ခေတ်သစ်၏ ကံကြမ္မာ
Vol. 43 Ch. 601
ရှီရှန်းယန်၏ စံအိမ်အတွင်း
သူမက ရှေ့နောက်လျှောက်ကာ ဆုံးဖြတ်ချက်အကြောင်း တွေးတောနေသည်။ သူမက ဝမ်ဝေ့၏ စကားကို ကြားပြီးသည့်နောက်တွင် သူသည် ခေတ်သစ်ကို ဦးဆောင်နိုင်မည့်သူဟု ယုံကြည်လာခဲ့သည်။ ယခုတွင် သူမက မိတ်ဆွေဖွဲ့ရမည်လား သို့မဟုတ် ဆန့်ကျင်ရမည်လား သို့မဟုတ် တွဲဖက်ဖြစ်လာရမည်လားဟု စဉ်းစားနေသည်။
ဆုံးဖြတ်ချက်က အသင်္ချေအင်ပါယာကမ္ဘာတွင် တာအိုကို သက်သေပြရမည်လား၊ မပြဘဲ နေရမည်လားအပေါ် ဆုံးဖြတ်ပေးလိမ့်မည်။
ငါက လက်ရှိ ပွင့်ချပ်၂ လွှာအဆင့်ပဲ ရှိသေးတယ်။ မကြာခင်မှာ ပွင့်ချပ် ၃လွှာကို ရောက်တော့မယ်ဆိုပေမဲ့ ပြန်လည်ကျင့်ကြံရင် ငါက ပွင့်ချပ်၄လွှာအထိ ရောက်ရှိနိုင်တယ်။ ဒါပေမဲ့ သူက ပွင့်ချပ် ၆လွှာအထိတောင် ရောက်နေပြီ…
ရှီရှန်းယန်က မျက်မှောင်ကြုတ်ကာ သူမ စုဆောင်းထားသည့် သတင်းအချက်အလက်များကို သုံးသပ်လိုက်သည်။
သူက လက်ရှိ အဆင့် ၈ပဲ ရှိသေးပြီးတော့ ပွင့်ချပ် ၇ လွှာအထိ ရောက်နိုင်ခြေရှိတယ်။ ဒီလျှို့ဝှက်နည်းစနစ်တွေနဲ့ဆိုရင် ငါက ဟာကွက်ကို လိုက်နိုင်တယ်ဆိုပေမဲ့ သူ့ဆီမှာလည်း လျှို့ဝျက်နည်းစနစ်တွေရှိနေတာလည်း ဖြစ်နေနိုင်တယ်…
ရှီရှန်းယန်က သူနှင့် ရှောင်ထျန်းတိကြားမှ တိုက်ပွဲကို ပြန်လည်အမှတ်ရလိုက်သည်။ သူက တိုက်ပွဲအသိစိတ်နှင့် အတွေ့အကြုံများတွင် ရှောင်ထျန်းတိထက် သာလွန်နေသည်ကို သတိပြုမိခဲ့သည်။
ထို့အပြင် ဝမ်ဝေ့က ပိုင်နက်ကို အသုံးမပြုခဲ့သည့်အတွက် အင်အားအကုန် ထုတ်မသုံးခဲ့မှန်း သိသာလှသည်။
ငါ သူ့ကို အနိုင်ပိုင်းနိုင်ပြီး တာအိုသက်သေပြနိုင်ဖို့ အခွင့်အရေးက အရမ်းကို နည်းပါးတယ်။ အုပ်ချုပ်သူတွေက အသင်္ချေအင်ပါယာကမ္ဘာကို ကျူးကျော်ဖို့ တခြားကောင်းကင်ရွေးချယ်ခံတွေကို စေလွှတ်ထားလောက်တယ်။ အဲဒီအချိန်ကျရင် အခြေအနေတွေက ပိုရှုပ်ထွေးသွားလိမ့်မယ်…
အဲဒါဆိုရင် အကောင်းဆုံးအချိန်က တခြားကောင်းကင်အလိုဆန္ဒကမ္ဘာဆီ သွားဖို့ပဲ။ အာကာသမျိုးနွယ်က ခေတ်သစ်ရဲ့ အုပ်ချုပ်သူ ဖြစ်ဖို့ မလိုဘူး။ နေမင်းနှစ်စင်းနဲ့ လမင်းခုနစ်စင်းကို လူတွေက ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ အကြွင်းမဲ့ခေတ်ကာလတစ်ခု ရှိလာနိုင်တယ်လို့ ထင်တယ်။ မျိုးနွယ်အနေနဲ့ ထိပ်တန်းမှာ ရပ်တည်တဲ့လူထဲက တစ်ယောက်ဖြစ်ဖို့ပဲ လိုအပ်တယ်…
ဒိုင်မေးရှင်းအနိမ့်တွင် ရှီရှန်းယန်၏ အတွေ့အကြုံများက သူမအား ယခင်မတွေးဖူးခဲ့သည့် ကိစ္စများစွာကို သိမြင်လာစေခဲ့သည်။ ယခုတွင် သူမက ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် သူမ ပုခုံးပေါ်မှ ဝန်ထုပ်ကြီးပေါ့သွားပြီး စိတ်အေးချမ်းသွားသလို ခံစားလိုက်ရသည်။
သူမက အချိန်မဖြုန်းဘဲ တခြားကမ္ဘာ့အသိုက်အဝန်းဆီသွားဖို့ ပင်ကိုရတနာဆီ ခုန်တက်လိုက်သည်။ သူမက ဝမ်ဝေ့နှင့် အနေအထားတူ ဆွေးနွေးနိုင်ဖို့ရာ အင်အား လိုအပ်ကြောင်း သိထား၏။ သူမအနေဖြင့် ရောက်ရှိလာမည့် မုန်တိုင်းကြား အသက်ရှင်သန်ဖို့ အင်အား လိုအပ်၏။
……………………………….
ဝမ်ဝေ့၏ စံအိမ်အတွင်း
သူက ရှီရှန်းယန်၏ ဆုံးဖြတ်ချက်နှင့် လျှို့ဝှက်ထွက်ခွာသွားမှုအကြောင်းကို မသိခဲ့ပေ။ သူက အန္တိမသဟဇာတသည် သူ့တပည့်ကို အဘယ်ကြောင့် မကယ်ဆယ်ခဲ့ကြောင်း စဉ်းစားနေဆဲ ဖြစ်၏။ ထိုအရာကို စဉ်းစားပြီးသည့်နောက်တွင် သူက အကြောင်းအရင်းများစွာ ရှိလာလေသည်။
ထို့နောက် ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက အိမ်ပြန်ဖို့ လိုမည့် သတင်းစကားကို မရရှိခင် တစ်စုံတစ်ခုကို တွက်ချက်ကြည့်လိုက်သည်။ ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် သူက ကူးသန်းသွားလာဖို့ အစီအရင်အတွင်း ဝင်ရောက်လိုက်၏။
သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ ကောင်းကင်အထက် ဧရာမ ခရမ်းရောင်နဂါးကြီးတစ်ကောင် ပေါ်ထွက်လာသည်။ သေမျိုးဖြစ်စေ၊ နတ်ဆိုးဖြစ်စေ၊ သို့မဟုတ် ကျင့်ကြံသူဖြစ်စေကာမူ သို့မဟုတ် မည်သည့်ကုန်းမြေမှ ဖြစ်စေကာမူ အားလုံးက ထိုအားကြီးသည့် နဂါးကို မြင်လိုက်ရသည်။
နဂါးက မြင့်မြတ်ကာ ကြီးမြတ်သည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေပြီး ကောင်းကင်အထက် ဝဲပျံကာ သူ့တည်ရှိမှုကို ကြေညာနေ၏။ ထို့နောက် ဝမ်ဝေ့အား စိုက်ကြည့်လာကာ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။
နဂါးကြီးကို မြင်လိုက်သည့် ကျင့်ကြံသူအားလုံးက သူတို့၏ စိတ်အတွင်း သတင်းအချက်အလက်တစ်ခု ရောက်ရှိလာသည်ကို သိလိုက်ကြသည်။
ခေတ်ကာလရဲ့ သားတော်
ထို့အပြင် သူတို့က ထိုလေးလံသည့် ကံကြမ္မာကို သယ်ပိုးဖို့ မည်သူ့ကို ရွေးချယ်မှန်း သိသွားကြသည်။
ဝမ်ဝေ့က ထိုဂုဏ်ပုဒ်နှင့် တာဝန်ကို တည်တည်ငြိမ်ငြိမ် လက်ခံလိုက်၏။ သူ့ဘိုးဘေးက ထိုသို့ဖြစ်လာနိုင်ချေကို သတိပေးထားခဲ့ပြီးသား ဖြစ်၏။ သူက ကောင်းကင်တာအိုကို သဘောမကျသော်လည်း နှစ်များစွာကြာသည့်တိုင် သူက ထိုအရာ၏ အပြုအမူသည် ဖော်ဆောင်ထားသည့် လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
တားမြစ်ခံတာအိုကို ကျင့်ကြံခြင်းဖြင့် သူ့အား ဆန့်ကျင်လာစေမည့် လုပ်ငန်းစဉ် သို့မဟုတ် ကောင်းကင်တာအို၏ စည်းမျဉ်းကို အသက်သွင်းလိုက်ခြင်းသာ ဖြစ်သည်။
“ ကျုပ်က အခုထိ သဘောမကျသေးဘူးဆိုပေမဲ့ ကျုပ်တို့ ဆက်ဆံရေးက တကယ်တမ်းတော့ ကြားနေလို့ ယူဆလို့ရတယ်” သူက ပြောလိုက်သော်လည်း အဖြေကိုတော့ မရခဲ့ပေ။ ဝမ်ဝေ့က စိတ်ထဲမထားပဲ မျက်လုံးမှိတ်ကာ အပြောင်းအလဲကို ခံစားလိုက်၏။
“ ငါက တရားဝင် ဇာတ်လိုက်တစ်ယောက် ဖြစ်သွားပြီပဲ။” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက် မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ ခေတ်ကာလ၏ သားတော်က ကံကြမ္မာသားတော်၏ အဆင့်မြင့်ပုံစံဖြစ်ကာ သူ့အား ကံကောင်းမှုအမြောက်အမြား ချီးမြှင့်ပေးထားသည်။ သို့သော်လည်း ဝမ်ဝေ့အတွက် စိတ်လှုပ်ရှားစေသည့် အချက်မှာ သူက မည်မျှကံကောင်းလဲဆိုသည့် အချက် ဖြစ်၏။
သူ့လူသားကံကောင်းမှုက သက်တံခုနစ်ရောင် ရောက်ရှိထားသည့်အပြင် နယ်ရှင်တစ်ယောက်လည်း ဖြစ်သည်။ ယခု သူက ခေတ်ကာလ၏ သားတော်ဂုဏ်ပုဒ်ကိုလည်း ရရှိထားလေသည်။ သူက အဘက်ဘက်မှ ဇာတ်လိုက်တစ်ယောက် ဖြစ်နေလေ၏။
ဘာပဲဖြစ်ဖြစ် ငါ သတိထားရမယ်။ ကံကောင်းမှုဆိုတာက နှစ်ဖက်ချွန်ဓားသွားပဲ…
သူက စစ်ဆေးမှုဆီ မပြန်ခင် ဂိုဏ်းဆီ သတင်းလှမ်းပို့လိုက်သည်။
ထိုစဉ် ကောင်းကင်ရွေးချယ်ခံအားလုံးက ထိုသတင်းကြောင့် အံ့အားသင့်သွားကြ၏။
မာနကြီးသည့်သူများက အံကြိတ်ကာ သူတို့ဘာကြောင့် ရွေးချယ်မခံရလဲဟု ကျိန်ဆဲနေကြသည်။ တည်ငြိမ်သည့်သူများအတွက်မူ ထိုဂုဏ်ပုဒ်ကို မည်သို့ယူဆောင်ရမည်ကို စတင်ကြံစည်နေကြသည်။ လူနှစ်ယောက်တည်းကသာ ကွဲပြားသည့် တုံ့ပြန်မှုမျိုး ရှိကြသည်။
…………….
အနောက်ပိုင်းကုန်းမြေ
မိုရှင်းယွင်က အဖြစ်အပျက်ကို တည်ငြိမ်စွာဖြင့် ကြည့်နေလေသည်။
“ အဲဒါဆိုတော့ ငါ့ခန့်မှန်းချက်က မှန်နေတာပဲ။ သူက ဒီခေတ်ကာလကို ဦးဆောင်ဖို့ ရွေးချယ်ခံထားရတယ်။ ဒါပေမဲ့ တခြားတစ်ယောက်ကို အခွင့်အရေးမပေးဘဲ နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
သူမက လုပ်ဆောင်ရမည့် နောက်အဆင့်ကို တွေးတောရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမက ရောက်ရှိလာမည့်ခေတ်ကာလအတွင်း အသက်ရှင်သန်ဖို့ စီစဉ်ထားသည်။
မိုရှင်းယွင်နှင့် တူညီသည့် တုံ့ပြန်မှုမျိုးရှိသည့်သူမှာ တိထျန်း ဖြစ်၏။ သူက ဝေဟင်အထက်ရှိ အပြောင်းအလဲများကို ကြည့်ကာ နည်းနည်းလေးမှ ဂရုမစိုက်ပေ။ သူ့အနေဖြင့် ဝမ်ဝေ့ တားမြစ်မှုစစ်ဆေးခံ အောင်မြင်သွားသည့်နောက်တွင် ထိုသို့ဖြစ်လာနိုင်ချေရှိကြောင်း အရိပ်အမြွက် သိထားခဲ့သည်။
သို့သော်လည်း သူ့ကောက်ချက်ချမှုအရ ခေတ်သစ်၏ ကံကြမ္မာကို အပိုင်းငယ်လေးများအဖြစ် ခွဲထုတ်သင့်ပြီး ဝမ်ဝေ့ကမူ အများဆုံး ရရှိလိမ့်မည်။ သူ ထင်မှတ်မထားသည်က ကောင်းကင်တာအိုသည် သတ္တိကောင်းကာ ထိုသူ့ကိုသာ အားလုံးပေးခဲ့၏။ ထိုရွေးချယ်မှုက ဝမ်ဝေ့ဆီမှ ထိုကံကြမ္မာကို ရယူဖို့ အဆထောင်ချီပိုမိုခက်ခဲသွားသည်။
မည်သို့ပင်ဆိုစေကာမူ သူက သိပ်ဂရုမစိုက်ပေ။ သူ့စိတ်ဆန္ဒ၊ ဝိညာဉ်၊ စွမ်းအားနှင့် အတွေ့အကြုံများဖြင့် ခေတ်ကာလသားတော်၏ ကံကြမ္မာသည် သက်ရောက်မှု မရှိပေ။ ထိုစွမ်းရည်က သူ ဧကရီဝူနှင့် တိုက်ခိုက်စဉ်အခါကပင် အလုပ်မဖြစ်ခဲ့သည့်အတွက် ယခုအခါလည်း အလုပ်ဖြစ်မည် မဟုတ်ပေ။
တိထျန်းက ဒဿမအဆုံးစွန်အုတ်မြစ်ကို ရယူပြီး တာအိုကို သက်သေပြဖို့ရာသာ ဂရုစိုက်၏။ ခေတ်သစ်ကာလ ရောက်ရှိလာသည့်အချက်ကိုမူ နောက်မျိုးဆက်အထိ စောင့်သင့်သည်။
……………………………………………….
တောင်ပိုင်းမီးငှက် ကုန်းမြေ၊ ကောင်းကင်မီးလျှံ နယ်မြေ
ထိုနယ်မြေက အသင်္ချေအင်ပါယာကမ္ဘာတွင် ကျော်စောသည်မှာ ကောင်းကင်မီးတောက်ကို မွေးထုတ်ပေးသည့် နေရာတစ်ခုဖြစ်၍ ဖြစ်သည်။ မီးတောက်ဧကရာဇ်က သူ့ငယ်စဉ်ဘဝကို ထိုနေရာတွင် ကုန်ဆုံးခဲ့သည်ဟု ဒဏ္ဍာရီများ ရှိခဲ့ဖူး၏။ သူက ထိုနေရာတွင် အမဲလိုက်ကာ ရှာဖွေပြီး ကောင်းကင်မီးတောက်ဖြင့် သူ့နာမည်ကျော် ဟွင်သွမ်းမီးတောက်ကို ဖန်တီးခဲ့သည်။
ဆေးဝါးပညာရှင်များကလည်း ထိုနေရာဆီ သွားလာကာ ကောင်းကင်မီးတောက်ကို ရှာဖွေကြသလို သူတို့အတွက် ရှာဖွေဖို့လည်း လူများကို စေခိုင်းကြသည်။ အထွတ်အထိပ်ဂိုဏ်းတချို့ကမူ ပူးပေါင်းပြီး ထိုမီးတောက်များကို ရှာဖွေဖို့ လူများကို ကူညီရန် စီးပွားရေးတစ်ခု ထူထောင်ထားကြသည်။ ဧကရာဇ်မျိုးနွယ်များကမူ သူတို့နှင့် မပြိုင်ဆိုင်ပေ။ အကြောင်းမှာ ထိုနေရာသည် အန္တရာယ်များလွန်းသလို ပြောရလျှင် ညစ်ပတ်သည့် အလုပ်များကို တန်ကြေးပေး၍ လုပ်ခိုင်းလိုက်သည်က ပို၍ တန်ပေသည်။
ထိုနယ်မြေအတွင်းပိုင်းတွင် သီးသန့်ကမ္ဘာငယ် တစ်ခုရှိပြီး အပြာရောင်နှင့် အနက်ရောင် မီးတောက်ဖြင့် ပြုလုပ်ထားသည့် ရေကန်တစ်ခု ရှိသည်။ ထိုရေကန်တွင် ရေချိုးနေသူက ကြွက်သား ၈ ခုရှိပြီး နဖူးအလယ်တွင် အနက်ရောင်မီးတောက် အမှတ်အသားရှိသည့် လူငယ်လေးတစ်ဦးဖြစ်ကာ သူ့ကြက်သီးထဖွယ် အငွေ့အသက်မျိုးက တစ်နည်းနည်းဖြင့် စွဲမက်ဖို့ ကောင်းနေသည်။
လူငယ်လေးက မျက်လုံးပွင့်လာသော်လည်း အားလုံးက အနက်ရောင်ဖြစ်ကာ မျက်ဆံ မရှိပေ။ သူက ရေကန်မှ ဖြည်းဖြည်းချင်း ထွက်လာပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်အထက် အနီရင့်ရင့် ဝတ်ရုံတစ်ခု ပေါ်ထွက်လာ၏။ သူ့အမြင်က ကမ္ဘာငယ်မှတဆင့် ထိုးဖောက်ကာ နဂါးဆီ ကျရောက်သွားသည်။
ဆရာနဲ့ အဆက်အသွယ် ပြတ်သွားပြီးတဲ့နောက် ပေါ်လာတယ်ဆိုတော့ တိုက်ဆိုင်မှုတော့ မဟုတ်ဘူးပဲ…
လူငယ်လေးက မျက်မှောင်ကြုတ်လိုက်သည်။
ကိစ္စတွေက အကူအညီမရှိဘဲ ပိုခက်ခဲလာမည် ဖြစ်သော်လည်း တာဝန်ကိုတော့ ဆက်လုပ်ရမည်။
လူငယ်လေးက မရပ်တန့်ခင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်၏။ ထို့နောက် သူက သူ့လက်မောင်းမှ အညိုရောင် အစက်အပြောက်ကို ကြည့်လိုက်သည်။
ငါ ခန္ဓာကိုယ်အသစ် လိုနေပြီ။ မီးတောက်စွမ်းရည် မြင့်တဲ့သူတစ်ယောက်ပေါ့ ဒါမှမဟုတ် ငါ ဟို့မျိုးနွယ်ရဲ့ အမွေဆက်ခံသူနောက် လိုက်သင့်လား။ သူမရဲ့ ဇာမဏီသွေးမျိုးဆက်က အသင့်တော်ဆုံးပဲ…
ဝိညာဉ်မျိုးနွယ်ဝင် တစ်ယောက်အနေနှင့် ခန္ဓာကိုယ်ပြောင်းလဲခြင်းက မည်သည့်လိင်အမျိုးအစား ဖြစ်စေကာမူ ကိစ္စမရှိပေ။ သူက လွှမ်းမိုးနိုင်သည့်သူကို ပူးကပ်နေနိုင်သည်။ သို့သော်လည်း သူ ကျင့်ကြံသည့်နည်းစနစ်ကြောင့် ထူးခြားသည့် မီးဓာတ်ရှိသည့် ခန္ဓာကိုယ်ကို လိုအပ်လေသည်။
ထားလိုက်ပါတော့။ အခြေအနေတွေက ပြောင်းလဲလာပြီ။ သူ သိုသိုသိပ်သိပ်နေတာ အကောင်းဆုံးပဲ။ ပြီးတော့ အလောင်းရောင်းဝယ်ရေးဂိုဏ်းက ငါ့ကို ခန္ဓာကိုယ်အသစ်ပေးမယ်လို့ ကတိပေးထားတယ်။ သူတို့ကို တခြားကမ္ဘာ့အသိုက်အဝန်းမှာ အဖွဲ့ခွဲထောင်ထားတာနဲ့ဆိုရင် ခန္ဓာကိုယ်အသစ်ရှာဖို့ ပိုလွယ်မှာပါ…
ထိုလူငယ်လေးက သူ့ကျင့်ကြံရေးမှ ထွက်လာပြီးသည့်နောက် အလောင်းရောင်းဝယ်ရေးဂိုဏ်းဆီ ဦးတည်လိုက်သည်။ ထိုစဉ် ဝမ်ဝေ့ ခေတ်ကာလသားတော် ဖြစ်လာပြီးသည့်နောက်တွင် အရိပ်များက ရုတ်ချည်း ပေါ်ထွက်လာကြသည်။ တစ်ကမ္ဘာလုံးကို ထိုသို့ ကြက်သီးထဖွယ် လေထုမျိုးက လွှမ်းခြုံသွားသည်။
အခြေအနေမှာ လျှို့ဝှက်ကောင်းကင်မျှော်နန်းက ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း မူမမှန်မှုတစ်စုံတစ်ရာ ဖြစ်လာမည်ဟု ကောက်ချက်ချမှုကို ထုတ်လွှတ်ခဲ့သည့်အတွက် လေထုက ပိုမိုတင်းကြပ်လာခဲ့သည်။ ထိုသတင်းက ဤမျိုးဆက်၏ တိုက်ပွဲအတွင်း မပါဝင်လိုသည့် ဂိုဏ်းတချို့ပင် လှုပ်ရှားလာစေခဲ့၏။
သူတို့က ရောက်ရှိလာမည့် မုန်တိုင်းအတွက် အားကောင်းသည့် ဦးဆောင်မှုမျိုး လိုအပ်နေကြ၍ ယခင်ခေတ်ကာလမှ အိပ်စက်နေသည့် ကောင်းကင်ရွေးချယ်ခံများ တချို့အား နိုးထစေခဲ့သည်။
………….
ထိုစဉ် စစ်ဆေးမှုသို့ ပြန်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့စံအိမ်မှ ထွက်ကာ တခြားနေရာဆီသွားဖို့ ဦးတည်လိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်ချည်း ရပ်တန့်လိုက်သည်။
ငါက ခေတ်ကာလရဲ့သားတော် ဖြစ်လာတာ တိုက်ဆိုင်မှုလား…
သူ့အလိုလိုသိစိတ်က ထိုသို့မဟုတ်ကြောင်း ပြောပြနေသည်။ သူက ကမ္ဘာ၏ လတ်တလော အပြောင်းအလဲများကို တွက်ချက်ကြည့်လိုက်၏။ သူက သူ့လူဝင်စားစွမ်းအားကို ငှားယူဖို့ တုံ့ဆိုင်းမနေပေ။
အဲဒါဆိုတော့ ဒိုင်မေးရှင်းအနိမ့်ကို လုံးဝပိတ်ဆို့လိုက်ပြီပဲ။ ဒီကောင်းကင်တာအိုရဲ့ ရုတ်ချည်းဆုံးဖြတ်ချက်က ရည်ရွယ်ချက်တစ်ခုနဲ့ တွက်ချက်ထားတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်နေတာပဲ…
ဝမ်ဝေ့က ဖြစ်နိုင်ချေများစွာကို တွေးမိသော်လည်း လက်ဆုပ်လက်ကိုင် ပြသဖို့ရာ သက်သေမရှိပေ။ သူက သတင်းအချက်အလက်ကို ဆက်လက် မတွက်ချက်နိုင်ပေ။ ထို့ကြောင့် သူက လက်လျှော့လိုက်ပြီး ထိုသတင်းအချက်အလက်သည် အရေးကြီးကြောင်းသာ မှတ်ထားလိုက်သည်။
***