← Chapters

ဗုဒ္ဓဘာသာနှင့် တာအိုဘာသာအပြိုင် အပိုင်း(၃)

Vol. 43 Ch. 598

ဗုဒ္ဓဘာသာနှင့် တာအိုဘာသာအပြိုင် အပိုင်း(၃)

Vol. 43 Ch. 598

ဒဿမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိပြီးတဲ့နောက်မှာ တုယီနယ်ပယ်အဆင့်က တာအိုဆန္ဒကို အဆင့်မြှင့်နိုင်မလားမသိဘူး။ အနည်းဆုံးတော့ အတုအယောင်ပုံစံမျိုးလောက်ပေါ့…

ဝမ်ဝေ့က ဘုန်းကြီးဝူကျစ်နှင့် ကျန်းယွီချန်း၏ တုယီနယ်ပယ်တိုက်ခိုက်မှုကို ကြည့်ရင်း တွေးလိုက်မိသည်။ သူတို့နှစ်ဦးလုံးက ၉ဆင့်မြောက်တွင် ရှိကြ၏။ ထိုအရာက နဝမအဆုံးစွန်အုတ်မြစ်ကို ပြီးမြောက်ထားဖို့ ကြိုးစားသည့်သူအများစုအတွက် ပုံမှန်သာဖြစ်သည်။

နမူနာအားဖြင့် သူသည် သူတော်စင်အဆင့် ရောက်ကတည်းက ၈ဆင့်မြောက်တွင် ရှိနေသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အထိ သူက အဆင့်တစ်ခုချင်းစီကို ထူးခြားအောင် လုပ်ခဲ့သည့်အတွက် ၆ ဆင့်မြောက်သို့ ဝင်ရောက်နိုင်ခဲ့သည်။

လေဟာနယ်ဖြိုခွင်းခြင်းအဆင့်အတွက်မူ သူ့ပထမလူဝင်စား တူညီသည့် အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် ၇ဆင့်မြောက်သို့ ရောက်ရှိခဲ့သည်။ ထိုအရာမှာ သူ့စည်းမျဉ်းပလ္လင် သို့မဟုတ် စည်းမျဉ်းသစ်ပင် နှစ်ခုလုံး ရှိထားပြီဖြစ်၍ လူဝင်စားများက သူ့တည်ရှိမှုမှ တဆင့် ဆက်နွယ်ထားကြသောကြောင့် ဖြစ်သည်။

သို့သော်လည်း ယခင်က သူသည် လူဝင်စားများ၏ စွမ်းအားကို ငှားယူခြင်း သို့မဟုတ် ပေါင်းစည်းပြီးသည့်နောက်တွင်ပင် တုယီနယ်ပယ် ၇ဆင့်မြောက်သာ အသုံးပြုနိုင်၏။ ဝမ်ဝေ့၏ ပင်မခန္ဓာကိုယ်က သူ့စည်းမျဉ်းသစ်ပင် ပြောင်းလဲသွားပြီးသည့်နောက်တွင် ၇ဆင့်မြောက်သို့ အမှန်တကယ် ဝင်ရောက်သွားသည်။

သူတော်စင်အဆင့်၏ ထူးခြားမှုက သူ့တွင် ပိုင်နက် ၉ခု ရှိထားပြီး ထိုပိုင်နက်များက ၁.၂၆၉သန်း ကီလိုမီတာ ကျော်လွန်နေခြင်း ဖြစ်၏။ ထိုအရာက သူ့ဘိုးဘေးများ ဟောပြောပို့ချပြီးသည်ကို နားထောင်ပြီးသည့်နောက်တွင် ဖြစ်သည်။

ဒဿမအဆုံးစွန်အုတ်မြစ်ကို ရရှိပြီးနောက် တုယီနယ်ပယ်၏ အနာဂတ်နှင့် ပတ်သက်သည့်အခါ ဝမ်ဝေ့က မည်သို့ဖြစ်လာမည်မှန်း မသိပေ။ သူက ထိုအုတ်မြစ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက် မရှိထားပေ။ အကြောင်းမှာ မည်သူကမှ ထိုအဆင့်ကို မရောက်ဖူးကြပေ။ အနည်းဆုံးတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ဖြစ်၏။

သူ အောင်မြင်သွားသည်နှင့် ဘာဖြစ်လာမလဲ ဆုံးဖြတ်လို့ရလိမ့်မည်။ ဒဿမအဆုံးစွန်အုတ်မြစ်က ထူးခြားသည်ကလွဲပြီး အုတ်မြစ်တစ်ခုသာ ဖြစ်သည့်အတွက် ဘာမှမဖြစ်လာမည့် အခွင့်အရေးလည်း ရှိသည်။ သို့သော် သေမျိုးတစ်ယောက်က သေမျိုးနှင့် မသေမျိုးကြားမှ နယ်နိမိတ်ကို အမှန်တကယ် ချိုးဖောက်ပြီး မဟာဧကရာဇ်၏ စွမ်းအားကို ရယူပြီးသည့်နောက်တွင် အမည်မသိ ပြောင်းလဲမှုတချို့ ဖြစ်လာနိုင်ချေရှိ၏။

ငါ စောင့်ကြည့်ရမှာပဲ…

ခဏအကြာတွင် သူက ဘုန်းကြီးဝူကျစ်၏ တိုက်ကွက်များကို လျစ်လျူရှုထားလိုက်ပြီး လေဟာနယ်ကို ထိုးဖောက်ကာ ကြည့်လိုက်သည်။ သူက ပိုမိုအဖျက်စွမ်းအားကောင်းသည့် တိုက်ပွဲတစ်ခုကို မြင်လိုက်ရ၏။ တာအိုဘိုးဘေး ဆယ်ယောက်နှင့် ထာဝရအရှင် တစ်ယောက်က အချင်းချင်း ရင်ဆိုင်နေကြသည်။

ကြေးစားတွေက ငါထင်ထားတာထက် ပိုပြီးတော့ လက်ရည်ထက်နေတာပဲ…

ဝမ်ဝေ့က ဂိုဏ်းမှ ခန့်အပ်ထားသည့် ထိုလူများသည် ကျန်းယွီချန်းနှင့် အတူတူ လက်တွဲလုပ်နေသည့်သူများနှင့် ယှဉ်နိုင်ကြောင်း သတိပြုမိလိုက်၏။

ဝမ်ဝေ့က သူတို့အား အရေးပေါ်ကူညီဖို့ အဆောင်တချို့ကိုပင် ပေးဖို့ရာ ပြင်ဆင်ထားသည်။ သူက သူတို့ရန်သူအား တတ်နိုင်သမျှ အချိန်ဆွဲဖို့ရာ မှာကြားထား၏။ သို့သော်လည်း သူတို့က လေလွင့်ကျင့်ကြံသူများ ဖြစ်သော်လည်း သူတို့၏ စွမ်းအားပြသမှုက သူ ထင်ထားသည်ထက် ပိုမိုကောင်းမွန်နေခဲ့၏။

အခြေအနေကို အကဲဖြတ်ပြီးသည့်နောက်တွင် လက်ရှိတိုက်ပွဲအပေါ် အာရုံစိုက်ထားလိုက်သည်။ ဘုန်းကြီးဝူကျစ်က ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတချို့ရှိနေသော်လည်း ပထမနှစ်ခုနှင့် ယှဉ်လိုက်လျှင် အသေးစားမျှသာ ဖြစ်၏။

သူက မျက်လုံးမှိတ်လိုက်ကာ လက်ဝါးတိုက်ကွက်ကို အသုံးပြုလိုက်ပြီး ကျန်းယွီချန်း၏ ဟွင်သွမ်းအဆင့် မှော်ဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဘုန်းကြီးဝူကျစ်က တည်ရှိမှုမှတဆင့် တည်ရှိမှုကို ဖောက်ထွင်းမြင်လိုက်ရသည့် လူတစ်ယောက်အလား သူ့အကြည့်များက နက်ရှိုင်းလာသည်။

မြင့်မားသည့် အသိစိတ်

ဘုန်းကြီးဝူကျစ်၏ အကြည့်များက ပိုမိုကြည်လင်လာကာ သူက ကမ္ဘာကြီးကို ကွဲပြားစွာ မြင်လာသည်။ သူက အမြင်၊ အာရုံ၊ စိတ်ဝိညာဉ် သို့မဟုတ် စိတ်ကြောင့် ကန့်သတ်ထားခြင်း မခံရတော့ပေ။ သူက အတွင်းပိုင်း အာရုံခံစားမှုနှင့် ပြင်ပအာရုံခံစားမှုများကို မြင့်မားသည့် အနေအထားတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ယခင် မမြင်တွေ့နိုင်ခဲ့သည့် အရာများအား မြင်တွေ့လာနိုင်သည်။ နမူနာအားဖြင့် အမည်မသိ၊ သဏ္ဌာန်မဲ့ သို့မဟုတ် မတည်ရှိသည့်အရာများ ဖြစ်၏။

သူက လက်ကို မြှောက်လိုက်ပြီး လေဟာနယ်ကိုပင် တုန်ခါသွားစေသည့် အားကောင်းကောင်း စွမ်းအင်လှိုင်းကို ထုတ်လွှတ်လိုက်သည်။ ဘုန်းကြီးဝူကျစ်က ဗလာလေဟာနယ်ကို တိုက်ခိုက်လိုက်ဟန်ပေါ်သော်လည်း သူနှင့် ကျန်းယွီချန်းသာ သူက ဝူကျိဓားကို ပစ်မှတ်ထားနေကြောင်း သိလေသည်။

“ မဖြစ်နိုင်ဘူး” ကျန်းယွီချန်းက အဖြစ်အပျက်ကို နားမလည်နိုင်ဖြစ်နေမိသည်။ ယခင် သူ့တိုက်ကွက်ကိုသာ ထိုဘုန်းကြီးသည် ခုခံရ၏။ သို့သော် ယခုတွင် ထိုသူက ထိုအရာကို အာရုံခံမိကာ ပြန်လည်တိုက်ခိုက်နိုင်လာသည်။

ဘုန်းကြီးဝူကျစ်က တစ်ဖက်လူအား စဉ်းစားနေဖို့ အချိန်မပေးပေ။ သူက သဒ္ဓါတရားထက်သန်သည့် စိတ်နှလုံးသားရှိသော်လည်း ဗုဒ္ဓတွင် အမျက်ဒေါသဘက်အခြမ်းလည်း ရှိသည် မဟုတ်ပါလော။

[အနှစ်သာရစိတ်ဝိညာဉ် တိုက်ကွက်]

ဘန်း

ဘုန်းကြီးဝူကျစ်၏ လက်ဝါးချက်က ကျန်းယွီချန်း၏ ရင်ဘတ်အပေါ် ကျရောက်သွားသည်။ တာအိုဆရာက မီတာဒါဇင်ချီလွင့်စင်သွားပြီး သွေးအန်လိုက်ရ၏။ ထို့အပြင် သူက ပြင်းထန်စွာ ခေါင်းကိုက်လာသည်။

လက်ဝါးချက်က သူ့ခန္ဓာကိုယ်(အဆီအနှစ်)အပေါ် သက်ရောက်မှုရှိပြီး ဒဏ်ရာများက သူ့ဝိညာဉ်(စိတ်ဝိညာဉ်)ဆီ ကူးပြောင်းခံလိုက်ရသည်။ ကံကောင်းစွာဖြင့် သူသည် ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ယင်နှင့်ယန် ဆက်တိုက်ပြောင်းလဲခြင်းကို အသုံးပြုထားသည့် ခန္ဓာကိုယ်သန့်စင်ရေးနည်းစနစ်ကို အသုံးပြုထားသည်။

မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်က သူ့ခန္ဓာထက် ပိုမိုကျိုးပဲ့လွယ်သည့်အတွက် ဒဏ်ရာများက မကြာမီ ပိုမိုခက်ခဲလာစေသည်။

ကျန်းယွီချန်းက သူ့တုယီနယ်ပယ်ကို အသုံးပြုကာ တစ်ဖက်လူ၏ သက်ရောက်မှုကို ဖယ်ရှားဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် သူတို့က အဆင့်အတူတူ ဖြစ်နေပြီး ထိန်းချုပ်နိုင်သည့်အဆင့်ကလည်း အတူတူဖြစ်နေလေသည်။ ထို့ကြောင့် ဖြစ်စဉ်က အချိန်ကြာမြင့်နေ၏။

သို့သော် သူ့တွင် အချိန်မရှိပေ။

သူက ဓားကို မရပ်မနား ဝေ့ယမ်းလိုက်သော်လည်း ဘုန်းကြီးဝူကျစ်က အလွယ်တကူ ရှောင်ရှားလိုက်သည်။

ကျစ်

ကျန်းယွီချန်းက ဒေါသတကြီးဖြင့် တွေးလိုက်မိသည်။

ဝူကျိဓားဆန္ဒက သူ၏ အလားအလာအကောင်းဆုံး တိုက်ကွက်တစ်ခုဖြစ်ကာ သူ့ရုပ်ခန္ဓာနှစ်ခု၏ အကောင်းဆုံးပုံစံကို စုစည်းထားခြင်း ဖြစ်၏။ ယခု ထိုအရာက အလုပ်မဖြစ်သည့်အတွက် သူက ပျာယာခတ်လာသည်။ အထူးသဖြင့် ဒိုင်မေးရှင်းအနိမ့်တွင် ကန့်သတ်ထားမှုကြောင့် အသုံးပြုနိုင်သည့် နည်းဗျူဟာများစွာ မရှိသည့်အခါတွင် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူက နောက်ဆုံးဝှက်ဖဲ ရှိနေသည့်အတွက် လွယ်လွယ်ကူကူ လက်မလျှော့ဖို့သာ ဆုံးဖြတ်ထားသည်။

လျှို့ဝှက်နည်းစနစ် ရုပ်ခန္ဓာလောင်ကျွမ်းခြင်း

ကျန်းယွီချန်းက အင်အားတိုးမြှင့်လာဖို့ သူ့ရုပ်ခန္ဓာနှစ်ခုကို စတေးဖို့ရာ တုံ့ဆိုင်းမနေပေ။ ပုံမှန်အားဖြင့် ထိုအရာသည် သူ့ရုပ်ခန္ဓာတစ်ခု သို့မဟုတ် နှစ်ခုလုံးကို ဆုံးရှုံးသွားရနိုင်ချေနှင့် အခြေခံအုတ်မြစ် ပျက်စီးသွားနိုင်ချေ ရှိလေသည်။ သို့သော်လည်း သူ့ဆရာက ဤသို့သော အသေးစားဒဏ်ရာမျိုးကို ချက်ချင်းကုသပေးနိုင်သည့်အတွက် သူက ဂရုမစိုက်ပေ။

ထိုလျှို့ဝှက်နည်းစနစ်ဖြင့် ကျန်းယွီချန်း၏ အင်အားက ထိပ်သီးပွင့်ချပ်(၇)လွှာအဆင့်မှ အလယ်အလတ် ပွင့်ချပ်(၉)လွှာအဆင့်သို့ တိုးမြှင့်လာသည်။

[ဝူကျိမှ ထိုက်ကျိ - တိတ်ဆိတ်ငြိမ်သက်ခြင်းမှ လှုပ်ရှားခြင်း]

ဝူကျိက မွေးဖွားမှုမတိုင်ခင် စကြဝဠာ၏ အခြေအနေကို ကိုယ်စားပြုပြီး မတည်ရှိမှုသဘောတရားကို လွှမ်းခြုံထားသည့် တိတ်ဆိတ်ငြိမ်သက်သော အခြေအနေလည်း ဖြစ်ပေသည်။ ထို့နောက် ဗလာနတ္ထိမှ တစ်စုံတစ်ခု မွေးဖွားလာခဲ့ပြီး တာအိုက တစ်ကို မွေးဖွားခဲ့တာ နှစ်ဖြစ်လာပြီး၊ နှစ်က သုံးဖြစ်လာခဲ့သည်။  သုံးမှ တည်ရှိမှုထဲ အသင်္ချေအရာများ ဖြစ်လာခဲ့သည်။

ထိုစကားများက ဝူကျိမှ ထိုက်ကျိပြောင်းလဲရေးဖြစ်စဉ်အတွက် ပြီးပြည့်စုံစွာ ဖော်ပြထားသည်။ ပြောရလျှင် ဗလာနတ္ထိ (တိတ်ဆိတ်ငြိမ်သက်ခြင်း)က တစ်စုံတစ်ခု (ရွေ့လျားမှု/ လှုပ်ရှားမှု)ကို ဖန်တီးခဲ့သည်။

ထိုနည်းစနစ်ကို အသုံးပြုပြီးသည့်နောက်တွင် ကျန်းယွီချန်း၏ ပတ်ဝန်းကျင်က အချိန်နှေးကွေးသွားသလိုမျိုး ဖြည်းဖြည်းချင်း ရွေ့လျားလာသည်။ လေထုဖြစ်စေ၊ ဝိညာဉ်ချီဖြစ်စေ၊ တိမ်ဖြစ်စေ၊ ဘုန်းကြီးဝူကျစ်ဖြစ်စေ အကုန်လုံး အပါအဝင် ဖြစ်သည်။

သို့သော်လည်း ဤနည်းစနစ်က အချိန်စွမ်းအားကို အသုံးမပြုထားပေ။ ထိုအရာက လှုပ်ရှားမှုနှင့် တည်ငြိမ်မှု သဘောတရားကို အသုံးပြုထားခြင်း ဖြစ်၏။

ကျန်းယွီချန်းက ဖြည်းဖြည်းချင်း ရွေ့လျားနေသည့် ဝူကျစ်အား ကြည့်ကာ သူ့လက်နှင့် ပါးစပ်ကို ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်သည်။ သူ့မျက်လုံးနီနီ အကြည့်တွင် လှောင်ပြောင်နေသည့် အငွေ့အသက်မျိုး ပါဝင်နေသည်။ သူက ဘုန်းကြီးဝူကျစ်ဆီ ပျံသန်းသွားပြီးသည့်နောက် စိုက်ကြည့်လိုက်သည်။

သူက ဓားကို မလှုပ်ရှားခင် လှောင်ပြောင်သည့် အပြုံးမျိုး ပြုံးလိုက်၏။ ထို့နောက် သေစေလောက်သည့် အတွင်းအင်္ဂါဖြစ်သည့် နှလုံးသားကို ချိန်ရွယ်လိုက်သည်။

ကံဆိုးစွာဖြင့် သူ မအောင်မြင်ခင် ဘုန်းကြီးဝူကျစ်၏ ပါးစပ်မှ အားကောင်းသည့် အသံလှိုင်းတစ်ခု ထွက်ပေါ်လာပြီး သူ့အား လွင့်စင်သွားစေသည်။

ထို့နောက် အသံက ပိုမိုပဲ့တင်ထပ်လာကာ တည်ငြိမ်မှု သဘောတရားကို နှောင့်ယှက်ပြီး ပတ်ဝန်းကျင်နှင့် သူ့အပေါ် သက်ရောက်မှုဖြစ်လာစေခဲ့သည်။

တော်သေးတယ်။ တကယ်လို့ ငါသာ ဝိသုဒ္ဓိချက္ကရ(လည်ချောင်း)ကို မဖွင့်ဘဲ စွမ်းရည်အသစ် မရခဲ့ရင် ငါ ဖြတ်ကျော်နိုင်မှာ မဟုတ်လောက်ဘူး…

ဘုန်းကြီးဝူကျစ်က စိတ်သက်သာရာရစွာ တွေးလိုက်မိသည်။ သူက ပြန်လည်ဝင်စားနိုင်သည့်အတွက် သေခြင်းတရားကို မကြောက်သော်လည်း သေလိုသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ပြန်လည်ဝင်စားခြင်းက ဗုဒ္ဓဘာသာ ဘုန်းကြီးများအတွက် ယေဘုယျမျှသာ ဖြစ်ပြီး သူတို့၏ သဘောတရားများက ဘဝတစ်ခုချင်းစီတွင် အမှားများမှတဆင့် ဉာဏ်အလင်းပွင့်မှုကို ခံယူရင်း ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သည်။ ဘုန်းကြီးတစ်ပါးက တိရစ္ဆာန်ဘဝ သို့မဟုတ် အပင်ဘဝတွင် ပြန်လည်ဝင်စားရလျှင်ပင် ဘဝကို အပြည့်အဝ အသုံးချရမည်။

“ မင်းက ဘယ်လိုလုပ် အားကောင်းလာတာလဲ”

“ မင်း သိဖို့ မလိုဘူး”

ကျန်းယွီချန်းက အံကြိတ်ကာ လက်ရှိအခြေအနေအကြောင်းကို စဉ်းစားလိုက်၏။ သူက ထိုလူသည် သူတို့မွေးရပ်မြေမှာကဲ့သို့ အားကောင်းသည့် လက်နက်တချို့ အသုံးပြုသည်ဟု မယုံပေ။ သူက လျှို့ဝှက်နည်းစနစ်တချို့ကိုလည်း မခံစားမိပေ။

ဝူကျစ်ကို ကူညီပေးနေသည့်သူများအတွက်မူ သူက တစ်ခါမှ မစဉ်းစားခဲ့မိပေ။ ဝမ်ဝေ့နှင့် ပတ်သက်လာသည့်အခါ ကျန်းယွီချန်းက ထိုလူသည် ဒိုင်မေးရှင်းအနိမ့်တွင် ရှိနေရက်သားနှင့် ပွင့်ချပ်(၆)လွှာ အင်အားရှိသည့်အတွက်သာ အံ့အားသင့်မိ၏။

သို့သော်လည်း နဝမအဆုံးစွန်အုတ်မြစ်၏ ဗဟုသုတမရှိဘဲ ထိုသူသည် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင်အထိ ထိုအဆင့်မျှသာ ကျန်ရှိနေလိမ့်မည်ဟု ယုံကြည်ထားကြသည်။ သူက ထိုလူသည် သူ့ရန်သူကို ဤအဆင့်ရောက်လာအောင် ကူညီနိုင်လိမ့်မည်ဟု တစ်ခါမှ တွေးကြည့်မထားပေ။

ကျန်းယွီချန်း၏ ပြင်ဆင်မှုထဲ ဝမ်ဝေ့ဆီမှ ခိုးကြောင်ခိုးဝှက် တိုက်ကွက် သို့မဟုတ် အနှောင့်အယှက်တချို့ကိုသာ မျှော်လင့်ထား၏။ ပွင့်ချပ်(၆)လွှာနှင့် ပွင့်ချပ် (၇)လွှာက ကွာဟလွန်းသည့်အတွက် ထိုသူက ဘုန်းကြီးဝူကျစ်အတွက် အကူအညီ ဖြစ်စေသော်လည်း အဟန့်အတားလည်း ဖြစ်စေလိမ့်မည်။

သူက သူ့အိပ်မက်ထဲတွင်ပင် အကူအညီ မပါဘဲ ရှုံးနိမ့်လိမ့်မည်ဟု တစ်ခါမှ တွေးမကြည့်ဖူးပေ။

“ ဒီပြိုင်ဆိုင်မှုကို အဆုံးသတ်လိုက်ရအောင်” ဘုန်းကြီးဝူကျစ်က သက်ပြင်းချကာ ပြောလိုက်၏။ ထို့နောက် သူ့ အနောက်ဘက်တွင် ဧရာမရွှေရောင်ဗုဒ္ဓပုံရိပ်ကြီး ထွက်ပေါ်လာသည်။ ဗုဒ္ဓမျက်နှာက နာကျင်ပြီး ဝမ်းနည်းမှု၊ နောင်တတရားတို့ဖြင့် ပြည့်နှက်နေ၏။

ဝမ်းနည်းမှု လက်ဝါးချက်

ဗုဒ္ဓ၏ ဧရာမလက်ဝါးကြီးက ကျန်းယွီချန်းအပေါ် ကျရောက်လာသည်။ ထိုဖြစ်စဉ်အတွင်း လေဟာနယ်ရှိ အဘက်ဘက်မှ အနီရောင် အလင်းပျောက်များစွာက စုဝေးလာပြီး လက်ဝါးကြီး ပတ်လည်တွင် အနီရောင်အရှိန်အဝါအဖြစ် ပြောင်းလဲသွားသည်။

ထိုအရှိန်အဝါမှတဆင့် ကျန်းယွီချန်းသည် သူ့ဆီ ဦးတည်နေသည့် နောင်တ၊ နာကျင်မှု၊ ဝမ်းနည်းမှုနှင့် အမုန်းတရား အမြောက်အများကို ခံစားမိလိုက်သည်။ ထိုနည်းစနစ်က အကြွင်းမဲ့စတင်ခြင်းဧကရာဇ်၏ လက်အောက်တွင် သေဆုံးသွားခဲ့ရသော ဗုဒ္ဓဘုန်းကြီးများအားလုံး၏ အဆိုးမြင် စိတ်ခံစားချက် အားလုံးကို စုစည်းထားသည့် ကျင့်စဉ်မှန်း သဘောပေါက်လိုက်သည်။

ငါ ဒီတိုက်ကွက်ကနေ အသက်မရှင်လောက်ဘူး…

ကျန်းယွီချန်းက ဆင်းသက်လာသည့် လက်ဝါးကြီးကို ကြည့်ရင်း နည်းနည်းလေးမှ မလှုပ်နိုင်တော့ပေ။

“ ဆရာ ကျွန်တော်ကို ကယ်ပါ”

***

All Chapters