← Chapters

အခွင့်အရေးသမား

Vol. 43 Ch. 602

အခွင့်အရေးသမား

Vol. 43 Ch. 602

“ ဟား…ဟား…ဟား…ကံကြမ္မာခေတ်ကာလရဲ့ သားတော်တဲ့။ ကောင်းတယ်။ ကောင်းတယ်။ တကယ်ကို သတင်းကောင်းပဲ” ဝမ်ဝူချန်က ရုတ်တရက် မှော်ဆန်ဆန် ပေါ်ထွက်လာပြီးသည့်နောက် ပြောလိုက်သည်။ သူက ပါးစပ်နားရွက်ချိတ်မတတ် ပြုံးပျော်နေ၏။

“ ဟုတ်ပြီ” ဝမ်ဝေ့က မထူးမခြားနား ပြောလိုက်သည်။

“ မင်းက ဘာလို့ မပျော်ရတာလဲ”

“ ကျွန်တော်က ပျော်ရမှာလား”

“ ခေတ်ကာလရဲ့ သားတော်အနေနဲ့ ကြားထဲ ထူးကဲတာ တစ်စုံတစ်ခု ဖြစ်မလာဘူးဆိုရင် မင်းက ထာဝရဧကရာဇ်ဖြစ်ဖို့ ကံကြမ္မာဖန်လာတာပဲလေ”

“ အဲဒါမရှိဘဲနဲ့ ကျွန်တော်က ဖြစ်လာဖို့ ကံကြမ္မာဖန်လာပြီးသား”

“ ဘယ်တူပါ့မလဲ”

“ အတူတူပါပဲ”

ဝမ်ဝူချန်က ခေါင်းခါကာ “ မင်းက ခေတ်သစ်ကို ဦးဆောင်ရမဲ့အချက်ဆိုရင်ရော ”

“ အဲဒါမပါလည်း ကျွန်တော်က ခေတ်သစ်ကို ဦးဆောင်ဦးမှာပါ။ အရှင်းဆုံးပြောရရင် ကောင်းကင်တာအိုက ကျွန်တော်ဆီ ဒီဂုဏ်ပုဒ်ကို ပေးတာက ဒီကမ္ဘာကို အကောင်းဘက် ပြောင်းလဲချင်တဲ့လူထဲက တစ်ယောက်ဖြစ်နေမှန်း သိလို့ပဲ”

အကယ်၍ ကောင်းကင်တာအိုက အတွေးအခေါ်နှင့် အပြောင်းအလဲ အလိုဆန္ဒအပေါ် မူတည်၍ ခေတ်ကာလကို ဦးဆောင်မည့်သူ နှစ်ယောက်ကို ရွေးချယ်ခဲ့လျှင် ဝမ်ဝေ့နှင့် ဟို့ဖုန်းဟွမ်က အရည်အချင်း ပြည့်မှီလိမ့်မည်။ သူတို့က ကမ္ဘာကြီးကို ပြောင်းလဲမည့် ရည်ရွယ်ချက်ကို သယ်ဆောင်ထားကြ၏။

သို့သော်လည်း ဟို့ဖုန်းဟွမ်က ရှေးဟောင်းမျိုးနွယ်ဘက်ကို မျက်နှာလိုက်ပြီး သူမ၏ နည်းလမ်းများက ကောင်းသည်ထက် အဆိုး ပိုဖြစ်နေနိုင်သည်။

“ ဂုဏ်ပုဒ်က တရားဝင်လုပ်ပေးလိုက်သလိုပါပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ မင်းက မပျော်ဘူးဆိုပေမဲ့ ငါနဲ့ တခြားသူတွေက အရမ်းကို စိတ်လှုပ်ရှားနေကြတာ။ ဒီဂုဏ်ပုဒ်ရယ်၊ ခေတ်ကာလရဲ့ စိတ်ဝိညာဉ်ရယ်ဆိုရင် ငါတို့တွေ ဧကရာဇ်ကိုးပါးကျိန်စာကို စိုးရိမ်စရာ မလိုတော့ဘူး”

“ အဲဒီကျိန်စာက ပြဿနာ မဟုတ်တော့ဘူးလားလို့”

“ ဘယ်ဟုတ်မလဲ။ နောက်ဆုံး တိုက်ပွဲမတိုင်ခင်အထိ ဘာမှမသိနိုင်ဘူး။ ဒါပေမဲ့ ကောင်းကင်တာအိုက မင်းကို ခေတ်ကာလရဲ့ ကံကြမ္မာအားလုံးကို ပေးလာတယ်ဆိုတော့ ငါတို့က တားဆီးဖို့ ကြိုးစားတာကို စိတ်ပူစရာ မလိုတော့ဘူး”

“ အဲဒါက မျှတပါတယ်” ဝမ်ဝေ့က သဘောတူလိုက်သည်။ ထို့နောက် သူက ဘိုးဘေးအား နှုတ်ဆက်လိုက်ပြီးသည့်နောက်တွင် သူ့စံအိမ်မှ လျှို့ဝှက်စွာ ထွက်ခွာလာပြီး ဖုန်းဟွမ်၏ စံအိမ်ဆီ ဦးတည်လိုက်သည်။ သူက တည်ရှိမှုကို တိတ်တဆိတ် ကြေညာလိုက်ပြီးသည့်နောက်တွင် အပြင်ဘက်တွင် စောင့်ဆိုင်းနေ၏။

နာရီဝက်ကြာမြင့်ပြီးသည့်နောက်တွင် အစီအရင်က ပွင့်လာလေသည်။ အမျိုးသမီး အစေခံတစ်ဦးက သူ့အား ဖုန်းဟွမ်ရှိရာ အခန်းဆီ ခေါ်ဆောင်သွားပေးသည်။ ဝမ်ဝေ့က သူ့ရှေ့တွင် ဝင်ထိုင်လိုက်ပြီးသည့်နောက် ဖုန်းဟွမ်က သူတို့နှစ်ဦးလုံးအတွက် အဖန်ရည်ကို လောင်းထည့်ပေးလာသည်။

“ ဂိုဏ်းချုပ်ဝမ်ဝေ့က ဘာလို့များ လာတွေ့လာပါလဲ”

ဝမ်ဝေ့က အဖန်ရည် တစ်ငုံသောက်လိုက်ပြီးနောက် လန်းဆန်းသွားသည်။

“ အဖန်ရည်ကောင်းပဲ။ အဆိပ် မပါရင် ပိုတောင်ကောင်းဦးမယ်”

“ တဆိတ်လောက်”

“ ထားလိုက်ပါတော့” ဝမ်ဝေ့က အဖန်ရည်ကို မျိုချရင်း ပြောလိုက်သည် “ ဒါက ငါ့ကို တိုက်ရိုက်မထိခိုက်စေနိုင်ပေမဲ့ ငါ့ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေပြီးတော့ အချိန်ရောက်လာတဲ့အခါ မလှုပ်ရှားနိုင်အောင် ဖြစ်စေလိမ့်မယ်။ ငါ့ကို မသတ်ချင်တဲ့အတွက် မင်းရဲ့ ကြင်နာမှုကိုတော့ ကျေးဇူးတင်သင့်တယ်လို့ ထင်တယ်”

“ ဂိုဏ်းချုပ် ဒါက သက်သေမပြဘဲနဲ့ စွပ်စွဲနေတာပဲ”

“ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ဒီလိုနည်းစနစ်မျိုးက ငါ သုံးခဲ့တဲ့ နည်းလမ်းတွေပါ။ မင်းကို ဘာမှအပြစ်တင်နေစရာ မလိုဘူး”

ဖုန်းဟွမ် လုပ်ခဲ့သည့်အရာက ကမ်းခြေပွဲတွင် သူ လုပ်ခဲ့သည့်အရာနှင့် အတူတူသာ ဖြစ်၏။ ကံဆိုးစွာဖြင့် ထိုနည်းလမ်းက အသုံးမဝင်ပေ။ မိုရှင်းယွင်က ထိုအရာကို အာရုံခံမိပြီးသား ဖြစ်သလို သူမ၏ မဟာမိတ်ထဲမှ လူများအတွက်လည်း ကြိုးမျှင်ကို ဖယ်ရှားခဲ့ပြီးသား ဖြစ်၏။ ထိုသူများထဲတွင် စွင်းကျောင်းလုံ၊ ဟွမ်ယွမ်နှင့် ဖန်းလီကျွမ်းတို့လည်း အပါအဝင် ဖြစ်သည်။

ကျန်းပိယု၏ အကျင့်စရိုက်ပြောင်းလဲမှုက ထိုကြိုးမျှင်ကို ခံစားမိပြီး ဖယ်ရှားခဲ့ပြီးသား ဖြစ်သည်။ စုယာကမူ သူမဘာသာသူမ စည်းပိတ်သွားဟန်ပေါ်၏။ ကျန်းရွှမ်က သေဆုံးသွားခဲ့ပြီး ကျန့်ဝူရွှမ်းကမူ မသန်မစွမ်း ဖြစ်နေလေသည်။ ဝမ်ဝေ့က ရှုရှစ်အပေါ် ကြိုးမျှင် မထားရှိခဲ့ပေ။ ကျန်ရှိနေသည့် တစ်ဦးတည်းသောသူက ဟို့ဖုန်းဟွမ်သာဖြစ်ပြီး သူမသာ အောင်းထျန်းယီ၏ သွေးမျိုးဆက်နှင့် ပေါင်းစပ်ပြီးသည့်အခါ ထိုကြိုးမျှင်ကို ဖယ်ရှားနိုင်လိမ့်မည်မှန်း တွက်ချက်ထားပြီးသား ဖြစ်၏။

ဝမ်ဝေ့က သူ ယခု အားပိုကောင်းလာပြီဖြစ်၍ တူညီသည့် နည်းဗျူဟာကို စမ်းကြည့်ချင်မိသည်။ သို့သော်လည်း ချူးလော့က ညစာစားပွဲအတွင်း သူ့နည်းလမ်းကို ထုတ်ဖော်ခဲ့သည့်အတွက် ထိုလူများက သူ့အပေါ် သတိကြီးကြီး ထားထားကြသည်။

“ မင်းဆီက တစ်ခုလာယူတာ” ဝမ်ဝေ့က အဖန်ရည်သောက်ရင်း ပြောလိုက်သည်။ သူက အဆိပ်ကို နည်းနည်းလေးမှ စိတ်ထဲမထားပေ။

“ ဘုန်းကြီးဝူကျစ်က မင်းကို တာအိုကို နောက်ထပ်သက်သေပြမဲ့ နည်းလမ်းတစ်ခု ပေးခဲ့မှာပဲ။ ကာလံဒေသံထက် နက်နဲတဲ့ ဆက်နွယ်မှုတွေ မျှဝေထားတဲ့ တွဲဖက်တွေအနေနဲ့ မျှဝေပေးပါဦး”

“ တာအိုကို သက်သေပြမဲ့ နောက်ထပ်နည်းလမ်းတဲ့လား။ တကယ် အဲ့လိုအရာသာရှိရင် ငါ့လက်ထဲရောက်ဖို့ ဘာမဆိုစတေးနိုင်တယ်” ဖုန်းဟွမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“ ဖုန်းဟွမ် မဟုတ်ဘူး … ရှစ်ဖူယွီ ဒီအရာက ငါတို့ကို ပိုပြီးတော့ ရင်းနှီးသွားစေတယ်ဆိုတော့ ဒီလိုပဲခေါ်တော့မယ်” ဝမ်ဝေ့က ညင်ညင်သာသာ ပြုံးရင်း ပြောလိုက်သည်။ ထိုလူကမူ မျက်မှောင်ကြုတ်သွားလေ၏။

“ မင်းက အတွေ့အကြုံအများကြီးနဲ့ အချိန်အကြာကြီးနေလာခဲ့တဲ့သူ။ အခု ဒီလိုအနီးကပ်မျိုးမှာ ငါ့ဆီကနေ အသက်ရှင်နိုင်ပါ့မလားဆိုတာ ကိုယ့်ဘာသာကိုယ် မေးကြည့်လိုက်ပါဦး။ ဒီအခန်းထဲက အစီအရင်တွေက လုံလောက်မယ်လို့ ထင်နေလား”

“ ဒါက ခြိမ်းခြောက်တာလား” ရှစ်ဖူယွီက နှာခေါင်းရှုံ့ကာ မေးလိုက်၏။

“ ယုံကြည်မှုပါ …  ငါ ခန့်မှန်းကြည့်မယ်။ မင်းက  ပုန်းအောင်းနိုင်စွမ်းကို အရမ်းကို ဂုဏ်ယူနေခဲ့တာပဲ။ ဒါပေမဲ့ မင်းက ငါ သတ်တာထက် မြန်မြန်ဆန်ဆန် ပုန်းနိုင်မှာလား” ဝမ်ဝေ့က အရှိန်အဝါ ထုတ်လွှတ်မထားသော်လည်း လေထုကမူ ပိုမိုတင်းကြပ်လာခဲ့၏။

ကျစ် ငါ သတိလက်လွတ်ဖြစ်သွားတယ်…

ရှစ်ဖူယွီက တည်တည်ငြိမ်ငြိမ် ကျန်ရှိနေသော်လည်း တွေးလိုက်မိသည်။ ယခင်ကပ်ဘေးတွင် အသက်ရှင်သန်ခဲ့ပြီး ဘုန်းကြီးဝူကျစ်က ဝမ်ဝေ့သည် မဟာမိတ်ဖြစ်ကြောင်း ပြောပြခဲ့ပြီးသည့်နောက်တွင် သူက သတိလက်လွတ်ဖြစ်ကာ လူချင်းတွေ့ဆုံခဲ့၏။

ဖုန်းဟွမ်၏ နဂိုအစီအစဉ်က ထိုသူအား ယခုအချိန်တွင် မရှိတော့သည့် ရှားပါးအဆိပ်ဖြင့် လုပ်ကြံဖို့ရာ ဖြစ်၏။ သို့သော် သူက တစ်စုံတစ်ခု မှားယွင်းသွားခဲ့သည့်အခါ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး တကယ့်ခန္ဓာကိုယ်နှင့် ပေါ်ထွက်လာမိသည့်အတွက် အမှားပြုလုပ်ခဲ့မိဆဲသာ ဖြစ်၏။

ငါက ပွင့်ချပ် ၃လွှာအဆင့်ပဲ ရှိသေးတယ်။ သူက သူ့ရဲ့ ပွင့်ချပ် ၆လွှာနဲ့ အလှမ်းဝေးနေသေးတယ်…

ရှစ်ဖူယွီက သူ့အံ့ဖွယ်အသိစိတ်နှင့် အံ့ဖွယ်ပင်လယ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူ့တွင် ဝမ်ဝေ့နှင့် တူညီသည့် ငွေရောင်စည်းမျဉ်းသစ်ပင် ရှိနေလေ၏။ တာအိုကို နှစ်များစွာ လေ့လာသဘောပေါက်ပြီးသည့်နောက်တွင် ထိုအရာက သူ့အောင်မြင်မှု ဖြစ်သည်။ ရှစ်ဖူယွီက သူ့အင်အားအပြည့်အဝကို ဘယ်တော့မှ မထုတ်ဖော်ခဲ့သည်မှာ သူ့အနေနှင့် တာအိုနှင့် ဗုဒ္ဓဘာသာနည်းစနစ်နှစ်ခုလုံးကို အသုံးပြုဖို့ လိုအပ်နေ၍ ဖြစ်သည်။ သူ့ကို ပေါက်ကြားသွားစေမည့် စွန့်စားမှုမျိုးကို မလုပ်လိုပေ။

သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် ဘာလုပ်ရမလဲ စဉ်းစားနေ၏။ သူက ဝမ်ဝေ့အား စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ထိုသူသည် ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ပြုမူလိမ့်မည်ဟု ထင်မထားမိပေ။

ဖုန်းဟွမ်က ဝမ်ဝေ့နှင့် မိတ်ဆွေဖြစ်လာဖို့ တွေးမထားခဲ့သော်လည်း ဘုန်းကြီးဝူကျစ်၏ သတင်းအချက်အလက် ရယူပြီးသည့်နောက်တွင် ပူးပေါင်းမှုတချို့ကိုတော့ မျှော်လင့်ထားခဲ့သည်။

ဟူး ငါ့အတွက် သင်ခန်းစာတစ်ခုပဲ။ ငါက အောင်မြင်ခါနီးလေလေ ပိုပြီးတော့ ဂရုစိုက်ဖို့ လိုလာလေလေပဲ…

သူက တုံ့ဆိုင်းခြင်း မရှိဘဲ ကုသိုလ်သက်သေပြ တာအိုနည်းလမ်းအမည်ရှိ စာအုပ်ကို ထုတ်ပေးလိုက်သည်။ ဝမ်ဝေ့က ထိုစာအုပ်ကို အပြုံးဖြင့် ယူလိုက်သည်။ သူက လျှောက်ပြောနေခြင်းဖြစ်ကာ ဖုန်းဟွမ်ကို ဘယ်တော့မှ တိုက်ခိုက်မည် မဟုတ်ပေ။

သို့သော် သူ့ လေ့လာသုံးသပ်ချက်အရ အန္တိမ သဟဇာတ သို့မဟုတ် သူ လွှတ်လိုက်သည့်သူ တစ်ယောက်ယောက်ကသာ ဖုန်းဟွမ်ကို သတ်နိုင်လေသည်။ သူက သူ အားနည်းနေစဉ်အတွင်း မေတ္တယျမာတာဗုဒ္ဓ၏ သဘောမကျသည့် ဘက်ခြမ်းကို ရောက်ဖို့ ကြိုးစားမည် မဟုတ်ပေ။

ကံကောင်းစွာဖြင့် သူက အလောင်းအစားထပ်လိုက်ခြင်း ဖြစ်ကာ ရှစ်ဖူယွီသည်လည်း သူ့အရေးပါမှုကို သိရှိသေးဟန်မပေါ်ပေ။

ဝမ်ဝေ့က စာအုပ်ကို လှန်လှောကြည့်ပြီးသည့်နောက်တွင် အကြည့်များက တောက်ပလာသည်။

ငါ မှန်နေတာပဲ။ ဒါက ငါ့အမေအတွက် ဖန်တီးထားတဲ့ နည်းစနစ်က ဖြစ်နိုင်ခြေရှိတယ်

“ အခု မင်း လိုချင်တာရပြီဆိုတော့ ထွက်သွားလို့ ရပြီ”

“ မရိုင်းပါနဲ့။ ငါက ရည်ရွယ်ချက်အများကြီးနဲ့ ရောက်လာတာ”

“ သိပ်အတင့်ရဲမနေနဲ့။ ဂျောင်ပိတ်ခံရတဲ့ ခွေးတောင် ပြန်ကိုက်တတ်တယ်” ဖုန်းဟွမ်က အန္တရာယ်ရှိသည့် လေသံဖြင့် ပြောလိုက်သည်။

“ ငါ အလေးအနက် ပြောနေတာ။ ငါက ဒီကို အပေးအယူ လုပ်ဖို့ ရောက်လာတာ”

“ ဘာကို အပေးအယူလဲ”

“ ငါ့ရဲ့ ကုသိုလ် ဝေစုနဲ့ ဗုဒ္ဓဘာသာဆီကနေ ယုံကြည်မှုကိုပေါ့”

“ အဲဒါက ဘာပြောချင်တာလဲ”

“ ဘုန်းကြီးဝူကျစ်က ငါ့ကို ဗုဒ္ဓဘာသာ ဖြန့်ဝေဖို့  တာဝန်ပေးထားတယ်။ ငါက အဲဒီအကျိုးအမြတ်ရဲ့ ဝေစုကို လိုချင်တယ်”

“ မင်းက ကံကြွေး ပြန်ပေးဆပ်နေတာမဟုတ်ဘူးလား”

“ ဟုတ်တယ်။ ဒါပေမဲ့ ငါ့အနေနဲ့ သေးသေးလေး ရတာလောက်နဲ့ မလုံလောက်ဘူးလေ။ အထူးသဖြင့် ငါက မင်းရဲ့ဘေးကင်းမှုကို လုံခြုံဖို့ ကြီးကြီးမားမား ပေးဆပ်ထားတဲ့အခါမှာပေါ့။ ပြီးတော့ ငါက အရမ်းကို အဖိုးတန်တဲ့ တွဲဖက်ကောင်းတစ်ယောက်လေ”

ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက် ထိုစကားဆီမှ သတင်းအချက်အလက်မြောက်များစွာကို ကောက်ချက်ချလိုက်သည်။ သူက စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်ပြီးသည့်နောက် ပြောလိုက်သည်။

“ မင်းက ဘယ်လိုအဖိုးတန်လဲဆိုတာကို ပြောပြ”

“ မင်းအတွက် သုံးသပ်ပြမယ်။ မင်းက ဒီမျိုးဆက်မှာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကနေ တာအိုကို သက်သေပြနိုင်ဖို့ အခွင့်အရေး မရှိဘူး။ အဲဒါကြောင့် ဘုန်းကြီးဝူကျစ်က မင်းကို ဒီနည်းလမ်းကို ပေးခဲ့တာပဲ”

ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှပြန်မပြောပေ။

“ မင်းရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင်ဖြစ်ပြီး ကောင်းကင်အလိုဆန္ဒအတွက် ကုသိုလ်တွေ အလုံအလောက် စုစည်းပြီးတော့ လဲလှယ်ဖို့ပဲ။ ကံဆိုးတာက မင်းရဲ့ ထိုက်ယီနက်နဲမုခ်ကြောင့် အသင်္ချေအင်ပါယာကမ္ဘာမှာ ဗုဒ္ဓဘာသာကို မဖြန့်ဝေနိုင်ဘူး။ မင်းရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက ငါတို့ကမ္ဘာအသိုင်းအဝိုင်းရဲ့ အလွှာနိမ့်နဲ့ တခြားကမ္ဘာအသိုက်အဝန်းတွေဆီပဲ”

ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်ကာ စကားကို ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။

“ ဒီအဖြစ်အပျက်အပြီးမှာ ထိုက်ယီနက်နဲမုခ်က မင်းကို သံသယရှိလာလိမ့်မယ်။ မင်းရဲ့ ဒီကိစ္စတွေဖြေရှင်းရင်း မင်းအခြေအနေက နည်းနည်းတော့ ကြပ်တည်းနေမှာပဲ။ ဆိုလိုချင်တာက မင်းရဲ့တာဝန်ကို ပြီးမြောက်ဖို့ အချိန်မလုံလောက်ဘူးလို့ ပြောချင်တာ။ ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းက ငါတို့ ကမ္ဘာ့အသိုက်အဝန်းရဲ့ အလွှာနိမ့်အများစုကို ထိန်းချုပ်မှုရယူပြီးသား ဖြစ်နေပြီ”

“ အဲ့လိုဖြစ်နိုင်ချေ မရှိဘူး” ဖုန်းဟွမ်က ပြောလိုက်သည်။

ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် စက်လုံးထောင်ချီ ပါဝင်နေသည့် မြေပုံတစ်ခုကို ပြသလိုက်၏။

ဖုန်းဟွမ်၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ သူက ထိုအရာများသည် အသင်္ချေအင်ပါယာကမ္ဘာ၏ ကမ္ဘာ့တည်နေရာများ ဖြစ်ကြောင်း ပြောနိုင်လေသည်။

ထို့နောက် ဝမ်ဝေ့က ဆက်ပြောလိုက်သည် “ တကယ်လို့ မင်းအနေနဲ့ ဗုဒ္ဓဘာသာကို စတင်ဖြန့်ဝေဖို့ တစ်ယောက်ယောက် တာအိုကို သက်သေပြတဲ့အထိ စောင့်နေရင် ဖြစ်လာမဲ့ အကျိုးဆက်ကို ပြောပြစရာ မလိုတော့ဘူးမလား ”

ဖုန်းဟွမ်က အကျိုးဆက်ကို သိထားလေသည်။ ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက် နောက်ထပ် မြေပုံတစ်ခုကို ထုတ်ပြလိုက်၏။

ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။

“ မင်း မြင်တဲ့အတိုင်း နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ အသိုက်အဝန်းပဲ။ သူတို့က လက်ရှိ လူသားနဲ့ နတ်ဆိုးကြားမှာ စစ်ပွဲဖြစ်နေကြတာ။ ဗုဒ္ဓဘာသာဘုန်းကြီးက နတ်ဆိုးတွေရဲ့ သဘာဝအဟန့်အတားဆိုတော့ အဲဒီနေရာမှာ ဟောပြောပို့ချပြီး ဖြန့်ဝေတာ အကောင်းဆုံးပဲ။ ငါက အဲဒီကမ္ဘာတွေရဲ့ တည်နေရာကို ရထားတယ်ဆိုတော့ ဝေစုကို လိုချင်တယ်”

***

All Chapters