လမင်းခုနစ်စင်း
Vol. 43 Ch. 600
“ အဲဒါဆိုတော့ ဒီလိုဖြစ်ခဲ့တာလား” အစီအရင်တစ်ဖက်မှ ရှုကျင်းရောင်၏ လှပသည့် အသံတစ်သံထွက်ပေါ်လာသည်။
သူမက ကျန်းယွီချန်း၏ ကံကြမ္မာနှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ လူအများက ထိုဖြစ်နိုင်ချေရလဒ်ကို မှန်းဆပြီးသား ဖြစ်၏။
“ ဆရာ ကျွန်တော် တောင်းပန်ပါတယ်”
“ မင်း မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုဘူး။ အိမ်ကို ချက်ချင်းပြန်လာခဲ့။ ငါ အုပ်ချုပ်သူအရှင်တွေနဲ့ ဖြေရှင်းလိုက်မယ်”
“ အဲဒါဆို အမွေအနှစ်ကရော”
“ အဲဒီဟာကိုလည်း မေ့ထားလိုက်တော့”
“ ကျွန်တော် နောက်ဆုံးအနိုင်ရရှိသူဆီကနေ ယူနိုင်လောက်တယ်။ တကယ်လို့ ကျွန်တော်ကို ဒုတိယအခွင့်အရေး ပေးမယ်ဆိုရင် ပိုပြီးကြိုးစားပါမယ်”
“ မင်းဆီမှာ အချိန်သိပ်မရဘူး။ ဒိုင်မေးရှင်းအနိမ့်ရဲ့ ပိုင်းခြားထားမှုက အဆုံးသတ်တော့မယ်”
“ အဲဒါက ဘာကိုပြောချင်တာလဲ”
“ အုပ်ချုပ်သူတွေကို ဝင်ရောက်စွက်ဖက်တာကနေ တားဆီးတော့မယ်ဆိုတာပဲ။ အတိအကျပြောရရင် ဘယ်သူမှ ဝင်မစွက်ဖက်နိုင်တော့ဘူး။ အားလုံးတော့ မဟုတ်ဘူးပေါ့” ရှုကျင်းယောင်က နေမင်းနှစ်စင်းသည် ဝင်ရောက်စွက်ဖက်နိုင်မလားတော့ မသေချာပေ။
“ အရာအားလုံးအပြင် ဒီနေရာမှာ အပြောင်းအလဲတချို့ စတင်နေပြီ။ အဲဒါက အဆိုးလား၊ အကောင်းလားမသိသေးပေမဲ့ ငါတို့တွေ ဖြေရှင်းရမယ်”
“ ကျွန်တော် သိပြီ” ရှောင်ထျန်းတိက ရေရွတ်လိုက်သည်။
ရှုကျင်းယောင်က ဆက်သွယ်ရေးကို အဆုံးသတ်လိုက်ပြီးသည့်နောက်တွင် ထိုအဖြစ်အပျက်က အပြောင်းအလဲကြီးအတွက် သင့်တော်သည့် ဓာတ်ကူးတစ်ခု ဖြစ်လာမလားဟု စဉ်းစားနေမိသည်။ သူမက သူ့တပည့်ကို ထိုသို့စိတ်ဓာတ်ကျသည့် အခြေအနေတွင် ဆက်လက် မရှိလိုပေ။ ထိုဝမ်ဝေ့၏ စကားများက သူ့အပေါ် ကောင်းမွန်စွာ လွှမ်းမိုးသက်ရောက်နိုင်စွမ်းရှိဖို့ မျှော်လင့်မိ၏။
ထိုစဉ် ရှောင်ထျန်းတိက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် အမှတ်အသားပြားကို ထုတ်လိုက်သည်။ သူက ဝမ်ဝေ့၏ စံအိမ်ဘက် လှမ်းကြည့်လိုက်သည်။ သူ့အကြည့်များက စိတ်ရှုပ်ထွေးမှုအပြည့် ဖြစ်နေ၏။
သူက သက်ပြင်းချကာ အမှတ်အသားပြားကို အသက်သွင်းလိုက်ပြီးသည့်နောက် ဒိုင်မေးရှင်းအနိမ့်မှ ပျောက်ကွယ်သွားသည်။ လူနှစ်ယောက်လည်း သူ့လိုမျိုး လုပ်ဆောင်လိုက်ကြ၏။
…………………………………………..
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ
အောင်းကျင်းက သူ့သားဖြစ်သူ အောင်းထျန်းယီကို သေချာလေ့လာကြည့်လိုက်၏။ သူ့အခြေအနေက မည်မျှဆိုးရွားနေကြောင်း သိလေသည်။
ဒီကောင်စုတ်လေးက သူ အရမ်းကြီး မလွန်ဘူးလို့ ပြောခဲ့တယ်လို့ ထင်နေတာ…
သူက ခေါင်းတခါခါဖြင့် တွေးလိုက်မိသည်။ သူက လက်မြှောက်ကာ ဒိုင်မေးရှင်းအနိမ့်လောက် ကြီးမားသည့် ကမ္ဘာတစ်ခုကို ချက်ချင်းဖန်ဆင်းလိုက်၏။ ထိုအရာက အလွှာနိမ့်မှ ကောင်းကင်အလိုဆန္ဒကမ္ဘာကြားရှိ ကမ္ဘာပေါင်း သန်းပေါင်း ထရီလီယံများစွာ ပါဝင်နေသည့် ကမ္ဘာ့အသိုက်အဝန်း သုံးထောင်လောက် ကြီးမားသည်။
အောင်းကျင်းက တစ်ခုချင်းစီကို သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ မျိုးနွယ်စုအမျိုးမျိုးနှင့် စွမ်းအင် အဆင့်များကိုပင် ဖန်တီးလိုက်၏။ အရာအားလုံး အလုပ်ဖြစ်လာစေဖို့ ပြီးပြည့်စုံစေသည့် ကမ္ဘာတစ်ခု ဖြစ်ဖို့ လိုအပ်သည်။
ထို့နောက် သူက သူ့သားအား ကြည့်လိုက်ပြီးနောက် ထိုကမ္ဘာထဲ ထည့်ကာ ပြန်လည်ဝင်စားစေလိုက်သည်။
“ မင်းရဲ့စိတ်ကို လေ့ကျင့်ပေးဖို့ အဆုံးမဲ့ဇာတ်ကွက်တွေ ဖန်တီးထားတယ်။ မင်း ဒါကို ချိုးဖောက်ပြီးတဲ့နောက်မှာ ပြန်လည်ရပ်တည်နိုင်ပါစေလို့ပဲ မျှော်လင့်တယ်”
အောင်းကျင်းက အဆင့်တစ်ခု ရောက်ပြီးသည့်နောက် ကွဲပြားသည့်ပုံစံအမျိုးမျိုးကို တွေ့ကြုံခံစားဖို့ ထိုကမ္ဘာကို ဖန်တီးထားခဲ့သည်။ နှမြောစရာကောင်းလှသည်က ကောင်းကင်အလိုဆန္ဒသည် ဤသို့ပုံစံမျိုးဖြင့် ကျင့်ကြံသည့် နဝမအဆုံးစွန်အုတ်မြစ်ကို ခွင့်ပြုမထားပေ။ မဟုတ်ပါက ဤအုတ်မြစ်အဆင့်က ပုံမှန်သာ ဖြစ်နေလိမ့်မည်။ သူ့သားကို ထည့်လွှတ်ပြီးသည့်နောက်တွင် အောင်းကျင်းက ခေါင်းဆောင်ဆီ သွားရောက်တွေ့ဆုံလိုက်၏။
…………
ဒိုင်မေးရှင်းအမြင့်၏ တခြားတစ်နေရာ
ရှစ်ရို့လန်က ရွှေရောင်၊ ခရမ်းရောင်နှင့် အဖိုးမဖြတ်နိုင်သည့် ရတနာများ စီခြယ်ထားသည့် နန်းတော်ရှေ့တွင် ပေါ်ထွက်လာသည်။ သူမ ပေါ်ထွက်လာသည်နှင့် ကုန်းကုန်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက သူမရှေ့ ရောက်လာကာ ဒူးတစ်ဖက်ထောက်လိုက်၏။
“ အရှင်မ”
“ ဒါက အဖေ လိုချင်တဲ့ သတင်းအချက်အလက်တွေပဲ” သူမက တည်ငြိမ်စွာ ပြောလိုက်၏။ ယခင်တက်ကြွကာ ချဉ်းကပ်လွယ်သည့် အပြုအမူမျိုးက အေးစက်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည့် တည်ရှိမှုဖြင့် အစားထိုးဝင်ရောက်လာသည်။
“ အမွေအနှစ်လား”
“တာဝန်ကျရှုံးသွားတယ်” ရှစ်ရို့လန်က ကုန်းကုန်းအား လျစ်လျူရှုကာ လျှောက်လှမ်းသွားလိုက်သည်။ သူမက ရွှေရောင်ပလ္လင်ရှိသည့် အခန်းအတွင်း လျှောက်လှမ်းလာကာ ပလ္လင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူမ မျက်နှာအထက် တွေးဆဆ အမူအရာမျိုး ရှိနေလေ၏။
သူမက အုပ်ချုပ်သူခုနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် မြေကမ္ဘာဧကရာဇ်၏ လျှို့ဝှက်ကလေးငယ် ဖြစ်ကြောင်း လူတချို့သာ သိထားကြသည်။ သူမအဖေဖြစ်သူနှင့် သူမ ဆက်ဆံရေးက ကောင်းမွန်လေသည်။ အများသိအောင် မကြေညာထားသော်လည်း သူက အမြဲလိုလို သူမအတွက် ဂရုစိုက်နေပြီး ထောက်ပံ့ပေးခဲ့သည်။
သို့သော်လည်း ရှစ်ရို့လန်က ကိစ္စတချို့သည် မှားယွင်းကြောင်း အမြဲလိုလို ခံစားနေခဲ့မိသည်။ သို့သော် ထိုအရာကို ထုတ်ဖော်ပြောဖို့ အမြဲကြောက်လန့်နေခဲ့သည်။ နမူနာအားဖြင့် သူမသည် နဝမအဆုံးစွန်အုတ်မြစ်ကို အဘယ်ကြောင့် တက်လှမ်းဖို့ မကြိုးစားနိုင်သနည်း။
တစ်ခါက သူမသည် အဖေဖြစ်သူဆီမှ ခွင့်ပြုချက် တောင်းဆိုခဲ့သော်လည်း သူက ငြင်းဆန်ကာ ကျရှုံးနိုင်ချေမြင့်မားပြီး အန္တရာယ်များကြောင်းသာ ပြောခဲ့၏။ အန္တရာယ်ဆိုသည့်အရာမှာ ကျင့်ကြံသူများအတွက် ဘာမှမလုပ်ဖို့ရာ အကြောင်းပြချက်ကောင်း မဟုတ်ပေ။ ကျရှုံးလျှင်ပင် သူမက အကျိုးကျေးဇူး ရရှိနိုင်သေး၏။
နောက်ထပ် ထူးခြားသည့် အပြုအမူက သူမက တားမြစ်ခံတာအိုကို စတင်ကျင့်ကြံစဉ်အခါက သူမ၏ အဖေက အန္တရာယ်အကြောင်း သတိပေးကာ သူမအား တာအိုပြောင်းလဲစေလောက်သည်အထိ ခြောက်လှန့်ခဲ့သည်။
တတိယ မူမမှန်မှုက သူမ၏ အစ်ကိုများဖြစ်သည့် မဟာချူးအံ့ဖွယ်ခုံရုံး မင်းသာများ ဖြစ်သည်။ တချို့က ကောင်းကင်ဘုံအဆင့်ဖြစ်မှန်း သိကြသော်လည်း မည်သူကမှ စံပြ ဖြစ်မလာကြပေ။ လက်ရှိ အိမ်ရှေ့စံက ထိုအဆင့်တွင် ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
ပြီးတော့ အစ်ကိုလျူလည်း ရှိသေးတယ်…
သူက ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်လာတဲ့ တစ်ဦးတည်းသောသူပဲ။ သူက ရုတ်တရက် သေဆုံးသွားခဲ့တယ်…
အကယ်၍ ယခင်သာ ဖြစ်နေပါက ရှစ်ရို့လန်သည် မူမမှန်မှုများကို ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် ရှောင်ထျန်းတိ၏ အတွင်းပိုင်း ပဋိပက္ခနှင့် ဝမ်ဝေ့၏ စကားများကို နားထောင်ပြီးသည့်နောက်တွင် သူမအနေဖြင့် ယခင်စိတ်ထဲတွင်ရှိထားသည့် အတွေးများကို ပြန်လည်မတွေးမိဘဲ မနေနိုင်တော့ပေ။
ကံဆိုးစွာဖြင့် သူမ လုပ်လိုက်သည့် ကောက်ချက်ချမှုကို မကြိုက်ပေ။
ငါ ဘာလုပ်ရမလဲ…
…………..
မဟာချူးအံ့ဖွယ်ခုံရုံး၊ ရှစ်ရို့လန်၏ ကြီးကျယ်ခမ်းနားသည့် နန်းဆောင်ထက် ထောင်ချီကြီးကျယ်သည့် နန်းဆောင်အတွင်း ပလ္လင်ခန်းမတွင်
ဆံပင်အနက်ရောင်အရှည်ရှိပြီး ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သူက နဂါးပုံစံများရေးဆွဲထားသည့် အဝါရောင် ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထား၏။ မြေကမ္ဘာဧကရာဇ်က သူ့သမီး ပို့လိုက်သည့် သတင်းအချက်အလက်များကို တည်ငြိမ်စွာ ဖတ်ရှုနေသည်။
သူက အမူအရာ အပြောင်းအလဲမရှိဘဲ အဆောင်ကို သိမ်းကာ စဉ်းစားခန်းဖွင့်လိုက်၏။
ရောက်ရှိလာမဲ့ ခေတ်သစ်နဲ့ နောက်ဆုံးတော့ ကောင်းကင်ဧကရာဇ်ရဲ့ ကံသက်ဆိုင်သူက ပေါ်ထွက်လာပြီ။ ငါ့အစီအစဉ်ကို အသက်သွင်းသင့်ပြီ…
မြေကမ္ဘာဧကရာဇ်က သူ့ကလေး ၃၃၀၀၀ ထဲမှ တစ်ယောက်သည် ထိုနေရာကို အမွေဆက်ခံခိုင်းဖို့ရာ စီစဉ်ထားခဲ့သည်။ သူက ရှစ်ရို့လန်အပေါ် ပိုမိုယုံကြည်ချက် ရှိသော်လည်း လတ်တလော အဖြစ်အပျက်များအပြီးတွင် ထိုရာထူးက ဒိုင်မေးရှင်းအနိမ့်တွင် ပေါ်ထွက်လာမည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။
ရုတ်ချည်းဆိုသလို သူက တစ်စုံတစ်ခု ခံစားမိလိုက်၏။
အစည်းအဝေး ရှိတာလား…
မြေကမ္ဘာဧကရာဇ်က မျက်လုံးမှိတ်လိုက်ပြီးသည့်နောက်တွင် သူစိတ်ကို ခုံနေရာ ရှစ်ခုံရှိသည့် နေရာလွတ်ဆီ ပို့ဆောင်လိုက်သည်။
လူများစွာက လမင်းခုနစ်စင်းသည် ကမ္ဘာကို အုပ်စိုးသည်ဟု ယုံကြည်ကြသော်လည်း သူတို့ မသိထားသည်မှာ ရှစ်ယောက်မြောက် လျှို့ဝှက်လမင်း ရှိသေးသည်ဆိုသည့် အကြောင်း ဖြစ်သည်။
“ အားလုံးက သတင်းအချက်အလက် ရကြပြီလား” ဆေးသင်္ကေတနှင့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသမီးဖြစ်သူ တာအိုဆရာချီတင်းက မေးလိုက်သည်။
( ချီတင်း - ဆေးပြင်းမီးဖို ခုနှစ်ခုကို ဆိုလိုတာပါ )
“ ဘာမှမရသေးဘူး” ဇာမဏီမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သူ ဝူယွိဇာမဏီက ပြောလိုက်၏။ ထို့ကြောင့် တစ်စုံတစ်ယောက်က ရှောင်ထျန်းတိနှင့် ရှစ်ရို့လန်ဆီမှ ရရှိထားသည့် သတင်းအချက်အလက်များကို ဖြန့်ဝေပေးလိုက်သည်။
ကျန်ခုနစ်ယောက်လုံးက တည်ငြိမ်သည့် အမူအရာဖြင့် သတင်းအချက်အလက်ကို ဖတ်ရှုလိုက်ကြ၏။
“ ထာဝရဇာမဏီ … မင်းဘက်ကရော” အားလုံးက အသားအရည်ဖြူဖျော့နေကာ မျက်လုံးအသေရှိပြီး နဖူးအထက်တွင် အနက်ရောင် ဇာမဏီအမှတ်အသား ရှိသည့် လူငယ်လေးကို ကြည့်လိုက်ကြသည်။
“ ငါက သတင်းအချက်အလက်တွေ ရထားတယ်။ ခေတ်သစ်ရဲ့ ခေါင်းဆောင်က သုံးယောက် ဖြစ်နိုင်တယ်”
ထာဝရဇာမဏီသည် လက်ဝှေ့လိုက်သည့်အခါ လူသုံးယောက်၏ ပုံရိပ် ထွက်ပေါ်လာသည်။
ချူးလော့၊ တိထျန်းနှင့် ဝမ်ဝေ့တို့ ဖြစ်၏။
“ သူတို့က နဝမအဆုံးစွန်အုတ်မြစ်ကို အောင်အောင်မြင်မြင် တည်ဆောက်ထားနိုင်တယ်” ထာဝရဇာမဏီက သူ စုဆောင်းထားသမျှ သတင်းအချက်အလက်များကို ရှင်းမပြခင် ပြောလိုက်၏။
အကယ်၍ ဝမ်ဝေ့သာ ဤနေရာတွင် ရှိနေပါက သူ ကောင်းမွန်စွာ ဝှက်ထားနိုင်သည်ဟု တွေးထားသည့် ကိစ္စများစွာက ယခုအစည်းအဝေးအတွင်း ဖော်ထုတ်ခံလိုက်ရသည်ကို အံ့အားသင့်သွားလိမ့်မည်။ သူက စံပြတစ်ယောက်၏ စွမ်းရည်ကို လျှော့တွက်ခဲ့မိ၏။
“ ချူးလော့က အသင်္ချေအင်ပါယာကမ္ဘာက မဟုတ်ဘူးဆိုတော့ ဖယ်ထုတ်လို့ ရတယ်။ တိထျန်းရဲ့ အဓိကရည်ရွယ်ချက်က သူ့ဇနီးကို ပြန်လည်အသက်သွင်းဖို့ဆိုတော့ သူ့ကိုလည်း ဖယ်ထုတ်လို့ရတယ်။
ခေတ်သစ်ရဲ့ ဖန်တီးသူ အဖြစ်နိုင်ဆုံးက ဝမ်ဝေ့ပဲ။ သူက ဉာဏ်ကောင်းတဲ့အပြင် ဉာဏ်လည်းများတယ်။ ပြီးတော့ ချီယွမ်နဲ့ တူတယ်။ သူက အမြင်ကောင်းရှိပြီးတော့ လူမှုအဖွဲ့အစည်း မြင့်တက်မှုကို ထောက်ခံတဲ့သူပဲ”
“ ဟုတ်တယ်။ သူက အသင်္ချေအင်ပါယာကမ္ဘာရဲ့ ခေတ်သစ်ကို ဦးဆောင်မဲ့ ဖြစ်နိုင်ချေအများဆုံးပဲ” ချီတင်းကလည်း ဝင်ပြောလိုက်သည်။ သူမက တာအိုအခွင့်အလမ်းဂိုဏ်းအတွင်းရှိ ပိုင်နက်၏ အပြောင်းအလဲများကို ကြည့်လိုက်၏။
သူမက ရုပ်သေးရုပ်များနှင့် သေမျိုးများအပေါ် ဗဟိုချက်အနေနှင့် ထားထားသည့် လူမှုအဖွဲ့အစည်းတစ်ခုလုံးကို မြင်လိုက်ရသည်။
“ အဲဒါဆိုတော့ သူ့ကို ရှင်းထုတ်ကြမှာလား” သွေးနဂါးက မေးလိုက်၏။
“ အဲ့လောက် မရိုးရှင်းဘူး။ သူက အရှင်မေတ္တယျနဲ့ ဧကရီဝူတို့နဲ့ ဆက်နွယ်နေတာ” ထာဝရဇာမဏီက ပြောလိုက်သည်။
“ ဧကရီလား။ သူမက အချိန်အတော်ကြာ ပေါ်ထွက်မလာဘဲ သူမဘာသာ နေနေတာလေ။ ဘာလို့အခုမှ လှုပ်ရှားလာတာလဲ”
“ ငါလည်း မသိဘူး”
အားလုံးက မျက်မှောင်ကြုတ်လိုက်ကြသည်။ ချီတင်းက ဘာမှမပြောဘဲ တိတ်ဆိတ်နေသည့် ဘုန်းကြီးတစ်ပါးအား ကြည့်လိုက်၏ “ ဘုန်းကြီးပန်းနှစ်မွှာ ခင်ဗျားတို့ ခေါင်းဆောင်က ဘာပြောသေးလဲ”
ပန်းနှစ်မွှာက မြစ်သုဏဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ပြီး နှစ်ကိုယ်တူကျင့်စဉ်အပေါ် အလေးထားသည့် ဗုဒ္ဓဘာသာဂိုဏ်းခွဲ ဖြစ်သည်။ ဗုဒ္ဓဘာသာ သဘောတရားက ခန္ဓာကိုယ်သန့်စင်အောင် ထားမည့်အပေါ် အလေးထားသော်လည်း မြစ်သုဏအင်အားစုကမူ ဆန့်ကျင်ဘက် အတွေးအခေါ်ရှိပြီး ခန္ဓာကိုယ်၏ သာယာမှုက ဉာဏ်အလင်းပွင့်လမ်းစဉ် တစ်ခုဖြစ်ကြောင်း ယုံကြည်ထားကြသည်။
သူတို့၏ အင်အားစုက စိတ်လွတ်လက်လွတ် ဇိမ်ခံသည့်အပေါ် စိတ်ဝင်စားကြခြင်းတော့ မဟုတ်ပေ။ ဘုန်းကြီးတစ်ပါးက ဘဝတစ်သက်တာအတွက် ကျင့်ကြံဖို့ရာ လက်တွဲဖော်တစ်ယောက်ကို ရွေးချယ်ကြလိမ့်မည်။
ဘုန်းကြီးက ယခု အခြေအနေသည် ရှုပ်ထွေးကြောင်း သိသည့်အတွက် ဘာမှမပြောပေ။
သူ့ခေါင်းဆောင်က ယခင်လို မပြုမူဘဲ ကျန်သူများကို စံပြဖြစ်လာဖို့ရာ တားဆီးထားလေသည်။ သို့သော်လည်း သူမက အန္တိမ သဟဇာတ၏ ချုပ်နှောင်မှုကို ခံထားရပြီး သူမကလည်း သူ့ကို ပြန်လည်ချုပ်နှောင်ထားခဲ့သည်။ ထိုစဉ် ဤနေရာရှိ အားလုံးက သူတို့၏ ရပ်တည်မှုကို ထိန်းသိမ်းထားကြရသည်။
“ မင်းတို့ လုပ်ချင်တာ လုပ်လို့ရတယ်” အရှင်မက ဝမ်ဝေ့အကြောင်း မစိုးရိမ်ဖို့ရာ ပြောထားသည့်အတွက် တုံ့ပြန်လိုက်သည်။
“ ဒီလိုဆိုရင် သူတို့သုံးယောက်လုံးကို ဖယ်ရှားပစ်ရအောင်” ချီတင်းက ပြောလိုက်သည်။
“ မင်းတို့ သတိထားသင့်တယ်” အချိန်စားသုံးသူက ပြောလိုက်၏ “ တိထျန်းက ဧကရာဇ်ဖန်တီးသူပဲ။ သူ ဖန်တီးခဲ့တဲ့လူတချို့က အခုထိ မပြီးမပြတ်အခြေအနေမှာ ရှိတဲ့ အဖွဲ့ထဲမှာ ရှိနေသေးတယ်။ လိုလိုမယ်မယ်အနေနဲ့ သူတို့တွေ ဝင်ရောက်စွက်ဖက်နိုင်ခြေအတွက် ငါတို့တွေ သတိထားသင့်တယ်”
“ အဲဒါအကြံကောင်းပဲ”
“ ကပ်ဘေး။ ဒီတွေ့ဆုံမှုစကတည်းက ဘာမှမပြောပါလား” ဝူယွိဇာမဏီက အနက်ရောင်ဗြောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦးကို ကြည့်ကာမေးလိုက်၏။
“ မင်းတို့ရဲ့ အပြုအမူတွေက အသုံးမဝင်ဘူး။ ပျက်သုဉ်းခြင်းကပ်က ငါတို့တွေဆီ ချဉ်းကပ်လာနေပြီ။ မင်းတို့တွေက ဒါကို တားဆီးဖို့ ဘာမှမလုပ်နိုင်ဘူး”
အားလုံးက မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က ကပ်ဘေးစံပြသည် အရာအားလုံးထက် သူ့အသက်ကို တန်ဖိုးထားသူဖြစ်ကြောင်း သိကြသည်။ သူက အကြွင်းမဲ့တားမြစ်ချက်တွင် ဝင်ရောက်မဆင်နွှဲခဲ့သည်မှာ သူ့ပျက်သုဉ်းမှုကို မြင်ထား၍ ဖြစ်သည်။ သူက သူတို့အဖွဲ့တွင် ဝင်ရောက်လာသည်မှာ ဤနည်းက သူ့အသက်ကို ကယ်တင်နိုင်သည့် နည်းလမ်းဖြစ်ကြောင်း သိနေ၍ ဖြစ်သည်။
ယခုသူက ထိုစကားများ ပြောလာပြီဖြစ်၍ တစ်စုံတစ်ခုကို ခံစားမိပြီးသား ဖြစ်ကာ မည်သို့အသက်ရှင်ရမည်ကို စီစဉ်ထားပြီးသား ဖြစ်လိမ့်မည်။ သူက လျှို့ဝှက်လမင်း ဖြစ်နေပြီး ကမ္ဘာကြီးထံ မသိသည့်အချက်အရ လုပ်ဆောင်ဖို့ ပိုမိုလွယ်ကူလေ၏။
“ သူ့ကို စိတ်ထဲ ထားမနေနဲ့။ ဒီလူတွေက ကံကြမ္မာကောင်း ရှိကြပေမဲ့ အားနည်းနေတယ်ဆိုတဲ့ အချက်ကို ပြောင်းလဲလို့ မရဘူး။ ငါတို့သာ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ရင် သူတို့တွေ ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” အချိန်စားသုံးသူက ပြောလိုက်သည်။
“ အမှန်ပဲ။ အဲဒါဆိုတော့ အကောင်းဆုံးအစီအစဉ်က ငါတို့တွေ ပုံရိပ်ယောင်ကို စေလွှတ်ပြီးတော့ သူတို့တွေ မတုံ့ပြန်နိုင်ခင် အကုန်လုံးကို ရှင်းထုတ်လိုက်ဖို့ပဲ” ချီတင်းက ပြောလိုက်သည်။
“ လုံခြုံစိတ်ချရဖို့ ငါတို့တွေ အားလုံးက ပုံရိပ်ယောင်တစ်ခုစီ လွှတ်လိုက်ကြတာပေါ့” မြေကမ္ဘာဧကရာဇ်က ပြောလိုက်၏
“ သဘောတူတယ်”
“ ကောင်းတယ်”
“ …”
“ အားလုံးက သဘောတူတယ်ဆိုတော့ ကုရွှမ်နဲ့ သစ္စာဖောက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဆွေးနွေးရအောင်။ အထူးသဖြင့် အာကာသမျိုးနွယ်ပေါ့” ချီတင်းက ပြောလိုက်သည်။
“ ကုရွှမ်က ကြွက်တစ်ကောင်ပဲ။ သူ့တာအိုနဲ့ စည်းမျဉ်းမဲ့ဇုံထဲမှာ ရှိနေတော့ သူ့ကို ရှာရတာက အားစိုက်ထုတ်မှုနဲ့ မထိုက်တန်ဘူး” ထာဝရဇာမဏီက ပြောလိုက်သည်။
“ သူက အဲ့လောက် အရေးမကြီးဘူး” ဝူယွိဇာမဏီက ပြောလိုက်သည် “ အဲဒါက အာကာသမျိုးနွယ်အတွက်လည်း အတူတူပဲ။ လတ်တလော အပြောင်းအလဲတွေအရ အရင်းအမြစ်ချီနေရာက ငါတို့အတွက်တောင်မှပဲ ပိုပြီးတော့ အန္တရာယ်များလာခဲ့တယ်။ သူတို့တွေအတွက် ထိုက်တန်ရဲ့လား”
“ ထိုက်တန်တယ်” အချိန်စားသုံးသူက ပြောလိုက်သည် “ သူတို့ရဲ့ နောက်ခံကိုလည်း သိသားပဲ။ တကယ်လို့ ငါတို့သာ သူတို့ကို အညွှန့်မချိုးထားခဲ့ရင် သူတို့က အဆင့် ၁၂ ဆန့်ကျင် ကျင့်ကြံသူ ဒါမှမဟုတ် စံပြကို မွေးဖွားလာဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်”
“ ဒါပေမဲ့ သူတို့ကို ဘယ်လိုရှာကြမှာလဲ”
“ ငါတို့တွေ လူလွှတ်ပြီး ရှာကြမယ်။ တစ်ယောက်ချင်းစီက သူတို့ကို တစ်လှည့်စီ ရှာကြရမယ်” အချိန်စားသုံးသူက ပြောလိုက်သည်။
“ အဲ့လို အလုပ်ဖြစ်နိုင်တယ်။ ငါ အရင်ဆုံး လုပ်လိုက်မယ်” ချီတင်းက ပြောလိုက်သည်။ ထို့နောက် အဖွဲ့က သူတို့၏ အစီအစဉ်များကို မည်သို့လုပ်ဆောင်ရမည်ကို အနည်းငယ် ဆက်လက်စဉ်းစားခဲ့ကြသည်။
ဘန်း
ထို့နောက် သူတို့က တစ်စုံတစ်ခုကို ခံစားမိကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က မျက်လုံးမှိတ်လိုက်ပြီးသည့်နောက်တွင် သူတို့၏ စိတ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ထွက်ခွာသွားကာ အဆုံးမဲ့အကွာအဝေးတစ်ခုဆီ သွားလိုက်၏။ ထိုနေရာက ကမ္ဘာဦးဟွင်သွမ်း ဖြစ်ပေသည်။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ၇ ယောက်လုံးက မျက်လုံးပွင့်လာပြီး သူတို့ဖြစ်ဖူးသည့်အရာနှင့် မတူဘဲ လေးလေးနက်နက် အမူအရာမျိုး ရှိနေကြသည်။ အားလုံးက အကြောင်းမှာ သူတို့ လက်ခံလိုက်ရသည့် သတင်းအချက်အလက်ကြောင့် ဖြစ်၏။
အလုံးစုံပကတိအမြင် ဘုံကျောင်းကို ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေသည့် ဖြစ်ရပ်များကို ခန့်မှန်းနိုင်သည်ဟု လူသိများသည့် ကမ္ဘာဦးဟွင်သွမ်းထဲမှ နေရာတစ်ခု ဖြစ်သည်။ သူတို့က အကြွင်းမဲ့တားမြစ်ချက် ပေါ်ထွက်လာမည်ကိုပင် ခန့်မှန်းနိုင်ကြသည်။
စံပြများက ဘုံကျောင်းသည် စကြဝဠာတစ်ခုလုံးကို ထပ်မံ သက်ရောက်မှုရှိစေမည့် ဂမ္ဘီရတစ်ခုကို လက်ခံရရှိခဲ့ကြောင်း သတင်းကို ရရှိလိုက်၏။ ထိုရှေးဖြစ်က အသက်ဝင်လာဖို့ အချိန်တချို့ကြာမြင့်ဦးမည် ဖြစ်သော်လည်း အားလုံးက မုန်တိုင်းကျရောက်တော့မည်ဖြစ်ကြောင်း သိလိုက်ကြသည်။
စံပြများက ကပ်ဘေးကို ကြည့်လိုက်ကြပြီး သူတို့ကမ္ဘာ၏ အပြောင်းအလဲများသည် ပိုမိုကြီးကျယ်သည့် တစ်စုံတစ်ခု၏ ရှေ့ပြေးလားဟု တွေးလာမိကြသည်။
အပြောင်းအလဲက အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာတွင် အစပြုလာနိုင်သည်။
စံပြများက တစ်စုံတစ်ခုကို ရုတ်ချည်းတွေးမိသွားကြသည်။ သူတို့က ထိုမူမမှန်မှု သုံးယောက်အား ချက်ချင်းဆိုသလို ရှင်းထုတ်ပစ်လိုကြ၏။
ဝုန်း
ကမ္ဘာကြီးက အနည်းငယ် တုန်ခါသွားကာ သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။ ဒိုင်မေးရှင်းအနိမ့်က အပြည့်အဝ ပိတ်ပင်ခံလိုက်ရပြီဖြစ်ကာ သူတို့ကို ဝင်ရောက်ခွင့်မပေးတော့ပေ။
…………..
ကမ္ဘာဦးဟွင်သွမ်း၊ သမိုင်းမတိုင်မီ ဟွင်သွမ်းကမ္ဘာ
ဟုန်ကျွင်းက တရားထိုင်ရာမှ မျက်လုံးဖွင့်လာသည်။ သူက အလုံးစုံပကတိအမြင် ဘုံကျောင်းဘက်ကို လှည့်ကြည့်လိုက်၏။
နောက်ဆုံးတော့ သတင်းက ထွက်လာပြီပဲ…
***