူမ၏ အရှိန်အဝါက ပိုမိုသိမ်မွေ့သွားသည်။ ယှဉ်ပြိုင်မှုအတွင်း သူမက ပွင့်ချပ်(၅)လွှာ ထာဝရအရှင်စွမ်းအားကို ရောက်ရှိဖို့ အလှမ်းမဝေးတော့ကြောင်း ခံစားမိလိုက်သည်။

ဝမ်ဝေ့က တိုက်ပွဲကို စိတ်ဝင်တစားဖြင့် ကြည့်နေလေ၏။ သူက ချူးလော့ လုပ်ဆောင်သည့် တိုက်ကွက်အားလုံးကို ကြည့်ရှုပြီး ထိုလူ၏ နားလည်နိုင်စွမ်းနှင့် ဖန်ဆင်းခြင်းတာအို အသုံးပြုမှုကို မှတ်သားထားလိုက်သည်။ သူက ဤတိုက်ပွဲအပြီးတွင် ကောင်းကင်ဘုံအဆင့် တက်လှမ်းနိုင်ဖို့ရာ စိုးရိမ်စရာ မလိုတော့ကြောင်း သိလိုက်၏။

ဝမ်ဝေ့က ရှစ်ရို့လန်အပေါ် အာရုံစိုက်ထားလိုက်သည်။ သူမ၏ ဧကရာဇ်အရိုး စွမ်းရည်က တိထျန်း၏ ပိုင်နက်တစ်ပိုင်းကို အမှတ်ရစေသည်။ အဓိကကွာခြားချက်က တိထျန်းသည် တစ်ဖက်လူအား သူနှင့် အဆင့်အတူတူ ဖြစ်စေသည်။ ထိုအရာ၏ အားနည်းချက်က အဆင့်သည် အင်အားနှင့် မတူပေ။

ကောင်းကင်ရွေးချယ်ခံအများစုက သူတို့အဆင့်ထက် သာလွန်၍ တိုက်ခိုက်နိုင်ကြသည်။ ထို့ကြောင့် သူတို့၏ အဆင့်ကို လျှော့ချလိုက်ခြင်းက သူတို့ကို သိသိသာသာ တိုးမြှင့်လိုက်ခြင်းသာ ဖြစ်၏။ သို့သော်လည်း ရှစ်ရို့လန်၏ စွမ်းရည်ကမူ တူညီသည့် စွမ်းအားရောက်အောင် လုပ်ခြင်းဖြစ်၏။ ဆိုရလျှင် ချီ၊ ခန္ဓာကိုယ်၊ ဝိညာဉ်စွမ်းအား၊ အင်အား စသဖြင့် ဖြစ်သည်။

သူမ မလျှော့ချနိုင်သည့် တစ်ခုတည်းသော အရာက လူတစ်ယောက်၏ ထိန်းချုပ်မှု သို့မဟုတ် စည်းမျဉ်းနားလည်နိုင်စွမ်းသာ ဖြစ်၏။ သူမက သူတို့၏ နည်းစနစ် သို့မဟုတ် စည်းမျဉ်းအဆင့်ကို ထိန်းချုပ်နိုင်သော်လည်း ပါးနပ်မှု မရှိပေ။ ထို့ကြောင့် သူမက တိုက်ပွဲကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်၏။ နောက်ထပ် ကွာခြားမှုတစ်ခုမှာ ထိုနည်းစနစ်နှစ်ခုကြား တိထျန်း၏ ပိုင်နက်ကို ရှောင်ရှားနိုင်သလို ပယ်ဖျက်နိုင်ပြီး ပြန်လည်ရင်ဆိုင်နိုင်သည်။ သို့သော်လည်း ရှစ်ရို့လန်၏ စွမ်းရည်က မဟာဧကရာဇ်၏ စွမ်းအား ထောက်ပံ့ပေးထားသည့် အစီအစဉ်ကျမှုစွမ်းအား ပါဝင်နေဟန်ပေါ်သည်။

ထို့ကြောင့် သေမျိုးတစ်ယောက်က မဟာဧကရာဇ်၏ စွမ်းအား မရှိမချင်း သူတို့က သူမ၏ စွမ်းရည်ကို ပယ်ဖျက်နိုင်မည် မဟုတ်ပေ။ သူ ရှစ်ရို့လန်ကို အနိုင်ပိုင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းက သူမကို အဆင့်တူအတွင်း ရိုက်နှက်နိုင်ဖို့ ဖြစ်၏။

ငါ့ရဲ့ အစီအစဉ်ကျမှု၊ မကျမှု စည်းမျဉ်းက သူတို့ရဲ့ စွမ်းရည်ကို ပြန်လည်ဖန်တီးနိုင်လောက်တယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့နည်းလမ်းများက တိထျန်း၏ အဆင့်လောက် ရောက်ရှိနိုင်သော်လည်း ရှစ်ရို့လန်အဆင့်လောက် ရောက်ရှိမည် မဟုတ်ကြောင်း သိလိုက်သည်။ ထိုအရာက သူ့အနေဖြင့် ဒဿမအဆုံးစွန်အုတ်မြစ်ကို မရရှိခင်အထိ ဖြစ်၏။

သို့သော် ယခုအခါ သူက မဟာဧကရာဇ် တစ်ယောက်၏ စွမ်းအားကို ရရှိထားလေရာ အဘယ်ကြောင့် ထိုနည်းစနစ်ကို အသုံးပြုဖို့ လိုအပ်မည်နည်း။

မဟုတ်သေးဘူး။ ဒါက အသုံးဝင်နိုင်တယ်။ ဒီနည်းစနစ်သာ မဟာဧကရာဇ်အပေါ်မှာ အလုပ်ဖြစ်နိုင်ရင် ငါက သူတို့ရဲ့ ကျင့်ကြံဆင့်ကို ငါနဲ့ ကျင့်ကြံဆင့်တူအဖြစ် လျှော့ချပြီးတော့ သူတို့ကို အလွယ်တကူ အနိုင်ပိုင်းလို့ရတယ်…

အကယ်၍ သူ့တွင် ဒဿမအဆုံးစွန်အုတ်မြစ် ရှိထားပြီး တတိယတန်းစားဧကရာဇ်၏ အဆင့်ကို ဧကရာဇ်တစ်ပိုင်းအဆင့်အဖြစ် လျှော့ချနိုင်ပါက သူသည် ထိုသူအား အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်။

ဝမ်ဝေ့က လိုအပ်ချက်များအရ ထိုနည်းစနစ်သည် အသုံးဝင်ဖို့ အတော်လေးကို လက်တွေ့မဆန်ကြောင်း သဘောပေါက်သွားသည့်အခါ ခေါင်းအသာယမ်းလိုက်တော့သည်။

***

All Chapters