ရုပ်ခန္ဓာနှစ်ခု၏ သမိုင်းကြောင်း
Vol. 43 Ch. 593
ချူးလော့ရဲ့ တိုက်ခိုက်ရေးပုံစံက တစ်ဖက်လူရဲ့ ဆန့်ကျင်ဘက်တာအိုကို အသုံးပြုပြီးတော့ အနိုင်ပိုင်းတဲ့ပုံပဲ…
ဝမ်ဝေ့က တိုက်ပွဲအတွင်း လေ့လာနေသည်။ ဖန်ဆင်းခြင်းတာအို၏ စွယ်စုံအသုံးပြုနိုင်ပုံအရ ထိုသူသည် ဤတိုက်ခိုက်ရေးနည်းလမ်းကို အဘယ်ကြောင့် အသုံးပြုမှန်း နားလည်လိုက်၏။
သို့သော်လည်း သူက ကံကြမ္မာတာအို၏ ဆန့်ကျင်ဘက်ဖြစ်သည့် လွတ်လပ်ခွင့်တာအိုကို ပေါင်းစပ်ထားသည့်အတွက် သူ့အပေါ်တွင် အလုပ်ဖြစ်မည် မဟုတ်ပေ။ အကယ်၍ အလုပ်ဖြစ်ခဲ့လျှင်ပင် ထိုနည်းဗျူဟာက သူ့အပေါ် အလုပ်ဖြစ်ဦးမည် မဟုတ်ပေ။ အကြောင်းမှာ တာအိုသစ်ပင်က ငွေရောင်ပြောင်းလဲသွားပြီဖြစ်၍ ဖြစ်သည်။ အကောင်းဆုံးအနေဖြင့် ချူးလော့က လွတ်လပ်ခွင့်တာအိုကို သုံး၍ ရင်ဆိုင်လျှင် ညီတူညီမျှသာ ရှိနေလိမ့်မည်။
“ ချူးလော့က အနိုင်ရရှိတယ်” အရှင်စိတ်ဝိညာဉ်က ပျော်ရွှင်သည့် လေသံဖြင့် ကြေညာလိုက်သည်။ တော်တော်များများက ထိုပျော်ရွှင်မှုအကြောင်း စဉ်းစားနေကြစဉ် အရှင်စိတ်ဝိညာဉ်ကသာ အကြောင်းအရင်းကို သိထားလေသည်။
သူ့သခင် ပြုလုပ်ထားသည့် သဘောတူညီချက်အရ ရှစ်ရို့လန်နှင့် ရှောင်ထျန်းတိတို့သာ တိုက်ပွဲကို ရှုံးနိမ့်သွားသရွေ့ ဒိုင်မေးရှင်းအမြင့်မှ လက်ရွေးစင်အားလုံးကို နှင်ထုတ်ပြီး နောက်ဆုံးသော စစ်ဆေးမှုတွင် မပါဝင်နိုင်အောင် တားဆီးနိုင်သည်။
ယခုတွင် နှစ်ယောက်ထဲမှ တစ်ယောက်က ရှုံးနိမ့်သွားပြီ ဖြစ်၏။
ဝမ်ဝေ့ ငါ့ကို စိတ်မပျက်စေနဲ့…
အရှင်စိတ်ဝိညာဉ်က တွေးလိုက်သည်။
“ နောက်တစ်ယောက်က ဘယ်သူလဲ”
“ ကျွန်မ”
အားလုံးက ဖြေသည့်သူက ရှစ်ရို့လန် ဖြစ်နေကြောင်း မြင်လိုက်ရသည်။
“ ဘယ်သူ့ကို စိန်ခေါ်ချင်တာလဲ”
“ ဒီတစ်ခါ ဝမ်ဝေ့ကို စိန်ခေါ်မယ်”
“ ငါ ငြင်းတယ်” ဝမ်ဝေ့က ချက်ချင်းပြောလိုက်၏။
“ ဘာလို့လဲ။ ရှင်က ကျွန်မကို လျှော့တွက်နေတာလား”
“ မဟုတ်ဘူး။ မင်းရဲ့ စွမ်းရည်က စက်ဆုပ်ဖို့ ကောင်းလို့”
ရှစ်ရို့လန်၏ နှုတ်ခမ်းများက တွန့်ချိုးသွားကာ တစ်စုံတစ်ယောက်က သူမ၏ စွမ်းရည်အကြောင်း ပြောသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။
“ ကောင်းပြီ။ ကျွန်မနဲ့ တိုက်ဖို့ မလိုဘူး။ ဒါပေမဲ့ ကျွန်မရဲ့ စွမ်းရည်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပြ။ ရှင်က ကျွန်မနဲ့ ကျင့်ကြံဆင့်အတူတူ ဖြစ်ဖို့ ဘယ်လိုနည်းလမ်း အသုံးပြုမှာလဲ”
ရှစ်ရို့လန်က ဝမ်ဝေ့တွင် သူမနှင့် အဆင့်အတူတူ ဖြစ်စေနိုင်မည့် ချူးလော့လိုမျိုး နည်းလမ်းတစ်ခု ရှိထားမှန်း သိသော်လည်း သိချင်မိသည်။
ထို့စဉ် ဝမ်ဝေ့က သဘောမတူခင် စဉ်းစားလိုက်၏။
ဝမ်ဝေ့၏ ခေါင်းအထက် ခရမ်းရောင် ကြယ်တာရာ ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို အလင်းပေးထားသည်။ ထို ကြယ်တာရာက မြင့်မြတ်ကာ အားကြီးပြီး အုပ်ချုပ်သူတစ်ယောက်၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
“ အုပ်ချုပ်သူ ကြယ်တာရာလို့သိတဲ့ အရှေ့ဘက်ခရမ်းရောင်ကြယ်ပဲ” ရှစ်ရို့လန်က ရေရွတ်လိုက်သည်။ ထို့နောက် သူက သူ့ကံကြမ္မာတာအိုကို အသုံးပြုကာ သူ့ကံကြမ္မာကို ထိုအုပ်ချုပ်သူအဖြစ် ပြောင်းလဲခဲ့ကြောင်း ပြောနိုင်လေသည်။ ထိုနည်းလမ်းဖြင့် သူမသည် သူမအဆင့်အောက် ဖိနှိပ်နိုင်မည် မဟုတ်ပေ။
“ ဒါက အလုပ်ဖြစ်တယ်”
ရှစ်ရို့လန်က ကျိလန်ဖန်းနှင့် တခြားသူများကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ ထို့နောက် သူမက သူမ၏ နေရာဆီ ပျံသန်းသွား၏။
သူမက တခြားသူများကို တူညီသည့်နည်းလမ်းကို မေးလိုသော်လည်း မမေးခဲ့ပေ။
ထိုလူများ၏ အင်အားက သူမနှင့် ယှဉ်နိုင်လျှင် အရမ်းကို အားနည်းလွန်းနေသည်။ ကျိလန်ဖန်းက ပွင့်ချပ်တစ်လွှာအဆင့်သာ ရှိထားပြီး ကျန်လူများက ထိုအဆင့်ကို ရောက်ဖို့ အလားအလာများသာ ရှိထားသည်။
သူတို့က နည်းလမ်းရှိနေလျှင်ပင် ကွာဟချက် ကျယ်ပြန့်မှုကြောင့် ဖိနှိပ်ခံရဆဲသာဖြစ်၏။ ရှစ်ရို့လန်က သူတို့သည် သူမနှင့် တိုက်ခိုက်မည့်နည်းလမ်းကို စဉ်းစားနေကြောင်း တွေးသည်မှာ မှန်ကန်နေသည်။
ကျိလန်ဖန်းက သူ သိထားသမျှ ဘုရင်တာအိုဓားသမား ဓားရေးအားလုံးကို အသုံးပြုပြီး အုပ်ချုပ်သူတစ်ယောက်၏ အရှိန်အဝါကို ဖန်ဆင်းဖို့ တွေးထားခဲ့သည်။ ထုံရို့ပင်းကမူ အရှိန်အဝါ ပြောင်းလဲရေးအဆောင်ကို အသုံးပြု၍ အုပ်ချုပ်သူ တစ်ယောက်အဖြစ် ပြောင်းလဲဖို့ အသုံးပြုလိမ့်မည်။
ရှစ်ချီအန်းကမူ သူမ၏ မွေးရပ်မြေမှ သေမျိုးများပေါ်ရှိ ကံကြွေးကို ဆက်နွယ်ကာ သူမအား အုပ်ချုပ်သူ တစ်ယောက်၏ အနေအထား ပေးလာစေဖို့ ဖိအားပေးနိုင်သည်။ ထိုစဉ် ကျင်းဝူဟွားကမူ အစကတည်းက အုပ်ချုပ်သူတစ်ယောက်သာ ဖြစ်၏။ ပြောရလျှင် ခြေသုံးချောင်းရွှေကျီးက ရွှေကျီးမျိုးနွယ်၏ တော်ဝင်မိသားစု ဖြစ်သည့်အတွက် သူမတွင် အုပ်ချုပ်သူ အငွေ့အသက်မျိုး ရှိထားပြီးသား ဖြစ်သည်။
“ အခု အားလုံး ဖြေရှင်းပြီးသွားပြီဆိုတော့ နောက်ထပ် ဘယ်သူစိန်ခေါ်မှာလဲ…”
အရှင်စိတ်ဝိညာဉ်၏ စကားမဆုံးခင် အသံ ကျယ်ကျယ်တစ်ခု ထွက်ပေါ်လာပြီး အားလုံးက နားများ အုပ်လိုက်ရသည်။ အားလုံးက ရှောင်ထျန်းတိဘက် လှည့်ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင် အဆောင်တစ်ခု မျောလွင့်နေသည်ကို မြင်လိုက်ရ၏။
“ မင်း အပေးအယူကို သိတယ်မလား” အဆောင်မှ အမျိုးသမီး၏ အသံ ထွက်လာသည် “ အသံက မင်း မလှုပ်မရှားမချင်း ရပ်တန့်မှာ မဟုတ်ဘူး”
ဆိုးဝါးလှသည့်အသံက ရပ်တန့်သွားသော်လည်း ရှောင်ထျန်းတိသာ ကြားနေရသည့် တစ်ဦးတည်းသောသူ ဖြစ်၏။ သူ့နှုတ်ခမ်းထောင့်က တွန့်ချိုးသွားလေသည်။ သူ့ဆရာက သူ့အား လှုံ့ဆော်ဖို့ တစ်စုံတစ်ခု အသုံးပြုခဲ့သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ထိုအဆောင်က သူ မည်သည့်နည်းလမ်းအသုံးပြုစေကာမူ ရပ်တန့်မည် မဟုတ်ကြောင်း သိထားလေ၏။ ရှောင်ထျန်းတိက မဟာဧကရာဇ်၏ စွမ်းအားကို အသုံးပြုလျှင်ပင် ထိုအရာကို ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။
“ ကျစ် ကောင်းပြီ” သူက ပြောပြီးသည့်နောက်တွင် ထရပ်လိုက်သည်။ မျက်လုံးများက အနည်းငယ် မှိတ်ထားလေ၏။ သူက တခြားသူများကို ကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့အပေါ်တွင် ရပ်တန့်သွားသည်။
“ မင်းပဲ။ မြန်မြန်ဆန်ဆန် လုပ်လိုက်ရအောင်”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“ သခင်လေးဝမ်ဝေ့ ကျေးဇူးပြုပြီး မငြင်းပယ်ပါနဲ့” အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည်။
ဝမ်ဝေ့က တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။ ထို့နောက် သူ့အာရုံက ထိုသူနှင့် တိုက်ခိုက်ဖို့ရာ ပြောပြနေ၏။ သူ့အတွက် အကျိုးအမြတ် ရှိလာလိမ့်မည်။
“ ကောင်းပြီ” သူက ဝေဟင်အထက် ပျံသန်းသွားကာ ရှောင်ထျန်းတိက နောက်မှ လိုက်ပါလာသည်။ သူတို့က တစ်ဦးနှင့် တစ်ဦး စက္ကန့်ပိုင်းကြာ ကြည့်လိုက်ကြ၏။
“ ရှင်းပြရခက်တဲ့ အကြောင်းအရင်းတချို့ကြောင့် မင်းကို မကြိုက်ဘူး” ရှောင်ထျန်းတိက ရုတ်တရက်ပြောလာသည်။
“ လူတော်တော်များများက ငါ့ကို မကြိုက်ကြဘူး။ ငါက သူတို့ထက် ပိုရုပ်ချော ပိုအားကောင်းပြီးတော့ ပိုရက်စက်ပြီးတော့ ပိုချောမောတဲ့ ဇနီးလေးလည်း ရှိထားတယ်လေ။ အဲဒီထဲက တစ်ခုရွေးလိုက်ပေါ့။ အဲဒါဆို လုံလောက်ပါတယ်”
ရှောင်ထျန်းတိက ဆွံ့အသွား၏။ သူ့သွင်ပြင်က ထိုမျှမဆိုးပေ။ သူ့သွင်ပြင်ကို သူက ဂရုမစိုက်ရုံမျှသာ ဖြစ်၏။ အားကောင်းသည့်အချက်ကိုမူ လူငယ်မျိုးဆက်အတွင်း ဘယ်သူကမှ သူ့အား အနိုင်မယူခဲ့ဖူးပေ။ ထိုသူများထဲတွင် ကျန်းယွီချန်းနှင့် ဘုန်းကြီးဝူကျစ်လည်း အပါအဝင် ဖြစ်သည်။
တာအိုလက်တွဲဖော်နှင့် ပတ်သက်လာသည့်အခါ သူ့တွင် လှပသည့် ဆရာတစ်ယောက် ရှိထားသည်။ သူတို့က အတူတူ မရှိသေးသော်လည်း ထိုအရာက အချိန်တစ်ခုမျှသာ ကြာမြင့်မည် ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထား၏။ ထိုလူ့ကို ပေးနိုင်သည့် အရာမှာ ရက်စက်ကြမ်းကြုတ်ခြင်းသာ ဖြစ်၏။ ထိုသူက တာအိုနယ်ရှင်တစ်ယောက် ဖြစ်နေသော်လည်း ပင်ကိုတာအိုအရင်းအမြစ် ရုပ်ခန္ဓာဖြင့် မွေးဖွားလာသူတစ်ယောက်အနေဖြင့် သူသည် ထိုကဏ္ဍတွင် ရှုံးနိမ့်လိမ့်မည်ဟု မထင်ပေ။
“ မဟုတ်ဘူး။ အဲဒီအကြောင်းအရင်းတွေကြောင့် မဟုတ်ဘူး။ မင်းကို ဒီအတိုင်း အကြောင်းအရင်းတချို့ကြောင့် မကြိုက်ရုံပဲ”
“ ကောင်းပြီ။ အရှင်းဆုံးပြောရရင် ငါလည်း အဲလိုပဲ ခံစားရတယ်” ဝမ်ဝေ့က သူတို့၏ သဘောမကျမှု အကြောင်းအရင်းကို သိထားလေသည်။ ပင်ကိုတာအိုအရင်းအမြစ် ရုပ်ခန္ဓာနှင့် ပင်ကိုစံပြဝိညာဉ်တို့က မဟာရန်သူတော်ဟု ခေါ်ဆိုနိုင်သည်။
ရှောင်ထျန်း၏ ပင်ကိုရုပ်ခန္ဓာက ကျင့်ကြံရေးအတွက် အကောင်းဆုံးဟု ယူဆနိုင်သည်။ သို့သော်လည်း ထိုအရာက ပင်ကိုစံပြဝိညာဉ် ပေါ်မလာခင်အထိသာ ဖြစ်၏။
လူတချို့က ပင်ကိုစံပြဝိညာဉ်အဖြစ် မွေးဖွားနိုင်ကြသလို စံပြတစ်ယောက်က ကမ္ဘာအဆီအနှစ်နှင့် တူညီသည့် စံပြအဆင့် အရင်းအမြစ် မြောက်များစွာကို အသုံးပြုပြီး ဝမ်းဗိုက်ထဲမှ မမွေးဖွားရသေးသော ကလေးကို အားဖြည့်ပေးနိုင်သည်။
သို့သော်လည်း လူတချို့က ထိုအရင်းအမြစ်များသည် စံပြများအတွက်ပင် အဖိုးတန်လွန်းသည့်အတွက် မမွေးဖွားသေးသော ကလေးငယ်အပေါ် အသုံးပြုရခြင်းမှာ ဖြုန်းတီးသည်ဟု ထင်ရသည်။ နောက်ထပ် အကြောင်းအရင်းတစ်ချက်က အောင်မြင်နိုင်နှုန်းကြောင့် ဖြစ်၏။ ရံဖန်ရံခါ မဟုတ်လျှင်ပင် ထိုကလေးက ထိုအရင်းအမြစ်များကို ကောင်းမွန်စွာ မစုပ်ယူနိုင်ပဲ သူတို့၏ အသစ်မွေးဖွားလာသည့် ဝိညာဉ်ကို ထိုအဆင့်ထိ ရောက်ရှိဖို့ ကျရှုံးသွားတတ်ကြသည်။
ထိုကလေး၏ ဝိညာဉ်ကို လွှမ်းမိုးသွားနိုင်သည့် အခွင့်အရေးရှိပြီး အပျက်အစီးလည်း ဖြစ်လာနိုင်စေသည်။
မည်သို့ပင်ဆိုစေကာမူ ရယူသည့် နည်းလမ်းမှ တဆင့် ပင်ကိုစံပြဝိညာဉ်ကို ရရှိသည့် ပထမဦးဆုံးလူနာမည်မှာ စံပြမြေနီမှုန့် ဖြစ်၏။
မြေနီမှုန့်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် အစစ်အမှန် ရှာဖွေသူဟု ဂုဏ်ပုဒ်ရှိ အမျိုးသားတစ်ဦး အုပ်စိုးစဉ်အခါက ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုသူက ပြိုင်ဘက်ကင်း အင်အားရှိထားသည့် အဆုံးစွန်မဲ့ စံပြတစ်ဦး ဖြစ်၏။
အစစ်အမှန်ရှာဖွေသူစံပြက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ အစောပိုင်းခေတ်ကာလတွင် နေထိုင်ခဲ့ပြီး ရှေးကျလေသည်။ သူ့ခေတ်အချိန်အခါက စံပြအနည်းငယ်သာ ရှိပြီး အဆုံးစွန်စံပြများအကြောင်း ထည့်ပြောဖို့ပင် မလိုတော့ပေ။
မည်သို့ပင်ဆိုစေကာမူ သူက သူ့ရွယ်တူများကြား အားအကောင်းဆုံးဖြစ်ကာ ခေတ်တစ်ခုလုံးကို ဖိနှိပ်ထားနိုင်သည်။ ရလဒ်အနေဖြင့် အစစ်အမှန်ရှာဖွေသူ လိုချင်သည့် တစ်ခုတည်းသော အရာက သူနှင့် လက်ရည်ယှဉ်ဖို့ ပြိုင်ဘက်တစ်ဦး ဖြစ်သည်။ သူက ထိုနေ့ရက်သည် ဘယ်တော့မှ ရောက်မလာမည်ကို စိုးရိမ်နေမိခဲ့သည်။ ထိုအရာက သူနှင့် အပေးအယူလုပ်ဖို့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ချဉ်းကပ်မလာခင်အထိ ဖြစ်သည်။
အမျိုးသမီးက သူသာ လိုအပ်သည့် အရင်းအမြစ်များကို ပေးလျှင် အစစ်အမှန် ရှာဖွေသူ၏ ပင်ကိုတာအိုအရင်းအမြစ် ရုပ်ခန္ဓာနှင့် ယှဉ်နိုင်သည့် ဟော်သဲ့(ရယူ/လုပ်ယူ) စွမ်းရည်ရှိသော ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်လိမ့်မည်ဟု ပြောလာသည်။
စံပြက သဘောတူလိုက်၏။ ပြောရလျှင် မြေနီမှုန့်က ပင်ကိုစံပြဝိညာဉ်ဖြင့် မွေးဖွားလာသော ပထမဆုံးသူ ဖြစ်သည်။ အစစ်အမှန်ရှာဖွေသူက ကလေးငယ်အား သူ သိထားသမျှ အရာအားလုံးကို ကြားစေခဲ့ပြီး သူနှင့် အဆင့်တူရောက်ဖို့ လိုအပ်သည့် အရင်းအမြစ်အားလုံးကို ပေးခဲ့သည်။ သူ့အနေနှင့် ထိုသို့အရာမျိုး လုပ်သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ အကြောင်းမှာ သူက သူ့ကို စိန်ခေါ်မှု ဖြစ်လာစေနိုင်သည့် တစ်စုံတစ်ဦးကို အမြဲလိုချင်နေခဲ့၍ ဖြစ်သည်။
ကံဆိုးစွာဖြင့် ကိစ္စများက သူ မှန်းဆထားသည်ထက် ကျော်လွန်နေခဲ့သည်။ အစစ်အမှန်ရှာဖွေသူက မောက်မာကာ မာနကြီးသူတစ်ဦး ဖြစ်သည်။ သူက သူ့အား ထိုက်တန်သည့် စိန်ခေါ်မှုမျိုး ပေးမည့်လူ လိုချင်သော်လည်း သူက သူစိတ်ရှိတိုင်း အနိုင်ပိုင်းချင်သည်။
ကံဆိုးစွာဖြင့် မြေနီမှုန့်က မည်သည့်နည်းလမ်းမဆို သူနှင့်လက်ရည်တူနေသည်။ သူက အကောင်းဆုံးကြိုးစားလျှင်ပင် တစ်ဖက်လူကို အနိုင်မပိုင်းနိုင်ပေ။ ထို့ကြောင့် သူက သူ့မာန ကွဲကြေသွား၏။
တစ်ဖက်တွင် မြေနီမှုန့်ကလည်း ထိုရလဒ်နှင့် ပတ်သက်ပြီး မပျော်ရွှင်ပေ။ ငယ်စဉ်ကလေးဘဝကတည်းက သူ့အိပ်မက် သို့မဟုတ် ရည်မှန်းချက်က သူ့မွေးစားအဖေကို ကျော်လွန်ဖို့ ဖြစ်၏။ သို့သော် သူ မည်မျှကြိုးစားစေကာမူ ရလဒ်က သရေသာ ဖြစ်နေသည်။
ထို့နောက် အဆုံးစွန်မဲ့စံပြနှစ်ယောက်က ဆေးဝါးပညာ၊ အဆောင်၊ အစီအရင် အစရှိသဖြင့် တခြားသောအရာများအပေါ်တွင် စတင်ယှဉ်ပြိုင်ကြသည်။ သူတို့ရုပ်ခန္ဓာ၏ ကြောက်မက်ဖွယ် နားလည်နိုင်စွမ်းဖြင့် သူတို့သည် ကြိုးစားသမျှ အရာအားလုံးတွင် ထူးချွန်ကြသည်။
နှမြောစရာကောင်းလှသည်က ရလဒ်က သရေသာ ဖြစ်နေလေ၏။ သူတို့၏ ဘဝတွင် သူတို့၏ ယှဉ်ပြိုင်မှုက ဆက်ဆံရေးကိုပါ ပြောင်းလဲစေခဲ့သည်။ သူတို့က တစ်ဦးနှင့် တစ်ဦး မုန်းတီးလာခဲ့ကြသည်။
ထို့ကြောင့် သူတို့က နောက်ဆုံးသော ကြိုးစားမှုကို လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ထိုအရာက သူတို့၏ ရုပ်ခန္ဓာဖြင့် ပြန်လည်ဝင်စားပြီး တူညီသည့် မျိုးဆက်တွင် မွေးဖွားလာကာ ကောင်းကင်အလိုဆန္ဒကို ယှဉ်ပြိုင်ဖို့ ဖြစ်၏။
သူတို့နှစ်ဦးက ပြိုင်ပွဲကို ဆုံးဖြတ်ပြီးသည့်နောက်တွင် ထိုနေ့ရက်၌ ပျောက်ကွယ်သွားကြသည်။ မည်သူက အနိုင်ရရှိသူဖြစ်မှန်း ဘယ်သူမှ မသိကြပေ။ ကောင်းကင်တာအိုက ပင်ကိုစံပြဝိညာဉ်သည် ပင်ကိုတာအိုအရင်းအမြစ် ရုပ်ခန္ဓာနှင့် မျှခြေညီနေကြောင်း သဘောပေါက်ကာ သူတို့အား ထူးကဲသည့် တစ်ဦးချင်းစီကို ချီးမြှင့်ပေးခဲ့သည်။
သို့သော်လည်း အစစ်အမှန် ရှာဖွေသူနှင့် မြေနီမှုန့် စံပြတို့၏ စိတ်ဆန္ဒကို အနာဂတ် ထိုရုပ်ခန္ဓာပိုင်ရှင်များက အမွေဆက်ခံရရှိလိမ့်မည်။ သူတို့နှစ်ဦးက တူညီသည့် မျိုးဆက်အတွင်း ပေါ်ထွက်လာသရွေ့ သူတို့သည် မကြာခဏ ယှဉ်ပြိုင်ကာ တစ်ဦးနှင့်တစ်ဦး ဖိနှိပ်ဖို့ ကြိုးစားကြလိမ့်မည်။
ဝမ်ဝေ့က ထိုစိတ်ဆန္ဒ၏ လွှမ်းမိုးမှုကို မခံရပေ။ သူက ရှောင်ထျန်းတိကို နောက်ထပ် အကြောင်းအရင်းတစ်ခုကြောင့်သာ သဘောမကျခြင်း ဖြစ်၏။ ထိုအရာကို သူက ရှာဖွေမတွေ့ရှိသေးသော်လည်း ကြိုတင်ခံစားမိနေသည်။
ဤတိုက်ပွဲအတွင်း ထိုအကြောင်းအရင်းကို ရှာတွေ့နိုင်ဖို့ရာ မျှော်လင့်နေမိ၏။
***