နောက်ဆုံးစစ်ဆေးမှု
Vol. 44 Ch. 604
ဝမ်ဝေ့က လူရိုင်းမောင်နှမ လာခဲ့ရာ ရှေးဟောင်းစိတ်ဝိညာဉ်ကမ္ဘာဆီ ပုံရိပ်ယောင်တစ်ခု စေလွှတ်လိုက်သည်။ သူ ရောက်ရှိသွားသည်နှင့် ပတ်ဝန်းကျင်၏ အန္တရာယ်များမှုကို သတိထားမိလိုက်၏။ ယခု သူက ကုန်းမြေကို ဖျက်ဆီးပစ်နိုင်သည့် ပြင်းထန်သော ဆောင်းတွင်းရှိရာ နေရာသို့ ရောက်ရှိနေသည်။
သူ့နေရာနှင့် မလှမ်းမကမ်းတွင် ဝမ်ဝေ့က တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသည့် အဝတ်များ ဝတ်ဆင်ထားကြသော အရပ်ရှည်ရှည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးအုပ်စုကို မြင်လိုက်ရသည်။ သူတို့က အရှေ့ဘက်သို့ ဦးတည်သွားနေစဉ် အဖွဲ့ ကျွဲနွား၊ သိုး၊ ဆိတ်နှင့် မြင်းအုပ်စုကိုပါ ခေါ်ဆောင်လာသည်။
ရွှေ့ပြောင်းနေတာလား…
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် ထိုလူများ၏ ဘာသာစကားကို သင်ယူကာ သူတို့၏ ခေါင်းဆောင်ဖြစ်ဟန်ပေါ်သည့် လူဆီမှ လက်ရှိအခြေအနေအကြောင်း သင်ယူခဲ့သည်။
သူက ထိုအမျိုးသားသည် မုန့်ခယ်တိုင်းပြည် လက်အောက်ရှိ ဘာတုမျိုးနွယ်မှ သေမျိုးများဖြစ်ပြီး ဘာတုဟု ခေါ်သူ ဖြစ်သည်။ ဤကမ္ဘာ၏ အခြေအနေအရ မျိုးနွယ်၏ နာမည်ရှိသည့် လူတစ်ဦးတည်းက အဆင့်အတန်းနှင့် အင်အားကို ရည်ညွှန်းနေသည်။
နှစ်အနည်းငယ်ကြာတိုင်း သုံးနှစ်ကြာရှည်လျားသည့် ဆောင်းတွင်းက သူတို့ဆီ ရောက်ရှိလာကာ မုန့်ခယ်တိုင်းပြည်၏ အုပ်ချုပ်သူ မုန့်ခယ်ခန် လက်အောက်ရှိ မျိုးနွယ်ဝင်အားလုံးက နေထိုင်ဖို့ ပိုမိုသင့်တော်သည့် နေရာသို့ ပြောင်းရွှေ့ကြရမည်။
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ဆီ ပို့လွှတ်ကာ ကိစ္စများစွာကို သင်ယူခဲ့ရသည်။ ရှေးဟောင်းစိတ်ဝိညာဉ်ကမ္ဘာကို လူရိုင်းမျိုးနွယ်က အုပ်စိုးထားပြီး တခြားမျိုးနွယ်က အသေးအမွှားသာ ဖြစ်၏။ ဤကမ္ဘာက တစ်ကမ္ဘာလုံးတွင် သဘာဝကပ်ဘေးများ လွှမ်းခြုံနေသည့်အတွက် သေမျိုးများအတွက် သိပ်အဆင်မပြေလှပေ။
နှစ်ဒါဇင်ချီကြာမြင့်သည့် ဆောင်းတွင်း၊ တောအုပ်များကိုပင် ကန္တာရ ဖြစ်သွားစေသည့် အပူလှိုင်းများ၊ နှစ်အတော်အတန် ရွာသွန်းသည့် မိုးများ၊ မုန်တိုင်းများ၊ မိုးကြိုး မုန်တိုင်းများ၊ လေမုန်တိုင်းနှင့် တခြားသော ဆိုးဆိုးရွားရွား သဘာဝ ကပ်ဘေးများစွာ ရှိ၏။
သေမျိုးများက တစ်နေရာမှတစ်နေရာသို့ ဆက်တိုက် ပြောင်းရွှေ့ခြင်းဖြင့် အသားကျလာကြသည်။ ထိုစဉ် ကျင့်ကြံသူများကမူ ထိုပြင်းထန်သည့် အခြေအနေတွင် နေထိုင်ပြီး သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ကြသည်။
ထို့ကြောင့် ဤကမ္ဘာတွင် ခန္ဓာကိုယ်လေ့ကျင့်ရေးက အတော်လေး ထွန်းကား၏။
ထို့အပြင် မူမမှန်သည့် ရာသီဥတုကြောင့် နေရာတစ်ခုမှတစ်ခုသို့ ကူးပြောင်းသွားလာခြင်းက အလွန်ခက်ခဲလှပြီး အားကောင်းသည့် ဂိုဏ်းများသာ လုပ်ဆောင်နိုင်ကြသည်။
ဤကမ္ဘာတွင် လေဟာနယ် အရင်းအမြစ် သို့မဟုတ် စွမ်းရည်များက အဖိုးတန်လှသည်။ အကြောင်းမှာ ကျင့်ကြံသူအများစုက အထွတ်အထိပ်အဆင့်သို့ မရောက်ရှိမချင်း ရှေးဟောင်းစိတ်ဝိညာဉ်ကမ္ဘာတွင် တစ်နေရာမှ တစ်နေရာသို့ ကူးသန်းမသွားလာနိုင်ကြပေ။
အခြေအနေအားဖြင့် တိရစ္ဆာနှင့် နတ်ဆိုးမျိုးနွယ်ကိုသာ ဤကမ္ဘာ၏ ပို့ဆောင်ဆက်သွယ်ရေးအဖြစ် အသုံးပြုကြသည်။ ဤကမ္ဘာတွင် မြင်းနှင့် နတ်ဆိုးသားရဲကို စီးနိုင်ခြင်းက ကြွားလုံးထုတ်ရမည့် ကိစ္စတစ်ခု ဖြစ်၏။
ဝမ်ဝေ့၏ ပုံရိပ်ယောင်က အဝေးတစ်နေရာဆီ ကူးပြောင်းသွားပြီး ဤကမ္ဘာ၏ သတင်းအချက်အလက်ကို ပိုမိုစုဆောင်းဖို့ ကြိုးစားလိုက်သည်။ ဤကမ္ဘာတွင် အားအကောင်းဆုံး ဧကရာဇ်မျိုးနွယ်က မဟာဧကရာဇ် ၁၂ယောက်ရှိစဉ် ဒုတိယမြောက်နေရာက ၁၁ယောက်ရှိ၏။
အဲဒါဆိုတော့ ဧကရာဇ်၁၂ ပါး ကျိန်စာက ရှိနေတာပဲ…
ဝမ်ဝေ့က အခြေအနေကို သုံးသပ်ရင်း တွေးလိုက်မိသည်။ သမိုင်းကြောင်းပေါ်မူတည်၍ သူ့အနေဖြင့် ဤကမ္ဘာသည် ဆက်စန်မျိုးနွယ်က ၉ ယောက်မြောက်ဧကရာဇ်ကို ပြုစုပျိုးထောင်ပြီးသည့်နောက်တွင် ဧကရာဇ်ကိုးပါးကျိန်စာ ရှိလာကြောင်း သိခဲ့ရသည်။ ထို့နောက် မကြာမီ ခူထူလွန် မျိုးနွယ်က မြင့်တက်လာပြီး ၉ယောက်မြောက် ဧကရာဇ်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
ဆက်စန်မျိုးနွယ်က ၁၀ ယောက်မြောက်ဧကရာဇ်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး တခြားမျိုးနွယ်များကလည်း ၉ ယောက်မြောက် ဧကရာဇ်ကို မွေးထုတ်ပေးနိုင်ခဲ့ကြသည်။ ဆက်စန်မျိုးနွယ်က ၁၂ ယောက်မြောက်ဧကရာဇ်ကို မွေးထုတ်ပြီးသည့်နောက်တွင် အခြေအနေက ထပ်ခါထပ်ခါ ဖြစ်နေ၏။
ထိုမောင်နှမ၏ တည်ရှိမှုဖြင့် ဝမ်ဝေ့သည် ခူထူလွန်မျိုးနွယ်က ဤမျိုးဆက်တွင် အမှီလိုက်နေကြောင်း ခန့်မှန်းမိလေသည်။ ထိုအရာက ကောင်းကင်တာအို အလိုရှိသည့် မျှခြေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်၏။
ထာဝရဧကရာဇ်အတွက်မူ ရှေးဟောင်းစိတ်ဝိညာဉ်ကမ္ဘာတွင် လေးယောက်ရှိပြီး တစ်ယောက်က ဆက်စန်မျိုးနွယ်မှဖြစ်ကာ တစ်ယောက်က ခူထူလွန်မျိုးနွယ်မှ ဖြစ်၏။ တခြားတစ်ယောက်ကမူ မဟာဧကရာဇ် ၆ ယောက်ရှိထားသည့် လူသားအင်အားစုမှ ဖြစ်ပြီး နောက်ဆုံးတစ်ယောက်က လေလွင့်ကျင့်ကြံသူ ဖြစ်၏။
ဤကမ္ဘာ၏ ယေဘုယျအခြေအနေကို သိရှိပြီးသည့်နောက်တွင် ဝမ်ဝေ့က စိတ်ဝိညာဉ်များ ကိန်းအောင်းရာနေရာဖြစ်သည့် ရှေးဟောင်းစိတ်ဝိညာဉ်နယ်မြေကို စစ်ဆေးကြည့်လိုက်သည်။ စိတ်ဝိညာဉ်အဆင့်ကို သာမန်တိရစ္ဆာန်မှ ပင်ကိုနတ်ဆိုးနှင့် စိတ်ဝိညာဉ် ဖြစ်လာသည့် ကျဆုံးဧကရာဇ်အထိ အမျိုးမျိုး ခွဲခြားထား၏။
သူက ထိုနယ်မြေထဲ ဝင်ရောက်လိုက်သည်နှင့် ဝမ်ဝေ့၏ ပုံရိပ်ယောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့အပေါ် ကျရောက်လာသည့် ဖိအားပြင်းပြင်းကို ခံစားမိလိုက်၏။
ငါ့အကြောင်း ပေါက်ကြားသွားပြီ …
ဒီလိုဖိအားမျိုးကို ပေးနိုင်တယ်ဆိုရင် မဟာဧကရာဇ်ရဲ့ စွမ်းအားပဲ ဖြစ်ရမယ်…
ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် သူက ရှေ့ဆက်မသွားတော့ဘဲ ထွက်လာခဲ့လိုက်၏။ သူက အနီးဆုံးမဟာကမ္ဘာဆီ ဦးတည်လိုက်သည်။ သူက ထိုနေရာ ပတ်ဝန်းကျင်သည်လည်း ရှေးဟောင်းစိတ်ဝိညာဉ် ကမ္ဘာနှင့်တူကြောင်း တွေ့ရှိလိုက်ရသည်။ ဤနေရာရှိ သက်ရှိများကလည်း ရှေးဟောင်းစိတ်ဝိညာဉ် နယ်မြေဆီ ဝင်ရောက်နိုင်ကြသည်။
ရှေးဟောင်းစိတ်ဝိညာဉ် နယ်မြေက မထိန်းချုပ်နိုင်တဲ့ သဘာဝကပ်ဘေးရဲ့ အကြောင်းအရင်းများလား…
ဝမ်ဝေ့က တစ်စုံတစ်ခုအပေါ် အာရုံမစိုက်ထားခင် ထိုအရာကို တွေးလိုက်မိသည်။
ဒီကမ္ဘာအသိုင်းအဝိုင်းက ဗုဒ္ဓဘာသာကို ဟောပြောပို့ချဖို့ အသင့်တော်ဆုံးပဲ။ အရင်းအမြစ်က ပေါကြွယ်ဝပေမဲ့ သေမျိုးနဲ့ ကျင့်ကြံသူကြားက ကွာဟချက်က တစ်ဖက်စောင်းနင်း ဖြစ်နေတယ်။ ကျင့်ကြံသူတွေက ပတ်ဝန်းကျင်ကို သူတို့အကျိုးအမြတ်အတွက် အသုံးပြုနိုင်ကြပေမဲ့ သေမျိုးတွေအတွက်ကတော့ ဆက်တိုက်ပြောင်းရွှေ့ပြီး နေထိုင်ရုံပဲ တတ်နိုင်ကြတယ်…
တကယ်လို့ သူတို့ကို ကူညီပြီး ထောက်ပံ့ပေးမဲ့ အင်အားစုသာ ရှိခဲ့ရင် စုဆောင်းနိုင်မဲ့ ယုံကြည်မှုပမာဏက အမြောက်အများ ဖြစ်လိမ့်မယ်။ ဒါပေမဲ့လည်း…
ဝမ်ဝေ့က ရှေးဟောင်းစိတ်ဝိညာဉ် နယ်မြေနှင့် ပတ်သက်ပြီး စိုးရိမ်နေမိသည်။ သူက ထိုအရာနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိနေ၏။ ထိုအရာက သူ့အစီအစဉ်ကို တားမြစ်မည့် အရာတစ်ခု ဖြစ်နေနိုင်သည်။
စမ်းကြည့်ကြရအောင်။ ဒါပေမဲ့ ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့…
ဝမ်ဝေ့က ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် ကြယ်တာရာသားရဲကမ္ဘာဆီ ပုံရိပ်ယောင် စေလွှတ်လိုက်သည်။ သူ့အံ့ဖွယ်အသိစိတ်ကို ဖြန့်ကျက်ပြီးသည့်နောက် သူ့မျက်နှာအထက် အံ့အားသင့်သည့် အမူအရာမျိုး ပေါ်ထွက်လာ၏။
ဂြိုလ်တစ်ဂြိုလ်လား
သူက အဝေးတစ်နေရာဆီ လှမ်းကြည့်စဉ် ဂြိုလ်များစွာကို မြင်တွေ့လိုက်ရသည်။ သူက ထိုနေရာဆီ ကူးပြောင်းသွားလာလိုက်၏။ ထိုနေရာတွင် လူသား၊ နတ်ဆိုး၊ စိတ်ဝိညာဉ်၊ လူရိုင်းနှင့် တခြားသော မျိုးနွယ်များစွာ ရှိနေသည်။ ကမ္ဘာမြေလောက် ကြီးမားသည့် ဂြိုလ်များ၊ ကြယ်တာရာလောက် ကြီးမားသည့် ဂြိုလ်တချို့နှင့် ဂလက်ဆီထောင်ချီထက် ကြီးမားသည့် ဂြိုလ်ကိုပင် မြင်လိုက်ရသည်။ သို့သော်လည်း အများစုကမူ တမင်ဖန်တီးထားဟန်ပေါ်၏။
အင်မတန် ကြီးမားလှသည့် ဂြိုလ်တစ်ခုတွင် ဝမ်ဝေ့က ထိုအရာသည် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ် ဖြစ်ကြောင်း ပြောနိုင်လေသည်။
စကြာဝဠာ အခြေခံ ကမ္ဘာတစ်ခုရဲ့ အရေးသာချက်က ကျယ်ပြန့်ပေမဲ့ ဆိုးကျိုးကလည်း ဂြိုလ်တစ်ခုနဲ့တစ်ခုကြား ကွာဟနေတယ်။ ဒါပေမဲ့ အဲ့လိုကွာဟတာက ဗုဒ္ဓဘာသာကို အခြေစိုက်အနေနဲ့ တိတ်တဆိတ် ဖြန့်ဝေဖို့ အကောင်းဆုံးပဲ…
သူက အလွှာနိမ့်မှ ကမ္ဘာတချို့ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူတို့၏ ဖွဲ့စည်းပုံကလည်း သေးငယ်သည်မှလွဲ၍ အတူတူဖြစ်နေကြောင်း သိလိုက်ရသည်။ သူ လိုချင်သည့် သတင်းအချက်အလက်ရရှိပြီးသည့်နောက် သူ့စကားပြောခန်းကို စစ်ဆေးကြည့်လိုက်၏။
အရူးဘုရင်၊ လုပ်ကြံသတ်ဖြတ်သူ၊ သမားတော်၊ ပညာရှင်၊ သားသတ်သမားနှင့် နတ်ဘုရားဖြစ်ချင်သူတို့က အဆင့် ၆ ဖြစ်လာကြသည်။ ဤနှစ်တစ်လျှောက် အဖွဲ့က တစ်ယောက်နှင့်တစ်ယောက် အဖွဲ့သက်ရောက်မှုကို လျှော့ချဖို့ သိပ်မဆက်သွယ်ကြတော့ပေ။
သို့သော်လည်း အရူးဘုရင်က နတ်ဘုရားဖြစ်ချင်သူ၏ ကမ္ဘာကို ရုတ်တရက် တိုက်ခိုက်လာသည့်အခါ ထိုနည်းလမ်းသည် အသုံးမဝင်ကြောင်း သဘောပေါက်သွားကြသည်။ ထို့နောက် အဖွဲ့က တစ်ယောက်နှင့်တစ်ယောက် ပိုမိုသတိထားလာကြပြီး သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ သို့မဟုတ် တခြားသူကို တိုက်ခိုက်ဖို့ ပြင်ဆင်လာကြသည်။
ဝမ်ဝေ့ကမူ သူတို့နှင့် အချိန်များစွာ မဖြုန်းဘဲ ထိုလူများကို သူတို့အင်အားစုများထံ ဗုဒ္ဓဘာသာကို ဖြန့်ဝေနိုင်မည့်တာဝန်ကို ထုတ်ဖော်လိုက်သည်။ ဆုလာဘ်ကမူ ရက်ရက်ရောရော ပေးထားပြီး စွဲမက်ဖွယ်အတိ ဖြစ်၏။
ထို့နောက် သူက ကောင်းကင်အလိုဆန္ဒ အသိုက်အဝန်းပေါ် မူတည်၍ စကားဝိုင်း၏ အဖွဲ့ခွဲ တချို့ကို ဖန်တီးခဲ့သည်။ ဝမ်ဝေ့က လူအမြောက်အများကို ခေါ်ယူခဲ့၍ ကမ္ဘာ့အသိုက်အဝန်းတချို့ဆီ လက်ရှိဝင်ရောက်နိုင်ပြီ ဖြစ်၏။
သူက အဖွဲ့ကို နှစ်ပိုင်း ခွဲထားသည်။ ပထမတစ်ခုက လူဦးရေအမြောက်အများကို ထိန်းချုပ်သည့် အုပ်စိုးသူ သို့မဟုတ် ဘုရင် ဖြစ်ကြသည်။ ဝမ်ဝေ့က ပလ္လင်အတွက် လုပ်ပိုင်ခွင့် ရှိသော်လည်း အကြောင်းအရင်းများစွာကြောင့်(အထူးသဖြင့် နိုင်ငံရေး၊ စစ်မက်ရေး) အာဏာ မရှိသည့်သူတချို့ကို ရွေးချယ်ထားသည်။ သူက သူတို့အား ပလ္လင်ပေါ်တွင် ထိုင်ဖို့ ကူညီပေးမည်ဖြစ်ကာ သူတို့ကမူ ယုံကြည်မှုစွမ်းအား စုစည်းပြီး ဗုဒ္ဓဘာသာကို ပင်မဘာသာအဖြစ် ကိုးကွယ်ရမည် ဖြစ်၏။
ဒုတိယ ရွေးချယ်ထားသည့်အဖွဲ့ကမူ ဗုဒ္ဓဘာသာနှင့် ရင်းနှီးမှု များသည့်သူဖြစ်ကာ သူတို့ကို ဗုဒ္ဓကမ္ဘာမျိုးစေ့ ပေးအပ်မည် ဖြစ်သည်။ ထိုလူများက ဘုန်းကြီးများ ဖြစ်လာကာ တာအိုဗုဒ္ဓဘာသာကို ကျင့်ကြံကြလိမ့်မည်။
သူက ဧကရာဇ်တစ်ပိုင်းအဆင့် တချို့ကိုပင် ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲပြီး အားနည်းသည့် ဘုန်းကြီးအသစ်များအား ကာကွယ်ဖို့ တာဝန်ပေးထားခဲ့သည်။
ကိစ္စအားလုံးက ပြီးမြောက်ဖို့ သူ့အတွက် သုံးရက်တာ ကြာမြင့်ခဲ့၏။ ပထမတစ်ရက်တွင် သူက အရှင်စိတ်ဝိညာဉ်၏ နောက်ဆုံးစစ်ဆေးမှုသည် တစ်ပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း သတိပေးချက် လက်ခံရရှိလိုက်သည်။
ဝမ်ဝေ့က သူ့တာဝန် ပြီးမြောက်ပြီးသည့်နောက် အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။
မျိုးစေ့ကိုတော့ စိုက်ပျိုးပြီးသွားပြီ။ အခု ငါက သစ်ပင်ဖြစ်လာအောင် လုပ်ဆောင်ဖို့ပဲ လိုတော့တယ်။
သူက ထိုကမ္ဘာ့အသိုက်အဝန်းဆီ ဗုဒ္ဓဘာသာကို ဖြန့်ဝေလိုက်ခြင်းသာမက သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်ကိုလည်း တခြားသော လျှို့ဝှက်အင်အားစုနှင့်အတူ ချန်ရစ်ထားခဲ့သည်။ သူက တည်နေရာများများ ရရှိလေလေ သူ့လက်တံများက အဆုံးမဲ့လေဟာနယ်အတွင်း ပိုမိုဖြန့်ကျက်လာနိုင်လေလေ ဖြစ်၏။
ဝမ်ဝေ့က ကောင်းကင်အလိုဆန္ဒကမ္ဘာများကိုမူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သူက ထိုအင်အားစုများဆီ ကျူးကျော်မည် မဟုတ်ပေ။ ထိုအရာများက စွန့်စားလွန်းရာ ကျပေသည်။ သူ့တွင် အချိန်ရှိနေသေးသည့်အတွက် သူ့ဆုံမှတ်များကို လိပ်ခွံကာကွယ်ရေး အစီအရင်ဖြင့် ပြောင်းလဲဖို့ အိမ် ပြန်လာခဲ့၏။
လိပ်ခွံဆုံမှတ် ကာကွယ်ရေးအစီအရင် အတွေးအခေါ်က လျှို့ဝှက်အစီအရင် စွမ်းအားပါဝင်နေသည့် အဆောင်ကို ဖွဲ့စည်းဖို့ ဖြစ်သည်။ ဝမ်ဝေ့အနေဖြင့် ထိုအဆောင်ကို သူ့အံ့ဖွယ်ပင်လယ်အတွင်း ထိန်းသိမ်းထားရမည်။ သူက သူ့ဆုံမှတ်များဖြင့် အစီအရင်ကို ခင်းကျင်းနိုင်ပြီး အဆောင်က ပင်မစွမ်းအားအရင်းအမြစ် ဖြစ်လာလိမ့်မည်။
ဂိုဏ်း၏ အစီအရင်ကို ဖယ်ကာ ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်အတွင်း ထိန်းသိမ်းထားနိုင်သည်။ ထိုအရာက အားနည်းလာစေမည်ဖြစ်၍ သူက တခြားတစ်နည်းကို သုံးဖို့ လိုအပ်လာသည်။ နည်းလမ်းနှစ်ခုလုံး၏ ဆိုးကွက်ကမူ ခန္ဓာကိုယ်က ဧကရာဇ်အဆင့်အဆောင် သို့မဟုတ် အစီအရင်ကို တောင့်ခံနိုင်ရမည့် အဆင့်မျိုး ရောက်ရှိနေရမည်။
လေးရက်အတွင်း ဝမ်ဝေ့က ထိုအစီအရင်ကို စတင်သင်ယူနိုင်ခဲ့ရုံမျှ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူက စစ်ဆေးမှုအတွက် ထွက်ခွာသွားရတော့မည်။
အားလုံး ရောက်ရှိလာကာ နေရာယူပြီးသည့်နောက်တွင် အရှင်စိတ်ဝိညာဉ်က ပြောလိုက်၏။
“ ဒီနောက်ဆုံးစစ်ဆေးမှုရဲ့ ပင်မကဏ္ဍက အသက်ရှည်ခြင်းပဲ”