← Chapters

ညှိနှိုင်းမှု

Vol. 44 Ch. 603

ညှိနှိုင်းမှု

Vol. 44 Ch. 603

“ မင်းက ငါ့ကို ရွေးချယ်စရာမရှိအောင် လုပ်ထားတဲ့ပုံ ပေါက်နေပေမဲ့ ငါ့ဆီမှာ ရွေးချယ်စရာတွေ ရှိတယ်” ဖုန်းဟွမ်က ပြန်လည်ချေပလိုက်သည်။

“ ဟုတ်တာပေါ့” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်၏ “ အကောင်းဆုံး ရွေးချယ်မှုက ကုန်သွယ်ရေးဗဟိုချက်ကို သုံးပြီးတော့ တခြားကမ္ဘာ့အသိုက်အဝန်း တွေဆီ ဝင်ရောက်ဖို့ပဲ။ ဒါပေမဲ့ အဲဒီကလူတွေက မင်းကို သူတို့ရဲ့ အရင်းအမြစ်တွေ အဆင်သင့်ပေးမယ်များ ထင်နေလား။ အဲဒီကမ္ဘာအသိုက်အဝန်းတွေက အင်အားစုအသစ် ကျူးကျော်လာမှာကို မခုခံဘူးလို့များ ထင်နေလား။ အထူးသဖြင့် တစုတစည်းဗုဒ္ဓဘာသာအနေနဲ့ အားကောင်းနေတဲ့ အချိန်မျိုးပေါ့”

သူတို့ပျက်သုဉ်းခြင်း မတိုင်ခင်က ဗုဒ္ဓဘာသာသည် အဆုံးမဲ့လေဟာနယ်တစ်လျှောက် တည်ရှိခဲ့သော်လည်း ကမ္ဘာ့အသိုက်အဝန်းတစ်ခုချင်းစီက ကွဲပြားကာ ခြားနားသည့် အင်အားစုများ ရှိ၏။ သူတို့ကြားရှိ တစ်ခုတည်းသော ဆက်နွယ်မှုမှာ ဒိုင်မေးရှင်းအမြင့်ရှိ မေတ္တယျမာတာဗုဒ္ဓနှင့် တခြားသော ဗုဒ္ဓအရှင်တို့၏ တည်ရှိမှုကြောင့်သာ ဖြစ်၏။

သို့သော် ယခုတွင် ဖုန်းဟွမ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ ကနဦးအစကတည်းက ပထမဆုံးအကြိမ်အဖြစ် ဒိုင်မေးရှင်းအနိမ့်ရှိ ဗုဒ္ဓအင်အားစုအားလုံးကို ဆက်နွယ်မည့် ဘာသာရေးတစ်ခုကို ဖြန့်ဝေလိုက်သည်နှင့် သူတို့က တစ်ဦးတည်းသော ခေါင်းဆောင် ဖုန်းဟွမ်နှင့် အင်အားစုတစ်ခု ဖြစ်လာလိမ့်မည်။

ထိုလူများက ထိုအကြောင်း သိသွားသည်နှင့် ဤသို့အားကောင်းသည့် အင်အားစုမျိုးကို သူတို့၏ သက်ဆိုင်ရာကမ္ဘာအသီးသီးတွင် တည်ရှိခွင့် သို့မဟုတ် ဖြန့်ဝေခွင့်ပြုမည် မဟုတ်ပေ။

အဆုံးမဲ့လေဟာနယ်ကို ထိန်းချုပ်ဖို့ ကြံစည်နေသူတစ်ဦးအနေနှင့် ဝမ်ဝေ့က ထိုအင်အားစုအတွင်း အနည်းဆုံး ဒုတိယပြောဆိုသူ မဖြစ်ဘဲ ဗုဒ္ဓဘာသာကို စည်ပင်ကြွယ်ဝခွင့်မပေးနိုင်ပေ။

သူက ကြီးထွားမည့် အခွင့်အရေးကို အခွင့်ကောင်းယူရင်း အင်အားမသုံးဘဲ ဖုန်းဟွမ်ကို ထိန်းချုပ်ဖို့ရာ လိုအပ်နေသည်။

“ မင်းဆီမှာ ဒီပြဿနာတွေ ဖြေရှင်းနည်း ရှိလား” ဖုန်းဟွမ်က မေးလိုက်၏။

“ ရှိတယ်။ ငါက အဲဒီကမ္ဘာတွေဆီမှာ အာရုံစိုက်မခံရဘဲနဲ့ ခိုးဝင်နိုင်တယ်”

ဖုန်းဟွမ်က ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် အခြေအနေကို သုံးသပ်လိုက်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းလိုမျိုး အင်အားစု တစ်ခုအနေဖြင့် သူတို့သည် တခြားကမ္ဘာ့အသိုက်အဝန်းတချို့တွင် နယ်ရုပ်များ ဖြန့်ကျက်ထားမည်ကို မအံ့ဩမိပေ။

“ ဒီလိုဆိုရင် မင်းကို ကုသိုလ်နဲ့ ယုံကြည်မှု ၂၀ ရာခိုင်နှုန်း ပေးမယ်”

“ ငါက ၉၀ ရာခိုင်နှုန်းလိုချင်တာ”

ဖုန်းဟွမ်က နှာခေါင်းရှုံ့ကာ “ မင်းက ကိုယ့်ဘာသာကိုယ် အထင်ကြီးလွန်းနေတာပဲ။ အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားက အခုထိ ရှိသေးတယ်။ ငါ့ရဲ့ တာအိုဗုဒ္ဓဘာသာကလွဲရင် ကျန်တဲ့ ဗုဒ္ဓဘာသာတွေက ဖြန့်ဝေလို့ရမှာ မဟုတ်ဘူး။ အဲလိုဆိုရင်တောင် သတိထားရမဲ့ ကိစ္စတချို့တော့ ရှိနေသေးတယ်။ အဲဒါကြောင့်  မင်းက ငါ့ကို ကျော်လုပ်မဲ့အစား ဝေစုကို လိုချင်တယ်လို့ တောင်းဆိုနေတာမလား”

“ အဲ့လို ဟုတ်နိုင်ပါတယ်” ဝမ်ဝေ့က အဖန်ရည်သောက်ရင်း ပြန်ပြောလိုက်သည် “ ဒါပေမဲ့ ငါက အကြွင်းမဲ့ စတင်ခြင်းမှော်စွမ်းအားကို ချိုးဖောက်မဲ့ နည်းလမ်းကို ဖန်တီးနိုင်တယ်။ မင်းက အဲ့လောက် အရေးပါမနေဘူး”

“ မင်း လုပ်နိုင်တာကို သိတယ်။ ဒါပေမဲ့ မင်းက ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းကောင်း တာအိုသက်သေမပြခင် ဘာမှမလုပ်နိုင်ဘူး”

ရှစ်ဖူယွီက နှစ်များစွာ ကြံစည်ခဲ့ပြီး နေရာမှန်၊ အချိန်မှန်နှင့် မေတ္တယျမာတာဗုဒ္ဓ၏ တိတ်တဆိတ် အကူအညီများကြောင့် အောင်မြင်လာခြင်း ဖြစ်သည်။

“ မင်း မအောင်မြင်ခင် ဗုဒ္ဓဘာသာတစ်ယောက် အပြည့်အဝ ဖြစ်ဖို့ လိုတယ်ဆိုတာကို မမေ့နဲ့။ မင်းက လိုလားရဲ့လား”

ဝမ်ဝေ့က ထိုဘုန်းကြီး ပြောသည်က မှန်နေကြောင်းသိ၍ ဘာမှပြန်မဖြေပေ။ ဒိုင်မေးရှင်းအနိမ့် ဗုဒ္ဓဘာသာခေါင်းဆောင် အနေအထားသည် မေတ္တယျမာတာအတွက် ထူးကဲဟန်ပေါ်၏။ သူ့လိုမျိုး အပြင်လူတစ်ယောက်က အပြည့်အဝ ဗုဒ္ဓဘာသာအဖြစ် မပြောင်းလဲဘဲ လုပ်ဆောင်နိုင်မည့်အရာ မဟုတ်ပေ။

“ အဲလိုဆိုလည်း ထားလိုက်ပါတော့။ ငါက မင်းထက် တခြားကမ္ဘာအသိုက်အဝန်းတွေကို ဝင်ရောက်ဖို့ နည်းလမ်းတွေအများကြီးပဲ။ ငါက အလုပ်အများဆုံးလုပ်ပြီး‌တော့ အန္တရာယ်အများဆုံး ယူရမှာ။ အဲဒါတောင် ဒီဝေစုက မမျှတဘူးလို့ ထင်နေတုန်းပဲ”

“ မင်း ပြောတာဟုတ်တယ်။ အဲဒါကြောင့် ၄၀ ရာခိုင်နှုန်းပေးမယ်။ ဒါက ငါ ပေးနိုင်တဲ့ အမြင့်ဆုံး အနေအထားပဲ”

“ ၈၀ ရာခိုင်နှုန်း။ ငါ ဒီထက် မလျော့နိုင်ဘူး”

နှစ်ဦးသားက ရှေ့ပြန်နောက်ပြန် ဆွေးနွေးနေကြ၏။ သို့သော်လည်း ဝမ်ဝေ့က ၈၀ ရာခိုင်နှုန်းအောက် မလျှော့ပေးဘဲ ဖုန်းဟွမ်ကမူ ၅၀ရာခိုင်နှုန်းအထိ တိုးပေးလာခဲ့သည်။

“ ထားလိုက်ပါတော့” ဝမ်ဝေ့က ငြင်းခုန်ရသည်ကို ပင်ပန်းလာ၏ “ ငါက နည်းဗျူဟာ ပြောင်းလိုက်မယ်။ ငါ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် ဗုဒ္ဓဘာသာ ဖြန့်ဝေလို့ မရအောင် လုပ်ထားလိုက်မယ်။ ငါ ပလ္လင်ကို ယူပြီးသွားရင် မင်းကို ထိန်းချုပ်ပြီးတော့ ငါ လိုချင်တာရဖို့ လွယ်လွယ်လေးပဲ။

အဲဒီအခါ မင်းက အကျိုးအမြတ်ရဲ့ တစ်ရာခိုင်နှုန်းကနေ နှစ်ရာခိုင်နှုန်းအထိ ရနိုင်ရင်တောင် ကံကောင်း … ”

ဖုန်းဟွမ်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက သူ့ခန္ဓာကိုယ်မှ ဒေါသထွက်သည့် အငွေ့အသက်မျိုး ထွက်ပေါ်လာ၏။ သို့သော် သူက တုံးတုံးအအ တစ်စုံတစ်ခု မပြုမူခင် ဆက်သွယ်ရေးအဆောင်တစ်ခုကို လက်ခံရရှိလိုက်၏။

သူက အံ့ဖွယ်အသိစိတ်ဖြင့် စေ့စေ့ကြည့်လိုက်သည့်အခါ ထိန်းချုပ်မှု ကင်းမဲ့လုမတတ် ဖြစ်သွားလေသည်။ နောက်ဆုံးတွင် သူက ကောင်းကင်တာအိုသည် ဝမ်ဝေ့ထံ ခေတ်ကာလ၏ သားတော်ဂုဏ်ပုဒ်ကို ချီးမြှင့်ခဲ့ကြောင့် သတင်းရရှိသွားသည်။ ထိုအရာက တခြားသူများကို အခွင့်မပေးဘဲ ထိုသူ့ကိုသာ တစ်ယောက်တည်း အကုန်ပေးခဲ့ခြင်း ဖြစ်၏။

ဖုန်းဟွမ်၏ အစီအစဉ်တစ်စိတ်တစ်ပိုင်းက ရောက်ရှိလာမည့် ခေတ်ကာလ၏ ကံကြမ္မာနှင့် ပတ်သက်နေသည်။ သူက ဗုဒ္ဓဘာသာသည် ခေတ်သစ်ကို ဦးဆောင်နိုင်ဖို့အတွက် တတ်နိုင်သမျှ များများစုဆောင်းဖို့ ပြင်ဆင်ထားသည်။ အနည်းဆုံးတော့ သူတို့က စတင်သည့်သူ ဖြစ်လာအောင် ဖြစ်၏။

သို့သော် ယခုတွင် သူ့ရည်မှန်းချက်ကို ရောက်ရှိနိုင်သည့် နည်းလမ်းက ထိုမကောင်းဆိုးဝါးကို သတ်ဖို့ ဖြစ်၏။ အကယ်၍ ကောင်းကင်တာအိုက ခေတ်သစ်၏ ကံကြမ္မာကို ဝေစုများအဖြစ် အပိုင်းများ ခွဲဝေပေးခဲ့လျှင် လူများက တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်တိုက်ခိုက်ရင်းဖြင့် ပိုမိုများများပြားပြား ရယူနိုင်သည်။ သို့သော် ယခုတွင် သူတို့၏ တစ်ခုတည်းသော အခွင့်အရေးက ထိုမကောင်းဆိုးဝါးကို သတ်ဖို့ ဖြစ်၏။

သို့သော်လည်း ကံကြမ္မာအမြောက်အများ ရရှိထားသူ တစ်ဦးအနေဖြင့် သူ့အား သတ်နိုင်မည်လား။ ထိုသို့ မဖြစ်နိုင်ပေ။ သူ၏ ကံကောင်းမှုသက်သက်က အသက်ရှင်သန်ဖို့ သေချာအောင် လုံလောက်နေလိမ့်မည်။

ထိုသတင်းကို သိရှိပြီးသည့်နောက် ဖုန်းဟွမ်၏ အတွေးများက ပြောင်းလဲသွားပြီး ထည့်စဉ်းစားရမည့် ကိစ္စများစွာ ရှိလာလေသည်။ ခေတ်ကာလ၏ သားတော်ကို ဗုဒ္ဓဘာသာကို ဖြန့်ဝေစေလိုက်ခြင်းက အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအား၏ သက်ရောက်မှုကို လျှော့ချဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။

ဖုန်းဟွမ်က မျက်လုံးမှိတ်ကာ အကြွင်းမဲ့ စတင်ခြင်းဧကရာဇ်က သူ့ဂိုဏ်းတူ မောင်နှမများကို သတ်ဖြတ်နေသည်ကို ကူကယ်ရာမဲ့ ကြည့်နေစဉ် အချိန်ကို ပြန်လည်အမှတ်ရသွားသည်။

ငါက လမ်းပျောက်သွားတာပဲ။ ငါ့ရဲ့ ရည်မှန်းချက်က ဗုဒ္ဓဘာသာကို ကမ္ဘာဆီ ဖြန့်ဝေဖို့လေ။ ဒါပေမဲ့ ငါက လောကီဆန္ဒတွေ အကျိုးအမြတ်တွေကြောင့် မူလရည်ရွယ်ချက်ကို အမှောင်ဖုံးသွားခဲ့မိတယ်။

 ငါ့ရဲ့စိတ်က မသန့်စင်ဘဲနဲ့ လောဘတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်…

ငါက အကျိုးအမြတ်အများဆုံး မရတော့လည်း ဘာဖြစ်လဲ။ အရေးအကြီးဆုံးက ဗုဒ္ဓဘာသာ ပြန်လည်ထမြောက်လာဖို့ပဲလေ…

“ အော်မိတောဖော” ဖုန်းဟွမ်က ရေရွတ်လိုက်ပြီးသည့်နောက် သူ့အရှိန်အဝါက သဘာဝနှင့် တစ်သားတည်းဖြစ်သွားသည့်အလား ငြိမ်းအေးသွားသည်။ ထိုဉာဏ်အလင်းပွင့်မှုဖြင့် သူ့စိတ်အခြေအနေက သိမ်မွေ့သွားပြီး တာအိုဗုဒ္ဓဘာသာ အနာဂတ်လမ်းစဉ်က ပိုမိုချောမွေ့သွားလေ၏။

“ ဂိုဏ်းချုပ်ဝမ်ဝေ့ … ခင်ဗျားရဲ့ အကြံပြုချက်ကို သဘောတူတယ်။ ခင်ဗျားက ကုသိုလ်နဲ့ ယုံကြည်မှုစွမ်းအား ၈၀ ရာခိုင်နှုန်းရယူနိုင်တယ်။ ခင်ဗျားသာ ဗုဒ္ဓဘာသာကို ဖြန့်နိုင်သလောက် ဖြန့်ပေးမယ်ဆိုရင်ပေါ့”

ငါ့စကားကနေ ဉာဏ်အလင်းပွင့်တာ ဒါနဲ့ဆိုရင် ဒုတိယမြောက် ဘုန်းကြီးပဲ။ ငါ့ဆီမှာ ဗောဓိသစ်ပင်စွမ်းအားများ ရှိနေလား

ဝမ်ဝေ့က တိတ်တဆိတ် တွေးလိုက်မိသည်။

“ မင်း သဘောတူတာ ဝမ်းသာပါတယ်။ အဲဒါဆို ငါတို့တွေ စာချုပ် ချုပ်လိုက်ရအောင်”

နှစ်ဦးသားက အသေးစိတ် ဆွေးနွေးပြီးသည့်နောက်တွင် မဟာတာအိုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ နောက်ဆုံးတွင် ဖုန်းဟွမ်က မျိုးစေ့ပေါင်း ထောင်ချီရှိနေသည့် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ပေးလာ၏။

“ ဒါက ဘာတွေလဲ”

“ တာအိုဗုဒ္ဓဘာသာရဲ့ ကံကောင်းမှု စုစည်းရေး ရတနာတွေပါ။ ဒီမျိုးစေ့တွေက အကြွင်းမဲ့စတင်ခြင်းမှော်စွမ်းအားကို တားဆီးနိုင်တဲ့ ထူးကဲကမ္ဘာငယ်တွေမှာ ပေါက်ရောက်နိုင်တယ်။ ဗုဒ္ဓဘာသာကို ပြဿနာ မရှိဘဲ ဖြန့်ဝေနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ”

“ ငါ သိပြီ။ သူတို့က မလုံလောက်ဘူးဆိုတော့ သူတို့ကို ဒီမျိုးစေ့ကို ဖွဲ့စည်းနိုင်မဲ့ နည်းလမ်း ပေးလာရင် ဘယ်လိုလဲ”

“ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ပင်မရတနာတစ်ခုတည်းကပဲ ဖွဲ့စည်းနိုင်တယ်။ တကယ်လို့ လိုချင်တယ်ဆိုရင် ငါ့ဆီ တောင်းလို့ရတယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ဤတာဝန်သည် ဖုန်းဟွမ်အပေါ် မည်မျှမှီခိုနေကြောင်း သဘောပေါက်သွားသည်။ သို့သော်လည်း ခေတ္တမျှ စဉ်းစားပြီးသည့်နောက် ထိုလူက သူ မျိုးစေ့ဖြန့်ဝေသည့် ကမ္ဘာများကို သိနိုင်မည့် နည်းလမ်းရှိနေဟန်ပေါ်သောကြောင့် အရေးမကြီးမှန်း သဘောပေါက်သွားသည်။ ခေါင်းဆောင် တစ်ယောက်အနေဖြင့် ဖုန်းဟွမ်က ထိုစွမ်းဆောင်ရည် ရှိသင့်ပေသည်။

ဖုန်းဟွမ် သူတို့အရင်းအမြစ်တွေကို အခွင့်ကောင်းမယူဖို့ ငါ ဒီကမ္ဘာတွေကို အသေအချာ စောင့်ကြည့်ရမယ်…

ဝမ်ဝေ့က သူ့အား မျိုးစေ့သိန်းဂဏန်း တောင်းဆိုလိုက်သော်လည်း ဖုန်းဟွမ်ကမူ ထိုအရေအတွက်လောက် မပြင်ဆင်ထားမိကြောင်း ပြောလာသည်။ ယခုတွင် မျိုးစေ့ပေါင်းလေးသောင်းခန့် ပေးလာသည့်အတွက် ဝမ်ဝေ့က လက်ခံထားလိုက်၏။

ဝမ်ဝေ့က သူ လိုချင်တာ ရယူကာ စံအိမ်မှထွက်လာပြီးသည့်နောက် သူ၏ စီးပွားရေးတွဲဖက် မူလိန်နှင့် သွားရောက်တွေ့ဆုံလိုက်သည်။ သူတို့က သူနှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် ဝိညာဉ်လမ်းစဉ်တွဲဖက် ဖန်တီးသူ၊ နတ်ဘုရားမျိုးနွယ်၏ လျန့်ရှစ်ချန်းနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် သူက ဗုဒ္ဓဘာသာဆီ တိတ်တဆိတ် ပြောင်းလဲသွားဟန်ပေါ်သည့် လူရိုင်းမောင်နှမနှင့်လည်း သွားရောက်တွေ့ဆုံလိုက်၏။

လေ့လာထားမှုအရ ဝမ်ဝေ့က ဖုန်းဟွမ်သည် ဤစစ်ဆေးမှုထဲမှ တချို့အား ဗုဒ္ဓဘာသာအဖြစ် တိတ်တဆိတ် ပြောင်းလဲပစ်ခဲ့ကြောင်း သိထားလေသည်။ ထိုသူက ထိုလူများအား သာသနာပြုအဖွဲ့အဖြစ် အသုံးပြုလိုကြောင်း ခန့်မှန်းမိလာ၏။ သို့သော်လည်း ဝမ်ဝေ့က ကောင်းကင်အလိုဆန္ဒကမ္ဘာတွင် ဗုဒ္ဓဘာသာကို ဖြန့်ဝေခြင်းက စောလွန်းနေသည်မှာ အမှားအယွင်းတစ်ခုဟု ယုံကြည်မိသည်။ အထူးသဖြင့် အင်အားစုများက နှစ်များစွာ၊ အရင်းအမြစ်များစွာဖြင့် ပြုစုပျိုးထောင်လိုက်ရသည့် ကောင်းကင်ရွေးချယ်ခံများမှတဆင့် ဖြစ်သည်။

ဝမ်ဝေ့က သူ့စံအိမ်သို့ ပြန်ရောက်ပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံရေး ဝင်ရောက်လိုက်၏။ သူက စက္ကန့်ပိုင်းကြာ မျက်လုံးပိတ်လိုက်ပြီးသည့်နောက်တွင် မျက်လုံးပွင့်လာသည်။

“ ဒါက အလုပ်မဖြစ်ဘူးပဲ” သူက ရေရွတ်လိုက်၏။

သူက အောင်းထျန်းယီနှင့် ရှောင်ထျန်းတိအပေါ် တိတ်တဆိတ် ထားရှိခဲ့သော ဝိညာဉ်အမှတ်အသားမှတဆင့် ဝိညာဉ်ကွန်ယက်စွမ်းရည်ကို အသုံးပြုကာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ဝင်ရောက်ဖို့ ကြိုးစားခဲ့သည်။

ဝမ်ဝေ့က ခေါင်းအသာ ယမ်းလိုက်ပြီးသည့်နောက် တာအိုကို သက်သေပြပြီးသည့်နောက်မှ ထပ်မံ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ ထို့နောက် သူက မူလိန်၊ လျန့်ရှစ်ချန်းနှင့် လူရိုင်းမောင်နှမဆီမှ ရယူထားသော ဝိညာဉ်အမှတ်အသားများကို အသုံးပြုလိုက်သည်။

သူက တခြားကမ္ဘာများထံ ဝင်ရောက်သည်မှာ ပြဿနာ မရှိပေ။ သို့သော် လျန့်ရှစ်ချန်း၏ ကမ္ဘာနှင့် ပတ်သက်ပြီး ပြဿနာတစ်ခု ရှိနေ၏။ သူ မြင်လိုက်ရသည့် ကမ္ဘာက ပိတ်ဆို့ထားပြီး သူ့အနေနှင့် မည်သို့ပင်ကြိုးစားစေကာမူ မဝင်ရောက်နိုင်ပေ။

ထားလိုက်တော့။ တခြားသူတွေကိုပဲ စမ်းကြည့်ရအောင်…

All Chapters