← Chapters

မဟာမြူစက်ဝန်း

Vol. 43 Ch. 594

မဟာမြူစက်ဝန်း

Vol. 43 Ch. 594

“ ကောင်းပြီ။ အခု တိုက်လိုက်ရအောင်” ရှောင်ထျန်းတိက ပြောလိုက်သည် “ မင်းအပေါ် လျော့ပေးဖို့ မျှော်လင့်မနေနဲ့”

“ အဲဒါက ငါပြောရမှာ” ဝမ်ဝေ့က တစ်ဖက်လူဆီ ပြေးဝင်မသွားခင် ပြောလိုက်သည်။ သူက ရှောင်ထျန်းတိရှေ့တွင် ချက်ချင်းပေါ်ထွက်လာပြီး လက်သီးဖြင့် ထိုးချလိုက်၏။

ဝုန်း

မြန်လိုက်တာ…

ရှောင်ထျန်းတိ လွင့်စင်မသွားခင် နောက်ဆုံးတွေးလိုက်သည့် အတွေး ဖြစ်သည်။ သူ့နံရိုးများက အက်သွားလေ၏။

သူ လွင့်ထွက်သွားစဉ် သူ့ခန္ဓာကိုယ်မှ အဖြူရောင် မီးတောက်တစ်ခု ပေါ်ထွက်လာကာ ဒဏ်ရာများကို ကုစားပေးသွားသည်။

ထိုစဉ် ဝမ်ဝေ့က ဆက်လက် တိုက်ခိုက်နေသည်။ သူက ကံကြမ္မာလွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြုကာ မယုံနိုင်လောက်ဖွယ် အရှိန်ဖြင့် ပျံသန်းလာသည်။ သူက သက်တံဧကရီဆီမှ ရရှိထားသော သင်ယူထားသည့် အကွက်တချို့ပါ ထုတ်သုံးလိုက်သည်။

သူက သူ့စွမ်းအားကို မြှင့်တင်ဖို့ ယုန်ရာသီခွင် စွမ်းအားကိုပါ အသုံးပြုခဲ့သည်။ သူက သိုးရာသီခွင်ကို အသုံးပြုကာ ဓာတ်ငါးပါးလွှမ်းမိုးမှုကို တိုးမြှင့်လိုက်သည်။ ထိုလွှမ်းမိုးမှုဖြင့် သူသည် လျှပ်စီး၊ လေ၊ မိုးကြိုးနှင့် ကာလံဒေသံအချိန်များကို အသုံးပြုပြီး သူ့အင်အားကို တိုးမြှင့်နိုင်သည်။

သူက ကူးသန်းပြောင်းရွေ့သွားလိုက်သလိုမျိုး ထင်ရဟန်ပေါ်သည့် အရှိန်ဖြင့် သူသည် ရှောင်ထျန်းတိရှေ့တွင် ပေါ်ထွက်လာသည်။

ဘန်း

သူက တစ်ဖက်လူ၏ ခေါင်းကို လက်သီးတစ်ချက်ဖြင့် ဖောက်ခွဲပစ်လိုက်သည်။

ငါ မတုံ့ပြန်နိုင်လောက်အောင် သူက ဘာလို့ အဲ့လောက်တောင် မြန်နေရတာလဲ…

ရှောင်ထျန်းတိက တွေးကာ သူ့ခန္ဓာကိုယ်က ပြန်လည်ဖြစ်တည်လာသည်။

ငါ တစ်ခုခုလုပ်မှ ဖြစ်မယ် …

ဘန်း

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးက သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွားသည်။ သို့သော်လည်း ရှောင်ထျန်းတိက အဖြူရောင်မီးတောက်ဖြင့် လွှမ်းခြုံရင်း ဇာမဏီတစ်ကောင်ကဲ့သို့ ပြန်လည်ကောင်းမွန်လာ၏။ ဤတစ်ကြိမ်တွင် ကိစ္စများက ပြောင်းလဲသွားပြီး သူ့အရှိန်အဝါက သိသိသာသာ မြင့်တက်လာသည်။

သူက ပွင့်ချပ်(၆)လွှာ ထာဝရအရှင်အဆင့်မှ (၉)လွှာအဆင့်အထိ တိုးမြင့်သွားသောကြောင့် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

လျှို့ဝှက်နည်းစနစ်လား…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ထိုစဉ် ရှောင်ထျန်းတိက လက်ကို မြှောက်ကာ ဝမ်ဝေ့ဆီ အဝါရောင် အလင်းတန်းတစ်ခု ပစ်ခတ်လိုက်၏။

ကံဆိုးစွာဖြင့် သူ့တုံ့ပြန်မှုက မမြန်ဆန်ပေ။ သူ့ညာဘက်လက်က ဘယ်သောအခါမှ မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွား၏။

“ မဟာမြူစွမ်းအား … ဒါ မမြင်ရတာတောင် ကြာပြီပဲ” သူက တည်ငြိမ်စွာ ပြောလိုက်၏။ ကျောင်းတော်၌ ကောင်းကင်ရွေးချယ်ခံစစ်ဆေးမှုအတွင်း လင်းဖန်က မဟာမြူကို အသုံးပြုကာ စုယာနှင့် ရင်ဆိုင်ခဲ့သည်။

မဟာမြူက စကြဝဠာ၏ အစပိုင်းကတည်းက တည်ရှိခဲ့ဖူးသည့် ပထမဦးဆုံးစွမ်းအင် သို့မဟုတ် စွမ်းအားများအနက် တစ်ခုအဖြစ် ယူဆနိုင်သည်။ ထိုအရာက မူလဘူတ သဏ္ဌာန်လည်း ဖြစ်၏။ ထို့ကြောင့် ထိုအရာက ထိတွေ့သမျှ အရာအားလုံးကို မူလအခြေအနေ ပြန်ရောက်ရှိသွားစေနိုင်သည်။

မဟာမြူကို ယင်နှင့်ယန်ဟု ခွဲခြားထား၏။ ယင်အပိုင်းက အဆုံးသတ်မဟာမြူအဖြစ် ရည်ညွှန်းကြပြီး ဖျောက်ဖျက်ခြင်း စွမ်းရည်ရှိထားပြီး အရာများကို မူလအခြေအနေသို့ ပြောင်းလဲနိုင်သည်။

ထိုစဉ် ယန်မဟာမြူကို စကြဝဠာမဟာမြူအဖြစ် ခေါ်ဆိုပြီး အရာအားလုံးကို မူလဘူတကို တခြားအရာအားလုံးအဖြစ် ပုံသွင်းခြင်းအဖြစ် အသုံးပြုနိုင်သည်။

ကျင့်ကြံသူများက ကောင်းကင်ဘုံအဆင့် ဝင်ရောက်ဖို့ အသိစိတ်ပင်လယ်အတွင်း မဟာမြူစက်ဝန်းကို ဖွဲ့စည်းရသည်။ ထိုစက်ဝန်းမှတဆင့် သူတို့သည် သက်ရှိနှင့် တခြားအရာများကို ဖန်တီးဖို့ စကြဝဠာမဟာမြူကို ထိန်းချုပ်ရသည်။

ဝမ်ဝေ့၏ စိတ်အတွင်း အတွေးများစွာ ဖြတ်ပြေးသွားပြီးနောက် ပျောက်ဆုံးသွားသည့် သူ့လက်မောင်းကို ကြည့်လိုက်သည်။ ထို့နောက် ပျောက်ဆုံးသွားသည့် သူ့လက်မောင်းအထက် ခရမ်းရောင် မီးတောက်တစ်ခု ထွက်ပေါ်လာကာ နှလုံးသားထဲရှိ ဟွင်သွမ်းမီးတောက်ဖြင့် ထိုမဟာမြူစွမ်းအားကို လောင်ကျွမ်းပစ်လိုက်သည်။

ရှောင်ထျန်းတိက တစ်ဖက်လူအား အသက်ရှူဖို့ အချိန်ပင်မပေးပေ။ သူက အဆုံးသတ်မဟာမြူကို ဓားမော့ပုံစံရှိသည့် ဓားအသွင် ပြောင်းလိုက်သည်။ ထို့နောက် သူက ဝမ်ဝေ့ဆီ ပိုင်းဖြတ်ဖို့ ပြေးဝင်လိုက်၏။

တစ်ဖက်လူက သူ့တိုက်ကွက်ကို အလွယ်တကူ ရှောင်ရှားလိုက်လေသည်။ သူ၏ ပွင့်ချပ်(၉)လွှာ ထာဝရအရှင်စွမ်းအားဖြင့် သူသည် တစ်ဖက်လူအပေါ် သိသိသာသာ လွှမ်းမိုးနိုင်စွမ်း ရှိသင့်သည်။ ယခင် သူ ခံခဲ့ရသလိုမျိုး ဖြစ်၏။

ဝှစ်

ရှောင်ထျန်းတိက ဓားကို စက္ကန့်ပိုင်းလေးအတွင်း အကြိမ်သန်းချီ ဝှေ့ယမ်းလိုက်သည်။ သို့သော် သူ့တိုက်ကွက်တစ်ခုကမှ တစ်ဖက်လူအပေါ် မထိမိပေ။ ထို့ကြောင့် သူက မဟာမြူဓားကို ဘောလုံးအဖြစ် ဖွဲ့စည်းကာ နေရာကျယ် တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က တိုက်ကွက်၏ နယ်နိမိတ်မှ အလျင်အမြန်ရှောင်ထွက်သွား၏။

ရှောင်ထျန်းတိက ဝမ်ဝေ့အား ကြည့်ကာ “ မင်းက တိုက်ပွဲရူးစံပြရဲ့ အကြွင်းမဲ့ ရှောင်ရှားခြင်းနည်းစနစ်ကို သုံးနေတာပဲ”

“ မင်း သတိထားမိသွားပြီပေါ့”

“ အဲဒီအကြောင်းကို စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ ဒါက ဒဏ္ဍာရီလို့ ထင်နေခဲ့တာ” ထိုနည်းစနစ်ကို ဖန်တီးပြီးသည့်နောက်တွင်ပင် သူ့ဘဝတွင် တိုက်ပွဲတစ်ခုကိုမှ မရှုံးနိမ့်တော့ပေ။

“ ဟုတ်တယ်။ အဲဒါအမှန်ပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ အကြွင်းမဲ့ ရှောင်ရှားရေးနည်းစနစ်သည် သူ့အား သူ့ခန္ဓာကိုယ်ကို တစ်ဖက်လူ၏ အရှိန်၊ စွမ်းအား၊ အရိပ်အမြွက်၊ ဝိညာဉ်စွမ်းအား၊ စည်းမျဉ်းတို့နှင့် ပတ်သက်ပြီး တစ်ပြိုင်နက်လှုပ်ရှားနိုင်အောင် ခွင့်ပြုပေးထားသည်။ တစ်ပြိုင်နက် လှုပ်ရှားပြီးသည့်နောက်တွင် သူက တစ်ဖက်လူ၏ တိုက်ကွက်များကို အလိုလို ရှောင်ရှားလာနိုင်၏။

တိုက်ကွက်က မည်သို့ပင်ဆိုစေကာမူ သူ့ခန္ဓာကိုယ်က ရှောင်ရှားဖို့ အလိုလိုလှုပ်ရှားလိမ့်မည်။ ထိုအရာက တစ်ဖက်လူအပေါ် အရာအားလုံးကို သိနေသလိုမျိုး ဖြစ်ကာ သဘာဝအရ ရှောင်ရှားလိုက်ခြင်း ဖြစ်၏။ ထိုနည်းစနစ်ကို ကျွမ်းကျင်ပြီးသည့်နောက်တွင် တိုက်ပွဲရူးက တိုက်ပွဲတစ်ပွဲကိုမှ မရှုံးနိမ့်တော့ပေ။ သူက ပြိုင်ဘက်ကင်းနေသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း သူက တစ်ခါမှ မရှုံးနိမ့်ခဲ့ပေ။

ထိုအကြောင်းအရင်းက ထိုနည်းစနစ်ကြောင့်သာ မဟုတ်ပေ။

ထိုနည်းစနစ်၏ ဟာကွက်က ပြန်လည်ရင်ဆိုင်ဖို့ လွှမ်းမိုးမှုအားကောင်းသည့် အလျင်ကို အသုံးပြုရန် ဖြစ်၏။ သို့သော်လည်း ထိပ်တန်းစံပြ တစ်ယောက်အနေဖြင့် တိုက်ပွဲရူးသည် စကြဝဠာရှိ စံပြအားလုံး၏ အရှိန်နှင့် ပတ်သက်လာသည့်အခါ ထိပ်ဆုံးတွင် ဖြစ်၏။ ထို့ကြောင့် သူက သူ့ကို အရှိန်ဖြင့် လွှမ်းမိုးနိုင်သည့်သူကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

ထို့အပြင် ထိုနည်းစနစ်က မြင့်မားသည့် အဆင့်များလည်း ရှိထားသည်။

နမူနာအားဖြင့် ဝမ်ဝေ့သည် ရှောင်ထျန်းတိ၏ ကံကြမ္မာနှင့် ကံကြွေးပေါ် မူတည်၍ တစ်ပြိုင်နက်လှုပ်ရှားကာ ရှောင်ရှားခြင်း ဖြစ်၏။ ထိုနည်းစနစ်၏ အဆင့်အတွက်မူ သူက ရှောင်ထျန်းတိနှင့် ကံကြမ္မာ သို့မဟုတ် ကံကြွေးတချို့ ရှိဖို့သာ လိုအပ်ပေသည်။ သူ့တွင်လည်း ဆက်နွယ်မှုတချို့ အမှန်တကယ် ရှိနေခဲ့၏။

ရှောင်ထျန်းတိ၏ ဆရာ ဖြစ်သူက ဝမ်ဝေ့သည် ဝူဟုန်အပြင် ချစ်ခြင်းမေတ္တာဆက်နွယ်မှုရှိသည့် အမျိုးသမီးဖြစ်သူ ရှုကျင်းယောင် ဖြစ်နေလေသည်။ ဝမ်ဝေ့က ကံကြမ္မာသည် မည်မျှဆန်းကြောင်းတွေးကာ သက်ပြင်းချလိုက်၏။

သူ့ကို အခုတွေ့ဆုံတာက တိုက်ဆိုင်မှုသက်သက်လား။ ထိုသို့ လုံးဝမဖြစ်နိုင်ပေ။

ပိုင်နက်ချဲ့ထွင်ခြင်း - မဟာမြူ ဖျောက်ဖျက်ရေး

ရှောင်ထျန်းတိက ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်းချုပ်ကာ မဟာမြူဖြင့် ပြည့်နှက်စေပြီး ဝမ်ဝေ့ကို ရှောင်ရှားဖို့ အခွင့်အရေး မပေးပေ။

ထို့ကြောင့် သူက ခရမ်းရောင်မီးတောက်များဖြင့် လွှမ်းခြုံပြီး သူ့ဘာသာသူ ကာကွယ်ထားလိုက်ရ၏။ တစ်ချိန်တည်းဆိုသလို သူက ထိုလူအသုံးပြုသည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို သဘောပေါက်သွားသည်။

သူက သူကိုယ်တိုင်ရဲ့ တခြားပုံစံကနေ စွမ်းအားကို ငှားယူနေတာပဲ။ အဲဒီလူက နဝမအဆုံးစွန်အုတ်မြစ်ကို အောင်မြင်ဖို့ ကျရှုံးခဲ့ပြီးတော့ ပွင့်ချပ်ကိုးလွှာ ထာဝရအရှင်စွမ်းအားနဲ့ အဆုံးသတ်သွားတဲ့သူ…

အံ့ဩဖွယ်ကောင်းတဲ့ နည်းစနစ်ပဲ။ ငါ အသုံးမပြုနိုင်တာ နှမြောစရာကောင်းလိုက်တာ…

သူ့သုံးသပ်ချက်၊ ဂမ္ဘီရနှင့် တွက်ချက်မှုများပေါ် မူတည်၍ ကောင်းကင်တာအိုက ကျင့်ကြံသူများကို ဒိုင်မေးရှင်းအမြင့်တွင် အချိန်ပြိုင်စက်ဝန်း ရရှိခွင့်ပြုထားကြောင်း သိလိုက်သည်။

စံပြများကသာ အချိန်ပြိုင်စက်ဝန်းဆီ သွားလာနိုင်သင့်သော်လည်း ရှောင်ထျန်းတိ၏ လျှို့ဝှက်နည်းစနစ်က အပြိုင်ကိုယ်ဆီမှ စွမ်းအားကို ပြုနိုင်သည့် စွမ်းရည်ကို ချီးမြှင့်ပေးထားသည်။ သူက တာအိုဘိုးဘေးစွမ်းအားကို မရရှိနိုင်သည့် ကန့်သတ်ချက်တော့ ရှိ၏။

ထို့ကြောင့် ပွင့်ချပ်(၉)လွှာက သူ ရောက်ရှိနိုင်သည့် ကန့်သတ်ချက် ဖြစ်နေသည်။

ရှောင်ထျန်းတိက တစ်ဖက်လူကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ အကောင်းဆုံးတိုက်ကွက်ကို တွက်ချက်လိုက်သည်။

လျှို့ဝှက်နည်းစနစ် -ဂဠုန်၏ အဆုံးမဲ့အလျင်

သူ့အနောက်ဘက်တွင် ဧရာမ စွမ်းအင်တောင်ပံကြီးနှစ်ခု ပေါ်ထွက်လာပြီးသည့်နောက် အနောက်ဘက်မှ ငှက်ပုံရိပ် ထွက်ပေါ်လာသည်။ ထိုအရာက ငှက်ပုံရိပ်တစ်ခု ဖြစ်၏။

ဂဠုန်များကို စကြဝဠာထဲ အမြန်ဆန်ဆုံး သတ္တဝါထဲမှ တစ်ကောင်အဖြစ် သိကြသည်။ ထိုနည်းစနစ်ဖြင့် ရှောင်ထျန်းတိ၏ အလျင်သည် အနည်းဆုံး အဆင့်(၁) တာအိုဘိုးဘေး၏ အလျင်လောက် ရောက်ရှိသွားလိမ့်မည်။

ထိုအလျင်ဖြင့် ဝမ်ဝေ့၏ စိတ်ထဲ ရှောင်ထျန်းတိ၏ လှုပ်ရှားမှုများကို တွက်ချက်လိုက်သည်။ သူက သူ့ကိုယ်ပွားများကို တည်ရှိမှုနှင့် ဆက်နွယ်လိုက်ပြီး အဆင့်(၂) တာအိုဘိုးဘေးစွမ်းအားကို ရရှိနိုင်သည်။

သို့သော်လည်း သူ့ပင်မခန္ဓာကိုယ်က ပွင့်ချပ်(၆)လွှာအဆင့်မျှသာ ရှိပြီး အချိန်မီ မရှောင်ရှားနိုင်ပေ။

ဘန်း

ရှောင်ထျန်းတိက သူ့ခန္ဓာကိုယ်တစ်ပိုင်း ဖျက်ဆီးခံလိုက်ရပြီး လွင့်စင်ထွက်သွားသည်။ ထိုစဉ် ဝမ်ဝေ့က အကောင်းအတိုင်း ကျန်ရှိနေ၏။

နောက်ဆုံးသော စက္ကန့်ပိုင်းလေးတွင် သူက ဝက်ရာသီခွင် စွမ်းရည်ကို အသုံးပြုကာ တိုက်ကွက်ကို စုပ်ယူပြီး ပြိုင်ဘက် သတိမထားမိခင် လမ်းကြောင်းပြောင်းလိုက်ခြင်း ဖြစ်၏။

ရှောင်ထျန်းတိက တစ်စုံတစ်ခု မှားယွင်းကြောင်း ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်သည်။

သူက အဆင့်တစ် တာအိုဘိုးဘေးစွမ်းအားလောက် ရှိနေတဲ့ တိုက်ကွက်ကို မစုပ်ယူနိုင်သင့်ဘူး။ သူက နဝမအဆုံးစွန်အုတ်မြစ်ကို လျို့ဝှက်ပြီး ရှိနေတာလား…

သူက ဝမ်ဝေ့သည် အောင်းထျန်းယီနှင့် တိုက်ပွဲကို မည်သို့ ဝှက်ထားကြောင်း တွေးမိပြီး အနည်းငယ် သံသယ ဖြစ်လာမိသည်။ ထို့ကြောင့် သူက နောက်ထပ် နည်းစနစ်တစ်ခုကို အသုံးပြုကာ သူ့နဖူးအထက် တတိယမျက်လုံး ပေါ်ထွက်လာ၏။

သူက ဆုံမှတ်ထဲမှာ စွမ်းအားတွေ သိုလှောင်ထားတာလား။ ဒီလိုဆိုရင်တော့ အဓိပ္ပာယ်ရှိသား။ ငါ ဝါးမျိုခြင်းစွမ်းအားကို ခံစားမိတယ်…

ရှောင်ထျန်းတိက အခြေအနေကို သုံးသပ်နေရင်း သူ့ခန္ဓာကိုယ်က အလျင်အမြန် ပြန်လည်ကောင်းမွန်လာသည်။

ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်၏။

သူ့ပင်မတာအိုက အဆင့်နိမ့်ဟွင်သွမ်း ဖြစ်မယ်လို့ ထင်နေတာ။ အခုတော့ သူ့ပင်မတာအိုက အိပ်မက်ဖြစ်နေတာပဲ။ သူက သူ့ဒဏ်ရာတွေကို အိပ်မက်အဖြစ် ပြောင်းလဲပြီးတော့ တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးသလိုမျိုး လုပ်ဆောင်လိုက်တာပဲ…

ဝမ်ဝေ့က ကွဲပြားသည့် ဟွင်သွမ်းတာအိုနှစ်ခုအကြောင်း သိထားလေသည်။ သို့သော် သူက အောင်းထျန်းယီ၏ မှတ်ဉာဏ်များကို မရခင်အထိ ခွဲခြားထားသည့် အခြေအနေအတိအကျကို မသိခဲ့ပေ။

အဆင့်နိမ့် ဟွင်သွမ်းတာအိုကို လင်းဖန် တားမြစ်ခံတစ်ယောက်ဖြစ်မလာခင် ကျင့်ကြံသည့် တာအိုအဖြစ် ရည်ညွှန်းနိုင်သည်။

အဆင့်နိမ့် ဟွင်သွမ်းတာအိုက ဟွင်သွမ်းတာအိုကို တိုက်ရိုက်ကျင့်ကြံခြင်းဖြစ်ကာ မဟာမြူ၊ ဖျက်ဆီးခြင်း၊ ဖန်ဆင်းခြင်း၊ အကြွင်းမဲ့စတင်ခြင်းနှင့် အကြွင်းမဲ့အဆုံးသတ်ခြင်း၊ မူလနှင့် အခြားကဲ့သို့ စည်းမျဉ်းခွဲများ ပါဝင်သည်။

ထိုစဉ် မဟာဟွင်သွမ်း တာအိုကမူ ပင်မတာအို ၃၈၀၀လုံးကို ကျင့်ကြံပြီး သူတို့ကို ပေါင်းစပ်ကာ မြင့်မားသည့် အဆင့်တစ်ခုဖြင့် ရောက်ရှိစေခြင်း ဖြစ်သည်။ ထိုတာအိုက အနန္တတန်ခိုးရှင် ဖြစ်လာမည့် လမ်းကြောင်းလည်း ဖြစ်ပေသည်။ ထိုအရာက တာအိုသည် သဘောတရားအားလုံး၊ စည်းမျဉ်းများနှင့် ဥပဒေအားလုံးကို ကျွမ်းကျင်ပြီး တည်ရှိမှုထဲ အရာအားလုံး၏ ပြယုဂ် ဖြစ်လာလိမ့်မည်။

တာအိုနှစ်ခုလုံးက တားမြစ်ခံ ဖြစ်သော်လည်း ဟွင်သွမ်းရုပ်ခန္ဓာနှင့် လူများနှင့် တခြားသော ထူးကဲသည့် ရုပ်ခန္ဓာများက အဆင့်နိမ့် ဟွင်သွမ်းတာအိုကို ပြဿနာမရှိဘဲ ကျင့်ကြံနိုင်ကြသည်။ ထိုစဉ် မဟာဟွင်သွမ်းတာအိုကမူ အားလုံးအတွက် တားမြစ်ချက်တစ်ခု ဖြစ်၏။

ဝမ်ဝေ့က လက်ချောင်းကို ချိုးလိုက်သည်။

အစီအစဉ်ကျမှု အမိန့်မှာတမ်း - လျှို့ဝှက်နည်းစနစ် သုံးခွင့်မရှိ

ရှောင်ထျန်းတိက ချက်ချင်းဆိုသလို သူ့အင်အား အားလုံးပျောက်ဆုံးသွားပြီး မူလစွမ်းအားဆီ ပြန်ရောက်ရှိသွားသည်။ ဝမ်ဝေ့က သူ့ရှေ့တွင် ချက်ချင်းပေါ်ထွက်လာပြီး လည်ချောင်းမှ ဆုပ်ကိုင်ကာ သူ့စွမ်းအား အားလုံးကို စည်းပိတ်လိုက်၏။

ငါ သူ့ကို ဘာလို့မကြိုက်တာလဲဆိုတာကို သိတယ်။ ငါ့အတွက် အကျိုးအမြတ် ဖြစ်အောင် အသုံးပြုနိုင်တယ်။ ပြဿနာတစ်ခုက စွန့်စားဖို့ ထိုက်တန်ပါ့မလားဆိုတာပဲ…

***

All Chapters