← Chapters

နေမင်းနှစ်စင်း

Vol. 43 Ch. 599

နေမင်းနှစ်စင်း

Vol. 43 Ch. 599

ဘုန်းကြီးဝူကျစ်က စိတ်ခံစားချက်၊ ဝမ်းနည်းမှု၊ တုံ့ဆိုင်းမှုနှင့် စိတ်ရှုပ်ထွေးခြင်း မရှိဘဲ ထိုလက်ဝါးကို ကျရောက်စေလိုက်သည်။ သူက နောက်ဆုံးရလဒ်ကို မသိပေ။ ကျန်းယွီချန်းက အကယ်ခံရမည်လား စွန့်ပစ်ခံရမလား မသိပေ။ သူတို့၏ ယခင်ထိပ်တိုက်ရင်ဆိုင်မှုများတွင် ထိုသူ့တွင် အရေးသာချက်ရှိသည်က ပုံမှန်သာ ဖြစ်၏။

ဝုန်း

ဘုန်းကြီးဝူကျစ်ကို အနည်းငယ် အံ့အားသင့်သွားစေသည်က ကျန်းယွီချန်း၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွာမြွာ ပေါက်ကွဲထွက်သွားပြီး ဝိညာဉ်နှင့် တာအိုပင် ပျောက်ကွယ်သွားသည်။ သူက ကျဆင်းလာသည့် သွေးစက်များအား ကြည့်ကာ တစ်စုံတစ်ခု ဖြစ်ပျက်လာဖို့ စောင့်ဆိုင်းနေမိ၏။

သို့သော် ဘာမှဖြစ်မလာခဲ့ပေ။ ခဏအကြာတွင် သူက မှားယွင်းနေလားဟု တွေးမိသွားသည်။ သူက တစ်စုံတစ်ခုကို အာရုံမခံမိတာမျိုး ဖြစ်နေနိုင်သည်။ ပြောရလျှင် သူနှင့် ကျန်းယွီချန်း၏ ဆရာကြားမှ အင်အားကွာဟချက်က ကျယ်ပြန့်လွန်းသည့်အတွက် ထိုသူသာ တစ်ခုခု လှုပ်ရှားပါက သူ့အနေနှင့်  အာရုံမခံမိဖို့ရာ ပုံမှန်သာ ဖြစ်၏။

သို့သော်လည်း ဘုန်းကြီးဝူကျစ်က ထိုဖြစ်နိုင်ချေကို အလျင်အမြန် ငြင်းဆန်လိုက်သည်။ တခြားအချိန်များတွင် ကျန်းယွီချန်း အကယ်တင်ခံလိုက်ရသည်နှင့် သူက တစ်စုံတစ်ခုကို ခံစားမိလေသည်။ အကြောင်းမှာ အန္တိမ သဟဇာတက မပိရိ၍ မဟုတ်မှန်း သိလေသည်။ မည်သို့ပင်ဆိုစေကာမူ သူက သိခဲ့၏။

“ အဲဒါဆိုတော့ တကယ် ပြီးဆုံးသွားပြီပဲ” သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရ၏။ သူက ကျန်းယွီချန်း၏ သူတော်ကောင်းဆောင်သည့် အချက်ကို မနှစ်မြို့သော်လည်း ထိုသူက သူ့ပြိုင်ဘက်ဖြစ်လာခဲ့သည်မှာ နှစ်သန်းချီ ကြာမြင့်နေပြီ ဖြစ်၏။

ဘုန်းကြီးဝူကျစ်သည် ဤသို့သော ဝမ်းနည်းဖွယ်ကောင်းသည့် ပုံစံမျိုးဖြင့် သူ့အား ဆုံးရှုံးလိုက်ရသည့်အပေါ် မည်သို့ခံစားရမှန်း မသိတော့ပေ။ သူက သူ့ဘာသာသူ သက်ပြင်းချလိုက်ပြီးသည့်နောက် ဖုန်းဟွမ်၏ စံအိမ်ကို စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူက ဘာမှမပြောဘဲ သူ့စံအိမ်သို့ ပြန်လာခဲ့သည်။ သူက ဒဏ်ရာများကို ကုစားလို၏။

ပြိုင်ပွဲဝင်အားလုံးကလည်း တိုက်ပွဲကို တအံ့တဩဖြင့် ကြည့်နေကြသည်။ သို့သော်လည်း ဝမ်ဝေ့နှင့် ဒိုင်မေးရှင်းအမြင့် ပြိုင်ပွဲဝင်များသာ ထိုလူနှစ်ဦး၏ နောက်ကွယ်မှ အစစ်အမှန် ရုန်းကန်မှုများကို သိလေသည်။ ကျန်းယွီချန်းက ကယ်တင်မခံရကြောင်း မြင်သည့်အခါ သူတို့က ခေတ္တမျှ တုန်လှုပ်သွားကြပြီးနောက် ရလဒ်သည် အဓိပ္ပာယ်ရှိကြောင်း ကောက်ချက်ချလိုက်ကြသည်။

ထိုသဘောပေါက်မှုက သူတို့အား ပိုမိုတုန်လှုပ်သွားစေသည်။ သို့သော် ထိုသို့ဆိုလျှင်ပင် သူတို့က ဝမ်ဝေ့၏ စကားကို အမှတ်ရပြီး သူတို့၏ အတွေးများကို အရှက်ရမိသလို ခံစားမိလိုက်ကြသည်။

သူတို့က အံကြိတ်လိုက်မိပြီးသည့်နောက်တွင် အနာဂတ်အတွက် နက်နက်နဲနဲ စတင်တွေးတောလိုက်ကြ၏။

…………………………………

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ

နေမင်းနှစ်စင်းနှင့် လမင်းခုနစ်စင်းတို့က ဤအဆုံးမဲ့ကျယ်ပြောလှသည့် ကမ္ဘာကြီးရှိ အသင်္ချေသက်ရှိများကို အုပ်စိုးခဲ့ပြီး အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထားကြသည်။ ထိုကြယ်တာရာခန္ဓာများက သင်္ကေတမျှသာ ဖြစ်သော်လည်း နေမင်းတစ်စင်း ဖြစ်သူက အထွတ်အထိပ် ဟွင်သွမ်းရတနာ၊ ကမ္ဘာဦးအဆင့်၊ စံပြအဆင့် ပစ္စည်းများဖြင့် ပြုလုပ်ထားသော နန်းဆောင်တစ်ခုအတွင်း နေထိုင်နေသည်။

အဖိုးတန်အခင်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ဆံပင်ဖြူဖြူ လူအိုကြီးတစ်ယောက် ရှိနေသည်။ သူက ရွှေရောင်အပ်ချည်ဖြင့် ချုပ်ထားသည့် ခရမ်းရောင် ဝတ်စုံနှင့် အနက်ရောင် ဖိနပ်ကို ဝတ်ဆင်ထားပြီး ခါးတွင် လှပသည့် ကျောက်စိမ်းအမှတ်အသားပြားကို ချိတ်ဆွဲထားသည်။ ဤကျင့်ကြံသူ၏ စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ သူ့အဝတ်အစားများက ရတနာ၏ အလင်းရောင်ကြောင့် ဝင့်ဝင့်စွားစွား တောက်ပနေပြီး ပစ္စည်းတစ်ခုချင်းစီက စံပြအမြောက်အများပင် တိုက်ခိုက်ဖို့ရာ အဖိုးတန်နေသည်ဟု ညွှန်ပြနေသည်။

အန္တိမသဟဇာတက မျက်လုံးဖွင့်လာပြီးသည့်နောက်တွင် ကြီးမြတ်သည့် အရှိန်အဝါ မရှိဘဲ သာမန်လူတစ်ယောက်နှင့်သာ တူနေသည်။ သို့သော်လည်း သူ့အကြည့်ကမူ စိတ်ခံစားချက် လစ်ဟာနေပြီး တွေးခေါ်နိုင်စွမ်းသာ ရှိသည့် စက်ပစ္စည်းတစ်ခုလိုမျိုး ဖြစ်နေသည်။

“ ကျန်းယွီချန်းက သေသွားပြီလား။ ကိစ္စမရှိဘူး။ သူ့ ရည်ရွယ်ချက် ပြီးမြောက်သွားပြီးပြီ”

အန္တိမ သဟဇာတက သူ့ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမှာ ထိုသူ့တွင် ရုပ်ခန္ဓာနှစ်ခု ရှိနေ၍ ဖြစ်သည်။ သူက သူ့တည်ရှိမှုကို နှစ်ပိုင်းခွဲပြီး ဆက်နွယ်ထားသည့် အစိတ်အပိုင်းများအဖြစ် ဖန်တီးမည့် နည်းလမ်းကို ရှာဖွေနေခဲ့သည်။ ပင်မအစိတ်အပိုင်းက သူ့အတိတ်ကို ဖြစ်ကာ ဒုတိယအပိုင်းက ကောင်းကင်တာအိုနှင့် ပေါင်းစပ်ပြီး ကျန်ရှိနေသည့်အရာ ဖြစ်၏။ အောင်မြင်ပြီးသည့်နောက်တွင် သူက ကောင်းကင်တာအို၏ ကန့်သတ်ချက် မခံရတော့သလို လွှမ်းမိုးမှုလည်း ခံရတော့မည် မဟုတ်ပေ။

အန္တိမ သဟဇာတက ထိုကောင်းကင်ရုပ်ခန္ဓာနှစ်ခုမှ သတင်းအချက်အလက်များကို စုစည်းပြီး အတွေးအခေါ်အသစ် ရယူလိုခြင်း ဖြစ်သည်။ သူ ရရှိလိုသည့် သတင်းအချက်အလက်ကို ရယူပြီးသည့်နောက်တွင် ကျန်းယွီချန်းက နယ်ရုပ်အဖြစ် အသုံးမဝင်တော့ပေ။

ကောင်းကင်တာအိုက ငါ့ထိန်းချုပ်မှုကို လျော့ကျသွားစေဖို့ အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာဖန်ဆင်းကတည်းက တည်ရှိခဲ့တဲ့ စံပြတွေအားလုံးဆီကနေ စွမ်းအားအမြောက်အများကို ဆွဲယူနေတာပဲ။ တကယ်လို့ မေတ္တယျသာ ငါ့ကို မတားခဲ့ရင် ဒီလိုအရာမျိုး ဖြစ်လာမှာမဟုတ်ဘူး…

အန္တိမ သဟဇာတအနေနှင့် သူ့ပြဿနာ၏ အဓိကအရင်းအမြစ်သည် အခြေခံအားဖြင့် ပြစ်ချက်ရှိနေသည့် သာလွန်မှုဆီ တက်လှမ်းသည့် နည်းလမ်းဖြစ်ကြောင်း သိလေသည်။ သို့သော်လည်း သူ့အနေနှင့် ကောင်းကင်တာအိုကို အပြည့်အဝ ထိန်းချုပ်ပြီးဝါးမျိုရုံမှလွဲ၍ တတ်နိုင်သည့်အရာ မရှိပေ။ သူက အောင်မြင်သွားသည်နှင့် အကန့်အသတ် အတားအဆီးမရှိဘဲ လွတ်မြောက်သွားလိမ့်မည်။

မေတ္တယျက ဒိုင်မေးရှင်းအနိမ့်က ယုံကြည်မှုတွေကို လက်ခံလိုက်တာနဲ့ ငါ့အတွက် အခြေအနေတွေ သိပ်မကောင်းဘူး။ သူမက ငါ့ရှေ့ကနေ အရင်လွတ်မြောက်သွားနိုင်တယ်…

အန္တိမသဟဇာတသည် မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက် သူ ဆုံးရှုံးသွားသည့် စွမ်းအားအပေါ် အာရုံစိုက်ထားလိုက်သည်။ သူ့တည်ရှိမှုကို ခွဲထုတ်လိုက်ခြင်းက သူ ထင်ထားသည်ထက် ပို၍ရှုပ်ထွေးပြီး ပထမဦးစွာ ကိစ္စများကို အခြေငြိမ်အောင်လုပ်ဖို့ လိုအပ်သည်။ ထိုသို့မဟုတ်ပါက သူ့အင်အားသည် သိသိသာသာ လျော့ကျသွားလိမ့်မည်။

သူ့အကောင်းဆုံး အစီအစဉ်က မေတ္တယျအရှင်ထက် အရင်အောင်မြင်ဖို့ ဖြစ်ပြီး ဒါမှမဟုတ် တခြားသော လွှမ်းမိုးအုပ်ချုပ်သူများက မပြီးမပြတ် အခြေအနေကြားရှိနေသည့်သူများကို ရှင်းထုတ်နိုင်ဖို့ရာ ဖြစ်၏။

…………………………………………….

အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာအလယ်ရှိ မြို့ငယ်လေးတစ်ခုအတွင်း သေမျိုးများဖြင့် ပြည့်နှက်နေသည်။ ထိုလူများက ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ကြပြီး သူတို့၏ မျက်နှာထက်တွင် အမြဲတမ်း ပြုံးပျော်နေသည့် အပြုံးမျိုး ရှိကြသည်။ ကျင့်ကြံသူများ၏ တည်ရှိမှုကို သိကြသော်လည်း ရွာထဲရှိ မည်သူကမှ စွမ်းအားနောက် မလိုက်ကြသလို မသေမျိုးလမ်းစဉ်ကိုလည်း မလျှောက်လှမ်းကြပေ။

ရွာနှင့် မနီးမဝေးတွင် ပျက်စီးနေသည့် ဘုရားကျောင်းတစ်ခုရှိနေပြီး ဘုန်းကြီးတစ်ပါးသာ ရှိနေသည်။ ထိုသူက ရိုးရှင်းသည့် အမျိုးသမီးဘိက္ခူနီ ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦး ရှိနေသည်။ သူမက ဆံပင်ကို ဆံထုံးအဖြစ် ထုံးထား၍ သူမ၏ ထူးခြားအံ့ဩဖွယ် အလှတရားများက မှေးမှိန်နေ၏။

ထိုအမျိုးသမီးကို သဒ္ဓါတရားအတွက် လူသိများကြပြီး ရွာသားများက သူမ၏ ကျောင်းဆောင်ထံ ဆုတောင်းကြပြီး သူမနှင့် ဆက်နွယ်ရသည်ကို သဘောကျကြသည်။ သူတို့က သူမအား ပိုက်ဆံပေးကာ ပိုမိုကောင်းမွန်သည့် ကျောင်းဆောင် ဆောက်လုပ်ဖို့ပြောခဲ့သော်လည်း သူမက ငြင်းဆန်ခဲ့ပြီး ယခုအခြေအနေအတိုင်းသာ သက်တောင့်သက်သာ ရှိသည်ဟု ဆိုခဲ့သည်။

ထိုရွာသားများ မသိသည်က ထိုညစ်တီးညစ်ပတ် သေးငယ်သည့်နေရာမျိုးရှိ ကျောင်းဆောင်မျိုးတွင် နေထိုင်နေသည့် အမျိုးသမီးက ဗုဒ္ဓဘာသာ၏ အထွတ်အထိပ် လမ်းပြသူ တစ်ဖြစ်လည်း နေမင်းနှစ်စင်းထဲမှာ တစ်စင်းဖြစ်သည့် မေတ္တယျမာတာဗုဒ္ဓ ဖြစ်သည်။

ကျန်းယွီချန်းကို အာရုံခံမိပြီးသည့်နောက် မေတ္တယျမာတာဗုဒ္ဓက မျက်လုံးပွင့်လာကာ သူမ၏ အကြည့်ထဲ အချိန်စွမ်းအား ဖြတ်စီးဆင်းသွားသည်။ သူမ၏ အကြည့်က ကာလံဒေသံကို ဖောက်ထွင်းသွားပြီး သူမ၏ တပည့်ကို မြင်လိုက်ရသည်။

နောက်ဆုံးတော့ သူက အသုံးမဝင်တဲ့ နယ်ရုပ်ကို ရှင်းထုတ်ခဲ့တာပဲ…

သူမက ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။

အန္တိမ သဟဇာတ … ရှင် ဒီတစ်ခေါက်တော့ တကယ်သွားပြီ…

သူမ သိထားသည့် အန္တိမ သဟဇာတသည် ရည်မှန်းချက်နှင့် အာဏာဆာလောင်နေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း နောက်ဆုံးသော မျဉ်း ရှိလေသည်။ သို့သော် ထိုအရာက ပျောက်ကွယ်သွားပြီဖြစ်ရာ မေတ္တယျမာတာဗုဒ္ဓအနေဖြင့် ထိုရလဒ်သည် ကောင်းကင်တာအိုနှင့် ပေါင်းစပ်သည့် ဖြစ်စဉ်ကြောင့်လား သို့မဟုတ် အစစ်အမှန် အာဏာကို ရယူပြီးသည့်နောက် သူ့အစစ်အမှန်သဘောထား ထွက်ပေါ်လာခြင်းလား မသိရပေ။

မေတ္တယျမာတာဗုဒ္ဓက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် ခဲဖြူရောင်ဆံပင်နှင့် မျက်ဝန်းရှိသည့် ရုပ်ချောချော အမျိုးသားတစ်ဦးဆီ အကြည့်ကျရောက်သွား၏။

သူ့ကို ကူညီပေးသင့်လား။ ငါ့ရဲ့ တွက်ချက်မှုတွေ အကုန်လုံးက သူက ငါ စောင့်ဆိုင်းနေတဲ့သူဆိုတာကို ညွှန်ပြနေတယ်။ ဒါပေမဲ့ အနာဂတ်က တသတ်မှတ်တည်းမဟုတ်ဘူး။ ငါ လိုအပ်တဲ့သူ ဖြစ်လာစေဖို့ …  ဒီရောက်လာမဲ့ ကပ်ဘေးကို ဖြတ်ကျော်ဖို့ သူ့ကို ကူညီပေးလိုက်ရမလား …

သူမက မျက်မှောင်ကြုတ်ကာ ဖြစ်နိုင်ချေရှိသည့် အနာဂတ်များကို တွက်ချက်ကြည့်လိုက်သည်။ သို့သော်လည်း သူမ လိုချင်သည့်အဖြေကို ရှာမတွေ့ပေ။

စောင့်ကြည့်ကြတာပေါ့…

ထို့နောက် သူမက တာအိုအခွင့်အလမ်းဂိုဏ်းဆီ အကြည့်ကျရောက်သွားကာ သူမ၏ အကြည့်က ဧကရာဇ်အစီအရင်အားလုံးကို လျစ်လျူရှုထားပြီး သီးသန့်ကျင့်ကြံနေသည့် ဝူဟုန်ထံ ကျရောက်သွားသည်။

ပြီးပြည့်စုံတဲ့အုတ်မြစ်လား…တကယ်လို့ ငါ့ဆီမှာ အဲ့လိုအရာသာ ရှိတယ်ဆိုရင် ခြေလှမ်းတစ်ဝက်လှမ်းဖို့ ပိုလွယ်ကူသွားလိမ့်မယ်…

ဤတစ်ကြိမ် သူမက တခြားတစ်ယောက်ကို ကြည့်လိုက်ရင်း ခေါင်းအသာယမ်းလိုက်မိသည်။ ထိုသူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ရှိသည့်သူတစ်ဦး ဖြစ်၏။

ထိုသူက ဝူဟုန်နှင့် ကွက်တိတူသော်လည်း ပိုမိုမြင့်မြတ်သည့် အရှိန်အဝါမျိုး ထုတ်လွှတ်နေသည်။

ဝူဟုန်က ဒီကိုယ်ပွားကို သေချာပေါက် ဖန်တီးခဲ့တာ မဟုတ်ဘူး။ အဲဒါဆို သူမကိုယ်တိုင်ရဲ့ အနာဂတ်ပုံစံလား…ဒါပေမဲ့ ငါ ဘာလို့ ဘာမှဖောက်ထွင်းမမြင်ရတာလဲ…

ဒါက သူမက ရှေ့လမ်းစဉ်ကို တွေ့သွားပြီးတော့ ငါ့ကို ကျော်လွန်သွားတယ်ဆိုတဲ့ အရိပ်အယောင်များလား…

အကယ်၍ ထိုသို့သာ ဖြစ်နေပါက မေတ္တယျမာတာဗုဒ္ဓသည် ပျော်ရွှင်မိလိမ့်မည်။ ဆိုလိုသည်မှာ သူမ၏ ရှေ့ဆက်ရမည့် လမ်းစဉ်အတွက်လည်း မျှော်လင့်ချက် ရှိသေးသည်ဟု ဆိုလိုသည်မဟုတ်ပါလော။ သို့သော်လည်း ကိစ္စများက ပိုမိုရှုပ်ထွေးနေဟန်ပေါ်သည်။

မင်းရဲ့ ကံကြမ္မာပါတဲ့ ချစ်သူက နောက်ဆုံးတော့ ပေါ်လာခဲ့ပြီ။ ဒါပေမဲ့ ကိုယ်ပွားတစ်ယောက်နဲ့ ဖြစ်နေတယ်။ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်ကြောင်းလေးပဲ…ဘယ်လိုဖြစ်လာမလဲဆိုတာ သိရဖို့ မစောင့်နိုင်တော့ဘူး…

မေတ္တယျမာတာဗုဒ္ဓက ထူးကဲသည့် အချစ်ကံကြမ္မာကြိုးမျှင်နှင့် ပတ်သက်ပြီး စကားဝိုင်းကို အမှတ်ရလိုက်သည်။ ဝူဟုန်က ထိုအရာကို ဖယ်ရှားပစ်ဖို့ ကြိုးစားခဲ့သော်လည်း ဆက်နွယ်မှုက အားကောင်းလွန်းလှသည်။ ထိုအရာက သူမ၏ ကံဆက်နွယ်မှု တစ်ခုဖြစ်သောကြောင့် ကံကြမ္မာမြစ်ကြောင်းက သူမအား အလွယ်တကူ ဖယ်ရှားဖို့ ခွင့်ပြုမည် မဟုတ်ပေ။

အားကောင်းသည့် စံပြတစ်ယောက်အနေဖြင့် ကံကြမ္မာမဲ့ ဖြစ်လာရုံအပြင် ကံဆက်နွယ်မှုကို ဖြေရှင်းမည့်နည်းလမ်းများစွာ ရှိလေသည်။ သူတို့က အဖြစ်အပျက်ကို အဆုံးမဲ့ ရင်ဆိုင်ထားနိုင်တာမျိုး သို့မဟုတ် မည်သို့ဖြစ်လာမည်ကို ထိန်းချုပ်ထားနိုင်တာမျိုး ဖြစ်၏။

နမူနာအားဖြင့် ဝူဟုန်သည် ကိုယ်ပွားတစ်ခုကို ဖန်ဆင်းကာ သူမနှင့် ကံဖန်သည့် လက်တွဲဖော်ကို တွေ့ဆုံခဲ့ပြီး ချစ်ကျွမ်းဝင်စေခဲ့သည်။ ထိုနည်းလမ်းဖြင့် သူမ ချစ်ကျွမ်းဝင်ရမည့် ကံကြမ္မာက ပြီးမြောက်သွားမည်ဖြစ်ကာ ကံကြမ္မာဆက်နွယ်မှုကို ဖယ်ရှားပြီးသား ဖြစ်သွားလိမ့်မည်။

ထိုနည်းလမ်းနှစ်ခုက အသုံးများဆုံး နည်းလမ်း ဖြစ်၏။

အဆုံးသတ်တွင် မေတ္တယျမာတာဗုဒ္ဓက သူမအား စောင့်ကြည့်ဖို့ ဖျောင်းဖျခဲ့၏။ သူမနှင့် ကံကြမ္မာဖန်သည့်သူက သူမနှင့် ထိုက်တန်သူ ဖြစ်နေနိုင်သည်။ အချစ်ကံကြမ္မာကြိုးမျှင်က မသေမျိုးအဆင့် ကျင့်ကြံသူများကြားတွင် ရှားပါးလှပြီး ဟွင်သွမ်းစကြဝဠာ တစ်ခုလုံးအနှံ့ လူနှစ်ဦးက ပြီးပြည့်စုံစွာ သင့်တော်နေသည့် လက္ခဏာတစ်ခုလည်း ဖြစ်ပေသည်။

“ အတားအဆီးကို ဖယ်ပြီးတော့ မင်းကို ကမ္ဘာဦးဟွင်သွမ်းထဲ ဝင်ရောက်ဖို့ ခွင့်ပြုပေးရမလား။ အဲဒါက မင်းအတွက် ကုသဖို့ ပိုပြီးတော့ မြန်ဆန်စေမယ် ထင်တယ်”

“ မလိုဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည်။

“ မင်း ငါ့ကို စိတ်ဆိုးနေသေးတာလား”

“လေးစားခံ နေမင်းကို ကျွန်မက ဘယ်လို လုပ်ရဲပါ့မလဲ။”

“ ငါ မင်းကို ပြောပါတယ်။ ငါ့ဆီမှာ အကြောင်းပြချက်တွေ ရှိတယ်”

“ ဘာတွေလဲ”

“ အခုပြောလို့ မဖြစ်ဘူး”

“ အဲဒါဆို ပြောနိုင်တဲ့အချိန်ကျရင် စကားကောင်းကောင်း ပြောကြတာပေါ့”

မေတ္တယျမာတာဗုဒ္ဓက သက်ပြင်းချလိုက်သည်။ သူမအနေနှင့် ထိုစံပြများအား စွမ်းအားမရယူဖို့ တားဆီးထားသည့် အကြောင်းအရင်းများ ရှိလေသည်။ သူမ၏ အစွဲကင်းသည့် နည်းလမ်းက ဟာကွက်ရှိနေပြီး အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာအနေနှင့် သူမအပေါ် သက်ရောက်မှု ဖြစ်မလာစေရန် တည်ငြိမ်နေဖို့ လိုအပ်လေသည်။

ထို့ကြောင့် တစ်စုံတစ်ယောက်က စံပြအဆင့် တက်လှမ်းလာသည်နှင့် ကမ္ဘာတစ်ဝှမ်းရှိ အပြောင်းအလဲများက သူမအပေါ် သက်ရောက်မှုရှိလာစေလိမ့်မည်။ သူမ အနေဖြင့် သူမဘာသာသူမ တည်ငြိမ်ဖို့ အချိန်လိုအပ်လေသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ နောက်ဆုံးသောအချက်က မပြီးမပြတ်အခြေအနေတွင် ရှိသူများကို မထိဖို့ ဖြစ်သည်။

ယခုကိစ္စများက ပိုမိုကောင်းမွန်လာပြီဖြစ်ကာ သူမအနေဖြင့် အများကြီး စိုးရိမ်စရာ မလိုတော့ပေ။ သို့သော် သူမအနေဖြင့် အန္တိမ သဟဇာတကို ဆက်လက် စောင့်ကြည့်ရဦးမည်။ မေတ္တယျမာတာဗုဒ္ဓက ဆက်လက်မကျင့်ကြံခင် မလုံမလဲ ပြုံးလိုက်၏။

ထိုစဉ် ဝူဟုန်က မျက်လုံးမမှိတ်ခင် သူမဘက် လှမ်းကြည့်လိုက်သည်။ သူမက အကျိုးအကြောင့်မသင့်သူ မဟုတ်၍ သူမ၏ မိတ်ဆွေ ပြုမူရသည့် ကိစ္စများအတွက် အကြောင်းအရင်းရှိသည်ကို နားလည်နိုင်သည်။ သို့သော် သူတို့၏ ဆက်ဆံရေးကို ပြန်လည် မတည်ဆောက်ခင် ရှင်းပြချက် လိုချင်မိ၏။

***

All Chapters